Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျွန်တော့ ..ကျေးဇူးရှင်..။။။

ကျွန်တော့ ..ကျေးဇူးရှင်..။။။
လက်တစ်ဖက်က ပလပ်စတစ် ကိုင်းပါတဲ့ အိတ်အဖြူကြီးတစ်လုံးလက်မှာဆွဲလို့  အဲဒီအိတ်ကြီးကလဲ ကိုင်းတစ်ဖတ်
ပြတ်နေသေး အဲဒီကိုင်းပြတ်နေတဲ့ အိတ်ကြီးထဲကို လေ့လာကြည့်မယ်ဆိုရင်တော့ ကုမ္ပဏီ တစ်ခုရဲ့ မှတ်ပုံတင်လက်မှတ်
တွေ ကိုစုထည့်ထားတာလေ ဆလင်းဘက်အိတ် တစ်လုံးလဲလွယ်ထားသေးတယ် ဆလင်းဘက် ပန်းရောင်က မိုးမိပြီးဖားဥ
မည်းမည်းတွေစွဲလို့  ပန်းရောင်မပေါက်ပဲ အနက်နုရောင် ပေါက်နေပြီ မျက်မှန်ပုံမကျပန်းမကျ တစ်လက်တပ်လျှက်
မျက်စိတစ်လုံးကလဲ မသိမသာစောင်းနေပါသေးတယ်  မိန်းခလေးတိုင်းနီးပါး ယခင်ကဝတ်တဲ့ အများအခေါ် “ကိုစီ”
ပန်းထိုးအနွေးထည် အညိုရောင်ကြီးဝတ်လို့ လူပုံဟန်ကပိန်ပိန် ဆံပင်က မသပ်မရပ် ထမီစွန်တောင်စွဲနဲ့ ရုတ်တရက်
ကြည့်မိရင် အနည်းငယ်ဂေါက်နေဟန်တူပါတယ် သူ့အနားကိုတော့ မကပ်လိုက်ပါနဲ့နော် ချွေးနံနဲ့ကြောင်သေးနံနှစ်ခု
ပေါင်းဟာ သင့် နှာခေါင်းဝကိုဒုက္ခပေးကြပါလိမ်မယ်…။။။
ကျွန်တော် အဲဒီမိန်းမကြီးကိုရှောင်တယ် သူလာရင်တစ်ခါတစ်ရံပုန်းနေတယ် တစ်ခါတစ်လေတော့လဲ တစ်ခြားအလုပ်
တွေရှိလို့ဆိုပြီးငြင်းလွှတ်လိုက်တယ်  တစ်ခါတစ်လေတော့ သူငယ်ချင်းတွေနဲ့လွဲလိုက်တယ် မတတ်သာလွန်းအား
ကြီးကာမှ အားနာနာနဲ့လိုက်လုပ်ပေးတာ ဒီမိန်းမကြီးကလဲ တစ်မျိုးဗျ သူဘယ်လောက်အရေးကြီးနေပါစေ ကျွန်တော်
ကိုပဲထိုင်စောင့်တတ်တာပဲ သူလုပ်ငန်းတွေအားလုံးကို ကျွန်တော်လုပ်ပေးမှစိတ်ချတယ်လေ ကျွန်တော်သူ့ကိုရှောင်ရတဲ့
အကြောင်းရှိတယ်ဗျ ကျုပ်တို့ လုပ်ငန်းက ပြင်ပ အေးဂျင့်လုပ်ငန်း  အလုပ်တစ်ခုအပ်တယ်ဆိုရင် လုပ်ငန်းခွင် ကုန်ကျ
စရိတ်နဲ့ ကိုယ့်ရဲ့ ဝန်ဆောင်ခ ဆားဗစ်ကြေး ယူပြီးလုပ်ပေးနေတာလေ လွန်ခဲ့တဲ့ ဆယ့်နှစ်ကျော်ကျော်က ကျွန်တော်ရဲ့
တစ်ရက်ဝင်ငွေဟာ တစ်သောင်းကျော်မှာရှိပါတယ် အဲဒီအချိန်က အနိမ့်ဆုံးအစိုးရဝန်ထမ်းလစာဟာ တစ်လကို သုံး
ထောင်လောက်ပဲရတာလေ ဒီမိန်းမကြီးအလုပ်လာအပ်ပြီဆို သူ့အလုပ်တစ်နေကုန်လိုက်လုပ်ပေးတာတောင် သုံးထောင်
တောင် မပေးချင်ဘူးလေ အဲဒီတော့ ကိုယ့်ဝင်ငွေတော့အပျက်မခံနိုင်ဘူး  သူ့ကိုငြင်းလွတ် ရှောင်နေ တစ်ခြားအကြောင်း
ပြပြီး မလုပ်ပေးပဲနေခဲတာပဲ ….။။။
ဒီမိန်းမကြီးက အလကားလူတော့မဟုတ်ဘူးနော် သူဟာကုမ္ပဏီတစ်ခုရဲ့ မန်နေဂျာတစ်ယောက်ပါ တစ်ကယ်အဖြစ်လေး
ဖြစ်တဲ့အတွက် နာမည်တော့ ထည့်မရေး တော့ပါ သူ့အနေနဲ့ ကုမ္ပဏီတစ်ခု မှာဩဇာရှိပေမယ်  လုပ်ငန်းပိုင်းအရ ဘယ်လို
တွေ အုပ်ချုပ်လုပ်ကိုင် နေတယ်မသိပါ သူကိုယ်တိုင် အသက်ကြီးကာမှ သူများအောက်ကျို့ ပြီးအလုပ်အပ်နေရရှာတာပါပဲ
သူ့အနေအထားနဲ့ ဝန်ထမ်းတစ်ယောက်ကို ရွေးချယ် ခန့်ထားနိုင်ပေမယ့်  ဘယ်လိုအကြောင်းရယ်မသိ ကိုယ်တိုင် မြို့ထဲ
မှာ ယောင်လယ်လယ် အေးဂျင့် အရှာထွက်နေလေရဲ့ သူကိုလဲဘယ်သူမှ လုပ်မပေးချင် ဗစီဗဆာ များတဲ့ အပြင်ဂွတီးဂွကျနိုင်
တာရယ် ကြောင်သေးနံ နံတာရယ် ပိုက်ဆံ တောင်းသလောက်မရတာရယ်ကလွဲရင် အကုန်ကောင်းတယ်လို့ ပြောရမှာပဲလေ
ဒါပေမယ့် ကြာလာတော့လဲ……..။။
ကျုပ်တို့ရုံးခန်းရှေက လက်ဖက်ရည်ဆိုင်ကို ဒီမိန်းမကြီးရောက်လာလေတိုင်း ပုန်းနေရတဲ့ဒုက္ခ ကိုနေ့တိုင်းရင်မဆိုင်ချင်တော့
ဘူး ကိုယ့်အလုပ်ကို ကောင်းကောင်းလုပ်ရတယ် မရှိဘူး သူပဲပတ်ပုန်းနေရတယ် ဒီလိုနဲ့နောက်ပိုင်းသိပ်မရှောင်ဖြစ်တော့ဘူး
သူ့ရှောင်နေရင်ကိုယ်လည်းအလုပ်မဖြစ်ဘူးလေ  သူငယ်ချင်းတွေကတော့ပြောကြပါတယ် သူရောက်လာတာမြင်တိုင်း
“မင်းအမေ ရေမွှေးသယ်ကြီးလာပြီ”လို့ စကြတယ် သူ့ကိုယ်က ကြောင်သေးနံက တစ်ထောင်းထောင်းထွက်နေတာကိုဗျ
ဒီလိုနဲ့ တစ်နေ့ ကျွန်တော် လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း သူရောက်လာတယ် ….
“မောင်လေးရယ် လုပ်ပါအုံး ဒီနေ့ လဲ ကွန်တိမ်နာနှစ်လုံးရောက်နေပြန်ပြီ ”
အားနာနာနဲ့ပြောလိုက်တဲ ဒီအန်တီရဲ့ အသံ
“ ကျွန်တော်ဒီနေ့တော့ အားမယ် မထင်ဘူး အန်တီ”
အားမနာတမ်း ငြင်းဘို့ ကျိုးစားလိုက်တဲ့ကျွန်တော်အသံ
“လုပ်ပါကွယ် ဒီအော်ဒါအတွက် ကအရေးကြီးနေလို့ပါ”
တောင်းပန် သံ
“စာရွက် စာတမ်းပါလားပြပါအုံး”
အာနာနာနဲ့မကြည့်ချင်ကြည့်ချင် ပြောလိုက်တဲ့ အသံ
သူစာရွက်စာတမ်းတွေ ထုတ်ပြတာကြည့်ပြီး
““ပစ္စည်းကရောက်နေပြီမှတ်လား Release ရယ် D/o ရယ် I.B.R တွေအတွက်ကျွန်တော်လုပ်ထားပေးမယ် Letter Head
ငါးရွက်နဲ့ပိုက်ဆံငါးထောင် ပေးထားခဲ့ မနက်ဖန် customs file ဝင်နိုင်အောင်လုပ်ထားပေးမယ် အေးဂျင့် ကတော့
အန်တီဖာသာ ပိုက်ဆံ အကြောင်းပြောပါနော် ကျန်တာတွေ ကျွန်တော်လုပ်ထားပေးမယ်””
““ကျေးဇူးတင်ပါတယ်ကွယ် အခုလိုကူညီတာ”
““ဟုတ်ကဲ့ အောက်ပိုင်း(exam) ပိုင်းကျမှ ကားငှားတာတို့ စစ်တာတို့လုပ်ပေးမယ် စိတ်ချနေ မနက်သာလာခဲ့ပါ””
““မင်း…ဘယ်မှလျှောက်မသွားနေပါနဲ့ကွယ် မနက်ဖန်သဘက် ဒီကွန်တိန်နာလေးထုတ်လိုက်ချင်လို့ ပါ””
““စိတ်ချပါ အန်တီ ကျွန်တော်ကိုမတွေ့ရင် ဒီရုံးခန်းကလူဖြစ်ဖြစ် အနီးနားကလူဖြစ်ဖြစ် မေးလိုက်ပါနော်””
(ဆက်ပါအုံးမည်)ရေးချိန်မရအောင် ရှုပ်နေတဲ့အလုပ်များကြောင့် သီးခံကြပါရန်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

10 comments

  • windtalker

    October 27, 2011 at 7:34 pm

    ဟိုက ခင်ခင်မင်မင် နဲ ့“မောင်လေး” လို ့ခေါ်တာကို ပြန်ခေါ်တာကြီးက “အန်တီ” တဲ့…။ ဟီဟိ
    တစ်မျိုးတစ်ဖုံ တွေးမိတာက ၊ ပေစုတ်စုတ်ကြောင်သေး မဟုတ်ဘဲ ၊ ဂျနီဖာလိုပက် လိုမျိုးဆိုရင် “ ညီမလေး ” လို ့များ ခေါ်လေမလား လို ့ ။
    :olo:

  • ပေါက်ဖော်

    October 27, 2011 at 8:02 pm

    မောင်ကလေး.
    မနက်ဖြန်တော့ဆက်ဆက် နော်
    အန်တီ့ကို အပျော်မကြံရဘူးနော်….
    ဒီတစ်ခါလာရင် ကြောင်သေး အပြင် ခွေးချေးရေမွှေးလေးပါ ဆွတ်ခဲ့မှာပါ..ဘာမှပူနဲ ့..
    မောင်ရေးနော်..အန်တီလာရင် ပတ်ပုန်းဖို ့ကြိုးစားနဲ ့နော်..တ်ချမယ်…ဒါဗျဲ…
    😆

  • fatty

    October 27, 2011 at 8:02 pm

    ကို ဘီလူးကြီးလဲ ကလီးရားရင့်စ်လုပ်ခဲ့တာကိုး …..။
    အခုဆိုပိုမကောင်းပေဘူးလား …။

  • Koyin Sithu

    October 27, 2011 at 9:01 pm

    မောင်ကလေးက ဖတ်ကောင်းတုန်းမှ..
    အန်တီကို … တန်လန်းကြီးထွားသွားတယ်..
    တွား.. လူဆိုး… အလုပ်များတယ်ပဲ အမြဲအကြောင်းပြတယ်… 😛

  • etone

    October 28, 2011 at 9:33 am

    မောင်လေးခေါ်တာကို … ပြန်ခေါ်ပါလား မမတွေဘာတွေ … အထူပါးကို နားမလည်ဘူး :mrgreen: ဟီးဟီး … ။
    ဒုတိယပိုင်းကို ဆက်ပါဦးဗျို့ .. ဘယ်လို နှစ်ပါးသွားလဲ သိချင်နေပါပြီ 😛

  • nikita

    October 28, 2011 at 10:20 am

    အဟင့်
    ဖတ်နေတုန်း တန်းလန်းကြီးထားသွားတယ် 🙁

  • pan pan

    October 28, 2011 at 10:22 am

    အင်းလေ
    ဟိုကမောင်လေးလို့ခေါ်နေမှပဲ
    ဘယ့်နှယ်အန်တီဖြစ်သွားတာတုန်း
    ဟိုမမခမျာ ဖီးလ်အောက်စရာကြီး 😛

  • “ဘီလူးကြီး”ogre

    October 28, 2011 at 10:32 am

    မလုပ်နဲ့ဗျ
    ကျုပ်ကသူ့ကြည့်ပြီးလန့်နေတာလေ 🙁
    သူကသာမောင်လေးခေါ်တာ ကျုပ် ကတော့ အန်တီလို့ပဲ ပြန်တွယ်လိုက်ရတယ်
    အခုတော့ ဒီအန်တီမြန်မာပြည်မှာမရှိတော့ပါဘူး ဩစတီယား သွားနေကြပြီဗျ 🙂

  • nozomi

    October 28, 2011 at 10:43 am

    ဒါပေါ့ ကိုဘီလူးကြီးရဲ့ ဩစီ ဆိုတာ ဒီလို လူမျိုးတွေကိုပဲ ရွေးလက်ခံတာလေ 🙂

  • နွယ်ပင်

    October 28, 2011 at 10:47 am

    ကိုဘီလူးကြီးလည်း ကိုရီးယားဆန်လာပြီနော် … 🙂
    စိတ်ဝင်စားနေပြီဆိုမှ ဆက်ပါဦးမည်ဆိုတော့ ……………..

Leave a Reply