ရောင်းကုန် မဟုတ်ပါ
ဒီပို့စ်က ကျွန်တော် စပြီး ရေးတဲ့ ပို့စ်တစ်ပုဒ် ဖြစ်ပါတယ်။ အရင်က ရေးထားတဲ့ ပို့စ်တွေတော့ ကွန်ပျူတာထဲမှာ ယူနီကုဒ်နဲ့ ရေးထားလို့ မတင်ဖြစ်တော့ပါဘူး။ ခုအချိန်က စိတ်လိုလက်ရ ရှိလို့ ရေးလိုက်တာပါ။
ခုတလော ဂျာနယ်တော်တော်များများ ဖတ်မိလိုက်တိုင်း ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးထားတဲ့ စာမူတွေကို တော်တော်များများ တွေ့နေရပါတယ်။ ပြီးတော့လည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပက်သက်တဲ့ စာအုပ်တွေလို အပြိုင်အဆိုင်လိုလို ထွက်နေတာကို တွေ့မိနေရပါတယ်။ ဒီ“ဟာတွေကို မြင်တိုင်း စိတ်မကောင်း ဖြစ်မိတယ်။ ဘာကြောင့်လဲဆိုတာကို ပြောရရင်တော့ ဖတ်မိခဲ့တဲ့ ဂျာနယ်ထဲက စာမူတစ်ခုအကြောင်းကို ပြောပြချင်ပါတယ်။ “ဗိုလ်ချုပ်အောင်ဆန်းက ရောင်းကုန်မဟုတ်ပါ” ဆိုတဲ့ စကားလေးပါ။ ပြီးခဲ့တဲ့ နှစ်တုန်းက ဗိုလ်ချုပ်နဲ့ ပက်သက်တဲ့ စာမူတွေ ဂျာနယ်တွေမှာ မတွေ့ရပါဘူး။ သတင်းစာ လွတ်လပ်ခွင့်ကြောင့်မို့လို့ပါ။ ဒါပေမယ့် ခုနောက်ပိုင်း သတင်းစာ လွတ်လပ်ခွင့်ကို အရင်ကလောင် မတင်းကျပ်တော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပက်သက်တဲ့ သတင်းတွေ ပလူပျံအောင် ထည့်သွင်း ရေးသားလာကြပါတယ်။
ခုနောက်ပိုင်း လူတော်တော်များများ ဗိုလ်ချုပ်အောင်ဆန်းဆိုတာကို အဓိကထား ပြောလာကြပါတယ်။ ပြောရရင်တော့ လူထုက စိတ်ဝင်းစားလာကြပါတယ်။ လူထုက စိတ်ဝင်စားလာတော့ သတင်းစာသမားတွေ မျက်စိကျလာတယ်။ သတင်းစာချင်း အပြိုင်အဆိုင်ဆိုသလို ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပက်သက်တဲ့ စာမူတွေ ထည့်လာကြတယ်။ သူတို့က ဗိုလ်ချုပ်အောင်ဆန်းကို ရောင်းကုန်တစ်ခုလို့ သဘောထားလာကြတယ်။ ဒီအချက်က မကောင်းဘူးလို့ ထင်ပါတယ်။ နာမည်ကျော် မင်းသား၊ မင်းသမီးတွေကို အဲဒီလို လုပ်လို့ ကောင်းပေမယ့် ဒါက မလုပ်သင့်ပါဘူး။
သတင်းစာဆိုတာက လူထု စိတ်ဝင်စားနေတာကို လိုက်ပြီး ရေစီးမလိုက်သင့်ပါဘူး။ လူထုကို စိတ်ဝင်စားအောင် လုပ်ပေးဖို့ပါ။ လူထုအတွက် အကျိုးရှိအောင် ဘာလုပ်ပေးမလဲ။ တိုးတက်နေတဲ့ ခေတ်နဲ့အညီ သတင်းအချက်အလက်တွေ ပေးမလား။ လူထုကို အသိပညာရအောင် ဘယ်လို ပေးမလဲ။ စသဖြင့်ပေါ့လေ။
လူဖြစ်နေရင်တော့ လူပီသဖို့ လိုအပ်ပါတယ်။ ငါးပွက်ရာ ငါးစာလိုက်ချနေရင်တော့…
6 comments
koyinmaung
August 27, 2011 at 5:45 am
ရေးပါစေဗိုလ်ချုပ်အကြောင်းပိုသိရတာပေါ့..ဒို့အရေးသုံးပါးလိုတန်ဘိုးမရှိတဲ့စာနဲ့စာယင်
ဗိုလ်ချုပ်အကြောင်းမကောင်းမှမရှိဘဲ ရေးကြစမ်းပါစေအားပေးတယ်….
မီးမီး သော်
August 27, 2011 at 10:52 am
ကိုရင်မောင်ပြောတာလဲဟုတ်တာပေါ့။ဟိုးတနေ ့က သမ္မတ အိမ်တော်မှာ အမေစုနဲ ့တွေ ့တော့ ဗိုလ်ချုုပ်ပုံတွေ ့ရတယ်နော်။ဘာရည်ရွယ်ချက်နဲ ့ချိတ်ထားတာမသိပေမယ့်—နည်းနည်းတော့အံ့ဩမိပါတယ်
thandar
August 27, 2011 at 11:18 am
ဟုတ်ပ…အခုနောက်ပိုင်းလဲ ကားမှတ်တိုင်တွေမှာ ဗိုလ်ချုပ်စာအုပ်လိုက်ရောင်းနေတာတွေလဲ ကြည့်မကောင်းပါဘူးနော်..
syatds
August 27, 2011 at 12:35 pm
ခုခေတ်လူငယ်တွေက ဗိုလ်ချုပ်ကို သိပေမယ့် ဗိုလ်ချုပ်ဘာတွေလုပ်ခဲ့တယ်။
နိုင်ငံကိုဘယ်လိုအကျိုးပြုခဲ့တယ်ဆိုတာတော့ သိပ်မသိကြတော့ပါဘူး။
ဒါကြောင့်ဗိုလ်ချုပ်နဲ ့သက်ဆိုင်တဲ့ စာအုပ်တွေ အလွယ်တကူဝယ်ဖတ်နိုင်တာ
ကောင်းတယ်လို ့မြင်တာပဲ။
မီးမီး သော်
August 27, 2011 at 5:20 pm
အခုလိုအလွယ် တကူဝယ်ဖတ်လို ့ရနိုင်တာကိုကြိ ုဆိုပါတယ်။ဒါပေမယ့်အကြီးဖြစ်တဲ့ကျွန်မတို ့ကရော အသိသညာတွေကိုလက်ဆင့်ကမ်း ဝေမပေးသင့်ဘူးလား။ကျွန်မတို ့အထက်တန်းတုန်းက စကားပြေ ဆိုရင် ဗိုလ်ချုပ်ရဲ ့ဆောင်းပါး ဖြစ်တဲ့ ပြည်သူ ့ညီလာခံပါသေးတယ်။ခုဆိုအားလုံးဖြ ုတ်ပစ်တော့ စိတ်မကောင်းစရာပါနော်
blackchaw
August 27, 2011 at 5:20 pm
ကောင်းတဲ့ဘက်ကကြည့်တော့လည်း ဗိုလ်ချုပ် ကို လူတွေစိတ်ဝင်စားတာ ဝမ်းသာစရာပါ။ ရောင်းစားတယ်ဆိုဦးတော့ ဗိုလ်ချုပ်အကြောင်းကို ဝယ်ဖတ်တယ်ဆိုကတည်းက အဲဒီလူရဲ့စိတ်ထဲမှာ ဗိုလ်ချုပ်ကိုချစ်တဲ့စိတ်၊ လေးစားတဲ့စိတ် ရှိနေတာ သိသာပါတယ်။ ရောင်းစားတဲ့လူတွေကို ခွင့်လွှတ်ပေးလိုက်ကြပါဗျာ။