Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


ashinindakaMarch 15, 20111min24410
ဒီနေ့ သတို့သား မောင်ဇော်ဇော်ဦးနဲ့ သတို့သမီးမအိအိခင်တို့ လောကကြီးကို နှစ်ယောက်အတူ လက်တွဲရင်ဆိုင်မယ်လို့ ဆုံးဖြတ်ချက်ချပြီး ကိုယ့်အိုးကိုယ့်အိမ်ကို တည်ထောင်တဲ့ အိမ်ထောင်ပြုကြတဲ့ပွဲပေါ့။ တနည်းအားဖြင့် တစ်ဦးနဲ့တစ်ဦး ယုံကြည်လို့ ့ အချင်းချင်း ချစ်ခင်စုံမက်ပြီး လက်ထပ်ကြတဲ့ပွဲဖြစ်ပါတယ်။ ချစ်တာကို ပါဠိလို ပေမလို့ခေါ်တယ်။ ပေမလို့ခေါ်တဲ့ အချစ်က သုံးမျိုးသုံးစားရှိတယ်လို့ မှတ်သားဘူးတယ်။ (၁) တဏှာပေမ (၂) ဂေဟဿိတပေမ (၃) မေတ္တာပေမ တဲ့။ နံပါတ် (၁) တဏှာပေမဆိုတာ သမီးရည်းစားချစ်ကိုပြောတာ။ လူရယ်လို့ဖြစ်လာရင် အရွယ်ရောက်လာတဲ့အခါ သမီးရည်းစားဘဝကို ရောက်ကြတာချည်းပဲ။ ဒီလို သမီးရည်းစားဘဝရောက်ပြီး သမီးရည်းစားချစ် ချစ်ကြတာကို တဏှာပေမလို့ ခေါ်ပါတယ်။ နံပါတ် (၂) အမျိုးအစား ဂေဟဿိတပေမကို ဝတ္တရားချစ်လို့ အလွယ်နည်းနဲ့ ဘာသာပြန်ဆိုနိုင်ပါတယ်။ ဝတ္တရားချစ်ဆိုတာက လင်ရယ် […]


ashinindakaMarch 14, 20111min46123
ဘိက္ခုနီ (ရဟန်းမ) တွေ အကြောင်းရေးရင်း ဥပ္ပလဝဏ်ကို သတိရမိတယ်။ သူက သာဝတ္ထိသူ၊  သူဌေးသမီး။ သူမအသားအရေက ကြာပန်းလိုပဲတဲ့။ (Uppalavanna – meaning ‘she of the lotus-like complexion) အတော်လှတယ်။ လှလွန်းလို့ တိုင်းပြည်အသီးသီးက ရှင်ဘုရင်တွေ သရေ (သွားရည်) အတော် ကျခဲ့ကြတယ်။ ဟိုဘုရင်က လိုချင်၊ ဒီဘုရင်ကလိုချင်ဆိုတော့ ဖအေလုပ်တဲ့သူ ဘယ်သူနဲ့ပေးစားရမယ်ဆိုတာ ဆုံးဖြတ်ချက်မချနိုင်လို့ သမီးဖြစ်သူကို ရဟန်းမ (ဘိက္ခုနီ) ဝတ်ခိုင်းလိုက်တယ်။ ရဟန်းမ (ဘိက္ခုနီ) လုပ်ခိုင်းလိုက်တယ်။ ပါရမီဓာတ်ခံရှိသူဆိုတော့ ကောင်းတာကို လုပ်ခိုင်းရင် ခိုင်းတဲ့အတိုင်း လုပ်တော့တာပဲ။ မြတ်စွာဘုရားထံ ရဟန်းမ တစ်ပါးဖြစ်လာတဲ့ ဥပ္ပလဝဏ်ထေရီ။ (ရဟန်းမကို ထေရီ တတ်ခေါ်ရပြီး ရဟန်းကို ထေရ သို့မဟုတ် […]


ashinindakaMarch 14, 20111min1832
ဘုရားရှင်ရဲ့  ပထမသာဝက က ရှင်သာရိပုတ္တရာဖြစ်ပြီး ဒုတိယသာဝက က ရှင်မဟာမောဂ္ဂလာန်ဖြစ်ပါတယ်။ တတိယသာဝက ကတော့ ရှင်မဟာကဿပ ပါ။ ပထမသာဝကရော ဒုတိယသာဝကပါ ဘုရားရှင် အရင် ပရိနိဗ္ဗာန်စံတော်မူသွားကြပါတယ်။ တတိယသာဝကဖြစ်တဲ့ ရှင်မဟာကဿပကြီးကတော့ ဘုရားရှင်နောက်မှ ပရိနိဗ္ဗာန်စံတဲ့ အရှင်သူမြတ်ကြီးဖြစ်လို့ ဘုရားရှင်မရှိတော့တဲ့နောက်ပိုင်း သာသနာရေးအခြေအနေကို မျက်ဝါးထင်ထင် တွေ့မြင်သွားခဲ့ပါတယ်။ ရှင်မဟာကဿပကြီးကို  ဓုတင်ဆောင်တဲ့ရဟန်းတော်တွေထဲမှာ အသာဆုံးလို့ ဘုရားရှင်က ပြောခဲ့ပါတယ်။ Mahakassapa is  chief among those who upheld minute observances of form (dhutavādānam) (A.i.23). သူ့ကို မဂဓတိုင်း၊ မဟာတိတ္ထ (ဆိပ်ကြီး) ရွာမှာ မွေးဖွားတယ်။ ချမ်းသာတဲ့မျိုးရိုးကပါပဲ။ ငယ်နာမည်က ပိပ္ပလိ တဲ့။ ထုံးစံအတိုင်း အရွယ်ရောက်တော့ […]


ashinindakaMarch 12, 20112min1880
ရှင်အာနန္ဒာကြီးအကြောင်း ဆက်ပြောရရင် သူဟာ မြတ်စွာဘုရားရဲ့ အလုပ်အကျွေးဖြစ်လို့ မြတ်စွာဘုရားနဲ့ အနီးကပ်ဆုံးနေရသူဖြစ်တယ်။ ဒါပေမဲ့ မြတ်စွာဘုရားသက်ရှိထင်ရှားရှိစဉ် အရိယာနယ်ပယ်ထဲမှာ အောက်ဆုံးအဆင့်ဖြစ်တဲ့ သောတာပန်အဆင့်ပဲ သူရောက်တယ်။ တခြားသူငယ်ချင်းတွေလဲဖြစ် ညီကိုဝမ်းကွဲတွေလဲဖြစ်တဲ့ နန္ဒတို့၊ အနုရုဒ္ဓတို့နဲ့ယှဉ်လိုက်ရင် ရှင်အာနန္ဒာကြီးအနေနဲ့ စိတ်ဓာတ်ကျမယ်ဆို ကျချင်စရာ။ သူတို့တတွေအားလုံ ရဟန္တာဖြစ်ကုန်ကြပြီကိုး။ ဒါကို မြတ်စွာဘုရားလဲ သတိပြုမိခဲ့ပါတယ်။ ပရိနိဗ္ဗာန်စံခါနီးမှာတောင် “အာနန္ဒာ၊ မင်းလဲ အရင်ဘဝတွေတုန်းက ကုသိုလ်ကောင်းမှုတွေ အများကြီး ပြုလုပ်ခဲ့ဘူးတာပဲ။ စိတ်ဓာတ်မကျပါနဲ့။ မကြာခင် ကိလေသာကုန်ခန်းတဲ့ ရဟန္တာဖြစ်မှာပါ” လို့  ရှင်အာနန္ဒာ့ကို အားပေးစကား ပြောခဲ့ပါသေးတယ်။ ဒီလိုနဲ့ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီး မကြာခင် ပထမသင်္ဂါယနာတင်ခါနီးကာလမှာမှ ရှင်အာနန္ဒာကြီးရဟန္တာဖြစ်သွားတယ်။ သူရဟန္တာဖြစ်ပုံက ထူးဆန်းတယ်။ တရားအားထုတ်ပြီး အိပ်မလို့ သူ့ခုတင်ပေါ် လဲလျောင်းမယ်လို့ လုပ်တဲ့အချိန် ခြေထောက်က အောက်ကြမ်းပြင်လွတ်၊ […]


ashinindakaMarch 11, 20111min2244
ရှင်အာနန္ဒာ ရှေ့နေလိုက်ပြီး မဟာပဇာပတိဂေါတမီနဲ့ အပေါင်းအပါတွေကို သာသနာတွင်းဝင်ရောက်ခွင့်ပြုဘို့၊ ဘိက္ခုနီ (ရဟန်းမ) အဖြစ်လက်ခံဘို့ သုံးကြိမ် သုံးခါ လျှောက်တာတောင် မြတ်စွာဘုရားက ငြင်းပယ်ခဲ့ပါတယ်။ ဒီတော့ ရှင်အာနန္ဒာ စိတ်ရှည်ဟန်မတူတော့ပါဘူး။ အရှင်ဘုရားပြောတဲ့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာတို့ဆိုတာ ယောက်ကျားတွေပဲ ဖြစ်နိုင်တာလား။ မိန်းမသားတွေ မဖြစ်နိုင်တော့ဘူးလား လို့ မေးခွန်းထုတ်ပါတယ်။ ဖြစ်နိုင်ပါတယ် အာနန္ဒာ လို့ မြတ်စွာဘုရားက ပြောတော့ ဒါနဲ့များ အရှင်ဘုရားရယ်။ မိန်းမသားတွေကို သာသနာ့ဘောင်တွင်း ဝင်ဘို့ ခွင့်ပြုသင့်တာပေါ့။ ရဟန်းမ ဝတ်ခွင့်ပြုသင့်တာပေါ့၊ နောက်ပြီး မဟာပဇာပတိဂေါတမီဆိုတာလည်း တခြားလူမှ မဟုတ်တာ၊ အရှင်ဘုရားကို ငယ်စဉ်ကတည်းက မိရင်းပမာ နို့တိုက်မွေးမြူ စောင့်ရှောက်လာခဲ့သူပဲ။ ဒါတွေကိုလဲ ငဲ့ညှာထောက်ထားအုံးမှပေါ့လို့ ရှင်အာနန္ဒာ ရှေ့နေအလိုက်ကောင်းတော့ မြတ်စွာဘုရားက အမျိုးသမီးတွေကို […]


ashinindakaMarch 10, 20111min22810
ဗုဒ္ဓဘာသာတို့ရဲ့ ပန်းတိုင်က နိဗ္ဗာန်ပါ။ နိဗ္ဗာန်ဆိုတာကို ဗုဒ္ဓဘာသာဝင်တိုင်း ပြောနေကြပေမဲ့ ကြားနေရပေမဲ့ ဂဃနဏ သိတဲ့သူ ရှားတယ်။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ခေါင်းဆောင်များဖြစ်တဲ့ ဘုန်းကြီးတွေတောင် “အရှင်ဘုရား၊ အရှင်ဘုရားတို့ ပြောပြောနေတဲ့ ဟောဟောနေတဲ့ နိဗ္ဗာန်ဆိုတာ ဘာပါလဲဘုရား” လို့ သွားမေးကြည့်။ အင်း၊ အဲ ဆိုတဲ့စကားလုံးတွေ အကြိမ်များစွာ ကြားရမှာဖြစ်ပြီး နိဗ္ဗာန်ဆိုတာ နိနဲ့ ဝါန ပေါင်းစပ်ထားတဲ့ပုဒ်ဖြစ်တယ် စသဖြင့် အငယ်တုန်းက ဆရာဘုန်းကြီးက ကျက်ခိုင်းလို့ ရထားတဲ့ဟာတွေကို ရွတ်ပြ ဆိုပြ ပါလိမ့်မယ်။ တချို့ဘုန်းကြီးတွေဆို ငယ်ငယ်တုန်းက စနစ်တကျ မသင့်ခဲ့ရလို့ ဒါကိုတောင် ကျကျနန မရွတ်ပြ မဆိုပြနိုင်ပါဘူး။ ဒါ့အပြင် နိဗ္ဗာန်နဲ့ ပတ်သက်လို့ ရှင်းပြတဲ့အခါ စကားလုံး တစ်လုံးနဲ့တစ်လုံး တစ်ထွာလောက်ဝေးပြီး စကားလုံးတစ်လုံး ထွက်လာဘို့ […]


ashinindakaMarch 8, 20111min2264
အမျိုးသမီးတွေ သာသနာ့ဘောင်ဝင်ရောက်ဘို့ ရဟန်းမ ပြုဘို့ (ဘိက္ခုနီလုပ်ဘို့) မြတ်စွာဘုရားက သုံးကြိမ်သုံးခါ ငြင်းဆန်ခဲ့ပေမဲ့ မိထွေးတော် မဟာပဇာပတိဂေါတမီ ဇွဲမလျှော့ပါဘူး။ ယောက်ကျားတို့ဇွဲ သေခါမှ လျှော့မယ် အဆိုရှိပေမဲ့ သူကတော့ မိန်းမတို့ဇွဲ သေခါမှ လျှော့မယ်လို့ နှလုံးသွင်းထားပုံပေါက်ပါတယ်။ မြတ်စွာဘုရား ဝေသာလီမှာ နေခိုက် မဟာပဇာပတိဂေါတမီဟာ ရဟန်းမလုပ်ဘို့ စိတ်ပါတဲ့အမျိုးသမီးအချို့ကို ခေါ်ပြီး ဝေသာလီကို လိုက်သွားပါတယ်။ ဝေသာလီနဲ့ မဟာပဇာပတိဂေါတမီတို့နေတဲ့ ကပိလဝတ္ထုက မိုင်ပေါင်း ၁၅ဝ လောက်ဝေးပါတယ်။ ဒီလောက်ဝေးကွာတဲ့ခရီးကို လေယာဉ်နဲ့သွားတာလည်း မဟုတ်ပါဘူး။ ရထားနဲ့သွားတာလည်း မဟုတ်ပါဘူး။ ရှင်ဘုရင်ရဲ့ မိဖုရားဖြစ်လို့ မာစီဒီး (သို့) BMW နောက်ဆုံးပေါ်ကြီးစီးပြီး သွားတယ်လို့လည်း မထင်လိုက်ပါနဲ့။ ကုန်းကြောင်းလျှောက်သွားကြတာပါ။ လမ်းလျှောက်သွားကြတာပါ။ On foot ပါ။ ဒီလောက်ဝေးကွာတဲ့ခရီး မိန်းမသားတွေ […]


ashinindakaMarch 5, 20111min1890
မြတ်စွာဘုရားရဲ့ မယ်တော်က မဟာမာယာ။ မယ်တော်မဟာမာယာမှာ ညီမတစ်ယောက်ရှိတယ်။ သူ့နာမည်က မဟာပဇာပတိဂေါတမီ။ မဟာမာယာ ရော၊ မဟာပဇာပတိဂေါတမီ ပါ။ ရှင်ဘုရင် သုဒ္ဓေါဒန ရဲ့ မိဖုရားတွေ။ (အခုခေတ်လူတွေ ညီအမ အရင်း ၂ ယောက်ကို ယူထားတာ  အထူးအဆန်းတော့မဟုတ်ပါဘူူး။) မြတ်စွာဘုရားရဲ့ မယ်တော် မဟာမာယာက မြတ်စွာဘုရားကို မွေးဖွားပြီး မကြာဘူး။ ကွယ်လွန်သွားတာ။ မြတ်စွာဘုရားငယ်စဉ်ဘဝကို မဟာပဇာပတိဂေါတမီ က ပြုစုစောင့်ရှောက်လာရတာ။ မဟာပဇာပတိဂေါတမီမှာလည်း သားသမီးမရှိ မဟုတ်ဘူး။ ရှိပါတယ်။ သားက နန္ဒ၊ သမီးက သုန္ဒရီနန္ဒီ၊ နန္ဒ ဆိုတာ ဗုဒ္ဓစာပေမှာ နာမည်ကြီး။ (စာရေးဆရာကြီး ပါရဂူက ဒီနန္ဒကို ညီတော်မင်းနန် ဆိုပြီး စာအုပ်တစ်အုပ် ရေးထုတ်ဘူးတယ်) နန္ဒနဲ့ ဇနပဒကလျာဏီ လက်ထပ်မဲ့နေ့၊ […]


ashinindakaMarch 4, 20111min32811
ပါဠိစာပေမှာ မနုဿဆိုတဲ့ပုဒ်ရှိတယ်။ မြန်မာလိုတော့ “လူ” မနုဿကို လူလို့ဘာသာပြန်တာက ဆင့်ပွါးအနက်အဓိပ္ပါယ်ဖြစ်တယ်။ မနုဿ ဆိုတဲ့ပုဒ်ဟာ မန နဲ့ ဥဿ နှစ်လုံးပေါင်းစပ်ထားတဲ့ပုဒ်။ မန ဆိုတာ စိတ် ဖြစ်ပြီး ဥဿဆိုတာ မြှင့်တင်ပေးတတ်တာ။ ဒါ့ကြောင့် မနနဲ့ ဥဿ နှစ်ပုဒ်ပေါင်းထားတဲ့ မနုဿဆိုတဲ့ပါဠိပုဒ် တိုက်ရိုက်အဓိပ္ပါယ်က “စိတ်ကိုမြှင့်တင်ပေးတတ်တဲ့သူ” ဖြစ်တယ်။ မနုဿဆိုတဲ့ပါဠိပုဒ် တိုက်ရိုက်အဓိပ္ပါယ်အရဆိုရင် သက်ရှိသတ္တဝါမည်သူမဆို တစ်နှစ်ထက်တစ်နှစ်၊ တစ်လထက်တစ်လ၊ တစ်ရက်ထက်တစ်ရက် မိမိရဲ့ စိတ်ကို မြင့်သထက်မြင့်အောင် မြှင့်တင်ပေးတတ်တဲ့သူဆို် မနုဿ = လူလို့ခေါ်ရမှာပဲ။ စိတ်ကိုမြှင့်တင်ပေးတတ်တာလဲ လူသားကပဲ စိတ်ကို မြှင့်တင်ပေးတတ်တာ။ တိရိစ္ဆာန်တွေက သူတို့စိတ်ကို အဆင့်မှီအောင် မြှင့်တင် မပေးတတ်ကြဘူး။ တိရိစ္ဆာန်တွေမှာ ဘာသာတရားမရှိဘူး။ ခရစ်ယာန်ဘာသာဝင်အိမ်က ခွေးတစ်ကောင်ကို ဗုဒ္ဓဘာသာဝင်တစ်ယောက်က ဝယ်ယူမွေးမြူပြီး […]


ashinindakaFebruary 15, 20111min2033
အခန်းထဲအောင်းပြီး စာဖတ်ရတာငြီးငွေ့လို့ ဝရံတာထွက်ပြီး အရပ်လေးမျက်နှာ ဟိုဟိုဒီဒီ ကြည့်လိုက်ရင် စိမ်းစိမ်းစိုစိုတောင်ကုန်း (သို့မဟုတ်) တောင်တန်းလေးတွေ တွေ့ရတယ်။ ဒီနိုင်ငံရောက်ခါစက ဒီတောင်ကုန်း တောင်တန်းလေးတွေကို ကြည့်ပြီး တစ်ခုခုလိုနေသလို ခံစားရတယ်။ ဘာလိုနေတယ်ဆိုတာ ရုတ်တရက် အဖြေထုတ်လို့ မရဘူး။ ရောက်ခါစမို့ ကိုယ်နေခဲ့ဘူးတဲ့ သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံကို သတိရလွမ်းဆွတ်လို့ နေမှာပါလေလို့ ထင်ခဲ့မိတယ်။ မြန်မာပြည်ကသူငယ်ချင်းတစ်ပါးက မြန်မာပြည်ပြန်လာရင် မန္တလေးကို လာဖြစ်အောင် လာခဲ့ပါအုံးဆိုပြီး Email တစ်ဆောင်ပို့လိုက်တယ်။ သူ့ Email မှာ Attached File နဲ့ ဓာတ်ပုံတစ်ပုံပိုု့လိုက်တယ်။ ဆီဒိုးနားဟိုတယ် ကျုံးဒေါင့်မှာ သွားပြီး ရိုက်ထားတာ၊ ကျုံးရေပြင်နဲ့ မန္တလေးတောင် နောက်ခံနဲ့ပုံ။ ဓာတ်ပုံကို အသေအချာ စူးစူးစိုက်စိုက်ကြည့်ဖြစ်တယ်။ မျက်တောင်ခတ်ဘို့မေ့သွားတယ်။ အသက်ရှူဘို့မေ့သွားတယ်။ နောက် စကားလုံးတွေ […]


ashinindakaFebruary 14, 20111min41717
ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) မှာနေတုန်းက မဟာတန်း ပထမနှစ်မှာ Mr. Abel ကနေပြီး ဦးစန္ဒောဘာသဖြစ်လာတဲ့ ဆရာတော်တစ်ပါးက အင်္ဂလိပ်စာကို သင်ပေးတယ်။ ဒီဦးစန္ဒောဘာသဆိုတာက အိန္ဒိယန်းနွယ်၊ ဒါပေမဲ့ ကုလားဆရာတော်ကြီးလို့ပြောရင် လုံးဝမကြိုက်ဘူး။ အရင်က ခရစ်ယာန်ဘာသာဝင်ဖြစ်တယ်။ ရန်ကုန် တက္ကသိုလ်မှာ အဆောင်မှူး၊ နည်းပြ၊ ကထိကလုပ်ပြီး ရေးဆင်းမှာ ဆက်အမှုထမ်းရတယ်။ နောက်မြစ်ကြီးနားမှာ အင်္ဂလိပ်စာဌာန ပါမောက္ခနဲ့ အငြိမ်းစားယူပြီး အားနေတဲ့အချိန်မှာ ဘာသာရေး စာတိုပေစတွေကိုဖတ်ရင်း ဗုဒ္ဓဘာသာဖြစ်လာတာ။ သူဗုဒ္ဓဘာသာဖြစ်လာပြီး ရဟန်းဝတ်လာတော့ မန္တလေးက ကျောင်းထိုင်ဘုန်းကြီးသင်တန်ကျောင်း၊ သာသနာ့တက္ကသိုလ်နဲ့ အခြား အလျင်းသင့်ရာ စာသင်တိုက်တွေမှာ အင်္ဂလိပ်စာ သင်ပေးတယ်။ သူက အင်္ဂလိပ်စာ အရမ်းကိုတော်တယ်။ အင်္ဂလိပ်စာ ၊ အင်္ဂလိပ်စကားနဲ့ပတ်သက်ပြီး အင်္ဂလိပ်လူမျိုးတွေကတောင် အဖေခေါ်ရလောက်တယ်။ ဒီအသက်အရွယ်အထိ အင်္ဂလိပ်စာနဲ့ပတ်သက်လို့ ဆရာတွေထဲမှာတော့ […]


ashinindakaFebruary 14, 20111min3045
ညီအစ်ကို (၇) ယောက် ၁။ သုဒ္ဓေါဒန ၂။ ဓတောဒန ၃။ သက္ကောဒန ၄။ သုက္ကောဒန ၅။ အမိတောဒန ၆။ အမိတ ၇။ ပမိတာ နံပါတ် (၁) အစ်ကိုအကြီးဆုံး သုဒ္ဓေါဒန ဆိုတာက မြတ်စွာဘုရားရဲ့ အဖေ။ နံပါတ် (၅) အမိတောဒန ဆိုတာက ရှင်အာနန္ဒာရဲ့ အဖေ။ ဆိုတော့ မြတ်စွာဘုရားနဲ့ ရှင်အာနန္ဒာ တို့က ညီအစ်ကို တစ်ဝမ်းကွဲ။ မြတ်စွာဘုရားနဲ့ ရှင်အာနန္ဒာတို့က သက်တူရွယ်တူတွေ။ ဖွားဖက်တော်လို့ စာပေကဆိုတယ်။ မြတ်စွာဘုရား ဘုရားအဖြစ်ကို ရောက်ပြီး (၂) နှစ်မြောက်မှာ ရှင်အာနန္ဒာ သာသနာဘောင်ဝင်ရောက်လာတယ်။ ဘုန်းကြီးဝတ်လာတယ်ပေါ့။ မြတ်စွာဘုရား ဘုရားအဖြစ်သို့ရောက်ရှိတာက အသက် (၃၅) နှစ်အရွယ်ဆိုတော့ မြတ်စွာဘုရားအသက် […]


ashinindakaFebruary 13, 20111min50418
ဘာသာရေးကိုးကွယ်မှုဆိုတာ နှလုံးသားခံစားမှုကို ဦးစားပေးရမှာ မဟုတ်ဘူး၊ ဦးဏှောက်ဆင်ခြင်ဉာဏ်ကို ဦးစားပေးရမှာဆိုတာ ကေသမုတ္တိသုတ်မှာ မြတ်စွာဘုရား အတိအလင်းကြေငြာပြီးပြီ။ အဲ့သုတ်တော်ထဲမှာ ပိဋကဆိုတဲ့ပုဒ်အဓိပ္ပါယ်ဟာ ဘာသာရေးစာပေကျမ်းဂန် ဖြစ်ကြောင်း တင်ပြခဲ့ပြီးပြီ။ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ငါဟောတဲ့တရားတွေဟာ ဓမ္မနှင့် ဝိနယသာဖြစ်ကြောင်း ဟောခဲ့ပြီး ပိဋကတ်သုံးပုံဖြစ်ကြောင်း မဟောကြားခဲ့ပါ။ မြတ်စွာဘုရားရှင် မဟာသက္ကရာဇ် ၁၄၈ – ခု (ဘီစီ ၅၄၄) ကဆုန်လပြည့် အင်္ဂါနေ့ (သက်တော် ၈ဝ အရွယ်) တွင် ကုသိနာရုံပြည်၊ အင်ကြင်းဥယျာဉ်မှာ ပရိနိဗ္ဗာန်ပြုတော်မူတယ်။ အရှင်မဟာကဿပမထေရ်ကြီးက နောက်ပါ ရဟန်း ၅၀ဝ နဲ့အတူ မြတ်စွာဘုရားကို ဖူးမျှော်ဘို့ ပါဝါပြည်မှ ကုသိနာရုံသို့အသွားလမ်းခရီးမှာ ကုသိနာရုံက ပါဝါပြည်သို့လာတဲ့ တက္ကဒွန်းတစ်ယောက်နဲ့တိုးတယ်။ တက္ကဒွန်းထံမှ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံကွယ်လွန်တော်မူကြောင်း သိရတော့ သံဃာအများစု ဝမ်းနည်းပက်လက်ဖြစ်ပြီး […]