စေတနာကို ပေတရာမှာ ချနင်းသူများ – ၁

AKKONovember 4, 20111min21413

လောကကြီးထဲ လူတွေများစွာရှိပါလျှက်  အခြေခံလူတန်းစားတွေကို သနားမိတဲ့ ကျွန်တော်အဖြစ်ပျက်လေးရင်နာနာနဲ့ ပြောပါဦးမယ် ။ စေတနာဆိုတာ လူသားအချင်းချင်းကြားမှာ အပြန်လှန်ရှိလျှင် နှစ်ဦးနှစ်ဖက်အကျိုးရှိပါတယ် ကြည်နူးစရာလည်းကောင်းလှပါတယ် ။ ဒါပေမယ့် စေတနာထားတဲ့နေရာလွဲမှားသွားပြီဆိုလျှင်တော့ စေတနာကနေ ဝေဒနာအဖြစ်ပြောင်းသွားတတ်ပါတယ် ။

လူတွေဗျာ စိတ်ကောင်းထားလို့ နည်းနည်းမှ မကောင်းဘူး ။ ထားခဲ့ဖူးတဲ့ စေတနာလေးတောင် နည်းနည်းပျက်ချင်လာပါပြီ ။ ဒီလိုပါ

ကျွန်တော် ဆေးရုံက အားတဲ့အချိန် အချိန်ပိုင်း အလုပ်ဝင်တဲ့စက်ရုံအနီးနားက အခြေခံလူတန်းစားတွေကြားမှာ စရိတ်စက အသက်သာဆုံးဆေးခန်းတခုဖွင့်ခဲ့တယ် ။ ရည်ရွယ်ချက်ကတော့ အခြေခံလူတန်းစားတွေကြားဖြစ်ပေါ်နေတဲ့ ကျန်းမာရေး အယူဆလွဲတွေနဲ့ ခဏခဏကလေးဖျက်တဲ့ အန္တရာယ်ကနေ တတ်နိုင်သလောက် ကူညီဖျောင်းဖျ အသိပေးမယ်ပေါ့ဗျာ ။ ရည်ရွယ်ချက်လေးအောင်မြင်လျှင် ကျန်သူငယ်ချင်းတွေနဲ့ပေါင်းပြီး နေရာတိုးချဲ့ လုပ်ကိုင်ဖို့အထိ စိတ်ကူးရှိခဲ့ဖူးတယ် ။ တကယ်တမ်းလက်တွေ့ဘဝနဲ့ယှဉ်ကြည့်တော့မှ တော်တော် စိတ်ညစ်နေရပြီ ။ ကျွန်တော်ကတော့ လာသမျှ ဘုန်းကြီးနှင့် သီလရှင်တွေကို အခမဲ့ ကုသပေးပါတယ် ။ လိုအပ်တဲ့ ဆေးဝါး  နဲ့ ဓါတ်စာတွေကိုလည်း လှူဒါန်းပေးတယ် ။ ပြသနာက အဲ့ဒီမှာစတာပဲဗျ ။

ဘိုးကြီးတွေ ၊ လာဖူးတဲ့ လူနာတွေကနေတဆင့် ကျွန်တော့်ဆေးခန်း အကြောင်း တစေ့တစောင်းကြားပြီး လာတဲ့လူတွေလည်းရှိတယ် ။ ရိုးရိုးဆေးလာကုရုံဆို အပြစ်မပြောလိုပါဘူးဗျာ  ။ အခုတော့ ဆေးခန်းလာတဲ့ လူတွေထဲက တချို့ (နောကျေနေတဲ့လူတွေ) က ဆေးခန်းရောက်တုန်း ဟိုပုလင်းလေးပေးပါတောင်း ၊ ပလပ်စတစ်အိတ်လေး ပေးပါတောင်း ၊ ဝေါရှိလေး တစ်ခါတစ်လေ ကလေးတွေပါလာလျှင်တောင် ဆေးခန်းက မိစွာ စားဖို့ ထားထားတဲ့ မုန့်တွေ လက်ညိုးထိုးတောင်းတတ်လွန်းလို့ အားနာတတ်တဲ့ ကျွန်တော်နဲ့ ရန်ရှာတတ်တဲ့ မိစွာ ခဏခဏ နှောင်ချိန် ပလေးရပြန်တယ်  ။ မိစွာဆိုတာကတော့ ကျွန်တော့်ဆေးခန်းမှာ ဝိုင်းကူလုပ်ပေးပြီး  မုန့်ဖိုးများများ ယူတတ်တဲ့  ခပ်စွာစွာကောင်မလေးပါပဲ ။ အခြေခံလူတန်းစား များအကြား စရိုက်ကြမ်းတာကများတယ်လေ ။ စိတ်မထင်လျှင် မထင်သလို ပြောသင့်မပြောသင့် အားမနာတတ်တဲ့ မိစွာနဲ့ သူတို့စရိုက်တော့ အတော်ပါပဲ ။ ကျွန်တော် တယောက်တည်းဆို သူတို့တောင်းသမျှ ပေးလိုက်ရလို့ အကျီ င်္တောင် ဝတ်ဖို့ ကျန်မှာ မဟုတ်ပါဘူး ။

လူတွေကလည်း လည်တယ်ဗျ ။ မိစွာ အခန်းထဲရှိနေချိန်ဆို ဘာပစ္စည်းမှ မတောင်းဘူး ။ ကျီးကန်းတောင်းမှောက် လှည့်ပတ်ကြည့်ဖိုကမပြောနဲ့  အသံကျယ်ကျယ်တောင် ဆူဆူပူပူ မပြောကြဘူး ။ မိစွာက စိတ်ထဲမတွေ့လျှင် ဟောက်တော့မှာကိုး ။ တစ်ခါတစ်လေလည်း ဒီမိစွာနဲ့တော့ ခက်ရပါတယ်  ။ အားမနာတတ်ပဲ ပြောချင်တာရှိလျှင် ဘုဘုဘောက်ဘောက်ပြောတတ်တာကြောင့်ပါ ။ တချို့နေရာတွေမှာ လောကွတ်လေးလုပ်ပြီး  နေရတာမျိုးရှိတယ် ဒါကို သူမလုပ်တတ်၊ မလုပ်ချင်ဘူး ။ ကျွန်တော်ပြောပြလို့ သူက အရမ်းစွာနေတာမျိုးလည်း မဟုတ်ဘူးဗျ ၊ လူမှန်း သူမှန်းတော့ သူနားလည်ပါတယ် ဆေးခန်းလာပြရုံနဲ့ ရန်မတွေ့ပါဘူး ။ တချို့သော ကပ်သီးကပ်ဖဲ့ လူတွေ ၊ စကားပြောမတတ်တဲ့ လူတွေကိုသာ ပက်ခနဲ ပြန်ပြောတတ်တာပါ ။ မှန်တယ်ထင်လျှင် လုပ်ရဲတဲ့ စိတ်လေးရှိတာတော့ ကောင်းပါတယ် ဒါပေမယ့် လူတွေကြားထဲ မှန်လွန်းလျှင် ရွာပြင်ထုတ်ခံရတဲ့ သာဓကလည်းရှိတော့ ရင်လေးမိပါတယ် ။

တစ်ရက်ပေါ့ဗျာ မိစွာ မရောက်ခင် ကျွန်တော်အရင် ဆေးခန်းကိုရောက်တယ် ။ ဆေးခန်းမဖွင့်ခင် ဆိုက်ကားကြီးနဲ့ အမျိုးသမီးတစ်ယောက် ထိုင်စောင့်နေလေရဲ့  ။ ကျွန်တော်လည်း ကပျာကယာ သော့ဖွင့်ပေးပြီး နေရာထိုင်ခင်းပေးတော့ ဆရာရေ ဆိုက်ကားစီးလာတာ ပိုက်ဆံရှင်းပေးလိုက်ပါတဲ့ လေ ။ ဗုဒေါ္ဓ  ကျွန်တော်ကို တသက်နဲ့တကိုယ် သူစီးလာတဲ့ ဆိုက်ကားရှင်းခိုင်းတဲ့ လူနာ မရှိခဲ့ဖူးဘူး  ။ ကျွန်တော်ဘာပြန်ပြောရမလဲ ပါးစပ်အဟောင်းသားဖြစ်နေတုန်း လက်ကအလိုလို တစ်ထောင်တန်တစ်ရွက်ထုတ်ပေးမိလျှက်သားဖြစ်သွားတယ် ။ တစ်ခါတစ်လေ အားနာမှုတွေနဲ့ တွေဝေတတ်တဲ့ ကျွန်တော့်ကို သူတို့ အနိုင်ကျင့်နေတဲ့အချိန် မိစွာရှိလျှင်ကောင်းမှာပဲလို့ တွေးမိတယ် ။ မိစွာသာရှိလျှင် ၎င်းအမျိုးသမီး မျက်ရည် ဗူးသီးလုံးလောက်ကျသွားမယ် သူ့တော်ကီအောက်မှာ ။  အောင့်သက်သက်နဲ့ ဆိုက်ကားခရှင်းပေးပြီး ဆေးကုဖို့ ပြင်ဆင်နေရင်း နောက်ကျတဲ့ မိစွကို တိတ်တိတ်မေတ္တာပို့မိတယ် ။ သူနောက်ကျလို့ ကျွန်တော့်ပိုက်ဆံ တစ်ထောင်တန် ဆိုက်ကားသမားက အသွားပြန်စာ ယူထားလိုက်လေပြီ ။

ပွစိပွစိ မိစွာပုံ

(အပိုင်းခွဲပြီး တင်ပါ့မယ် လောလောဆယ် ခဏပြေးရဦးမယ်ဆိုတော့  ဆက်ရန်မျှော်)

 

13 comments

  • nozomi

    November 4, 2011 at 5:14 pm

    မိစွာ ရွာလည် နေလို့ နောက်ကျနေတာပါ ဒေါက်တာကြီးရဲ့ ၊ မေတ္တာတွေ သိပ်ပို့မနေပါနဲ့ဦး
    ပို့စ် လေးက စိတ်ဝင်စားဘို့ကောင်းသလို၊လူနာတွေ အကြောင်း မိစွာအကြောင်း ပိုသိချင်လာတယ်
    မိစွာရဲ့ အတင်းလေး လျှို့ဝှက်ချက်လေးတွေ လုပ်ပါဦး ဒေါက်တာကြီးရဲ့ 🙂

    • AKKO

      November 5, 2011 at 10:11 am

      မိစွာအကြောင်းရော ၊ လူတွေလူပါးဝတာရော ပါပါဦးမယ် ။
      မကြာမီလာမည် မျှော် 🙂

  • windtalker

    November 4, 2011 at 6:49 pm

    အက်ကို ကတော့ ဖော်တော့မည်
    မိစွာလေးရေ လုံအောင်ပုန်း
    ဟီဟိ

  • naywoonni

    November 4, 2011 at 7:27 pm

    အဲဒါကြောင့် ပြောတာပေါ့….။ စေတနာသည် လူတိုင်းနဲ့မထိုက်တန်လို့ …။ အက်ကိုး တို့လည်း မိစွာရှိနေလို့သာပဲ …။နီု့မို့ဆို တိုင်ပတ်အက ကနေရလောက်ပြီ…။ ဟီးးးးးး

    • AKKO

      November 5, 2011 at 10:14 am

      ကိုနေဝင်းနီရေ သူလည်း အဲ့သလို ခဏခဏပြောပါတယ် 😛 သိပ်မမြှောက်ရဲဘူး ၊ နောက်ဆိုဆေးခန်းရှေ ့လူတောင် ဖြတ်မလျှောက်ရဲပဲနေမှာစိုးလို့ 😀 😀

  • etone

    November 5, 2011 at 9:01 am

    စေတနာကို ပေတရာမှာ ချနင်းခံရတယ်ဆိုတာကလည်း ကိုယ်တိုင်က အနေအေးလို့ဖြစ်မှာပေါ့ ။
    အခွင့်ရေးသမားတွေက လည်တယ် … ဘယ်လိုလူမျိုးကို ဘယ်လို အခွင့်ရေးယူရမလဲ သိနေတတ်တယ် ။
    ကိုယ်လုပ်သင့်ပြောသင့်တာကိုပြောတာပဲလေ …. ဘာမှ ဂရုစိုက်စရာမလိုဘူး ။
    ကိုယ့်ထမင်းကိုယ်စားတယ် သူများကို မကောင်းမကြံဘူး မယုတ်မာဘူး ၊ ကိုယ့်အပေါ်လည်း အကြောမခံဘူး …အစော်ကား မခံဘူး .. ဘလိုင်းကြီး လာရင့်ရင်တော့ … တုံ့ပြန်သင့်တယ် … မဟုတ်လျှင် ခေါင်းပေါ်တက် အီးအီးပါလိမ့်မယ် ..သဘောပေါက် 😀

    • ပေါက်ဖော်

      November 5, 2011 at 10:36 am

      ဟုတ်ပါတယ်..ဒေါက်တာ…
      မိစွာနဲ ့ဒေါက်တာနဲ ့ပူးပေါင်းလိုက်ရင်..အခွင်ရေးသမားတွေ လေးပြန် ့လန် ့ပြေးသွားမှာ
      ကျိန်းသေပါတယ် ဒေါင်တာ…ကျိန်းသေပါတယ်..
      😆

    • nigimi77

      November 5, 2011 at 3:09 pm

      ဘူကလဲ ?

      အိုက် အီးဒုံး ကလား ?

  • ကြောင်ကြီး

    November 5, 2011 at 10:23 am

    မိစွာကို
    ဖိနွှာဗျို့ (ရမှ) 😮
    ချော်မတွေးနဲ့
    ပြောချင်တာ
    မယားနေစ
    ကြွက်သေမှတဲ့
    ကိုယ်က
    ဦးအောင်နှက်မှ
    တော်ကာကြမယ်
    မိန်းမဆိုတဲ့အမျိုး
    လျှာအရိုးမရှိ…..။ :mrgreen:

    • chitlay

      November 5, 2011 at 11:08 am

      မယားနေစ ကြောင်သေမှပါ … ကိုကြောင်ကြီးက သူသေမှာတော့ ကြောက်သား … 😀
      ကိုယ့်စေတနာ ကိုယ့်အကျိုးပေးမယ်ဆိုသော်လည်း လူတိုင်းက စေတနာနဲ့မထိုက်တန်ကြဘူး ကို AKKO ရေ … စေတနာကို အသိအမှတ်ပြုတဲ့သူရှိသလို စော်ကားမော်ကားနဲ့ ပေတရာမှာနင်းချင်ကြတဲ့သူတွေလည်း ရှိတယ် …. အဲ့လိုလူမျိုးတွေ မိစွာနဲ့တွေ့မှ မှတ်မှာ … 🙂

    • etone

      November 5, 2011 at 11:27 am

      လျှာမှာရိုးမရှိ
      သူအဖြီးဟုတ်ဘိ
      လက်တွေ့မြင်သိ
      ကွယ်ရာခိုးကြည့်
      ရလိုရညား
      ကြုံသလိုပွား
      စော်လေးကပ်မခံ
      လက်ဝါးအပျံ
      နာနာသာထိ
      ကြောင်အမှတ်မရှိ 😀 😀 😀

  • ဆူး

    November 5, 2011 at 3:05 pm

    ‘ဒီပိုစ် နာမည်လေးကို မိစွာ အကြောင်းလို့ ပေးဖို့တောင်သင့် သလားလို့.. 😀

    ဆေးခန်းမှာ မိစွာ ရှိမှ ဖြစ်မယ်ပေါ့နော်..
    စီးပွားရေး အတွက်ကော ဇယားရှုပ်တဲ့ လူတွေ အတွက်ကော မိစွာ သည် မရှိမဖြစ် ဖြစ်တဲ့ အကြောင်း ကြေညာနေတာပဲ။

    ဒါနဲ့ ပွစိပွစိ မိစွာပုံ ဆိုပြီး တင်ထားတယ်။ ပွစိပွစိ လုပ်တာ ပါးစပ် မဟုတ်လားဟင်.. မသိလို့နော်..
    ပွစိပွစိ လုပ်နေတာနဲ့ မတူဘူး ဒေါပွပြီး အသားတုန်နေတာလား မသိဘူး မိစွာ ဒုတ်ရှာနေတာ ပိုစ်တင်ပြီး ကြေညာဝင်နေလို့.. ဟိဟိ

Leave a Reply