ကူညီနိုင်ရင် ကူညီကြပါ သူငယ်ချင်းတို့

Good IdeaApril 19, 20113min26018

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားမှုနဲ့ အမေ့အိမ်ဆိုတဲ့ အခမဲ့ ပညာဒါနကျောင်းလေးကို မေခလမ်း၊ ၁၃ရပ်ကွက်၊ လှိုင်သာယာမြို့နယ်မှာ ဒီနှစ် ဇန်နဝါရီလ လယ်လောက်က ဖွင့်လှစ်ထားပါတယ်။

 

ကျောင်းကတော့ မူလတန်းပညာ အခမဲ့သင်ပေးနေတဲ့ကျောင်းလေးပါ။ လက်ရှိတော့ ကျောင်းသား တရာကျော်ကို အခမဲ့ ပညာသင်ပေးနေပါတယ်။ နွေရာသီကျောင်းပိတ်ရက်မှာ ကလေးတွေကို English Speaking နဲ့ Grammar Course ၊ပန်းချီသင်တန်းတွေ သင်ပေးနေတယ်လို့ သိရပါတယ်။

 

အခုလက်ရှိ ကျောင်းသားတွေ ပိုများလာနေလို့ ကျောင်းဆောင်လည်း တိုးချဲ့နေပါတယ်။ ဒီဧပြီလကုန်ပိုင်းထဲမှာ အဲဒီကျောင်းက ကလေးတွေကို က Computer သင်တန်းနဲ့ စာကြည့်တိုက် ဖွင့်ပေးမယ်လို့ သိရပါတယ်။

 

ဆင်းရဲနွမ်းပါးလို့ Computer IT ပညာရပ်တွေနဲ့ အလှမ်းဝေးနေတဲ့ ကလေးတွေမဖြစ်ရလေအောင်
ကြိုးစားခြင်း ဖြစ်တယ်လို့ စီစဉ်သူတွေက ဆိုပါတယ်။
အဲတော့ Computer သင်တန်းအတွက် သူငယ်ချင်းတို့ဆီမှာ အသုံးမဝင် ၊ ပိုလျှံ ၊ Modern နိမ့်နေတဲ့ Computer အဟောင်းတွေနဲ့ စာကြည့်တိုက်အတွက် စာအုပ်စာတမ်း ၊ ဂျာနယ်၊ ကလေးဖတ် ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်းစသဖြင့် စာအုပ်အဟောင်းတွေကို ကူညီလှုဒါန်းပြီး
ပညာပါရမီ ဖြည့်ပေးကြဖို့ နိူးဆော်လိုက်ပါတယ် ။

 

လိပ်စာက မေခလမ်း၊ ၁၃ ရပ်ကွက်၊ လှိုင်သာယာပါ။ တာဝန်ခံက ကိုငယ်လို့ခေါ်ပါတယ်။ ဖုန်းနံပါတ်က
(09-51 620 60) ဖြစ်ပါတယ် ခင်ဗျာ။

 

အားလုံးကို လေးစားလျှက်…

 

Good Idea

 

18 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 19, 2011 at 4:33 pm

    ကောင်းပါတယ်ဘာညာ
    သာရကာ လာဝင်မဖောကြနဲ ့
    သာဓုတို ့ပါပုတို ့လဲလာဝင်မလုပ်နဲ ့
    လိပ်စာ ဌာန ကို အတိကျသိရပြီ
    ဘာလုပ်သင့်သလဲ လုပ်ကြပါ
    ကိုယ့်ရွာသားတွေအကြောင်းကို ကောင်းကောင်းသိတော့
    ကြိုတင်ပြီး ပြစ်ထားမှရမယ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 19, 2011 at 4:36 pm

    သဂျီး
    ပွိုင့်လှူလို ့မရဘူးလား 🙂 🙂 🙂

    • char too lan

      April 20, 2011 at 1:49 pm

      မရဘူး ယောင်ဝါးလာမလုပ်နဲ့
      ကျနော့်တုန်းက မရဘူးလို့ အဘပုပဲပြောခဲ့တာလေ 😛

  • nigimi77

    April 19, 2011 at 5:17 pm

    အိမ်း….ကွန်ဖြူးရှတ် ဝါဒ။

    သိထားရသလောက် အရှေ ့နဲ ့ ကိုက်ညီတာက အဲဒီ ဝါဒ လို ့ ထင်တယ်။

    ကကြီးတို ့ ဂငယ် တို ့မှာလဲ လူ ့ပတ်ဝန်းကျင်မှာ အဲဒီ ဝါဒက အခြေခံကြီးစိုးတယ် ထင်တယ်။

    အဲဒီ ဝါဒမှာ ပြည်သူ ့နီတိ က ပါဝင်နေတာ။

    ပျက်လက်စ ကျုပ်တို ့ လက်ဟောင်းတွေကတော့ လက်သစ်တွေကို သိုးဆောင်းစာတွေလဲ သင်ရင်း

    အဲဒီ လက်သစ် ၁၀ဝ ကျော် ကို မျိုးဆက်ပြောင်းရင် ကောင်းမလားလို ့။

    ဟောင်းပေမဲ့ ကောင်းနေဆဲ အတွေးအခေါ်တွေ သွပ်သွင်းပေးမှ လွဲမှားမျိုးဆက်က ပြုတ်မယ်။

  • kai

    April 19, 2011 at 9:53 pm

    အဖမြန်မာပြည် ပြင်ပနေသူများအတွက်

    နိုင်ငံတွေအလိုက် ဆိုင်ရာဒေသက မြန်မာလှုပ်ရှားမှုသတင်း အများဖတ်နိုင်အောင် တင်ပေးမဲ့ မြန်မာပြည်ပြင်ပနေသူမင်န်ဘာတွေအတွက် စံနစ်တခုဖြစ်ပါတယ်။
    ဒါကို သတင်းစာမှာလည်း ပုံနှိပ်ဖေါ်ပြကြေငြာလိုက်ပါပြီ။
    ဆိုင်ရာအမေရိကန်ပြည်ထောင်စုရဲ့ပြည်နယ်တွေ၊ထိုမ်ဝမ်၊ ဂျပန်၊ စင်္ကာပူ၊ ထိုင်း၊ တရုတ်ပြည်၊ ဥရောပနိုင်ငံတွေ၊ ဩစတေးလျှစတဲ့.. နိုင်ငံတွေမှာနေတဲ့ မြန်မာတွေ ကိုယ်နေထိုင်ရာဒေသ၊ မြို ့က မြန်မာနဲ့ဆိုင်တဲ့ လှုပ်ရှားမှုတွေ၊ သာရေး၊နာရေးသတင်းတွေ၊ လက်ကမ်းစာစောင်၊ ဓါတ်ပုံတွေကို မန္တလေးဂေဇက်ဝက်ဘ်ဆိုက်မှာ တင်ပေးဖို့ပါ။ သတင်းထူးသိရတာနဲ့ အချိန်နဲ့တပြေးညီတင်ပေးကြစေလိုတာပါ။ အဲဒီတင်တဲ့စာတပုဒ်သတင်းတခုအတွက် မန္တလေးဂေဇက်သတင်းစာမှာ ပုံနှိပ်ဖေါ်ပြဖို့ ရွေးချယ်ခဲ့ရင် သတင်းစာမူခ ၅ဒေါ်လာပေးပါမယ်။
    အဲဒီငွေကြေးဟာ ပမာဏမများပေမဲ့ သတင်းစာအနေနဲ့ တလကိုသတင်း ၂၀+ပုဒ်လောက်အထိ ဝယ်သွားဖို့ ရည်ရွယ်ထားပါတယ်။
    ဒီငွေတွေကို ဝက်ဘ်ဆိုက်မှာပဲ ရံပုံငွေတခုအဖြစ် စုထားပါမယ်။ ရွေးချယ်တာနဲ့ စုဆောင်းရထားငွေကို အစဉ်အမြဲထုတ်ပြန်ပေးနေပါ့မယ်။တကမ္ဘာလုံးရောက်နေတဲ့ မြန်မာများအတွက် ရည်ရွယ်တာဖြစ်တာမို့ ပုံနှိပ်သတင်းစာအတွက်လည်း သတင်းတွေရမယ်။ ငွေပမာဏာတခုလည်း စုဆောင်းထားနိုင်မယ်ဖြစ်ပါတယ်။ တလ ၂ဝပုဒ်ရွေးရင်ကို ၁၀ဝဒေါ်လာနှုန်းနဲ့ လစဉ်ပုံမှန်ဝင်ငွေဖြစ်လာမှာဖြစ်ပါတယ်။ ဒီရံပုံငွေကို တနှစ်တနှစ် စုဆောင်းပြီး ယူအက်စ်မှာလုပ်တဲ့ပြည်သူ့ဂုဏ်ရည်ကို တန်းပေးလိုက်ရင်ပဲဖြစ်ဖြစ်။ ပြည်တွင်းက ငွေကြေးအဆင်မပြေတဲ့ စာထူးချွန်တဲ့ ကလေးတွေကို ဆုချရင်ပဲဖြစ်ဖြစ်။ နာဂစ်၊ဂီရိလိုမုန်တိုင်းခံ ဒုက္ခသည်တွေကို လှူတာပဲဖြစ်ဖြစ်၊ နာရေးကူညီမှုအသင်းကို ပြန်လှူတာပဲဖြစ်ဖြစ် ၊ ဆေးရုံဆေးခန်း ဆေးလိုတဲ့လုနာတွေ လှူတာဖြစ်ဖြစ် တနှစ်တခါ မြန်မာပြည်တွင်းက (ဘာသာရေးနဲ့မသက်ဆိုင်တဲ့ )အသင်းအဖွဲ ့(သို့)နေရာတနေရာ ဒါမှမဟုတ် ပညာတော်သင်ဆု..ဒါမှမဟုတ်..တခုခု…ကို (အများဆန္ဒကောက်ခံပြီး) အားလုံးကိုယ်စား ငွေသားအနေနဲ့ လှူဒါန်းပေးမှာဖြစ်ပါတယ်။
    အဲဒီရွေးချယ်မှုကိုလည်း စာဖတ်သူတွေအားလုံးက အများဆန္ဒနဲ့ မဲပေးရွေးချယ်တဲ့ နေရာကိုပဲ ပို့ပေးဖို့ဖြစ်ပါတယ်။သတင်းပေးပို ့သူများက မြန်မာအသိုင်းအဝိုင်း တိုက်ရိုက်အကျိုးကျေးဇူးရှိမဲ့နေရာတွေလှူတန်းသူ အလှူရှင်တွေဖြစ်လာမှာဖြစ်ပြီး သတင်းစာအနေနဲ့လည်း များစွာအဆင်ပြေမှာဖြစ်လို့ပါ။ စာဖတ်သူ မြန်မာတို့တတွေလည်း ကမ္ဘာအရပ်ရပ်က မြန်မာတို့ရဲ့ သတင်းစုံစုံ သိကြရမှာဖြစ်ပါတယ်။
    CNN iReport ကြားဖူးကြမှာပါ။ အဲဒါမျိုး ပုံစံတူလည်း မန္တလေးဂေဇက်မှာ လုပ်ပါမယ်။ ကမ္ဘာအရပ်ရပ်က မြန်မာတွေ ထူးခြားတာလေးတွေ့ရင် ဓါတ်ပုံလေးရိုက်။ အက်ဆေးတိုလေးရေးပြီး တင်ပေးကြဖို့ပါ။ တင်တဲ့သူတွေဟာ CNN iReport လုပ်နည်းဟန်တွေအတု်င်းပဲ
    (၁) ကိုယ်ပိုင်ဖြစ်ရမယ်။
    (၂) အမှန်အကန်ဖြစ်ရမယ်။
    (၃) မဟောင်းပဲ ကောင်းတဲ့သတင်းဓါတ်ပုံဖြစ်ရမယ်။
    ဆိုတာလေးလိုက်နာပေးဖို့ပါ။ အဲဒီလို ပုံတွေကို သတင်းစာမှာ ဖေါ်ပြဖို့ရွေးရင်လည်း တပုံကို ၅ဒေါ်လာ ချီးမြင့်ပေးမှာဖြစ်ပြီး ..အဲဒီငွေတွေကိုလည်း အပေါ်က ရံပုံငွေထဲ စုထည့်ပေးပါမယ်။
    လှူဒါန်းပေးပို ့မှုတွေမှာ အလှူရှင်တွေအမည်နာမတွေနဲ့ ထုတ်ပြန်လှူဒါန်းပေးမှာဖြစ်ပါတယ်။
    ========================================================
    ဆိုတော့..
    ကိုရင်အောင်ပု… ထိုင်းက မြန်မာတွေသင်္ကြန်သတင်းဓါတ်ပုံ၂ခုကို.. အချက်အလက်နဲ့.. တိုတိုပဲပို ့ပေးပါခင်ဗျ..
    ၁) Stage ပုံပါရမယ်..။ လာတဲ့လူ(ပရိသတ်)တွေပုံပါရမယ်..။
    ၂) ဦးစီးလုပ်တဲ့ အသင်းအဖွဲ ့အမည်၊ လာတဲ့လူခန့်မှန်းအရေအတွက်..။ နေ့ရက်၊ အချိန်၊ အကြွေးအမွေး၊ အလှူရှင်။

    ကိုရီးယားက .. တညင်သားလည်း.. အဲဒီလိုပို ့ပေးပါ…။
    ကျန်တဲ့ နိုင်ငံတွေက ရွာသားတွေလည်း.. ဆိုင်ရာသင်္ကြန်ပွဲသတင်းတွေပို ့ပေးပါ..။
    အဲဒီငွေကို .. အလှူအတွက် မတည်ငွေအဖြစ်ထားပါမယ်..။

    • bigcat

      April 20, 2011 at 2:14 am

      အဖနိုင်ငံဆိုတဲ့ အသုံးအနှုန်းကို အာဏာရှင်နိုင်ငံတွေမှာ သုံးတာများတာမို့ အမိမြန်မာနိုင်ငံလို့ ပြောင်းသင့်ပါသည် သဂျီးမင်း။ မပြောင်းရင်း ဖိုကြီးဝါဒကိုင်စွဲသူ အိုးလ်ဒ်မော်ဒယ် သဂျီးကို ဝိုင်းတီးကြပါ ရွာသူအပေါင်းတို့…..

      • eros

        April 20, 2011 at 3:05 am

        သူကြီးက ဥရောပဆန်နေတာ။ ဥရောပဘာသာစကားမှာ နိုင်ငံကို ဖို အဖနဲ့ တင်စားပြောတာ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 20, 2011 at 2:53 am

    စတိတ်ပုံတွေတော့ရှိဘူး
    မိရိုးဖလာ ဖဲရိုက်တဲ့ပုံတွေတော့ရှိတယ်
    လိုခြင်ရင်တင်ပေးမယ်

  • etone

    April 20, 2011 at 5:23 am

    လှူတော့ လှူချင်ပါရဲ့ … လှိုင်သာယာဆိုတော့ … လိပ်စာရှာရလွယ်ပါတယ် …ဒါပေမဲ့ … အဲ့ဒီလမ်းက ခွေးပေါလားဟင် ။ ကျမက ခွေးကိုက်မှာ သိပ်ကြောက်တာ ရှင့် ။

  • sayargyi

    April 20, 2011 at 9:12 am

    ခွေး မကိုက်အောင်လို့ ဖုံးနဲ့ ဆက်သွယ်ပြီး တခြားတနေရာမှာ တိုးတိုးတိတ်တိတ် လူလိုက်ပေါ့..

  • char too lan

    April 20, 2011 at 1:56 pm

    လစာထုတ်ရင် အိမ်ကစာအုပ်တွေနဲ့ စာရေးကိရိယာနဲနဲပါးပါး သွားလှူလိုက်ပါမယ် လိုက်မယ့်သူများ စိတ်ဝင်စားသူများ သားသားကိုဆက်သွယ်ပေါ့ဂျာ 🙂

  • padonmar

    April 20, 2011 at 2:33 pm

    အရင်တစ်ခါ post တုံးက လိပ်စာမပါဘူး၊
    စိတ်ဝင်စားပါတယ်၊မကြာခင် သွားဖြစ်လှူဖြစ်အောင်ကြိုးစားပါမယ်၊

  • ချစ်စ/ဆ ရာ

    April 20, 2011 at 6:59 pm

    ဟုတ်ပါတယ်ဗျာ
    တတ်နိုင်သူတွေရဲ ့သားသမီးတွေကတော့
    တတ်နိုင်တဲ့အလျှောက် သူတို ့ဘာသာ သီးချားကျောင်းတွေတက်နိုင်ကြပေမဲ့
    မတတ်နိုင်သူတွေမှာတော့
    တော်တော်ခက်ခဲပါတယ်
    ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အတွက် စောင့်ကြည့်ခံရမှာကလည်း
    သံသယဖြစ်စရာလိုမယ်မထင်ပါဘူး
    ကျွန်တော်တို ့ဂေဇက်မန်ဘာများအနေနဲ ့ဒီလိုကိစ္စမျိုးကို
    တတ်နိုင်သလောက် သတင်းဖြန် ့ဝေပြီး
    တစ်ဦးချင်းဖြစ်စေ အစုအဖွဲ ့လိုက်ဖြစ်စေ
    တတ်အားသလောက်ပါဝင် သင့်ပါတယ်လို ့တိုင်တွန်းပါတယ်ခင်ဗျ
    ဖြစ်နိုင်မယ်ဆိုရင် ဒီထက်သေချာတိကျတဲ့
    ဖွဲ ့စည်းပုံ ရည်ရွယ်ချက် အချက်အလက်တွေကို စုစည်းတင်ပြပေးနိုင်ရင်ပိုပြီး
    သင့်တော်မယ်လည်းထင်မိပါတယ်ခင်ဗျ
    မှတ်ချက်။ ။ ဝင်ဖောလ်ချင်းလုံးဝမဟုတ်ပါ
    ဒါနဲ ့လေးခိုင်ခင်ဗျား
    ဟို
    ဘဒ္ဒ န္တနာမည်ခံထားတဲ့
    မိုက်ကယ်ဂျော်နီအောင်ပု ဆိုတဲ့ အရက်သမားက
    ဂျာမဏီမှာနေတယ်ဆိုတာကို ဘယ့်နှယ်ကြောင့်
    ထိုင်းက သင်္ကြန်ဓာတ်ပုံတွေတောင်းရတာလဲခင်ဗျ
    မဲဆောက်အမှိုက်ပုံဘေးမှာနေတဲ့မြန်မာပြည်သားတွေရဲ ့တဲအိမ်ကလေးတွေရှိတဲ့
    လမ်းအဝင်မှာတော့ ဂျာမဏီဆိုပြီး ရေးထားတာ
    ကျွန်တော်တွေ ့ခဲ့ဘူးပါတယ်ခင်ဗျ

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 20, 2011 at 7:25 pm

    အာရှတိုက်သားတွေ
    တော်တော်မိုက်ရိုင်းတာဘဲ
    စတန်းတက်မရှိဘူး
    ဒါကြောင့် ဖင်ထဲဗွက်ဝင်အောင်လယ်ထွန်စားနေရတာ
    မင်းတို ့အာရှတိုက်က သစ်တောတွေ
    ရွာဆယ်ရွာလောက်ခုတ်ပြီးရောင်းမှ
    ဒို ့ဂျာမဏီက ရေငုတ်သင်္ဘောအစုတ်တစ်စီးရမှာ

  • juttue.gyi

    April 21, 2011 at 10:46 am

    အဲဒီလိုတော့ မပြောသင့်ပါဘူး အဘအောင်ပုရာ

  • nayzaw

    April 21, 2011 at 12:10 pm

    ကောင်ပါတယ်လို့လဲပြောမရတော့ဘယ်လိုပြောရမလဲ
    လုပ်သင့်တာလေးတွေသွားလုပ်ပါမယ်ဗျာ

  • maungmoenyo

    April 22, 2011 at 3:01 am

    ကောင်းပဗျာ..။ ပညာ အလှူ နဲ့ မသာအလှူ က တကယ်တိုက်ရိုက်အကျိုးပြုတာနော။

  • လင်းဝေကျော်

    April 22, 2011 at 3:13 am

    ဂရိုင်ဒီယားရေ….. ပုံတွေပါတင်ထားတော့ ခင်ဗျားက ကိုအလန လား။ ကိုယိုကြီးလေ။

Leave a Reply