Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စာပေတော်လှန်ရေး-၄

ムラカミNovember 28, 20112min43526
မြိုးမြိုးမြတ်မြတ်ရသဖြင့်တက်ကြွရမှာလား  အကျိုးဆောင်ခ တောင် သည်လောက်
ရမှ တော့ ထိုနှင့် တူညီသည့် ကျရောက်လာနိုင်သည့် ကြီးစွာသော အန ္တရာယ်အတွက်
စိတ်လေးလံရမှာလား ဝေခွဲမရသော ခြေလှမ်းများဖြင့်သူ ပြန်ထွက်လာခဲ့သည်။
ယခုပင် သူ့အိတ်ထဲတွင် ဒေါ်လာ သန်းချီတန်သော(သူပင် အတိအကျတန်ဖိုးမဖြတ်ဝံ့သော)
စာစုတွေ ပါလာခဲ့ပြီ မဟုတ်ပါလား...သူ့ခြေလှမ်းတွေက...

စည်တရာ သူတကြိတ် လစ်ကွာဆိုင်သို့ ......
နာမည်လေးက အလွန်လှသည် .... ဘီယာ စည်များကြားဝယ် သူရာရည်များ အပြည့်ဖြင့်
လူအများ ပျော်ပါးသုံးဆောင်နေကြသည်ကို သရုတ်ဖော်ထားသည့် နီယွန်ဆိုင်းဘုတ်ကို အဝေးမှ
ပင် မြင်နိုင်ပါသည်။ အေးလေ ... ဆိုင်ပိုင်ရှင် အမည် ကလည်း ကိုရင်စည်သူ ကိုး ...။
ဂိုင်း ဆိုင်ထဲဝင်လာတော့ ကောင်တာမှာထိုင်သည့် လူဝကြီးမှ  ဖော်ရွေစွာပြုံးသည်။
ဟုတ်သည် ။ ကိုရင်စည်သူ ...... သူသည်လည်း ..တချိန်က နာမည်ကျော်
တော်လှန်ရေး စာရေးဆြာပင်ဖြစ်သည်။ အယ်ချုပ် ဦးခိုင်မာ ၏ Blacklist အသွင်းခံရသော
ဖောက်ပြန်သည့် အငြင်းထူသော စာရေးဆြာများ အုပ်စုတွင် မဆီမဆိုင်ပါဝင်သွားသောကြောင့်
တော်လှန် ခဲ့သူဖြစ်သည်။ ကိုရင်သည်မာ်ဒန်ကို အပျော်ကြံတဲ့ လော်ပန်ကို 
အတော်မခံနိုင်သောကြောင့် မိန်းကလေးများ ပညာပေးဆောင်းပါးများနှင့် ထိုးဖောက်တတ်သူလည်းဟုတ်၏။
ထို့အတူ သူသည် ဗေဒင်ပညာကို ကောင်းစွာနားလည်တတ်ကျွမ်းပြီး စေ့စေ့စပ်စပ် ရေးချ
နိုင်သူဟုလည်း နာမည်ကျော်လေသည်။


စည်။ ကဲ ဆို ...ဘာသောက်မလဲ ဂိုင်းရေ။
ဂိုင်း။ ထုံးစံအတိုင်းပေါ့ဗျာ ...
ဂျင်နှင့်တောနစ်ကို ဆိုလိုခြင်းဖြစ်သည်။ ဒါ သူ့အကျင့်....ပြီးမှ ကီးကို တဆင့်ခြင်းတင်ယူသူဖြစ်သည်..
ဂိုင်း ။ ကိုရင်စည်ရေ့ ...ကျုပ်တော့ သောကပွေ နေရတယ်ဗျို့....
စည်။ ခင်ဗျာ့ ဝင်လာတဲ့ပုံကြည့်ကတည်းက သိပါတယ်ဗျ.....ဘယ့်နှယ့် ကျုပ် မှန်းတာမမှားရင်
         အဆီတဝင်းဝင်း သဲတရှပ်ရှပ် ကိန်း စိုက်လာတယ်မလား...

ဂိုင်း။ ဟားဟား ..... ဟုတ်လိုက်လေ ကြမ္မာဖတ် လူဝကြီးရယ် ...လင်းစမ်းပါဦး ...ဗျ ဘာတွေမြင်သေးသတုံး.
စည်။ စိတ်မရှိနဲ့ ကိုယ့်လူ မြင်သမျှ ပြောရရင် ခင်ဗျား အသက်အန္တရာယ်ပါ ထိခိုက်နိုင်တယ် မြင်တယ်ဗျ။
ဂိုင်း။ သိပ်သေချာတာပေါ့ ကိုရင်ရယ် ....ကျုပ် အလုပ်ကြီး အကိုင်ကြီးတစ်ခုကို လက်ခံလာခဲ့မိတယ်ဗျ။
စည်။ ကဲ သည်တော့ ကျုပ်ဘာ အကူအညီပေးရမလဲပဲပြောပါဗျာ။

ရှေ့မှ ခွက်ကို လက်စသပ်လိုက်ပြီး
ဂိုင်း ။ တာကွီလာ ပေးဗျာ။ ဖြေးဖြေးဆက်ပြောတာပေါ့။
သူ ဂီယာ ချိန်းပြီဖြစ်သည် .....
ထိုညက သူတို့အတော် စကားပြောဖြစ်ကြ၏ ... အချိန်ယူ စကားပြောရန် ဆိုင်ကိုပင် ည၁ဝနာရီခန့်ကတည်းက
ပိတ်သိမ်းခဲ့သည် ..ထို့နောက် တာကွီလာ ပုလင်း၁လုံးနှင့် သူတို့ ၂ယောက် .....
တကယ်က သူတို့သည် တော်လှန်ရေး ကာလများတွင် အတော် အတွဲညီခဲ့သူများဖြစ်သည် ...
နောက်ပိုင်းဆိုင်ရာ ဆိုင်ရာ အသက်မွေးဝမ်းကျောင်းမှုများကြောင့် အတန်ကြာ ကွဲကွာခဲ့ရသော သူငယ်ချင်းများပင်တည်း
ဂိုင်း၏ ဒုက္ခမှာ အခြားသော မူကွဲ စာမူ ၂ခု မည်သူ့လက်ဝယ် ရှိနေကြောင်း မသိသည့် အချက်ပင်။ ဘယ်ကစပြီး ဘယ်လို
ကောက်ကြောင်းလိုက်ရမည်မှန်း မသိသော ပန်းချီကားတစ်ချပ် ပမာနှယ်။ ကိုရင်စည်ကတော့ ဆိုင်တဖက်နှင့်မို့
ဂိုင်းက ရှယ်ယာပေးမည်ဆိုတာတောင် သူနှင့်အတူ ရှာပုံတော် မဖွင့်နိုင်ရှာအား ...။ သို့သော် အကြံဉာဏ်ကောင်း၂ခုတော့
ပေးလိုက်နိုင်သည် ... တခုက မန ္တလေးမြို့သို့ သွားရန်ဖြစ်သည် ။ ဒုတိယတခုကတော့ တော်လှန်ရေးခေတ်က
 စာပေ ဝေဖန်ရေးသမား ဘိန်းစားပေါက်ဖော် ကိုရှာရန်ဖြစ်သည်။
အချိန်ကား မနက်ဝေလီဝေလင်း ... စည်တရာ သူတကျိတ် လစ်ကွာဆိုင်မှ...
ယိုင်နဲ့နဲ့ ခြေလှမ်းများဖြင့် ဂိုင်း ပြန်ထွက်လာသည် ... အသိတရားတို့မှာ ဝေဝါးလျက်...
အိမ်ပြန်ပြီး တရေးလောက်အိပ်မည် စိတ်ကူးထားသည်။ ထို့နောက်တွင်မှ တရုတ်တန်းကိုသွားပြီး
ပေါက်ဖော်ကို ရှာတော့မည်.....
သူနေသော တိုက်ခန်း ရှိသည့် အိမ်ရှေ့သို့ရောက်သော်....
----------------------------------------------------------------------
ဟုတ်တယ် ဒါ အန ္တရယ် အငွေ့အသက်....သတိကြီးစွာထား၍
သူချဉ်းကပ်လိုက်သည်  ... သော့ခတ်ထားသော အခန်းတံခါးသည် အလွယ်တကူတွန်းဖွင့်နိုင်ပြီဖြစ်သည်.
အိုး ....


တစ်ခန်းလုံးရစရာမရှိ .. အဝတ်ဗီဒို စာအုပ်စင်နှင့် သူ့ ကွန်ပျူတာစားပွဲသည် ရစရာ မရှိအောင် ဖြစ်နေသည်...
နောက်ဆုံး အိပ်ယာသည်ပင် ထိုးဖောက် မွှေနှောက် ခံထားရသည် ... လဲမှို့တို့က အခန်းတွင်း မြင်မကောင်း...
သူသိလိုက်သည် .... ဒါ အနှီစာစုကြောင့် ...တော်သေးသည် ..ကိုရင်စည်နှင့် အချိန်ဖြုန်းနေခဲ့မိတာ....
မိမိသာ ညက သည်မှာရှိနေလျင် ...ဆိုသောအတွေးက ကျောရိုးတလျောက် စိမ့်တက်လာသည်....
တစုံတရာကို သတိရသည်နှင့် ..လမ်းမထက်သို့ အပြေးတပိုင်းနှင့် ထွက်လာမိသည်။
တွေ့သည့် taxi ကို အလျင်စလိုတားပြီး ... အမြန်မောင်းခိုင်းလိုက်သည်။




Pae & Brothers စာပြတိုက် သို့ ....
သူ အလာကောင်းခဲ့ပါသည် ။ သို့သော် ..အခါအတော်နှောင်းသွားပြီ ဖြစ်သည်။
ဟုတ်ပါသည်။ သူ့ကို စောင့်ကြိုနေသည်က မီးလောင်ပြင်ဖြစ်သည်။
စာမူတွေ စုစည်းထားသည့်နေရာမို့ မီးက အတော် လောင်အားကောင်းခဲ့ဟန်ရှိသည်.
ယခုတိုင် တငွေ့ငွေ့နှင့်လောင် ကျွမ်းတုန်း ....စာမူအားလုံးကတော့ မီးသင့်လျင်သင့်

မီးမသင့်လျင် ရေကြောင့် အကုန်ပစ်ရပြီဖြစ်လေသည် .....
မဝင်ရ ဟုရေးသားထားသော ကြိုးများလိုက်တန်းနေသည့် ရဲသားလေးကို သူ
စိတ်ပူရင်စာ မေးလိုက်မိသည်။

ဂိုင်း။ ညီလေး ... ဒါ ..ဘယ်လိုဖြစ်တာလဲကွာ ....ဒါအစ်ကို့မိတ်ဆွေဆိုင်ပါ။

ရဲ။ အေးဗျ ..ည ၁ချက်တီးလောက်က စလောင်တာ ...မီးက အလွန်ကြီးတော့
    ဘေးတိုက်တွေ မကူးအောင်ပဲ စွမ်းဆောင်နိုင်ခဲ့တယ်. ...စာတိုက် ကတော့ ပြာကျသွားရှာတာပေါ့ဗျာ..
   မီးကိစ္စကတော့ မီးသတ်ကလူတွေ ပိုသိမယ်ဗျ ..သူတို့ကိုမေး..။


ဂိုင်း။ အစ်ကိုသိချင်တာကွာ လူ ...လူ... ထိခိုက်မှု ရှိသလားမေးချင်တာ။
ရဲ။ ဆိုင်ရှင် အဘိုးကြီးတော့ မီးထဲပါသွားတာပဲဗျ..ကံဆိုးရှာတာပါဗျာ
    သည်နေ့မှ အိမ်ပြန်မအိပ်တာတဲ့ ....အဘိုးကြီးက စာရေးဆြာ ဟောင်းဆိုပဲဗျ
    စာရေးနေတာနေမှာပေါ့။


ဂိုင်း။ ဟာ .....
ရင်ထဲစို့နင့်လာသည်.....အော် ကိုပေ..ကိုပေ.... သူသေမှ ထုတ်ခိုင်းသည့် သူ့စာမူများကို

သူနှင့် အတူ ယူဆောင်သွားသည်ကိုး ....။
သူမခံစားနိုင်တော့ ...ဝိုင်းဝန်းကြည့်ရှုနေသော လူအုပ်ကြီးကြားမှ တိုးဝှေ့ထွက်လာခဲ့သည်..
ထို့နောက် အသိအကျွမ်းထဲမှ ဘယ်သူများ ရှိမလည်းလို့ တချက်ဝေ့ကြည့်လိုက်မိ၏
တွေ့ပြီ .... သူစီးနေကျ hybrid ကားလေး  ....သူနှင့် လူ၂ယောက်
အနှီ  လူသုံးယောက် ဆီလျောက်လာလိုက်သည်။

ဟုတ်ပါသည်။ မန ္တလာဦးခိုင် နှင့် သူ့ဘယ်ညာ လက်ရုံးများဖြစ်သည့် သူ့လက်ဆွဲတော် စာရေးဆြာအဘိုးကြီး ၂ဦး ..
သူနှင့် အလွန် ပလဲနံပ အလွန်သင့်သူများဖြစ်၏ တိုက်ပိုင် စာရေးဆြာများအဖြစ် တော်လှန်ရေးဆြာများက
သမုတ်ကြလေသည်. ......Writers League for Democracy မှ အထွေထွေ အမှုဆောင်ချုပ် ဆူးမမ
အား နှစ်ပေါင်းအတော်ကြာ စာရေးခွင့် ပိတ်သိမ်းလိုက်ခြင်းမှာ ထိုသူတို့ စနက်မကင်းဟု ပြောစမှတ် ရှိသည်။
ထို၂ဦးမှာ လွန်စွာမှ ထိပ်ပြောင်သော ဆြာဦးမှောင်ချောနှင့် လွန်စွာမှ နာမည် ရှည်လျားသော
ဆြာအတွေးလက်ဆောင်ပါးပါးလေး တို့ ဖြစ်သည်။ (ဆြာအတွေးလက်ဆောင်ပါးပါးလေး ၏
ရှည်လျားထွေပြားလှသော ကလောင်နာမည် ၈လုံးပြူးကြီးအား ယခုမှစ၍ ဆြာဦးပေါက် ဟု
ပြင်ဆင် သုံးစွဲအံ့)

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

26 comments

  • inz@ghi

    November 28, 2011 at 2:37 pm

    လွန်ဒလာ ချိရင် ဝန်ဒါမိပါခည…

    ဘဘဘလက်နှင့် ကိုရင်စီတို့မှ
    စာပေတော်လှန်ရေး ဆက်မရေးဝူးလား ခနခနမေးနေတာမို့
    ရေးတင်လိုက်ရပါသည်ခည။

    ဟီဟိ..

  • MaMa

    November 28, 2011 at 2:58 pm

    ဝဋ်ဆိုတာ သံသရာမဆိုင်းဘူးဆိုတာ ယုံပြီလား။ သူများကိုတွန်းတော့ ကိုယ့်ကိုလည်း တွန်းမယ့်လူနဲ့ တွေ့တယ်ပေ့ါ 😆
    တော်လှန်ရေးဘယ်လို အဆုံးသတ်မယ် မသိ၊ ရန်ကုန်ဆင်းလာမယ့် မောင်ပေဟာ လူသားစစ်စစ်ပေလော၊ နာနာဘာဝ ဝိနာဘာဝပေလော ?????? 👿

    • Moe Z

      November 28, 2011 at 4:40 pm

      မမရေ ဝိနာဘာဝဆိုရင်တော့ ဖမ်းပြီးသဂျီးဆီပို့ပစ်လိုက်အောင် 😉

      • ဆူး

        November 28, 2011 at 4:52 pm

        အဲဒါ မီလျံ ဘစ်ဇနပ်ပဲ.. အောင်မြင်ရင် တရွာလုံး ပွိုင့် ၁သိန်းစီ လှူမယ်တဲ့။ ဒုံရင်းက ဒုံရင်းဆိုရင်တော့ အဲဒါ မအောင်မြင်လို့ပဲ မှတ်ပေတော့။

        • windtalker

          November 28, 2011 at 7:49 pm

          အိမ်း
          အဘပေ
          စတည်းချ ၊ သောင်တင် မယ့်
          အိမ်ကတော့
          အင်း…..
          အင်း…..

  • ဆူး

    November 28, 2011 at 3:02 pm

    စာမရေးချင်လို့ မရေးတာနဲ့ အပိတ်ခံရတာနဲ့ မတူပါဘူး။
    စိတ်မပါလို့ မရေးတာပေါ့လို့.. ဂွီဂွီတော့ မတရားအစွဲခံရတော့မယ်။
    ရွာသားကျော် ကာလသား ဂေါင်းတွေကို အရက်တိုက်ပြီး ရေချိုးနေတုန်း ဖမ်းပြီးတော့ ခါချဉ်အုံ အပေါက်ဝမှာ သွားချ ထားပလိုက်မယ် ဘာမှတ်နေလဲ။ နောက်မှ ကြောက်ပါပြီ မအော်နဲ့နော်..

    • inz@ghi

      November 28, 2011 at 3:07 pm

      သေချာဖတ်ပါဖွားဆူး …
      😀
      ဇာတ်ကောင် ဇရိုက်ဒွေကို
      ဟိုလူရီးဒွေက တဖက်
      ဖွားဆူးက တဖက်
      တော်လှန်ကြမှာ
      တားတားတို့ ကဖွားဆူးဘက်ကပါမှာ

      • E.T

        November 28, 2011 at 6:29 pm

        ဆူး-ဝေ-မ-တုန်-နော-မိုး-မီ-ပန် အော်မေ့ဂိုဏ်းက မိတ်ဖက်ဆို .. ခုတော့ ဖမ်းပြီးခါချဉ်အုံ အပေါက်ဝမှာ ချထားမယ်တဲ့ 😀 ရက်စက်ပါ့။ ဖမ်းတာတောင် အရက်တိုက်ပြီး ရေချိုးနေတုန်းတဲ့။ အော်မေ့ဂိုဏ်းက မီလွယ်ဘူး။

        • ဦးဖွတ်ကျား

          November 28, 2011 at 6:38 pm

          ဂိုဏ်းချုပ် တီယောက်ဘဲ ကြမ်းဒါဘာကွယ်
          ကျန်တဲ့ ဂိုဏ်းထောက်ချုပ်တွေနဲ့ ပိစ်ပါဒယ်..
          နော် မိုးလေး…

        • ဆူး

          November 29, 2011 at 9:34 am

          အလို… ဘယ်ဂိုဏ်းက လုလင်လဲ.. ဂိုဏ်းချုပ်သာ ကြမ်းတာ ဆိုတော့ ရုပ်ရှင်ထဲက အော်မေ့ ဂိုဏ်းချုပ်လို ရုပ်ကြမ်းကြီးနဲ့ မျက်နှာ တင်းတင်း ထန်ထန် နဲ့ ဘွားတော်ကြီး သွားမြင်နေကြအုန်းမယ်။

        • ဦးဖွတ်ကျား

          November 29, 2011 at 9:46 am

          ဟီဟိ…Emei ဂိုဏ်းချုပ် 滅絕師太 ကိုပြေးမြင်တယ်မှတ်တယ်…..
          ခစ်ခစ်…

          😛

        • ဆူး

          November 29, 2011 at 9:55 am

          မြတ်ကြွယ် ဆိုလား ဘာဆိုလား.. ဟိဟိ..
          ဆူး က မြတ်ကြွယ်ရဲ့ ဆရာ့ ဆရာ မြတ်ကြွယ်က စတုတ္တမျိုးဆက်လေ.. ငှဲငှဲ…
          ကောကျင့်ရဲ့ နဲ့ ယုံအော် တို့ရဲ့ သမီးက ပထမ ဂိုဏ်းချုပ်
          ခပ်ချောချော ရယ်.. ဟိဟိ ခစ်ခစ်..

        • ဦးဖွတ်ကျား

          November 29, 2011 at 9:59 am

          郭襄 ကိုပြောတာဖြစ်မယ်….
          ငယ်ငယ်တုန်းက သူ့ မကြိုက်ရကောင်းလားဆိုပီး …楊過 ကို လက်ဖြတ်ပစ်တဲ့ တယောက်လေ. …

          ကြောက်ထှာ …
          အသည်းနှလုံးမချိဒဲ့ မိန်းမဂျီး …

          ဟီး……..
          😀

        • ဆူး

          November 29, 2011 at 3:11 pm

          ဂီဖွတ် လည်း လက် မပြတ်ချင်ရင် ငြိမ်ငြိမ်နေပေါ့.. ဟွင့်ဟွင့်.. သိုင်းပေါင်းစုံ တတ်တယ်။

  • thit min

    November 28, 2011 at 4:05 pm

    စာ “ပေ” (=မောင်ပေရဲ့ အနွယ်တော်များလား)တော်လှန်ရေး ဆိုပါလား ..မင်ကြီးများ။တယ်လဲမြင့်သကိုး။
    ကိုရင်စီ လို့ရေးတော့ ဦးဘစီ ကိုသတိယရော။
    ကတွတ်ပီတို့ ရွာသူကြီး။

  • blackchaw

    November 28, 2011 at 5:18 pm

    ဟေ့လူဂီ။
    ခင်ဗျား က ကျုပ်ကို ဒီဇာတ်လမ်းမှာ
    အတော်လှန်ခံရမယ့်နေရာက ရေးထားတာ မကျေနပ်ဘူးဗျို့။

    • inz@ghi

      November 28, 2011 at 5:26 pm

      ဂျီတော့မှာ ခေါ်မရသဖြင့် ဖုတွားတော ဘဘဘလက်ခညား..
      တားတား အိမ်ကပီစီ မပိတ်မိပါသဖြင့်
      အဲ့ဂလို အွန်လိုင်း ဖစ်နေရခြင်းပါခညား…
      (အဲ့ပြစ်မှုကြောင့် …တောင်းပန်ရတာ လူစိတော့မယ်. ..ဟီး…)
      စိတ်ဆိုးတော်မမူပါနှင့်ခညား ….

      သည်ဇာတ်မှာက ..အစပိုင်း ဗီလိန်ပေမယ့်
      နောက်ပိုင်း ပြန်ဖြည်ပေးမှာမို့
      ခေတ္တသီးခံစေလိုပါကြောင်း…
      (အရင်ပိုင်းတွေက ကွန်းမန့်တွေ အသေအချာဖတ်ပီး မသေသေးချင်ဝူး
      ဆိုသူများကို ဗီလိန်ထားကြောင်း သွပ် သွပ် သွပ်…)

  • blackchaw

    November 28, 2011 at 5:36 pm

    ဖုတာမှ အကြီးကြီးဖုတာ နော်။
    ဘဘဘလက်လို့ လည်းခေါ်ထားသေးတယ်။
    ဒီအရွယ်ဒီအရွယ်ခေါ်စရာလား။
    ဘဘဘလက်လို့ခေါ်တာ နင်တို့ နှစ်ယောက်ပဲရှိတယ်။
    ပို့စ်ဝင်ဖတ်လိုက်တော့လည်း အတော်လှန်ခံရဦးမယ်ဆိုတော့
    ထူးပါဘူး။ သီဟတင်စိုးလက်သာ အပ်လိုက်ပါတော့ ကွယ်။

    • inz@ghi

      November 28, 2011 at 5:40 pm

      ဟီး…..
      ခစ်ခစ်…..
      အာဟိ…
      တားတားဖုန်းက အင်တာနက်မထည့်ထားဘူး ဘဘဘလက်ရဲ့
      ဖုန်းနဲ့က ဝိုင်ဖိုင် ဟော့စပေါ့တွေရောက်ရင် သုံးတယ်
      draft ထဲကဟာတွေ အချောတင်တယ်….
      အဲ့လာကြောင့် ..ပို့စ်တက်တက်လာပီး လူက
      စိမ်းနေပေမယ့် ခေါ်မကြားအော်မကြားဖစ်ဖစ်တွားဒါဘာ ….

      😀

      ရန်ကုန်ရောက်မှ …ဗော့ဒ်ဂါစိမ်းစိမ်းလေးနဲ့ ချော့မယ်နော်…

    • Moe Z

      November 29, 2011 at 10:08 am

      နောက်တစ်ယောက်ကဘယ်သူလဲဟင် တွေ့ရင်ကောင်းကောင်းရန်လုပ်ပစ်လိုက်
      ခေါ်စရာလားလို့ အဘချောဆိုတော်သေးတယ် 😛

      • ဦးဖွတ်ကျား

        November 29, 2011 at 10:15 am

        အဘချော ဆိုလည်း အဘချောပေါ့ နော့် အဘရယ်
        တားတားနဲ့ အဲ့သည့်အလိုက်ကမ်းဇိုး
        မတိတဲ့ ဟို ဝဝ တုတ်တု် စိတ်ပုတ်ပုတ် တယောက် အတွက်ပါ
        တောင်းဘန်ဘာအိ လွန်ဒလာချိရင် ဝန်ဒါမိပါခည…

        နည်းနည်း ကီးထပ်တင်လိုက်မယ်…
        တားတား တသက်လောက် ရှိတဲ့..
        ရယ်မီမာတင်လေးနဲ့ နော …
        😀

      • E.T

        December 1, 2011 at 3:47 am

        မမိုးဇက်ရေ အဘချောလို ့ခေါ်တာ သိပ်မကြိုက်သေးဘူးတဲ့။ ကိုချောလို ့ ခေါ်ပါတဲ့ ;P

  • naywoonni

    November 28, 2011 at 10:35 pm

    စီလုပ် သိုင်း ဝထု ဖတ်နေရသလိုပဲ…။ နာမယ်တွေကော ဂိုဏ်းတွေ ကော………. ကျမ်းစာအုပ်တွေကော……

    • ဦးဖွတ်ကျား

      November 29, 2011 at 9:09 am

      အဘနီ …နောက်တပိုင်းဆို
      အဘနီပါ ပါမှာ ..
      ခစ်ခစ်..

  • ကိုရင်စည်သူ

    December 1, 2011 at 11:01 am

    နာကွ… စည်ဘီနဲ့ စာပေတော်လှန်ဒါ..
    လုပ်ငန်းကြီး ကိတ်စ ဘူ့မှ သိစေနဲ့
    တော်ကြာ နင့် မိုးဇိလေးသိတွားလို့
    ကိုရင့်အပေါ် ညိုညင်သွားဦးမယ်.. ဟိ.. 😳 😳

    စည်တရာ သူတကြိတ် လစ်ကွာဆိုင်မှ
    လောပန်ကိုရင်စည်သူ

  • ပေါက်ဖော်

    December 1, 2011 at 11:19 am

    လှည့်ပတ်ပြီးရေးနေတာပကလား..အမောင်ဂီရေ..
    ရေးချက်..ဖတ်ချက်တွေက 9 လောက်ရှိတယ်….ရေလည်မိုက်ဒယ်ဂျာ..

    နာ့ကို မဟုတ်ကဟုတ်က လျှောက်မရေးနဲ ့နော်….တိလား
    😕

Leave a Reply