Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

No Vote ထက် Vote No လုပ်စေချင်

kaiOctober 31, 20101min3656

No Vote ထက် Vote No လုပ်စေချင်

အခုရွေးကေါက်ပွဲကလည်းအတော်လေးနီးလာပါပြီ။ ပြည်တွင်းကလူတွေကိုမေးကြည့်ရင် မဲထည့်ဖို့စိတ်မဝင်စားသူခပ်များများပါ။ ပြည်ပမြန်မာမီဒီယာတွေကမဲမထည့်ကြနဲ့ဆိုတဲ့ No Vote Campaign ကြောင့်လား၊ မဲပေးချင်တဲ့ပါတီဝင်ရောက်မယှဉ်ပြိုင်လို့လားတော့ သဲသဲကွဲကွဲမသိပေမယ့်ကျနော်ကတော့
No Vote ဆိုတဲ့မဲမပေးရေးထက်ထက် Vote No ဆိုတဲ့သူတို့အမတ်လောင်းကိုဆန့်ကျင်မဲပေးခြင်းက ပိုထိရောက်မယ်လို့ထင်ပါတယ်။

ဘာလို့ဒီလိုပြောရသလဲဆိုရင် အကယ်၍တစ်ခြားပါတီအားလုံးကသပိတ်မှောက်ပြီးကြံ့ခိုင်ရေးနဲ့ တဆညနှစ်ပါတီပဲပြိုင်ရင်တော့ No Vote ဆိုတဲ့မဲရုံကိုမဲသွားမပေးတာဟာအမှန်ကန်ဆုံးပါ။ မင်းတို့ဟာမင်းတို့လက်ဝါးရိုက်ထားတဲ့ရွေးကေါက်ပွဲပဲဘယ်သူမှမဲမပေးဘူးကွ ဆိုပြီးမဲမပေးခြင်းဖြင့်ကန့်ကွက်နိုင်ပါတယ်။ အခုအခြေအနေကတော့တစ်မျိုးပါ။ ပါတီ(၃၇)ခုက
ရွေးကေါက်ပွဲကိုဝင်ပြိုင်မယ်။ ဒါပေမယ့်ခုနပြောတဲ့ပါတီကြီးနှစ်ခုကလွဲရင် ကျန်ပါတီတွေဟာ ဒီရွေးကေါက်ပွဲတ
ရားမျှတပါတယ်လို့အစိုးရကလေသံဟစ်နိုင်အောင် ၊ပြောလို့ရအောင်ဝင်ပြိုင်တဲ့အနေအထားဖြစ်ပြီး မဲရဖို့အရွေးခံရဖို့မလွယ်ပါဘူး။ ကြံ့ခိုင်ရေးပါတီအတွက်တော့ကြိုတင်မဲတွေ၊သူတို့အဖွဲ့ဝင်တွေဆီကမဲရမှာအသေအချာပါ။

ဒါပေမယ့်ကျန်တဲ့ပါတီတွေကိုဘယ်သူတွေကမဲထည့်မှာလဲ။ သာမန်ပြည်သူတွေရဲ့မဲသာအဲဒီပါတီတွေကမျှော်လင့်ရမှာဖြစ်ပါတယ်။ ဒီလိုဆိုရင်သာမန်ပြည်သူပြည်သားတွေ(ဒီနေရာမှာသာမန်ပြည်သူပြည်သားဆိုတာကြို
တင်မဲထည့်ရမယ့်အစိုးရဝန်ထမ်းတွေမပါ၊ ကြံ့ခိုင်ရေးပါတီဝင်မဟုတ်တဲ့ပြည်သူလူထုကိုပြောခြင်းဖြစ်ပါတယ်)ဟာမဲရုံတွေကိုသွားပြီး မဲထည့်သင့်တာပေါ့။သချင်္ာနည်းအရပြောရရင်မဲသွားမထည့်ခြင်းဟာအစိုရအတွက်(၀)မဲပါ။ မဲရုံကိုသွားပြီးသူတို့အမတ်ကိုကန့်ကွက်ပြီးကျန်တဲ့ထည့်ချင်တဲ့ပါတီကိုသာ ထည့်လိုက်ရင်အစိုးရအတွက်အဲဒီမဲဟာ အနှုတ်(၁)ပါ။ကျနော်မြင်တာကတော့အနှုတ်(၁)တွေများဖို့လိုပါတယ်။ တနည်းဆိုရရင်ကန့်ကွက်မဲတွေများဖို့လိုပါတယ်။ ပြည်သူတွေမဲလာမထည့်ပေမယ့်လာမထည့်တဲ့မဲတွေကို သူတို့အမတ်ကိုထောက်ခံတဲ့မဲအဖြစ်
ထည့်ပစ်ဖို့အခြေအနေများနေပါတယ်။

နာဂစ်ကါလတုန်းကဖွဲ့စည်းပုံဥပဒေအတွက်အိမ်တွေမှာအမျိုးသမီးတွေကိုချည်းရွေးခေါ်ပြီး တစ်အိမ်သားလုံးအတွက်မဲထည့်ခိုင်းတာကျနော့်ကိုယ်တွေ့ပါ။ ကျနော်ဟာမဲမထည့်လိုက်ရပါဘူး။ ဒါပေမယ့်ကျနော့်မိန်းမကကျနော့်အတွက်ထောက်ခံမဲထည့်ခဲ့ရပါတယ်။ ဘာလို့ထောက်ခံမဲထည့်ခဲ့ရသလဲဆိုရင်မဲရုံမှူးတွေကသူတို့ရှေ့မှာပဲဖြည့်ပါ။ အထဲကမှောင်တယ်ပြောလို့ကြောက်တာနဲ့ထောက်ခံမဲအမှန်
ခြစ်ခဲ့ရတာပါ။ အစိုးရဝန်ထမ်းတွေကြိုတင်မဲမပေးရပါဘူးဆိုပေမယ့် စွမ်းအင်ဝန်ကြီးဌာနမှာမဲပေးမယ့်နေ့ခရီး
သွားစရာရှိလို့ဆိုပြီးကြိုတင်မဲပေးခိုင်းထားတာအယောက်နှစ်ထောင်ကျော်နေပါပြီ။ ကြိုတင်မဲပေးရန်အကြောင်း
ကြားစာဆိုပြီးညွှန်ကြားရေးမှူးတစ်ယောက်လက်မှတ်နဲ့စာတွေကိုမိတ္တူကူးစက်န ဲ့ထောင်ချီပြီးကူးထားတာပါ။
တက္ကသိုလ်ကပညာတတ်ပါတယ်ဆိုတဲ့ဆရာမတွေကိုတောင်ကြံ့ခိုင်ရေးပါတီကို ထောက်ခံမဲပေးရမယ်၊တစ်ခြားပါတီကိုပေးတယ်ဆိုတာသိရရင်ကိုယ့်ပြဿနာကိုယ် တာဝန်ယူရမယ်လို့ကြိုတင်ခြိမ်းခြောက်ထားပြီးဖြစ်နေပါ
တယ်။ဆရာမတစ်ချို့ကတော့မဲရုံထဲမှာ Hidden Camrea ဆိုတဲ့ဖုန်းကွယ်ထားတဲ့ကင်မရာတွေနဲ့ရိုက်ပြီးပြဿနာရှာမယ်ထင်နေကြပြီး ပြဿနာဖြစ်ပြီးထမင်းအိုးတော့အကွဲမခံနိုင်ဘူး။ သူတို့ပြောတဲ့အတိုင်းထည့်လိုက်တာအေးပါတယ်လို့ပြောကုန်ကြပါပြီ။
ဒီအတွေ့အကြုံတွေအဖြစ်အပျက်တွေအရအခု အများအော်နေသလို No Vote ဆိုပြီးမဲသွားမပေးရင်အစိုးရထောင်တဲ့ထောင်ချောက်ထဲဝင်သွားပါပြီ။ ကိုယ်သွားမပေးတဲ့မဲတွေဟာသူတို့ကိုယ်စားလှယ်အတွက်ထောက်ခံမဲတွေဖြစ်ကုန်ပါလိမ့်မယ်။

ဘာလို့ဒီလိုပြောနိုင်သလဲဆိုရင်ယခင်ဖွဲ့စည်းပုံအခြေခံဥပဒေမဲပေးမှုအတွေ့အကြုံအရရယ်၊ အခုရွေးကေါက်ပွဲမှာသမာသမတ်ကျတဲ့ဒိုင်မရှိတာရယ်ကြောင့်ပါ။ အစော
ကြီးကတဲကဆိုက်ရောက်ဗီဇာတွေပိတ်လိုက်သလို အန်ဂျီအိုတွေကိုလည်းမောင်းထုတ်ထားပါတယ်။ ဒီရွေးကေါက်ပွဲမျှတပါတယ်လို့သူတို့အလိုကျရေးမယ့်ပြည်တွင်းမီဒီယာသမားတွေကို လည်းလက်သပ်မွေးပြီးသားပါ။ ကါး
တွေအစိုးရဈေးနဲ့ရောင်းပေး၊တိုက်ခန်းတွေအစိုးရဈေးနဲ့ချပေး၊ တယ်လီဖုန်းတွေရုံးကလူစေ့ချပေးနဲ့အိပ်ထောင်ထဲထည့်ပြီးသားဖြစ်နေပါပြီ။ ဒီလူတွေကအစိုးရအလိုကျဟောင်ပေးဖို့အသင့်ဖြစ်နေပါပြီ။
ကျနော်တို့မဲသွားမပေးရင်အစိုးရအတွက်ကန့်ကွက်မဲတွေမလာရုံမျှမက ကျနော်တို့နံမည်နဲ့မဲတွေဟာသူတို့
ကိုယ်စားလှယ်ကိုထောက်ခံတဲ့မဲတွေဖြစ်သွားပါလိမ့်မယ်။

မဲရုံကိုယ်စားလှယ်ထားလို့ရတယ်လို့လေသံကေါင်းဟစ်ထားပေမယ့် ရန်ကုန်တိုင်းမှာတင်မဲရုံကိုစောင့်ကြည့်ဖို့ပါတီတစ်ခုဟာလူနှစ်သောင်းလိုပါတယ် ။အဲဒီအ
တွက်ဟိုပါတီကြီးနှစ်ခုကလွဲရင်ကျန်ပါတီတွေမှာငွေအင်အားမရှိကြောင်းဦးသုဝေ ကိုယ်တိုင်ပြောထားပြီးဖြစ်ပါ
တယ်။ဒီတော့ကျနော်တို့အခြားပါတီကအမတ်ကိုမဲသွားပေးခြင်းဖြင့် အစိုးရအတွက်ကန့်ကွက်မဲဖြစ်အောင်လုပ်သင့်ပါကြောင်းတင်ပြလိုက်ရပါတယ်။ ဒီလိုဆိုရင်ကြံ့ခိုင်ရေးနဲ့ တဆညနှစ်ပါတီပဲပြိုင်မယ့်နေရာမှာရောလို့မေးစရာရှိပါတယ်။ ဒီလိုရွေးချယ်စရာမရှိတဲ့နေရာဆိုရင် ခဲမှန်ဘူးတဲ့စာသူငယ်ဖြစ်တဲ့တဆညကိုမဲပေးခြင်းဟာ ကြံ့ခိုင်ရေးကိုမဲပေးခြင်းထက်ကုသိုလ်ပိုရမယ်လို့ထင်ပါတယ်။ သေချာတာကတော့လက်ရှိလူတွေသာအရွေးခံရပြီးသူတို့အစိုးရဖွဲ့ရင်လက်ရှိအတိုင်း မီးပျက်လဲပြောခွင့်မရှိ၊ရေမလာလဲပြောခွင့်မရှိ၊အင်တာနက်ကိုအခုလိုဖြတ်ချင်သလိုဖြတ်လဲ ပြောခွင့်မရှိ၊လူတွေကိုထောင်ထဲထည့်ချင်သလိုထည့်လဲပြောခွင့်မရှိ၊ တိုင်းပြည်ရဲ့သယံဇာတတွေကိုသူတို့နဲ့အဆင်ပြေတဲ့လူတစ်စုကသုံးချင်သလိုသုံးနေတာကိုလည်း ပြောခွင့်မရှိ၊ အခွန်ကိုကေါက်ချင်သလို
ကေါက်လဲပြောခွင့်မရှိ ၊တိုင်းပြည်ကိုမီးလင်းအောင်မလုပ်ပဲနိုင်ငံရေးအရအမြတ်ထွက်စေမယ့်နိုင်ငံတွေကိုစွမ်း
အင်တွေရောင်းသလိုရောင်းလဲပြောခွင့်မရှိ၊ တိုင်းပြည်ရဲ့ပညာရေးကျန်းမာရေးကိုလှည့်မကြည့်ပဲငွေတွေအားလုံး စစ်လက်နက်ဝယ်ပစ်လဲပြောခွင့်မရှိနဲ့လက်ရှိအခြေအနေထက်ပိုဆိုးဖို့သာရှိပါတော့တယ်။

ဒီတော့No Vote ဆိုပြီး မဲမထည့်မယ့်အစားသူတို့နဲ့ဆန့်ကျင်ဘက်ပါတီတွေကိုမဲပေးခြင်းဖြင့် Vote No ဆိုပြီးသူတို့ကိုကန့်ကွက်သင့်ကြောင်းတင်ပြလိုက်ရပါတယ်။

ဝိုင်းဝန်းဆွေးနွေးနိုင်ပါတယ်။


ပြည်တွင်းဂျာနယ်လစ်တစ်ဦး

မှတ်ချက်။  ။ စာရေးသူ၏အာဘော်သာဖြစ်သည်။ တင်ပေးပါရန်အီးမေးလ်နှင့်ပို့ လာ၍တင်ပေးခြင်းဖြစ်ပါသည်၊ စာတင်ရန်အခက်အခဲရှိသူများ  editor@myanmargazette.net သို့အီးမေးလ်ပို ့ပြီး တင်ခိုင်းနိုင်ပါသည်။

6 comments

  • bigcat

    October 31, 2010 at 12:41 am

    တဝက်တပျက်ပဲ သဘောတူပါတယ်။ အတင်းအကြပ်မဲပေးခိုင်းရင် ပယ်မဲဖြစ်အောင်လုပ်ပါ။ လုပ်တဲ့နေရာမှာလည်း ဗလာချီမထည့်ခဲ့ပဲ ပြန်သုံးလို့မရအောင် လျောက်ခြစ်ပစ်တာမျိုးလုပ်ခဲ့ပါ။ ဖြစ်နိုင်ရင်တော့ သပိတ်မှောက်သင့်ပါတယ်။ နအဖက ဒီရွေးကောက်ပွဲအတွက် နှစ်ပေါင်း၂ဝ ကျော်အချိန်ယူပြီးမှလုပ်တာပါ။ ရွေးကောက်ပွဲလိမ်လဲ လက်ရှိပိုနေမြဲကျားနေမြဲ အခြေအနေထက် မဆိုးနိုင်၊ ပိတ်ဆို့တဲ့ နိုင်ငံကပိတ်ဆို့မြဲ၊ ပေါင်းရိုက်မဲ့ နိုင်ငံကပေါင်းရိုက်မြဲ ဆိုတာသိလို့ လုပ်ပေးတာပါ။ အကယ်၍များ အာဆီယံလိုကောင်မျိုးက လက်မခံနိုင်ပါလို့ အပြတ်ပြောထားရင် ရွေးကောက်ပွဲ ဖြစ်လာရန်အကြောင်းမရှိ၊ ဘာလို့လည်းဆိုတော့ အရာရာကို သူတို့က ချုပ်ကိုင်ထားနိုင်လို့ပါ။ သူတို့နဲ့ အားချင်းတူဖို့သာ ကြိုးစားကြ၊ မဟုတ်ရင်တော့ သပိတ်မှောက် ဆန့်ကျင်ကြပါ။ လိမ်တာ အနိုင်ကျင့်တာကို မတားနိုင်ရင် အခြေအနေအခါကောင်းကို စောင့်နေကြ။ လောကမှ ဘယ်အရာမှ မတည်မြဲ။ သူတို့မြဲလည်း သူတို့သားသမီး မြေးမြစ်တွေကျန်ပါသေးတယ်။ အဲဒီအခါမှ ပြန်ယူကြပါမယ်။ သိထားဖို့က အတိုးက တိုးရင်းပေါင်းပါ။ ကြာရင်ကြာသလောက် များပါလိမ့်မယ်။

  • maungmoenyo

    October 31, 2010 at 1:38 am

    ဒီအဆိုအပေါ်သဘောတူဘို့အဆိုပြုသူကိုမေးခွန်းမေးချင်ပါတယ်။ မဲပုံးထဲရောက်တဲ့မဲများအားလုံးကိူရေတွက်ရာမှာမဲဆန္ဒပြုသူရဲ့ဆန္ဒအတိုင်းထောက်ခံ/ကန့်ကွက်ကိုမှန်မှန်ကန်ကန်ရေတွက်နိုင်မယ်လို့ထင်ပါသလား။ ကန့်ကွက်မဲအားလုံးကိုထောက်ခံအဖြစ်မပြောင်းနိုင်ဘူးလို့တာဝန်ယူနိုင်မလား။
    စစ်အစိုး၇ရဲ့ရည်ရွယ်ချက်ကရှင်းပါတယ်။ သူတို့အာဏာတည်မြဲရေးပါ။ သူတို့အာဏာတည်မြဲဘို့လုပ်တဲ့ရွေးကောက်ပွဲမနိုင်နိုင်ဘူး (သို့) အာဏာမတည်မြဲနိုင်ဘူးထင်ရင်ရွေးကောက်ပွဲလုပ်မယ်မထင်ပါ။ စစ်အစိုးရမှာဝှက်ဖဲတွေအများကြီးရှိပါတယ်။ ဒီအထဲကဒီရွေးကောက်ပွဲနည်းဟာကမ္ဘာကိုသက်သေထူဘို့အကောင်းဆုံးမို့လုပ်တာပါ။ သူတို့မှာအခြားနည်းလမ်းတွေအရံသင့်ရှိပြီးသားပါ။ မမေ့ဘို့က(၁၉၉၀)ရွေးကောက်ပွဲရလဒ်ကိုသူတို့ကောင်းကောင်းကြီးသင်ခန်းစာယူထားပါတယ်။ အဲ့ဒီရွေးကောက်ပွဲရဲ့ရလာဒ်ဟာသတင်းစာတွေမှာတရားဝင်ကြေငြာပြီးမှခတ်တည်တည်နဲ့အာဏာလွှဲမပေးတာကိုပြည်သူသန်း(၆၀)နဲ့ကမ္ဘာကသိသိကြီးနဲ့ခံရတာပါ။
    မဲပေးရေးမပေးရေးကသူတို့အာဏာတည်မြဲရေးကိုဘယ်နည်းနဲ့မျှအပြောင်းအလဲမဖြစ်နိုင်ကြောင်းယုံပါတယ်။
    ဒါပေမဲ့-စစ်အစိုးရဖိန့်ဖိန့်တုံရမဲ့လောလောလတ်လတ်ကိစ္စတခုရှိပါတယ်…။ “ဒုတိယပင်လုံညီလာခံကျင်းပရေး”ကိစ္စပါ။ အဲ့ဒီကိစ္စဖြစ်ခဲ့ရင်(လူထုနဲ့တိုင်းရင်းသားကိုယ်စားလှယ်စုံစုံညီညီဖြစ်ခဲ့ရင်) စစ်အစိုးရအာဏာတည်မြဲရေးထိခိုက်နိုင်ပါတယ်။
    နောက်တခုကတော့သူတို့ထဲကအတွင်းပုံကန်မှုတခုခုဖြစ်ခဲ့ရင်….အဲ့ဒီပုဂ္ဂိုလ်ကလဲနိုင်ငံရဲ့အနာဂါတ်နဲ့လူထုအကျိုးကိုအဓိကထားနိုင်မယ်ဆိုရင်………………

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 31, 2010 at 3:26 am

    ကြည့်ရတာ ဒီပို ့စ်ကို တင်ပေးရင်တင် မတင်ပေးရင် အဘန်း ခံရမယ်
    ဆိုပြီး ညှိုနှိုင်းပြီးတော့ မျက်နှာလို မျက်နှာရ တင်ပေးလိုက်တယ်ထင်တယ်
    ရီရတယ်ဟေ့ ဗြဲဗြဲ ဗြဲ
    ဖြဲခြင်သလိုဖြဲ လုပ်ခြင်သလိုလုပ်
    ဟုမ်းပေ့ထဲ မှာကြည့်ပြီး ဘယ်ကောင်ဘာလည်း ဆိုတာ ဆာဗာ ကြီးက သိနေတာဘဲ ဗြဲ
    တော်တော်နောက်တဲ့လူ

  • timothy

    October 31, 2010 at 12:05 pm

    ဒီစာမျိုးပို့တဲ့သူရဲ့အာဘော်ကတော့ လူထုကိုကျောခိုင်း တော်လှန်ရေးအလီလီမှာကျဆုံးသွားရရှာသောအာဇာနည်ကြီးများ။ တောင်တမ်းကျနေကြသောရောင်းရင်းနိုင်ငံ့ခေါင်ဆောင်ကြီးများအားလုံးကိုသစ္စာဖေါက်ပြီး၊ စစ်အစိုးရကပေးတားသောအရိုးအရင်းများကိုစားပြီးရွေးကောက်ပွဲအတုကိုတကမ္ဘာလုံးအသိအမှတ်ပြုအောင်လုပ်နေကြတဲ့ အရေချုံ တတိယအင်အားစုများအပြောအဆိုတွေပါ။
    မဲပေးပေး မပေးပေး အိမ်တံခါးပိတ်ပြီးနေနေ မနေနေသပိတ်မှောက်မှောက် မမှောက်မှောက် မကြေနပ်လို့လမ်ထွက်ပြီးဆဲဆဲ ကြောက်ချီးပါပြီးကြိုတင်မဲပေးပေး မပေးပေး ကြိုက်တာသာလုပ်ကြပါ။သန်းရွှေကတော့အစိုးရအဖွဲ့ခုကတည်းကဖွဲ့ထားပြီးပြီ။သူကနိုင်ရုံမှတပါးအခြားမရှိ။ ရှူံးလဲအနိုင်ယူ၊မတော်လို့နိုင်ခဲ့ရင်လဲအနိုင်ယူ။ ညစ်ပါတ်စုတ်ပဲ့မယ်ဗျာ။ကျုပ်တို့အနေနဲ့ကသူညစ်ပါတ်တာဘာဆိုဘာမှမလုပ်နိုင်ဘူး။ ဒီတော့ဒီတိုင်းလည်စည်းပြီးခံကြတော့မှာလား။ ဒီလိုဆိုကျုပ်တို့တတွေသူများမတရားလုပ်တိုင်းကြောက်ပြီးငြိမ်ခံသော၊လူတိုင်းအနိုင်ကျင့်ဗိုလ်ကျမှုကိုခံသောလူညံ့လူအများဖြစ်ကုန်မှာပေါ့။ ဒါဆိုသန်းရွှေကပိုပြီးဖိနှိပ်တော့မှာပေါ့။် ခွေးကိုချောင်ပိတ်ရိုက်တော့ပြန်ကိုက်နိုင်သလို ကျုပ်တို့မှာသန်းရွှေကိုပြန်လုပ်နိုင်တာတစ်ခုဘဲရှိတယ်။ရွေးကောက်ပွဲကိုပြည်လုံးကျွတ်သပိတ်မှောက်၊ ဗလာမဲရုံတွေနိုင်ငံတဝှမ်းဖြစ်အောင်လုပ်၊ ဒါမှစောက်ရူးသန်းရွှေတယောက်မဲရုံမှာလူတယောက်မှမရှိဘဲ အရူးတယောက်လိုအရှက်မရှိရွေးကောက်ပွဲအနိုင်ပိုင်းကြေငြာတော့မှ ကမ္ဘာနဲ့မြန်မာအလယ်မှာသောက်ရှက်ဟက်တက်ကွဲမှာ။ ကမ္ဘာ့ဟာသကြီးဖြစ်သွားမှာပေါ့။ လူထုရဲ့တခဲနက်ဆန္ဒပြုချက်ကို တရုပ်၊ ရုရှား၊ကုလား၊အေဆီယန်၊ ဘယ်သူမှမငြင်းနိုင်ဘူး။ ကြောက်စိတ်ကိုတွန်းလှန်ပါ။သစ္စာဖေါက်ဖေါ်လံဖါးများရဲ့စကားကိုနားမယောင်ကြပါနဲ့။ တစ်ခုတည်းသောထွက်ရပ်လမ်းဖြစ်တဲ့ တနိုင်ငံလုံးမီးဟုန်းဟုန်းတောက်အောင်၊တကမ္ဘာလုံးဒို့ဆန္ဒကိုသိရအောင်ပြည်လုံးကျွတ်သပိတ်မှောက်ပွဲကြီးဆင်နွှကြပါစို့။

  • winkyawaung

    October 31, 2010 at 12:59 pm

    ဆရာ ဂျော်နီအောင်ပု ပြောသလို ဒီပို့စ်က မန္တလေးဂေဇက် ကဆရာတွေကို ဘယ်သူ ဘယ်ဝါက ဘယ်လိုသဘောထား သလဲ သိကြရအောင် တင်တာလား?။ ဒါဆိုရင် အရပ်ထဲက လူတွေပြောစကားလေး ကို ဖေါက်သည်ချလိုက်ပါရစေ..။
    ဒီရွေးကောက်ပွဲကို ညစ်ပတ်တဲ့ပါတီ ကောင်တွေရဲ့ လုပ်ရပ်ကတော့.. ချဲထီစကားနဲ့ပြောရရင်..( ဒဲ့ပေါက်ရင်လဲ မရော်ဘူး။ တွတ်ဝင်ရင်လဲ မရော်ဘူး။ အဲ.. ဒိုင်လဲ လုံးဝပြေးမှာ. မဟုတ်ပါကြောင်း..) တဲ့။

  • etone

    November 1, 2010 at 1:55 am

    ဘာပဲထည့်ထည့် သူတို့နိုင်မယ်ဆိုတာ အခုကတည်းက ကြိုမှန်းလို့ရနေပါတယ် ။ နီးစပ်ရာအသိုင်းအဝိုင်းရဲ့ပြောပြချက်အရကတော့ .. နေပြည်တော် တာဝန်ကျရဲတယောက် ဆိုရင်သူ့အတွက် မဲပေးခွင့် သုံးနေရာရပါတယ် ။ တစ်နေရာက နေပြည်တော်မှာပါ ။ နောက်တနေရာက ရန်ကုန်ရုံးမှာပါ ။ နောက်တနေရာကတော့ ရန်ကုန်မှာနေထိုင်ခဲ့တဲ့လိုင်းခန်းမှာပါတဲ့…. မဲတွေကို ကြိုတင်မဲစနစ်နဲ့ပေးရတယ်လို့လည်း သိရပါတယ် ။ လူတယောက်ကို သုံးဆပွားနေမှတော့ သူတို့မနိုင်ရင် ဘယ်သူနိုင်တော့မှာလည်း ။

    ဒါကို သိသိကြီးနဲ့… ခမောက်ဘေးမှာ အမှတ်သွားခြစ်ဖြစ်အောင်ခြစ်ဦးမယ် ။

Leave a Reply