ရာစုနှစ်များစွာကပင် မြန်မာပြည်ကို တရုတ်တို့က ပိုင်ဆိုင်သည်ဟု တရုတ်ဝန်ကြီးချုပ်ပြောဆို

အာဂMarch 8, 20111min26625

မြန်မာနိုင်ငံသည် တရုတ်ပြည်၏ ခွဲခြားမရသောအစိတ်အပိုင်းဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ်ပြောဆို

http://www.facebook.com/note.php?note_id=10150420169385361

[By Naing Lay]

လာမည့် ငါးနှစ်အတွင်း မြန်မာနိုင်ငံသည် တရုတ်ပြည်၏ ကိုလိုနီနယ်မြေ တခု ဖြစ်လာတော့မည်ဟု အိန္ဒိယအစိုးရ ထိပ်တန်း ခေါင်းဆောင်များက ပြောလိုက်သည်။ မြန်မာ စစ်ခေါင်းဆောင်များသည် တရုတ်ပြည်၏ လက်အောက်ခံတိုင်းပြည် ဖြစ်အောင် လုပ်ဆောင်နေကြသည်ဟု အိနိ္ဒယ နိုင်ငံက ဆိုသည်။
ထိုအချက်ကို တရုတ်ဝန်ကြီးချုပ် ဝံကျားပေါင်က ယနေ့ကျရောက်သော တရုတ် နှစ်သစ်ကူးနေ့တွင် ငြင်းဆိုလိုက်သည်။
ဝံကျားပေါင်က မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက်ကပင် တရုတ်ပြည်၏ ခွဲခြားမရနိုင်သော အစိတ်အပိုင်း ဖြစ်ပြီး၊ ရာစုနှစ်များစွာကပင် မြန်မာပြည်ကို တရုတ်တို့က ပိုင်ဆိုင်သည် ဟု ဆိုသည်။
ယခုမှသာ မြန်မာ စစ်ခေါင်းဆောင်များက တရုတ်ပြည်၏ ကိုလိုနီဖြစ်အောင် ဖန်တီးနေကြခြင်း မဟုတ်ဟုဝံကျားပေါင်က အခိုင်အမာ ပြောလိုက်သည်။ သူ၏ အမည်သည်ပင် မြန်မာအမည်ဖြစ်ကြောင်း၊ အမည်ရင်းမှာ ဝံ-ကျား-ပေါင်း ဖြစ်ကြောင်း၊ ဝက်ဝံ ဖခင်နှင့် မိခင်ကျားမ တို့ ပေါင်းစပ် ရာမှ မွေးဖွားလာခြင်း ဖြစ်ကြောင်း သူကဆိုသည်။ ဤအချက်ကပင် မြန်မာနှင့် တရုတ်တို့ ခွဲခြား၍ မရနိုင်ခြင်းကို ပြသရာ ရောက်ကြောင်း သူက ထပ်လောင်း ပြောကြားသွားသည်။ တရုတ်သမ္မတ ဟူ-ခြင်းတောင်း ကလည်း ထိုအချက် မှန်ကန်ကြောင်း အပြည့်အဝ ထောက်ခံသွားခဲ့သည်။
မြန်မာနိုင်ငံကို ရှေးအခါကပင် တရုတ်တို့က ပိုင်ဆိုင်ကြောင်း ဝံကျားပေါင်နှင့် ဟူ-ခြင်းတောင်း တို့က အောက်ပါ ရှေးဟောင်း တရုတ်မြေပုံများဖြင့် သက်သေ ပြသွားသည်။ ထို့ကြောင့် မြန်မာပြည်ကို ယခု လက်ရှိတွင် လည်းကောင်း၊ အနာဂတ် တွင်လည်းကောင်း၊ တရုတ်က ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အိန္ဒိယအနေဖြင့် ဘာမှ ပြောရန် မလိုကြောင်း ၎င်းက ဆိုသည်။

AD 1271 မှ 1368 အထိ အထက်မြန်မာပြည်ကို တရုတ်က ပိုင်ပါသတဲ့

Burma under China’s Yuan Dynasty
AD 1368 မှ 1644 အထိ သံလွင်မြစ် အရှေ့ဘက် မြန်မာ့မြေကို တရုတ်က ပိုင်ပါသတဲ့

မြေပုံ- ရေးဆွဲနေတုန်း၊ လက်ရှိတွင်လည်း မြန်မာပြည်ကို တရုတ်က ပိုင်ဆိုင်သည်၊

အနာဂတ်တွင်လည်း ပိုင်ဆိုင်မည်

ပုံ- ဟူ-ခြင်းတောင်း နှင့် ဝံကျားပေါင်

မြန်မာ မင်းတြားကြီးကမူ တရုတ်ဝန်ကြီးချုပ်နှင့် သမ္မတ တို့၏ ပြောကြားချက်များ လုံးဝ မှားယွင်းသည်ဟု ဆိုသည်။ မြန်မာပြည် တပါးကျွန်မဖြစ်စေရေး အတွက် အမိမြန်မာပြည်ကို ကာကွယ် နေခြင်း ဖြစ်ကြောင်း၊ မြန်မာပြည်ကို မည်သည့်အခါကမှ တရုတ်ပြည်က မပိုင်ဆိုင်ခဲ့ကြောင်း၊ ပုဂံပြည့်ရှင် အနော်ရထာမင်းစောသည် တရုတ် ဥတည်ဘွားကို တိုက်ခိုက် အောင်နိုင်ခဲ့ကြောင်း၊ ဘိုးတော်ဘုရားအား တရုတ်ဧကရာဇ်က သမီးကညာ ၃ ဦး ဆက်သကာ လက်အောက်ခံ အဖြစ် ခစားခဲ့ကြောင်း၊ ထိုအချက်များကို ကြည့်လျှင် ပုဂံခေတ်မှသည် ကုန်းဘောင်ခေတ်အထိ တရုတ်ပြည်ကို မြန်မာမင်းများ ပိုင်ဆိုင်ခဲ့သည်ကို အထောက်အထား ခိုင်မာစွာ တွေ့ရမည် ဖြစ်ကြောင်း၊ ဝံတို့ ကျားတို့သည် လည်းကောင်း၊ ခြင်းတောင်း တို့သည် လည်းကောင်း၊ သမိုင်းဖြစ်ရပ်မှန်များကို မှန်ကန်စွာ သိရန် ခဲယဉ်းကြောင်း တုန့်ပြန် ပြောဆိုသွားသည်။

Anonymous said…

Singapore က Asian Civilizations Museum ထဲမှာ ပြသထားတဲ့ တရုတ်ပြည် မြေပုံတခုက အရမ်းကြောက်စရာ ကောင်းပါတယ်။

ယွင်မင်းဆက်၊ မင်မင်းဆက်၊ ချင်မင်းဆက် မြေပုံ တွေသာ မကပါဘူး။

ချန်ကေချိတ်ရဲ့ တရုတ်သမတ နိုင်ငံထဲမှာပါ မြန်မာပြည်ကို ထည့်သွင်းထားတာ တွေ့တယ်။ ဒီထက်ပိုပြီး အံ့ဩစရာ ကောင်းတာက

တရုတ်ပြည်သူ့ သမတနိုင်ငံ (၁၉၄၉ မှ ယနေ့ထိ) မြေပုံထဲမှာ ကိုးကန့်နဲ့ ဝ ဒေသကို တရုတ်ပြည် နယ်နမိတ်ထဲ ထည့်သွင်းရေးဆွဲထားတာ တွေ့ရပါတယ်။

ဒါတွေကို ကြည့်ခြင်းဖြင့် မြန်မာပြည်ကို တရုတ်တွေအနေနဲ့ ပိုင်ဆိုင်တယ်လို့ သတ်မှတ်ထားပြီး ဖြစ်တယ်ဆိုတာ ထင်ရှားနေပါတယ်။

နအဖ အစိုးရကသာ ကိုယ့်နိုင်ငံ ကျွန်ဖြစ်လို့ ဖြစ်နေမှန်းမသိ.. နွားကျနေတာပါ။

သန်းထွန်း said…

၁။ ပုဂံကျောက်စာတွေထဲမှာ တရုတ်လို့ ဖော်ပြခံရသူတွေဟာ မွန်ဂိုတွေ ဖြစ်တယ်။ “တရုတ်လာသည် ရိုင်ရိုင်လော.. ရိုင်ရိုင်၊ မြှားမိုးရွာသည် ဖြိုင်ဖြိုင်လော.. ဖြိုင်ဖြိုင်” ဆိုတာ မွန်ဂိုစစ်သည်တွေကို ပြောတာပါ။ နောက်ပိုင်းမှသာ Han, Zhuang, Manchu တွေကို တရုတ်တွေလို့ ခေါ်ဝေါ်လာတာ ဖြစ်တယ်။ ဒီတော့ ပထမ မြေပုံကို တရုတ်မြေပုံလို့ ပြောတာဟာ ကျောက်စာအရ ပြောရရင် မွန်ဂိုကို ရည်ညွန်းတာပဲ ဖြစ်တယ်။ ကျောက်စာ အထောက်အထားအရ တရုတ်လို့ ရေးခွင့်ရှိတယ်။

၂။ ကူဗလိုင်ခန်က သူ့ကိုသူ တရုတ်ဧကရာဇ် (Emperor of China) လို့ ခံယူတယ်လို့ တရုတ် သမိုင်းပညာရှင်တွေက ဆိုတယ်။ ဒီတော့ တရုတ်ဧကရာဇ်ဆိုသူရဲ့ ပိုင်ဆိုင်တယ် ဆိုတဲ့ alleged မြေပုံကို တရုတ် နိုင်ငံမြေပုံလို့ ပြောတာဟာ တရုတ် သမိုင်းပညာရှင်တွေရဲ့ ရေးသားချက် နဲ့ ထပ်တူပဲ ဖြစ်ပါတယ်။

၃။ ဒုတိယမြေပုံကို ကြည့်ရင်၊ အဲဒီ မြေပုံမှာ CHINA လို့ ရေးထားတယ်။ တရုတ်တွေကိုယ်တိုင်ရဲ့ ရေးသားချက်ဖြစ်တယ်။ ဒီတော့ CHINA ကို တရုတ်လို့ ရေးတာဟာ တရုတ် မြေပုံ ဆွဲသူတွေရဲ့ ရေးသားမှု မူရင်း အတိုင်းဖြစ်တာကို တွေ့ရတယ်။

တကယ်တော့ ကူဗလိုင်ခန်က ပုဂံကို သိမ်းခဲ့တယ် ဆိုတာခဏလေးပါ၊ တိုက်ခိုက် ဖျက်ဆီးပြီး ပြန်သွားတာပဲ ဖြစ်တယ်။ ဘာအုပ်ချုပ်ရေးမှ ချမှတ်ခဲ့တာ မဟုတ်၊ မြေပုံဆွဲပြီး ကိုလိုနီ နယ်မြေအဖြစ် ဖော်ပြရလောက်အောင် ပိုင်ဆိုင်ခဲ့တာ မဟုတ်ပါ။ ဒီတော့ အဲဒီ အခြေအနေ ဖြစ်စဉ်တခု ဖြစ်ပျက်ခဲ့တာကို မြန်မာကို ကူဗလိုင်ခန်ရဲ့ အင်ပိုင်ယာထဲ နှစ်ပေါင်း တစ်ရာနီးပါး အလွန်အကျွံ ထည့်သွင်းထားခြင်းဟာ အများသူငါကို ယောင်ဝါးဝါး ဖြစ်စေတဲ့ stupid လုပ်ရပ် ဖြစ်သလို သမိုင်းကို လိမ်လည်တာပဲ ဖြစ်တယ်။

အဆိုးဝါးဆုံး stupid လုပ်ရပ်တွေကတော့ ချန်ကေရှိတ်ရဲ့ တရုတ်သမ္မတ နိုင်ငံထဲမှာ မြန်မာပြည် တစိတ်တပိုင်းကို ထည့်ထားတာပါ။ ကူမင်တန်တွေ ရှမ်းပြည်မှာ အခြေချခဲ့၊ စစ်စခန်း တည်ခဲ့ရုံမျှနဲ့ အဲဒီနယ်မြေတွေကို တရုတ်ပြည်ထဲ ထည့်ဆွဲထားတယ်။ ပြီးတော့ လက်ရှိ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံထဲမှာ ကိုးကန့်နဲ့ ဝ ဒေသကို တရုတ်ပြည်ထဲ ထည့်ထားတယ်။ Singapore က Asian Civilization Museum ထဲ သွားကြည့်ပါ။ အဲဒီလို နိုင်ငံတကာ ပြတိုက်ကြီးထဲမှာ ဗီဒီယို ဆလိုက်နဲ့ ပြသ ထားမှုတွေကမှ တကယ့် stupid လုပ်ရပ်တွေ ဖြစ်တယ်။

ဒီလို မြေပုံရေးဆွဲသူတွေသာလျှင် သမိုင်းကို ပေါက်တတ်ကရ လုပ်တဲ့ မဟာ့မဟာ stupid ကြီးများသာ ဖြစ်ကြပါတယ်။

ဦးကုလားရာဇဝင်ထဲမှာ အနော်ရထာက တရုတ်ဥတည်ဘွားကို အောင်နိုင်တယ်လို့ ချဲ့ကားရေးသားမှုကို အခြေခံပြီး မြန်မာပြည် မြေပုံထဲ တရုတ်နယ်မြေတွေ ထည့်ဆွဲရင် လူရီစရာ ဖြစ်မယ်။ ဟာသ ဖြစ်သွားမယ်။ ဘယ်သူမှ အဲသလို မြေပုံဆွဲမှာ မဟုတ်ဘူး။ ထို့အတူပါပဲ တရုတ်မြေပုံထဲ မြန်မာပြည် အစိတ်အပိုင်းတွေ ထည့်သွင်းထားတာဟာလဲ ကိုယ်လိုရာဆွဲတဲ့ stupid လုပ်ရပ်ပဲ ဖြစ်တယ်။

Stupid မဟုတ်ရင် သမိုင်းဖြစ်ရပ်ကို စော်ကားခြင်း ဖြစ်သလို မြန်မာ့ အချုပ်အခြာကို ထိပါးခြင်းပဲ ဖြစ်မယ်။ (Stupid လုပ်ရပ်သာ မဟုတ်ခဲ့ဘူး ဆိုရင်) ဒီလို မြေပုံတွေကို နိုင်ထက်စီးနင်း ဆွဲရဲတယ် ဆိုတာဟာ နအဖရဲ့ တရုတ်ဆီမှာ ဖင်ခံမှုကြောင့် ဖြစ်ပေါ်လာရတဲ့ ရလာဒ်ပဲ ဖြစ်မယ်။ မြန်မာက ရှုံးပြီးသားပါ။ အခုတောင် စီးပွားရေး ကိုလိုနီ ဖြစ်နေပြီ။ အိန္ဒိယက ပြောတဲ့ နောက်ငါးနှစ်မှာ မြန်မာပြည် တရုတ် ကိုလိုနီဖြစ်မယ် ဆိုတာလဲ စဉ်းစားရမယ့် အချက် တခု ဖြစ်တယ်။ နောက်ဆို ဒီထက် ပိုပြီး ဖင်ခံရဖို့ပဲ ရှိတယ်။ ဒီအချက်ကို မြန်မာပြည်မှာ မွေးဖွား ကြီးပြင်းလာကြတဲ့၊ နိုင်ငံကို ချစ်တတ်တဲ့ လူမျိုးမရွေး၊ ဘာသာမရွေးသတိထားဖို့ လိုပါတယ်။

by Newgeneration | Google Groups & San Maung facebook

25 comments

  • white

    March 8, 2011 at 10:59 am

    မျောက် နဲ့ ကြောင် နဲ့ ပေါင်းလို့ ရတဲ့ မျောက်ကြောင်ပေါင်းလေးက နောက်သမ္မတ ဖြစ်မှာပါ

    • myatthwin62

      March 12, 2011 at 6:45 pm

      So, you’re the monkey and the other anti-Chinese on this forum are the cats?

    • myatthwin62

      March 12, 2011 at 6:53 pm

      I Can’t Understand It: Questions Put to Anti-China Advocates
      Fan Shouyi, CFAU, China

      I can’t understand why in a country where a great president warned his people that “a house divided against itself cannot stand,” there are a handful of people who won’t feel happy until they succeed in bringing other countries down?

      I can’t understand why in a country where black people were delivered from the yoke of slavery, there are some people who give their support to Dalai Lama, the spiritual leader in exile, who is a representative of feudalistic serfdom?

      I can’t understand why in the country of Martin Luther King, the tradition of resorting to non-violent means for winning their rights is forgotten, but a handful of people make a big noise and side with Tibetans for independence who are treating even their own kind equally brutally. There is a saying in your language, which goes: “A man is judged by the company he keeps,” so do you feel not ashamed when some of you are in the company of such a spiritual leader and such ruthless rioters?

      I can’t understand why some people who know nothing about the ABC of Tibetan history, say categorically that Tibet is an independent state?

      I can’t understand why some people who have not been to Tibet, and seen for themselves the concord between Tibetans, Hans and other ethnic groups, refuse to recognize the fact that progress and achievements have been made in Tibet, and it is beginning to prosper?
      I can’t understand why some people who don’t make any serious investigation of what the central government has done for the well-being of the Tibetan people and how much input it has made in terms of human, material and financial resources, dismissed all that has been done by the central government as being nothing?

      I can’t understand why while people of the Dalai clique have been disrupting the Olympic torch relay along the route, like clowns gone wild—some of them are actually cross-border professional trouble-makers, some people are gloating over it and giving covert assistance?

      I can’t understand why members of the parliament of a group of nations behave so excitedly at the moment when they voted for boycotting the upcoming Olympic Games? Your anti-China chorus is not even veiled? Is it not an act of folly on your part to hijack your people and your sportspersons? What does it have to do with us if you refuse to come to Beijing to cheer for your athletes and boost their morale?

      I can’t understand why some people are bent on putting the blame on China for the tragic consequences of domestic clash of interests between the two parts of the Sudan? And also tie it with the boycott of the Olympic Games to be held in 2008?

      I can’t understand why some of your media are playing footage of police arresting rioters in other countries which happened some time before with captions or comments saying without remorse that it is happening in Lhasa?

      Why are you using such cooked-up, deceptive news items to hoodwink the world? Abraham Lincoln put it well: “You can fool all the people some of the time, and some of the people all the time, but you cannot fool all the people all the time.” The behavior of your media shall be recorded as a classic case study in the history of Western media. Thoughtful students will write their theses on this topic. One anchor person wrapped up his commentary with an insult against 1.3 billion Chinese people, and has not apologized even now. Such a person as he is who shows no respect to others has no right to talk about human rights issues.

      I can’t understand why while it is your leaders and tycoons who persuaded China into embracing your idea of globalization, and has founded transnational companies in China and taken away a lion’s share of profits you have generated in China, yet you blame China for climatic changes in the world for the past 200 years?

      I can’t understand why your weapons can be sold to whomever you want to, but when China sells some conventional weapons you make a big fuss and try hard to obstruct?
      I can’t understand why some toys are not up to standard because of faulty designs of your manufacturers, yet you make a big publicity of the quality of China-made products?
      I can’t understand why while every country has its own troubles, decision-makers of your country are using your tax-payers money to shatter other countries to smithereens to fatten the purses of your weapon manufacturers?

      When we were still living in the decadent feudal society, China’s doors were forced open by gunboats of Western powers; cases of concessions of land and compensations followed one another; how much wealth had western powers plundered from China? Who can give us the exact figures? Now what wealth and resources you are “taking away” is obtained by peaceful means of globalization. The Chinese people who had been poor for so long and their leaders have finally realized that the Western way of life which we once repudiated as being bourgeois is basically the same as the goals we are striving to attain.

      We are enjoying a happy life in such way of living is bringing us but at greater costs than warranted. Should we not enjoy a happy life such as you have been enjoying for so long? Should we not keep up with the Jones? We also want to have very tall buildings, very long bridges, very large ships, and we also want to fly to the Moon, to Mars. We live on the same planet, but do you feel so worried about your neighbor whose life is getting better? Haven’t you reaped more profits in the course of our enjoying the bliss of such life and thereby you become happier than ever before?

      I really can’t understand why some of you hate China so much and make things so difficult for us? But there is one thing which I firmly believe: China is getting stronger, and our life is getting better. If you are not happy to see China rise, well and good, don’t engage us, don’t lead your trade delegations to Beijing and go back home with orders worth billions of dollars, don’t take away the cash which the Chinese people have earned with sweat and toil. You will not get any benefits by creating chaos in China. We Chinese have the wisdom to adjust our national policies, and we will make a good job of it all the same.

  • dream

    March 8, 2011 at 11:03 am

    နောက်နေတာလား အတည်ပြောနေတာလား

    • R Ga

      March 8, 2011 at 12:01 pm

      နောက်သလိုလိုနဲ့ အတည်ပြောနေတာပါ။

  • bigbird

    March 8, 2011 at 12:08 pm

    အခုလည်း မြန်မာပြည်တစ်ဝက်လောက်ကို တရုတ်တွေကြီးစိုးနေတာပဲ
    နိုင်ငံသားကဒ်တွေကို ငွေနဲ ့ဝယ်ယူပြီး တစ်ချို ့ဆို ဗမာစကားတောင်
    ကောင်းကောင်းပြောလို ့မရကြဘူး။

    • myatthwin62

      March 12, 2011 at 6:50 pm

      Without Chinese aid, Burma under Gen. Ne Win was grouped with the FIVE MOST POOR COUNTRIES in the world. Now, that China and a couple of other countries like Thailand, Singapore, etc. are helping develop Burma, these do-nothing exiled ‘Burmese’ expats are again pointing fingers at those who are doing something for their ‘beloved’ Burma. Shame on you!

      “nga pyaw tha loo loke, nga loke tha low ma loke nat”

      BTW, are you paid by the CIA?

  • တညင်သား

    March 8, 2011 at 12:30 pm

    တရုပ် ကို မကြိုက်တာလား နိုင်ငံတော် ကို မတိုးတက်စေချင်တာလား ဒီမိုကရေစီကို လိုချင်တာလား ဒေါ်…. ကို ခေါင်းဆောင် စေချင်တာလား ဘာမှန်းကိုမသိဘူး.. ရှင်းကြပါအုန်း

  • mihninlay

    March 8, 2011 at 2:05 pm

    ကိုယ်တိုင်ကတရုတ်ပြည်မှာနေပြီးအလုပ်လုပ်နေပေမယ့်တရုတ်ဆိုအသေမုန်းတာပဲ
    ဗမာစကားလုံးဝမတတ်နဲ ့သူတွေကနိုင်ငံသားကဒ်တွေကိုင်ပြီးမြန်မာပြည်ရဲ ့အဖိုးတန်မှန်သမျှကိုလုပ်စားနေကြတာအရမ်းရင်နာဖို့ ကောင်းတာပဲ…

    • myatthwin62

      March 12, 2011 at 6:37 pm

      You hate Chinese because you’re jealous of hard-working Chinese, right? Admit it!

  • I am a cute girl.

    March 9, 2011 at 7:25 am

    မှန်ပါ၏။ နယ်စပ်ဒေသ ဆယ်အိမ်တောင် မပြည့်တဲ့တော ရွာ မှာ ဘိန်းစိုက်ပီးရလာတဲ့ပိုက် ဆံနဲ ့ ဗမာပြည်လာပြီး ဂန်ကျယ်နေကြတာ မဟုတ်တရုတ်တွေ။ မုန်းလွန်းလို့။ တော ခေါင်ခေါင် က လာတဲ့ အဆင့်မ ရှိ တဲ့ကောင် တွေ က မဟုတ်တာ လုပ် လို ့ ရလာတဲ့ ပိုက် ဆံ နဲ ့ သူဌေး လုပ် ပြီး ငါ တို ့ ဗမာတွေ ကို အထင်သေး တဲ့ အကြည့်တွေနဲ့ ကြည့်တာ အမုန်းဆုံးပဲ။ တောက်တောက် စင်းပစ် ချင်တယ်။

  • moethidasoe

    March 9, 2011 at 8:53 am

    သူတို့ ပြောမယ်ဆိုလဲ ပြောစရာပဲလေ .. သင်ခဲ့ဖူးတဲ့ ပုဂံ ရာဇဝင်မှာ တရုတ်ပြေးမင်း ဆိုတာ ရှိခဲ့တယ် .. တရုတ် လာတိုက်လို့ ထွက်ပြေးတဲ့ ပုဂံနောက်ဆုံးမင်းဆက် နာမည်တော့ မေ့သွားပြီ ..

    • myatthwin62

      March 12, 2011 at 6:51 pm

      Thanks for the post. That should rattle the anti-China posts on this forum.

  • kai

    March 9, 2011 at 10:17 am

    ပြီးခဲ့တဲ့တပါတ်ကတင် .. ရောဘင်ဟု ကားကို ငှားကြည့်ဖြစ်တယ်..။ ရာဇဝင်တကယ့်အဖြစ်ကို အခြေခံရိုက်ထားတာပါ..။
    ရုပ်ရှင်ရိုက်ထားတာ တော်တော်တော့ ကြာနေပါပြီ..။ ဒါပေမဲ့ .. ဒီလိုပဲ.ငှားကြည့်ဖြစ်တာပါ..။
    အဲဒီဇတ်လမ်းထဲ..
    အင်္ဂလန်ဘုရင် ရစ်ချပ် ပြင်သစ်နယ်မှာ တိုက်ပွဲမှာ ကျတော့ … သူ့ခရောင်းယူပြီး ..ရောဘင်ဟုက အင်္ဂလန်ကို ပြန်တယ်..။
    ခရောင်းကို ရစ်ချက်ညီ.. ဂျွန်ကယူပြီး ကောက်ဆောင်းလို့..အင်္ဂလန်ဘုရင်ဖြစ်တယ်ပေါ့..။
    အဲဒီ ဂျွန်ရဲ့ မိန်းမ-မိဖုရားက..ပြင်သစ်ကဘုရင့်အမျိုးနွယ်ပဲ..။ ပြင်သစ်မပေါ့..။
    ပြောရရင် ..ဘုရင်ရစ်ချက်ကလည်း ပြင်သစ်စကားပဲပြောပြီး..ပြင်သစ်မှာပဲအနေများတဲ့ အင်္ဂလန်ဘုရင်ပါ..။
    အဲဒီဇတ်လမ်းတွေဖြစ်ခဲ့တာက … လွန်ခဲ့တဲ့နှစ် ၉၅ဝလောက်က..။ ခရစ်နှစ် ၁၁၀၀-၁၂၀ဝ လောက်က..။ မြန်မာပြည်မှာတော့ ..ပုဂံခေတ်ပေါ့..။ ၁၂၇ရ မှာ ပုဂံကို မွန်ဂိုတွေသိမ်းပြီး.. ၁၂၈ရမှာ ပုဂံပျက်ခဲ့တယ်..။ နရသီဟပတေ့ (ခေါ်) တရုတ်ပြေးမင်းလက်ထက်ပေါ့..။

    တကယ်လည်း..ဥရောပဆိုတာ … အဲဒီလိုပဲ.. စစ်တွေနဲ့… နပန်းလုံးနေရင်း… လွန်ခဲ့တဲ့နှစ် ၂၀၀ဝန်းကျင်လောက်မှ.. ကမ္ဘာအနှံ ့ခြေဆန့်ကြတဲ့.. နယ်ချဲ့တွေဖြစ်..နောက်တော့ချမ်းသာ.. တိုးတက်လာကြတာပါ..။
    ပြင်သစ်၊ ဂျာမဏီ။ ဟောလန်။ အင်္ဂလိပ်၊ ပေါတူဂီ စတဲ့ ဥရောပနိုင်ငံတွေ… အကုန်အပြန်အလှန်..စစ်တိုက်လိုက်ကြ..မြေတွေသိမ်းလိုက်ကြ..။ ဘုရင်တွေ သူ့သမီးကိုယ်ယူ..။ကိုယ်သမီးသူ့ပေး.. သွေးတွေနှောနေကြတာပါ..။
    ပိုင်နက်နယ်မြေတွေရယ်..။ နိုင်ငံမြေတွေရယ်..မြေပုံမြေကွက်တွေရယ်..လူမျိုးစုတွေရယ်ကို ခွဲခြားနားလည်ကြပါတယ်..။
    ==
    မြန်မာပြည်နဲ့..တရုတ်..အိနိ္ဒယ၊ ယိုးဒယား..စတာလည်း ..ဒီလိုပါပဲ..။
    တရုတ်ကလာသိမ်းလိုက်.. ကုလားကဝင်လာလိုက်..။ ကသည်းနဲ့စစ်ဖြစ်လိုက်..။ ကသည်းမတွေခေါ်လာလိုက်.. မြန်မာက သွားသိမ်းလိုက်..။ သူက..မြန်မာမတွေလာယူလိုက်..။ကိုယ့်ဖက်က ..တရုတ်မ သွားယူလိုက်နဲ့ပါပဲ..။
    အသားအရောင် ကွဲတော့ …ပိုသိသာတာပေါ့..။ တရုတ်မနဲ့..ကုလားထီးယူပြိး မျိုးဆက် ၂ခုလောက် ဧရာဝတီမြစ်ဘေး..ရွာတည်နေကြကြည့်ပါလား..။ မျိုးဆက်သစ်တွေ မြန်မာရုပ်တန်းထွက်လာမှာ..အသေအချာ ပြောရဲပါတယ်..။ 🙂
    ဒါတောင် ..သွေးနှောနယ်မြေလုကြ..သိမ်းကြတာမှာ.. တိုင်းရင်းသားလို့အခုအမည်တတ်ခံထားတဲ့.. မင်းနေပြည်တော်ထောင်နိုင်တဲ့.. လူမျိုးစုကြီးတွေ မပါသေးဖူး..။
    ရခိုင်..။မွန်..။ရှမ်း.. အဲဒီလို လုံးထွေးနေကြတာပါပဲ..။ ကြားထဲ..ယိုးဒယားလည်း မြန်မာက သွားသိမ်းဖူးတာပါပဲ..။
    အလောင်းဘုရားက… ယိုးဒယားက.. လူတွေခေါ်လာပြီး..ယဉ်ကျေးမှုခြင်းတောင်..ရောထွေးနေကြတယ်မဟုတ်လား..
    သီချင်းဂီတမှာတောင်… နည်းတခုအနေနဲ့ရှိသေး..ဘာတဲ့..သီချင်းကြီး..။ယိုးဒယား..တဲ့..။
    ဆိုတော့ …
    တိုတိုဖြတ်ပြောရရင်.. လူမျိုးရေးခွဲခြားတာတွေ.. နှိမ့်ချပြောတာတွေ..မုန်းတီးတာတွေ.. ဒီမှာမရေးစေမတင်စေချင်ပါဘူး.။
    ကိုယ်ခံစားရသလို..သူများနိုင်ငံသားတွေ..တိုင်းရင်းသားတွေ..။ မြန်မာက သွားသိမ်းဖူးတဲ့သူတွေ ဒေသခံတိုင်းရင်းသားတွေ… ခံစားရမယ်လို့.. ကိုယ်ချင်းစာကြည့်စေလိုပါတယ်..။
    မုန်းတီးနေလို့လည်း ..ဘာမှကောင်းတာတွေဖြစ်မလာပါဘူး.။ ဆိုးတာတွေဖြစ်လာဖို့ကတော့ ..သေချာပါတယ်..။ မုန်းတီးတာအစွန်းရောက်ကုန်ရင်.. စစ်ပွဲတွေဖြစ်လာဖို့ကလွဲပြီး .. ဘာမှရမှာမဟုတ်ပါဘူး..။

    တကယ်တော့ ..
    တိုင်းပြည်တွေအတွက်သတ်မှတ်ထားတဲ့.. မြေပုံတွေ..မြေနေရာတွေဆိုတာကလည်း… လူ့သက်တန်း နှစ် ၈ဝ အထိတောင် တည်တန့်ခိုင်မြဲကြတာလည်း မဟုတ်ပါဘူး..။
    မြန်မာပြည် အခုမြေနေရာရထားတာတောင် .. အင်္ဂလိပ်အောက်က လွတ်လပ်ရေးရမှ ဆိုတော့..၆၃နှစ် ပဲရှိပါသေးတယ်..။ ပုဂံ-အနော်ရထာရဲ့ ပထမမြန်မာနိုင်ငံတော်နဲ့စာရင်..အနှစ် ၁၀၀ဝလောက်အတွင်း..အကြိမ်မရေမတွက်နိုင်အောင်.. ပိုင်နက်မြေနေရာတွေ..ပြောင်းလဲခဲ့တာဖြစ်ပါတယ်..။

    ကြားထဲ… ကျုပ်တို့မသေခင်မှာတင်.. ကမ္ဘာ့မြေပုံ ပိုင်နက်မြေနေရာတွေ… အများကြီးပြောင်းနေကြပါဦးမယ်..။
    ==
    ထပ်ပြောပါမယ်နော..။
    စည်းကမ်းအရ…
    6. လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။

    • bigcat

      March 10, 2011 at 4:25 am

      မပြောနဲ့ဆိုလို့
      ပြောလိုက်အုံးမယ်
      မလုပ်နဲ့ဆို
      ဇွတ်လုပ်ချင်တာ
      လူ့သဘာဝဗျ..
      အေပေးတရုတ်တွေ
      ဘီပေးကုလားတွေ
      ဆီပေးမြန်မာတွေ..
      အဲဒီထဲမှာ
      ကျုပ်တို့မြန်မာ
      အဆိုးဆုံးပဲ
      ဆီလည်းစိုက်ရ
      Fင်လည်းခံရ….

    • myatthwin62

      March 12, 2011 at 6:31 pm

      China’s foreign policy is NON-INTERFERENCE in other countries’ affairs. This posting smacks of CIA’s dirty tricks department to destabilize other countries, create hatred, spread lies, …. like the old British ‘divide and conquer’ global colonialist expansion.

    • myatthwin62

      March 12, 2011 at 6:42 pm

      The editor / Webmaster/ etc. @ “Irrawaddy” was interviewed by a Western journalist once and he admitted that they are funded by the CIA. Go figure!

  • naywoonni

    March 9, 2011 at 3:24 pm

    အနေမတတ်ရင် အပြောခံရမှာပဲ….။ R Ga ကိုပြောတာမဟုတ်ဘူးနော် … ရောသွားဦးမယ်..

  • etone

    March 10, 2011 at 2:53 am

    ပိုင်ချင်တဲ့လူပိုင် သူတို့ကို အရေးကို မလုပ်ဘူး ။
    ကိုယ်တွေ ရပ်တည်နေရာတာ ခြေဖဝါး နှစ်ခုအောက်က မြေကြီးနေရာ ကျဉ်းကျဉ်းလေးပဲ ရှိတယ် … ။ ချော်မလဲအောင် နေနိုင်ရင်ပဲ မဆိုးဘူး လို့ပဲ တွေးထားတယ် … ။

  • char too lan

    March 10, 2011 at 8:40 am

    နေမဝင်ခင် အပြင်းပြေးပီး ကြိုက်တဲ့နေရာ တိုင်စိုက်ခဲ့ပါ လို့ကြားဖူးထားပါတယ်
    ခုခေတ်က လေးပေခြောက်ပေလည်းမလိုတော့ဘူး ဆိုတော့.. ကြောတော့ပါဘူးးးးး 🙂

  • (6. လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။ ) လို့ဆိုရာမှာ တိုင်းပြည်တွင်းက မွန်၊ မြန်မာ၊ ကရင်၊ ရှမ်း စတဲ့ လူမျိုးနွယ်တွေကို ရည်ညွှန်းတာလို့ ကျွန်တော် ထင်ခဲ့တာပါ။ အခုလို တရုတ်တွေ အလုံးအရင်းလှိမ့်ဝင်လာမှုကို မျိုဝါးမှုလို့ပဲ မြင်ပါတယ်။ လက်သစ်ကိုလိုနီစံနစ် လို့ပဲမြင်ပါတယ်။
    ကျွန်တော့်အပေါင်းအသင်းတွေ U.S ကနေ ခေတ္တခဏပြန်လာတဲ့အခါ သူတို့တွေ ပြောင်းလဲသွားတယ်။ သူတို့တွေဟာ လူ့အခွင့်အရေးကို ပိုတန်ဖိုး ထားတယ်။ (U.S မှာဆိုရင် ဒုက္ခိတ အခွင့်အရေးတောင်ရှိသတဲ့။) ဒါပေမယ့် မျိုးချစ်စိတ်ဓာတ်ကျတော့ တစ်မျိုးဖြစ်သွားတယ်။ မျိုးချစ်စိတ်ဓာတ်ဆိုတာ ဒီခေတ်မှာ ခေတ်နောက်ပြန်ဆွဲတဲ့သဘောမျိုး ရှိပါမယ်။ ကျွန်တော် ဆိုလိုချင်တာက မျိုးနွယ်တစ်ခုကို တန်ဖိုးထားထိန်းသိမ်းလိုမှုကို ဆိုလိုတာပါ။
    ကျွန်တော့်မှာ ဂျာမနီလူမျိုး မိတ်ဆွေတွေရှိပါတယ်။ သူတို့ကျတော့ U.S ပြန်တွေနဲ့ မတူပြန်ပါဘူး။ ဂျာမန်တွေဟာ လူမျိုးကြီးဝါဒ မသိမသာကိန်းအောင်း နေပေမယ့် သူတို့လူမျိုးကို သူတို့တန်ဖိုးထားတယ်။ ကျွန်တော်ပြောချင်တာက ဒီသဘောပါ။ ကျွန်တော်တို့အားလုံး မြန်မာပြည်ကို ကြီးပွားတိုးတက်စေလိုတယ်။ ဒါဟာ စီးပွားရေး၊ ပညာရေး၊ လူ့အခွင့်အရေး စတဲ့ကဏ္ဍတွေချည်းသက်သက်ကိုသာ မဟုတ်ပါဘူး။ မြန်မာအပါအဝင် လူနည်းစု တိုင်းရင်းသားတွေရဲ့ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ မြန်မာ့ ရိုးရာအစဉ်အလာက သတ်မှတ်ပေးထားတဲ့ ဂါရဝတရား၊ နိဝါတတရား၊ မြန်မာ အမျိုးသမီးတွေရဲ့ ထူးခြားတဲ့ဂုဏ်အင် စတာတွေကိုပါ ထိန်းသိမ်းတန်ဖိုး ထားလိုပါကြပါတယ်။
    ကျွန်တော်ကိုယ်တိုင် တရုတ်ကပြားပါ။ ကျွန်တော့်အဖိုးဟာ ပြည်မကနေ မြန်မာပြည်အထိရောက်လာပြီး မြန်မာပြည်မှာကြီးပွား၊ မြန်မာအမျိုးသမီးနဲ့ အိမ်ထောင်ကျ၊ နောက်မျိုးဆက် ကျွန်တော်တို့တတွေဟာ တရုတ်ဘက်မပါဘဲ မြန်မာစစ်စစ်ထက်တောင် မြန်မာ့ရိုးရာအစဉ်အလာနဲ့ မြန်မာကို ပိုချစ်တတ်ခဲ့တဲ့လူတွေ ဖြစ်လာပါတယ်။ ဝင်လာတဲ့တရုတ်က မြန်မာကို မဝါးမျို နိုင်ပါဘူး။ တရုတ်ကပြား ကျွန်တော်ဟာ မြန်မာစာပေကို တန်ဖိုးထားလို့၊ စာပေမြင့်မှလူမျိုးတင့်တယ်လို့ ယုံကြည်ထားလို့ စာပေနယ်ထဲ ခြေချနိုင်ဖို့ ကြိုးစားနေတဲ့လူတစ်ယောက်ဖြစ်နေခဲ့ပါတယ်။
    အခုကိစ္စမှာကျတော့ (ကိုအာဂတင်ပေးတဲ့ပို့စ်) တရုတ်က မြန်မာကို ဝါးမျိုတဲ့ ကိစ္စလို့ ကျွန်တော်ထင်ပါတယ်။ တိုင်းပြည်တွင်း မှီတင်းနေထိုင်ကြတဲ့ တရုတ်၊ ကုလား၊ စတဲ့လူမျိုးစုတွေနဲ့ မတူဘူးလို့ ထင်ပါတယ်။
    ကမာ္ဘ့မြေပုံပေါ်မှာ မြန်မာပြည်ဟာ လက်သည်းခွံလောက်ရှိတာပါ။ တကယ့် အညတရလေး။ ဒါပေမယ့် လူမျိုးနွယ်မဆိုထားနဲ့၊ တိရစာ္ဆန်နဲ့ အပင်လေးတွေ တောင် မျိုးသုဉ်းပျောက်ကွယ်မယ့် အနာ္တရာယ်ကနေ ကာကွယ်ကြရတယ်။ မြန်မာပြည်ဟာလည်း သူ့ရဲ့ထူးခြားတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေရယ်၊ သူ့ရဲ့ စာပေဘာသာစကား၊ ယဉ်ကျေးမှုရယ်၊ ဒါတွေကို ထိန်းသိမ်းပြီး အဝါးမျိုခံရမယ့်ဘေးကနေ ကာကွယ်ဖို့ အရေးကြီးတယ်လို့ ခံယူမိပါကြောင်း။

  • bigcat

    March 12, 2011 at 9:06 pm

    Down with china…
    Down with chinese commies…
    Free Tibet…
    Victory of democratic movement in China…

  • captainamerica

    May 9, 2011 at 2:59 pm

    ကိုအာဂကိုထောက်ခံပါတယ်…..ဒါဟလူမျိုးရေးခွဲခြားတာမဟုတ်ပါ မြန်မာတိုင်းရင်းသား(၁၃၅)မျိုးမှာတရုပ်လူမျိုုးပါ ပါတယ်လို.တစ်ခါမှမကြားမိပါဝူး……တရုပ်အခွင့်ရေးတော့လာမပြောနဲ.ဗျ..ကျွန်တော်တို.ဗမာပြည်ဟာတရုပ်ကြီးရဲ့စီးပွားရေးကိုလိုနီနိုင်ငံတကယ်ကိုဖြစ်မှန်းမသိဖြစ်နေပါပြီ ကြုံလို.ပြောပြတာပါ ကျွန်တော်စီးပွားရေးရုံးတစ်ရုံးက civil service တစ်ယောက်ပါ တရုပ်ပြည်ရဲ့စီးပွားရေးကလိန်ခြုံကျမှူတွေကိုကျွန်တော်ကြုံရင် post တင်ပေးပါမယ်………သေချာတာတစ်ခုကတော့တရုပ်ကြွေးဟာကျွန်တော်တို.ဗမာပြည်ရဲ့လည်ပင်းအထိရောက်နေပါပြီ……..အရပ်ထဲကဟာသစကားနဲ့ပြောရရင်နင့်ကိုငါအကြွေးနဲ.သိမ်းလို.ရတယ်ဆိုတဲ့အဆင့်ကိုရောက်ခါနီးနေပြီ..ကင်ဆာရောဂါလိုပဲ စီးပွားရေးကင်ဆာပေါ့ဗျာ မြန်မြန်သာမကုရင်ရောဂါကျွမ်းပြီးဂန်.သာွးနိုင်တဲ့အဆင့်ရောက်သာွးနိုင်တယ်ခင်ဗျ ဗမာလူမျိုးအာလုံးအမျိုးသားရေးသတိရှိနိုင်ကြပါစေ…….အနီးကပ်ရန်သူကိုသတိထားကြဖို.တောင်းဆိုအပ်ပါတယ်………..တချိန်မှာ တကယ်ဖြစ်လာခဲ့ရင်???????

  • လင်းဝေကျော်

    May 10, 2011 at 3:51 am

    တကယ်ကို တရုပ် အန္တရာယ်က အရမ်းကြီးနေပါပြီ။
    ကျောက်ဖြူမှာ တရုပ်မြို့ကြီးတစ်မြို့လာဆောက်ပြီး ကားလမ်း ရထားလမ်းပါ တရုပ်ပြည်နဲ့ဆက်ပါတော့မယ်။
    ထားဝယ်စီမံကိန်းမှာလည်း တရုပ်ကပါတာပါပဲ။ ဆိပ်ကမ်းလုပ်ကိုင်ခွင့်အတွက် တစ်ပိုင်းကို ယူထားလိုက်ပါပြီ။
    ထားဝယ်နားက ရေဖြူအထိလည်း ရထားလမ်းဖောက်ပါဦးမယ်။
    နောက်ဆုံးမှာတော့ တရုပ်ပဲ လုပ်ကိုင်ချယ်လှယ်နေတဲ့ မြန်မာ့ စီးပွားရေး ( တင်ပို့စရာကလည်း တရုပ်ဈေးကွက်သာကြီးကြီးရှိ )၊ လာလုပ်မယ့်သူတွေမှာလည်း တရုပ်စီပွားရေးလုပ်ငန်းကြီးတွေသာရှိ။ ပိုက်ဆံချေးမှာကလည်း တရုပ်အစိုးရသာရှိဖြစ်နေတဲ့အခြေအနေမှာ Sanction သာမရှိရင် နိုင်ငံတကာနဲ့ တရုပ်ကို ပြန်ကာလို့ ရနိုင်တာကို စဉ်းစား ဆွေးနွေးကြစေလိုပါတယ်။

Leave a Reply