စမ်းကြည့်လိုက်ကြရအောင်

myuemyueApril 11, 20111min31716


မိဘဆိုတာ ကိုယ့်သားသမီးလေးတွေကို ကျန်းမာရွှင်လန်းနေတာပဲ အမြဲမြင်ချင်တတ်ကြတာ သဘာဝပါ… ကိုယ့်သားသမီးလေးများ နေထိုင်မကောင်းဖြစ်ရင် စိတ်ပင်ပန်းဆင်းရဲရတာလဲ မိဘတွေပဲပေါ့…

ကလေးတွေမှာ ဖြစ်တတ်တဲ့ သွေးလွန်တုပ်ကွေးရောဂါကိုမှ သယ်ဆောင်ပျံ့ပွားစေတဲ့ ခြင်တွေကတော့ မိဘတွေအတွက် အကြီးစားရန်သူပေါ့… သန့်ရှင်းလှပါတယ်ဆိုတဲ့ ဒီစင်္ကာပူမှာတောင် သွေးလွန်တုပ်ကွေးရောဂါ လုံးဝပပျောက်အောင် တိုက်ဖျက်နိုင်ခြင်း မရှိသေးပါဘူး… အဲဒီတော့ သယ်ဆောင်သူခြင်တွေကို နှိမ်နင်းနိုင်ဖို့ အရေးကြီးပါတယ်…

ခြင်နှိမ်နင်းရေးနဲ့ပါတ်သတ်ပြီး အရမ်းလွယ်ကူတဲ့နည်းလေးတစ်ခု email ကတဆင့် ဖတ်လိုက်ရလို့ ဘာသာပြန်ပြီး မျှဝေပေးချင်ပါတယ်… ခြင်တွေကိုနှိမ်နင်းဖို့က ခြင်ဥတွေကို ပိုးလောက်လန်းဘဝတောင် ရောက်ခွင့်မရအောင် ဖျက်စီးပစ်နိုင်ရင် အကောင်းဆုံးပေါ့… ခြင်ဥတွေက ရေထဲမှာရှိနေတတ်တာမို့လား… ဘုရားပန်းအိုးတို့ စားပွဲတင်ပန်းအိုးတို့ကတော့ ခြင်တွေရဲ့ ဂေဟာပေါ့…

ဒီနည်းလေးက လွယ်သလောက် ငွေကုန်ကြေးကျလည်း သက်သာပါသေးတယ်… စင်္ကာပူပိုက်ဆံ 1 cent coin လေးတွေကို သိကြမှာပေါ့… ကြေးနီ (copper) နဲ့လုပ်ထားတာလေ… အဲဒီ copper coin လေးတွေကို ခြင်မပေါက်ပွားစေချင်တဲ့ ရေထဲမှာထည့်ထားလိုက်ယုံပါပဲ… copper ကထွက်လာတဲ့ ဓါတ်တစ်မျိုးက ခြင်ဥတွေကိုပျက်စီးသွားစေပါတယ်… စင်္ကာပူမှာ နေတာမဟုတ်တဲ့သူတွေအတွက်တော့ အခြား copper coin လေးတွေ ရှာကြည့်ရမှာပေါ့… (ရှာရများခက်မလားပဲ)… ဒီရိုးရှင်းလွယ်ကူတဲ့ နည်းလေးက ဘာဘေးထွက်ဆိုးကျိုးမှလည်း မရှိနိုင်တာမို့ စမ်းကြည့်လိုက်ကြရအောင်လားနော်… ကျွန်မလည်း ပြားစေ့လေးတွေ ပြေးရှာလိုက်ဦးမယ်…. အားလုံးအတွက်လဲ အသုံးဝင်မယ်လို့ ထင်ပါတယ်….

16 comments

  • zawinaing

    April 11, 2011 at 2:59 am

    ခြင်မလာအောင် လို့ ပင်စိမ်း အပင်ကို ပန်းအိုးထဲ မှာရေထည့်ပြီးထားရင် ခြင်ပြေးတယ်လို့ကြားဖူးတယ်……. ခြင်တွေက ပင်စိမ်းနံ့ကို မခံနိုင်ဘူးလို့တော့
    ပြောကြတာပဲ……….

  • moethidasoe

    April 11, 2011 at 3:08 am

    နာဂစ် အပြီးကာလတုန်းက ရန်ကုန် သွေးလွန်တုပ်ကွေး အဖြစ်များတဲ့ မြို့နယ်တွေမှာ abate ဆိုတဲ့ ဆေးလုံးငယ်လေးတွေ ရေကန်ထဲ ထည့်ထားရင် ခြင်ဥတွေ မပေါက်တော့ပဲ ခြင် နှိမ်နင်းရာရောက်တယ် လို့ ဆိုပြီး unicef က ထောက်ပံ့တဲ့အတိုင်း ထည့်ကြလို့ တကယ်ပဲ သွေးလွန်တုပ်ကွေး အဖြစ် နည်းသွားတယ် .. ဒါပေမယ့် နောက်ဆက်ပြီး သုံးတယ် မသုံးဘူး ဆိုတာ မသိရသလို အပြင်က ဘယ်ဆိုင်မှာ ဝယ်လို့ ရတယ် ဆိုတာ မသိကြဘူး .. (ဝဋ် သဘောအရ ပြောမယ် ဆိုရင်တော့ နောင်ဘဝမှာ အမြုံ ဖြစ်သွားမလားပဲ .. )

  • ဆူး

    April 11, 2011 at 7:23 am

    နယ်က အသိ တယောက်တော့ ပြောတယ် သူတို့ ဆီတွေက ရေကန်တွေ ရေအိုးတွေ အစိုးရက လိုက်ကြည့်ပြီး ဒေါင်းငါးတွေ အကောင် ၅ဝ နဲ့ ကန် အနေအထားကို ကြည့်ပြီး ဒီကန်ဆို ၁ဝ ကောင် ၅ကောင် နဲ့ ကန်တိုင်း အတွက် အကောင် အရေအတွက်နဲ့ မဝယ်မနေရ ဝယ်ပြီး ထည့်ခိုင်းတယ်လို့ ပြောပါတယ်။

  • KoNyeinChan

    April 11, 2011 at 8:43 am

    ကြေးအကြွေပြားစေ့နဲ ့တော့ မသိသေးဘူး၊ အမြောက်ကျည်ဆံခွန်ဘုရားအိုးတွေမှာလည်း ခြင်လောင်းတွေ တွေ ့ဘူးတာဘဲ.. ဓါတ်မတူလို ့လား????

    • etone

      April 11, 2011 at 9:16 am

      KoNyeinChan ရဲ့ ကြေးနီပါဆိုမှ
      အမြောက်ကျည်ဆံခွံက ကြေးနီမှ မဟုတ်ပဲ ကြေး သက်သက်ပဲဟာကို ။

  • etone

    April 11, 2011 at 9:18 am

    ကြေးနီကို အရင်က ၂၅ပြားတန် မတ်စေ့လေးတွေမှာ တွေ့ရတတ်တယ်နော် …. အခု လိုချင်လို့ ပြန်ရှာလျှင်တောင် မလွယ်တော့ဘူး ။

  • လင်းဝေကျော်

    April 11, 2011 at 9:43 am

    ကြေးနီရဲ့ spec ကို ပါသေချာပြောပြပါ။
    မဟုတ်ရင်လွဲကုန်မယ်။

    ပြောလိုက်ဦးမယ်။ အဲဒီကြေးနီထည့်ထားတဲ့ရေကို သုံးရင် အရေပြားကင်ဆာဖြစ်တတ်တယ်တဲ့။
    ကဲ… ယုံကြလား

  • ဆူး

    April 11, 2011 at 2:59 pm

    ၂၅ပြားစေ့ အကြွေစေ့ က ရေထဲမှာ ကြာကြာ ထားရင်တော့ မပြောတတ်ဘူး.. ရေစိုနေရင်တောင် ဓါတ်ပြုပြီး အရောင်က အပြာ အစိမ်း တောင် ပြောင်းတယ်။ မဟုတ်လောက်ဘူး ထင်တယ်။

  • nature

    April 11, 2011 at 3:14 pm

    ခြင်ပေါက်တဲ့ရေအိုင်ထဲကို ဒီဇယ် (သို့) ဓါက်ဆီ ၁စက် ၂စက် ထည့်လိုက်ပါ။

    • kai

      April 11, 2011 at 6:30 pm

      အဲဒါကြောင့် .. ရေကန်တွေထဲ.. အကြွေစေ့တွေပစ်ချတဲ့အလေ့အကျင့်ပေါ်လာတယ်ထင်ပါတယ်..။
      ရိုးရာနည်းပေါ့..။ လွယ်တာကိုး..။
      ခြင်ပေါက်တဲ့ရေအိုင်ထဲကို ဒီဇယ် (သို့) ဓါက်ဆီ ၁စက် ၂စက် ထည့်လိုက်ရင်လည်း ဖြစ်မှာပါပဲ..။
      ဒီဇယ်က ..ရေအပေါ်မှာ ဝေ့တက်လာတော့ .. ပိုးလောက်လန်းတွေ အသက်ရှုလို့မရလို့.. အောက်စီဂျင်ပြတ်သေမှာပေါ့..။

      Subject: How to prevent mosquitoes lay eggs, cheapest way of preventing survival of mosquitoes.

      We cannot stop mosquitoes laying eggs at any stagnant water in drains/ponds or water collected in waste pails, tanks, tins, used tyres etc. etc. Of course if you have fish inside the tanks/containers then there should be no problem.

      Do you know that there is a very simple and very economical way to destroy the mosquitoes’ eggs and not let them hatch into larvae. Very very simple, just put in few 1 cent copper coins into the tanks/containers then it will solve all your problems.. Because in accordance to Japanese Research Scientists, they found the mosquitoes eggs will be destroyed by a kind of mineral discharge from the copper.

      DON’T BELIEVE? Try it by yourself and even the small snails also will not visit the containers (with copper coins) collected with stagnant water. You will observe the water collected in the containers will be very clean and clear..

  • nigimi77

    April 11, 2011 at 7:02 pm

    myuemyue ရေ။

    “………….မိဘဆိုတာ ကိုယ့်သားသမီးလေးတွေကို ကျန်းမာရွှင်လန်းနေတာပဲ အမြဲမြင်ချင်တတ်ကြတာ သဘာဝပါ… ကိုယ့်သားသမီးလေးများ နေထိုင်မကောင်းဖြစ်ရင် စိတ်ပင်ပန်းဆင်းရဲရတာလဲ မိဘတွေပဲပေါ့…

    ကလေးတွေမှာ ဖြစ်တတ်တဲ့ သွေးလွန်တုပ်ကွေးရောဂါကိုမှ သယ်ဆောင်ပျံ့ပွားစေတဲ့ ခြင်တွေကတော့ မိဘတွေအတွက် အကြီးစားရန်သူပေါ့…”

    ထင်လို ့လား ??????????????????????

    ခြင်တွေက အဲဒီ မိဘတွေရဲ ့ အကြီးစား ရန်သူတွေလို ့ ?????????????????

    ကိုင်း…ကိုင်း….

    မယုံရင် ပုံပြင်လို ့မှတ်။

    (၁) ခြင်ကိုက် ရင် သူတပါး အသက် သတ်မိမှာ စိုးလို ့ မရိုက်ပဲ လေမှုှတ်ပြီး မောင်းတဲ့သူ။
    (၂) ခြင်ကိုက်ရင် သွေးလှုတယ်လို ့ သဘောထားတဲ့သူ။
    (၃) ပိုးလောက်လန်းတွေ မြင်ရင် သားပေါက်ကလေးတွေဆိုပြီး အိုးသပ်သပ်ထားပြီး အဲဒီထဲကို သွန်တဲ့လူ။
    (၄) ဥပုဒ်စောင့်နေချိန် ခြင်ကိုက်လဲ သီးခံပြီး ရောဂါမွေးတဲ့သူ။

    ဒီတော့ အရင်ဆုံး …ကလေးတွေရဲ ့ ခြင် အန္တရာယ် အတွက် အကြွေစေ့ မရှာခင် အဲဒီလို လူတွေ အတွက်

    အကြွေစေ့ အရင် ရှာတာ ပို အဆင်ပြေမယ်။

  • nature

    April 11, 2011 at 10:11 pm

    ဒီ post ကိုခြင်နှိမ်နှင်းရေး အကြံပေးလို့ခေါင်းစဉ်ပေးသင့်တယ်။ ဒါမှခြင်နှိမ်နှင်းရေးစိတ်ဝင်စားသူတွေအလွယ်တကူသိပြီးအကြံပေးနိုင်မယ်။

  • bigcat

    April 11, 2011 at 11:55 pm

    ယူအက်စ်မှာတော့ တပြားစေ့က ကြေးနီသတ္တုနဲ့လုပ်တာ၊ ပေါမှပေါ။ ဒီနေ့မြန်မာငွေလှဲနှုန်းနဲ့ဆို တဆယ်ကျပ်တောင် မရှိဘူး။ လိုချင်ရင်ပို့ပေးမယ်။
    တပြား = ၁ဝကျပ်
    ပို့ခ = ၁၀ဝ ယူအက်စ်ဒေါ်လာ

    အမြောက်ကျည်ဆံ ဘုရားပန်းအိုးကို အနီရောင်သင်္ဘောဆေးမှုတ်လိုက်ရင် ကြေးနီဖြစ်သွားမယ်။

    • kai

      April 12, 2011 at 8:03 am

      @ nigimi77 – ကူးတို့ခတမတ်စေ့လား..။

      @ bigcat အဲဒါ..မြန်မာပြည်အကြွေရှားတယ်ဆိုတုံးက ..ရေးဖူးတယ်..။
      ယူအက်စ်က အကြွေတွေသာ ယူသုံးလိုက်ရင် ပွဲပြီးပဲ..။ တခြားနိုင်ငံတွေမှာလည်း သွားသုံးလို့ရတယ်..။
      အဲဒါတွေအရေကြိုသုံးရင်လည်း … လူသတ်လက်နက်-အမြောက်ကျည်ဆံနဲ့.. ဘုရားပန်းအိုးလုပ်နေတဲ့.. ရှေ့နောက်မညီ လုပ်ဟန်တွေလည်း လျှော့သွားမယ်..။

      ကော့ပါးက..နီနီ..ဝါဝါ.. ကြေးပါပဲ..။ ရေနဲ့ဓါတ်ပြုရင်..ကော့ပါးအောက်ဆိုက်ဖြစ်မှာပဲ..။
      အဲဒါက.. ပိုးလောက်လန်းတွေကို သေစေတာဖြစ်မယ်..။
      ကြေးသတ္တုနဲ့ ပစ္စည်းတွေ လူသုံးပစ္စည်းတွေ တော်တော်များများ ရှိပါတယ်..။ လူတွေကို ထင်ထင်ရှားရှား ဒုက္ခမပေးလောက်ပါဘူး..။
      ရွှေတိဂုံပေါ်က.. ပုဏ္ဍားတွေလည်း ကြေးရုပ်ထင်တယ်..။ ဗိုက်နာရင် ပုဏ္ဍားဗိုက်ပွတ်ရတယ်ဆိုလားပဲ..။ ကြေးဗိုက်တွေမှ ပြောင်လို့..။ 🙂

  • cobra

    April 12, 2011 at 7:32 am

    ကိုကြောင်ကြီးပြောမှပဲရှင်းတော့တယ်…
    အနီရောင်သုတ်လိုက်တော့ကြေးနီဖြစ်သွားတယ်တဲ့…

  • Yin Nyine Nway

    April 12, 2011 at 10:10 am

    ပြောလည်းတိုးတိုးတိတ်တိ်လုပ်အုန်း ကြေးနီဈေးတက်ကုန်မယ်
    အသုံးဝင်တယ် ..ဆေးဘက်ဝင်တယ်ပြောရင် အားလုံးဈေးတက်ကုန်ရော…

Leave a Reply