မြေပြင်ပေါ်တွင် ကူးခတ်ခြင်း
ကဗျာ မဟုတ်ပါ ။ စာ မဟုတ်ပါ ။ ကြယ်တစ်စင်း မဟုတ် သလို…အလင်းတန်းတစ်ခုလည်း..မဟုတ်ပါ။
ကောင်းကင် မဟုတ်သလို…မြောပြင်လည်း မဟုတ်ပါ ။ ဘာဆို ဘာမျှ မဟုတ်ပါ။
သို ့သော်…အပြာရောင် တိတ်ဆိတ်ခြင်းက ကျွန်တော့်ကို ကြောက်လန် ့စေခဲ့ပြီ။
စိတ်၏ ရူးသွပ်မှုကို နှလုံးသားက အကောင်အထည် ဖော်လိုက်သောအခါ..ကျွန်တော် လှေကါးထစ်များကို ချစ်တတ်လာပါသည်။
လှေကါးများသည် အမြင့်သို ့ တတ်သည် ချည်းပဲ..လား အောက်သို ့ ဆင်းသည် ချည်းပဲလား..။
ဒါမှမဟုတ် တစ်နေရာရာမှ စတင်ပြီး အခြား (မမြင်နိုင်သော ) တစ်နေရာရာမှာ အဆုံးသတ် (ပျောက်ကွယ် )သွားတတ်ပါသလား .။
မရေရာပါ။ မှန်ပါသည် ။ လုံးဝ မရေရာပါ ။
( ထပ်ပြောနေလျှင်လည်း မရေရာပါ..ဆိုသော စကားသာ ဖြစ်ပါလိမ့်မည်။)
အားအင်များကို လျှော့ပေါ့ပြီး နေ လို…လ လို ကျင့်ကြံပါမည်။
လျှော့ဈေးဖြင့် ချရောင်းနေသော အကျင့်သီလများကိုတော့ မဝယ်ချင်ပါ။
ဒါပေမယ့် ရေငတ်တုန်းတော့ ရေတွင်းထဲ..ပြုတ်ကျချင်ပါသည်။
ဖြူသလား..မည်း သလား သိဖို ့မလိုပါ။ အဓိက က ထိ မိ တို ့မိ ဖို ့သာဖြစ်သည်။ ဒါဆိုရင် ဘယ်အရာက
မက်မောစရာ ကောင်းသလဲ….။ ဟေ့… အေးးးးးးးးး။
ကျွန်တော့်ကို”” တော်တော် တော်တဲ ့လူပဲ..””.ဟု ပြောသူများက်ို
ကျွန်တော်က
“” တော်တော် ညံ့တဲ့လူပဲ…””ဟု ပြန်မပြောရက်ပါ။
အဘယ်ကြောင့်ဆိုသော်..ကျွန်တော်တို ့အားလုံးသည် စိတ်ပါလက်ပါ ရူးသွပ်နေဖို ့
တကယ် လိုအပ်သောကြောင့်ဖြစ်သည်။
ကျွန်တော့်ကို အထင်ကြီးသူများကို ကျွန်တော်က လက်ဝါး ဖြန် ့ ပြလေ့ရှိပါသည်။
တချို့ ့က ကျွန်တော် ဖြန် ့ပြသော လက်ဖဝါးပြင်ကို သေချာ ကြည့်ပြီး…
“” မင်း…အချစ်ရေးမှာ ကံမကောင်းနိုင်ဘူး….”” ဟု မှတ်ချက်ချသည်။
တချို ့ကတော့ ကျွန်တော် ဖြန် ့ပြလိုက်သော လက်ဖဝါးပြင်ပေါ်မှ သုည စစ်စစ်ကို
မြင်တွေ ့သွားတတ်ပါသည်။
ကျွန်တော် ၏ ဘာမှ မရှိသော ဖြစ်တည်မှု.(သို ့မဟုတ် ..သုည စစ်စစ် ဖြစ်နေမှု)ကို
မြင်လိုက်ရသူများက ကျွန်တော့်ကို ပြုုံးပြတတ်ပါသည်။ ကျွန်တော်ကို ဘာစကားမှ မပြောပါ။
ကျွန်တော့်လက်ဖဝါးပြင်ပေါ်မှ
ဗလာနယ်ပယ်ကို
ရှာတွေ ့သွားသူများ ပြုုံးပြသော အပြုံးလေးများသည်…
ကမ္ဘာမြေပေါ်မှာ ကျွန်တော်..အတွယ်တာရဆုံးအရာများသာ ဖြစ်ပါသည်။
×××××××××××××××××××××××××××××××××××××××××××××××
လေးစားစွာဖြင့်…
အလင်းဆက်
alinsett.art@gmail.com
13 comments
alinsett
November 12, 2011 at 12:28 pm
အခုတလော..မော်ဒန် ပို ့မော်ဒန်ဆိုင်ရာ. စာတမ်းတွေ… ဖတ်ဖြစ်နေပါတယ်။
ဒါနဲ ့ပဲ..မနေနိုင်တော့တာနဲ ့ စိတ်အစဉ်ကို လွတ်ပေးပြီး…..ဖျတ်ခနဲ.ပေါ်လာတဲ့ အတွေးတွေကို
ချရေးကြည့်မိပါတယ်။
ကျွန်တော့ အနုပညာဖန်တီးမှုမှာ..
တစ်ခုခု လိုသွားတာ ပိုသွားတာ ရှိနေရင်……. အားလုံးက ခွင့်လွတ်နားလည်ပြီး..
ထောက်ပြဝေဖန်ပေးလိမ့်မယ်..လို ့ ယုံကြည်ပါတယ်။
အားလုံးကို ခင်မင်လေးစားပါတယ်။
အလင်းဆက်
windtalker
November 12, 2011 at 1:06 pm
ကိုအလင်းစက် စာကို ဖတ်အပြီး
ကိုယ့်လက်ဖဝါးကို ပြန်ကြည့်မိတော့
အားပါးပါး….အသားမာတွေ အသားမာတွေ ပါကလား ။
သည်လက်နဲ ့ဝမ်းတစ်ထွာဖို ့အာကေရှာရဦးမယ် ။
သည်လက်နဲ ့ဂေဇက်မှာ စာတင်ဖို ့တိုက်ပင်းရိုက်နေဦးမယ် ဗျာ
alinsett
November 12, 2011 at 1:10 pm
ကိုပေ..ရေ…ဒီလိုပါပဲ..။
ဘဝ ဆိုတာ..
ကျွန်တော့ စာကို ဖတ်တာ ကျေးဇူးပါပဲ..ဗျာ။
ကြောင်ကြီး
November 12, 2011 at 1:23 pm
မြေပြင်ပေါ်ကူးကူး
ရေထဲလျောက်လျောက်
ကောင်းကင်ထက်ပျံပျံ
မျိုးစေ့မမှန်
ပင်မသန်တဲ့…
ဒီတော့
အဖိုးတန်
အကျိုးမြန်ဖို့
အဘိုးသံဆီမှာ
အဓိဌာန်ဝင်။။။။။ 😮
alinsett
November 12, 2011 at 1:26 pm
ဒုက္ခပါပဲ…။ ဘယ်က အဘိုးသံ ပါလိမ့် ။
ဦးကြောင်တို ့ကတော့…ဒူးချောင်နေပြီမှတ်တာ..ဒီထိတောင် လိုက်လာသေးသကိုး……..
နီလေး
November 12, 2011 at 2:50 pm
အလင်းဆက်ရေ အားပေးသွားပါတယ်နော် ဖတ်ကြည့်တော့ နားလည်သလိုလိုနဲ့ လည်တည်တည်ဖြစ်သွားရော။ ဒီလိုစာမျိုးကို သဘောကျမိတယ်
thit min
November 12, 2011 at 7:21 pm
နှင်းဆီပန်း ကို ဘယ်လို အမည် ဘဲ ပေးပေး
သူ ကတော့ မွှေး နေ မှာပါဘဲ ဆိုတဲ့စကား
လူ့စိတ်ရဲ့ စွက်ဖက်မှူ့တွေ တွေ့ရတယ်။
လူတွေဟာ လူအချင်းချင်း ကိုလဲ ဝေဖန်တယ်
ပန်းလေးတွေ ကို လဲဝေဖန်တယ်။
မြင်ရတဲ့ဟာတွေ ဝေဖန်တာလား မဟုတ်ဘူး
အတွေးတွေကိုလဲဝေဖန်တယ်
ဝေဖန် တာ ကိုကြည့်လိုက်တော့ “သေ” နေတဲ့ “လူ”ကို တောင် ဝေဖန်ကြတယ် ဆိုတော့ကာ
ကိုအလင်းဆက် ရေ
ခင်ဗျား ကဗျာထဲမှာ ပါတဲ့ ရှင်သန်နေတဲ့ အတွေး တွေကို ကျနော် က ကောင်း တယ်လို့ ကောင်းသော ဝေဖန်ချက်ပေး ရုံနဲ့
မကျေနပ်လို့
ခင်ဗျား ဒီကဗျာ ရေးတုန်းက “သေ သွားတဲ့ အတွေး” တွေ (ဒါမှမဟုတ်)
“သေ သွားလို့ ဒီအထိ ပါမလာတော့တဲ့အတွေးတွေ” ကိုပါ အပေါင်း အမှတ် ပေး ပါတယ် ဆိုတဲ့အကြောင်းလေး။
ခင်မင်စွာဖြင့်။(^^)
ပေါက်ဖော်
November 12, 2011 at 7:45 pm
ကျနော်တော့ ခေါင်းစဉ်နဲ ့တင် ဦးစားသွားတယ်..
မော်ဒန် အခြေခံ ရှိလို ့လားမသိဘူး..အဟီး
ခိုက်တယ်ဗျာ..ဆက်ဆွဲထား..
forever
November 12, 2011 at 8:03 pm
ကိုပေါက်ဖေါ်လိုဘဲ ခေါင်းစဉ် ကြည်.ပြီး ကျောင်းတုန်းက
အီကိုဘေးကတောထဲ အင်ယားကန်ဘောင်ကသစ်ပင်တွေ
အောက်ကပြန်လာတဲ. သူငယ်ချင်းအတွဲတွေကိုတွေ.ရင်
မင်းတို.သစ်ပင်အောက်မှာ ရေကူးပြီးပြန်လာတာလားလို. စလေ.ရှိတယ်လေ
ညီလေးအလင်းဆက်ရေ .. ကဗျာဆိုတာ ခံစားချက်ရှိမှ မွေးဖွားလာတာမို.
မင်းကဗျာ ကိုတန်ဘိုးထားပါတယ်
manawphyulay
November 13, 2011 at 6:19 pm
ဟီး ဖတ်တော့ ဖတ်ကြည့်တယ်။ မနောက ပိန်းနေလို့လားမသိဘူး။ အောက်စာသားဖတ်ပြီးရင် အပေါ်ကို ပြန်ပြန်ဖတ်ကြည့်ရတယ်။ သိပ်နားမလည်ဘူး။ ဆက်လက် ခံစားရေးသားလို့ မနော တိုက်တွန်းလိုက်တယ်နော်အလင်းဆက်ရေ… နားမလည်လည်း ဆက်လက်အားပေးနေမယ်နော်။
blackchaw
November 14, 2011 at 12:23 pm
အရသာ တစ်ခု ရပါတယ်။
ချိုတာလား ခါးတာလား ချဉ်တာလား စပ်တာလား
တိတိကျကျ ပြောပြလို့မရပါ။
အဲဒါကိုက မော်ဒန် ကဗျာကပေးတဲ့ အရသာလို့ထင်ပါတယ်။
ဟုတ်ပါသလား ကိုအလင်းဆက်ရေ။
etone
November 14, 2011 at 3:35 pm
အလင်းဆက်ရေ … မတူညီတဲ့ အရာတွေကို နှိုင်းယှဉ်ပြသွားတာ စိတ်ကူးလေးတော်တော်ကောင်းပါတယ် … ။
ဒိုင်ယာလော့ခ်တွေ ကောင်းပြီး ရေးထားတာ မြင့်လွန်းလို့ ….. မမှီတမှီ မနည်းတောင် လိုက်တွေးလိုက်ရတယ် … ။ ဖတ်ပြီး ရင်ထဲတော့ တစ်စုံတစ်ခုကျန်ခဲ့တယ် ….. ။
တွေဝေ တွေးတောနေမိခြင်းပါပဲ 🙄
alinsett
November 15, 2011 at 6:29 pm
ဟုတ်ကဲ..အားပေးကြတာ သိပ်ကျေးဇူးတင်ပါတယ်။
ကိုသစ်မင်းရေ…ကိုသစ်မင်းရဲ ့ချီးကျူးစကားက ကျွန်တော့်ကို တော်တော်လေး အားဖြစ်စေပါတယ် ။ ကျေးဇူးပါ။
ခေါင်းစဉ်နဲ ့တင် တော်တော် ဦး..စားသွားတဲ ့ကိုပေါက်ဖော် ကို အားနာပါတယ် ဗျာ။
ကျွန်တော့် စာကို တန်ဖိုးထားပါတယ် ဆိုလို ့ Forever ကို သိပ် ကျေးဇူးတင်ပါတယ် ။
နားမလည်တာတောင် ဆက် အားပေးနေမယ့် မနောဖြူလေးကိုလည်း ဘယ်လို ခင်မင်မိမှန်တောင် မပြောပြတတ်တော့ပါဘူး။ အရမ်းကို ကျေးဇူးပါ။
မော်ဒန်ကပေးတဲ ့အရသာ (ရသ ) နဲ ့ အစားအစာက ပေးတဲ ့အရသာ နဲ ့ရောထွေးသွားတဲ ့
ကိုဘလက်ကို လည်း ကျေးဇူးပါပဲ..။
နောက်ဆို ကျွန်တော်..ချိုတဲ ့ အနုပညာတွေ ဖန်တီးကြည့်ပါဦးမယ်.။ နောက်တာနော်။
အိတုန်ရေ..ကိုယ့်စာတွေကို မြင့်တယ် ဆိုလို ့ကိုယ် လည်း ဘဝင်တောင် မြင့်ချင်ချင် ဖြစ်သွားတယ် ။
ဖတ်ပြိး ရင် ထဲ ့တစ်ခုခု ကျန်ခဲ ့တယ် ဆိုလို ့ ဝမ်းသာရပါတယ် ။
အားပေးကြသူအားလုံးကို သိပ်ကျေဇူးတင်ပါတယ် ။
ကျွန်တော်က အားပေးသူရွာသူရွာသားတွေ ရဲ ့ဝေဖန်မှုတွေကို ဖတ်ပြီး အားအင်တွေ ယူနေရတာပါ ။
မန်းထားတာတွေက ပေးတဲ ့အားနဲ ့နောက်တစ်ပုဒ် ဆက်ရေးပါ့မယ် ။
မော်ဒန်ချည်းပဲ..မဟုတ်ပဲ…အနုပညာ စစ်စစ်တွေကို ဖန်တီးနိုင်ဖို ့ အမြဲ..ကြိုးစားနေပါတယ်။