ကယ်မှာလား?… မကယ်ဘူးလား? (သို ့) ရေသူထီး
ဟိုနေ ့က “ ပနားမားတူးမြောင်း အမှတ်တရ ” ဓာတ်ပုံ တင်ရာမှာ… ကောမန် ့၌… ကိုရင်မောင်က သင်္ဘောသီး အကြောင်းလေးရေးပါဦး.. ဆိုလို ့ရေးပါတယ်။ ရေးတာနဲ ့စတွေ ့တာဘဲ… ကျွန်တော်က မူလတန်း မှ အထက်တန်း အထိ… မြန်မာစာမှာ စာစီစာကုံး ဆိုလို ့ကတော့… ဝေးဝေးရှောင် ဝေါင်ဝေါင်ရှေးပြီး …ချန်ခဲ့သည်က များပါတယ်။ ထို ့ကြောင့်လည်း ၁ဝတန်းတွင် မြန်မာစာကို ဂုဏ်ထူး ၄၈မှတ်နှင့် အောင်ပါတယ်။ အင်း…ခေါင်းစဉ်ကတော့တက်လိုက်ပြီ နိဒါန်း ကိုဘယ်လိုစရမည် မသိ…ထိုကြောင့်…မဂ္ဂဇင်းစာအုပ် ပြေးလှန်ရ၏။ တွေ ့ပါပြီ မဂ္ဂဇင်းထဲတွင် ညဉ့် ၂ ချက်တီး အချိန်နှင့် စထား၏။
ကျွန်တော်ကတော့ ည ၁ဝ ချက်တီး အချိန်နှင့်စမည်။ မအိပ်ရသေး…အဘယ်ကြောင့်ဆိုသော်…ကျွန်တော်၏ အလုပ်ချိန်က ၈ – ၁၂ နာရီ ပါ။ AB တို ့ရဲ့… တာဝန်ဝတ္တရား အတိုင်း… မှန်ပြောင်းတလက်နှင့် ဟိုကြည့် ဒီကြည့်ပေါ့။ ဓားပြတွေရဲ့ ရန်ကိုလည်း ကြောက်ရသေးတယ်…သိတယ်မှတ်လား… သူတို ့က ဓားတွေနှင့်… ကိုယ့်မှာက တုတ်ပဲရှိတယ်။ ဟိုကြည့် ဒီကြည့် အပြီး “ ရှင်းတယ် ” ဟု တာဝန်ကျ အရာရှိ ကိုပြောရသေးတယ်။ ရှင်းတယ်ဆိုတော့ ပျင်းတာပေါ့…အဲဒါနဲ ့ နှစ်ယောက်သား စကားပြောတယ်…ပြောရင်းပြောရင်း ရေသူမ အကြောင်း ရောက်သွားရော။ တကယ် ရှိ… မရှိ…ငြင်းကြခုန်ကြရင်း ၁၂ နာရီ ထိုးသွားပါရော။ အလုပ်ချိန် ပြီးပြီဆိုတော့… ဆက်၍ငြင်းမနေတော့…အိပ်ငိုက်ပြီလေ။ အဲဒါနဲ ့ တစ်ခါထဲ ဆင်းပြေးပြီး…တစ်ချိုးထဲ စက်တော်ခေါ်လိုက်တယ်။ ရေသူမ အကြောင်း ပြောထားလို ့လားမသိ…အိမ်မက်ထဲ…ရေသူမလေးတွေ ရောက်လာပါရော။ ဒါနဲ ့ ကောင်းခန်းရောက်နေတုန်း…ဂွမ်..ဂွမ်..ဂွမ်…ဆို နာရီနှိ ုးစက်မှ အသံက…မြည်ပါလေရော။
ကျွန်တော်လည်း ကမန်းကတန်းထ…မျက်နှာသစ်၊ သွားတိုက်၊ မနက်စာ စားပြီး…တာဝန်ဝတ္တရား အတိုုင်း သင်္ဘောပဲ့ကိုင်ခန်းကိုတက်ပြီး…မှန်ပြောင်းတစ်လက်နှင့် ဟိုကြည့် ဒီကြည့်…စင်္ကာပူရေလက်ကြားရောက်လာပြီ ဆိုတော့…သင်္ဘောတွေ၊ ငါးဖမ်းလှေတွေ နှင့် ရှုပ်နေတာပေါ့…မကြာပါဘူး ကြည့်ရင်း ကြည့်ရင်းနဲ ့ သင်္ဘောအရှေ့ ၄ မိုင် လောက်မှာ မည်းမည်းလေး…ပေါ်လိုက်၊ ပျောက်လိုက်နဲ ့…ဘာလဲပေါ့။ သဲသဲကွဲကွဲ မမြင်သေး…တဖြည်းဖြည်းနီးလာတော့…လက်လှမ်းပြပါလေရော။ ကျွန်တော်လည်း အိပ်ချင်မူးတူး နဲ ့ဆိုတော့…အိမ်မက်ထဲက ရေသူမများ ကိုယ်ထင်ပြလားပေါ့။ ဒါနဲ ့…တာဝန်ကျ အရာရှိကို သတင်းပို ့တာပေါ့…“ ရှေ့မှာ ရေသူမ..ရေသူမ ” ပေါ့။ သတင်းမပို ့လို ့လည်းမရ…ရေသူမက သင်္ဘောရှေ့တည့်တည့်ကြီးမှာ…ဒီအတိုင်းသွားလို ့ကတော့ ရေသူမက သင်္ဘောအောက်ရောက်…ပန်ကာနဲ ့ ခုတ်မိပြီး…တစစီ ဖြစ်သွားမည်။ သတင်းပို ့တော့ တာဝန်ကျ အရာရှိက ဘာပြောတယ်မှတ်တုန်း…မင်းက ညက ကိစ္စ အခဲမကြေလို ့လက်စားချေတာလားတဲ့။ ကျွန်တော်ကလည်း ဘာရမလဲ…မှန်ပြောင်းကြီး သူ ့လက်ထဲအတင်းထိုးထည့်ပြီး ကြည့်ခိုင်းတာပေါ့။ အဲဒီတော့မှ ကိုရွှေချောက ယုံသွားတယ်။ ကျွန်တော်ကတော့ တက်မကိုင်တဲ့နေရာကိုသွား…ဘာအမိန် ့ပေးမလဲ စောင့်…သူကဘယ်ဘက် ၅ ဒီဂရီဆိုတော့…ခလုတ်ကို ဘယ်ဘက် ၅ ခါ နှိုပ်တာပေါ့။ အော်တိုဆိုတော့ သင်္ဘောက ဘယ်ဘက်ကို…အလိုလိုကွေ ့သွားတာတယ်။ သူကတော့ သူကြီးအခန်း ဖုန်းဆက်…ရှေ့မှ သင်္ဘောသားတွေကို စကားပြောစက်ထဲကနေ…ရှေ့မှာ လူတစ်ယောက် ရေထဲကျနေတယ် လှမ်းပြော…အင်ဂျင်ခန်းကို ဖုန်းဆက် အသင့်အနေအထား…လိုအပ်ရင် အရှိန်လျှော့ မယ်ပေါ့။ ရှေ့က သင်္ဘောသီးတွေကလည်း…Drill ထဲကအတိုင်း အသက်ကယ် ဘောကွင်းကြီးတွေကိုင်ပြီး အဆင်သင့် အနေအထားနဲ ့ စောင့်နေတာတယ်။
လာပါပြီဗျာ…သူကြီးမင်း…အိပ်မှ ုန်စုံမွှားနဲ ့ တက်လာပါရော။ တာဝန်ကျအရာရှိက သူကြီး ဘာလုပ်မှာလဲ…“ ကယ်မှာလား၊ မကယ်ဘူးလား” မေးတယ်… ၁ မိုင်လောက်ပဲ လိုတော့တယ်…ဘာပြန်ဖြေတယ်မှတ်လဲ မကယ်ဘူးတဲ့ဗျာ။ ပြီးတော့ နောက်က သင်္ဘောတွေကို လူတစ်ယောက်ရေထဲကျ နေတာကို သတင်းပို ့ခိုင်းတယ်။ ကျွန်တော်တို ့ သင်္ဘောက ရှေ့ဆုံးက…နောက်မှာ ၄ မိုင်မှာတစ်စီး၊ ၁ဝ မိုင် လောက်မှာတစ်စီး လိုက်လာတဲ့ သင်္ဘောတွေ ရှိတာကိုး။ အဲဒီအချိန်မှာ ရေသူမက သင်္ဘော အနားရောက်နေပြီ…သိပ်မဝေး ၁ဝ မီတာ လောက်ပဲ ဝေးတယ်။ ကျွန်တော်တို ့လည်း အသက်ကယ်ဘောကွင်းကြီး ကိုင်ပြီး ကြည့်နေလိုက်ရတော့တယ်။ သေသေချာချာ မြင်ရတော့…ယောကျာ်းဗျ…ရေသူထီး…ဖြစ်နေတယ်။ ပါးစပ်ကလဲ Help me, Help me နဲ ့ အော်နေတယ်။ သူကြီးက မကယ်ရဆိုတော့…အသက်ကယ်ဘောကွင်း ကိုမပစ်ရဲ။ အမိန် ့မရပဲ ပစ်လျှင် အဆူအဆဲက ခံရဦးမယ်…သူ ့ထိုက်နဲ ့ သူ ့ကံပဲလေ။ ဒါနဲ ့ပဲ ရေသူထီး ကို ကျွန်တော်တို ့ သင်္ဘောက ကျော်သွားပါရော။ သင်္ဘောသားတွေလဲ ကိုယ့်အလုပ်ကိုယ် ပြန်လုပ်ရင်း…သူကြီး အကြောင်း အတင်းတုတ်နေကြတယ်…လူတွေ ့တာတောင် မကယ်ဘူး…ဘာညာပေါ့။
ကျွန်တော်က သူကြီးကိုမေးတယ်…ဘာလို ့မကယ်တာလဲ? သူကလည်း ဖြေပါတယ်…ရေသူထီးကို တွေ ့တဲ့အချိန် နဲ ့ နေရာက အရမ်းနီးကပ်နေ၍ အရှိန်လျှော့လျှင်လည်း ကျော်သွားမည် ဖြစ်ကြောင်း၊ သင်္ဘောတွေ ရှုပ်နေ၍ ကွေ ့လို ့ ပြုလို ့မလွယ်ကြောင်း… ပြန်ဖြေပါတယ်။ ကျွန်တော်က စောဒကတက်ပြီး… အသက်ကယ် ဘောကွင်းကို ပစ်လျှင်ရတာပဲ ဟုပြောပါတယ်။ သူက…အသက်ကယ်ဘောကွင်းတွင် သင်္ဘော နာမည် ပါကြောင်း…ပစ်လိုက်လျှင် ကုမ္မဏီကို ဖြေရှင်းချက်တွေ ပေးရမည်ဖြစ်ကြောင်း ဖြေပါတယ်။ ဟုတ်တော့လဲ ဟုတ်ပါတယ်…သင်္ဘောတွေက အချိန် တိတိကျကျ အလုပ်လုပ်ကြရ ပါတယ်။ ကွန်တိန်နာတွေကပိုဆိုးတယ်…ဒီနေ ့ဒီအချိန်ဆို ရောက်အောင်မောင်းပဲ…မရောက်လို ့ကတော့…ကုမ္မဏီက သူကြီးကို ထောင်းမှာ။ သူလဲအထောင်းဘယ်ခံ ချင်ပါ့မလဲ။
ဒါနဲ ့ဘဲ ကျွန်တော်လည်း နောက်က သင်္ဘော ၎င်း ရေသူထီးကို ကယ်မလားလို ့ မှန်ပြောင်းနှင့် ကြည့်တာပေါ့။ သူ လည်း မကယ်ဘူးဗျ။ ဪ တော်တော် မေတ္တာ တရား ခေါင်းပါးပါ လားလို ့စဉ်းစားမိပါတယ်။ နောက် ၄၅ မိနစ်လောက် လဲကျရော ရေသူထီး ကို ကယ်တင်လိုက်ပြီ ဖြစ်ကြောင်း သင်္ဘောတစ်စီးမှ ကြေးနန်းပို ့လိုက်ခြင်းကြောင့် စိတ်သက်သာရာ ရသွားပါတယ်။ ကျွန်တော်လည်း ရေသူထီး နေရာမှာငါသာ ဆိုလျှင်……..THE END………. ပေါ့ဗျာ။
23 comments
thit min
October 31, 2011 at 8:10 am
လူဘဲဖြစ်မှာပေါ့ဗျာ။ Help me, Help me အော်နေတယ်ဆိုမှတော့။
သိုးဆောင်းဘာသာတတ်တဲ့ရေသူထီးရှိရင်တော့လဲမပြောတတ်ဘူးဝေ့။
koyinmaung
October 31, 2011 at 8:25 am
စိတ်ဝင်စားစရာကောင်းပါတယ ်ဂြိုလ်သားလေး အဲ့ .. ယောင်လို့ အီးတီလေးရေ
တော်သေးတာပေါ့နောက်သင်္ဘောက ကယ်သွားလို့….
ကျေးဇူးတင်ပါတယ်…ဆက်ရေးပါအုံး
အားပေးနေပါတယ်….
Moe Z
October 31, 2011 at 8:37 am
မယုံဘူး ဓာတ်ပုံပြမှယုံမယ် 🙂
အိပ်မက်မက်နေတာ မဟုတ်လား
အီးတီ
October 31, 2011 at 7:42 pm
အလုပ်များနေလို ့ မရိုက်ဖြစ်လိုက်ဘူး။ ရိုက်လိုက်ရမှာ။
သက်သေ ပြလို ့မရတော့ဘူး 🙁
pan pan
October 31, 2011 at 8:47 am
တော်သေးတာပေ့ါ
ကယ်သူမရှိရင် အဲဒီရေသူထီး နောင်ဘဝ တကယ့်ရေသူထီးဖြစ်တော့မှာ 🙄
Foreign Resident
October 31, 2011 at 8:51 am
စင်္ကာပူရေလက်ကြား ထဲမှာ သင်္ဘောတွေအားလုံး
SBE ( Stand By Engine ) နှင့်ပဲမောင်းတာပဲ ။
Super Tanker ကလွဲပြီး Speed မလျှော့နိုင်စရာ မရှိပါဘူး ။
ထားပါ ။
သူကြီးက အရမ်းနီးလို့ မကယ်နိုင်ဘူး ဆိုရင်လဲ
Life Buoy & Smoke Signal တော့ အနဲဆုံးပြစ်ချပေးရမှာပါ ။
ပြီးမှ Singapore VTIS ကိုအကြောင်းကြားရင်
VTIS ကတောင် Thank You လုပ်အုံးမှာပါ ။
အလကား သူကြီး သူစာတိုစာရှည် မရေးချင်တိုင်း
ကိုယ်ချင်းမစာတာ ။
သူကြီးက ရွှေပဲလား ။
Next Port က Singapore ဆိုရင်တော့
MPA ( Maritime Port Authority ) ကို လက်တို့လိုက်ရုံပါပဲ ။
သူကြီးက အဲဒီတော့မှ MPA ကို သူ့လုပ်ရပ်မှန်ကြောင်း
ပိုင်ပိုင် နိုင်နိုင် ကြီရှင်းပြ ပါစေပေါ့ ။
အီးတီ
October 31, 2011 at 9:31 am
ဟုတ်ကဲ့ တစီးလုံး ရွှေ ပါ။ ကျွန်တော်က Life Buoy with Smoke Signal နားမှာပါ။
ချလိုက်ရင် သူ ့ရှေ့ကွက်တိ ရောက်သွားမှာ…သင်္ဘောပေါ်မှာ အမိန် ့က အမိန် ့ဆိုတော့
မလုပ်ရဲပါ။ သူကြီးက English လို သိပ်မကောင်းလို ့ စာတိုစာရှည် မရေးချင်ဘူး ထင်ပါတယ်။
ကြောင်ကြီး
October 31, 2011 at 9:18 am
ဟေး..ဒါမှ ဒို့ လှေသဂျီးကွ။ ရွာကိုဘာမှတ်သလဲ။ ကိုအီးတီခင်ဗျား.. ဆက်၍ စာကောင်းများ မျှော်နေပါသည်။ အထူးသဖြင့် ဆိပ်ကမ်းကပ်တဲ့အခါ သင်္ဘောသီးများ ဘုရားတရား အားထုတ်၊ ပုတီးစိပ် မေတ္တာပို့လုပ်ကြသည်၊ အပျော်အပါးလုပ်သူ မရှိသလောက်ဟု ရွာ၏ လှေသကြီး ဩဇီဦးဖောမှ ပြောဖူးပါသည်။ ဟုတ်မဟုတ် ကိုယ်တွေ့နှင့် အမြင်ကိုပါ ပို့စ်တပုဒ်ရေးရန် တောင်းဆိုပါ၏။ 🙄
အီးတီ
October 31, 2011 at 8:49 pm
ဦးဖော ရေးတာ ပိုကောင်းမယ် ထင်တယ်။ ဦးဖောက old service…old service!!
ကျွန်တော်က newbie. 😀
Foreign Resident
November 1, 2011 at 2:00 am
ရေးပါ ကို အီးတီ ရယ် ။
အဘတို့က အသက်ကြီးပါပြီကွယ် ။
သိပ်မရေးနိုင်တော့ပါဘူး ။
ကို အီးတီ တို့လို လူငယ် ခြေတက်လေးတွေကိုပဲ
အားပေးသွားမှာပါ ။
ပေါက်ဖော်
October 31, 2011 at 9:31 am
ဘာကိုကြည့်ပြီး အထီးလို ့ပြေတာလဲဟင်
ရေသူထီးက အဲနေရာမှာ…ငါးရှဉ့် ဆင်းငုပ်နေတာလားဟင် 🙄
etone
October 31, 2011 at 11:32 am
လူ့အသက်ကို တန်ဖိုးထားတဲ့ လူတိုင်း အမိန့် ၊ ပြစ်ဒဏ်တွေဆိုတာထက် အသက်ကယ်ဖို့ ကြိုးစားသင့်ပါတယ် … ။သူ့အသက်ကယ်လို့ …. ရလာတဲ့ ပီတိက …. arrival နောက်ကျလို့ အရစ်ခံရမှာနဲ့ ပြန်ချေလိုက်လျှင်တောင် အများကြီး သာနေပါသေးတယ် … ။ လူသား အချင်းချင်း စာနာစိတ်တွေ တကယ်ခေါင်းပါးကုန်ကြပြီ … စိတ်မောဒယ် 🙄
အီးတီ
October 31, 2011 at 8:59 pm
ကျွန်တော် သူကြီးမင်း ဖြစ်ရင် မမတုံး ပြောတဲ့အတိုင်း လူသား အချင်းချင်း
စာနာစိတ် အပြည့်ထားပါ့မယ်။
windtalker
October 31, 2011 at 12:11 pm
အနော် က အီးတီ စာကို ဖတ်ပြီး
ဟိုရခိုင်ဘက် မှာ ရှိတယ်ဆိုတဲ့ ရေသူထီး အကြောင်းရေးထားမယ် မှတ်နေတာဗျ
ဒီအတိုင်းဆိုရင်တော့ အီးတီ တို ့သဂျီးက တော်တော်လောတာဘဲနော်
စုံ စုံ
October 31, 2011 at 1:33 pm
တော်သေးတာပေါ့ နောက်သင်္ဘောကကယ်သွားလို့
မဟုတ်ရင် ဘယ်ချိန်ထိ ဒီရေသူထီးပင်လယ်ထဲမှာယက်ကန်ယက်ကန်ဖြစ်နေမလဲမသိ
ကိုအီးတီရေ နောက်ပိုင်းအတွေ့အကြုံတွေလဲဆက်ရေးပါဦး အားပေးပါတယ်နော်
ဆူး
October 31, 2011 at 1:48 pm
တိုက်တန်းနစ် ရုပ်ရှင်ထဲက အနီးဆုံး သင်္ဘောရဲ့ ဥပက္ခာပြုမှုကြောင့် လူပေါင်းများစွာ သေရသလိုမျိုး ဖြစ်နေတယ်။ တလောက တိုက်တန်းနစ် ရုပ်ရှင်ကို အဖြူအမဲ ရိုက်ထားတဲ့ ဇတ်လမ်းလေး ကြည့်ရတယ် နာမည်ကြီးတဲ့ ရုပ်ရှင်က အချစ်ကို အဓိက ထားထားပေမဲ့ အဖြူအမဲရုပ်ရှင်က အဲဒီအချိန်မှာ ဖြစ်တဲ့ ကိစ္စတွေကို သေချာ ရို်က်ထားတာ တော်တော် စိတ်မကောင်းဖြစ်မိတယ်။ ရိုက်ထားတာ တော်တော် ကောင်းတယ်။
အဲဒီနားသွားရင် အော်သံဆူသံတွေတောင် အခုထိ ရှိတုန်းဆိုလား.. ကြားဖူးတယ်။ ရွာထဲက သင်္ဘောသီးတွေ ရောက်ဖူးလား အဲဒီနားကို ???
ရောက်တုန်းကကော ဘယ်လိုနေခဲ့လဲ သိတဲ့ လူ ရှိရင် ပြောပြပါလား။
water-melon
October 31, 2011 at 2:25 pm
အထီးကြီးမို့ မကယ်တာပါ။ အမ သာဆို သူကြီးကိုယ်တိုင်ဆင်းကယ်မှာ။ အဟီ ဂျက်စပဲရိုး ဇာတ်ကားထဲက ရေသူမလေး ဖြစ်ကြည့်ပါလား။
Shwe Ei
October 31, 2011 at 4:49 pm
ရက်စက်လိုက်တဲ့သဂျီး လုပ်ရက်လိုက်တဲ့သဂျီး သူ့အလှည့်ကျမှ သင်္ဘောတက်ကျိတ်တာခံရမယ်။ x(
နွယ်ပင်
October 31, 2011 at 4:57 pm
ကိုယ်ရှေ့မှာ ဒီလိုဖြစ်နေတာ နေလဲနေနိုင်တဲ့ သဂျီး
ရေသူထီးခမျာ ကယ်မယ့်သူရှိလို့တော်သေးတာပေါ့
manawphyulay
October 31, 2011 at 5:22 pm
ဒီလိုနေရာမှာ မိန်းကလေးတစ်ယောက် ရေနစ်နေတယ်ဆိုရင်ကော ရေသူမလို့ ပြောမှာလားဟင်… မိန်းကလေးသာ နစ်နေခဲ့ရင် သူကြီးက ကယ်မယ်လို့ မြင်မိတာပဲ အဟိ…. ဟိတ်ကောင်တွေ အမိန့် ဘောကွင်းချ………… ဒါပဲ
အီးတီ
October 31, 2011 at 8:05 pm
မှန်တာပေါ့။ မိန်းကလေးသာ ဆိုရင် သင်္ဘောသားတွေ အားလုံး ရေထဲ ဒိုင်ဗင်ထိုးပြီး
ရေသူထီးတွေ ဖြစ်ကုန်မှာ။
GreeNSheeP
October 31, 2011 at 8:15 pm
ရေနစ်သူခဗျာ သနားစရာပါ
MaMa
November 1, 2011 at 7:29 am
ရေသူထီးကလည်း ဘယ်လိုက ဘယ်လို တစ်ယောက်ထဲ ပင်လယ်ထဲ ရောက်နေရပါလိမ့်??????