Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


black chawDecember 25, 20114min40615
ဒီနေ့ ခရစ္စမတ်နေ့။ သူများတွေအတွက်တော့ အားလပ်ရက်ဖြစ်နေပေမယ့် ဘလက်အတွက် တစ်နေ့လုံး မိသားစု ကိစ္စတွေနဲ့ လုံးချာလိုက်နေခဲ့ပါသည်။ နေ့လယ် ၂ နာရီခန့်မှာ ခဏတစ်ဖြုတ်အားလပ်သဖြင့် မနက်ခင်းအင်းလျားမှာ ရိုက်လာခဲ့သော ဓါတ်ပုံလေးတွေထဲမှ ရွာသူရွာသားတွေအတွက် လက်ဆောင်အဖြစ် ပို့စ်တင်ဖြစ်ပါသည်။ ၂၁ ပုံမြောက် တင်အပြီး၊ ၂၂ ပုံမြောက်တွင်တော့ ကော်နက်ရှင်က ဘယ်လိုမှ မအိုကေတော့ပါ။ အချိန်ကို ကြည့်တော့ ညနေ ၄ နာရီ။ ညနေ ၆ နာရီမှာ မင်္ဂလာဆောင်တစ်ပွဲကို တက်စရာ ရှိနေသဖြင့် မည်သို့မျှမတတ်နိုင်တော့ပဲ လက်လျှော့ခဲ့ရပါသည်။ ထိုပုံလေးသာ ပါခဲ့ရင် ဒီပို့စ်ကို ဘလက် ထပ်တင်ဖြစ်မည် မဟုတ်ပါ။ ကျန်နေခဲ့သော ပုံလေးမှာ ကိုရင်မောင်၊ ကိုထူးဆန်း၊ ကိုမင်းပြည့်ရှိန် နှင့် ကိုဘုန်းကျော် တို့အတွက် ဖြစ်နေပါသဖြင့် […]


black chawDecember 25, 20117min76331
ဒီနေ့ ခရစ္စမတ်နေ့ မနက် ၆ နာရီလောက် အင်းလျားဘက်သို့ထွက်လာခဲ့ပါသည်။ သူများတွေ ခရစ္စမတ်လက်ဆောင်လေးတွေ ပေးကြတာ ဘလက်လည်း ပေးချင်စိတ်ပေါ်လာသဖြင့် အဝေးရောက်နေကြသူများ အတွက် အလွမ်းပြေကြပါစေ ဆိုတဲ့ စိတ်ကောင်းနှလုံးကောင်းလေး သွင်းပြီး သကာလ ဓါတ်ပုံလေးများ ရိုက်ဖြစ်ပါသည်။ အင်းလျား အလှ ခရစ္စမတ် နံနက်ခင်း လို့ ခေါင်းစဉ်တတ်ပေးလိုက်ပါသည်။ စိတ်ချမ်းသာ ကိုယ်ချမ်းသာ နဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြပါစေလို့ သိုးမည်းဟောင်းကြီး ဘလက်က ဆုတောင်းပေးလိုက်ပါသည်။


black chawDecember 24, 20113min72033
ကြောင်ကြီးက ရွာမှာ လူချစ်လူခင်များသူ တစ်ယောက်လို့ ကျွန်ုပ်က ယူဆပါတယ်။ ကျွန်ုပ် ရွာထဲရောက်စက စသတိပြုမိတာ ကြောင်ကြီးရဲ့ ကွန်းမန့်လေးတွေပါ။ နောက် သူရေးတဲ့ပို့စ်တွေ လိုက်ဖတ် ကြည့်တော့ နိုင်ငံရေးပို့စ်တွေ များကြောင်းတွေ့လာရပါတယ်။ ကဗျာလေးတွေနဲ့ ကွန်းမန့်ပေးတတ်တာလည်း တွေ့ရပါတယ်။ ကိုပေါက် ရဲ့ တူမကို တောင်းနေတာလည်းတွေ့ရပါတယ်။ ရွာထဲက ကာလသမီးတွေကိုလည်း ပျော်အောင် စနေတတ်တာတွေ့ရပါတယ်။ သူကြီးကို နင်လားငါလား ပြန်ဆွေးနွေးနိုင်သော ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ သူကြီးနဲ့ ကြောင်ကြီးက တစ်ဖွဲ့တည်းလားလို့ ကျွန်တော်တို့ ရန်ကုန်သားများ တွေးမိဘူးပါတယ်။ နောက် ရွာထဲမှာ ကြောင်ယူနိုက်တက်ကြီး ဖြစ်လာအောင် စည်းရုံးရေးလည်းကောင်းလှတာကို တွေ့ရပါတယ်။ ကျွန်ုပ်ဘလက်ကတော့ ကြောင်ကြီးရဲ့ ပို့စ် တော်တော် များများ ကို ပြန်ဖတ်ကြည့်တဲ့ အခါ ရွာမှာ […]


black chawDecember 23, 20113min207861
သူက ရွာကို ရောက်တာ မကြာသေးပါ။ ကျွန်တော့်အထင် ငါးလ လောက်ပဲရှိဦးမည်ထင်ပါသည်။ သို့သော် သူ ရေးသားခဲ့သော ပို့စ်လေးတွေက သူ ၏ စာရေးသားနိုင်စွမ်းနှင့် လေ့လာနိုင်စွမ်းကိုပါ ဖေါ်ပြနိုင်ခဲ့ပါသည်။ သူက စာရေးကောင်းရုံသာ မက ဓါတ်ပုံလည်း အရိုက်ကောင်းသူ တစ်ယောက်ဖြစ်ပါသည်။ ဓါတ်ပုံပညာအကြောင်းကို ရွာထဲက ဝါရင့်ဓါတ်ပုံဆြာ ကြီးများနှင့် နင်လားငါလား အပြန်အလှန် ဆွေးနွေးနိုင်စွမ်းရှိတာကိုလည်း တွေ့ရပါသည်။ သူရိုက်သော ဓါတ်ပုံလေးများကလည်း သူ့ ဓါတ်ပုံပညာ ကို ဖေါ်ပြနိုင်စွမ်းရှိပါသည်။ နောက် သူ၏ ဘန်းစကားလေးများကလည်း ရွာမှာ ရေပန်းစားလှပါသည်။ သူ့ကို ရွာသူရွာသားတွေက ချစ်စနိုးဖြင့် ပေးထားတဲ့ နာမည်တွေကပင် ၁ဝခုလောက်ရှိသည် ထင်ပါသည်။ သူက ရွာမှာ လူချစ်လူခင်ပေါများသူ တစ်ယောက်လည်း ဖြစ်ပါသည်။ သူကား ဒီနှစ်ထဲတွင် […]


black chawDecember 22, 20112min73133
၂၀၁၁ ခုနှစ်အတွင်း ကိုပေါက် တင်ခဲ့တဲ့ ပို့စ် တွေကို ပြန်တူးဆွထားတာလေးပါခင်ဗျာ။ စိတ်သွားတိုင်း ကိုယ်မပါသော ဘလက် ပါခင်ဗျာ။ လုပ်ချင်တာတွေ များနေပြီး ရတဲ့ အချိန်နှင့် တတ်နိုင်သည့် ခွန်အား မမျှ ဖြစ်နေခဲ့ပါသည်။ မည်သို့ပင်ဆိုစေကာမူ အစပြုမိပြီ ဖြစ်သဖြင့် အဆုံးထိရောက်အောင် လျှောက်ပါမည်။ ပို့စ်တစ်ပုဒ်ခြင်း အသေးစိတ်ရေးဘို့ အချိန်က အလွန်နည်းနေပါသဖြင့် သည်းခံခွင့်လွှတ်ပေးကြဘို့ပြောချင်ပါသည်။ ကျွန်တော့် ပို့စ်လေးကို ဖတ်ပြီး ကိုပေါက် အတွက် မုဒိတာစကားလေးတွေ ကွန်းမန့်လေးနဲ့ ပြောပေးကြဘို့ တောင်းပန်ချင်ပါသည်။ ဘလက်အတွက် မလိုအပ်ပါ။ ဘလက်က ငယ်သေးတယ်လေဗျာ ဟားဟား။ ညီငယ် အင်ဇာဂီ ၏ မြန်မာ့ ရိုးရာ စားစရာ ဆိုသည့် ပို့စ် လေး ကို ကိုးကားခွင့်ပြုပါခင်ဗျာ။ ဒီလိုဗျာ။ […]


black chawDecember 21, 20111min78139
ဘယ်သူက ဘယ်တုန်းက ကင်ပွန်းတတ်ပေးခဲ့သည်မသိပါ။ ကျွန်တော်တို့ ရွာထဲရောက်တော့ ရွာတော်ရှင်ဆိုသောဘွဲ့ကို ပိုင်ဆိုင်ထားပြီး ဖြစ်နေသည်မှာ ဘွားဆူး ဟုလည်းရွာသူားတွေ ခေါ်ဝေါ်ကြသော ဆူး ဖြစ်ပါသည်။ ရွာရည်မလည်ခင်တုန်း ကတော့ ဘွားဆူးကို ဘာလို့ ဒီလောက်နာမည်ကြီးရတာလဲ ဆိုတာ နားမလည်နိုင်ခဲ့ပါ။ တဖြည်းဖြည်း မှ ရွာတွင် ဆူး နေရာ အခိုင်အမာရထားရသော အကြောင်းကို နားလည်လာခဲ့ပါသည်။ ပွိုင့်တစ်သိန်းပြည့်၍ သူကြီးထံမှ ပထမဆုံး စာမူခ လက်ခံ ရရှိသော စာရေးသူမှာလည်း ဆူး ပဲဖြစ်ပါသည်။ တစ်ခါတစ်ခါ ရွာထဲမှ ပျောက်ပျောက်သွားတတ် သည် ကလွဲလျှင် ရေးအားကောင်းသော စာရေးသူတစ်ယောက်ဖြစ်ပါသည်။ အဆိုပါ ဆူး၏ ၂၀၁၁ ခုနှစ်အတွင်း ရေးခဲ့သော ပို့စ်များထဲမှ လက်လှမ်းမီသလောက် ရှာဖွေဖတ်ရှု ဖြစ်ခဲ့ပါသည်။ ထူးခြားသည်ထင်သည့်ပို့စ်လေးများအကြောင်းပြောပြချင်ပါသည်။ ၁။ […]


black chawDecember 21, 20111min75325
nozomi ဆိုလျှင် ကျွန်တော်တို့ ရွာသားအသစ်တွေက ဘူတန်သွားတောလား နှင့် တွဲ၍ မှတ်မိနေကြပါသည်။ ဘူတန်ဘုရင် နှင့် သူ့ မိဖုရားငယ်ငယ်ချောချောလေးပုံကို ရအောင်တင်ပေးနိုင်သော nozomi ကိုးခင်ဗျ။ အဲဒီနောက်ပိုင်း ကျွန်တော် ဖတ်ဖြစ်တဲ့ nozomi ပို့စ်လေးတွေက သပ်သပ်ယပ်ယပ်လေးတွေနှင့် စံနစ်ကျလှပနေတာ သတိပြုမိပါသည်။ သူ့ပို့စ် အချို့အကြောင်း ကျွန်တော် နည်းနည်း ပြန်ပြောပြချင်ပါသည်။ (၁) ရပိုင်ခွင့် နှင့် တာဝန် https://myanmargazette.net/66252/business-economy/think-tank အငှားကား ဝယ်ထောင်ထားသူ မိတ်ဆွေဝန်ထမ်း၏ အတွေ့အကြုံနှင့် ELEVEN ဂျာနယ်ပါ ဆရာ စိုးဘားဒိုင်ရဲ့ ဆောင်းပါးလေးကို ဖေါ်ပြပြီး သူပေးချင်တဲ့ မက်ဆေ့ချ် လေးကို ပေးသွားတာလေးပါ။ သူပေးချင်တာလေးကို နည်းနည်းလေး ကောက်နှုတ်ဖေါ်ပြခွင့်ပြုပါ။ ဒီရက်ထဲ သတင်းစာတွေမှာ ရပိုင်ခွင့် နဲ့ တာဝန် […]


black chawDecember 20, 20111min64619
ဆရာကြီး မောင်သာရ က ကျွန်တော်တို့ ရွာ အတွက် ပို့စ် သုံးပုဒ် ချီးမြှင့်ပေးခဲ့ပါသည်။ ထို့အတွက် ကျွန်ုပ်ဘလက်ချော မှ ကျေးဇူးတင်ကြောင်း ဂဇက်တံခါးစောင့် ပို့စ်တစ်ခုတွင် ခေါင်းစဉ်တတ်ပြီး ဂုဏ်ပြုခဲ့ဘူးပါသည်။ ဆရာကြီးမောင်သာရ အတွက် ဂဇက်က တံခါးအမြဲ ဖွင့်ထားပါသည် (https://myanmargazette.net/80346/economic-news-international-news-news-industry-people-in-the-news-us-news-news/opinions-and-discussion) ဆိုသည့် ပို့စ်လေးတင်ဖြစ်ပါသည်။ ပို့စ်ထဲတွင်လည်း ဆရာကြီးကို ကျေးဇူးတင်ကြောင်း ဒီလိုရေးခဲ့ဘူးပါသည်။ ဘလက်တစ်ယောက် မြောက်ကြွမြောက်ကြွ ဖြစ်နေမိပါသည်။ မန်းဂဇက်မှာ စာရေးနေတာကွ၊ ဆရာကြီးမောင်သာရတောင် ဝင်ရေးပေးနေတဲ့ ဂဇက်ကွ၊ အဲဒီလိုကြီးကို ဂုဏ်ယူမိနေတာ ဖြစ်ပါသည်။ ဆရာကြီးက ပို့စ် သုံးပုဒ် ချီးမြှင့်ခဲ့ပါသည်။ ၁။ ဘယ်သူ့ဘက်က ခြေသာသလဲ (12, Nov) ၂။ အောင်ဆန်းစုကြည် ဘာလဲ ဘယ်လဲ (16, Nov) […]


black chawDecember 19, 20111min49324
သူငယ်ချင်း မင်းစဉ်းစားကြည့် ညီရင်းအစ်ကို မောင်ရင်းနှမ မဟုတ်ကြပါပဲ ရွာထဲရောက်မှ ခင်မင်ခဲ့ကြ ငါတို့တစ်တွေ။ အရင်းအချာ တူကြီးပျင်းတာ မဟုတ်ကြပါပဲ ရွာထဲရောက်မှ ရင်းနှီးခဲ့ကြ ငါတို့တစ်တွေ။ ဇာတိအတူ လမ်းကြောင်းအတူ မဟုတ်ကြပါပဲ ရွာထဲရောက်မှ စိတ်တူခဲ့ကြ ငါတို့တစ်တွေ။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မြင်ဘူးကြတာလည်း မဟုတ်ကြပါပဲ ရွာထဲရောက်မှ ညီမျှခဲ့ကြ ငါတို့တစ်တွေ။ သူငယ်ချင်း ငြိမ်းချမ်းသာယာ ငါတို့ရွာကို မလိုတမာ လိုရာဆွဲပြီး ငပျင်းကြီးသမုတ် စာရေးသည့်အလုပ်ကို မတန်မရာ အော်ဟစ်ရမ်းကား အမေစုကိုများ သူလိုနွားက ဆုံးမသလို တရားချသလိုနှင့် ရန်စလိုသူ အန္ဓလူသည် ငါတို့ညီညွတ် ဝိုင်းချွတ်ကြမှ အသိမှန်ရ လားရာလှကာ လူ့တိရာစာ္ဆန် ဘဝမှ ကျွတ်ရှာရမယ် ချွတ်လိုက်ကြစို့ သူငယ်ချင်း…။ ထမင်းဝဝ စားဘို့လောက်နဲ့ အမေစုကို ထောက်ခံတာမဟုတ်သော […]


black chawDecember 18, 20113min45216
ဘလက် တစ်ယောက် ဂေါက်သွားပြီ ဟု မထင်ပါကြပါနှင့် ခင်ဗျာ။ ညီငယ် အင်ဇာဂီကို အားကျပြီး လျှောက်ရိုက်ထားသော ညောင်ပင်တစ်ပင် မှ ညောင်ကိုင်း နှင့် ညောင်ပင် ပုံလေးများ ဖြစ်ပါတယ်။ ရန်ကုန်မှာ ဘုရားဖူးခြင်း ပို့စ်တင်ဘို့ ဘုရားတွေကို ဓါတ်ပုံလိုက်ရိုက်ဖြစ်ပါသည်။ ကျိုက်ဝိုင်းဘုရားပေါ်ကိုရောက်တော့ ညောင်ရွက်နုနုလေးတွေ နှင့် ညောင်ပင်ကြီးတစ်ပင်ကို တွေ့ပါသည်။ ညောင်ရွက်လေးတွေကလည်း နုဖတ်ပြီး လှလိုက်တာဗျာ။ အဲဒါနဲ့ လက်ဆော့မိတယ်ပေါ့ခင်ဗျာ။ ညောင်ရွက်လို့ အမည်ပေးထားပါတယ်။ ခံစားကြည့်ပါဗျာ။


black chawDecember 18, 20114min93539
အခုပဲ ဂဇက် အဖွဲ့ဝင် ရန်ကုန်သား ရန်ကုန်သူ တွေနဲ့ နိုင်ငံခြားနေ မြန်မာပြည်သား Foreign Resident တို့ ၏ တွေ့ဆုံ နေ့လယ်စာ စား ပွဲမှ ပြန်ရောက်ပါသည်။ ရွာသားတွေထဲကကိုဖက်တီး၊ နေးချား၊ အဘFR ၊ ကျွန်ုပ်ဘလက်၊ ကိုရင်နိုဇိုမိ၊ ကိုရင်စည်သူ၊ မှော်ဆရာ၊ အာဂ၊ ထက်ဝေး၊ ကမ်းကြီး တို့ ပွဲတက်ခဲ့ကြပြီး ရွာသူတွေထဲမှ မပဒုမ္မာ၊ မမ၊ မဝေဝေ၊ ဆူး၊ မနောဖြူလေး၊ ပန်ပန်၊ နွယ်ပင်၊ ရင်ငြိမ်းနွေး၊ ချာတူးလန် တို့ ပွဲတက်ခဲ့ကြပါသည်။ လွတ်လပ်ပေါ့ပါးစွာ ပြောကြဆိုကြရယ်မောကြ သီချင်းတွေလည်း ဆိုဖြစ်ကြပါသည်။ ဒီအတွက် စကားအတင်းစပ်ကာ သူကြီးကို ကျေးဇူးတင်ကြောင်းလေး ပြောချင်မိပါသည်။ ကျေးဇူးပါ သူကြီးရေ။ ဖုန်းနံပတ်တွေ ဖလှယ်ကြ၊ […]


black chawDecember 16, 20114min43119
ဒီပို့စ် က ကျွန်တော့် ရဲ့ ၁၀ဝ မြောက် ပို့စ်ပါ။ ထူးထူးခြားခြားလေးဖြစ်သွားအောင် ရန်ကုန်မြို့က ဘုရားတွေကို အတူဖူးရအောင် ဓါတ်ပုံလေးတွေ တင်ဖြစ်ပါတယ်။ ကျွန်တော်တင်ခဲ့တဲ့ ပို့စ်တွေကို သည်းခံဖတ်ရှုပေးပြီး ကွန်းမန့်ချီးမြှင့်ခဲ့သူ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်ခင်ဗျာ။


black chawDecember 15, 20119min41516
ဒီရက်ပိုင်း ကျွန်တော် တကယ်မအားပါ။ ရွာကို ရသည့်အချိန်ဝင် ပြန်ထွက်လုပ်နေရပါသည်။ ဒီနေ့လည်း ပြေးရင်းလွှားရင်း ဓါတ်ပုံဝင်တင်လိုက်တာ နေ့လယ်တစ်ခင်းလုံးဖြစ်သွားပါသည်။ မည်သို့ပင်ဆိုစေကာမူ ကဗျာဆိုတာ စာနဲ့ရေးမှ ကဗျာဖြစ်တာမဟုတ်ပါ။ ကင်မရာနဲ့ရေးသော ဘလက်ရဲ့ မင်းကွန်း ကဗျာ ကို ခံစားကြည့်ပါခင်ဗျာ။