black chawJanuary 17, 20123min68843
မန်းဂဇက်ရဲ့ အခိုင်အမာ အင်အားစုတွေဖြစ်တဲ့ မန်းသူမန်းသားတွေထဲမှာ ကိုစိန်သော့ က ထင်ရှားပါတယ်။ ဓါတ်ပုံကောင်းကောင်း လေးတွေ ရိုက်ပြနိုင်ရုံမက ဓါတ်ပုံ ပညာပေးဆောင်းပါးလေးတွေနဲ့ ရွာထဲက ဓါတ်ပုံပညာ စိတ်ဝင်စားသူတွေကို ပညာမျှဝေပေးနိုင်စွမ်းရှိသူလည်း ဖြစ်ပါတယ်။ သူကြီးက sticky လုပ်ခြင်းကို မကြာမကြာ တွေ့ရတတ်တဲ့ ဆရာတစ်ယောက်ပါ။ သူ့ပို့စ်လေးတွေ ရသလောက် ရှာဖွေစုစည်းပေးထားတာပါခင်ဗျာ။ မြန်မာ့မီးရထားနှင့် ကျွန်တော်တွေ့ ကြုံခဲ့ရသည်များ ၁ https://myanmargazette.net/70912/business-economy မြန်မာ့မီးရထားနဲ့ ခရီးသွားအတွေ့အကြုံလေးကို ရေးထားတာပါ။ သို့သော် ကွန်းမန့်တချို့မှာ အနီကတ်တွေ ပြထားတာတော့ နားမလည်တော့ဘူးဗျာ။ ကိုယ်တိုင်သာသွားကြည့်ကြပါတော့။ မြန်မာ့မီးရထား ၂ https://myanmargazette.net/71012/business-economy ဒါလည်း ၁ ရဲ့ အဆက်ပါ။ ဒီမှာတော့ သူ့အမြင်လေးတချို့ကို ဒီလိုရေးပြထားပါတယ်။ မြန်မာ့ မီးရထားလုပ်ငန်းကြီး တိုးတက်ဖို့တော့ မစဉ်းစား မလုပ်ကြပဲ […]


black chawJanuary 15, 20122min86748
မမှီ နှင့် ကျွန်တော်က ရွာထဲမှာ သိတ်ရင်းရင်းနှီးနှီး ရှိသူတွေ မဟုတ်ကြပါ။ ရွာသူရွာသား ရေးဘော်ရေးဘက် တချို့ကို ကွန်းမန့်တွေ အပြန်အလှန်ပေးရင်း ရင်းနှီးနေခဲ့ပေမယ့် မမှီ နဲ့တော့ တကယ်ကို မရင်းနှီးခဲ့တာ သတိပြုမိပါသည်။ မှတ်မှတ်ရရ မမှီရဲ့ ပေါက်စီ ပို့စ်မှာမှ ကျွန်တော်ပေးတဲ့ ကွန်းမန့်ကို မမှီက ပြန်ရေးသောကွန်းမန့်လေးက ပထမဆုံး ခင်မင်မှုဟု ပြောလို့ရပါသည်။ ထို့နောက် ရွှေတောင်အုန်းနို့ခေါက်ဆွဲ ပို့စ်မှာ တစ်ခါ၊ ထိုင်း ငပိထမင်းကြော်ပို့စ်မှာတစ်ခါ၊ Camel ဈေးမှာတစ်ခါ အပြန်အလှန်ကွန်းမန့်ပေးဘူးသည်ဟု အမှတ်ရမိပါသည်။ ဆိုရလျှင် မမှီ၏ အစ္စရေးရောက် ပို့စ်လေးတွေကို မှတ်မှတ်ရရ မှတ်မိနေခဲ့ပေမယ့် မမှီ ၏ အင်မတန်ဖတ်လို့ကောင်းသောပို့စ်လေးများကို အခုမှ ဖတ်ခွင့်ရခဲ့သည်ဟု ဆိုချင်ပါသည်။ မမှီ ၏ လိုဂိုမှာ ရေးထားသော […]


black chawJanuary 12, 20124min56231
ကျွန်တော် ရွာသူရွာသားတွေရဲ့ ပို့စ်လေးတွေအကြောင်းကို အပင်ပန်းခံတူးဆွဖေါ်ပြပေးနေတာဟာ ကျွန်တော် တတ်နိုင်တာလေးနဲ့ လက်ဆောင်လေးတွေပေးနေတယ်လို့ မှတ်ယူပေးကြပါခင်ဗျာ။ သူကတော့ တော်လို့ ငါကတော့ ညံ့လို့ ဆိုတဲ့ သဘောတွေ မပါပါဘူး။ ကျွန်တော် ရေးတင်လိုက်တဲ့ ပို့စ်လေးတစ်ခုက ရွာသူရွာသားတစ်ယောက်အတွက် အမှတ်တရ တော့ ဖြစ်နေမယ်လို့ ထင်ပါတယ်။ မန်းသူမန်းသားတွေရဲ့ မန်းဂဇက် ခေါင်းစဉ်အောက်မှာ အကုန်လုံးကို ပို့စ်တစ်ခုထဲမှာ အပြည့်ထည့်လိုက်ချင်ပေမယ့် ဆရာမကြီးပို့စ်တွေက ပို့စ်တစ်ခုသီးခြားတင်မှ အဆင်ပြေနိုင်မှာကြောင့် အပိုင်း ၂ ကို ဆရာမကြီး အတွက် သီးသန့်တင်လိုက်ဖြစ်ပါတယ်ခင်ဗျာ။ အင်္ဂလိပ်စာလေ့လာလိုသူတွေအတွက်လည်း ပို့စ်လေးတွေ ပြန်ရှာပြီး လင့်လေးတွေထည့်ပေးထားပါတယ်ခင်ဗျာ။ ဆရာမကြီး TTNU ကတော့ မန်းဂဇက်မှာ BEST TEACHER စီးရီးနဲ့ အခိုင်အမာနေရာတစ်ခု ရရှိခဲ့တာဖြစ်ပါတယ်။ ဆရာမကြီးက အင်္ဂလိပ်စာ သင်ခန်းစာလေးတွေပေးရင်း ဘဝအတွေ့အကြုံတွေလည်းရေးရင်း […]


black chawJanuary 10, 20122min50121
ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများ မင်္ဂလာပါခင်ဗျာ။ ဟဲဟဲ စကိုင်းနက်အပ်တူဒိတ် က အနောင်ဆာလေးတွေ နှုတ်ဆက်သလို နှုတ်ဆက်လိုက်တာပါဗျာ။ ဒီနေ့ နေ့လယ်ခင်း ရွာထဲရောက်တော့ ပွဲဆူနေတဲ့ ပို့စ်လေးတစ်ခုကိုတွေ့လိုက်လို့ စိတ်မကောင်းဖြစ်ရပါတယ်။ ဟိုလူ့ကိုတူး ဒီလူ့ကိုဆွနဲ့ ရပ်တန့်လို့မရနိုင်သော ဘလက်တစ်ယောက် တံခါးဘက်ကို ပြေးလာခဲ့တာပါဗျာ။ ဆန္ဒများနောက် တကောက်ကောက်ဆိုတဲ့ ပို့စ်လေးအတိုင်းပါပဲ။ ဘလက်ရဲ့ ဆန္ဒတွေက အဆုံးမဲ့ ပါ။ မန်းသူမန်းသားတွေရဲ့ မန်းဂဇက် ပို့စ် ကို ရေးနေရာကနေပြီး ပြည်တော်ပြန်မယ့်မမှီအတွက်လည်း လှမ်းပြီးဂုဏ်ပြုချင်နေပါသေးတယ်။ ကိုဖက်တီးတို့ မဝေကြီးတို့ မမတို့ နောက်ဆုံး ပေါက်ဖေါ်လေးတို့ကိုတောင် ဂုဏ်ပြုချင်နေတာပါ။ သို့သော် ဘလက်က ရုပ်ရှင်ထဲကလို နှစ်ကိုယ်ခွဲလို့မရပါ။ တစ်ကိုယ်ထဲ ရေးရတဲ့အတွက် နောက်ကျနေတဲ့ ဆရာဆရာမတွေအနေနဲ့ ဘလက် က ခွင့်လွှတ်ပေးဘို့ တောင်းပန်ချင်ပါတယ်ဗျာ။ ကိုသစ်မင်း (ပါလာပြန်ပြီဗျို့ […]


black chawJanuary 9, 20122min59037
မ န္တလးသူ မန္တလေးသားများရဲ့ မန်းဂဇက် ဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ် တစ်ပုဒ်တင်ဘို့ ကြိုးစားနေခဲ့တာ လနဲ့ချီပြီး ကြာခဲ့ပါပြီဗျာ။ ပို့စ်တွေ ပြန်ဖတ်ဖို့ ကြိုးစားရတာကိုက အတော်ကြာပါတယ်။ အခု Jan 6, 2012 ည 9:15 ကျမှ လက်တွေ့စဖြစ်ပါတယ်။ မန်းသူမန်းသားတွေကို စာရင်းတို့ ကြည့်လိုက်တော့ ကိုပေါက်၊ မောင်ပေ၊ ကိုစိန်သော့၊ ကိုဆန်နီ၊ ဆရာမကြီး၊ မပုချ်၊ whowho စသည့်နာမည် များကို အမှတ်ရမိနေပါ၏။ အန်ကယ်ကြီးလည်း ပါတယ်ထင်မိပါတယ်။ ကဲ အန်ကယ်ကြီးရောပေါ့ခင်ဗျာ။ လောလောဆယ် ပို့စ် နည်းနည်းလေးပဲ ရေးပြီး နေရာတစ်ခု အခိုင်အမာရယူထားသော pooch ရဲ့ ပို့စ်လေးတွေနဲ့ စလိုက်ရအောင်ပါ။ မန်းသူမန်းသားတွေ ဟာ မန္တလေး ဂဇက်အတွက် အင်အားစုကြီးတစ်ခုဆိုတာ […]


black chawJanuary 6, 20121min103891
ညီလေး အင်ဇာဂီရေ မနက်ဖြန် January 7, 2012 ဟာ ညီလေးရဲ့ မွေးနေ့လို့ သိထားတော့ အမှတ်တရမွေးနေ့လက်ဆောင်လေး ပေးချင်နေမိပါတယ်။ စဉ်းစားရင်းနဲ့ ညီလေးအတွက် တန်ဖိုးရှိမယ်လို့ထင်တဲ့ စာပိုဒ်လေးတစ်ပိုဒ် လက်ဆောင်ပေးချင်ပါတယ်။ စိတ်ဝင်တစား ဖတ်ပေးပါနော့။ ဖတ်ပြီးသားဖြစ်ဖို့များပေမယ့် ဒီအချိန်မှာ ဒီစာဟာ ကိုယ့်ညီအတွက် သင့်တော်တယ်ထင်လို့ လက်ဆောင် ပေးတာပါ။ ကဲ ဖတ်ကြည့်ဗျာ။ မိမိတန်ဘိုးကို အသိအမှတ်ပြုပါ တစ်ကြိမ်မကတော့ပါဘူး။ ဒီပုံပြင်ကို ကျွန်တော်ပြောဖြစ်ခဲ့တာ၊ ကျွန်တော်နဲ့ သူငယ်ချင်း ဂယ်ရီစမောလေတို့ဟာ လူထုပရိသတ်ကို စကားပြောခွင့်ရခဲ့ပါတယ်။ အဲဒီအချိန်မှာ သူငယ်ချင်းက လူထုပရိသတ်တစ်သောင်းလောက်ရှေ့မှာ ဒေါ်လာ ၅ဝ တန် ငွေစက္ကူ ကို ကိုင်မြှောက်ပြပြီး “ဒီဒေါ်လာ ၅ဝ တန်ကို ဘယ်သူလိုချင်လဲ” လို့ မေးလိုက်ပါတယ်။ နေရာတိုင်းမှာ လက်တွေမြှောက်လာတာ […]


black chawJanuary 5, 20122min60229
မနေ့က သူကြီးက ကျွန်တော့် ကိုယ်တိုင်ရေးပုံတူ ပို့စ်မှာ ဒီလို ကွန်းမန့်လေးပေးထားပါသည်။ kai says: နစ်နိမ်းကို.. ကလောင်အမည်ကို.. blackchaw လို့ဘာကြောင့်ပေးသလည်း.. သိချင်သား…။ ပြောရရင်.. တချို့ရွာသူားတွေ.. နာမယ်ပေးကြတာ.. စိတ်ဝင်စားစရာကောင်းတယ် ထင်မိတယ်..။ အဲဒါလေးကို အခု ကျွန်တော် ပြန်ဖြေလိုက်ပါတယ် သူကြီးရေ။ ဘလက်ချော ဆိုတာက မည်းချော ပေါ့ဗျာ။ ကျွန်တော့် ရုပ်ကြီးက မည်းပါတယ်။ ဒါပေမယ့် စိတ်ထားလေးက ချောတယ်ပေါ့ဗျာ အသားမည်းပေမယ့် စိတ်ထားချောမောလှပသူလို့ ပြောချင်တာပါ။ ရွာမှာ အခုတလော နေရထိုင်ရတာ ပျော်စရာမကောင်းလှပါ။ အသေးအဖွဲလေးတွေနှင့် ပြသနာအကြီးကြီးတွေ ဖြစ်နေကြတယ်လို့ ထင်မိပါတယ်။ အင်တာနက်ပေါ်စာတက်ရေးနေကြသူတွေဆိုတော့ ဆရာလုပ်ရမယ့်သူတွေ မဟုတ်ပါ။ သို့သော် ရွာသူရွာသားစစ်စစ်တွေကိုတော့ နည်းနည်းလေး အကြံပေးချင်ပါတယ်ဗျာ။ နည်းနည်းလေး လျှော့ကြပါလို့ ဒိုင်ယာလော့ခ် […]


black chawJanuary 3, 20122min54427
ကျွန်တော် ရွာမှာ ပို့စ် စတင်တာ AUG 3, 2011 မှာ ဖြစ်ပါသည်။ ဒီနေ့က ဘလက်ချောရဲ့ ရွာသက်တမ်း ငါးလပြည့်တဲ့ နေ့ပါဗျာ။ “SKY NET ကို ကျေးဇူးတင်” ဆိုသည့် ပို့စ် ဖြင့်ယောင်ချာချာ ဝင်လာခဲ့တာ ဖြစ်ပါသည်။ အခုနောက်ပိုင်း တံခါးစောင့်ကြီး အဖြစ်လူသိလာခဲ့ပေမယ့် ကျွန်တော့် ပို့စ်လေးတွေကို မဖတ်ဘူးခဲ့ကြမှာ သေချာပါသည်။ ထို့ကြောင့် စိတ်ဝင်စားသူများ ပြန်ဖတ်လို့ရအောင် လင့်လေးတွေ နှင့်တကွ ဖေါ်ပြပေးလိုက်ပါသည်။ တခြားလူတွေ လိုပါပဲ။ ရွာထဲ စဝင်လာတော့ လူသစ်ဆိုပြီး မလေးမခန့်လုပ်တာတွေလည်း ကြုံခဲ့ဖြတ်ခဲ့ရပါသည်။ အဲဒီအတွက် ဘာမှပြောစရာမရှိပါ။ ဒါ သဘာဝပါပဲ။ ကျွန်တော် ဖတ်စေချင်တာလေးတွေကို စုစည်းပေးလိုက်ပါတယ်ဗျာ။ ကျေးဇူးပြုပြီး ဖတ်ကြည့်ပေးကြပါလို့။ သဘောထားမကြီးတာလား မေးခွန်းဘောင်ကျော်သွားတာလား (၂၉-၈-၂၀၁၁ […]


black chawJanuary 3, 20123min36822
၂၀၁၂ ထဲရောက်တာ ၃ ရက် မြောက်နေ့လေးပါ။ စာလည်းကောင်းကောင်းတစ်ပုဒ်မှ မရေးဖြစ်သေးပါ။ ကိုသစ်မင်း ကိုတူးဆွပြီးတာနဲ့ တံခါးကြီးက ဟင်းလင်းကြီးပွင့်နေပြန်တာကို တွေ့ရပြန်တော့လည်း တံခါးဘက် ပြန်လှည့်ရပါသည်။ ဒီနေ့တော့ ပို့်စ်တစ်ပုဒ် ဖြစ်အောင်တင်မည်ဆိုတော့ လူသောက်မြင်ကတ်မယ့် ပို့စ်မဖြစ်ချင်တာရယ်၊ အငြင်းပွားစရာတွေ မပါချင်တာရယ်ကြောင့် ခရီးသွားဓါတ်ပုံလက်ကျန်လေးတွေ ပြန်တင်ဖြစ်ပါတယ်။ ညစ်နေတဲ့ စိတ်ကလေးတွေ သစ်လွင်လန်းဆန်း ဖလန်းဖလန်းဖြစ်နိုင်ကြပါစေဗျာ။ ခင်ဗျာ ဆက်က်စီ အော် အားလုံးမကြည့်ကြမှာ စိုးလို့ ခေါင်းစဉ်နဲ့ ဖမ်းစားလိုက်တာပါ။ အာဟီး။


black chawJanuary 2, 20123min37415
ကိုသစ်မင်းက ရွာထဲကို ဝင်လာတော့ ပေါ့ပေါ့ပါးပါး ဟာသလေးတွေရေးပြီး ဝင်လာခဲ့ပါတယ်။ ပြီးတော့မှ ကဗျာလေးတွေရေးပြီး ကဗျာနဲ့ပဲ ရွာသူရွာသားတွေရဲ့ ချစ်ခင်မှုကို ရရှိလာခဲ့တာပါ။ ပြီးမှ စကားပြေအရေးအဖွဲ့လေးတွေ နဲ့ ဂျပန်ဝတ္ထုတိုလေးတွေ ဘာသာပြန်တဲ့ ဘက်ကို လှည့်လာပြန်ပါတယ်။ ဂျပန်ဘာသာပြန် ဝတ္ထုလေးတွေကို ကြည့်ရအောင်ပါ။ မော်ဒယ် https://myanmargazette.net/77851/creative-writing ဆိုတဲ့ ပို့စ်လေးကတော့ ဂျပန်ဘာသာပြန် ဝတ္ထုလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ အိမ်လခပင် မပေးနိုင်သော အလုပ်ရှာနေဆဲ ဒုက္ခရောက်နေသော လူတစ်ယောက် သတ္တုပုံးတစ်လုံးကို ခလုတ်တိုက်မိပြီး အိမ်ယူသွားရာက သံလွင်ဂြိုဟ်သို့ရောက်သွားကာ မော်ဒယ်အလုပ်ကို ရရှိသွားပုံကို ရေးဖွဲ့ထားပါသည်။ ဖတ်ပြီး ကိုယ့်အတွေးနဲ့ကိုယ် အရသာခံနိုင်ကြမည့် ဘာသာပြန်လက်ရာလေးဖြစ်ပါသည်။ ဘာရေးရေး ရွှေ ဖြစ်နေသော ကိုသစ်မင်း၏ လက်ရာကို ဖတ်ဖြစ်အောင်ဖတ်ကြဘို့ တိုက်တွန်းပါသည် ခင်ဗျား။ ကိုသစ်မင်းက မော်ဒယ်ဖြစ်သွားပုံကို အခုလိုရေးဖွဲ့ […]


black chawDecember 31, 20112min52021
ကိုသစ်မင်းက ကားမောင်းသလို ဂီယာတစ်ချက်ခြင်းချိန်းပြီး ရွာကိုဝင်လာခဲ့တာပါ။ ပထမ ဂီယာမှာ အရှိန်လေးယူတဲ့အနေနဲ့ ဟာသလေးတွေနဲ့ ရွာကို ဝင်ရောက်လာတဲ့သူပါ။ ဒုတိယဂီယာမှာ အရှိန်နည်းနည်းတင်ပြီး ကဗျာလေးတွေ ရေးလာပါတယ်။ တတိယ ဂီယာကျတော့ ရသစာစုလေးတွေ ဘာသာပြန်ဝတ္ထုလေးတွေ ရေးပြီး အရှိန်နည်းနည်း ထပ်မြှင့်ပါတယ်။ ဒီလောက်မှာတင် ရွာမှာ ကိုသစ်မင်း အခိုင်အမာ နေရာတစ်ခုရခဲ့ပြီဖြစ်ပါတယ်။ နံပတ်လေး ဂီယာကျတော့ စီးပွားရေး၊ နို်င်ငံရေး အမြင်လေးတွေ ရေးပြီး အရှိန်ထပ်မြှင့်ပါတယ်။ အခုနောက်ဆုံးဂီယာကျတော့မှ ဂဇက်ဆီမီနာကို ဦးဆောင်ဆွေးနွေးပြီး ဟိုက်စပိဒ် နဲ့ကို မောင်းနေခဲ့ပြီဖြစ်ပါတယ်ဗျာ။ အဲဒီတော့ ပထမ ဂီယာ ရဲ့ ဟာသပို့စ်လေးတွေနဲ့ အရင်မိတ်ဆက်ပေးပါရစေဗျာ။ “ဟာသလေးတွေပါ အားလုံးရယ်မောပျော်ရွင်နိုင်ပါစေ” https://myanmargazette.net/62696/society-lifestyle ဟာသလေးတွေက ရယ်ရတယ်ဗျာ။ ကောလိပ်ကျောင်းသားထံမှ မိဘများသို့ ပေးစာ ဆိုရင် တော်တော်ရယ်ရပါတယ်။ […]


black chawDecember 27, 20111min57141
သူကြီးရေ။ ပြီးခဲ့တဲ့ ရက်များအတွင်း ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတ္တိ ကို ရုပ်ရှင်ရိုက်ကြမည် ဆိုတဲ့ သတင်းကို ကြားမိပါတယ်။ ၂ဝ ရာစု မြန်မာနိုင်ငံရဲ့ အလင်းလက်ဆုံး ကြယ်ပွင့်ကြီးအတွက် ဘလက်က စိုးရိမ်ကြောင့်ကြ ဖြစ်မိပါတယ်။ ရုပ်ရှင်မရိုက်မီ ဘလက်တို့ ရင်ထဲက ချစ်ခင်လေးစား တန်ဘိုးထားရပါသော ဗိုလ်ချုပ်၏ ပုံရိပ်သည် ရုပ်ရှင်ရိုက်လိုက်မှ တန်ဘိုးလျော့သွားမှာ စိုးရိမ်မိတာ ဖြစ်ပါသည်။ ဗိုလ်ချုပ်၏ သမီးအရင်းဖြစ်သူ အမေစု က ဗိုလ်ချုပ်အကြောင်း ရုပ်ရှင်ရိုက်ချင်သည်။ မြန်မာ့ရုပ်ရှင် လောကသား များကလည်း လိုအပ်သည့်နေရာက ကူညီကြမည်ဟု တက်ကြွစွာ ပြောဆိုကြပါသည်။ ဘလက်တို့ အစိုးရကလည်း လိုအပ်သည်များကို ကူညီကြမည်ဟု တရားဝင်ပြောကြားထားပါသည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း သည် တစ်ဦးတစ်ယောက်တည်းအပိုင် မဟုတ်ပါ။ ဗိုလ်ချုပ်အောင်ဆန်း သည် မြန်မာပြည်သူပြည်သားအားလုံး၏ […]


black chawDecember 27, 20115min70740
တံခါးစောင့်ကြီး အလုပ်မဆင်းနိုင်တာ ၁ ပတ်လောက်ရှိသွားတာ ခွင့်လွှတ်ကြပါဗျာ။ တူးတဲ့ ဆွတဲ့ အလုပ်တွေပဲလုပ်နေရင်း ကိုယ်တိုင်လည်း ရေးချင်တာတွေ များနေတဲ့အခါ အင်မတန်စိတ်ပင်ပန်းရပါတယ်။ ၂၀၁၁ ခုနှစ် ကတော့ ကုန်လုဆဲဆဲပေါ့ဗျာ။ အင်ဇာဂီလေးပြောသလို ဒီနှစ်ထဲ စာရေးနည်းသွားတော့မယ်ဆိုတာ ကျွန်တော့်ပြောသလိုဖြစ်နေပါပြီဗျာ။ တတ်နိုင်သလောက် အားထုတ်ထားတာလေး တင်ဖြစ်ပါတယ်။ Lulinmg ရဲ့ ပန်းလေး ဆိုတဲ့ ပို့စ်လေးကတော့ ကဗျာလေးတစ်ပုဒ်ပါဗျာ။ ရှားရှားပါးပါး ကွန်းမန့်လေးတစ်ခုပဲ ရခဲ့ပြီး အဲဒီကွန်းမန့် တစ်ခုကိုလည်း သူကိုယ်တိုင်ပဲပြန်ပေးခဲ့တာပါ။ သူ့ကွန်းမန့်လေးကို ဖတ်ကြည့်ပါဗျာ။ lulinmg says: ချစ်သူသာဖတ်ဖြစ်ရင်သိပ်ကောင်းမှာပဲ ချစ်သူကတော့ ဖတ်ဖြစ်မဖြစ် မသိပါဘူး။ ဘလက်ကတော့ မဖြစ်မနေဖတ်ရတဲ့လူဆိုတော့ ဖတ်လိုက်ရပါပြီ။ ချစ်သူကို ပန်းလေး နဲ့ တင်စားထားတဲ့ ကဗျာလေးတစ်ပုဒ်ဖြစ်ပါကြောင်း။ ကြောင်လတ်ရဲ့ ကြက်မတစ်ကောင်ရဲ့ ခံစားချက် (၁-၂-၃) […]