Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဟင်…

thit minNovember 27, 20111min81125

ရွာပါတ်ပြီး

ကဗျာစပ်ကြည့်မှာမို့

အသာရပ်ကြည့်လို့အားမရရင်

ကော်မန့်ဝင်ပေး

ဟင်……ကဗျာရေးပေါ့

~~~~~~~~~~~

ကဲ….

အသိထူးရအောင်ဒီကိုလာတာလား

အကြည့်မြူးရအောင်ဒီကိုလာတာလား

ဟင်…အညှိ”ဘူးရ”အောင်ဒီကိုလာတာလား….

 

စိတ်လျှော့ချင်လို့လာတာလား

သိပ်ဆော့ချင်လို့လာတာလား

ဟင်….အအိပ်လျှော့ချင်လို့လာတာလား…

 

စာသင်ချင်လို့လာတာလား

ကညာမြင်ချင်လို့လာတာလား

ဟင်…..အာရွှင်ချင်လို့လာတာလား….

 

ဆွေးချင် ငေးချင်လို့လာတာလား

တွေးချင် ရေးချင်လို့လာတာလား

ဟင်….ကျွေးချင်မွေးချင်လို့လာတာလား….

 

ခရီးများကို ပစ်ပြီးလာတာလား

ရီးဇားကို ညစ်ပြီးလာတာလား

ဟင်…..ဇနီးမယားကို လစ်ပြီးလာတာလား

 

အလှအပအသွင် ပုံနဲ့ ဟာတွေ  မှတ်ချင်လား

တသသ ရင်ခုန်မဲ့ ကဗျာတွေစပ်ချင်လား

ဟင်….ရသအမြင် စုံတဲ့ စာတွေ  ဖတ်ချင်လား။

 

ငရုတ်သီး ထောင်းကို စားချင်လား

ဂျုပ်ကြီး အကြောင်းကို ပွါးချင်လား

ဟင် …တရုတ်ကြီးအကြောင်းကို ကြားချင်လား

 

ငွေ နဲ့ ပါတ်ပြီး အမောင် “တင်း”နေလား

ရေနဲ့ စပ်ပြီး  ပလောင်ထင်း နေလား

ဟင် ….ဂေဇက်ဖတ်ပြီး အမှောင်ခွင်းနေလား…

 

မဖောဘဲအဆုံးကြီး ရစ်ကာ အပိုတွေ ပွါး

မပြောဘဲ ငုံးပြီး မျက်နှာ မချိုလေလား

ဟင်…..ဘောပွဲရှုံးပြီး ညစ်တာ အကိုတွေလား…

 

ပိုင်လို့ ကြွားမလို့ လာတာလား

စတိုင်မို့  စတားဖို့ လာတာလား

ဟင်…တိုင်ဖို့ကြား ဖို့လာတာလား….

 

ညာဏ်တွဲ အမှန်ဆွဲ သွေဖက်ထား

အကြံမနဲ အပြန်ဟဲ မွှေချက်များ

ဟင်….သံတွဲ ရန်ပွဲ တွေထွက်သွား…

 

မျှတစာနာရေစက်များ

ကြွရွ ဖြာဖြာ ဝေလျှက်ပွါး

ဟင်….လှပသာယာ ဂေဇက်အား…

 

မမြင်ကြလဲ ပွါးဖြစ်တာနဲ့ ခင်ကြလား

အသွင်မပြဘဲ များမေတ္တာဖွဲ့ ရင်မှထား

ဟင်…မထင်ရဘဲ တအားချစ်တာလဲ မြင်ရသား။

~~~~~~~~~~~~~~~~~~

 

လေးစားစွာဖြင့်

 

မောင်သစ်မင်း (^^)

25 comments

  • windtalker

    November 27, 2011 at 1:45 pm

    ဟင်..ဖြိုးကိုမြင်လို ့လာတဲ့ ငထွား
    ဇြာဒူးကြီး တဲ ့ဗျား
    ဟီဟိ

    • ပေါက်ဖော်

      November 28, 2011 at 10:28 am

      များမှာ ချစ်တူရှိဒယ်..တိဘူးလား.
      မတိပဲနဲ ့..လာချင်သလား…
      ဟင်..ငအောင်ပုကို ကြောက်ဝူးလား..
      😕

      • Moe Z

        November 28, 2011 at 10:43 am

        တန်းတူအခွင့်အရေးတောင်းတဲ့မော်ဒယ် ရှိသေးတယ်
        ဘဘပေါက်ဖော် အဝေမတည့်မှာ စိတ်မပူနဲ့

  • inz@ghi

    November 27, 2011 at 1:48 pm

    ဟင်..ဖြိုးကိုမြင်လို ့လာတဲ့ ငထွား
    ဇာဒူးဂျီး လို့ အထင်မမှား
    (အဲ့လာ) မှော်ဆြာ တဲ့ဗျား…

    • king

      November 28, 2011 at 7:17 pm

      ဖြိုးဖြိုးလေးနဲ့ မှော်ဆရာ
      တကယ် @#$% ကြတာ
      မောင်ညီမလေးတို့ မှတ်လို့ထား
      လိင်တူချစ်သူများ
      (စာကြွင်း။ တောင်းပန်သင့်သူများအား တောင်းပန်ပါ၏ .. စကောပန်သင့်သူများကိုလည်း အဲ မှားလို့ ပျော်စေပျက်စေ ရယ်မှာ ပျော်စေလိုတဲ့ ဆန္ဒတစ်ခုတည်းပဲ ပါပါတယ်ဗျ) .. 😀

  • aye.kk

    November 27, 2011 at 1:57 pm

    စိတ်ကူးညဏ်အလွန်ကောင်းပါတဲ့ ကိုကိုသစ်မင်းရေ..
    ဘာရယ်မဟုတ် အလယ်ဝင်လာရင်း မောင်ကြီးရယ်တဲ့ မပြန်နိုင်ဖြစ်သွားရတာမို ့အားကတော့နာ..။

  • weiwei

    November 27, 2011 at 2:16 pm

    ဂေဇက်တွင် မမေ့တမျော
    ရသစုံအောင် မြည်းစမ်းလို့မော
    ဟင် …. ဟင်းတောင် မချက်ရသေးပါလား … 😛

    ရွာထဲဝင်မိရင် အစားပျက် အအိပ်ပျက် အလုပ်ပျက် ဖြစ်လွန်းလို့ စိတ်ထိန်းပါသော်လည်း မဝင်ရမနေနိုင်အောင် စွဲဆောင်အားကောင်းပါပေတယ် ..

  • ဆူး

    November 27, 2011 at 3:06 pm

    ဟင်..
    ဘာတွေများလဲ..
    ကမာ္ဘပတ်သွားတယ်။

    ဟင်
    ဘာတွေများလဲ
    ဟင်းတွေ ချက်စားသွားတယ်။

    ဟင်
    ဘာတွေများလဲ
    ဓါတ်ပုံတွေ ရိုက်ထားကြတယ်။

    ဟင်
    ဘာတွေများလဲ
    စိတ်ကူးတွေ ပုံဖော်သွားတယ်။

    ဟင်
    ဘာတွေများလဲ
    ရန်ပွဲတွေ ဆက်သွားတယ်။

    ဟင်
    ဘာတွေများလဲ
    အတင်းတွေ တုတ်သွားတယ်။

    ဟင်
    ဘာတွေများလဲ
    သဂျီးကို ကျိမ်းသွားတယ်။

    ဟင်
    ဘာတွေများလဲ
    ငြင်းခုန် သွားကြတယ်။

    ဟင်
    ဘာတွေများလဲ
    ထောက်ခံသွားတယ်။

    ဟင်
    ဘာတွေများလဲ
    အယူအဆတွေ ကွဲလွဲသွားတယ်။

    ဟင်
    ဘာတွေများလဲ
    အထူးအဆန်းတွေ ထုတ်ပြသွားတယ်။

    ဟင်
    ဘာတွေများလဲ
    ကိုယ်မပိုင်တဲ့ နေရာတခုမှ ကိုယ့်နေရာ ကိုယ်ရအောင် ယူသွားကြတယ်။

    အားလုံး နေများနဲ့ ကိုယ်စီကိုယ်ငှ ပြည့်စုံနေကြလေ သတည်းးးးးးးးးးးးးးးးးးးး

  • blackchaw

    November 27, 2011 at 3:37 pm

    ကာရန်လင်းလက်
    ရွာဂဇက်က
    တွင်းထွက်ရတနာ
    တူးဆွပါသည်
    ကိုသစ်စပ်သော ကဗျာ “ဟင်”…

  • MaMa

    November 27, 2011 at 6:35 pm

    “ဟင်” ကို ဖတ်ပြီး “ဟာ” ကနဲ ဖြစ်သွားတယ်။
    တော်ပါပေ့ ဆြာသစ်ရယ်။
    ဘာမန့်လို့မန့်ရမှန်းတောင် မသိတော့ဘူး။
    ပြည့်စုံလွန်းလို့။
    🙂

  • manawphyulay

    November 27, 2011 at 8:23 pm

    ဟင်…
    အကြောင်းထူးသိချင် ဂေဇက်လာ
    အတင်းတုတ်ချင် အမှန်ဝင်လာ
    ရန်ပွဲတွေ့ချင် တကယ်လာ
    စာတွေဖတ်ချင် မြန်မြန်သာ
    အပေါင်းအဖော် မိတ်ဆွေ တိုးပွားဖို့အရေး
    ဟင်… မနေနဲ့ အမြန်သာ ဂေဇက်ကို လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

    • etone

      November 28, 2011 at 3:22 pm

      တကူးတကနဲ့ ယူလာ
      ဘုံးပေါလအော စေတနာ
      ဗဟုသုတများစွာ …
      ကိုယ်မသိတော့ အံဩတာ ..
      သူများပြောမှ ပြန်သိတာ …
      ဟင် … အဲ့ဒါ ကူးတာ …ကူးတာ … 😆

  • small cat

    November 27, 2011 at 8:57 pm

    အတွေးကောင်းအရေးကောင်း
    အသိကောင်း ပညာကောင်းတဲ့
    ဘက်စုံတော်သော ဆြာသစ်ပါပေ……….။

  • ကြောင်ကြီး

    November 27, 2011 at 11:08 pm

    him ဆိုတဲ့နာမ်စား
    သူလို့ခေါ်တယ်
    ဖောက်ပြားတဲ့
    ယောက်ျား
    ကောက်စားစရာ
    လောက်လားမဟုတ်….။

  • TTNU

    November 28, 2011 at 12:01 am

    I saw the title ” Hin”
    Thinking that it’s a question
    After reading the post and comments
    Full of love, laughter and competence
    Further led me to the Village
    Where many an intelligent villager lives
    And issues brilliant notions to think
    I wonder how they did
    It’s a point to ponder for Ko Thit.

    ကိုသစ်အား ဤ ကဗျာမလှမပလေး ဖြင့် တီချာအို မှ ဂုဏ်ပြုပါသည်။

  • padonmar

    November 28, 2011 at 12:43 am

    မအားမလပ်အောင် အလုပ်ကများ၊
    အများမမေ့အောင် ခဏလာသွား၊
    ဖတ်ဖို့မှတ်ဖို့ အလွန်များ၊
    မထနိုင်အောင် ဆွဲဆောင်ထား၊
    အိပ်ချိန်များလည်း လွန်ကာသွား၊
    အကြွေးဖတ်ရန် မှတ်ကာထား၊
    ကိုသစ်မင်းများရဲ့ စာကဗျာ အပါး၊
    ရွာသူများရဲ့ လက်ဆောင်“အစား”၊
    ရွာသားများရဲ့ ဒါ့ပုံများ၊
    ဘွတ်(ခ)မတ်(ခ)လေးတွေ တင်ကာထား၊
    နောင်တွေ့ကြမှ ပြောမယ်စကား၊
    ဟင် -ဒီသောင်ယံက မခွာရက်နိုင်ပါလား။

  • Sonny

    November 28, 2011 at 11:56 am

    အကိုသစ်ရေ
    ပျိုမျစ် ခြင်း အသင်္ချေ
    ဟင် ဟင် ဆိုတဲလေသံက
    ချစ်ခြင်းများဖြင့် ကမာ္ဘတည်ဆေက်
    “အချစ်ရဲ့လက်များ
    အချစ်ရဲ့လက်များ နဲ့ ကမာ္ဘ ကိုထုဆစ်” ကြမယ်
    ဆိုတဲ့ ကိုထူးအိမ်သင် ကိုယ်ပွား အလား
    ဂေဇက်ရွာ သားများကိုချစ်ပုံများ…..

    ချစ်ခြင်းအားဖြင့် ကိုသစ်မင်း အားဂုဏ်ပြုပါ၏

  • ba gyi

    November 28, 2011 at 12:51 pm

    အသွင်မပြ
    မမြင်ရ ၊မထင်ရဘဲမေတ္တာပွါး
    ချစ်သဒ္ဒါထားကြတယ်ဆိုတာ၊
    ဝေဒနာအရင်းခံကို
    ကောင်းတဲ့ စေတနာတွေနဲ့ ဝန်းရံထားကြလို့ပါဗျား။

  • koyinmaung

    November 28, 2011 at 2:58 pm

    ရသစုံလင်တဲ့ မန်းလေးဂဇက်ပါ
    ခုလိုကဗျာလေးနဲ့ဖေါ်ကျူးပေးသွားတဲ့
    ကိုသစ်မင်းကိုကျေးဇူးတင်မိပါတယ်
    အားတဲ့အချိန်တိုင်းမန်းလေးဂဇက်ထဲမှာ
    ရှိနေတဲ့သူပါ….
    တစ်ရေးနိုးတောင်မန်းလေးဂဇက်ထဲမှာရှိနေတယ်ဗျို့းးးးးးးးးးးးးးးး

  • thit min

    November 28, 2011 at 6:42 pm

    “ကျေးဇူးတင်လွှာ”
    (အားလုံးကိုလေးစားခင်မင်ကျေးဇူးတင်၍၊ဤကဗျာအလှ၊စာစီသသည် ထာဝရ ပီတိညှိစေသား)
    (^^)
    ဝေါ်လကာတင်း ဝင်းတောလ်ကာ
    “ဟင်” ပေါ်ကို ရောက်
    ပေါက်ဖော်နဲ့တိုး
    မိုးဇက်ပါတော့
    လာပေါ့ဂီဂီ
    သိပါပြီလို့။
    အေးကေ၊ ဝေဆူး
    ထူးထူးဆန်းပြော၊
    ကိုဘလက်ချောလည်း
    အမောပြေစေ၊
    စာညွန်းဖွေခဲ့
    တဲ့တဲ့နောက်မှာ မမပါပြီး၊
    မနောဖြူ ရေး
    ကြောင်သေး၊ကြီးတို့
    ဆိုလို့ညီးသော်
    သိပ်တော်ဆရာမ
    တီတီနုက ကဗျာ ဆုချ
    စာစီသသည်
    ပဒုမ္မာ ဒေါက်တာ၊
    ဆရာ ဆန်နီ၊
    ဘကြီး သည်လည်း
    စာစီဆွဲချိန်
    အရှိန်မပျက်
    သွက်လက်ထင်ရောင်
    ကိုရင်မောင်နဲ့
    ဘိတ်ဆုံး အတုံး
    သူဝင်ဝုန်းလည်း
    မဆုံးသေးလို့ထင်မိဆဲ။

  • rat

    November 28, 2011 at 7:23 pm

    မောင်သစ်မင်းက သေပြီဆို…….

    • ဦးဖွတ်ကျား

      November 28, 2011 at 7:29 pm

      ဟဲ့ကြွက်. ..
      ရွာထဲမှာ ကြောင်တွေပေါတာ မသိဝူးလား …တေချင်လို့လား …
      နာမည်တူမရှား လူတူမရှားဆိုတာ မကြားဘူးလေရော့သလား…ဟင်

      နင့်ဟာနင် ဇာတ်တော်ထဲမှာ လွမ်းတဲ့ မောင်သစ်မင်းနောက်လိုက်ချင်ယင်
      ကြောင်ညီနောင်တွေနဲ့ ဆက်သွယ်ပါ….

      နောက်ပိုင်းကိစ္စကိုတော့ ကိုကျော်သူနဲ့ တိုင်ပင်ပီး
      အဘက တာဝန်ယူကူညီပေးမကွဲ့ …

      • thit min

        November 29, 2011 at 11:48 am

        သူ အဲဒီလို ပြောတာ ဒါပါနဲ့ဆိုနှစ်ခါရှိပြီ ညီရဲ့။
        လျှော်လိုက်ပါ ကွာ။ ။
        သူ့ပိုစ်မှာ လဲ အဟောက်ခံနေရရှာတယ်။
        ဇာတာနိမ့်နေရှာပုံဘဲ။
        အင်း rat= ကြွက်ဆိုပြီး နစ်ခ်ယူထားတာတော့ မသင်ကာဘူး။
        ယာယီသဘော ဆန်တယ်မဟုတ်လား။
        စဉ်းစားမိလို့ပါ။ စီအိုင်အေ ကတော့သိမှာပါ။

  • blackchaw

    November 29, 2011 at 11:55 am

    ရော်နယ်ဒို နှစ်ယောက်ရှိတော့ ဒိုကြီး နဲ့ ဒိုလေးတဲ့။
    သစ်မင်းက နှစ်ယောက်မဟုတ်ဘူးလေဗျာ။
    ကလောင်နာမည်မှာ မောင် မှ မပါတာ။
    သေသွားတာကမောင်သစ်မင်း
    ရွာမှာ စာရေးတာက ကလောင်အမည် သစ်မင်းလေ။
    ယဉ်ကျေးတဲ့လူတွေရဲ့ အမူအကျင့်အရ ရှေ့က မောင်ထည့်တာပါကွယ်။
    မောင်ကြွက်ကတော့ လှည့်ပွေးနေတော့တာပဲကိုး။

  • alinsett

    November 29, 2011 at 7:41 pm

    မောင်သစ်မင်းရဲ့ ကဗျာက
    ကြောင်ခြစ် ခြင်းမဟုတ်လို ့..
    ဗြောင် ချစ်တင်းနှီးနှောလိုက်ပါတယ်…
    ဟင်..လို့တောင် အော်မိ်ပါရဲ့။

    ဦးပုညရဲ ့တပည့်လို ့ ကိုယ် ့ကို ကိုယ် မှတ်ပြီး…ရေးသားလိုက်ပါကြောင်း..

    ဆရာ သစ်..ရဲ ့ကဗျာကို ချစ်မြတ်နိုးစွာ..ဖတ်ရှု သွားပါတယ်။

    ခင်မင်လေးစားစွာ…

    အလင်းဆက်

Leave a Reply