ဘက်ညီ လက်ညီ ရွေ့ကြဖို့လိုပါသည်။
ဘက်ညီ လက်ညီ ရွေ့ကြဖို့လိုပါသည်။
နွားလှည်းတစ်စီး ရှေ့ကိုရွေ့ဖို့ဆိုင်ရင် ရှေ့ကလှည်းတံပိုးကိုထမ်းနေတဲ့
နွားနှစ်ကောင်လုံး ပြိုင်တူ ဟန်ချက်ညီညီ ဆွဲဖို့ လိုအပ်ပါတယ်။
တစ်ကောင်ထဲ ဆွဲရင် တစ်ဖက်ဆွဲပြီးလမ်းကြောင်းလွဲသွားနိုင်ပါတယ်။
တစ်ကောင် က သိပ်မရုံးပဲ ရေသာခိုလိုက်နေရင်လည်း ရုံးရတဲ့
တစ်ကောင်တည်း ပင်ပမ်းပြီး လိုရာခရီးကို လွယ်လွယ်နဲ့ မရောက်နိုင်တော့ပါ။
ကားတစ်စီးမှာလည်း ရှေ့ဘီးနှစ်ဘီးလုံးဘရိပ် ကပ်နေရင်
ရှေ့ကိုအလွယ်တကူဘယ်ရွေ့မလဲ၊တစ်ဘီးပဲ ဘရိပ်ခွာပြီး တစ်ဘီးက
ဘရိတ်ကပ်ပြီးပုံမှန် မလည်ရင် အပေါ်က ဂွေ ကိုင်ထားရတဲ့ ဒရိုင်ဘာကြီး
ဘယ်သက်သာမလဲ။
အဲဒီတော့ “ဟိုဘက်ကနွား မင်းသွားဖို့လိုတယ် ” ဆိုပြီးအော်နေရင်းနဲ့
ကိုယ် ကိုယ်တိုင်လဲ ခြေလှမ်းစရွှေ့ဖို့လိုပါလိမ့်မယ်၊ ကိုယ်က အင်အားကောင်းနေရင်
တစ်ဘက်ကနွား မရွေ့ချင်ဘူးဆိုရင်တောင် ယက်ကန်ယက်ကန်နဲ့ ပါလာပါလိမ့်မယ်။
လှည်းကိုမောင်းနေတဲ့သူကလည်း တဘက်ကနွား အာဟာရလိုသလား၊
သက်သက် မဲ့ ကပ်နေတာလား၊ သုံးသပ်နိုင်ပြီး ကျွေးသင့်တဲ့နွားကိုကျွေး၊
ကြိမ်တို့သင့်တဲ့နွားကို တို့ပြီးမောင်းတတ်ဖို့လိုပါမယ်။
ဒီလိုပဲ ကားမောင်းတဲ့သူကလည်း၊ဘယ်ဘီးက ဘာဖြစ်နေသလဲ ၊ ဘယ်ဘီးကို
ဘာလုပ်ပေးဖို့လိုသလဲ၊ ဆိုတာကို ဆင်ခြင်သုံးသပ်နိုင်ပြီး လိုအပ်သလို
ပြုပြင်ဆောင်ရွက်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ကပ်နေတဲ့ဘရိပ်တွေကိုလည်း
နှစ်ဘက်စလုံးကို ခွာချ ပြီး အမဲဆီလေးထိုးလို့ ညီတူ ညာတူလိမ့်ကြဖို့ လိုပါမယ်။
ကဲ အဲဒီတော့ နှစ်သစ်မှာ ဘာလုပ်ကြမှာလဲ………….
ဆရာသစ်ရေ…………….
လိုအပ်တာလေးတွေဆီမီနာမှာ ဆက်ဆွေးနွေး လိုက်ပါဦးဗျာ…….။
3 comments
Khin Latt
January 1, 2012 at 3:04 am
ကိုကြောင်လေးရေ – မှန်ပါတယ်။ အားလုံးပြိုင် ရွေ့နိုင်အောင် ကြိုးစားရမှာပါ။
အဲဒီအတွက် ကျွန်မတို့လဲ တစ်နေရာ ကိုဘဲ ကွက်ကြည့်တတ်သူ မဟုတ်ဘဲ ဘက်စုံကနေ ကြည့်နေနိုင်တဲ့ သူ ဖြစ်အောင်ကြိုးစားရမယ် ထင်ပါရဲ့။
ပြီးတော့ သူများ ပြောတာ၊ အကြံပြုတာကိုလဲ နားထောင် တတ်အောင် ကျင့်ရမယ်လဲ ထင်ပါတယ်။
ဒါမှ ကိုယ်မမြင်ခဲ့တာကို သိနိုင်မှာ မဟုတ်လား။
Post အတွက်ကျေးဇူးပါနော်။
Thel Nu Aye
January 1, 2012 at 10:07 pm
မှန်ပါတယ်။ ရှု့ဒေါင့်ပေါင်းစုံကကြည့်ပြီးတက်ညီလက်ညီကြိုးစားမှအရာရာအောင်မြင်နိုင်မှာပါ။ အမြင်မတူလဲ အမြင်ချင်းဖလှယ်ပြီးကြည့်နိုင်ရပါမယ်။
ငပေါက်ဖော်
January 1, 2012 at 10:27 pm
အဲဒီ ့တက်မညီလက်မညီတာတွေကိုက ခက်နေတာခင်ည
ပြောပြန်ရင်လဲ ငပေါက်လွန်ရာကျဦးမယ်..
ပြောတော့ဝူး..ညီညာထ.ကြွ. ရုန်းထကြပေလော့ဝေ့.