Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကိုကြောင်သို့….. (၁) (ဂျပန်နဲ့တို့တွေဘယ်လိုကွာ)

thit minNovember 7, 20111min63229
ကြောင်ကြီး says:

………………Culture လို့ ခြုံငုံ ကင်ပွန်းတပ်နိုင်
မလားမသိဘူး၊ ကျယ်ပြန့်လွန်းတော့ လုံးကောက် သတ်မှတ်ရခက်တယ်။ အဲဒီအချက်တွေကို
ဖြစ်စေနိုင်တဲ့ လိုအပ်ချက်လို့ ပြောရင်ရမယ်ထင်တယ်။ …….

……………………………………..
ဆရာသစ်အနေနဲ့
အာရှတိုက်က ဒေသအင်အားကြီး ဂျပန်နဲ့ တရုတ်နိုင်ငံတို့အပေါ် နှိုင်းယှဉ်ချက်များကိုလည်း
ဗဟုသုတ အလို့ငှာ ရေးစေချင်တယ်။ ဘယ်အချက်တွေက အဆုံးအဖြတ်ပေးနေလဲ၊ ပေးမှာလဲ။
ဂျပန်ဘာကြောင့် တန့်နေပြီး တရုတ်ဘာကြောင် တက်လာသလဲ၊ ဂျပန်ကြုံသလို တရုတ်ကြီးကို
မကြုံနိုင်ဘူးလား။ ကြုံမယ်ဆို ဘယ်နည်းဘယ်ပုံ ဘယ်တော့လောက်ဖြစ်မလဲ။ သူတို့မှာ
ဘာကန့်သတ်ချက်၊ အားသာချက်တွေ ရှိကြလဲ။ ကျနော်သတိပြုမိတာ ကိုရီးယားမှာလည်း ဂျပန်လို စီးပွားရေးအုပ်စုဂိုဏ်းကြီးတွေကြောင့် စီးပွားရေး တဟုန်ထိုးတက်လာ၊ နောက်တော့လည်း ဒင်းတို့ကြောင့်ပဲ ပြသနာတွေတက်ရ၊ ပြုပြင်ပြောင်းလဲရေးတွေလုပ်ရ၊
လုပ်ရင်းနဲ့ရှုပ်ကုန်ကြ ဖြစ်တာတွေ့လိုပါ။ တရုတ်ပြည်မှာ ဖြစ်တာတွေတော့ ရှိတယ်၊
သို့ပေမယ့် အရှိုက်ထိအောင် မဖြစ်သေးဘူး။ မေးတာ များနေရင် စိတ်မဆိုးနဲ့နော်။
အမေးအာကာသယာဉ်မှူး အဖြေစက်ပြင်သမားဆိုတာလည်း စာမှာရှိတာ နားလည်ပါ၏

 

စက်ပြင်သမားတော့မဖြစ်ပါရစေနဲ့ ကိုကြောင်ရယ်။

ဖြေဆိုရင်ဖြေပါ့မယ်ခင်ဗျ။

နိုင်ငံတနိုင်ငံရဲ့(SustainableDevelopment)ဖွံ့ဖြိုးမှုရေရှည်တည်တန့်ခိုင်မြဲမှုကို

စီးပွါးရေးတောင့်တင်းမှု(Sound Economy)၊

ကာကွယ်ရေး(စစ်ရေး= Defence)လိုအပ်ချက်လို(Hard Power)ပါဝါအမာတွေရှိပေမဲ့

(Soft Power) ပါဝါအပြော့မပါဘဲနဲ့ဘဲ ထိန်းလို့ မရပါဘူးတဲ့။

လူလိုစဉ်းစားရင်တော့ပိုက်ဆံရှိတိုင်းနေ့တိုင်းပျော်ပါးတဲ့နေရာဘဲသွားနေရင်တနေ့ခက်မယ်ပေါ့ဗျာ။

(ဒီနေရာမှာ ပါတဲ့ Keyword တွေက “ပိုက်ဆံ= ပါဝါအမာ၊ “ကိုယ်ကျင့်တရား=ပါဝါအပျော့)

အဲနိုင်ငံအနေနဲ့ကတော့ လတ်တွေ့မြင်သာအောင် ဥပမာထုတ်ပြရရင် လက်နက်အားကိုး (ပါဝါအမာ) နဲ့

ထိန်းတာ “ကဒါဖီ” လားပင်စင်ရသလိုပေါ့ဗျာ။

အာရှရဲ့ပါဝါအပြော့ကConfucianismကွန်ဖြူးရှပ်ဝါဒလို့

စင်ကာပူလီမျိုးနွယ်(လီကွန်းယု)ကရော၊ဂျပန်ခေါင်းဆောင်တွေကရော ပြောဆိုလာခဲ့ကြတာဗျ။

အာရှကျားတွေရော ၊နဂါးတွေရော ရှုပ်ရှက်ခက်ကုန်ရောလေ။

အဲဒီကွန်ဖြူးရှပ်ဝါဒကြောင့်တိုးတက်ရတယ်ပေါ့ဗျာ။

(လူကြီးမိဘစကားနားထောင်တဲ့ မိသားစုဝါဒလို အခြေခံအားဖြင့်ပြောရပါမယ်။

အလုပ်မှာလဲအထက်လူကြီးစကားအတိုင်းလုပ်ကြတယ်ပေါ့။ခေါင်းဆောင်မှုတခုတည်းအောက်မှာ

ညီညွတ်စွာလုပ်သောဝါဒ။အဲဒီလို။အဲဒီဝါဒဘဲနဲ့ဖြစ်တယ်ဆိုတာအောက်မှာ ကိုကြောင့်မေးခွန်းတွေဖြေးရင်းနဲ့

ပြောသွားပါ့မယ်နော့။)

အဲ နောက်လဲကျရော အာရှငွေကြေးအကျပ်အတည်း(Asian Financial Crisis) လည်းဖြစ်ကရော

အဲဒီအိုင်ဒီအိုလိုဂျီအဟောင်းကြီးကို နည်းလမ်းမှန်တဲ့ဟာကြီးမဟုတ်ဘူးဆိုလာကြတော့တာပေါ့။

အထင်ရှားဆုံးတွေကတော့၊ ၂ဝရာစုရဲ့အိုင်ဒီအိုလိုဂျီ ဘုရင်တွေလို့တင်စားလို့ရတဲ့ နာမည်ကျော်စာအုပ်

(ယဉ်ကျေးမှုများတိုးတိုက်ကြခြင်း=The Clash of Civilizations )ကိုရေးတဲ့

political scientist Samuel P. Huntington (ကိုဟန်တင်လို့ကျနော်ခေါ်တာ ဟဲဟဲ) ၊

သမိုင်းနိဂုံးနဲ့နောက်ဆုံးလူ=The End of History and the Last Man ကိုရေးတဲ့

Francis Fukuyama(ဖရန်စစ် ဖူးကူယာမ)၊

The Myth of Asia’s Miracle(အာရှအံ့ဘွယ်ပုံပြင်သဖွယ်)ကိုရေးတဲ့ Paul Krugman (ပေါလခရပ်မင်)လို၊

မနှစ်ကမြန်မာပြည်နေပြည်တော်ကိုသွားခဲ့တဲ့(ဘာသွားလုပ်လဲတော့သိဝူး) နိုဘဲဆုရ Joseph Stiglitz တို့လို

စီးပွါးရေးပညာရှင်တွေရဲ့ အာဘော်နဲ့ ကိုးကားဖြေပါ့မယ်။

(ကောင်မလေးကို အချစ်သက်သေပြ ပြီးအဖြေတောင်းရသလိုပေါ့ဗျာ၊အထောက်အထား)

သူတို့တညီတညွတ်တည်း ပြောကြတာက နိုင်ငံတနိုင်ငံကို Soft Power ပဲရေရှည်ထိန်းလို့ရတာပါတဲ့။

Soft Power = ပါဝါအပျော့ဆိုတာ ကြည်ညိုလေးစားတာပေါ့ဗျာ ကိုမောင်(ကိုကျော်သူ) တို့ ကိုသူရ (ကိုဇာဂနာ)

တို့ခင်ဗျားဆီထမင်းလာစားရင်ကြွေးမှာလား။ သိပ်ကြွေးတာပေါ့။ ဘယ်သူအမိန့်လဲ “လိုလို့လားအမိန့်”။

ကြည်ညိုတာ။ဒါပေမဲပါဝါပါတယ်နော်။

ကိုကြောင်ရေကျနော် ခင်ဗျားအိမ်မှာမစားချင်ဘူး၊ တနေရာဗျာဆိုလဲ ခင်ဗျားဖြစ်အောင်လုပ်ပေးမှာ။

ချစ်သွားပြီ၊ ကြည်ညိုသွားပြီ။ Respect ဗျ။

(Respect with love လေ နော့။ )

Fear ဆိုရင် (Fear with hate မုန်းပြီ)

“အချစ်အတွက်အသက်ပင်သေသေ” ဟော…. တွေ့လား(ပါဝါအပျော့ရဲ့ အပြင်းစားရိုက်ချက်)

ဒီဂရီခြင်းတောင်မတူသေးဘူး ပြောရရင် အမေစုနဲ့ကိုသူရ အဲဒီလို။

အပျော့ဆိုပေမဲ့ အားကောင်းတယ် အမာထက်။

အဲဒါကိုသူတို့အားလုံးထောက်ပြပြောဆိုကြလေရဲ့ ဗျို့။

အဲဒီ ” Soft Power” ကို။ Joseph Nye ဆိုသူက ၁၉၇ရ ခုနှစ်မှာ Power and Interdependence

ဆိုတဲ့စာအုပ်ကစာအုပ်မှာ ရေးခဲ့တာဗျ။ ကျနော်အဲဒါလေး ပို့စ်ရေးမလို့ပါ။

စိတ်အေးလက်အေးမရှိသေးလို့။ ခပ်လွယ်လွယ်ရေးလို့ရတာလေးတွေတင်နေတာဗျ။

ကိုကြောင်မေးခွန်းတွေကိုဖြေရရင် (ဟာခုမှဖြေရမှာလား ပြီးပြီမှတ်လို့?)(^^)

 

Question 1: Culture လို့ ခြုံငုံ ကင်ပွန်းတပ်နိုင် မလားမသိဘူး၊ ကျယ်ပြန့်လွန်းတော့ လုံးကောက်

သတ်မှတ်ရခက်တယ်။ အဲဒီအချက်တွေကို ဖြစ်စေနိုင်တဲ့ လိုအပ်ချက်လို့ ပြောရင်ရမယ်ထင်တယ်။

 

Ans: USA and China စူပါပါဝါနှိုင်းယှဉ်ချက်မှာကျနော် (၅)ချက်နဲ့ကြည့်တယ်လို့ပြောခဲ့တယ်နော်။

(စာညွန်း-စူပါပါဝါဖြစ်ဖို့ဆိုတာ…….thit min)

ခု ၂ ချက်ရှင်းပြီးပြီ၊ကျန်တဲ့အချက် (၃)ချက်ကဒီ ပါဝါအပျော့နဲ့တိုက်ရိုက်ပတ်သက်နေတယ်ဗျ။

ကိုကြောင်ပြောတဲ့ Culture လဲအဲဒီထဲပါနေတယ်လေ။ ကိုကြောင့်စကား”အဲဒီအချက်တွေကို ဖြစ်စေနိုင်တဲ့

လိုအပ်ချက်” ဟုတ်ကဲ့ အဲဒါ ပါဝါအပျော့ Soft Power ပါခင်ဗျ။

အဲဒါသိပ်လိုပါတယ်။

သိပြီး”ဘာ”ဆိုတာဘဲ ကိုကြောင်မပြောတတ်တာမလို့ တော်ပါပေတယ်လို့။(^^)

 

Question 2: အာရှတိုက်က ဒေသအင်အားကြီး ဂျပန်နဲ့ တရုတ်နိုင်ငံတို့အပေါ် နှိုင်းယှဉ်ချက်များကိုလည်း

ဗဟုသုတ အလို့ငှာ ရေးစေချင်တယ်။ ဘယ်အချက်တွေက အဆုံးအဖြတ်ပေးနေလဲ၊ ပေးမှာလဲ။

 

Ans:  (အဲဒီကွန်ဖြူးရှပ်ဝါဒကြောင့်တိုးတက်ရတယ်ပေါ့ဗျာ။ လူကြီးမိဘစကားနားထောင်တဲ့ မိသားစုဝါဒလို

အခြေခံအားဖြင့်ပြောရပါမယ်။ အလုပ်မှာလဲအထက်လူကြီးစကားအတိုင်းလုပ်ကြတယ်ပေါ့။

ခေါင်းဆောင်မှုတခုတည်းအောက်မှာ ညီညွတ်စွာလုပ်သောဝါဒ။အဲဒီလို။အဲဒီဝါဒဘဲနဲ့ဖြစ်တယ်ဆိုတာအောက်မှာ

ကိုကြောင့်မေးခွန်းတွေဖြေးရင်းနဲ့ ပြောသွားပါ့မယ်နော့။) ပြန်ကုတ်မယ်နော်။။

ဒီလိုဗျ၊ ဂျပန်ဆိုတာ တရုတ်ကြီးဆီက အင်ပို့(တင်သွင်းမှု)ကအများသားဗျ။

စာလုံးတွေကစလို့ ယဉ်ကျေးမှုပိုင်းဆိုင်ရာတွေအများကြီး မွေးစားယူခဲ့တာမဟုတ်လား။

(သူကြီးအိမ်သွားလည်ပြီးမေးဗျာ၊သူကပိုသိမှာ)

အဲ…. ကျနော်ပြောလိုတာက အဲဒီကွန်ဖြူရှိဇင်ကြီးကိုလဲ အင်ပို့လုပ်တယ်ဗျာ။

ဒါပေမဲ့JAPAN တော်တာက

~~~~~~~~~~~~

(၁) တိကျသေခြာမှု

ဂျပန်တွေကလုပ်ရင်အတိအကျလုပ်တယ်။။

ဟိုနေ့ကဟိုကောင်ပေါ့လမ်းဘေးမူးလဲနေတာလို့မပြောတတ်ဘူး။ ဘယ်သူ၊ဘယ်နှစ်ရက်နေ့

ဘယ်နှစ်နာရီလောက်ကဘယ်နားမူးလဲနေတာလို့ပြောလေ့ရှိတယ်။ပုံမှန်နော်။

ကျနော်တို့မြန်မာတွေပြောလိုက်ရင်း ဟိုဒင်းကွာ၊ဟိုနေ့ကကွာနဲ့ “မတိကျဘူး”

တခြားအာရှကကောင်တွေလဲပေါင်းဘူးတယ်၊ နိုင်ငံကိုစုံရော။အကုန်လုံးရောချတွေချည်းဘဲ

(အားမငယ်နဲ့သိလား)(^^)

 

~~~~~~~~~~~~~

 

 (၂) စိတ်အဆင့်အတန်း

ဆင်းရဲတာတောင်ပြောင်ပြောင်ဆင်းရဲတယ်ဆိုတဲ့စကားကဂျပန်တွေကိုပြောတာဘဲဖြစ်မယ်။

မရှိခင်တုန်းက ကျောက်တုံးကိုမီးထွန်းလို့ရအောင်ထွင်းတာ။

ဘယ်လောက်ပင်ပင်ပန်းပန်းလုပ်ရမလဲစဉ်းစားကြည့်။

မြန်မာတွေများတော့ ရေဝပ်လို့ အိမ်ရှေ့လမ်းခင်းထားတဲ့အုတ်ခဲကျိုးတောင် ၊ တောင်တလုံးမြောက်တလုံး၊ သပ်သပ်ရပ်ရပ်ကိုမရှိဘူး။

အဲဒါ ချမ်းသာဆင်းရဲနဲ့မဆိုင်ဘူး။ ငါကိုငါ ဘယ်အဆင့်မှာ ထားမှာလဲ ဆိုတဲ့စိတ်အဆင့်အတန်းနဲ့ဘဲဆိုင်တာ။

~~~~~~~~~~~~~~

 

(၃)ရိုးသားခြင်း (မျက်နှာလွဲလို့ရခြင်း)

သက္ကေ္က္က္ကာဥဇူစ၊သုဥဇူစ

(သူတပါးတို့အပေါ်ရိုးသားစွာ၊မိမိကိုယ့်ကိုလဲရိုးသားစွာ၊)လို့မေတ္တ္တ္တာသုက်မှာရွတ်လိုက်ရတာ မြန်မာတွေ နိုးပါ…

အလုပ်ရှင်လစ်ရင်မလုပ်ဘူး။

တရုတ်တွေရော။အင်း (မထင်)

ဂျပန်မှာအလုပ်လုပ်တဲ့တရုတ်တွေကတယောက်ထဲဆိုခနခနဆေးလိပ်သောက်မယ်။

၂ ယောက်ဆိုစကားများမယ်။ ၃ ယောက်ရှိရင် ရန်ဖြစ်မယ်.။

(ခနခနတွေ့ဘူးတာ)(^^)

ဂျပန်မှာကသူဌေးဆိုတာနှစ်ပေါက်လို့တောင်သူ့လုပ်ငန်းလာမကြည့်တဲ့သူဌေးတွေအပုံဘဲ။ ဘာမှမဖြစ်ဘူး။

စိတ်ချရတယ်။အဲဒီလို။

~~~~~~~~~~~~~~~

 

(၄) အစုံကျွမ်းကျင်လုပ်သား

လူတယောက်ကိုလုပ်ငန်းမှာရှိသမျှအလုပ်တော်တော်များများကိုသင်ပေးထားပြီး၊အကုန်ခိုင်းလို့ရအာင်လေ့

ကျင့်ပေးထားတာ။

မြန်မာနိုင်ငံလိုကိုယ်နဲ့မဆိုင်တဲ့အလုပ်မလုပ်ဘူးဆိုပြီး၊အနှစ်လေးဆယ်လုပ်လဲ ရုံးအုပ်အလုပ်၊မန်နေဂျာအကုန်

မသိဘူး။

အဲဒီတယောက်မရှိရင်အလုပ်မဖြစ်တော့ဘူး။

~~~~~~~~~~~~~~~~~~~

 

(၅) လူကိုတန်ဘိုးထားခြင်း

ဆိုကြပါစို့ အလုပ်ထဲမှာ မကောင်းတဲ့၊အလုပ်၊မကြိုးစားတဲ့သူပါလာရင် ရအောင်ပြင်ယူတယ်။

တော်ရုံတန်ရုံနဲ့တော့မဖြုတ်ပြစ်တတ်ကြဘူး။

~~~~~~~~~~~~~~~~~~~
(၆) အလုပ်ကိုတန်ဘိုးထားခြင်း

ကိုယ်လုပ်တဲ့အလုပ်ဘယ်လောက်ဘဲ သေးနုပ်ပါစေ။

တန်ဖိုးထားပြီးလုပ်ကြတယ်။
အဲဒီအပေါ် (၆)ချက်က အခြေခံအချက်တွေပါ။အဓိကအချက်ကြီးကအောက်က နံပါတ် (၇)ပါတဲ့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၇) တသွေးတသံတမိန့် ( Comapny Warrior )

ဂျပန်တွေက ကွန်ဖြူရှိဇင်ကြီးကိုယူလာပြီး။ ပိုပြီးတင်းကျပ်တဲ့

Comapny Warrior စနစ်ကိုပြောင်းခဲ့တာ။ ချစ်လဲချစ်ကြောက်လဲကြောက်ကြပါတဲ့။

ဟုတ်ကဲ့ အရမ်းကောင်းခဲ့တာပေါ့။ ဂျပန်အာရှမှာ လျှမ်းလျှမ်းတောက်ခဲ့တာ။

အဲဒီအချက်က ကိုကြောင်တခါက ပြောဘူးတဲ့(JIT = JUST IN TIME)  ကိုကောင်းကောင်းအကောင်

အထည်ဖော်နိုင်ခဲ့တာပေါ့။

(တကယ်ကအဲဒါ Confucianism ကို Fascism နဲ့ပေါင်းထားတဲ့Ideology ကြီး၊ ရှူးတိုးတိုးနော်၊ခင်လို့ပြောတာ(^^)

(အီတလီခေါင်းဆောင်မူဆိုလိုနီကသူ့တပ်တခုကို အမိန့်နာခံမခံစမ်းတာ ချောက်ထဲခုန်ချခိုင်းတယ်တဲ့

အကုန်ခုန်ချတယ်။သေတယ်။အဲဒီစနစ်)

 

တရုတ်ဘဲဖြစ်ဖြစ် ကျနော်တို့နိုင်ငံဘဲဖြစ်ဖြစ် ဂျပန်လိုတိုးတက်ချင်ရင်အပေါ်ကအဲဒီ”Value” “တွေလိုတယ်။

အောက်ကဟာလည်းရှိရမယ်။ထိန်းညှိရလိမ့်မယ်အဲဒီအချက် (၇)  က။

ဒီအတိုင်းတော့ယူမသုံးနဲ့ (၇) ကို သူ့လမ်းလိုက်သွားလိမ့်မယ်။

ဘာလို့လဲဆိုတော့ ခေါင်းဆောင်က Policy Maker ပေါ်လစီမိတ်ကာ Decision Maker ဒီဇီရှင်းမိတ်ကာ လေ

သူမှားရင်အားလုံးမြောင်းထဲမှာ။

အခု ဂျပန် (Stagnation = စီးပွါးရေးတန့် OR)စီးပွါးရေးတိုးတက်မှုကျဆင်းလာတာ။

အဲဒီတချက်၂၀% ပါတယ်။ ကျန်တာတွေရှိသေးတယ်။ မနက်ဖြန်ဆက်ရေးပါ့မယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

စိတ်ဝင်စားသူများအနေနဲ့ နောက်ဆုံးကမေးခွန်းကိုကော်မန့်နဲ့ဖြေပေးကြစေလိုတယ်။

လေးလေးစားစားဖိတ်ခေါ်ပါတယ်ခင်ဗျာ။

မနက်ဖန်ကျနော်အဖြေရေးတဲ့အခါအယူအဆခြင်းညှိယူပြီးဆွေးနွေးလို့ရအောင်ပါခင်ဗျာ။

Brain Storming ပေါ့ခင်ဗျာ။

 

Question 3: ဂျပန်ဘာကြောင့် တန့်နေပြီး တရုတ်ဘာကြောင် တက်လာသလဲ၊ ဂျပန်ကြုံသလို တရုတ်ကြီးကို

မကြုံနိုင်ဘူးလား။ ကြုံမယ်ဆို ဘယ်နည်းဘယ်ပုံ ဘယ်တော့လောက်ဖြစ်မလဲ။ သူတို့မှာ ဘာကန့်သတ်ချက်၊

အားသာချက်တွေ ရှိကြလဲ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုကြောင်ရေ

အခုလောလောဆယ်တော့Micro Approach ကနေရေးထားတာဗျ။ Individually ပေါ့နော်။

Macro Approach  ကနေနောက်တမျိုးဆက်ရေးပေးပါအုန်းမယ်,

တိုင်းပြည်တပြည်ခြင်းအလိုက်ပေါ်လစီပိုင်းပေါ့ဗျာ။

အဖြေကိုမကြေနပ်သေးရင်စောင့်ဖတ်ပါလို့ (^^)

ခင်မင်စွာ (TM)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

အားလုံးကိုလေးစားပါသည်

 

မောင်သစ်မင်း

29 comments

  • inz@ghi

    November 7, 2011 at 4:04 pm

    အားပါး ….ရေရေလည်လည် ပိုမိုလေးစားသွားပီ ဆြာကိုသစ်မင်းရေ့

    Francis Fukuyama နဲ့ကို ကိုင်ပေါက်တော့တာ ….
    နောက်တပုဒ်ဆို William Ochi ရဲ့ Theory Zပါလာတော့မယ်ထင်ပါ့
    ကျမ်းလေးမယ် …အဲ့လေ. .ဆာဗာ လေးတော့မယ်ထင်ပါ့ ..
    😀

    တားကတော့ Five S တို့ Kaizen တို့ Ishikawa zuတို့ လောက်ပဲ တိတာပါခည..
    ဒါတွေ အစ်ကိုရှင်းပြမှပဲ သေချာရှင်းတော့တယ် ..အစက ယောင်ဝါးဝါးရယ်..

    ဆြာ ကိုသစ်မင်းဆီက ပညာယူရင်း…
    အင်ဇာဂီ…

  • Shwe Ei

    November 7, 2011 at 4:25 pm

    ဆရာသစ်တယောက် ဘာဆေးတွေ စားပီး ဒီလောက်သိနေရတာပါလိမ့်။ (နောက်တနည်း) ကျမတော့ စာဖတ်မနာလို့လားမသိ သူများပြောမှ အော် အဲလိုလား တွေးနိုင်တယ်။ ဒီအတိုင်းဆို ဘာမှမသိသံသရာထဲမှာ တဝဲလည်လည်။

  • kai

    November 7, 2011 at 4:40 pm

    အင်း..
    တော်တော်လန့်လာပြီ..။
    နောက်နှစ်ထဲ.. . အာရှပစိဖိတ်ဖက်လှမ်းကိုင်တဲ့.. ယူအက်စ်ရဲ့စီးပွားရေးကျွမ်းကျင်သူ.. အော့ဖစ်ရှယ်တယောက်နဲ့.. ဗျူးဖို့လုပ်ထားတယ်..။
    အဲဒီတော့မှ.. ချမေးရတော့မယ်ထင်တယ်..။ 😆
    =
    ကျုပ်က.. သတင်းသမားနော..
    အဲဒီတော့.. သိထားတဲ့..သတင်းအချက်တွေနဲ့ပဲအခြေခံပြောမယ်..။

    … မြန်မာတွေမှာ.. ဂျပန်ကော်ရုပ်ဆိုတာမျိုး ခေတ်တခုရှိခဲ့ဖူးတယ်..။
    သဘောက.. အရင်ဂျပန်လည်း… အခုတရုတ်တက်စကလို.. ဖြစ်ခဲ့တာပဲ.။
    ဂျပန်ပစ္စည်း… အခုတရုတ်တက်ကာစကထုတ်တဲ့.. ပစ္စည်းလို မြင်ခဲ့ကြတာပဲ..။
    ပျက်လွယ်.. ကွဲလွယ်..စုတ်ပြတ်သပ်နေတယ်ပေါ့..။
    ဒါကတချက်..

    ဆိုနီရဲ့ဖေါင်ဒါက.. ယူအက်စ်လာပြီး ချစ်ပ်တွေလုပ်တာလာကြည့်..ဂျပန် ပြန်ပြီး ရေဒီယိုလုပ်တယ် မှတ်မိတယ်..။ဟွန်ဒါကတော့.. စက်ဘီးပြင်ဆိုင်ကစတာ..။
    ဟိုးးးးရှေးကဂျပန်ဘုရင်က.. ယူအက်စ်ကကားတစင်းလက်ဆောင်ရတော့.. သူကိုယ်တိုင်မစီးပဲ..တစစီဖြုတ်ပြီး ကြည့်ခိုင်းတာ..။ ရီဗက်စ်အင်ဂျင်နီယာရင်းပေါ့..။ ဒါတွေနဲ့စက်မှု..အီလက်ထရောနစ်တွေတက်လာတာပဲ..။

    တည့်တည့်ပြောရင်.. ယူအက်စ်ကို စစ်ရှုံးတာနဲ့.. ဒိုင်ဗင်ထိုးကပ်လိုက်တာက.. သူ့တိုင်းပြည်ထိုးတက်သွားတယ်လို့ မြင်တယ်..။
    နောက်ပိုင်း.. ကမ္ဘာ့ဒုတိယစီးပွားရေးနေရာရောက်လာတော့.. ယူအက်စ်နဲ့တချို့နေရာတွေ ထိပ်တိုက်ဖြစ်လာတာမို့.. ယူအက်စ်က..ဖြည်းဖြည်းချင်းဖယ်ခွာပြီး.. ကိုရီးယားနဲ့..တရုတ်ဖက်လှည့်လိုက်တယ်လို့..မြင်တယ်..။
    နောက်ပိုင်းလူငယ်တွေက.. ရှေးဂျပန်ကြီးတွေလို.. ယူအက်စ်ကို အကောင်းသိပ်မမြင်ကြဖူးလို့.. ဖတ်ရတယ်..။
    ပြီးခဲ့တဲ့..နှစ်တွေမှာ.. အာဏာရအစိုးရတောင် တခြားပါတီ(ယူအက်စ်နဲ့ တွန်းခွာမဲ့ပါတီ)က လက်ခံနိုင်သွားတာတွေ့ရတာမို့.. ဂျပန်လူသစ်တန်းတွေ.. လွတ်သွားတယ် မြင်မိတယ်..။
    အဲဒါက ဂျပန်အတက်.. တန့်သွားတာလို့.. ထင်မိတယ်..။

    ဒီသင်ခန်းစာကို.. တရုတ်က ယူတတ်မယ်လို့တော့.. ထင်ပေမဲ့.. တချို့တရုတ်တွေက.. ကိုယ့်ပါဝါ… မှတ်တိုင်မရောက်သေးပဲ..(ဗိုလ်ချုပ်အောင်ဆန်းစကားနဲ့ပြောရရင်) တက်ထောင်လာဟန်တွေ့ရတာမို့.. တရုတ်လည်း ဂျပန်ထက်တောင်.. ပိုမြန်မြန်..ကျကောင်းကျသွားနိုင်မယ် ထင်မိတာပဲ..။
    လူသန်း၁ထောင့်၃ရာကြီး.. ရွာတွေမှာ.. လူနေမှုအင်မတန်ကျနေတုံးပဲလို့.. သတင်းတွေမှာတွေ့ရတယ်..။
    ဂျပန်က.. တနိုင်ငံလုံး.. ယူအက်စ်လိုပဲ.. တပြေးညီဖြစ်နေပြီ..။
    ရွာနဲ့မြို့.. အင်ဖရာစရပ်ချာတူတူပဲ..။ တရုတ်က လိုသေးတာမို့.. အဲဒါတွေဖြည့်နေရဦးမယ်ထင်တာပဲ..။
    ဆိုတော့.. တရုတ်တနိုင်ငံလုံးက.. ဂျပန်နေရာလို တပြေးညီရောက်ဖို့.. အနည်းဆုံး ဆယ်စုနှစ်၂ခုလောက်တော့ လိုဦးမယ်..။

    အဲဒီလိုတွေပြောရင်.. ယူအက်စ်ကို.. အင်မတန်အထင်ကြီးလွန်းနေရာကျကောင်းကျလိမ့်မယ်..။
    ဒါပေမဲ့..
    ယူအက်စ်ကို တိုင်းပြည်လို့ မမြင်ကြည့်ပဲ.. ကမ္ဘာလေးလို့မြင်ကြည့်ရင် ပိုသင့်လျှော်မယ်ထင်မိတာပဲ..။
    သူက.. ကမ္ဘာအကောင်းဆုံးတွေကို.. ဆွဲယူတယ်လေ..။ နိုင်ငံရေးကလည်း အင်မတန်အခြေခိုင်သွားပြီ..။
    မြေကြီးအကျယ်ယ်ယယ်ယ်ကြီးမှာ.. လူသန်း၃၀ဝ နည်းသေးတာမို့.. အကောင်းဆုံးလူတွေ.. ထပ်ဆွဲနေဆဲမဟုတ်လား..။
    တရုတ်ကို ..ဗီဇာနည်းနည်းလျှော့ပေးလိုက်ရင်.. လူကောင်းတွေ..အများကြီးထပ်လာကြဦးမှာပဲ..။
    ဒီတေ့ာ.. အကောင်းဆုံးလေးဖြစ်နေတာပေါ့..။ 🙂

    ဘာပဲဖြစ်ဖြစ်… ဆရာသစ်မင်းစာတွေ လက်ခံပါတယ်..။
    Culture ကထိန်းကျောင်းသွားတာကို အဓိကလက်ခံတာပေါ့..။
    ကျုပ်က မြန်မာပြည်အတွက် လှမ်းလှမ်းစဉ်းစားတယ်..။
    အဲဒါကြောင့်.. ဂျပန်Cultureကို မြန်မာပြည်ထဲအင်ပို့လုပ်မလို့.. ကြိုးစားချင်တယ်..။ (စကားချပ်) 😆

    • inz@ghi

      November 7, 2011 at 5:30 pm

      အဲဒါကြောင့်.. ဂျပန်Cultureကို မြန်မာပြည်ထဲအင်ပို့လုပ်မလို့.. ကြိုးစားချင်တယ်..။ (စကားချပ်)

      ဒါတော့ လက်မခံနိုင်ဘူး သဂျီးရေ့ …
      ဗမာပြည်ပြန်လည်းပဲ အားနေ ..otsukare sama desu. inz@ghi desu ရွတ်နေရတော့မယ်ထင်ပါ့ ….

      • kai

        November 7, 2011 at 5:54 pm

        မြန်မာတွေမှာ.. လူချင်းတိုက်မိလည်း.. ဆောရီးမပြောဘူး..။ ရှေ့ကကွမ်းတံတွေးထွေးချလို့..နောက်ကလူ သွားစင်ရင်လည်း.. မတောင်းပန်တတ်ဘူး.။
        မနက် ရုံးရောက်လည်း မင်္ဂလာနံနက်-ဂွတ်မောနင်းမပြောဘူး..။
        ပြန်ရင်လည်း မနှုတ်ဆက်ဘူး…။
        လူချင်းလမ်းမှာတွေ့ရင်.. နှုတ်ဆက်တာတွေက.. သူများကိုယ်ရေးကိုယ်တာ စပ်စုတဲ့..
        ဘယ်သွားမလို့လည်း..။
        ဘာနဲ့ထမင်းစားလည်း..။
        ဘာဝယ်လာလည်း..စတာတွေဖြစ်နေတယ်..။
        တဖက်သားကို.. အတင်းကာရော.. လိမ်ခိုင်းနေတာပဲ..။
        အဟမ်း.. နည်းနည်း တွန်းပြော..ပြောလိုက်တာ.. 👿

        အိုစကားရဲ့..
        ဆန်းဂျိဟမ်း.. နတ်တရော..။ ကိုရေကရ..နဲရုကိုတို…။
        အိုယာစုမိ နဆအိ…။ 🙂

        • ကြောင်ကြီး

          November 8, 2011 at 12:31 pm

          သဂျီးကအဲလို ပြောတော့ အကျွန်ုပ်ကြောင်ကြီးကလည်း သူငယ်ချင်းတယောက် စကားနဲ့ ပြန်ပြောချင်တယ်။ အဖြူကောင်တွေ ငါတို့ကို ညစ်ပတ်တယ် သန့်ရှင်းမှု မရှိ၊ ရိုင်းတယ်ပြောတယ်။ မသိတဲ့လူနဲ့ လက်ချင်းထိရင်တောင် ရောဂါကူးတတ်တယ် ဘာညာဖြစ်တယ်။ ဟိုဟာလုပ်တဲ့အခါ သူတို့အချင်းချင်း တယောက်ဟာတယောက် လျှာနဲ့ယက်နေတာကြတော့ ဘာမှမဖြစ်ဘူးလား။။။။။ 😡

  • Foreign Resident

    November 7, 2011 at 5:21 pm

    ကိုသစ်မင်းရေ
    သိတာလေးတစ်ခုတော့ ဝင်ပြောပါရစေ ။
    ဂျပန်ရဲ့ အဓိကအားနည်းချက်က နောက်မဆုတ်တတ်တာ အမိန့်နာခံတာပါ ။
    ( Over Proud ဖြစ်တာ Flexible မဖြစ်တာ ခေါင်းဆောင်ကို Criticize မလုပ်ရဲတာပါ )

    အဲဒါကြောင့် သူတို့ ကိုဟီးမား အင်ဖာ ရခိုင် စစ်မြေပြင်မှာ စစ်ရှုံး ရတာပါ ။
    ဂျပန် အမှတ် ၁၅ တပ်တော်ဟာ ကိုဟီးမား နှင့် အင်ဖာ မှာ
    မှားယွင်းတဲ့ နည်းဗျူဟာ ကိုသုံးလို့ အကျအဆုံး အထူး များပြားခဲ့တယ် ။
    အဲဒါကို ပုံစံပြန်မပြောင်းပဲ အဲဒီပုံစံအတိုင်းပဲ Repeatedly ဆက်တိုက်တာ
    နောက်ဆုံး အင်အားတွေပြုန်းပြီး ချေမှုန်းခံရပြီး နောက်ဆုတ်ရတယ် ။

    ဂျပန်တွေဟာ အဲဒီမှာ တလွဲမာန နှင့် အင်အားတွေ အဆမတန်ပြုန်းခဲ့တဲ့အတွက်
    ဧရာဝတီမြစ်ဝှမ်းမှာ မဟာမိတ်တပ်တွေကို ပြန်ရင်ဆိုင်ဖို့လုပ်တော့
    ဂျပန် အမှတ် ၁၅ တပ်တော်ဟာ လုံလောက်တဲ့ အင်အား မစုဖွဲ့နိုင်တော့ပါဘူး ။
    အဲဒီကနေစပြီး စစ်ပြီးတဲ့အထိ ဂျပန်ဟာတောက်လျှောက် ရှုံးတော့တာပါပဲ ။

    မှတ်သားစရာ အချက်တစ်ခုကတော့ ၊
    မဟာမိတ် ဗိုလ်ချုပ်တွေဟာ ဂျပန်တွေရဲ့ တလွဲမာန ကိုသိတော့ ၊
    အဲဒီ တလွဲမာနကိုပါ ထည့်သွင်း တွက်ချက်ပြီးကို ဗျူဟာဆွဲထားတာပါ ။

    မဟာမိတ်တွေရဲ့ ဒန်းကပ် ခွာစစ်ကို နမူနာယူစရာပါ ။
    ဒန်းကပ် မှာ ဆုတ်ခဲ့တဲ့ စစ်တပ်ဟာ D-Day အတွက် တတပ်တအားပါ ။

    • thit min

      November 7, 2011 at 5:27 pm

      ဟုတ်ကဲ့ ဘရာသာခင်ဗျား

      ကျေးဇူးတင်ပါသည်။

      ကျနော့ရဲ့ အမှတ် ရ အချက်ကလဲအဲဒါကိုဆိုလိုပါသည်ခင်ဗျား။

      “ဒီအတိုင်းတော့ယူမသုံးနဲ့ (၇) ကို သူ့လမ်းလိုက်သွားလိမ့်မယ်။

      ဘာလို့လဲဆိုတော့ ခေါင်းဆောင်က Policy Maker ပေါ်လစီမိတ်ကာ Decision Maker ဒီဇီရှင်းမိတ်ကာ လေ

      သူမှားရင်အားလုံးမြောင်းထဲမှာ။”

      ဘရာသာရဲ့ ကော်မန့်က သက်သေပိုဖြစ်သွားလို့ ကျေးဇူးအထူးတင်ရပါသည်။

      • Foreign Resident

        November 7, 2011 at 6:00 pm

        ကိုသစ်မင်းရေ
        အောက်က Comment ကိုဆက်ရေးနေတုန်းမှာ ကိုသစ်မင်းက ဝင်ဖြေလိုက်လို့ ။
        အောက်က Comment ကိုအရင်ဖတ်လိုက်ပြီးမှ ကိုသစ်မင်း Comment ကိုဆက်ဖတ်ရင်
        ဂျပန်ရဲ့ အားနည်းချက်က ပိုရှင်းလင်းသွားမယ် ။

    • Foreign Resident

      November 7, 2011 at 5:40 pm

      တလွဲမာန ဆိုတာ ငါတို့လုပ်ရင် ဖြစ်ရမယ်
      မဖြစ်ဖြစ်အောင်လုပ်မယ် ဆိုတဲ့စိတ်ပါ ။

      စစ်မြေပြင်မှာ ပထမအကြိမ် ဒီလမ်းက ဂျပန် တက်လာပြီး တပ်လန်သွားရင်
      ဘာမှပူစရာမရှိတော့ဘူး လက်နက်တွေ အကုန်လုံး ဒီလမ်းကိုသာ စုပြုံချိန်ပြီး စောင့်နေ
      ဒုတိယ အခါကော တတိယ အခါကော ဂျပန်တွေ လူမကုန်မချင်း ဒီလမ်းက နေပဲတက်လိမ့်မယ် ။

      ဘာဖြစ်လို့လဲဆိုတော့ ဂျပန်အရာရှိငယ်က
      အထက်က ဗိုလ်ချုပ်ချပေးတဲ့ Plan အတိုင်းပဲ မပြောင်းလဲပဲ လိုက်လုပ်တာ ။
      တခြား အကျိုးရှိတာကို ပြောင်းလဲဖို့လဲ မတင်ပြရဲဘူး ။

      မအောင်မြင်ရင်လည်း အထက်အရာရှိကို အထူး ယုံကြည်တဲ့အတွက်
      ဗိုလ်ချုပ် မှားတာ မဖြစ်နိုင်ဘူး ၊ ငါ ညံ့နေလို့သာဖြစ်ရမယ် ဆိုပြီး ၊
      မအောင်မြင်မချင်း နောက်ဆုံး သူပါအသေခံပြီးတိုက်သွားတာ ။

  • thit min

    November 7, 2011 at 5:23 pm

    ညီအင်ဇာဂီရေ

    ကျေးဇူးပါနော်။

    မာကက်တင်းအကြောင်းလေး ညီရေးမယ်ဆိုတာ၊လုပ်လိုက်တော့လေ။

    အားလုံးဝိုင်းစဉ်းစားကြတာပေါ့။

    ဆူးလေပန်းခြံထောင့်ကကောင်တွေအတွက်လဲ (PDCA) Plan Do Check Action လုပ်ဖို့ဆွေးနွေးရအုန်းမယ်ဟေ့။

    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

    မရွှေအိရေ

    ဝမ်းစာဖြည့်ရမဲ့ဘဝမို့ပါ(^^)စာကတော့ဖတ်နေရတာပါဘဲဗျာ။

    သိတာလေးတွေရှယ်တဲ့သဘောပါလို့။

    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ဆရာခိုင်

    ဟုတ်ကဲ့ပါခင်ဗျာ

    ကျနော်သိတာကိုတော့ အထောက်အထားခိုင်ခိုင်လုံလုံနဲ့ပြောပြပေးပါ့မယ်ခင်ဗျ။

    ယူအက်စ်ကာလ်ချား မြန်မာပို့မယ်ဆိုရင် ဂျပန်ထက်တော့ပိုကောင်းတယ်လို့ထင်မိပါတယ်။

    လက်ခံကျင့်သုံးတဲ့ individually ပိုင်းက Morality တွေကတော့ ပြင်ဘို့များစွာလိုနေသေးလို့၊

    ကျနော် အခု Good Governance ပေါ့နော် လူပြောသူပြောများနေတဲ့ နိုင်ငံတခုလုံးရဲ့ “Policy Reform” ထက်

    Individual reform လိုအပ်ချက်တွေ ဘယ်လိုပြုပြင်နိုင်မလဲဆိုတာစဉ်းစားနေပါတယ်။ဝိုင်းစဉ်းစားပေးပါအုန်း။

    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

    • kai

      November 7, 2011 at 5:40 pm

      Individual reform လိုအပ်ချက်တွေ ဘယ်လိုပြုပြင်နိုင်မလဲဆိုတာကို.. ဦးတည်ပေးတာ အင်မတန်သဘောကျပါတယ်..။

      ယူအက်စ်ကားလ်ချားက.. အခုတင်သတင်းစာပုံနှိပ်ထွက်ဖို့လုပ်နေတာ.. ဆရာမိုးညိုပြုစုပေးထားတဲ့.. သန်းကောင်စာရင်းအရ..မြန်မာ ၁သိန်းရှိနေတယ်…။
      တကယ်က.. ၂သိန်းအသာလေးရှိမယ်..။
      အဲဒီသူတွေ..မြန်မာပြည် ပြန်နေကြတာပဲ..။ နည်းနည်းချင်း ယူသွားမယ်လို့ထင်တာပဲ..။
      အဲဒီစစ်တမ်းမှာ..မြန်မာတွေဟာ..မြန်မာတွေပဲဖြစ်နေတာ ခန့်မှန်းမိပါတယ်..။
      အဲဒါကို… အီးမေးလ်နဲ့ပို့ပေးလိုက်မယ်လေ..။ ဆရာသစ်မင်း ဖတ်ရအောင်ပါ..။

      အဓိကက.. မြန်မာ-အမေရိကန်ဖြစ်နေတဲ့.. အမေရိကမွေးမျိုးဆက်နံပါတ်၂ပေါ့လေ…။
      အဲဒီဖက်က.. မြန်မာ့ကားလ်ချား.. လှည့်ကိုမကြည့်ဘူးဖြစ်နေတာ..။
      ယူအက်စ်အစိုးရက.. မြန်မာပြည်အပေါ်စိတ်ဝင်စားတာနဲ့အမျှ.. သူတို့ကိုအလုပ်ခေါ်တာတွေ..တက္ကသိုလ်တွေက.. ကျောင်းတွေကခေါ်တာတွေလုပ်လာတော့.. ဒီနှစ်ပိုင်းတွေ.. မြန်မာပြည်ဖက်.. စိတ်လယ်လာတဲ့သဘော တွေ့ရတယ်လေ…။
      ဒေါ်ပဒုမ္မာပြောပြောနေတဲ့ ..အထဲ..အဓိကကျတဲ့သူတွေပေါ့..။
      သူတို့တွေ.. လုပ်ပေးမယ် ထင်ရပါတယ်..။ 🙁

      ဂျပန်ကားလ်ချားကတော့.. သူတို့(ဂျပန်တွေ)ကိုယ်တိုင်စိတ်ဝင်စားလို့.. ကြိုးစားနေကြတာ….။
      အဓိကဖြစ်တဲ့.. ဇင်ဗုဒ္ဓဘာသာကို မြန်မာပြည်ထဲတိုးဝင်ဖို့.. လုပ်နေတာ တွေ့ရလို့ပါ..။
      အဲဒါ.. အယ်လ်အေမှာ ဒီလပိုင်း ဆွေးနွေးပွဲရှိတာမို့.. သွားနားထောင်မလားလို့…။
      အဲဒါလေး…။ 😆

  • koyinmaung

    November 7, 2011 at 6:28 pm

    ကိုသစ်မင်းရေ..ဝင်တော့မဆွေးနွေးတော့ပါဘူး
    ကိုသစ်မင်းရဲ့ပို့စ်နဲ့အောက်ကမန်းတာတွေကိုဘဲအားရပါရ
    စောင့်ဖတ်နေပါတယ်……ကျေးဇူးပါ

  • parlayar46

    November 7, 2011 at 8:07 pm

    ဘုန်းကြီးကျောင်းသား ကျောင်းအလှူမှာပြောတဲ့လေသံကြီးနဲ့
    စိန်ကောင်းကျောက်ကောင်းရောင်းနေတဲ့အထဲ ပါလေရာက ကန့်လန့်ဝင်လုပ်ကြည့်ဦးမယ်။ ဖတ်မိသူများ ကိုယ့်တာဝန်နဲ့ကိုယ်နော်။

    ဂျပန်ဘာကြောင့် တန့်နေပြီး တရုတ်ဘာကြောင့် တက်လာသလဲ၊
    ဆိုတာကို အရင်မှန်းကြည့်ရရင်
    ဂျပန်က တကယ်တန့်နေတာကော ဟုတ်မှဟုတ်ရဲ့လား ဆိုတဲ့အတွေးလေးလဲဖြစ်မိသေး..။
    (အဲဒါက ရှည်မယ်နော်၊ သတိသတိ ပါလေရာ။ ဒါသူများပိုစ့်ကိုဝင်မန်းတာ၊ လမ်းမချော်စေနဲ့)
    အဲ..အဲ.. ထားပါတော့ ။ ဂျပန်က စီးပွားရေးတိုးတက်နှုံး….
    (ဒီမှာပြဿနာဖြစ်ပြန်ပြီ၊ စီးပွားရေးတိုးတက်နှုံးဆိုတာ ဘာကြီးတွေကို တိုင်းပြီးပြောရတာပါလိမ့်..)
    အင်း… အဲဒီဥစ္စာပေါ့လေ.. အဲဒါတန့်နေတယ်ဆိုပါတော့..
    ဘယ်နေရာမှာတန့်သွားတာလဲ?
    ကျုပ်အထင် လူပျိုဖေါ်ဝင်ပြီး လူလားမြောက်တဲ့အချိန်၊ တနည်းအားဖြင့် လူဦးရေကိုကာမိတဲ့လုံလောက်တဲ့ တဦးချင်းထုတ်လုပ်နှုံးကိုလဲရောက်- အဲသလိုရောက်လို့ သူတို့နိုင်ငံသားတွေ လူနေမှု့စားရိတ်လဲမြင့်လာပြီး ဘဲစားဘဲခြေလဲဖြစ်တဲ့အချိန် ၁၉၈၆-ကျော်ကာလများမှာ စပြီးတန့်လာတယ်ထင်တာပဲ။ တရုတ်က သူ့ဈေးကွက်လုလိုက်တယ်လို့တော့ မဟုတ်လောက်။ အဲဒီတုန်းက တရုတ်က ယဉ်ကျေးမှု့တော်လှန်ရေးရဲ့ ဒါဏ်ချက်တွေကို ကျပ်ထုပ်ထိုးနေရတုန်း ရှိသေး။

    တရုတ်ဆိုတာကတော့ လူက အများကြီးလေ။ ဝိုင်းစားကြတုန်းကတော့ ဆင်းရဲသပေါ့။ အလုပ်ဖြစ်အောင် ဝိုင်းလုပ်နိုင်တဲ့အခါမတော့ တဦးချင်းအချိုးကျထုတ်လုပ်နှုံးလေးလဲ သင့်တင့်အောင်ဖြစ်လာ၊ တနိုင်ငံလုံးပေါင်းလိုက်တော့လဲ ဓနအင်အားလေးရှိလာသလိုပါပဲ။

    သူအလုပ်ဖြစ်ခဲ့တဲ့ပုံစံကတော့ တစ်မျိုး။ ရိုးရိုးလူတွေရွေးချယ်မယ့် best choice ထုတ်ကုန်တွေကို ထုတ်လုပ်တာ။ ရိုးရိုးလူတွေက ဘာကိုရွေးသလဲဆိုတော့ ပိုတန်တာကိုရွေးပါတယ်။ အကောင်းဆုံးတွေ ပိုကောင်းတာတွေကို ရွေးတာမဟုတ်ပါဘူး။ ပြီးတော့ သူ့နိုင်ငံကိုယ်တိုင်ကိုက မဟာဈေးကွက်ကြီးလေ။ မချမ်းသာသေးလို့ အသုံးစားရိတ်လဲနည်းတယ်။ ဒီတော့ သုံးလို့တန်မယ့်ဟာတွေ ကိုယ်တိုင်လဲထုတ်သုံး ကမ္ဘာပတ်ပြီးတော့လဲ ကမ္ဘာ့လူများစုဖြစ်တဲ့ ရိုးရိုးလူတွေကိုလှည့်ရောင်းရင်း ဒီအခြေအနေခပ်မြန်မြန်ရောက်လာတယ်ထင်ပါရဲ့။

    ဂျပန်ကြုံသလို တရုတ်ကြီးမကြုံနိုင်ဘူးလား။ –
    ဆိုတာကတော့ ချမ်းသာလာလေ- လူနေမှု့အဆင့်အတန်းမြင့်လာလေ- လူနေမှု့စားရိတ်မြင့်လာလေ- ကျားကြီးခြေရာကြီးပြီး ကိုယ့်ဗိုက်ကိုယ် အနိုင်နိုင်သယ်ရလေမို့ ဒီလောကဓံကို ရှောင်လို့ရမယ်မယ်မထင်ပါဘူး။

    ကြုံမယ်ဆို ဘယ်နည်းဘယ်ပုံ ဘယ်တော့လောက်ဖြစ်မလဲ။
    -ဆိုတာလေးစဉ်းစားရရင် လူအင်အားအရင်းအမြစ်လည်းကြီးမား၊ ရပ်ကွက်ထဲမှာလဲ လုပ်စားစရာ အိမ်နီးချင်းတွေကများ၊ နည်းပညာအရလဲ သုံးဖြစ်အောင်တော့ လုံလောက်ဆိုတော့- ဒီရာစုဝက်အတွင်းတော့ အေးဆေးပဲ..လို့သာ ထင်မြင်မိပါကြောင်း။

    (ကိုသစ်မင်းကိုလေးစားလို့သာ ဝင်မန်းတာ- ကိုယ့်လိုင်းမဟုတ်လို့ လူပြိန်းသက်သက်ရဲ့ တစွန်းတစ စိတ်ကူးအမြင်သာဖြစ်ပါတယ်။)

  • windtalker

    November 7, 2011 at 8:38 pm

    ကိုသစ်ရေ ဖတ်ရုံဘဲ ဖတ်နိုင်တယ် ဗျ ။ ကိုသစ် မေးခွန်းကို ဖြေပေးနိုင်ဖို ့ဆိုတာ ကျုပ်နဲ ့တော်တော်လှမ်းတာကလား ။ ဗဟုသုတ များနှယ် ။ ဘာပဲဖြစ်ဖြစ် ကိုသစ်စာတွေ ဖတ်ခြင်းအားဖြင့် ကိုသစ်ပြောတဲ့ ဝမ်းစာ တဖြည်းဖြည်းပြည့်လာမှာကတော့ အမှန်ပဲဗျို ့။

  • ရာဇဝင်လူဆိုး

    November 7, 2011 at 9:25 pm

    ကောင်းတယ် ကိုသစ်ကြီးရေ…. အချက်အလက်တွေက ရေးသူရော မန့်သူပါကောင်းတယ် ။ ဒါမျိုးပိုစ်တွေ များများတင်လေ ကောင်းလေပဲ။ ဒီဆိုဒ်ရဲ့ ရည်ရွယ်ချက်ကိုက ဒါမျိုးပါ။ ပို့စ်ရော ကွန်မန့်ပါ ဗဟုသုတ၊ အတွေးအခေါ်တွေရစေချင်တာ။

  • MaMa

    November 7, 2011 at 10:28 pm

    ပိုစ့်ရေးသူရော ကော်မန့် ရေးသူတွေပါ ဆရာ့ဆရာကြီးတွေမို့လို့ ဖတ်ရတာ တော်တော်အရသာရှိတယ်။ ဆရာသစ်နဲ့ သဂျီးပြောသလို Individual reform လိုအပ်ချက်တွေ ဘယ်လိုပြုပြင်နိုင်မလဲဆိုတာကို ဒေါ်စုကလည်း ဦးစားပေးတယ်လို့ ထင်ပါတယ်။ အဲဒီကိစ္စအတွက် လူတဦးချင်းစီရဲ့ (အထူးသဖြင့်) အကျင့်စာရိတ္တကနေ စပြင်ကြဖို့ ပြောနေသံတွေ ကြားနေရပါတယ်။ သဂျီးပြောတဲ့ အခြေခံ လူ့ယဉ်ကျေးမှု၊ အသိစိတ်ဓာတ်လေးတွေရှိအောင် (ကိုယ်ကိုယ်တိုင်လည်းပါတယ်) ကြိုးစားရဦးမှာပါလားဆိုတဲ့ အသိဝင်လာပါတယ်။ (မနေနိုင် မထိုင်နိုင် ဝင်မန့်မိလို့ ဆွမ်းဆန်ထဲ ကြွက်ချေးရောဆိုသလို ဖြစ်နေရင် အားလုံးကို တောင်းပန်ပါတယ်။)

  • htoosan

    November 7, 2011 at 11:02 pm

    ၁၊ဂျပန် တန့်သွားတဲ့ အကြောင်းရင်းတစ်ခုထဲမှာ ခေါင်းဆောင် ညံ့လာ၊ မတည်ငြိမ်တဲ့ အကြောင်းရင်းလဲပါမယ်ထင်ပါတယ်။ ဂျပန် ဝန်ကြီးချုပ်တွေ ပြောင်းတာ ဘယ်နှစ်ယောက်ရှိသွားပြီလဲဆိုတာ မမှတ်မိလောက်အောင် ဖြစ်လာပါတယ်။ အချက် (၇) နဲ့ သွားညိမယ်ထင်ပါတယ်။
    ၂၊ လူမူအဆင့်အတန်း မြင့်မားလာတာနဲ့ အညီ ၊လူငယ် တွေရဲ့စိတ်ဓါတ်တွေ သူဋ္ဌေးစိတ်ဖြစ်လာပြီး ကြိုးစားမှု့လျော့ကျလာတာ လည်း % နဲနဲ ပါမယ်ထင်ပါတယ်။
    ၃၊ တရုတ်တက်လာတာကတော့ သူတို့ Human Resource ကို ကောင်းကောင်းအသုံးချခဲ့တာဘဲ လို့ထင်ပါတယ်။ Cheap Labour ၊ နိင်ငံရေး တည်ငြိမ်မူ့ ၊ ဈေးကွက်ကြီးမားမူ့ကို အခြေခံပြီး နိင်ငံခြားရင်းနှီး မြုပ်နှံမှု ရအောင်ဆွဲယူနိင်ခဲ့မူလို့ထင်ပါတယ်။
    ၄။ တရုတ် ကတော့ သူ့နိုင်ငံ ကြီးမားကျယ်ပြန့်တာ၊ လူဦးရေများလွန်းတာဟာ သူ့အားသာချက် ဖြစ်သလို အားနည်းချက်လည်းပြန်ဖြစ်စေပါတယ်။
    brain အသစ်လေးတွေဆိုတော့ ဒီလောက်ဘဲ ရမယ်နော် ဆရာသစ်မင်းရေ။

  • ကြောင်ကြီး

    November 8, 2011 at 10:24 am

    Question 3: ဂျပန်ဘာကြောင့် တန့်နေပြီး တရုတ်ဘာကြောင့် တက်လာသလဲ၊ ဂျပန်ကြုံသလို တရုတ်ကြီးကို မကြုံနိုင်ဘူးလား။ ကြုံမယ်ဆို ဘယ်နည်းဘယ်ပုံ ဘယ်တော့လောက်ဖြစ်မလဲ။ သူတို့မှာ ဘာကန့်သတ်ချက်၊ အားသာချက်တွေ ရှိကြလဲ။။။။။။။
    Answer: အလုပ်သမားခ၊ အုပ်ချုပ်မှုစရိတ်များက ဂျပန်အတန့်၊ တရုတ်အကျကို လွှမ်းမိုးတယ် ထင်တယ်။ ဂျပန်သည် တိုးတက်လာတော့ လူနေမှုစားရိတ်မြင့်လာတယ်။ တရုတ်ကတော့ စားဝတ်နေရေးကို ထည့်တွက်နေရတုန်း။ နောက်တချက်က တိုးတက်တဲ့ နိုင်ငံများရဲ့ ပြည်တွင်းစားသုံးမှု လိုအပ်ချက်ဖြစ်မယ်။ တိုးတက်ချမ်းသာတယ် ဆိုပေမဲ့ ဝင်ငွေနဲ အလုပ်သမားလူတန်းစား အများစုပါ။ ဒါပေမဲ့ ကျားကြီး ခြေရာကြီးဆိုတဲ့အတိုင်း ဖြုန်းအားက ကြီးမားလွန်းတယ်။ သူတို့အတွက် ပဲရစ်ကလာတဲ့ ဝိုင်အရက်၊ ရေမွှေး၊ မီလန်ကလာတဲ့ ဖက်ရှင်အဝတ်အစား၊ ဆွစ်ဇာလန်ကလာတဲ့ ဒိန်ခဲ၊ နာရီ၊ ဂျပန်ကလာတဲ့ ကိုဘေးနွားကင် (သဂျီးလိုလူမျိုးတွေ စားတယ်) မလိုဘူး။ ပေါချောင်ကောင်းဆိုရပြီ။ ပေါလေကောင်းလေပဲ။ အစိုးရက လက်လွတ်စပယ် မဖြစ်အောင် စံချိန်စံညွှန်း ဝင်သတ်မှတ်ပေးတယ်။ အရည်အသွေး ပြည့်မှီပြီး လူတိုင်းတတ်နိုင်တဲ့ ဈေးနှုန်းဖြစ်ဖို့က ထုနဲထည်နဲ့ mass production) ထုတ်မှရမယ်။ ဂျပန်က ဈေးသက်သာ အဆင့်မှီ လူကြိုက်များတဲ့ ဒီဇိုင်း၊ နည်းပညာတွေနဲ့ အစောပိုင်းမှာ မော်တော်ကား၊ အီလက်ထရွန်းနစ် ဈေးကွက်များမှ ထိုးဖောက်ပြီး အမေရိကန်ကုမ္မဏီတွေ အရှိုက်ထိုးပစ်တယ်။ အောင်မြင်တော့ ဂျပန်ပစ္စည်းများ ဈေးကြီးသွားပြီ။ လူတိုင်းမဝယ်နိုင်တော့ဘူး။ ဒါကိုမြင်တဲ့ အမေရိကန်က ဈေးပေါပြီးအလုပ်သမားပြသနာ မရှိတဲ့ နိုင်ငံတွေမှာ စက်ရုံထောင်ဖို့ အကြံရတယ်။ ဂျပန်နဲ့ ပူးတွဲထုတ်ဖို့ကလည်း သူ့ကို ဂျူနီယာပါတနာ အဆင့်နဲ့ ဆက်ဆံလို့မရတော့ဘူး။ ကိုယ့်ကိုယ်တောင် ပြန်ဆရာလုပ်မဲ့ကိန်းရှိနေပြီ။ ကိုရီးယား၊ ထိုင်ဝမ်တို့ကိုလည်း အတုမြင် အတတ်သင် မဖြစ်စေချင်ဘူး။ နောက်တချက်က အဲဒီမှာ အားသွန်သွားလုပ်လဲ တရုတ်နဲ့ စစ်ဖြစ်ခဲ့ရင် မြှုပ်နှံထားသမျှကုန်မှာ။ ဒီတော့ တချက်ကို နှစ်ချက်ပြတ် တရုတ်နဲ့ တည့်အောင်ပေါင်းပြီး စွန့်ရမှာခြင်းအတူတူ တရုတ်ဆီမှာ စက်ရုံသွားထောင်တယ်။ များများထုတ်နိုင်ဖို့ ခိုင်းတာလုပ်မဲ့ လူပဲလိုတယ်။ ကွန်ပလိန်းတက်မဲ့သူ မလိုချင်ဘူး။ စဉ်းစားဖို့ တီထွင်ကြံဆဖို့အတွက် ကိုယ့်ပြည်တွင်းကလူတွေကို လေ့ကျင့်ပေးတယ် အသုံးချတယ်။ လိုအပ်ရင် လူတော်တွေကို ပြည်ပက တင်သွင်းတယ်။ တရုတ်ကြီးမှာ မြေနေရာကလည်းရှိ၊ လူဦးရေကလည်း များလွန်းတော့ ဘယ်လောက်လာလာ လက်ခံနိုင်တယ်။ ကူမြူနစ် အစိုးရကလည်း သူ့လူသူနိုင်အောင် ထိန်းထားနိုင်တယ်။
    တရုတ်ကြီး လုပ်တတ်ကိုင်တတ်လာတော့ သူကိုယ်တိုင် အိမ်နီးချင်းနိုင်ငံများမှာ၊ ဆင်းရဲတဲ့ နိုင်ငံများမှာ ဈေးကွက်ဖောက်တယ်။ အဲဒီမှာ သိပ်ပြီး စံချိန်စံညွှန်း ဂရုစိုက်စရာ မလိုဘူးလေ။ ဆင်းရဲလို့မဝယ်နိုင်ရင် ကုန်ပစ္စည်းဖလှယ်တဲ့ စနစ်ကျင့်သုံးတယ်။ ဘယ်လောက်ထုတ်ထုတ် ဂိုထောင်ထဲမှာ ပုံနေမှာ မစိုးရိမ်ရဘူး။ ပြည်တွင်းမှာလည်း သန်းထောင်ချီတဲ့ စားသုံးမှုရှိတယ်။ မမြတ်တောင် မရောင်းရလို စက်ရုံမသွားနိုင်ဘူး။ စီးပွားရေးသဘောမှာ နှုန်သေစရိတ်ကြေထားရင် သို့မဟုတ် နောက်ထုတ်သမျှသည် ထုတ်လုပ်မှုစရိတ်နှုတ်ပြီး အမြတ်ကြီးပဲ။ ထုတ်နိုင်ပါလျက် မထုတ်ဘဲ ထိုင်နေမှသာ တယူနစ်ခြင်း စရိတ်များပြီး အရင်းရှုံးတာ။ ပြန်ချုပ်ရင် တရုတ်ကြီးမှာ ထုတ်လုပ်အား အပြည့်ရှိတယ်၊ ဝယ်လက်မျိုးစုံရှိတယ်၊ ဖောက်သည်မရှားဘူး၊ ပြည်တွင်းစားသုံးမှု အားကောင်းတယ်။ ရထားတဲ့ နည်းပညာသည် ရှိထားတဲ့ ဈေးကွက်လိုအပ်ချက်များနဲ့ ကိုက်ညီတယ်။ ဂျပန်ကတော့ ဟိုမရောက် ဒီမရောက် ဖြစ်နေတယ်။ အိုင်တီနည်းပညာ အရမ်းထွန်းကားလာတဲ့ခေတ်မှာ အမေရိကန်ကို လိုက်မဖိုက်နိုင်တော့ဘူး။ မိုက်ခရိုဆော့၊ အက်ပဲလ်၊ အင်တဲလ် စတဲ့ နည်းပညာ ကုမ္မဏီကြီးများရဲ့ တီထွင်ဆန်းသစ်မှုတွေက သက်သေပြနေတယ်။ အရင်ကဆို အီလက်ထရွန်းနစ် လူသုံးပစ္စည်းမှာ ဆိုနီမှဆိုနီ၊ အခုတော့ ဖလက်တီဗွီဈေးကွက်ပဲ ကျန်တော့တယ်ထင်တယ်။
    ဂျပန်မှာရှိတဲ့ culture (သို့) soft power သည် ၂၁ရာစု အိုင်တီခေတ်နဲ့ သိပ်မကိုက်ဘူး ပြောမလား။ အိုင်တီခေတ်မှာ အတွေးအခေါ် လွတ်လပ်မှု၊ တီထွင်ဆန်းသစ်မှု၊ ပေါ့ပါးသွက်လက်မှုများက အခရာကြတယ်လို့ ပြောနိုင်မယ်ထင်တယ်။ ဂျပန်တွေ အရမ်းအားထားတဲ့ စက်ရုပ်နည်းပညာကလည်း အိမ်သုံးအဆင့်အထိ ရောက်မလာသေးဘူး။ အဲဒါအောင်မြင်ခဲ့ရင်တော့ သူ့အလှည့်ပြန်ရောက်နိုင်တယ်။။။။။။။။။။။။
    ဂျပန်ကြုံသလို တရုတ်ဖြစ်ဖို့တော့ မလွယ်ဘူး၊ ဘာလို့လဲဆိုတော့ သူ့ဆီမှာ လူသားအရင်းအမြစ် အရမ်းပေါတယ်။ ကမာ္ဘတလွှားမှာ ခြေတံလက်တံဆန့်ပြီး ရင်းနှီးမြှုပ်နှံထားတယ်။ နိုင်ငံတကာမှာ တရုတ်လူမှု အဖွဲ့အစည်းများရှိတယ်။ အခုဆိုရင် ကမာ္ဘအဆင့်မှီ တရုတ်ပညာတတ်၊ သူဌေးတွေ နေရာတိုင်းမှာရှိနေပြီ။ ဂျပန်ပစ္စည်းတွေလို ဈေးကြီးသွားဖို့ မဖြစ်နိုင်ဘူး။ ဖြစ်ခြင်းဖြစ် နိုင်ငံရေး အုံကြွမှု၊ လူမှုရေး မတည်ငြိမ်မှုများ ဖြစ်လာနိုင်တယ်။ လူလတ်တန်းစား များလာတာနဲ့အမျှ မျက်စိနားပွင့်လာပြီ၊ တသွေးတသံတမိန့်နဲ့ အုပ်ချုပ်ဖို့ မလွယ်တော့ဘူး။ နောက်တချက်က တရုတ်နိုင်ငံ အင်အားကြီးလာတာနဲ့အမျှ နိုင်ငံတကာ တာဝန်များကို ပိုယူရတော့မယ်။ ကိုယ်ကချည် ထိုင်စားနေလို့ မဖြစ်တော့ဘူး။ ပေးရကမ်းရ ထောက်ပံ့ရတာတွေ များလာမယ်။ ကိုယ့်ကို လူရိုသေရှင်ရိုသေဖြစ်ဖို့ စစ်တပ်အင်အားချဲ့ထွင်ရမယ်၊ အစိုးရအသုံးစားရိတ် မြှင့်တင်ရမယ်။ ဒီတော့ စီးပွားရေးအရ တွက်ခြေမကိုက်တဲ့ ကုန်ကျစားရိတ်ထောင်းလာမယ်။ တဖက်မှာလည်း အစောပိုင်းက မျက်စိမှတ်စွတ်တင်ခဲ့တဲ့ ပရောဂျက်တွေ၊ ရင်းနှီးမြှုပ်နှံမှုတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးသက်ရောက်မှုတွေ ရှိလာပြီ။ အောက်ခြေလူထုဆိုတာ ဆွဲတင်တိုင်း ရတာမျိုးမဟုတ်ဘူး။ ဟောင်းနွမ်းသွားတဲ့ နည်းပညာ၊ သုံးမရတော့တဲ့ စက်ရုံ၊ ပျက်စီးနေတဲ့ သဘာဝပတ်ဝန်းကျင်၊ ခေတ်နောက်ကျနေတဲ့ အများပြည်သူဝန်ဆောင်မှုများ စတာတွေက ဆင်းရဲချမ်းသာ ကွာဟမှုပြသနာကို မီးထိုးပေးမှာ။ လောလောဆယ်ထက် နောင်နှစ်၂၀-၃ဝအတွင်း ထင်ရှားလာမယ်ထင်တယ်။။။။။။။။။။။
    ဂျပန်ရဲ့ အားသာချက်က စိတ်ဓာတ်၊ နည်းပညာ၊ အတွေ့အကြုံ။ တရုတ်ကြီးကတော့ ဈေးကွက်၊ လူဦးရေ၊ ကမာ္ဘတလွှားမှာ တရုတ်လူမျိုးများ ဖြန့်ကျက် အောင်မြင်မှု။ နှစ်နိုင်ငံစလုံးမှာ နိုင်ငံရေးစနစ် တည်ငြိမ်တယ် ဆိုပေမဲ့ တရုတ်ကြီးမှာ ရေရှည်ပြသနာ အထင်အရှားရှိတယ်။ သူက မဖြေရှင်းဘဲ ဖုံးထားဖိထားတာ၊ မခံနိုင်လို့ ပေါက်ကွဲထွက်တဲ့တနေ့ အထိနာမယ်။ ဂျပန်ကတော့ ဘယ်လောက် အစိုးရအဖွဲ့ပြောင်းပြောင်း၊ ဝန်ကြီးချုပ်လဲလဲ နိုင်ငံရေးစနစ်မှာ ပြသနာမရှိဘူး။ စနစ်နဲ့ပြည်သူ အသားကျသွားပြီ။ ဂျပန်ဆိုးတာက သိပ်အောင်မြင်လွန်း၊ စနစ်ကျလွန်းတော့ ကျန်တိုင်းပြည်များနဲ့ ယဉ်ကျေးမှုခြင်း အရမ်းကွာသွားတယ်။ တိုးတက်တဲ့ နိုင်ငံများနဲ့ သူ့နည်းသူဟန် ကောင်းကွက်များ ဖလှယ်ပြီး နားလည်လို့ရပေမဲ့ ဆင်းရဲတဲ့နိုင်ငံ၊ မတိုးတက်သေးတဲ့နိုင်ငံများက လူများနဲ့ကြတော့ သိပ်စိမ်းလွန်း၊ ဝေးကွာလွန်းသလို ဖြစ်သွားတယ်။ ပညာတတ်သွား ချမ်းသာသွားတော့ သူတို့ အတွေးအခေါ်ကိုယ်တိုင်က အောက်ကို မဆင်းချင်တော့ဘူး။ အဲဒီမှာ တရုတ်လို အောက်ကြေးဝင်နှိုက်နိုင်သူတွေက စားသွားတယ်ထင်တယ်။ ဥပမာ ဂျပန်ကို အဆင့်နိမ့် သို့မဟုတ် သူ့ထက်ဆိုးတဲ့ အဆင့်မမှီ ကုန်ပစ္စည်းထုတ်ခိုင်းကြည့်ပါလား၊ မစဉ်းစားတဲ့အပြင် အကြံပေးသူတောင် အထင်မြင် အသေးခံရမယ်။ တရုတ်ကြတော့ အောက်ခြေကနေ တက်ဖို့ကြိုးစားနေသူဆိုတော့ လုပ်ရဲတယ်။ ကွာလတီ အဆင့်အမျိုးမျိုးကို ဈေးနှုန်းအလိုက် လုပ်ရဲတယ်။ အစိုးရ တာဝန်ရှိသူများကလည်း အဖွင့်အပိတ် အမျိုးစုံ လုပ်ပေးဖို့ ဝန်မလေးဘူး။ ကျင့်ဝတ်ဖက်ကနေ ကြည့်ရင်တော့ တမျိုးပေါ့ဗျာ။ သူက ဘယ်လိုပြောမလဲ ဆူလွယ်နပ်လွယ် လုပ်စားတတ်တယ် ပြောနိုင်မယ်ထင်တယ်။ ခေတ်ဆိုတာ ဆယ်စုနှစ် နှစ်ခု – သုံးခုလောက် ကြာရင် အပြောင်းအလဲ ရှိတတ်တာမို့ လာမဲ့ဆယ်စုနှစ်မှာ တရုတ်နဲ့ဂျပန် ဘယ်သူသာမလဲ သိနိုင်မယ် ထင်ပါတယ်။ ပုံမှန်ဆို တရုတ်အသာစီးရဖို့ရှိပေမဲ့ အမေရိကန်က ကုန်သွယ်ဖက်ထက် ပြိုင်ဖက်အဖြစ် သတ်မှတ်လာပြီဆိုရင်တော့ သက်သာဖွယ်ရာ မရှိကြောင်း ခန့်မှန်းလိုက်ပါတယ်။။။။။။။။။။

    • inz@ghi

      November 8, 2011 at 11:00 am

      လေးစားပါသည် တပ်ချုပ် ကြောင်ဂျီး ခင်ညား..
      တားတားတိတာတော့ တားတားတို့ခေတ်မှာ အရှေ့ကျွန်းဟာ လုံးဝခေတ်မကောင်းတော့ပါခင်ညား..

      စီးဘွားရေးဒွေ စစ်ရေးတွေ အရမပြောဘဲ တခြားတခု လှည့်ပြောချင်တယ်ဗျ…

      ခုဆို ကာလချာ အရ သူတို့တိုင်းပြည်ကို စောက်ကိုရီးယားက သိမ်းသွားပါပီခင်ည..
      စောက်ကိုရီးယား မင်းသီား အကုန် ဂငယ်လိုတတ်တယ် …
      ဂငယ်တီဗီတွေမှာ သူတို့ ချည်းပဲ … အံမယ် တူတို့က ဒါကို ဂုဏ်ယူသတဲ့လေ…
      ( နောက်ပေါက် တရုတ်မင်းသမီးလေးတွေလည်း
      ဂငယ်လို အခွေ စထုတ်လာကြပီ… မယုံရင် ဦးကြောင်တို့ဆီမှာ စာသင်နေတဲ့ တားချစ်ချစ် Liu Yifei ကိုမေးကြည့်)

      သူတို့ကတော့ မဟာလူမျိုးကြီးဝါဒ ဆိုတော့ သူများ ဘာသာစကား သင်စရာမလိုဘူး
      သူများကပဲ သူတို့ဘာသာ သင်ကြရတယ်ပေါ့ အော် …တလွဲမာန ပြောပါတယ်…
      ဘေယောင်ဂျွန်းတို့ လီဗြောင်ဟွန်းတို့ သူရို့ ကျွန်းပေါ်လာလာပီး ပိုက်ပိုက်တွေကဲ့သွားတာ နည်းမှမနည်းဘဲ..
      သူရို့ကားထုပ်တွေ ပြတာ အားမရလို့ ကြော်ငြာများ စပွန်စာများတောင် ခေါ်ပေးလိုက်ကြသေးတယ်ခဗျား …

      ပြောင်းပြန်ပြောရရင် သည်၁ဝနှစ်အတွင်း နာမည်အကြီးဆုံး ဂျပန်နံပါတ်၁ မင်းသား Kimura Takuya ဆို
      ပြည်တွင်းကလွဲရင် ပြည်ပဆို တရုတ်နဲ့ ဖက်ဆပ် ၁ကားလားပဲ ရိုက်ဖူးတာခည…..

      စောက်ကိုရီးယန်း ဝေ့ဖ်က တိတဲ့အတိုင်း သည်အတိုင်း ရပ်နေတာဟုတ်ဘူး ….
      ဂငယ်တွေ သွားလိုက်ကြတဲ့ ကိုရီးယား
      စားလိုက်ကြတဲ့ အကင် .. သူ့မှာလည်း Sho Chu ရှိတာကို သောက်လိုက်ရတဲ့ Soju

      စစ်ဖြစ်နေတာမဟုတ်လို့ တိုက်ရိုက် မတူညီပေမယ့် …. တားတို့ ဘိုးဘေးတွေ ယိုးဒယားကို စစ်နိုင်ပေမယ့်
      ယဉ်ကျေးမှုမှာ ရှုံးခဲ့သလို ခေါမကို စစ်နိုင်တဲ့ရောမ တွေ ယဉ်ကျေးမှုမှာ ရှုံးခဲ့သလို နဲ့ဆင်တူသလားလို့ပါ…
      တားတို့ကမှ စစ်နိုင်လိုက်ရသေးတယ် နော့် ..

      ခု …သေပီဆြာပဲ … ကမာ္ဘ့အကြီးဆုံး ကားမိတ်ကာတွေ ရှိတဲ့တိုင်းပြည်ကို ဟွန်ဒိုင်းတွေ သွင်းလာပီလေ…
      မခန့်တာ ပြောပါတယ် …ဆမ်ဆောင်း တွေ လှိမ့်ဝင်လာတယ်… ရေခဲသေတ္တာ မှာ ပန်နာဆိုးနစ် နဲ့ ဟိတာချိနဲ့
      သတ်တယ် …. ဖုန်းတွေ တက်ဘလက်တွေမှာ တိုရှီဘာ နဲ့ဖိုက်တယ်…
      မော်ဒန်ဂျပန် မှန်ရင် ကိုရီးယား လပ်ဇပ်ရီ ခံစားတတ်ရမယ် ဆိုတာမျိုးလည်း ကြားဖူးသေးသဗျ…
      နောက်ဆုံး မိတ်ကပ်တောင် သွင်းလာပီလေ….
      အံမယ် လမ်းတွေ့လို့ စကီလေးတယောက်လှတာမြင်ရင်ပဲ ကကြီးမလေးကျနေတာပဲ တဲ့..
      ဂငယ်တွေ ဂငယ်တွေ…

      သူတို့က ဘာပြောလဲဆို .. ကိုရီးယားတွေက ဒီဇိုင်း သိပ်အမြင်ရှိကြတယ် …ဆိုပဲဗျ….
      ကိုရီးယားကို အာရှရဲ့ …မီလန် ပဲရစ်စ် လောက် မှတ်ကြတာကိုးဗျ…
      တဖဲ့အချင်းစီ ဝါးမျိုနေတာဗျ.. ..ကြာရင်လွယ်ဝူး … သည်တော့

      တရုတ်ကြီးက ဆြာတို့ပြောသလို အတွင်းပိုင်း ကွိုင်ချိတယ် …
      ဂငယ်ကလည်း ဆုတ်ယုတ်နေတယ်… (စီးပွားကကျ ကိုရီးယားက ထ သည်ကြားထဲ ငလျင်လှုပ်ပီး ဓါတ်ပေါင်းဖိုလေးပါ အဆစ် ပေါက်ပေးလိုက်သေးတယ်..)
      အာရှ နံပါတ်၁ နေရာကို ကကြီး လက်ထက်ပေးလိုက်ရနိုင်ချေ ရှိဝူးလား လို့ မေးကြည့်ချင်ပါတယ်ခင်ညား.

      • ကြောင်ကြီး

        November 8, 2011 at 12:26 pm

        ကကြီး ဘယ်လောက်ကက သူ့ခင်ဗျာ မြောက်ကြီးရန်ကို အမြဲကြောက်နေရတာလေ။ အမေရိကန်က စစ်ရေး၊ စီးပွားရေးထောက်ပံ့ပေးထားလို့။ သူ့တကိုယ်တည်း စိုက်ရမယ်ဆိုရင် မြန်မာပြည်လာ ပိုက်ဆံချေးရလောက်အောင် မွဲပြာကျသွားမယ်။ သူ တိုးတက်နေတာ မှန်ပါတယ်။ သို့သော် ဖြစ်နိုင်ခြေတခု စဉ်းစားကြည့်မယ်ဗျာ။ တရုတ်ကြီး ပြိုကွဲသွားလို့ ကိုရီးယားနှစ်နိုင်ငံ ပေါင်းစည်းမိသွားရင် တောင်ပိုင်းရဲ့ ဓနဥစ္စာတွေ မြောက်ပိုင်းကို ခွဲပေးရမှာမို့ တိုးတက်မှု အရှိန်ကျသွားမယ်။ ဂျာမနီ နှစ်နိုင်ငံ ပေါင်းစည်းတော့ အဲလိုဖြစ်ခဲ့တယ်။ သို့ပေမယ့် အဲဒီအချိန်က အနောက်ကမာ္ဘ စီးပွားရေးကောင်းနေတော့ ပြသနာမရှိဘူး။ ပြီးတော့ လူဖြူအချင်းချင်း ဘယ်လိုရိုင်းပင်းရမလည်းဆိုတာ ပြောစရာမလိုဘူး။ အာရှတိုက်သားတွေကြတော့ ရပါမလား။ အသားဝါအချင်းချင်းသာဆိုတယ် ဘယ်တော့မှ မတည့်ဘူး။ နောက်တချက်က ကိုရီးယားနိုင်ငံသည် သေးတယ်၊ လူဦးရေ မများဘူး။ ဆရာသစ်မင်းပေးထားတဲ့ လိုအပ်ချက်တွေနဲ့ပြန်ကိုက်ရင် လူအလုံအလောက်မရှိ၊ မြေနေရာကျဉ်း၊ ဘက်စုံဖွံ့ဖြိုးတဲ့ နည်းပညာ မရှိ၊ အချိန်မရွေး စစ်ဖြစ်နိုင်တယ်။ မြောက်ကိုရီးယားနဲ့ စစ်ပြေငြိမ်းရေး စာချုပ်တောင် မချုပ်ထားဘူး။ အပစ်အခတ်ရပ်စဲရေး အဆင့်ပဲဟိုကထားတယ်။ ပြီးတော့ မြောက်ကြီးက ဆင်းရဲပေမဲ့ ဒုံးပျံ၊ ညုကလီးယားဗုံး၊ သမားရိုးကျလက်နက် အစုံရှိတယ်။ စစ် ဖြစ်လိုက်လို့ကတော့ တောင်ကိုရီယား ဒုတိယကမာ္ဘစစ်မဖြစ်ခင် အခြေအနေကို ပြန်ရောက်သွားမှာ။။ ကိုရီးယားတွေ သချာင်္တော်တယ်။ ကျောင်းတွေမှာ အတွက်အချက်ဆိုရင် ဒီကောင်တွေ ထိပ်တန်းပဲ။ အနောက်တိုင်းအမြင်နဲ့ကြည့်ရင်တော့ အာရှက အာရှပဲ၊ ခိုင်းတာလုပ်ဖို့ ဝူးဝူဝါးဝါး ရှုးရှုးရှားရှားနဲ့ သောက်ရမ်းတွန်းလုပ်ဖို့ပဲသိတယ်။ ဥခွံထဲကဖောက်ထွက် မစဉ်းစားနိုင်ဘူး။။။။။။။။ ဒီတော့ သူဘယ်လောက်တော်တော် ထိပ်ဆုံးမဖြစ်နိုင်ဘူး။ ထိပ်ပိုင်းငါးဦးထဲတော့ သေချာပေါက်ရှိနေပါလိမ့်မယ်။

  • htoosan

    November 8, 2011 at 11:06 am

    ဆရာသစ်မင်း ကိုယ်စား ဘဲ ကြားကနေ ဝင်အော်ပါရစေ။
    ကိုယ်ပြောတာမှား လို့ အရေးမပါလို့ ဆိုပြီး ရှက်စရာမရှိပါ။ ကိုယ်ထင်တာ ကိုယ်ဝင် ပြောသင့်ပါတယ်။
    မြင်နေကျ မန့်သူများ အားလုံးဝင်ပါစေချင်ပါတယ်။ကောင်းပါတယ်ဆိုတာလေး နဲ့ ဖြေသိမ့်မပေးပါနဲ့။ လေ့ကျင့်ခန်း တစ်ခုအနေနဲ့ ဝင်စေချင်ပါတယ်။
    ဒါမှ မအားတဲ့ကြားက ရေးရတဲ့ ဆရာ သစ်မင်းလည်း အားပိုပါလာမှာပေါ့။
    ဟုတ်တယ်မဟုတ်လား ဆရာသစ်မင်း .. :mrgreen:

  • thit min

    November 8, 2011 at 4:11 pm

    ကိုရင်မောင်ရေ ကျေးဇူးနော်။

    ဘာဘဲဖြစ်ဖြစ်စိတ်ထဲပေါ်လာတာ ကော်မန့်ပေးသွားလဲရပါတယ်ခင်ဗျာ။ကျနော်တို့တွေကထူးပြီးတော်နေတတ်နေသူတွေ
    မဟုတ်ပါဘူး။ဘယ်လိုပြောရမလဲဆိုတော့အကိုမရောက်ဘူးသေးတဲ့နေရာကျနော်တို့ရောက်ဘူးတယ်ဆိုတာမျိုးပါခင်ဗျ။
    ~~~~~~~~~~~~~~~~~~~~~~

    ကိုပါလေရာရေ

    ကျနော်ကိုခင်မင်လို့ဝင်ပြောပေးတယ်ဆိုတဲ့စကားလေးနဲ့ သစ်မင်းတော့ ပီတိတွေတဝကြီးရလိုက်ပါသည်။
    ကျေးဇူးတင်ဝမ်းသာပါသည်။
    စီးပွါးရေးတိုးတက်မှုနှုန်းကို
    (၁)အမှန်တကယ်တိုင်းပြည်ထုတ်ကုန်တိုးနှုန်း
    (၂)တဦးကျဝင်ငွေတိုးနှုန်း
    (၃)အလုပ်လက်မဲ့ကျဆင်းနှုန်း
    (၄)ပို့ကုန်တိုးနှုန်း
    (၅)နိုင်ငံခြားကြွေးမြီ
    (၆)ငွေဖောင်းပွမှုနှုန်း
    စတဲ့အချက်တွေနဲ့အဓိကအခြေခံပြီးတိုင်းလေ့ရှိပါတယ်။အသေးစိတ်တိုင်းတဲ့တခြားအချက်
    တွေလဲရှိပါသေးတယ်။
    ကိုပါလေရာမန့်ထားတာလေးတွေကိုတော့နောက်ပို့စ်မှာထဲ့ပြောပေးသွားပါ့မယ်။

    ~~~~~~~~~~~~~~~~~~~~~~~~

    ညီမောင်ပေရေ

    ပြောမယ်ဆိုပြောစရာတွေရှိမှာပါ။နားထောင်ချင်ပါတယ်။တခုခုပေါ့နော်ပြောပါလို့။ကျေးဇူးနော်။

    ~~~~~~~~~~~~~~~~~~~~~~~~~

    ကိုရာဇဝင်လူဆိုးရေ

    ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ၊ရှယ်တာမလို့ဝင်ရောက်ဆွေးနွေးပေးပါအုန်းနော်။

    ~~~~~~~~~~~~~~~~~~~~~~~~~~

    မမခင်ဗျား

    ဟုတ်ပါတယ်။သူများကိုချည်းအပြစ်တင်နေတာနဲ့မိုးတွေချုပ်ကုန်လို့ပါ။ကိုယ်ရောကောင်းရဲ့လား။မကောင်းရင်ပြင်
    မှာလားဆိုတာအရမ်းအရေးကြီးနေပါပြီ။
    ကျေးဇူးနော်။

    ~~~~~~~~~~~~~~~~~~~~~~~~~~~

    ကိုထူးဆန်းရေ

    တော်တော်ကောင်းပါတယ်ခင်ဗျာ။
    ခံယူချက်ပုံစံအပြောင်းအလဲ(ကျနော် Ideological Paradigm -အိုင်ဒီအိုလိုဂျီပါရာဒိုင်းလို့သုံးမယ်နော်)ကိုပြောပြပေးသွားတာ။
    ပြီးတော့တရုတ်ရဲ့ နှိုင်းယှဉ်အကျိုးအမြတ်(Comparative Advantages) နဲ့ အက်ဖဒီအိုင်(Foreign Direct Investment) အခန်းကဏ္ဍကိုပြောသွားတာ။အမှန်တွေပါ။ကျေးဇူးပါဗျာ။

    ~~~~~~~~~~~~~~~~~~~~~~~~~~~

    ကိုကြောင်နဲ့ ကိုဇာဂီ ၂ ယောက်အပြင်တွေ့ရင်………………..

    အိပ်မှာမဟုတ်ဘူးထင်ပါရဲ့။
    တော်လဲတော်ကြတဲ့သူတွေ။
    ပြောတတ်ပါပေ့အနှစ်တွေ။
    ကျေးဇူး။

    • inz@ghi

      November 8, 2011 at 8:50 pm

      ဆြာသစ် မနောက်ပါနဲ့ဗျာ ..
      ကျနော့်ကို ဦးကြောင်နဲ့ ယှဉ်မပြောပါနဲ့ ..
      ကျနော်က ကလေးအတွေး …
      မြင်သမျှလေး …တွေ့သမျှလေး …ချဉ်းကပ်မိတာပါ ….မေးမိတာပါ..
      ကိုကြောင်ကြီး ဘယ်လို အချက်ကျကျ ပြောသွားလဲ အစ်ကို မြင်တဲ့အတိုင်းပဲရော်….

      အစ်ကိုတို့ အားလုံးကိုလေးစားတဲ့
      ဖားခြေရာခွက်ထဲက

      အင်ဇာဂီ…

      • ကြောင်ကြီး

        November 9, 2011 at 10:35 am

        မနောက်ပါနဲ့ ဦးရယ်။ ရွာသားအချင်းချင်း အဆင်းကို ဘီးတပ်မပေးကြေးလေ။။။။ 🙄
        ဖားခြေရာ
        ခွက်ထဲက
        အင်ဇာဂီ..
        ပျားရည်ရှာ
        မက်တော့
        နင်ပါသည်..
        များဆွေသဟာ
        ဆက်တော့
        ကုန်ပါပြီ.. (ဖုံးဆက်ခ)

  • blackchaw

    November 8, 2011 at 4:45 pm

    ကွန်းမန့် ဝင်မရေးပေမယ့် တက်လာတဲ့ ကွန်းမန့်တွေကို
    တစ်ခုချင်းစောင့်ဖတ်နေပါတယ်။
    ကိုသစ်မင်း က အတွင်းအား တော်တော် အဆင့်မြင့်နေပါပြီ။
    သူ့လက်ရည်ကို ကျွန်တော် ယုံပါတယ်။
    ကောင်းပါတယ်လောက်နဲ့ ဝင်မန့်ရမယ့် ပို့စ် မျိုး မဟုတ်လို့ပါ
    ကိုရင်ထူးဆန်းရေ။
    တစ်ခါတစ်လေ တိတ်တိတ်နေခြင်းကလည်း အားပေးခြင်းတစ်မျိုးလို့ မှတ်ပေးပါဗျာ။

  • alinsett

    November 8, 2011 at 6:29 pm

    သဂျီး ပြောတာ မှန်တယ်..။ မြန်မာတွေ.. ………….အင်း……… ထားပါတော့။

    ကိုသစ်မင်းရေ…ကိုသစ်မင်းရေးတာတွေ.က တကယ့်ကို အကျိုးရှိစေတဲ ့စာတွေပါ။

    ကျွန်တော်…လေးစားစွာ..ဖတ်ပါတယ်။
    ဆက် ရေးပါဦး။

    ခင်မင် လေစားစွာ..ဖြင့်

  • maungmoenyo

    November 9, 2011 at 8:27 am

    ဒီဆွေးနွေးချက်တွေက social paradigm ဦးတည်နေတာလား၊ ဒါမှမဟုတ် economic paradigm ကိုရည်ညွှန်းနေတာလား။ ကျွန်တော်မျက်စေ့လည်နေလို့ပါ။ အဆင့်တော်တော်မြင့်ပါတယ်… ကိုသစ်မင်း။ နောင် ရေးတဲ့အခါဆိုလိုရင်းပေါ်လွင်စေတဲ့ အကြောင်းအချက် တွေ factual ဖြစ်ရင် ပိုမှတ်သားမိလောက်ပါတယ်။ စာသားထဲက တန်ဘိုးရှိတဲ့ ကောက်ချက်တွေကိုခွဲထုတ်ရှာနေရလို့ပါ။

    • thit min

      November 9, 2011 at 9:17 am

      ဟုတ်ကဲ့ပါ ko moenyo…………
      လူအများသိတဲ့နေရာက “စ” ရလို့ပါခင်ဗျာ။
      “စ” စ ချင်း ဘာသာရပ်စကားတွေသုံးရင် အလှမ်းဝေးသွားမှာစိုးလို့ပေါ့နော်။
      ဒါပေမဲ့ ဒီဟာကိုဖတ်ပြီးဆက်ဖတ်မဲ့သူတွေအတွက်…………..
      ကျနော် နောက်ပို့စ်မှာ Macro Approach ကနေရေးပေးမယ် (တနည်း) Catagorize လုပ်ပေးမယ်လို့
      အောက်မှာဖော်ပြထားပါတယ်ခင်ဗျာ။
      အနည်းငယ်ပြောရရင်တော့ Social Prepardness ရဲ့ ခြေလှမ်းတွေထဲက သူ့တို့မှာရှိခဲ့တာတွေပေါ့နော်။ဆိုရှယ်ပါရာဒိုင်းကိုသွားနေတာပေမဲ့အီကော်နော်မစ်ကကျွဲကူးရေပါ လို့ပြောရပါမယ်။
      အဲဒီ တော့ပစ်ကြီးကိုခေါင်းစဉ်ငယ်လေးတွေထပ်ခွဲပြီးမှအခုပြောသွားတဲ့ အချက်တွေကို ခေါင်းစဉ်တခုချင်းရဲ့အောက်ကိုဆွဲသွင်းပြသွားမှာပါ။
      စောင့်မျှော်ဖတ်ရှုပေးပါရန်လေးစားစွာဖြင့်
      သစ်မင်း

Leave a Reply