Camel ဈေး…

hmeeJanuary 10, 20125min52741
အသီးဆိုင်။
အလှကုန်။
အရုပ်ဆိုင်။
ပန်းဆိုင်။
အထည်ဆိုင်။ ဒီမှာထူးခြားတာက ဈေးရောင်းတာ အမျိုးသားတွေ။ အမျိုးသမီးတွေက ရှော့ပင်းစင်တာတွေမှာပဲ တွေ့ရတယ်။
အာရပ်တွေ ဆေးလိပ်သောက်တဲ့ ဆေးတန်။ (ပိုက်လေးကို ပါးစပ်မှာ တပ်ပြီး တယောက်တလှည့် သောက်တာတွေ့တာပဲ။ )
ဟင်းခတ်အမွှေးအကြိုင်။
သစ်သီးဖျော်ရည်ဆိုင်။
ဂျယ်ရီဆိုင်။
ဒိန်ခဲ။
ပေါင်မုန့်ဆိုင်။
အသီးအရွက်ဆိုင်။
ဈေးလမ်း။
စပျစ်သီးဆိုင်။ အလယ်က အနီရောင်က ချယ်ရီသီးတွေ။
အသီးအရွက်ဆိုင်။

Telaviv မှာတော့ Camel ဈေးက အကြီးဆုံးပါ။ အသား၊ငါး၊ အသီးအရွက် အပြင် အဝတ်အစား လိုအပ်တာ အကုန် ဝယ်ယူနိုင်တဲ့ ဈေးကြီးပါ။ တခြားတခြား ဈေးတွေရှိပေမဲ့ ကာမဲလ်ဈေးကတော့ အစုံဆုံးမို့  ဝယ်သူပိုများပါတယ်။ အစ္စရေးမှာက သောကြာ၊ စနေက ရုံးပိတ်ရက်ပါ။ တနင်္ဂနွေမှာ ရုံးတွေဖွင့်ပါတယ်။ ဒါကြောင့် တပတ်ရုံးပိတ်ရက် ဖြစ်တဲ့ သောကြာနေ့မှာဆို ဈေးက တိုးမရအောင် စည်ကားပါတယ်။ စနေနေ့ကြရင်လည်း အားလုံးလူတိုင်းနီးပါး မိသားစုလိုက် ပျော်ပွဲစား ထွက်လေ့ရှိတယ်။  သူတို့ရဲ့ ဓလေ့ထဲကမှ သောကြာနေ့ညနေတိုင်း  ကလေးတွေကို အဘိုးအဖွားတွေ အိမ်လိုက်ပို့တာရယ် စနေနေ့တိုင်း မိသားစုလိုက် အပန်းဖြေထွက်တာကို သဘောကျမိပါတယ်။  မိသားစုကို အချိန်သတ်သတ် တကူးတကကို  မလုပ်မနေရ လုပ်ကြတာကို သဘောအကျဆုံးပါပဲ။ အားလပ်လို့ လိုက်ပို့တာမဟုတ်ပဲ လုပ်ကိုလုပ်ရမဲ့ အလုပ်လို့ကို ယူဆထားတာတော့ သဘောကျမဆုံးဘူး။ သောကြာနေ့ဆို တီဗွီက ကလေးအစီအစဉ်မှာလည်း  တနာရီခြား  တခါလောက် ကာတွန်းတိုလေး လွှင့်ပါတယ်။ မိဘတွေက ကလေးတွေကိုခေါ် အဖိုးအဖွားအိမ် လိုက်ပို့တော့ အဖိုးအဖွားက အိမ်ဝက ထွက်ကြိုနေတာလေးကိုပါ။  ယောက်ကျား မိန်းခလေး အသက် ၁၉နှစ်ရှိတာနဲ့ စစ်မှုမထမ်းမနေရ    ၃နှစ် ထမ်းရပါတယ်။  သောကြာနေ့ဆို မိဘအိမ်ကို   ပြန်လာခွင့်ရှိပါတယ်။  သောကြာနေ့ဆို စားသောက်ဆိုင်တွေကအစ ဆိုင်တွေ အားလုံးပိတ်ပါတယ်။ တနင်္ဂနွေမှ ပြန်ဖွင့်တယ်။ ဘာကြောင့်လဲ သိချင်လို့ စပ်စုတော့ ကလေးတွေဟာ ပိတ်ရက်မိဘအိမ်ကို ပြန်လာတာ မိဘတွေကလည်း မျှော်မှာပဲ။ ဆိုင်တွေသာဖွင့်လို့ ကလေးတွေက အပေါင်းအသင်းနဲ့  ပျော်ပြီး  မိဘတွေဆီမပြန်ဖြစ်မှာ စိုးလို့ ဆိုင်တွေကို ပိတ်တာပါတဲ့။  ဘတ်စ်ကား၊ ရထား၊ လေယာဉ် အားလုံး သောကြာညနေ ၄နာရီမှာ စပြီးပိတ်ပါတယ်။ စနေညနေ ၄နာရီမှ ပြန်ဖွင့်ပါတယ်။ စစ်သားတွေဟာ ကား၊ရထား အခမဲ့ပါ။ မုန့်ဆိုင်တွေမှာ မုန့်စားရင်တောင် စစ်သားဆို ဈေးချိုပါတယ်။ အခွင့်အရေးတွေမှ အများကြီးပါ။

အဲ့လို နောက်နေ့တွေမှာ ပိတ်ရက်ဖြစ်လို့ သောကြာနေ့ဆို ကာမဲလ်ဈေးဟာ တိုးလို့မရအောင် လူကြပ်ပါတယ်။ ကျွန်မတော့ အဲ့နေ့ဆို ဈေးမသွားဘူး။ သောကြာနေ့မှာပဲ လက်မှုပစ္စည်းအရောင်းဆိုင်တွေ ဖွင့်ပါတယ်။ အထည်တန်းတွေရဲ့ရှေ့ လမ်းမအလယ်မှာ ခင်းပြီး ရောင်းကြတာပါ။ လက်မှုပစ္စည်း သီးသန့်မို့ စိတ်ဝင်စားစရာတော့ အရမ်းကောင်းပါတယ်။ တချို့ဆို တီးဝိုင်းလိုက်တီးပြီး အလှုခံတာမျိုးပါ တွေ့ပါတယ်။ ဈေးတန်းတလျှောက်   ဈေးဝယ်ပြီးတဲ့အခါ  တခါတရံ  အပြင်ဘက်တန်း အဲလန်ဘီလမ်းတလျှောက်  လမ်းလျှောက်ရင်း အထည်ဆိုင်တွေ ငေးမော။

ဒီနေ့တော့  အဲလန်ဘီလမ်းက ဆိုင်တွေမှာ အိမ်အပြန် ညီမတွေအတွက် လက်ဆောင်ဝယ်။ ပြီးတာနဲ့ ဈေးထဲဝင်ပြီး ဓါတ်ပုံလျှောက်ရိုက်လာတာပါ။ ဈေးက အလျှားလိုက် ဈေးတန်းပါ။  အသီးအရွက်ဆိုင်၊ ကုန်ခြောက်ဆိုင်၊ အမွှေးအကြိုင်ဆိုင်၊ ဒိန်ခဲတွေ ရောင်းတဲ့ဆိုင်၊ သားဆိုင် ငါးဆိုင်  အစုံပါပဲ။ တနင်္ဂနွေဆိုတော့ ဈေးမှာ လူတော်တော်ရှင်းပါတယ်။ ကျွန်မလည်း ဈေးထဲမှာ ဘာမှ ဝယ်တာလည်း မဟုတ်ပဲနဲ့ လမ်းတလျှောက်ဓါတ်ပုံပဲ ရိုက်လာတာပါ။ ဈေးအဆုံးက ပန်းဆိုင်ရှေ့ ရောက်မှ အိမ်ကြီးရှင်ကို ဖုန်းဆက်ရတယ်။  သူရောက်လာမှ ကျွန်မတို့လည်း Jaffa မြို့ဟောင်းဘက်ကို ခရီးစလိုက်ပါတော့တယ်။

41 comments

  • MaMa

    January 10, 2012 at 5:42 pm

    မှီ ရိုက်ပြထားတဲ့ ပုံတွေကိုကြည့်ပြီး သတိထားမိသလောက်ပြောရရင် အဲဒီက လူတွေ တော်တော်စည်းကမ်းရှိပြီး သပ်သပ်ရပ်ရပ် နေတတ်ကြတယ်။
    (ကိုယ်နဲ့ပဲ နှိုင်းမိလို့လားတော့ မသိဘူး။) 😀

  • blackchaw

    January 10, 2012 at 5:45 pm

    အမမှီရေ။
    ကျွန်တော့်အတွက်အရုပ်ဆိုင်က ဒိုင်နိုဆော အရုပ်လေးတစ်ရုပ်လောက်
    ဝယ်ခဲ့ပေးပါဗျို့။
    အဲဒီမြို့က ဗုံးတွေလည်း ခဏခဏ ပေါက်တဲ့ မြို့လားလို့
    သတင်းစာထဲမှာ ဖတ်ဘူးတာ ပြောပါတယ်။

    • hmee

      January 10, 2012 at 6:19 pm

      မမရေ တကယ်ကို စည်းကမ်းရှိတာပါ။
      ကိုဘလက်ရေ ကျွန်မ ဒီရောက်နေတာ ၂နှစ်ရှိပါပြီ။ တခါမှ ဗုံးပေါက်သံမကြားမိပါဘူး။ လုံခြုံရေး အရမ်းကောင်းပါတယ်။ တခါပဲ ဗုံးလို့ သံသယရှိတယ်ဆိုပြီး လမ်းတွေ ပိတ်ထားတယ်။ အန္တရာယ်ကင်းလောက်တဲ့ နေရာထိ အဝါရောင်ကြိုးတွေ တားထားပါတယ်။ ကျွန်မလည်း စပ်စပ်စုစု သွားကြည့်တာပေါ့။ 🙂 ရဲကားပေါ်ကနေ စက်ရုပ်လေး ဆင်းလာပြီး အထုပ်ကို သေချာစစ်ပါတယ်။ ဘာမှ မဟုတ်မှန်းသိတော့ အချက်ပြမှ ရဲသားကအနားသွားပြီး အထုတ်ကို သယ်သွားတယ်။ ရုပ်ရှင်ထဲက အတိုင်းပဲ။
      နောက်တခု အသေခံခွဲတဲ့သူတွေကို ခွဲပြီးပြီးခြင်း ဘယ်သူဆိုတာ သိတာနဲ့ ချက်ချင်း သူ့အိမ်ကိုသွား အိမ်သားတွေကို အိမ်ပေါ်ကဆင်းခိုင်းပြီး အိမ်ကို ဘော်ဒူဇာနဲ့ ထိုးပြစ်ပြီး မိသားစုကိုပါ နှင်ထုတ်ပါတယ်။ ဒါကြောင့် မိသားစုကို ငဲ့ပြီး သိပ်မလုပ်ရဲတော့ဘူး။
      ကျွန်မတို့ နေတာက Telaviv မြို့ပါ။ လုံခြုံရေး ကောင်းတယ်။ ဂါဇာက လှမ်းထုရင်လည်း လွတ်တယ် ဒါကြောင့် အိမ်ဈေးကြီးတယ်။ ပြီးခဲ့တဲ့ သုံးလေးလလောက်က ဂါဇာက စစ်သွေးကြွတွေ လှမ်းထုတယ် တဲအဗီးလ် တောင်ဖက်က မြို့ကိုကျတယ်။ ဒီဘက်ကလူ မထိပါဘူး ရမ်းထုတာကိုး။ ဒီဘက်က ချက်ချင်း ပြန်ထုတာ ကိုးယောက်သေသွားတယ်။ ဂျုးတွေက မစပါဘူး။ သူတို့ကပဲ စတယ် ပြီးတော့ သူတို့ပဲ အထိနာပါတယ်။ နာမှန်းသိလျှက်နဲ့ကိုလည်း သူတို့က လုပ်ပါတယ်။ ဒီဘက်ကလည်း ပြန်လုပ်ရင် သက်သက်သာသာ တခါမှ မရှိပါဘူး။ 🙁

      • မှော်ဆရာ

        January 11, 2012 at 2:52 pm

        တောက် အသေခံ ဗုံးခွဲမလို့ကွာ ကျန်ခဲ့မယ့် မိန်းမ မျက်နှာ ကြည့်နေရလို့
        ဒီတော့ လူပျို လူလွတ်
        ကစည်တို့ မောင်ဂီတို့ ကမ်းကြီး ကိုပဲ တာဝန်လွှဲခဲ့မှပဲ ….
        ကဲ ရဲဘော် … ကစည် … မောင်ဂီ ကမ်းကြီး သတိ
        လိုက်ဆို …
        တိုင်းပြည် နှင့် လူမျိုးအတွက် …
        အသက်ကို စွန့်လွှတ်ရန် …
        အိမ်က မိန်းမ နှင့် …
        တိုင်ပင်ပါဦးမည် …. :mrgreen:

  • ငပေါက်ဖော်

    January 10, 2012 at 6:00 pm

    ဈေးလမ်းက အမှတ်တမဲ့ကြည့်ရင် ဆယ်မိုင်ကုန်း ဈေးလမ်းနဲ ့တူသဗျ…
    အောက်မှာ ငုတ်တုတ်ထိုင်ရောင်းတဲ့ ဈေးသည် ရှိတာနဲ ့မရှိတာ.ညစ်ပတ်တာ.သန် ့တာ..စမ်းကမ်းရှိတာ..မရှိတာပဲ ကွာတယ်..

    စစ်သားတွေ..ဦးစားပေးခံရတာလေး..သိသွားတယ်ခင်ညာ..အဲ…ချင်..
    ရှဲ..ရှဲ..

    သများတို ့ဆီက စစ်တားတွေကတော့..
    ပြက္ခဒိန်လိုက်ရောင်းလိုက်..စာအုပ်လိုက်ရောင်းလိုက်နဲ ့..မေတ္တတုံးတွေ..

    • hmee

      January 10, 2012 at 6:23 pm

      ဟုတ်ပါသကော ကိုပေါက်ဖော်ရယ် ဆယ်မိုင်ကုန်း ဈေးလမ်းနဲ့ တူသမှ သိပ်တူ။ ဈေးထဲမှာ ညီမလေးတွေ အထည်ဆိုင်ရှိတယ်။ ကောင်မလေး ခပ်ငယ်ငယ် ချောချောလေးတွေရောင်းတဲ့ ဆိုင်ဆို မမှီတို့ဆိုင်ပဲ။ 🙂

      • ငပေါက်ဖော်

        January 10, 2012 at 6:32 pm

        ဟယ်.. (အရောင်တောင်ပသောမျက်လုံးများဖြင့် ဟယ် သံ)

        လကားနောက်တာပါ အန်တီမှီရေ
        မောင်ပေကိုသာ သတိထား..
        ကန်မလေးကြည့်သလိုနဲ ့..အထည်တွေ ဘတ်တတ်တယ်
        😆

      • inz@ghi

        January 10, 2012 at 6:53 pm

        ၁ဝမိုင်ကုန်းဈေးလမ်း ဆိုပဲ …
        သွားလည်စရာ နေရာတခု အနေနဲ့ စာရင်းတို့လိုက်ပီ…
        😀

  • thit min

    January 10, 2012 at 6:34 pm

    အရင်တုန်းက ကုလားအုတ်တွေနဲ့ လာပြီးဈေးရောင်းကြလို့၊ ဒါမှမဟုတ် ကုလားအုတ်အရောင်းအဝယ်
    လုပ်တဲ့ ဈေးမလို့ အဲဒီလို ခေါ်တာလားမမှီ။ ကုလားအုတ်ကော စီးကြလား၊သုံးကြသေးလား မြို့ထဲမှာ။

    • hmee

      January 10, 2012 at 7:40 pm

      ကိုသစ်မင်းရေ အဲ့တာတော့ မသိဘူး။ ဘာလို့ ကာမဲလ်ဈေးခေါ်တာလဲ မသိဘူး။ 🙂 ကုလားအုတ်ဆိုလို့ တခါလားပဲ ဆာဖာရီကို သွားလည်လို့ တွေ့ဖူးတယ်။ တောင်ပိုင်းက ကန္တာရဘက် သွားတုန်းက စိုက်ပျိုးရေးပြပွဲမှာ ကုလားအုတ်စီးချင်ရင် အခပေးစီးလို့ရတာတွေ့ဖူးတယ်။ ကုလားအုတ်တွေက လမ်းလျှောက်ရင် တခြား ခြေလေးကောင် သတ္တဝါတွေလို ရှေ့လက်ဘယ်ဆို နောက်ခြေညာ လှမ်းတာ မဟုတ်ပဲ ထူးထူးခြားခြား ဘယ်ခြမ်းဆို ရှေ့နောက် တခြမ်းလှမ်းတယ်။ လမ်းလျှောက်ရင် တခြမ်းဆီ စုံလှမ်းတယ် ဖတ်ဖူးလို့ အဲ့ဒါတော့ သေသေချာချာကြည့်ခဲ့တာ အမှန်ပဲ အဲ့လိုလှမ်းတာမို့ တအံ့တဩ ဖြစ်ခဲ့သေးတယ်။ မြို့ထဲမှာတော့ အရုပ်တွေပဲ တွေ့တယ်။ 🙂

  • titanmandalay

    January 10, 2012 at 6:38 pm

    ရွာသူရွာသားများခင်ဗျား
    photo နှင့် new တင်နည်းလေးပြောပြကြပါ
    မတင်တတ်လို့ အခက်တွေ့နေရပါသည်

    • ငပေါက်ဖော်

      January 10, 2012 at 6:56 pm

      မောင်ပု ငါးရှဥ့် ပြဿာရှင်းခန်း အတိုင်းပဲ
      တစ်ရွာလုံး ပတ်မေးနေတယ် 😆

      ကိုတည်တံ့-မန္တလေး ချင့်
      http://myanmargazette.net/wp-admin/post-new.php ကိုကလစ်နှိပ်ပြီး အသစ်တင်ပါချင့်
      အမြဲတမ်းတင်ချင်ရင် Bookmark သာလုပ်ထားပါချင့်

      အတေးစိတ်ကို ရှင့်ဘာတာရှင် ရှာဖတ်..အဲဟုတ်ဘူး..
      ဒီမှာ ဖတ်
      http://myanmargazette.net/writing-guidelines

      • MaMa

        January 10, 2012 at 7:43 pm

        မန္တလေးဂေဇက် အသုံးပြုပုံ နည်းအစုံကို တိုက်ရိုက်ဖတ်ချင်ရင်တော့ အဲဒီမှာ ဖတ်ပါခင်ဗျ…
        (အဲဒီတုန်းက ခင်ဗျ လို့ ရေးတယ်။ ခုတော သများ က ချင့် လို့ ရေးတယ်။ တစ်ယောက်တည်းတော့ တစ်ယောက်တည်းပဲ။ ဘာတွေပြောင်းလဲသွားသလဲတော့ မသိ 😆 )

        • မှော်ဆရာ

          January 11, 2012 at 2:56 pm

          ကိုပေါက်ဖော် က နိုင်ခြံကားပြန်လေ အမရဲ့ ..
          ထိုင်းက ပြန်လာတာ မကြာသေးဘူး …
          ကိုပေနဲ့ တစ်တွဲတွဲ ဖြစ်နေတာ ကြည့်ပါလား 😛

        • ငပေါက်ဖော်

          January 11, 2012 at 3:10 pm

          မာမားကြပ်တာနဲ ့ သများကို ဝိုင်းဖဲ့ကုန်ဘီ
          မာမားကြောင့်..မာမားကြောင့်..သများအဖဲ့ခံရတာ..အခုတော့.ရွဲ ့သွားဘီ..
          သဂျီးမင်းချင့်.
          မောင်ပေ့ကို အရေးယူပေးပါချင့်
          😆

  • Foreign Resident

    January 10, 2012 at 6:43 pm

    အစ္စရေး
    ” မုန့်ဆိုင်တွေမှာ မုန့်စားရင်တောင် စစ်သားဆို ဈေးချိုပါတယ် ”

    မြန်မာ
    ” သများတို ့ဆီက စစ်တားတွေကတော့..
    ပြက္ခဒိန်လိုက်ရောင်းလိုက်.. စာအုပ်လိုက်ရောင်းလိုက်နဲ ့.. မေတ္တတုံးတွေ.. ”

    ပြည်သူတွေကို ကာကွယ်နေတဲ့ အစ္စရေး နိုင်ငံက ပြည်သူ့ စစ်သားတွေအပေါ်ထားကြတဲ့
    အစ္စရေး ပြည်သူတွေရဲ့ မေတ္တာ နှင့် ….

    မြန်မာ ပြည်သူတွေက မြန်မာ စစ်သားတွေအပေါ်ထားကြတဲ့
    ပြည်သူ့ သဘောထားတွေ က ကွာလှချေလားကွယ် ။

    • hmee

      January 11, 2012 at 2:09 pm

      အဘဖောရေ သူတို့က စစ်သားဆို သိပ်အရေးပေးပါတယ်။ အကြောင်းကြောင်းကြောင့် ဒုက္ခိတဖြစ်သူတွေကို ပိုဦးစားပေးတယ်။ ကားပါကင်တောင် မသန်မစွမ်းနေရာ သပ်သပ်ထားပါတယ်။ သံတမန်တွေ တခြားမီးနီဖြတ်တာ၊ လမ်းမှာရပ်တာ ခွင့်လွှတ်ပေမဲ့ မသန်မစွမ်းနေရာ ရပ်ရင်တော့ ခွင့်မလွှတ်ဘူး ပေးပေတော့ ဒဏ်ကြေး နင့်နေအောင်ပေးရပါတယ်။ ကလေးလေး ဒုက္ခိတမွေးထားရင် အစိုးရက အလုံးစုံတာဝန်ယူတယ်။ ဒီကလေးကို ပြုစုဖို့ လူဌါးရင်အစိုးရကကျခံတယ် အဲ့ဒီကလေး ဘဝတလျှောက်စာ တာဝန်ယူတာ။ ကျွန်မလည်း ရောက်စက အတော်အံ့ဩတာ အဲ့လိုမျိုး မြင်မှ မမြင်ဖူးပဲ။ 🙂 နောက် စစ်သား စစ်သမီးတွေ သေနတ်တွေ လွယ်ပြီး မြို့ထဲ သွားနေတာပဲ ကျည်မပါဘူး မထင်နဲ့ အပြည့်ပဲ။ အစိုးရ ဘယ်လိုထိန်းလဲ မသိဘူး။ သူတို့က စစ်ရေးမှာတော့ အလွန်အလေးထားတယ်။ တနိုင်ငံလုံးမှာ ရှိတဲ့စစ်သားကို အရေးပေါ်အခြေအနေမှာ စုံမှတ်တခုမှာစုံဖို့ အသံလွှင့်ပြီးတာနဲ့ ၇၂နာရီအတွင်း စုနိုင်တယ်တဲ့။ လမ်းမှာ တွေ့ရာကားကို တားပြီး ပို့ခိုင်းရင် မည်သူမဆို လိုက်ပို့ပါတယ်။ စစ်ဖြစ်နေတဲ့ နေရာကို ရွှေ့ရမယ်လို့သာ ဝန်ကြီးချုပ်ကသာပြော လူတိုင်း ရွှေ့ဖို့ အသင့်ပဲ။ ပြည်သူတွေပါနော်။ ကျွန်မတော့ သူတို့ရဲ့ မျိုးချစ်စိတ်ကို ကြောက်တောင်ကြောက်တယ်။ ဒါကြောင့်လည်း အာရပ်နိုင်ငံတွေ အလယ်မှာ နိုင်ငံသေးသေးလေးက အခုထိ ကြံကြံခံနိုင်နေတာ ဖြစ်မယ်။ တလောက ပြန်ရွေးလိုက်တဲ့ စစ်သားလေးဆို ဖမ်းထားတာ ၅နှစ်ရှိပြီ။ စစ်သွေးကြွ ၁၄၀ဝနဲ့ တယောက်ကို ပြန်လဲတာ။ သူတို့ တသက်မှာ အသက်ရှင်လျှက် ပြန်ရတာ ဒီတယောက်သာရှိလို့ ဂုဏ်ယူလိုက်ကြတာ။ တီဗွီမှာ Live ကိုလွှင့်တာ။ ဝန်ကြီးချုပ်ကိုယ်တိုင် သွားကြိုတယ်။ နောက်နေ့ သမ္မတက အိမ်ကိုလာတွေ့တယ်။ လမ်းမမှာ လူတွေဆိုတာပျော်လို့ အသက်ရှင်လျှက် ပြန်ရလို့ ဂုဏ်ယူနေကြတာလေ။ စစ်သားကလည်း ပြည်သူကို တကယ်ချစ်တော့ ပြည်သူကလည်း ပြန်ချစ်တာပေါ့။ ဟီး…ကွာတော့လည်း ကွာတာမို့ ပြောတော့ပါဘူး။ 🙂

  • nature

    January 10, 2012 at 8:14 pm

    hmee ရေ။ အဲဒီမှာ ထူးထူးခြားခြား အမှတ်တရပစ္စည်း ဘာတွေရှိလဲ။

    • hmee

      January 11, 2012 at 2:11 pm

      မမှီတော့ ဘာမှ ထူးထူးခြားခြား မတွေ့ဘူး။ အားလုံးက made in china ကြည့်ပဲမို့ ပြောချင်တော့ဘူး။

  • yaungchikha

    January 10, 2012 at 8:39 pm

    မမီရေ…… အသီးအနှံကြိုက်တဲ့သူဆိုတော့ သစ်သီးဆိုင်တွေကြည့်ပြီး သွားရေကျသွားပါသည် ………….. 🙂

  • windtalker

    January 10, 2012 at 9:07 pm

    ၂၀၀ရ ဟက်ပီးနယူးရီးယားညတုန်းက ပုဂံမှာ ဂျူး တစ်ယောက် နဲ ့ဘီယာအတူတူသောက်ခဲ့ဖူးတယ် ။ သူတို ့နိုင်ငံ ကို ကမ်ဘာပေါ်မှာ သဲထဲ ဂျုံ ရအောင် စိုက်နိုင်တယ် လို ့ချီးကျူးလိုက်တော့ ကျွန်တော့် ကို ဝမ်းသာအားရ နဲ ့ဘီယာတွေ ဒကာခံသွားတယ်ဗျာ

    • မှော်ဆရာ

      January 11, 2012 at 2:59 pm

      ဒါမှ တို့ဗမာကွ ..

      • hmee

        January 11, 2012 at 3:16 pm

        မောင်ပေ တော်တယ် သိလား။ ဂျုးဆိုတာက သူများဆီကပဲ ရအောင်ယူတာ။ သူတို့ဆီက ရတယ်ဆိုတော့ တော်တော်တော်လို့။ တကယ်ပြောတာ။

  • Thel Nu Aye

    January 11, 2012 at 9:26 am

    အဲဒီလောက်အမျိုးစုံပြီးသပ်ရပ်တဲ့ဈေးဒီတခါပဲတွေ့ဖူးတယ်။ မမှီရေရှားပါးဓါတ်ပုံတွေအတွက်ကျေးဇူး။

  • Moe Z

    January 11, 2012 at 10:00 am

    ဆိုင်တွေအားလုံးက သန့်ရှင်းသပ်ရပ်ပြီး အခင်းအကျင်းကလည်း စွဲဆောင်မှုရှိတယ်မမမှီရေ
    တွေ့လိုက်တာနဲ့ဝယ်ချင်စရာပဲနော် ဒီကဆိုင်တွေ အဲဒီလိုကောင်းတာလေးတွေအတုယူသင့်တယ်

  • ကြောင်ကြီး

    January 11, 2012 at 11:34 am

    camel ဈေးဆိုတော့ ကုလားအုတ် အရှင်တွေ ရောင်းတဲ့ဈေးလားလို့။ ဒါနဲ့ အန်တီမှီ ကုလားအုတ်သားစားဖူးလား။

    • hmee

      January 11, 2012 at 2:47 pm

      ကိုကြောင်ရယ် ကြံကြံဖန်ဖန် စားရပါဘူး။ စားလည်း မစားရဲဘူး။ 🙂

  • ဆူး

    January 11, 2012 at 11:36 am

    ဆိုင်တွေက သပ်သပ်ယပ်ယပ်နဲ့ အများကြီး ခင်းကျင်းထားတာ တွေ့တော့ အရောင်းအဝယ် ကောင်းကြမယ် ထင်တယ်နော်။
    ဒီက လူ အမြင်နဲ့ဆို ဂျယ်လီ တို့ မဆလာ အသီးတွေ ဆိုရင် တော်တော် များများတယ်။
    ဒီမှာ အဲလောက် များများ ရောင်းတာ မတွေ့မိဘူးလားလို့..

  • favourite

    January 11, 2012 at 12:23 pm

    ဂျယ်လီတွေရော အသီးတွေရော စားချင်စရာကြီးတွေ

    ဒါနဲ့ ၁၃ပုံမြောက် ဈေးလမ်းဆိုတဲ့ ပုံထဲမှာ အင်္ကျီအနက်နဲ့က မမှီပုံလားဟင်………..

    • hmee

      January 11, 2012 at 2:23 pm

      ဆူးရေ တမြို့လုံးက လူတွေအားလုံး ဒီဈေးမှာပဲ ဝယ်ကြတာလေ။ တခါတလေ ကမ္ဘာလှည့် ခရီးသည်တွေ တောင်တွေ့တယ်။ သောကြာနေကဆို လမ်းလျှောက်စရာမလိုဘူး အဲ့လောက်လူများတာ။ လူများလို့ ခါးပိုက်နှိုက် ကြောက်စရာမလိုဘူး သိလား။ အရပ်ဝတ်ရဲတွေမှ တပုံကြီး သူလိုကိုယ်လို ဈေးထဲမှာ ပတ်နေတာ။ တခါ အသီးဆိုင်မှာ ဝယ်နေတုန်း ဗြုန်းဆို ဂျုး သန်သန်မာမာ တယောက်က အမည်း တကောင်ကို ဖမ်းလိမ်လိုက်တာ ချက်ချင်း ဂျုး သုံးလေးယောက် ရောက်လာပြီး လက်ထိပ် ဘယ်ကထွက်လာမှန်းမသိဘူး မြန်ချက်။ မသိရင် ရန်ဖြစ်သလိုပဲ အမတောင် ကပ်နေလို့ သိတာ။ ပြီးတော့ ဂျပန်က ခရီးသည်တွေထင်တာပဲ အမျိုးသမီးတယောက်ရဲ့ ပိုက်ဆံအိတ်။ ပြန်ပေးတာကို အနှိုက်ခံရတဲ့ အမျိုးသမီးက သိတောင်မသိဘူး။ အဲ့တော့မှ သိလိုက်တာ ဈေးထဲမှာ အရပ်ဝတ်နဲ့ ရဲတွေ အများကြီးပါလားလို့။ ဂျုးတွေက ကုလားတွေနဲ့ နဲနဲဆင်တယ် သူတို့ဟင်းတွေမှာ ဟင်းခတ်အမွှေးအကြိုင် သုံးလွန်းတယ်။ ဘာတွေမှန်းမသိဘူး။ ဂျယ်ရီကတော့ အရမ်းစားကောင်းတယ်။ ဘယ်လောက်စားစား ချောင်းမဆိုးဘူး။ ဗီတာမင်စီဆို သူ့အရသာအပြည့်ပဲ။ သားမကြိုက်ဘူး ဆူးရေ အမကြိုက်လို့ ဝယ်စားနေကြဆိုင်ကို ခွင့်တောင်းပြီး ရိုက်လာတာ။ 🙂
      favourite ရေ ဘယ်ကလာ မမှီပုံ ဟုတ်ရမလဲ။ သူက ပိန်ပြီး လှတယ်။ မမှီက ပေါင် ၁၅ဝကျော်တယ် ပွင့်လောက် နီးနီး။ 🙂

  • nozomi

    January 11, 2012 at 12:52 pm

    ဒီကနေ မမှီကို စိတ်ကူးနဲ့ လှမ်းကြည့်လိုက်တာ…

    ပြန်ခါးနီး လက်ဆောင်တွေ ဝယ်ရ ( အမျိုးတွေ ကျန်မှာစိုးလို့ စာရင်းလုပ်ပြီး ဝယ်တာတောင် ကျန်နေသေးတယ် ဆိုတာမျိုး ….) ၊ ပစ္စည်းတွေ ထည့်ရ

    ကျန်ခဲ့မဲ့ အိမ်ကြီးရှင် ကြိုက်တာလေးတွေ ချက်ပြုတ်ကျွေးရ ၊ ( ရှင် အ ပြင်ထွက်လို့ ကောင်မလေး ငယ်ငယ်တွေ့ရင် ငေးမနေနဲ့လို့ တိုးတိုးတိတ်တိတ် မှာသေးလားတော့……. )

    ကွန်နက်ရှင်လေး ကောင်းတုန်း ရွာသားတွေကို ဟိုအကြောင်းလဲ ပြောပြချင် ဒီအကြောင်းလေး ပြောပြချင်နဲ့ အချိန်တွေက နဲ လိုက်တာလို့ အားမလို အားမရဖြစ်ရ နဲ့ တစ်ယောက်ထဲ ၃/၄ ကိုယ် ခွဲချင်နေပြီ မို့လား

    ကျွန်တော်လဲ ကိုချောနဲ့ အကြိုက်တူတယ် ဗျ ၊ ဒိုင်နိုဆော အရုပ်လေး ကြိုက်တယ်

    • hmee

      January 11, 2012 at 2:36 pm

      မှန်လိုက်တာ ကိုနိုဇိုမီရယ်။ ပစ္စည်းက ဝယ်ချင် ကီလိုကနဲနဲပဲ ရလို့ ဗျာများ။ သားအရုပ်တွေလည်း သယ်ချင်၊ စုထားတဲ့ စာအုပ်တွေကလည်း ထားခဲ့လို့ မဖြစ်။ ကျန်ခဲ့မဲ့ အိမ်ကြီးရှင်အတွက် အခြောက်အခြမ်းကကြော်ရသေးတယ်။ ဒီမှာက ဂငယ်မတွေကို မကြောက်ရဘူး။ ဖားတွေကို ကြောက်ရတယ်။ 🙂 ဖြစ်ချင်တော့ မျက်နှာခြင်းဆိုင် အခန်းမှာ ဖားမတွေ ၁ဝယောက်ကျော်ကျော် စုနေတာမို့ ဟင်းနော် လုပ်နေရတယ်။ 😀 ပြန်မဲ့ရက်က တနေ့ထက်တနေ့ နီးလာလို့ မျက်ရည်လည်ရွဲနဲ့။ 😀 မိဘနဲ့ ပြန်ဆုံရမှာမို့ ပျော်သလိုလို၊ မိဘကိုတောင် ထားခဲ့ပြီး လိုက်လာခဲ့သူကို အခုမှ တယောက်တည်း ထားခဲ့ရမှာမို့ ဝမ်းနည်းသလိုလို။ 😀

  • pooch

    January 11, 2012 at 1:12 pm

    မမှီရေ ပန်းလေးတွေက အဆန်းလေးတွေနော်…
    သူတို့ အရုပ်များကလည်း နိုင်ငံခြားဖြစ်တွေမဟုတ်ပဲ ဟန်းမိတ်တွေဖြစ်ပုံရတယ် .. လက်ရာလေးတွေ ကောင်းမဲ့ပုံ ..
    သစ်သီးတန်း ကုန်ခြောက်တန်းကလည်း သန့်နေတာပဲ

    နောက်မိသားစုကို အလေးထားတတ်တဲ့ သူတို့ ဓလေ့က အားကျဖို့ကောင်းလှတယ်နော်..

  • ကိုရင်စည်သူ

    January 11, 2012 at 1:28 pm

    camel ဈေးက ထိုင်းနိုင်ငံက ညဈေးမှာ ချရောင်းတဲ့ပုံစံမျိုးပဲ..
    စကားမစပ် ဒေါ်မှီနေတာ အင်စရေးမှာလားဗျာ… ဂျူးတွေနေရပ်ပေါ့..
    ဂျူးမလေးတစ်ယောက်လောက် မိတ်ဆွေရှိရင် ရုပ်ချော သဘောကောင်းတဲ့
    ကိုရင့်ကို စပ်ပေးပါလား..
    ဂျူးမလေးနဲ့ ပေါင်းပြီး ကိုရင့် ဉာဏ်တွေချွန်ချင်လို့ပါ… 😳 😳

    • hmee

      January 11, 2012 at 2:44 pm

      ပုချ်ရေ ပန်းတွေကတော့ ဆန်းမှဆန်း လှလည်းလှတယ်။ ဒါတောင် ကန္တာရသဲမြေမှာ စိုက်လို့ ရေကောင်းမြေကောင်းဆို ဘယ်လောက် အသစ်ထွင်မလဲမပြောတတ်ဘူး။ သားစိမ်း၊ ငါးစိမ်းတန်းလည်း သန့်နေတာပဲ တကယ် အသန့်ကြိုက်တဲ့ လူမျိုးတွေ။
      ကိုရင်ရယ် အခုမှ သိတာလားကွယ်။ 🙂 မမှီဖြင့် ပြန်တောင်ပြန်လာတော့မယ်။ 🙂 ကိုရင်ရေ ဂျုးမတွေ သိပ်ချောတယ်။ အသားဖြူဖြူမှာ ကုလားမျက်နှာပေါက်နဲ့လေ။ နောက်ပြီး စစ်မှုမထမ်းမနေရမို့ လေ့ကျင့်ထားတော့ ကိုယ်လုံးတွေက ရှယ်ပဲ။ 🙂

  • နွယ်ပင်

    January 11, 2012 at 2:53 pm

    မမှီရေ camel ဈေးက အခင်းအကျင်းကလည်း စွဲဆောင်မှုရှိ
    ဆိုင်တွေက သပ်သပ်ယပ်ယပ်နဲ့ အများကြီး ခင်းကျင်းထားတယ်နော်
    ဝယ်ချင်စရာကြီးပဲ .. နောက် ဂျယ်လီဆီုင်ကြီးကလည်း အားရစရာကြီး
    စားတောင်စားချင်လာပြီ 😀 …. ပုံတွေအတွက် ကျေးဇူးပါနော် ……..

  • Phaung Phaung

    January 11, 2012 at 3:22 pm

    ဗဟုသုတတွေအများကြီးရပါတယ်

  • စုံ စုံ

    January 11, 2012 at 3:49 pm

    မမှီရေ ပို့စ်ရော မန်းထားတာတွေရောဖတ်လိုက်တာ
    တော်တော်ပြည့်ပြည့်စုံစုံ ဗဟုသုတရလို့ကျေးဇူးပါနော်
    အထွေအထူးတော့မမန်းတတ်တော့ဘူး သူများတွေပြောထားတာနဲ့တင်
    လုံလောက်သွားလို့

  • Phaung Phaung

    January 11, 2012 at 3:50 pm

    အသီးဆိုင်ကို သဘောအကျဆုံးပဲ

  • naywoonni

    January 11, 2012 at 7:22 pm

    ကျွန်တော်က ဟိုးးးငယ်ငယ်ကတည်းက ဘကြီးမိုး (မောင်မိုးသူ )ဘာသာပြန်တဲ့ အိတ်ဇိုးဒတပ်နဲ့ ဆရာမောင်ပေါ်ထွန်း ဘာသာပြန်တဲ့ အကြီးအကဲ ကို ဖတ်ပြီး ပါလက်စတိုင်းနဲ့ အစ္စရေးကို စိတ်ဝင်စားလာသူပါ…..။ ခုတော့ လတ်လတ်ဆတ်ဆတ် အစ္စရေးက ပုံတွေတွေ့ရလို့ ကျေးဇူးပါပဲ…။ မမှီကတော့ ကျွန်တော်ထက်ကံကောင်းတယ်ပြောရမှာပေါ့…။ ကျွန်တော်စိတ်ဝင်စားတဲ့ နေရာတွေ ရောက်ဖူးနေလို့ လေ……………

Leave a Reply