လက်ထောက်ဆရာဝန်တွေအတွက်

naungNovember 18, 20111min22213

ဒီရက်ပိုင်းမှာ MBBS ဘွဲ့ရတွေကို နိုင်ငံတော်ကနေ ဝန်ထမ်းအဖြစ်ခန့်အပ်ဖို့အတွက် အင်တာဗျူးထိုင်ကြပါတယ်။ အဲဒီမှာ မေးတဲ့ တချို့မေးခွန်းတွေက လုပ်ဆောင်ရမယ့် တာဝန်၊ ရာထူးနဲ့ ဘာမှ မဆိုင်တာတွေကို မေးတယ်လို့် ဝင်ရောက်ဖြေဆိုသူတွေ ပြန်ပြောတာကို ကျွန်တော်ကြားမိလိုက်ပါတယ်။

ဘာတွေမေးလည်းဆိုတော့ နိုင်ငံတော်က တည်ဆောက်ထားတဲ့ ဧရာဝတီမြစ်ကူးတံတားတွေရဲ့ အရှည် ပေ ဘယ်လောက်လည်းဆိုတာမျိုး၊

တရုတ်နိုင်ငံက ပင့်ဆောင်လာတဲ့ စွယ်တော်မြတ်က စွယ်တော်ဟာ အထက်/အောက်/လက်ဝဲ/လက်ယာ ဘယ်နေရာကလည်း ဆိုတာမျိုးတွေ မေးပါတယ်တဲ့။

MBBS ဘွဲ့ရတွေကို ခန့်မှာက လက်ထောက်ဆရာဝန်ဆိုတဲ့ ရာထူးပါ။ အပေါ်က မေးခွန်းမျိုနဲ့ မဆိုင်ဘူးထင်တာဘဲ။

အခုမေးနေတဲ့ ပုံစံတွေက အရင် အစိုးရ လက်ထက်က ပုံစံမျိုးတွေဖြစ်နေသလားလို့ပါ။

ဗဟုသုတအနေနဲ့ မေးတဲ့ မေးခွန်းဆိုရင်လည်း

ဥပမာ- မြန်မာနိုင်ငံမှာ ရင်ချင်ဆက်အမွှာတွေကို ဘယ်နှစ်က အောင်မြင်အောင်ခွဲစိတ်တာလည်း ဆိုတာမျိုးတွေ၊ ကမ္ဘာမှာ ရောဆိုတာမျိုးတွေကို မေးသင့်တယ်ထင်တာဘဲ။ ဆေးပညာနဲ့ဆိုင်တာကိုဘဲ အဓိက ထားမေးသင့်တာပါ။

အခုဆိုရင် နိုင်ငံအတွင်းမှာ အင်တာနက်ကိုလည်း ကောင်းကောင်းသုံးနိုင်တဲ့အတွက် (ကွန်နက်ရှင်နှေးတာကလွဲရင်) သိချင်တဲ့ အချက်တွေကို Google, Wikipedia တို့မှာ ရှာဖတ်ထားကြည့်လို့ရနိုင်တဲ့ အတွက် ဟိုးအရင် တုန်းက အကြောင်းတွေက အစ မေးလို့ရနိုင်တာကြီးကို။

ဘာမှ မဆိုင်တဲ့ မေးခွန်းတွေ လာမေးရတယ်လို့။

ဒါမှမဟုတ် မင်းတို့ ဆေးမကုတတ်ရင်နေ၊ ဒါတွေသိရင် အလုပ်ခန့်မယ်ဆိုတာ မျိုးလား။

အဲဒီတော့ ပြောချင်တာက မြန်မာနိုင်ငံမှာ လက်ထောက်ဆရာဝန်လုပ်မယ်ဆိုရင် ဒါတွေကို အရင်လေ့လာထား ပါလို့။

 

13 comments

  • Diamond Key

    November 18, 2011 at 9:57 am

    ဆာဝန်တွေမို့ ဆေးကုတတ်မှန်း သိပြီးသား၊ 😀 ဆာဝန်မို့ ဆာဝန်ှဗဟုသုတ ရှိနေမှာမို့ မေးတော့ဘူးလေ။:lol: တို့လုပ်နေတာတွေ မင်းဘယ်လောက် စိတ်ဝင်စားလဲပေါ့။ 🙄 တို့လုပ်နေတာတွေ မင်းစိတ်မဝင်စားရင် ဆာဝန်ချင်းတူတူ တို့ကို ဂရုမစိုက်သူမို့ နောင်လည်း ဒီလိုနေမှာစိုးလို့ ခန့်တော့ဘူး။ :mrgreen:

  • inz@ghi

    November 18, 2011 at 10:11 am

    General Knowledge Test ကတော့ ဘယ်အလုပ် ဝင်ဝင် ဖြေရမှာပဲဖြစ်ပါတယ်ကွယ်…
    အစိုးရဆီ ဝင်တော့ အစိုးရ သိစေချင်တာလေးတွေ သိအောင်လုပ်ရမပေါ့လေ…..

    ဆေးပညာ ကတော့ စာမေးပွဲတွေမှာ ဖြေဆိုအောင်မြင် ပြီးသားမို့ မမေးတော့တာလို့ ယူဆပါသည်
    (ဆြာသော့နှင့် အတွေးတူပါသည်)

    နည်းနည်းထပ် ကွန့်ရရင် ရေးဖြေကော မပါဘူးလားဗျ ..ဆေးပညာဆိုင်ရာက ရေးဖြေမှာ မေးမှာပေါ့…

  • zinmyotun

    November 18, 2011 at 10:27 am

    Very bad for professional.
    Should be concerned with related field.

  • htoosan

    November 18, 2011 at 11:27 am

    “မေးတဲ့ တချို့မေးခွန်းတွေက လုပ်ဆောင်ရမယ့် တာဝန်၊ ရာထူးနဲ့ ဘာမှ မဆိုင်တာတွေကို မေးတယ်လို့် ”

    တစ်ချို့ လို့ ဆိုထားတဲ့ အတွက် မေးသှု မမှားဘူးလို့ ယူဆပါတယ်။ ဆေးပညာမှာ တော်တာချင်းတူခဲ့ရင် မြန်မာပြည် အရေး ၊ General Knowledge ဘယ်လောက်ရှိလဲ ဘယ်လို လူစားလဲဆိုတာ နဲ့ ဘယ်တွေ စိတ်ဝင်စားတတ်လဲ ဆိုတာ သိအောင် မေးမှာပါ။
    ဒါတွေ မေးခြင်းအားဖြင့် လက်ရှိ ဘာတွေ ဖြစ်နေတယ်ဆိုတာကို စိတ်ဝင်စားတတ်သူလား ၊ ဖတ်ပြီး မှတ်ဉာဏ် ကောင်းသူလားဆိုတာ မြင်နိူင်တယ်လေ။ မေးသူ မေးခွင့်ရှိပါတယ်။
    ဲပြီးမှ သူ သဘောကျသူ ၊သူ့ အသိ၊ ပေးသူ ခန့်တာ တစ်ပိုင်းလေ… 😀

  • etone

    November 18, 2011 at 2:27 pm

    သတင်းလေးကတော့ မွှေးနေတာပဲဟေ့ …အင်ထှာဗြူးအကြောင်းကတော့ … 😀
    အဲ့လိုမေးတာ .. လူတိုင်းကိုတော့ မဟုတ်လောက်ဘူးနော် …. ။ တချို့တချို့တွေကတော့… ဟီးဟီး …ပြောတော့ဝူး 😆

    ဒါနဲ့ …လူဂျီးတွေကို ပြောချင်စမ်းပါတယ် … အဲ့ဒါတွေမေးမယ့်အစား … ကုသမှုနဲ့ ဆိုင်တာမျိုး ၊ ကုထုံးနဲ့ ပတ်သတ်တာမျိုး ၊ ဆေးတစ်ခုရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို မေးသင့်တယ် … ။ တချို့ မိန်းမဆရာဝန်တွေဆို …. ကိုယ့်မှာ ဘယ်နှစ်ပေါက်ပါလဲတောင် သေချာ မသိတာက ရှိသေးတယ် …. ကြုံဖူးပေါင် … :mrgreen:
    (တလွဲမတွေးနဲ့နော် … နှစ်ခေါင်းပေါက်ပြောတာ ဟီး 😉 )

    • inz@ghi

      November 18, 2011 at 2:32 pm

      အဲ့ …..ဟုတ်လား …အဲ့ ကြုံရင် ဂီ့ ဆီ လွှတ်လိုက်စမ်းဘာ …
      ဒါမိုးလေးဒွေ စောင့်နေတာ ….
      ဂီနဲ့တွေ့လို့ ကတော့ သေချာဂျီးကို တိတွားစေရမယ်…
      နှာခေါင်း အကြောင်း ပြောဘာဒယ်….:D

      • မှော်ဆရာ

        November 18, 2011 at 4:54 pm

        စိတ်လျှော့ စိတ်လျှော့ အင်ကြီး …
        အရင်အမှုလဲ ပြတ်သေးတာ မဟုတ်ဘူး ….

      • etone

        November 18, 2011 at 4:55 pm

        နှာခေါင်းအကြောင်း သေချာ သိတယ်လား … ဟီးဟီး … မောင်းခတ်ပေးလိုက်မယ် …
        နှာခေါင်းဝိဇ္ဇာ ဆြာဇာဆိုပြီးလေ … ။ ဟီးဟီး 😆

  • နီလေး

    November 18, 2011 at 2:53 pm

    ဟားဟား ကော့မန့်တွေဖတ်ပြီးတော်တော်ရီရတယ် လူကျီးတွေတော့ဘယ်လိုအတွေးနဲ့မေးတာလဲတော့မသိဘူး ကိုယ်ပဲဉာဏ်မမှီလို့လားပဲ

  • မှော်ဆရာ

    November 18, 2011 at 5:01 pm

    ခက်လိုက်တာ ဘာမေးမေး I don’t know လို့သာဖြေ ..
    ှဘယ်သူက ဒီအဖြေ မှားတယ်ပြောမလဲ
    ကြုံလို့ ကြော်ငြာဝင်ဦးမယ် …
    လက်မထောက်ဆရာဝန် လျှောက်ထားလိုသူများ ပါမောက္ခချုပ် မှော်ဆရာထံတွင် လျှောက်ထားနိုင်ပြီ ဖြစ်သည်။
    ရွေးချယ်ခံရသူများသည် မွန်းမံသင်တန်းအား ရက်လည်သည်အထိ တက်ပြီးသည်ရှိသော်
    A.L.S.T ဘွဲ့ ထပ်မံ အပ်နှင်းချီးမြင့်မည်ဖြစ်သည်။
    မှတ်ချက် – မည်သည့် ရင်ခွဲရုံသို့ မဆို နှစ်သုံးဆယ် သွားရောက် တာဝန်ထမ်းဆောင်နှိုင် ပါကြောင်း ဝန်ခံကတိ လက်မှတ်ရေးထိုးရမည် ။ ဝန်ခံကတိအား ဖောက်ဖျက်ပါက ကန်ဒေါ်လာ သန်းသုံးဆယ်ခန့် ပေးလျှော်ရမည် ။

    • inz@ghi

      November 18, 2011 at 7:12 pm

      ကြုံလို့ တခုပြောမယ်ဗျ….
      အလုပ်နဲ့ဆိုင်တာပဲမေး General Knowledge မမေးနဲ့ဆိုလို့ပါ….
      ဆြာဝန်တွေကို ….နိုင်ငံခြား ပညာတော်သင် လွှတ်ဖို့ အင်တာဗျူးတဲ့အကြောင်းဆြာဝန် စာရေးဆြာ
      ဆြာမကြီးတယောက် ရေးထားတာရှိတယ် ….
      စာသိပ်တော်တဲ့ ဆြာဝန်မလေးတယောက်ကို နာမည်ကျော် စကင်ဒီနေးဗီးယန်း တိုင်းပြည်တခု ရဲ့ မြို့တော် ကို မေးတာ မသိဘူးတဲ့ခဗျ…. အမှတ်မမှား ရင် နော်ဝေထင်ပါတယ် ….

      ဆြာမကြီးက လုပ်ဖော်ကိုင်ဘက် ဆြာကြီးတယောက်ကိုပြောတယ်တဲ့
      ဆြာရယ် …တော်သေးတာပေါ့ …မွန်တီနီဂရိုး တိုင်းပြည်ဟာ ဘယ်မှာ ရှိလည်းမေးရင်
      အာဖရိက မှာလို့များဖြေမလား မသိဘူးရယ်လို့ တဲ့ …..

      M.G ကတဆင့် G.M အရေးကြီးပါတယ်ဆိုတာ မောင်းခတ်ပါသည်ခင်ဗျား….

  • thit min

    November 19, 2011 at 8:38 am

    မေး။ ။ +++တံတားအရှည် က ဘယ်လောက်လဲ
    ဖြေ။ ။ ဆရာ ဘယ်လောက် ရှည်စေချင်ပါလဲခင်ဗျာ?
    (မှတ်ချက် ။ ။ဤသူအား ဂုဏ်ထူးနှင့်အအောင်ပေးလိုက်သည်)

  • windtalker

    November 19, 2011 at 11:33 am

    လက်ထောက်ဆရာဝန်လေး နောင် ရဲ ့
    ကိုယ်တွေ ့အဖြစ်အပျက်များကို ဖတ်သွားပါသည် ။
    နောင်ကိုလည်း ၊ ထပ်တင်ပေးစေလိုပါသည် ။

Leave a Reply