အမေ
အမေနှင့် မိလ္လာလုပ်သားကြီး ဦးကျော်တင့်
ဟိုတုန်းက ရေအိမ်သာ စံနစ် အတော် ဆိုးတယ်။ တွင်း အိမ်သာလည်းမဟုတ်ဘူး။
ပုံးသွန်အိမ်သာပေါ့။ ကျမတို့ မီးရထား အိမ်သာတွေကို မိလ္လာ လုပ်သားကြီးက တစ်ဘူတာ
ပြီး တစ်ဘူတာ လိုက်သွန်ပေးရတာ။
သူ့နာမည် ဦးကျော်တင့် တဲ့။ မိလ္လာလုပ်သားပေမဲ့ သန့်ပြန့်အောင်နေတယ်။ အိမ်သာ ကိစ္စ
ဝိစ္စ ပြီးရင် သူလက်ဆေးဖို့ စီစဉ်ပေးထားတဲ့နေရာမှာ ကျကျနန သန့်ရှင်းရေးလုပ်လေ့ရှိတယ်။
ရုံပိုင်ကြီးအိမ်၊ ရုံပိုင်လေးအိမ်၊ စသဖြင့် မီးရထားဝန်ထမ်းတွေ အိမ်တွေ မိလ္လာပုံးတွေ သွန်ပြီးရင်
သူ နောက်ရထားတစ်စီးနဲ့ နောက်ဘူတာ ဆက်သွားရပြန်တယ်။
တစ်ရက်မှာတော့ သူ အလုပ်ပြီးလို့ လက်တွေခြေတွေဆေးမလို့ လုပ်မဲ့ အချိန်မှာ အမေလေ
ရေဝင်ချိုးနေတာ။ တံခါး ချက်တော့ချတယ်။ မမိတမိ ထင်ပါတယ်။ ဦးကျော်တင့် ကလည်း
ဟိုဘက်ဘူတာကူးဖို့ အလျင်စလို ဖြစ်နေတော့ အမေရေချိုးနေတာ သတိမထားမိခဲဘူးလေ။
တံခါးကို အားနဲ့ဆွဲဖွင့်လိုက်တော့ အမေက ရေချိုးခန်းထဲမှာ ဆပ်ပြာတိုက်နေတာ။
” အို ဘုရား ဘုရား… ကန်တော့နော် ဒေါ်ဒေါ်…. ကန်တော့…. ကန်တော့”
ဒါနဲ့ ဦးကျော်တင့် ဘာလက် ဘာခြေမှ မဆေးဘဲ ဘူတာ ပလက်ဖောင်းပေါ်က ခုံလေးမှာ
သွားထိုင်နေပါရော။ အမေလည်း ရေအမြန်ချိုး အဝတ်အစားလဲပြီး….အိမ်ရှေ ့ ထွက်ကြည့်။
” မောင်ကျော်တင့် … မောင်ကျော်တင့်…. လာ.. လက်လာဆေးလှည့်.. လာပါ… ဒေါ်ဒေါ် မရှက်ပါဘူး”။
အမေလှမ်းခေါ်မှ ပိုဆိုးတော့တာ၊ ဦးကျော်တင့် ကို ရထားစီးမဲ့ ခရီးသည်တွေ ဝိုင်းကြည့်နေကြတာကိုး။
ဦးကျော်တင့် လှည့်ကို မကြည့်တော့ဘူး။ ရထားဝင်လာတာနဲ့ အတင်းရထားပေါ်တက်သွားလိုက်တာလေ။
ကျမတို့ မောင်နှစ်မတစ်တွေ အမေ့ကိုကြည့်ပြီး ငိုအားထက် ရယ်အားသန်ခဲ့ရပါတယ်။
အိုးတိုးအမ်းတမ်းဖြစ်နေတဲ့ အမေ့ ထက် ရထားပေါ်မှာ အနံ အသက် မကောင်းစွာနဲ့ စီးနင်းလိုက်ပါသွားမဲ့
ဦးကျော်တင့်ကို တွေးမိပြီး စိတ်မကောင်းဖြစ်ကြရပါတယ်။ နောက်(၂)ရက်လောက်ဦးကျော်တင့် အလုပ်
မဆင်းခဲ့ပါ။
ကျမတို့ တော်တော် အရွယ်ကြီးလာတော့ မိလ္လာပုံးသွန်စံနစ်မရှိတော့ပါဘူး။ တွင်းရေလောင်းအိမ်သာတွေပြောင်းဆောက်လာကြပါတယ်။ ဦးကျော်တင့် လက်ရေမဆေးလိုက်ရတဲ့ အကြောင်းကိုတော့ ကျမတို့တက္ကသိုလ်လောက်ရောက်တဲ့အထိ အမေ့ကိုစချင်ရင် ပြောနေကျ
ဖြစ်ခဲ့ရပါတော့တယ်။
ကျမ မမေ့နှိုင်သေးတဲ့ အမေ့ အကြောင်းတွေထဲက အဖြစ်အပျက်လေးတစ်ခုပါပဲ။ ကျမတို့ အမေ့ကို
လွမ်းနေတုန်းပါအမေ။
13 comments
TTNU
November 4, 2011 at 3:04 pm
ဂဇက် မိတ်ဆွေတို့ရေ
ဒီ ပို့စ်လေးတင်ဖို့ (၂) ရက်လောက် တင်လိုက် ပြုတ်ကျလိုက်နဲ့
ဘာဆက်လုပ်ရမှန်း မသိအောင် ဖြစ်ခဲ့တာ။ ( မကျွမ်းကျင်တာ ပိုများပါတယ်လေ။)
ဒါနဲ့ နောက်ဆုံး ဒီနေ့မှရတော့တယ်။ ဒါတောင် ထော့နဲ့ ထော့နဲ့နော်။
မိုဇီလာ ဖေါက်နေတော့ ဖလော့ခ် ကဝင်တာ ကွန်မန့်ပေးလို့ရတယ်။
ပို့စ်တင်လိုက်ရင် မြန်မာစာလုံးတွေက ဘာတွေဖောက်ပြန်တာလဲမသိ။
ခက်ခက်ခဲခဲ တင်ထားရတာလေးမို့ ဖတ်ပြီး ခံစားပေးကြပါနော်။
(ဒီဘွားတော် ကတစ်မှောင့် လို့ မပြောနဲ့နော်။)
pooch
November 4, 2011 at 3:53 pm
တီချယ်ရေ……. ဒီရက်ပိုင်း ကော်နက်ရှင် နှိပ်စက်သမျှကို အနော်လဲ လည်စင်းပြီးခံနေရတယ်… ဝဋ်ပါလာတာလား မသိဘူး 🙁
MaMa
November 4, 2011 at 3:32 pm
(ဒီဘွားတော်က တမှောင့် လို့ မပြောနဲ့နော်။)
ပြောပါ့မလား ကိုယ့် တီချယ်နုနု ကို။
ကျော်ဟိန်းစကားခဏယူသုံးရရင် အသက်ကြီးပေမယ့် အသည်းက နုနုလေး ဆိုသလို …. 😉
အသက်ဘယ်လောက်ကြီးကြီး အမေ့ဆီမှာတော့ ကလေး ပဲလေ။ ဟုတ် တယ် ဟုတ်.. 😛
kai
November 4, 2011 at 3:32 pm
ဂျပန်မှာနေတုံးကလေ…
ဝက်စ်လင်..နဘမ်းသတ်တာက.. တီဗီမှာအမြဲပြတာ..စိတ်ဝင်စားလို့ကြည့်ပါတယ်..။
ပြောရရင်.. ဝက်စ်လင်ဆိုတာမျိုးက.. တကယ်ချနေကြတာထက်..ပါဖောမန်င့်လုပ်နေတာမို့.. လူစိတ်ဝင်စားအောင်.. ပညာမျိုးစုံပြတာပေါ့..။
အဲဒါ.. တကယ်က.. ပွဲမစခင်ကတည်းက.. ရှုံးမဲ့သူနဲ့ နိုင်မဲ့သူသတ်မှတ်ပြီးသားပေါ့..(ရုပ်ရှင်တွေလိုပါပဲ)
အဲဒါ..
ရှုံးမဲ့တယောက်ကို နိုင်မဲ့သူက..ဖနောက်နဲပေါက်..ထိုးကြိတ်နေတာ.. ရုတ်တရက်..အဖွားကြီးတယောက် ကြိုးဝိုင်းထဲပြေးဝင်သွားပြီး.. ထိုးကြိတ်နေတဲ့..ဝက်စ်လင်သမားဗလကြီးကို.. နောက်ကနေ.. ကိုင်လာတဲ့ထီးစုတ်ကလေးနဲ့ဝင်ရိုက်ပါတယ်..။
လူတွေရုုတ်ရုတ်သဲသဲဖြစ်.. လုံခြုံရေးတွေဆွဲချရတော့တာပေါ့..
မေးတော့မှ..
ကြိုးဝိုင်းထဲအထိုးခံနေရတာ..သူ့သားတဲ့လေ…။
အဲဒါ..အမေ..။
Diamond Key
November 4, 2011 at 3:53 pm
ဒီဘွားတော် ကတစ်မှောင့် လို့တော့ လုံးဝမပြောပါ တီတီနု ခင်ဗျာ၊
သိပ်ကိုအားနားတတ်တဲ့ ဦးကျော်တင့်ကြီး ၂ရက်တောင် အလုပ်မဆင်းရလောင်အောင် ဘာများ လန့်သွားလဲမသိဘူးနော်။ တော်တော် ကြောက်နေတာများလား ??? (သူ့ကို တံခါးကိုတအားဖွင့်လိုက်တာကို တိုင်မှာစိုးလို့) း) း)
khinmintatthu
November 4, 2011 at 3:56 pm
ခက်ခက်ခဲခဲတင်ရလို့နဲ့တူတယ်… ဖတ်ရတာတော်တော်လေး ကောင်းပါတယ်….
blackchaw
November 4, 2011 at 4:17 pm
ဆရာမကြီးခင်ဗျား။
တပည့်လေး ဘလက်
ဝင်ရောက်ဖတ်ရှုပြီး ဖြစ်ပါကြောင်း။
windtalker
November 4, 2011 at 9:25 pm
“ဒါပေမယ့် သမီးတစ်ယောက်ပါ အမေ
အမေတစ်ခု သမီးတစ်ခု မို ့ပါဘဲလေ….”
လို ့ထူးအိမ်သင် သီချင်းလေးကို စာသားပြောင်းပြီးကြားယောင်လာသလိုပဲဗျာ..
ကြောင်ကြီး
November 5, 2011 at 10:17 am
ပညာတရား
ရင်မှာထားတဲ့အမေ
မြင်သာအသွား (ကညနရုံးချုပ် – တောင်ဥက္ကလာပ)
ဂွင်ရှာစားလို့
အကြင်နာမပွားနိုင်တော့ပေ…။ 😛
ba gyi
November 5, 2011 at 1:43 pm
မိဘလွမ်းချင်းလေးတစ်ပုဒ်ကို၊ သွက်လက်သောအဖွဲ့ကလေးနှင့် ချစ်စရာကောင်းစွာရေးထားသည်မှာ။တိုတို
ရှင်းရှင်းကလေးနှင့်ဖတ်လို့ကောင်းပါသည်ခင်ဗျား။
thit min
November 5, 2011 at 7:00 pm
စိတ်နှလုံးကောင်းတဲ့ မိခင်ကမွေးလို့၊စိတ်နှလုံးကောင်းတဲ့ဆရာမ တယောက်ဖြစ်လာတယ်လို့
သိလိုက်ရပါတယ်။
တဘက်လူရဲ့အမှားဆိုတဲ့ကိစ္စတခုအပေါ်မှာလူတယောက်ရဲ့တုန့်ပြန်မှုဟာအဲဒီလူရဲ့
နှလုံးသားအရည်အသွေးနဲ့စိတ်အဆင့်အတန်းကိုဖော်ပြတာမဟုတ်ပါလားခင်ဗျာ။
ပေါက်ဖော်
November 5, 2011 at 8:22 pm
ဘွားဒေါ်..အဲ..အဲ..တီချယ်ကြီးနု
ရေချိုးရင်တံခါးပိတ်ဦးနော်..
တီချယ့် မေမေ့လို မဖြစ်စေနဲ ့..
😆
TTNU
November 5, 2011 at 9:14 pm
(၁) ပူးချ်ရေ သမီးကမှ ဒီ အိုင်တီဆိုတဲ့ ဟာကြီး လုပ်တတ်သေး။ တီချာမှာဖြင့် အနုလက်နဲ့ ပဲတီချဉ်
သိပ်နေသလိုပါပဲအေ ဟဲ့။
(၂)မမရေ… တီချာအသည်းနုတာ ရိပ်မိသွားပြီလားကွယ်။
(၃)ကိုခိုင်ရေ… တီချာလည်း ဝက်စ်လင် နပန်းသမားရဲ ့ အမေ လို သားသမီးထိ မချိအောင်နာတတ်သူ
အမေမျိုးတွေတွေ့ဖူးတယ်။ စိတ်ညစ်စရာကောင်းပေမဲ့ သနားစရာကောင်းလောက်အောင်ကို ချစ်ဖို့
ကောင်းတယ်နော်။
(၄)ကိုစိန်သော့ရေ… ဦးကျော်တင့်ကြီး ကြောက်သွားတယ်ဆိုတာ ထက် ရှက်သွားတာနေမှာ။
(၅)ခင်မင်တတ်သူရေ… ဖတ်ကောင်းတယ်ဆိုလို့ ကျေးဇူးနော။
(၆)ကိုဘလက်လေး… တပည့်လေး …ဂဇက်ရွာလေးထဲမှာနေ…စာတွေသာမှန်မှန်ဖတ်…
သူတော်တော်ဝေဖန်တတ်။
(၇)ကိုဝင်းထော်လခါရေ…အဲဒီစာသားထက် ပိုကြားယောင်တာက….အမေ့အိမ်ကိုပဲ×× ချစ်သမီး
လွမ်းပါတယ်××။
(၈)ကိုကြီးကြောင်ရေ… အမေ့ကို မေ့ထားတာ အကြင်နာ မပွားနိုင်တော့တာ ကြင်ယာရသွားလို့
မဟုတ်လား။
(၉)ဘကြီးရေ…ကျေးဇူးပါတော်။
(၁၀)ဆရာသစ်ရေ… စိတ်နှလုံးကောင်းတဲ့ဆရာမလို့ ခရက်ဒစ်ပေးတာ ကျေးကျူးကမ ္ဘာ
ဆိုင်ပါနော်။ စိတ်နှလုံးကောင်းတဲ့ဂဇက်မိတ်ဆွေတွေ တွေ့နေရမှတော့ ကျမ စိတ်ပုပ်တွေ
သွားပြီပေါ့ရှင်။
(၁၁)ကိုပေါက်ဖော်ရေ… ဟုတ်ပါ့ တံခါးသေသေချာချာပိတ်ရမယ်။ You are very thoughtful. 😉