Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဗီလိန်

thit minOctober 30, 20111min71526

လောကဓံတရားဆိုတာ အများသိပြီးသားပါဘဲဗျာ။ နဲနဲဆွေးနွေးကြည့်ချင်လို့ပါ။
အဲဒီလောကဓံဆိုတဲ့ စကားကိုစဉ်းစားမိတယ်။
ပါဠိလိုတော့မရေးတော့ဘူးနော်။မြန်မာလိုဘဲ ပြောရအောင်ပါ။
၁.အခြွေအရံ/အပေါင်းအသင်း ရှိခြင်း(များခြင်း)၊
၂.အခြွေအရံ/အပေါင်းအသင်း မရှိခြင်း(နဲခြင်း)၊
၃.လာဘ်လာဘ(ငွေ၊အခွင့်အရေး၊အောင်မြင်ကျော်ကြားမှု စသဖြင့်)ရရှိခြင်း၊
၄.လာဘ်လာဘ မရရှိခြင်း၊
၅.ကဲ့ရဲ့ခံရခြင်း၊
၆.ချီးမွမ်းခံရခြင်း၊
၇.ချမ်းသာခြင်း၊
၈.ဆင်းရဲခြင်း၊
ဘာသွားတွေ့လဲဆိုတော့ လူအချင်းချင်း

တိုက်ရိုက်ကြီးပတ်သက်နေတဲ့အချက် တွေအများကြီးပါလားလို့စဉ်းစားမိတယ်။
ဒါဆိုရင်လောကဓံဖြစ်ရတဲ့အကြောင်းတရားတွေက

(၁)ကိုယ် “လိုချင်တာ၊ရချင်တာ”အပေါ် ပြန်ပြီးတုန့်

ပြန်ရတတ်တဲ့
(၂)ကိုယ့်ကြောင့်ဖြစ်ရတဲ့လူလုပ်ကပ်ဆိုးမျိုးလား၊
(၃)ကိုယ့်ပတ်ဝန်းကျင်ကဖန်တီးတဲ့(ကိုယ်လိုချင်သည်မလိုချင်သည်နဲ့မဆိုင်သော)
လူလုပ်ကပ်ဆိုးမျိုးလား ဆက်တွေးမိသွားတယ်။
အဲဒီတော့ အဲဒီလောကဓံထဲကမကောင်းထဲ လေးပါး ကို လူလုပ်ကပ်ဆိုး (Man-made disaster)လို့ခနပြောင်းခေါ်မယ်ဗျာ။

ဂေဇက်မှာစာရေးကြသူတွေ(ကျနော်အပါ)အားလုံးက အပေါင်းအသင်းရချင်တယ်၊
ကော်မန့်တွေ ရချင်တယ်၊=အခြွေအရံ ရှိခြင်း(များခြင်း)၊
ကောင်းတယ်လဲ အပြောခံချင်ပြန်ရော=ချီးမွမ်းခံရခြင်း၊ဆိုတာမျိုးပေါ့နော်။
လူတွေနဲ့အများကြီးတိုက်ရိုက်ပတ်သက်တာတွေတော်တောများပါတယ်၊အတွေးနယ်ချဲ့ကြည့်ပါ။
(၁)ကိုယ်လိုချင်တာရချင်တာ ဆိုတာကိုဆက်စဉ်းစားတော့ ငယ်ငယ်ကလေးဘဝတုန်းကရုပ်ရှင်ကြည့်ပြီးပြန်
လာသလိုမျိုးလားလို့တွေးမိတယ်။ စူပါမန်းကြည့်ပြီးပြန်လာရင်စူပါမန်းလိုမိုးပေါ်မှာပျံချင်တယ်။
ဂျက်ကီချန်းကားကြည့်ပြီးရင်တော့သူ့လိုဖိုက်တတ်ချင်သွားရော။
ချမ်းသာကြွယ်ဝမှုတွေပါတဲ့ရုပ်ရှင်မျိုးကျတော့ကိုယ်လဲအရမ်းချမ်းသာချင်ပြန်ရော ဆိုတာမျိုးလိုပေါ့နော်။
လက်တွေ့ဘဝမှာ ပရော်ဖက်ရှင်နယ် တခုခုနဲ့အသက်မွေးနေတဲ့လူမျိုးမဟုတ်ဘူးဆိုလို့ကတော့(ပြော
သာပြောရတာ၊တချို့ ပရိုတွေတောင် ဒီအထဲပါတတ်သေး)
လက်ရှိလူ့လောကမှာကိုယ်အားကျစရာ ဘဝတွေ လူတွေ တွေ့လာရင်အဲဒီလို ဟိုဟာလုပ်ရကောင်းနိုးနိုး၊ဒီ
ဟာလုပ်ရကောင်းနိုးနိုးတွေဖြစ်ကုန်ပါလေရော၊ကိုယ့်လက်ရှိအနေအထားက ကျေနပ်စရာကောင်းတယ်လို့
လက်ခံထားသူကလဲ တရာတယောက်မဟုတ်ပါလား။
အဲဒီတော့ မကျေမနပ်ဖြစ်လေလေ၊ဘာလုပ်ရမလဲဝေဝါးလေလေ၊လုပ်ချင်စရာတွေကများလာလေလေဖြစ်
တတ်တယ်။
သဘာဝတရားကိုက လက်က၂ ဖက်ဘဲရှိတာပါ။အဲဒီ ၂ ဘက်မှာတခုခုကိုကိုင်ထားရင် နောက်တမျိုးပြောင်း

ကိုင်ဘို့ကိုင်ထားတာကို လွှတ်ချရမှာမဟုတ်လား။
လွှတ်ချသင့်မသင့်၊ ခြုံ ထဲကငှက်နဲ့ လက်ထဲကငှက် ဆိုတာမျိုးနော်။
လိုချင်မှုကို ခွဲချမ်းစိတ်ဖြာကြည့်တာပါ။
(၂)(၃)လူလုပ်ကပ်ဆိုး တွေကိုပေါင်းရှင်းပါရစေ။
လူလုပ်ကပ်ဆိုးဆိုတာကတော့ စိတ်ပိုင်းဆိုင်ရာ ဒုက္ခများကရုပ်ပိုင်းဆိုင်ရာ ဒုက္ခများ ထက်ပိုပုံပါဘဲ။
ဒုက္ခ၂ ခုလုံးတော့ပါနေတာလဲဒုနဲ့ဒေးပါဘဲ။
ကိုဘီလူးကြီးငယ်ငယ်ကကျောင်းမတတ်ချင်တာ သူ့တယောက်ထဲဘက်ကကြည့်ရင် ကပ်ဆိုးပါဘဲ။
(ကိုဘီလူးရေစိတ်မရှိနဲ့နော် ဥပမာပေးတာပါ)
ကဲဗျာ ဘဝတခုလုံးနဲ့ပတ်သက်လာရင် ဘယ်လောက်ခံစားရမလဲနော်။
ခံလဲခံစားနေရပါပြီလေ။လူလုပ်ကပ်ဆိုးတွေ။
အဲဒီ ကိုကမ်းကြီးရဲ့ ဘတ်စကား စပယ်ယာလဲကပ်ဆိုးလုပ်နေတဲ့သူဘဲ။
အဲဒီလိုဆက်စဉ်းစားရင် ဌာနဆိုင်ရာရုံးကလူတွေ(ညစ်နေတာ၊ထစ်နေတာ) လဲ အဲဒါဘဲ။
ဆက်စဉ်းစားနော်။ဟိုးအမြင့်ပိုင်းထိ ရှိမရှိ ကိုယ်ဟာကိုစဉ်းစားတော့ဗျာ။
ပြောချင်တာက …………………..
အဲဒီလိုလုပ်နေတဲ့ လူလုပ်ကပ်ဆိုးဖန်တီးရှင်တွေကရော ၊အဲဒီလိုကပ်ဆိုးတွေနဲ့ကင်းရောလား၊ကင်းနေလား?

ဘယ်ကင်းမှာတုန်းဗျာ၊သူလဲ အဲဒီလိုအလုပ်ခံနေရမှာပါဘဲ။အဲတခုပိုနိုင်သေးတယ်ဗျ။
သူလုပ်သမျှကံသူ့ထံပြန်၊အမှန်ဖြစ်လိမ့်မည်ဆိုတယ်မလား စိုက်သမျှရိတ်သိမ်းရမှာနော့။

ဟုတ်ပြီ၊ဖန်တီးသူတွေ၊ခံစားရသူတွေ ၂ မျိုးရှိပြီဆိုရင်။
ကဲ လိုရင်းပြောပြီနော်………..
ငါ ကော ဖန်တီးနေသူလား၊။
တမင်ဖန်တီးနေသူလား။
မသိဘဲနဲ့ဖန်တီးမိနေသူလား။
ငါသိသည်ဖြစ်စေ၊မသိသည်ဖြစ်စေ ငါအတွက်နဲ့လူဘယ်နှစ်ယောက်လောက်များ စိတ်ညစ်ရမလဲ။
ငါကိုလုပ်ရင်ငါမသဘောမကျပေမဲ့ ၊ငါမုန်းပေမဲ့
ငါကရောငါကရော၊ငါကိုယ်တိုင်ကရော အဲဒီငါမုန်းတဲ့လူမျိုး ဖြစ်နေလား?

မဖြစ်သင့်ဘူးဗျာ။ ကျနော်တို့ကို လောကဓံတွေ၊ကပ်ဆိုးတွေဖန်တီးပေးနေသူတွေရော၊
ကျနော်တို့ကိုယ်တိုင် လောကဓံဖန်တီးသူ၊ကပ်ဆိုးဖန်တီးသူအနေနဲ့ရော၊မဖြစ်သင့်ဘူးဗျာ။
သူများရဲ့ အားနဲချက်၊အမှားကို ကိုယ်မှာမရှိအောင်လုပ်ရမှာမဟုတ်လား။
ကဲ လောကဇာတ်ခုံလူတို့ဘုံမှာ မင်းသား၊မင်းသမီး မဟုတ်ရင်တောင် “ဗီလိန်” အခန်းကတော့
မ “က” ဖြစ်အောင်ကြိုးစားရမှာပါလား။
အဲ သူများကျတော့ ပြောလို့ရချင်မှရမှာဆိုတော့၊ လုပ်လို့ရတာက ကိုယ်ဟာကိုယ်ပြင်ဘို့လို့တွေးမိသွားတယ်။
ကျနော်တော့……………
“ဗီလိန်” မဖြစ်ချင်ဘူးဗျို့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အားလုံးကိုလေးစားပါသည်

 

မောင်သစ်မင်း

 

26 comments

  • koyinmaung

    October 30, 2011 at 9:10 am

    ဆင်ချင်စရာတွေပါကို သစ်မင်းရေ …..
    လေးစားပါတယ်…….

  • ပေါက်ဖော်

    October 30, 2011 at 9:13 am

    ကျနော်ကတော့ ဗီလိန် မဖြစ်အောင် တတ်နိုင်သလောက် ကြိုးစားပါတယ်…
    မကူညီနိုင်လျင်နေ မနှောင့်ယှက်ဘူး ဆိုတဲ့ သဘောပါပဲ…
    ကိုသစ်လို တခြားလူတွေလဲ..ဗီလိန် အဖြစ် လောကဇာတ်ခုံမှာ မ က ကြရင် လွှတ်ကောင်းပါတယ်..
    အထင်ပြောရရင်..ဗီလိန်တော့ လူတိုင်း ဖြစ်ချင်ကြမယ် မထင်ဘူးနော့…..
    ဗီလိန် မဖြစ်ချင်ဘဲ ဘာကြောင့် ဗီလိန်တွေများနေသလဲ မပြောတတ်ဘူး.. 🙄

  • “ဘီလူးကြီး”ogre

    October 30, 2011 at 9:44 am

    “ဟယ်”…..ကိုသစ် ပြောပုံဆို
    ကျုပ်ငယ်ငယ်က ကပ်ဆိုး သင့်ခဲ့တာပေါ့နော်
    ကျုပ်ကိုယ်ကျုပ်တောင်ကပ်သင့်လို့သင့်မှန်းမသိခဲ့ဘူးဗျ… 🙂

  • blackchaw

    October 30, 2011 at 10:36 am

    ကျွန်တော်တို့ ကိုယ်ပိုင်ဘဝတွေမှာတော့
    ကျွန်တော်တို့ က မင်းသားပဲပေါ့ ၊
    တခြားလူတွေဘဝအတွက်လည်း ဗီလိန်မဖြစ်တာတော့ ကောင်းတာပေါ့ဗျာ။

  • windtalker

    October 30, 2011 at 11:53 am

    ကစ်သို နှင့် ဆန္ဒတူညီမိပါကြောင်း ကွန်မင့်ခဲ့ပါသည် ဗျို ့

  • Koyin Sithu

    October 30, 2011 at 12:31 pm

    ဦးသစ် … ကိုယ့်ဘဝမှာတော့
    ကိုယ်က မင်းသားပဲ…ဘယ်ဇာတ်ကက
    အကောင်းဆုံး သရုပ်ပီပြင်အောင် လုပ်ရမှာပဲ…

  • Moe Z

    October 30, 2011 at 1:01 pm

    ဘယ်သူ့အပေါ်မှဗီလိန်မလုပ်ပါ..မရည်ရွယ်ပဲ အမှတ်တမဲ့ဗီလိန်လို့မြင်သွားခဲ့ရင်လည်း
    ခဏတာအမြင်လေးကို ဘယ်လိုမှသဘောမထားပါ (သူများကကိုယ့်အကြောင်းကိုအချိန်ပြည့်ခေါင်းထဲထည့်နိုင်မှာမှမဟုတ်တာ 🙂 )
    ကိုယ်လုပ်လိုက်တဲ့အလုပ်တစ်ခုက ဘယ်သူ့ကိုမှမထိခိုက်ဘူးဆိုရင်
    ကိုယ့်ဟာကိုယ်လိပ်ပြာသန့်ရင် နောင်တရစရာမရှိပါ

  • thit min

    October 30, 2011 at 3:13 pm

    ခုအနေအထားမှာသစ်မင်းလဲတစုံတယောက်အတွက်ဗီလိန်ဖြစ်ချင်ဖြစ်နေမှာပါ။
    ကိုယ်နဲ့မတူကိုယ်ရန်သူဆိုသကိုးဗျ။
    တခုဘဲရှိတယ်။သိသိကြီးနဲ့တော့ သစ်မင်းဘယ်သူကိုမှစိတ်ဆင်းရဲအောင်မလုပ်တာတော့သေချာတယ်။

    မိုးဇက်ပြောသလို

    ကိုယ်မရည်ရွယ်ဘဲနဲ့ကိုယ်ဗီလိန်ဖြစ်ရတာမျိုးရှိမယ်။မတတ်နိုင်ဘူး။
    အတ္တမကင်းနိုင်ရင် ကိုယ်လဲမရည်ရွယ်သောဗီလိန်ကတော့တနေရာရာမှာဖြစ်နေမှာ။
    တမင်သက်သက်မလုပ်ဖြစ်အောင်ဂရုစိုက်ရုံဘဲပေါ့။
    မိုးဇက်ရေ နောင်တတော့မရဘူးဝေ့ ကိုယ်ချင်းစာတာ။အဲဒီလိုမျိုးမရည်ရွယ်ဘဲသူများလုပ်တာခံရလို့ဆိုပါတော့။

    ဒါပေါ့ကိုရင်စည်သူရေ

    ပွဲကြည့်သူရုံသက်သက်တယောက်မှမရှိဘူးလေနော်။အားလုံးဇာတ်ဆောင်တွေဘဲ။
    မင်းသားမင်းသမီးတွေအဖြစ် အကောင်းဆုံး က တယ်ဆိုတာမှန်ပါတယ်။
    ကိုယ်ဟာကိုယ်ထင်နေတဲ့အကောင်းဆုံးမဟုတ်ဘဲလူ့လောကရဲ့အကောင်းဆုံးဖြစ်ရမှာပါလို့ဆိုလိုပါတယ်။
    ဆရာကြီးမင်းသိင်္ခရဲ့တပည့်ကိုရင်စည်သူကိုတောကိုယ့်အတွက်အကောင်းဆုံးလုပ်ရင်းအများအတွက်အကျိုးမ
    ယုတ်စေသူမှန်း အသွေးမြင်အသွင်သိပါ၏….ပေါ့ဗျာ။

    ညီမောင်ပေရေ

    ခင်မင်စွာဖြင့်သတိပေးချင်ပါတယ်။
    “ဝေရာမဏိသိတ်ခါပဒံ” ဝေမျှပြီး သိတ်ခါရှိစွာသောက်ပါလို့။(^^)
    ကိုဘလက်ရေ

    မထင်မှတ်ဘဲဖြစ်တတ်လွန်းလို့ပါဗျာ။ခင်ဗျားဆရာစိုးကို ၁၀၀% ချစ်တယ်လို့ပြောရဲလား။
    အဲဒီလိုဘဲ ကောင်းတာလဲရှိမကောင်းတာလဲရှိ။ ကိုယ်ကျတော့ရောလို့စဉ်းစားမိလို့။
    ကျနော်တို့မှာခုချိန်ထိ ထိုးလိုက ်ရတဲ့ လက်ညိုး တွေမပြီးနိုင်လို့ဗျို့။

    ဟုတ်ပ ကိုဘီလူးရေ

    အဲဒါ အမှန်ဘဲဗျ။အခုရောရှိမှာပါ။ဟေ့ မင်း ကြိုးစားကွ၊ရာထူးတက်ပေးမယ်တဲ့။
    ခင်ဗျားရာထူးတက်တော့ရော အလုပ်မလုပ်ဘဲနေလို့ရအောင်ချမ်းသာမှာလား။
    ဒါပေမဲ့ ရာထူးတက်တာမတက်တာကနောက်နော် …အလုပ်ရှင်က ကြိုးစားဆိုကြိုးစားရတာဘဲ။
    ကပ်သင့်ပုံ ပြောလို့မကုန်။

    ညီပေါက်ဖော်ရေ

    ဗီလိန် ..မင်းသား…ဆိုတာသူ့ဘက်ကိုယ့်ဘက်မတူတာပေါ့ကွာ။ ဘယ်တူလိမ့်မလဲကွာ။
    အများအားဖြင့် ပစ္စည်းကမှန်မှ မမှန်တာ။
    အဲပစ္စည်းကမှန်နေရင်တောင် ကြည့်တဲ့သူက စိန်မှန်း ပလင်းကွဲမှန်းသိဘို့လိုပြန်တယ်ပေါ့နော်။
    ဒါပေမဲ့ကွာ အများအတွက်လုပ်နေသူကိုစိန်မှန်းမသိတာကတော့ မြင်နိုင်တဲ့မျက်စိပေါ့ညီရာ။
    ဗီလိန်မကလို့ဘာဖြစ်ဖြစ်ကွာဆိုတဲ့လူတွေရှိနေသမျှလောကကြီးတော့သာယာဘို့ဝေးနေအုန်းမှာ။

    ကိုရင်မောင်ရေ

    ကိုယ်ခံရတာများလာမှ သူများကိုကိုယ်ချင်းစာတတ်လာတာမျိုးမဟုတ်ခင်စောစောစီးစီးသိနိုင်၊ပြင်နိုင်စေချင်တယ်လို့
    ကိုယ်ကိုကိုယ်လဲသတိပေးရင်းရေးတဲ့စာလေးပါ။

    ကော်မန့်ပေးသူများကို ကျေးဇူးတင်ပါတယ်ဗျာ။
    မင်းသား မင်းသမီးလေးတွေဖြစ်ကြပါစေလို့။

  • etone

    October 31, 2011 at 9:14 am

    ဗီလိန်ဆိုတဲ့ လူမျိုးရဲ့စိတ်ဓါတ်က အမြဲ အသာရဖို့အတွက် တခြားဘာကိုမှ ဂရုမစိုက် မထောက်ထားပဲ ကျော်သင့်တာကျော် … ချနင်းသင့်တာချနင်း … အကွက်ရွှေ့သင့်တာ အကွက်ရွှေ့တတ်တဲ့ လူမျိုးတွေမို့လို့ …. လူထဲမှာမှ စိတ်ဓါတ်သိမ်ဖျင်းသူတွေသာ ပိုင်ဆိုင်တဲ့ အရည်ချင်းမျိုးပါ … ။ တစ်ခါတစ်လေကျတော့လည်း … ဗီလိန် ဗီဇမရှိပါလျှက် …ပတ်ဝန်းကျင်တွန်းအားပေးမှုအပေါ် ဗီလိန်ဇာတ်ခင်းရတယ် … ။
    ဘယ်လိုပဲဖြစ်ဖြစ်ပါ …. ကိုယ့်ကိုယ်ကိုယ် တော့ … ဗီလိန်စိတ်ဓါတ်မဝင်အောင် အမြဲ ကြိုးစားနေတယ် … ။ 🙄

  • ကြောင်ကြီး

    October 31, 2011 at 9:22 am

    ကျေးဇူးပါ ဆရာသစ်။ လောကဓံတရား ရှစ်ပါးကို တိတိကျကျ အရင်က မသိခဲ့ဘူး။ လုံးပြီး အကောင်းအဆိုး ဒွစုံလေးပါးလို့သာ ယေဘူယျ မှတ်ထားတာ။ အဖေက သူ့တပည့်တွေကို ဆုံးမရင် အမြဲတမ်း လောကဓံတရား ရှစ်ပါးကို ခံနိုင်ရည်ရှိဖို့မှာတယ်။ ကောင်းလို့လည်း အပျော်မလွန်နဲ့၊ အဆိုးလာနိုင်တယ်။ ဆိုးလို့လမ်း ထူးဝမ်းမနည်းနဲ့ အကောင်းလာလိမ့်မယ်နဲ့ ကြားဖူးနေတာ။ အဖေ့ကို သတိရသွားပြီ။ 🙂

    • thit min

      October 31, 2011 at 9:51 am

      ညီမ etone ရေ
      မမျှော်လင့်ဘဲလုပ်မိလိုက်တာ။သူ့ကစေတနာ ၊ကိုယ့်မှာဝေဒနာ၊အမှတ်တမဲ့မှ အမှတ်ဒဏ်ရာရသကဲ့သို့တွေ
      များတယ်မဟုတ်လား။တခုခုလုပ်လိုက်ရင်အများနဲတွဲယှက်နေတာမျိုးကများတယ်ဆိုတဲ့ခေတ်ဆိုတော့မရည်ရွယ်ဘဲ
      ကိုယ့်အမှားကသူများအခက်ပွေသွားရတတ်လို့ပါ။

      ကိုကြောင်ရေ

      ရီလိုက်ရတာဗျာ။
      လောကဓံတရား ၈ ပါးကို ကိုကြောင်ကမသိဘူး ဆိုတာမဖြစ်နိုင်
      ပါဘူးဗျာ။တရားသဘောကိုတော်တော်ကြီးလေးလေးနက်နက်ဆွေးနွေးနိုင်တဲ့ကိုကြောင်လိုလူမျိုးက
      ဒီလိုအသေးအဖွဲမသိစရာမရှိလို့ယုံကြည်ပါတယ်ခင်ဗျာ။
      ဒါပေမဲ့ ကိုကြောင်ထောက်ပြပြောဆိုချက်အရ ပါဠိလိုပါဖော်ပြသင့်တယ်လို့ထင်မိသွားလို့ဖော်ပြပေးလိုက်ပါသည်။
      ကျေးဇူးပါကိုကြောင်ခင်ဗျား။။

      လောကဓံတရား (၈)ပါး
      ၁။ လာဘော = ပစ္စည်းဥစ္စာပေါများခြင်း ။
      ၂။ အလာဘော = ပစ္စည်းဥစ္စာနည်းပါးခြင်း ။
      ၃။ ယသော = အခြွေအရံများခြင်း ။
      ၄။ အယသော = အခြွေအရံနည်းခြင်း ။
      ၅။ နိန္ဒာ=ကဲ့ရဲ့ခံရခြင်း
      ၆။ ပသံသာ=ချီးမွမ်းခံရခြင်း ။
      ၇။ သုခံ = ချမ်းသာခြင်း ။
      ၈။ ဒုက္ခံ = ဆင်းရဲခြင်း ။

      ပုထုဇဉ်သည်
      လာဘ်ရမှု ဖြစ်သည်ရှိသော် ဝမ်းမြောက်၏၊
      လာဘ်မရမှု ဖြစ်သည်ရှိသော် ဝမ်းနည်း၏၊
      အခြံအရံရှိမှု ဖြစ်သည်ရှိသော် ဝမ်းမြောက်၏၊
      အခြံအရံ မရှိမှု ဖြစ်သည်ရှိသော် ဝမ်းနည်း၏၊
      ချီးမွမ်းမှု ဖြစ်သည်ရှိသော် ဝမ်းမြောက်၏၊
      ကဲ့ရဲ့မှု ဖြစ်သည်ရှိသော် ဝမ်းနည်း၏၊
      ချမ်းသာမှု ဖြစ်သည်ရှိသော် ဝမ်းမြောက်၏၊
      ဆင်းရဲမှု ဖြစ်သည် ရှိသော် ဝမ်းနည်း၏၊

      ထိုပုထုဇဉ်သည် ဤသို့ ဝမ်းမြောက်မှု ဝမ်းနည်းမှုသို့ ရောက်သည်ဖြစ်၍ ပဋိသန္ဓေ နေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာပင်ပန်းခြင်းတို့မှ မလွတ်နိုင်၊ ဆင်းရဲအပေါင်းမှ မလွတ်နိုင် ဟု ငါဆို၏။

      အရိယာ သည် …
      လာဘ်ရမှု ဖြစ်သည်ရှိသော် ဝမ်းမမြောက်၊
      လာဘ်မရမှု ဖြစ်သည်ရှိသော် ဝမ်းမနည်း၊
      အခြံအရံရှိမှု ဖြစ်သည်ရှိသော် ဝမ်းမမြောက်၊
      အခြံအရံ မရှိမှုဖြစ်သည် ရှိသော် ဝမ်းမနည်း၊
      ချီးမွမ်းမှု ဖြစ်သည်ရှိသော် ဝမ်းမမြောက်၊
      ကဲ့ရဲ့မှု ဖြစ်သည်ရှိသော် ဝမ်းမနည်း၊
      ချမ်းသာမှု ဖြစ်သည်ရှိသော် ဝမ်းမမြောက်၊
      ဆင်းရဲမှု ဖြစ်သည်ရှိသော် ဝမ်းမနည်း၊

      ထိုအရိယာတပည့်သည် ဤသို့ ဝမ်းမြောက်မှု ဝမ်းနည်းမှုကို ပယ်နိုင်သည် ဖြစ်၍ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံး မသာယာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့မှ လွတ်မြောက်၏၊ ဆင်းရဲအပေါင်းမှ လွတ် မြောက်၏ဟု ငါဆို၏။ ရဟန်းတို့ ဤသည်သာလျှင် အကြားအမြင် ရှိသော အရိယာတပည့်၏ အကြားအမြင်မရှိသော ပုထုဇဉ်နှင့် ထူးသော အကြောင်းတည်း၊ လွန်ကဲသော အားထုတ်မှုတည်း၊ ထူးသော ပြုမူပုံတည်း ဟု (မိန့်တော်မူ၏)။

      လာဘ်ရမှုသည်လည်းကောင်း၊
      လာဘ်မရမှုသည်လည်းကောင်း၊
      အခြံအရံရှိမှုသည် လည်းကောင်း၊
      အခြံအရံမရှိမှုသည်လည်းကောင်း၊
      ကဲ့ရဲ့မှုသည်လည်းကောင်း၊
      ချီးမွမ်းမှုသည်လည်းကောင်း၊
      ချမ်းသာမှုသည်လည်းကောင်း၊
      ဆင်းရဲမှုသည်လည်းကောင်း
      ဤသဘောတရားတို့သည် လူတို့၌ အမြဲမရှိကုန်၊ အတည်မရှိကုန်၊ ဖောက်ပြန် ပြောင်းလဲတတ်သော သဘောရှိကုန်၏။ သတိနှင့် ပြည့်စုံသော ပညာရှိသည် ထို တရားတို့ကို သိ၍ ဖောက်ပြန်တတ်သော တရားတို့ကို (ဉာဏ်ဖြင့်)ရှုဆင်ခြင်၏၊ ထိုသို့သော ပညာရှိ၏ စိတ်ကို အလိုရှိအပ်သော လောကဓံတရားတို့သည်လည်း မချောက်ချားနိုင်ကုန်၊ အလိုမရှိအပ်သော လောကဓံတရားတို့ကြောင့်လည်း စိတ် ထိခိုက်ပင်ပန်းခြင်းသို့ မရောက်နိုင်ပေ။ ထိုသူအား စိတ်နှင့် လျော်သော လောကဓံ တရားတို့သည်လည်းကောင်း၊ စိတ်နှင့် ဆန့်ကျင်သော လောကဓံ တရားတို့သည် လည်းကောင်း ပျက်စီးပြီး ချုပ်ပျောက်ပြီး ဖြစ်၍ မရှိကုန်၊ ဘဝ၏ တစ်ဖက်ကမ်းသို့ ရောက်သောသူသည် ကိလေသာ မြူကင်း၍ စိုးရိမ်မှုမရှိသော နိဗ္ဗာန်ကို သိလျက် ဘဝ၏ တစ်ဖက်ကမ်းသို့ ရောက်သည်၏ အဖြစ်ကို ကောင်းစွာ သိနိုင်ပေ၏။

      (၆ – ဒုတိယ လောကဓမ္မသုတ်၊ မေတ္တာဝဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်။)

  • pan pan

    October 31, 2011 at 1:57 pm

    တနည်းနည်းနဲ့တော့ လူတိုင်းဗီလိန်ဖြစ်ကြမယ်ထင်ပါတယ်
    တကယ့်ဗီလိန်က သူနဲ့မတည့်သူကို ဗီလိန်လို့ပဲ ပြန်မြင်မှာပဲ
    “ငါ့လမ်းမှာ ဗီလိန်လာလုပ်ပြီး ရှုပ်နေတယ်”ဆိုတာမျိုးပေ့ါ

  • nature

    October 31, 2011 at 5:13 pm

    ဒီပိုစ်ကိုဖတ်ပြီးရေးစရာတော်တော်များများတွေးမိတယ်။ ကိုယ်ဘဝဇာတ်လမ်းမှာတော့ ကိုယ်က ဇာတ်လိုက် ကိုယ်က ဒါရိုက်တာပါပဲ။ ကိုယ့်ကိုယ်ကို ကောင်းအောင်ဆိုးအောင်လုပ်တာလဲ ကိုယ်ပါပဲ။ မင်းသားဇာတ်ကမလား ဗီလိန်ဇာတ်ကမလား ကိုယ်ကြိုက်တာရွေးလို့ရပါတယ်။ မင်းသားဇာတ်ကမယ်ဆိုရင်တော့ ခက်ခဲမှုရှိနိုင်ပါတယ်။ မင်းသားဇာတ် ကမယ်ဆိုရင်တော့ သစ္စာတွေ မေတ္တာတွေ ကိုယ်ချင်းစာတရားတွေကို သိရှိ ယုံကြည်ပြီး လိုက်နာဖို့လိုပါမယ်။ ဗီလိန်ဇာတ် ကမယ်ဆိုရင်တော့ ဘာမှမလိုပါဘူး။ ကိုယ့်ရဲ့ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ကိုယ်ကြိုက်တာ ကိုယ်လုပ်ရုံပါပဲ။အင်မတန်လွယ်ပါတယ်။

  • thit min

    October 31, 2011 at 5:52 pm

    ပန်ပန် က……………….

    စာဖတ်နာပုံရတယ်နော်။
    စာရေးသူရဲ့ဆိုလိုရင်းကို တော်တော်ကိုအမိဖမ်းနိုင်တယ်။သတိထားမိတာ ၃ ၊ ၄ ခါရှိပြီ။
    ဟုတ်တယ် သစ်မင်းလဲအဲဒါကိုဆိုလိုချင်တာ။ကျေးဇူးပါပန်ပန်။ လူမှုလုပ်ငန်းတွေနဲ့နီးစပ်သူမို့
    လေးလဲလေးစားပါတယ်။
    ကိုယ့်ကိုကိုယ်တော့ဗီလိန်လို့လဲမထင်သလို ဗီလိန်ဖြစ်အောင်လဲလုပ်မှာမဟုတ်ပေမဲ့
    လက်တွေ့မှာတော့ အခြေအနေတခုမှာ တဘက်ကကြည့်ရင်ဗီလိန်ဖြစ်နေတတ်တယ်လို့ဆိုလိုတာကိုပြောနိုင်တဲ့အတွက်
    ပန်ပန် ကပန်ပန်ရဲ့ အသက်ထက် ပိုရင့်ကျက်ပြည့်ဝသူလို့ဆိုပါရစေ။
    ခုခေတ်မှာတော့ဘာဖြစ်ဖြစ် အဆင်မပြေမှုတွေအပေါ်မှာမူတည်ပြီး ငါ “ရ” ပြီးရော ဆိုသူ ဗီလိန်များလဲ ရှိတယ်ပေါ့နော်။

    ကိုနေးချားရေ………………

    ကျနော်ပြောချင်တာကိုတိုက်ရိုက်ကြီးကိုပြန်ပြောပေးနိုင်တဲ့ “စိတ်” တူ သူလို့သတ်မှတ်ပြီး ကျေးဇူးပါ။
    သိပ်မှန်တာပေါ့ဗျာ။ ကိုသူရတို့ ကိုမောင်တို့ဆို ဘယ်လိုလူမျိုးကဗီလိန်လို့သတ်မှတ်သလဲဆိုတာ
    တွေးကြည့်ရင်သိသာပါတယ်။
    ကိုယ်ကျိုးမစွန့်နိုင်သေးရင်တော့ ကိုယ့်အကျိုးနဲ့ယှဉ်လာတိုင်း အနိုင်ယူချင်၊အသာရချင်တဲ့စိတ်တွေက
    လူကိုဗီလိန်ဖြစ်စေပါတယ်။
    အဲ ဒီ တော့ဗျာ။
    လုံးဝကြီးကောင်းအောင်မနေနိုင်သေးသ၍ အရမ်းမဆိုးအောင်နေရင်တော့ ဗီလိန်တော့ဗီလိန်ပေမဲ့ နဲနဲ
    တော်သေးတာပေါ့ဗျာ။

  • comegyi

    November 1, 2011 at 5:48 am

    ကိုသစ်ရေ့ ဆင်ခြင်ပြုပြင်ဖို့ လမ်းစ ဖော်ပေးတဲ့အတွက် ကျေးဇူးပါဗျို့ ….

    • thit min

      November 1, 2011 at 12:08 pm

      ကိုကမ်းကြီးလဲခေသူမဟုတ်ပါနော်။
      ကဗျာတွေရေးပြီးကြွေတာလဲကြွေပါ။
      ထူးထူးခြားခြားဘဝအတွေ့အကြုံလေးတွေရှိတယ်ဆိုတာသိနေတယ်။
      မကွယ်မဝှက်ဘဲရေးပြမလားလို့စောင့်နေတာ၊ မော်ဒန်ကဗျာကြီးဘဲအားသန်ပ ဟွန့်။(^^)

  • Shwe Ei

    November 1, 2011 at 1:51 pm

    ရုံးအတွေ့အကြုံနဲ့ ယှဉ်ပီးပြောရရင်တော့ ဒီအော်ဂနိုက်ဇေးရှင်းအတွက် ဒီဝန်ထမ်းတွေ အားသွန်ခွန်စိုက်ကြိုးပမ်းကြတာချင်းအတူတူ ကိုယ့်ကြိုးပမ်းမှုက သူတပါး ဒုက္ခ ရောက်မဲ့ကိန်းလည်းကြုံရော ကိုယ်လဲဗီလိန်ဖြစ်မှန်းမသိဖြစ်ရော။ ဆိုတော့ ဘဝဇာတ်ခုံမှာ မင်းသားတဖြစ်လဲ လူကြမ်းဘဝ နဲ့ တလှည့်စီကပြနေကြရတယ်လို့ခံစားမိတယ်။ သူတပါးအကျိုးပျက်စီးရာပျက်စီးကြောင်း ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တတ်သူကိုတော့ ဗီလိန် (main bad character in a story (or) criminal) ဆိုတာထက် လူဆိုး၊ လူညစ်၊ လူသွမ်း ၊ လူယုတ်မာ လို့ ဗမာလို အားရပါးရ ခေါ်လိုက်ချင်တယ် ကိုသစ်မင်းရေ။

  • thit min

    November 1, 2011 at 4:08 pm

    မှန်လိုက်လေ ဆရာ မရွှေအိရေ
    ကျနော် ခင်ဗျားပြောတာကိုတော်တော်သဘောကျလို့
    အသံထွက်ပြီးရယ်မိသွားပါတယ်။
    လူယုတ်မာ၊အယုတ်တမာ ကောင်လို့သာအားရပါးရ ခေါ်ရမှာပါဗျို့၊
    ~~~~~~~~~~~~~~~~~~~~~~~~~
    ကျနော် ဒီပို့စ်ကို ယုံကြည်ချက်တခုနဲ့တင်ပါတယ်။
    ဒီရွာထဲမှာရှိကြသူများဟာ စိတ်သဘောထားကောင်းမွန်သော(ဗီလိန်ဗီဇစိတ်မရှိသော)လူများသာ
    ဖြစ်ကြသည် ဆိုတဲ့ယုံကြည်ချက်ပေါ့နော်။
    ခုအဖြေထွက်ပါပြီ၊ ကျနော်ထင်တာထက် ပိုမိုစိတ်ကောင်းရှိသူများ၊အမှန်တရားကိုလက်ခံမြတ်နိုးသူ၊များဖြစ်
    နေကြတယ်လို့ပါဘဲ။
    ဒါဆိုရင် ကောက်ချက်ချရရင်
    ဗီလိန်(အဲဒီ တကဲ့အယုတ်တမာကောင်)တွေကဘယ်လိုလူမျိုးတွေလဲ?
    သူတို့ကရောကျနော်တို့နဲ့ ဘာလို့မတူဘဲ ယုတ်မာနေရတာလဲ?
    သူတို့စိတ်တွေကဘာလို့ မကောင်းစိတ်တွေမွေးနေတာလဲ?
    ကျနော်တို့ရဲ့ခုလက်ရှိဒီဂေဇက်အသိုင်းအဝိုင်းလေးလိုမျိုး နိုင်ငံကိုချစ်တဲ့၊
    အမှန်တရားကိုချစ်တဲ့၊ကိုယ်ရဲ့စိတ်အဆင့်အတန်းကိုကိုယ့်ကိုကိုတန်ဘိုးထားတဲ့၊
    လူတွေဘဲ ရှိတဲ့ လူ့အသိုင်းအဝိုင်းလေးတခုကနေလူ့ဘောင်ကြီးတခုလုံးဗီလိန်ကင်းစင်နယ်မြေ
    မဖြစ်နိုင်ဘူးလား?
    ဖြစ်နိုင်ချေရောရှိရဲ့လား?
    ဆိုတဲ့မေးခွန်းတွေမေးနေမိပါတော့တယ်ဗျာ။

  • blackchaw

    November 1, 2011 at 4:35 pm

    ကိုသစ်ရေ။
    ဒီတစ်ခါ တင်တဲ့ ပို့စ်လေးရော၊
    ကွန်းမန့်လေးတွေကိုရော၊
    ဖတ်ကြည့်တဲ့ အခါ ကိုသစ် အလုပ်ထဲမှာ အဆင်ပြေရဲ့လားလို့
    စိတ်ပူမိပါတယ်ဗျာ။ တကယ်ပါ။ ဒါ ကိုသစ်မင်းရဲ့ လေသွားလေလာ မဟုတ်ဘူးလေ။
    ကျွန်တော့်စိတ်ထင် စိတ်အနှောက်အယှက်ဖြစ်စရာ နည်းနည်းများရှိနေသလားလို့။
    ကျွန်တော်က ဖတ်မိရင် လေယူလေသိမ်းရော တွေးတာခေါ်တာလေးတွေပါ
    မှတ်မိနေတတ်တာမျိုးပါ။ စိတ်ပေါ့ပါးသွားအောင်
    အကြောင်းအရာ တစ်မျိုးပြောင်းကြမယ်ဗျာ။
    ကိုသစ် မာလာ ဒင်နာ တက်ခဲ့ဘူးပါသလား။ ဘယ်နှစ်ကလဲ။
    ကျွန်တော်က ၉၄ နဲ့ ၉၅ နှစ်နှစ်ဆက်တိုက် မာလာ ဒင်နာမှာ
    သီချင်းဆိုခဲ့ဘူးတယ်ဗျ။ အဲဒီအကြောင်းလေး ပို့စ်လေးတင်မယ်ဗျာ။
    ကျွန်တော် ကိုယ်တိုင်ရေးပြီးဆိုခဲ့တဲ့ သီချင်းလေးရဲ့ အဆုံးသတ်မှာ
    “အီကိုကျောင်းကြီး ရှိနေသရွေ့ အမြဲတမ်းသတိရနော်
    ဒီတစ်ခါ ခွဲခွာခြင်းက နောက်ဆုံးပဲလေ”
    ဆိုတာလေးပါတယ်ဗျ။ အဆောင်နေကျောင်းသားတစ်ယောက်ရဲ့
    နောက်ဆုံးနှစ်ဆိုတာ ဘယ်လောက် ဝမ်းနည်းကြေကွဲဘို့ကောင်းသလဲဆိုတာ
    ခင်ဗျား စာလေးတစ်ပုဒ်ရေးစေချင်ပါတယ်ဗျာ။

  • weiwei

    November 2, 2011 at 1:54 pm

    အခုမှပဲ ဖတ်လို့ရတယ် … ကော်နက်ရှင်ကလဲနှေး အလုပ်ကလဲရှိနေတာနဲ့ စိတ်ရှည်ရှည်စောင့်မဖွင့်နိုင်လို့ …

    ပတ်ဝန်းကျင်ထဲမှာလဲ ဗီလိန်လို့ သတ်မှတ်မိတဲ့ သူတွေရှိနေလေ့ရှိပါတယ် … ဒါပေမယ့် ကိုယ်ကသာ ဗီလိန်လို့ သတ်မှတ်မိပေမယ့် သူတို့ကိုယ်တိုင်ကတော့ ကိုယ့်ကိုကိုယ် လူကောင်းလို့ပဲ ထင်နေတတ်ကြတော့ ပြုပြင်ချင်တဲ့စိတ်ရှိတာ မတွေ့ရဘူး …. မင်းသားလို့ထင်နေတတ်တော့လဲ ခက်သားပဲ …
    ဗီလိန်များများရှိတဲ့ပတ်ဝန်းကျင်မှာ လူကောင်းလုပ်ရင်တော့ အရမ်းပင်ပန်းပါတယ် ….

    • thit min

      November 2, 2011 at 2:23 pm

      ဘယ်သူမှ မပြောသေးတဲ့ ပွိုင့်ကိုပြောပြသွားတဲ့ မဝေဝေကို ကျေးဇူးပါဘဲ။
      “ပြုပြင်ချင်စိတ်မရှိကြဘူး” မှန်ပါတယ်။
      ကိုယ့်ကိုကိုယ်ဗီလိန်လို့မထင်လို့ပါဘဲ တဲ့ ဟုတ်ပါတယ်။
      အဲဒီသဘောကိုလဲ ဆိုလိုချင်တာပါ၊ ကျနော်စာသင်ရင် အတန်းထဲမှာမနေနဲ့
      အပြင်ထွက်ပြီးသွားပြောလို့ လေအေးလေးနဲ့ ပြောလေ့ရှိပါတယ်။
      ဘယ်ကျောင်းသားမှအပြင်ကိုထွက်သွားတာမရှိခဲ့ပေမဲ့ ကျနော် အဲဒီအချိန်လေးမှာ
      သူ့တို့အတွက်ကဗီလိန်ဖြစ်နေပြီပေါ့။
      “စေတနာ” ဘဲလေ ဆိုပြီး ဗီလိန်လို့ကိုယ့်ကိုကိုယ်မထင်လို့ ပြင်ဘို့လဲမစဉ်းစားပါဘူး။
      သူတို့စာမေးပွဲအောင်ဘို့ကျနော်အမုန်းခံနိုင်ပါတယ်။
      အဲဒီလို အနုစား ဗီလိန်(^^)ပေါ့ဗျာ
      မကောင်းတဲ့စိတ်နဲ့ လိန်တဲ့ ဗီလိန်တွေကတော့ သူတို့အကျိုးအတွက်ပေါ့နော်။
      ဗီလိန်၂ မျိုးရှိပါကြောင်းပေါ့။

  • MaMa

    November 2, 2011 at 4:52 pm

    အတွေးအခေါ်တွေကို မျှဝေပေးတဲ့ သစ်မင်းကို လေးစားပါတယ်။
    လိုက်နာနိုင်အောင်လည်း ကြိုးစားပါ့မယ်။
    ဒီတလော ဇာဂနာပြောသွားတဲ့ အလုပ်လုပ်တဲ့အခါမှာ စိတ်ထားကို ဖြူဖြူဖြောင့်ဖြောင့်ထားရင် အလုပ်ကလည်း ဖြောင့်ဖြောင့်ဖြူးဖြူးဖြစ်သွားတယ်လို့ ကောင်းကျိုးကိုပေးတဲ့အကြောင်းပြောသွားတာလေးကို ကြိုက်လွန်းလို့ ကိုယ်နဲ့ နီးစပ်ရာတွေကို ပြန်ပြောဖြစ်နေတာနဲ့ တိုက်ဆိုင်သွားတယ်။
    ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာ့ဂုဏ်တွေထဲမှာ ကိုယ်အနှစ်သက်ဆုံးတစ်ခုကို အာစိဏ္ဏကံဖြစ်အောင် အမြဲပွားများရမယ်ဆိုလို့ အနှစ်သက်ဆုံးတစ်ခုရွေးတာ သံဃာ့ဂုဏ်ထဲမှာ ဥဇူစ= သာဌေမာယာကင်းစွာဖြင့် (စာလုံးပေါင်းမှန်မမှန်တော့ မသိပါ) ဖြောင့်မှန်ခြင်း (ငယ်ငယ်က ကိုယ့်ဇာတိမှာ မြင်ဖူးတဲ့ ရိုးဖြောင့်တဲ့၊ အလိုနည်းတဲ့ သံဃာတော်တွေကို သွားမြင်မိလို့။) ဆိုတဲ့ ဂုဏ်တော်ကိုအနှစ်သက်ဆုံးပဲ။
    အဲဒါကြောင့်ကိုယ်လည်း (လူအထင်ကြီးအောင်၊ ဂုဏ်မရှိပဲ ရှိသလို ထင်ရအောင်) ဟန်မလုပ်ပဲ ၊ (ပကတိ စိတ်ရင်းအတိုင်း) ရိုးဖြောင့်စွာ နေနိုင်အောင် တတ်နိုင်သလောက် ကြိုးစားနေပါတယ်။ (တတ်နိုင်သလောက်ဆိုကတည်းက သဘောပေါက် 😛 )

    • thit min

      November 2, 2011 at 5:03 pm

      မမ ပြောတာ အောက်ကရှိတဲ့အထဲက အမှတ် ၂ ဂုဏ်တော်ထင်ပါရဲ့။
      သုဥဇူစ ဆိုရင်တော့ (ဥဇူစတခုထဲတော့မသိပါခင်ဗျာ) မေတ္တ္တ္တာသုတ်ကဖြစ်ပါတယ် မမ။
      အလွန့်အလွန့်ရိုးသားခြင်း၊မိမိကိုယ်ကို မလိမ်ညာခြင်းလို့ မှတ်သားဘူးပါတယ်ခင်ဗျာ။
      ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

      သံဃာ့ဂုဏ်တော်

      ကျင့်ကောင်းရှစ်ပါး
      ဖြောင့်ငြားတသွယ်
      ရည်ရွယ်နိဗ္ဗာန်
      ရိုသေရန်နှင့်
      လှူခံဆောင်ဝေး
      ထိုက်သေးဧည့်ကောင်း
      မြတ်လှူလောင်း၍
      အပေါင်းလက်ချီ
      လယ်ကောင်းမည်
      ကိုးလီ သံဃာ့ဂုဏ်။
      ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
      အနက်
      (၁) ကျင့်ကောင်း ၈ ပါး – သမ္မာဒိဋ္ဌိ အစရှိသော အကျင့်ကောင်း အကျင့်မြတ် ၈ ပါးကို ကျင့်တော်မူသော သံဃာတော် အရှင်မြတ်များ။ (သုပ္ပဋိပန္နော)

      (၂) ဖြောင့်ငြား တသွယ် – ဖြောင့်မတ် မှန်ကန်စွာ ကျင့်တော်မူသော သံဃာတော် အရှင်မြတ်များ။ (ဥဇုပ္ပဋိပန္နော)
      ——————————————————————————————————————-
      (၃) ရည်ရွယ် နိဗ္ဗာန် – နိဗ္ဗာန်သို့ ရည်ရွယ်၍ ကျင့်တော်မူသော သံဃာတော် အရှင်မြတ်များ။ (ဉာယပ္ပတိပန္နော)
      (၄) ရိုသေရန်နှင့် – ကောင်းမွန် ရိုသေစွာ ကျင့်တော်မူသော သံဃာတော် အရှင်မြတ်များ။ (သာမိစိပ္ပဋိပန္နော)
      (၅) လှူခံဆောင်ဝေး – အဝေးမှ ဆောင်ယူလာသော ပစ္စည်းများကို အလှူခံ ထိုက်ပါပေသော သံဃာတော် အရှင်မြတ်များ။ (အာဟုနေယျော)
      (၆) ထိုက်သေး ဧည့်ကောင်း – ဧည့်ကောင်း ဆောာင်ကောင်းတို့အတွက် ရည်ရွယ်ထားသော ပစ္စည်းများကိုပင် အလှူခံ ထိုက်ပါပေသော သံဃာတော် အရှင်မြတ်များ။ (ပါဟုနေယျော)
      (၇) မြတ်လှူ လောင်း၍ – မြင့်မြတ်သော ပစ္စည်းများကိုပင် အလှူခံ ထိုက်ပါပေသော သံဃာတော် အရှင်မြတ်များ။ (ဒက္ခိဏေယျော)
      (၈) အပေါင်း လက်ချီ – လူ၊ နတ်၊ ဗြဟ္မာအပေါင်းတို့ လက်အုပ်ချီမိုး ရှိခိုးခြင်းငှာ ထိုက်ပါပေသော သံဃာတော် အရှင်မြတ်များ။ (အဉ္စလိကရဏီယျော)
      (၉) လယ်ကောင်းမည် – ကုသိုလ်ကောင်းမှု မျိုးစေ့တို့ စိုက်ပျိုး ကြဲဖြန့်ရာ လယ်တာ မြေကောင်းသဖွယ် ဖြစ်ပါသော သံဃာတော် အရှင်မြတ်များ။ (အနုတ္တရံ ပုညက္ခေတ္တံ လောကဿ)

      • MaMa

        November 6, 2011 at 11:20 pm

        ဘလက်ချောရေးတဲ့ ဂေဇက်တံခါးစောင့်ကြီးကိုဖတ်ပြီး ပိုစ့်အဟောင်းတွေ ပြန်လှန်ရင်းနဲ့ ပြန်မန့်လိုက်ပါတယ်။ အစကတော့ ကြာပြီမို့လို့ မရေးတော့ပဲနေမလို့။ (ကိုယ့်အမှားကို မသိဟန်ဆောင်ချင်တာလည်း ပါတာပေ့ါ။)
        ကျမပြောချင်တာက သံဃာ့ဂုဏ်တော်တွေထဲက ဥဇုပ္ပဋိပန္နော ပါ။ ချမ်းမြေ့ဆရာတော်ကြီးက သာဌေမာယာ ကင်းစင်စွာဖြင့် ဖြောင့်စွာ ကျင့်ကြံတော်မူတယ်လို့ ရေးထားတာကို (ပါဠိလိုလည်း မရေးတတ်တော့) မြန်မာလိုပဲ လွယ်လွယ် မှတ်ထားလိုက်မိတယ်။ အခု သစ်မင်း ပြောပြလိုက်တော့ သုဥဇူစ=အလွန့်အလွန့်ရိုးသားခြင်း၊မိမိကိုယ်ကို မလိမ်ညာခြင်းလို့ ဆိုတာကိုပါ သိသွားရလို့ အသိတမျိုး ပိုတိုးသွားတယ်။ အဲဒါကိုလည်း သဘောကျလို့ ဆောင်နိုင်အောင်ကြိုးစားပြီး ကိုယ့်အမှားကိုယ် ဝန်ခံသွားပါတယ်။

  • padonmar

    November 7, 2011 at 12:49 am

    ကိုသစ်မင်းရေ
    အခုတလော မအားလို့ စာတွေ ဖတ်ရုံဘဲဖတ်ပြီး မမန့်တော့ဘူးလို့နေတာ။
    ကိုသစ်မင်း ပမာဒလေခ သွားတာလေး နှမ်းဖြူးချင်လို့ပါ။
    ကိုသစ်မင်းစာနဲ့ comment တွေကကောင်းတော့ copy ကူးသွားကြတဲ့အခါ အမှန်လေးတွေဘဲ ပါသွားစေချင်လို့ရယ်၊ ဆရာလုပ်ခံရရင် စိတ်မဆိုးဘူးလို့သေချာတဲ့သူမို့ရယ်ပါ။
    လောကဓံတရား၈ပါး ပါဠိလိုမှာ
    အမှတ်၅ နိန္ဒာ=ကဲ့ရဲ့ခံရခြင်း
    အမှတ်၆ ပသံသာ=ချီးမွမ်းခံရခြင်း ဖြစ်ပါတယ်။
    ကျမလည်း တသက်လုံး အရှေ့က အကောင်းအုပ်စု အနောက်က အဆိုးအုပ်စုလို့ အမှတ်မှားလာတာ ဒီနှစ်ကျမှ ဒီတတွဲက ပြောင်းပြန်မှန်းသိမိပါတယ်။

    • thit min

      November 7, 2011 at 8:21 am

      လွန်စွာကျေးဇူးတင်ရပါသည် မပဒုမ္မာရေ။
      နို့မို့ဆို အဲဒီအမှားကြီး ဒီအတိုင်းဖြစ်နေတော့မှာပါ။
      ကျနော်ရေးပြီးပြန်မစစ်မိလိုက်လို့ပါခင်ဗျာ။
      အမှားကို ထောက်ပြပေးတဲ့အခါ သစ်မင်းစိတ်မဆိုးဘူးဆိုတဲ့ မပဒုမ္မာရဲ့စကားလေးကိုပြုံးမိတယ်။
      ဟုတ်ကဲ့အဲဒီအတိုင်းပါဘဲ။
      ဝမ်းသာအားရကိုကြိုဆိုလက်ခံပါတယ်ခင်ဗျာ။
      အမှားကိုအမှန်ပြင်မှတိုးတက်မှုဆိုတာရှိမှာမဟုတ်ပါလား။
      ဒေါက်တာ ပဒုမ္မာပျောက်နေလို့ အလုပ်ရှုပ်နေတာလားလို့တောင်စဉ်းစားမိပါသေးတယ်။
      ရွှင်လန်းချမ်းမြေ့ပါစေလို့။
      လေးစားစွာဖြင့်
      သစ်မင်း

Leave a Reply