black chawFebruary 3, 20121min116320
ကိုဖက်တီး ရေးသည့် သူကြီးသို့ https://myanmargazette.net/92781/mandalay-gazette-2/editors-choice ဆိုသည့် ပို့စ်လေးနှင့် ကိုဇော်မင်း ရေးသည့် ဂေဇက်ဘာလဲ … ဘယ်တော့လဲ https://myanmargazette.net/97198/economic-news-international-news-news-industry-people-in-the-news-us-news-news/myanmar-burma-burmese-bama-myanmarian-myanma-news ဆိုသည့်ပို့စ်လေးကို ဖတ်မိရာမှ ဒီပို့စ်လေးကို ရေးဖြစ်ပါတယ်။ ကိုဖက်တီးက သူကြီးကို ဒီလိုမေးထားပါတယ်။ နောက်တခုမှာသူကြီး၏ရတနာပုံသတင်းစာအတွက် သတင်း သို့ဆောင်းပါးရေးရန် သတင်းစာ၏ အမည်ကိုပြောပြီး အသုံးပြုခွင့်ရှိမရှိလည်းသိလိုပါသညိ။ သတင်းစာအတွက် သူကြီးမှ တရားဝင် အထောက်အထားတခုခု ထုတ်ပေးရန် အစီအစဉ်ရှိမရှိလည်း သိလိုပါသည်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်နှင့်သွားရောက်တွေးဆုံပြီးမေးမြန်းလိုပါသည်။ မေးမြန်းအင်တာဗျူးချက်များကို သတင်းစာ (သို့) ဂေဇက်တွင် သုံးချင်ပါသည်။ ထိုသို့တွေ့ဆုံရာတွင် အထောက်အထားလိုကောင်းလိုပါမည်။ သူကြီးမှပြန်ကြားပေးပါရန်ခင်ဗျား …။ သူကြီးထံမှ မန်းဂဇက် အတွက် တရားဝင် အထောက်အထားတစ်ခုခု ထုတ်ပေးရန် တောင်းဆိုထားခြင်း ဖြစ်ပါသည်။ ကိုဇော်မင်း က ဒီလို ထပ်ရေးပါသည်။ […]


black chawFebruary 2, 20126min57144
မနေ့က ည ရ နာရီလောက် ရန်ကုန်ကိုအလည်လာတဲ့ နယ်က ဆွေမျိုးတွေလိုက်ပို့ရင်း ရွှေတိဂုံဘုရားကို ရောက်ပါတယ်။ နှစ် ၂၆၀ဝ ပြည့်ပွဲအတွက် စေတီငယ်တွေမှာ လျှပ်စစ်မီးတွေ သွယ်တန်းထားတာ တော်တော်လှနေလို့ ဓါတ်ပုံလေးတွေ ရိုက်လာခဲ့တာပါ။ ရင်ပြင်တော်ပေါ်မှာတွေ့တဲ့ နိုင်ငံခြားသားတွေကိုလည်း အမှတ်တရ ခွင့်တောင်းပြီး ဓါတ်ပုံလေးတွေ ရိုက်လာခဲ့ပါတယ်။ ကလေးလေးတစ်ယောက် မိသားစုနဲ့ ကွဲပြီးအော်ငိုနေတာတွေ့လို့ ကူညီပေးလိုက်ရပါသေးတယ်။ ဒီလောက်ကလေးတွေ ခိုးနေတယ်လို့ သတင်းကြီးနေတဲ့အချိန်မျိုးမှာ ကလေးငယ်လေးတစ်ယောက်ကို ဘုရားပေါ်မှာ တစ်ယောက်တည်းကျန်ခဲ့လောက်အောင် အာရုံများသော မိဘများကို ဘယ်လိုနားလည်ရမလဲ မသိပါ။ သတင်းပေးချင်တာကတော့ ရွှေတိဂုံဘုရား နှစ် ၂၆၀ဝ ပြည့်ပွဲတော်ကြီးကို (၂၂-၂-၂၀၁၂ မှ ၇-၃-၂၀၁၂) အထိကျင်းပ တော့မှာဖြစ်ပါတယ်။ အခုရက်ပိုင်း ညဘက် အချိန်အားလေးများရှိလျှင် ရွှေတိဂုံဘုရားကို အရောက်သွားဖူးကြဘို့ ရွာသူရွာသားတွေကို တိုက်တွန်းပါရစေ။ […]


black chawJanuary 31, 20124min52354
မနေ့က ကျွန်တော်တင်ခဲ့သော ဒဂုံ တက္ကသိုလ် ပို့စ်မှာ သူကြီး ပေးခဲ့သော ကွန်းမန့်အတွက် ဒီနေ့ ကျွန်တော် နာမည်ကျော် သမိုင်းဝင် မူလလက်ဟောင်း ရန်ကုန်စက်မှုတက္ကသိုလ် ကြီးထဲသို့ ယောင်လည်လည် နှင့် အရောက်သွားခဲ့ပါသည်။ ယောင်လည်လည် နှင့်ဆိုတာ စက်မှုတက္ကသိုလ်ထဲသို့ ကျွန်တော်တစ်ခါမှ မရောက်ဘူးသောကြောင့်ဖြစ်ပါသည်။ ကျောင်းကြီးက ကျွန်တော်ထင်ထားတာထက် ခမ်းနားကြီးကျယ်လွန်းလှပါသည်။ သူကြီးပြောခဲ့သော စွယ်တော်ပင်တွေကတော့ နာဂစ်ရဲ့ နှိမ်နင်းခြင်းကို ခံရကာ တစ်ပင်တစ်လေတောင် မတွေ့ရတော့ပါ။ သို့သော် ဆိုဗီယက်ခေတ် လက်ရာတစ်ခုဖြစ်သည့် ရန်ကုန်စက်မှုတက္ကသိုလ် ကြီးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ဓါတ်ပုံ ရိုက်ခဲ့ပါသည်။ မြန်မာပြည်ထဲမှ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းဆင်းများ နှင့် ပြည်ပရောက် ရန်ကုန် စက်မှု တက္ကသိုလ် ကျောင်းဆင်းများ အားလုံးအတွက် အလွမ်းပြေ ပေါ့ခင်ဗျာ။ ှု


black chawJanuary 31, 20121min1995
အောင်ဆန်းစုကြည် အကြောင်း သီချင်းလေးတစ်ပုဒ်ပါ။ 4 Shared.com ကိုမွှေနှောက်ရင်း ရခဲ့တာပါ။ အလွယ်တကူ ဒေါင်းလုဒ်ဆွဲနားထောင်လို့ ရပါတယ်။ တော်တော် ကောင်းတဲ့ သီချင်းလေးပါ။ U 2 အဖွဲ့က ဆိုထားတယ်လို့ ထင်ပါတယ်။ မှားရင်လည်း ပြင်ပေးကြပါ။ နားထောင်ပြီးသားကြီးဆိုရင်လည်း ခွင့်လွှတ်ပါ။ မူရင်းလင့်ကို တင်ပေးထားပါတယ်။ http://www.4shared.com/get/DFIIz5Ev/05_AUNG_SAN_SUU_KYI.html


black chawJanuary 30, 20124min34320
ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ နှစ်ရက်လုံး ကျွန်တော် အနားမရခဲ့ပါဘူး။ စနေနေ့မှာ သူငယ်ချင်းတစ်ယောက် ရဲ့ သမီးလေး ဒဂုံတက္ကသိုလ်မှာ ဘွဲ့ယူလို့ အကူအညီတောင်းသဖြင့် လိုက်ပို့ခဲ့ရပါသည်။ ခေတ်သစ်ဘွဲ့နှင်းသဘင် ယဉ်ကျေးမှုတစ်ခုကို ရွာသူရွာသားတွေလည်း သိထားရအောင် ဓါတ်ပုံလေးတွေ ရိုက်လာခဲ့ပါတယ်။ ဒဂုံတက္ကသိုလ် ကျောင်းသားကျောင်းသူဟောင်းတွေလည်း အလွမ်းပြေပေါ့ဗျာ။ ရန်ကုန်တက္ကသိုလ် ကို ကန့်ကော်တောလို့ ခေါ်ကြတယ်ဗျ။ ဒဂုံတက္ကသိုလ်ကိုတော့ စွယ်တော်ရိပ်လို့ အမည်ပေးသင့်တယ်။ တကယ်ကို စွယ်တော်ပင်တွေ ကြီးပဲ တွေ့ခဲ့ရလို့ပါ။ လှတယ်ထင်လို့ ရိုက်ခဲ့တဲ့ စွယ်တော် ရွက်ကလေးတွေပါ။ ဒါက စနေနေ့မှာ ရောက်ခဲ့တဲ့ ဒဂုံတက္ကသိုလ်ထဲမှာ ရိုက်ခဲ့တာပါ။ တနင်္ဂနွေ နေ့ မနက်စောစောမှာတော့ သုံးဆယ် ဆရာတောကြီး ရှိနေတဲ့ ရန်ကုန်-ပြည်လမ်းနံဘေးက သုံးဆယ်မြို့လေးဆီ မိသားစုလိုက် ချီတက်ခဲ့ကြပါတယ်။ ဆရာတော်ကြီးကို ဖူးမျှော်ဘူးသူတွေလည်း […]


black chawJanuary 28, 20121min77646
မန်းဂဇက်မှ ကျွန်တော်လေးစားသူများ စာရင်းတွင် ကိုကြောင်ကြီး နှင့် ကိုသစ်မင်းတို့သည် ရှေ့ဆုံးမှာ ရှိပါသည်။ ကိုကြောင်ကြီးကိုလည်း မရှိမဖြစ်ကြောင်ကြီး ဆိုသည့် နာမည်ဖြင့်လည်းကောင်း၊ ကိုသစ်မင်းကိုလည်း များများပေး၍ များများရသူ သစ်မင်း ဆိုသည့် နာမည်ဖြင့်လည်းကောင်း ဂုဏ်ပြုသည့်ပို့စ်လေးတွေ ရေးပေးခဲ့တာ အားလုံးအသိဖြစ်ပါသည်။ ဟိုတစ်နေ့က ကိုသစ်မင်းပို့စ်မှ စတင်၍ ကြောင်ကြီးနှင့် ကိုသစ်မင်းတို့ ပဋိပက္ခ ပုံစံဖြစ်လာသည့်အခါ ကျွန်တော် အကြီးအကျယ်ဖီလင် ဖြစ်မိပါသည်။ ဘေးမှလည်း မီးစတစ်ခုကို ဝိုင်းငြှိမ်းရမည့်အစား ပိုလောင်အောင် ဝိုင်းပြီး လေတိုက်ကြပါသည်။ ကိုကြောင်ကြီး နှင့် ကိုသစ်မင်း တို့သည် မန်းဂဇက် ၏ အမာခံတိုက်စစ်မှူး နှစ်ယောက်လည်း ဖြစ်သဖြင့် အပေးအယူ မျှမျှ ဖြင့် ဂိုးတွေသွင်းသလို ပို့စ်ကောင်းကောင်းလေးတွေလည်း ထွက်လာခဲ့ဘူးပါသည်။ ၁။ ကိုကြောင်သို့….. (၁) […]


black chawJanuary 27, 20121min43437
လောကကြီးက ကြည့်မှန်တစ်ချပ် မဟုတ်ဘူး အစစ်တွေ ပြပေမယ့် အစစ်တွေ ပြန်ပေါ်ချင်မှ ပေါ်မယ်။ လောကကြီးက အပေါစား အချစ်ဝတ္ထုတစ်ပုဒ် မဟုတ်ဘူး။ အချစ်တွေပေးပေမယ့် အချစ်တွေ ပြန်ရချင်မှ ရလိမ့်မယ်။ လောကကြီးက အရက်တစ်ခွက် မဟုတ်ဘူး မော့သောက်လိုက်ပေမယ့် မူးချင်မှ မူးလိမ့်မယ်။ လောကကြီးက ဂစ်တာတစ်လက် မဟုတ်ဘူး တီးခတ်လိုက်တိုင်း သံစဉ်ချိုချိုတွေ ထွက်ချင်မှ ထွက်လိမ့်မယ်။ လောကကြီးက ဘောလုံးပွဲတစ်ပွဲတော့ မဟုတ်ဘူး။ ဂိုးသွင်းလိုက်ပေမယ့် အနိုင်ရချင်မှ ရလိမ့်မယ်။ လောကကြီးက မာဆတ်ခန်းတော့ မဟုတ်ပါဘူး။ အနှိပ်ခံပေမယ့် အညောင်းပြေချင်မှ ပြေလိမ့်မယ်။ လောကကြီးက ကင်မရာ တစ်လုံး မဟုတ်ဘူး။ ခလုပ်နှိတ်လိုက်တိုင်း ရှုခင်းပုံလှလှလေးတွေ ထွက်ချင်မှထွက်လိမ့်မယ်။ လောကကြီးက အင်း လောကကြီးက လောကကြီးပါပဲဗျာ။ 😀 😀 😀 […]


black chawJanuary 26, 20121min2417
ဘလက် အခုတလော စာရေးချင်စိတ်၊ ဓါတ်ပုံရိုက်ချင်စိတ် တော်တော်နည်းသွားခဲ့ပါတယ်။ အပျင်းထူလာတဲ့ သဘောပါဗျာ။ သူများရေးတာတွေကို လိုက်ပြီးတူးဆွနေတာနဲ့ ပျင်းသွားတာလည်း ပါပါတယ်။ အခုလည်း ကျွန်တော်တို့ ရွာရဲ့ တစ်ယောက်သော စာရေးသူ အမျိုးသားတစ်ယောက်ရဲ့ ဇနီးက ဆဲဗင်းဒေးဂျာနယ်မှာ စာရေးပါတယ်။ ပြီးခဲ့တဲ့ အပတ်က ဆဲဗင်းဒေးဂျာနယ်မှာ ဖေါ်ပြပါရှိခဲ့တဲ့ ဆောင်းပါး လေးကို စာရေးသူထံက ခွင့်ပြုချက်တောင်းပြီး ရွာသူရွာသားတွေဖတ်ဖို့ ဖေါ်ပြပေးလိုက်ပါတယ်။ ဘယ်သူ့ ဇနီးလည်း ဆိုတာကိုတော့ မမေးကြေးပါခင်ဗျာ။ သိသူများကလည်း သိတယ်မှတ်ပါ။ မသိသူများကလည်း မသိဘူးမှတ်ပြီး ဖတ်ပေးကြပါ။ အဆင်ပြေတယ်ဆိုရင် လက်ခုတ်သံလေးများ ချီးမြှင့်ခဲ့ကြပါလို့။ ဘလက် ကျွန်တော်တို့ တိုင်းပြည်အနေနဲ့ ယခု အချိန်ကာလဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ကြိုးပမ်းလုပ်ဆောင်နေတဲ့၊ သမ္မတကြီး ဦးသိန်းစိန်ပြောကြားခဲ့တဲ့ ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော […]


black chawJanuary 26, 20127min44020
မနေ့က ကိုသစ်မင်း တင်ခဲ့သော သူကြီးသို့ ပေးစာ ပို့စ်ကတော့ ရွာသူရွာသားအားလုံးရဲ့ အစည်းအဝေးကြီးတစ်ခု ဖြစ်လာခဲ့ပါပြီဗျာ။ အခုပို့စ်တင်ကာနီး တစ်ချက်ကြည့်လိုက်တော့ ကွန်းမန့်က ၅၂ ခု ရှိနေပါပြီ။ ကိုယ့်ရပ်ကိုယ့်ရွာအတွက် တက်တက်ကြွကြွ ဆွေးနွေးကြစေ ချင်ပါတယ်ဗျာ။ Etone ရဲ့ အလှူ ပို့စ်လေးကလည်း ကွန်းမန့် ၁၂၂ ခုနဲ့ ခရီးဆက်နေဆဲပါ။ စာရေးဆရာတွေ မှန်လုံယဉ်မစီးဘူးဆိုတဲ့ ပို့စ်လေး ပျောက်သွားတာ ဘာမှမသိလိုက်ရဘူး သူကြီးရေ။ သူကြီးပိတ်လိုက်တာလား ဆိုတာလေးတော့ သိချင်မိပါတယ်။ Kotun winlatt ရဲ့ ထောင်ချောက် https://myanmargazette.net/87571/uncategorized-other/copypaste ပို့စ်လေးကတော့ လွတ်လပ်စွာရေးဖွဲ့ထားတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ဆင်းရဲခြင်းကို ထောင်ချောက်အဖြစ်တင်စားထားပါတယ်ဗျာ။ အရှိတရားများ၏ နောက်ကွယ်မှ အသိတရားမွေးရနံ့များ တိတ်တဆိတ်လှည့်ဖျားခြင်းထံပါး၌ မျက်စိလည်လမ်းမှားလေသောအခါ အတ္တ၏ မျက်နှာမူရာ၌ မာနတရားသည် တံခွန်ထူအလံလွင့်ကာ […]


black chawJanuary 23, 20122min57628
ဆရာမကြီး TTNU ၏ အလုပ်နှင့်စရိုက် ပို့စ်လေးကို ဖတ်မိတဲ့အခါ ဖြတ်သန်းခဲ့ဘူးတဲ့ လုပ်ငန်းခွင်ဘဝလေးတွေကို ပြန်လည် သတိရနေမိပါသည်။ လုပ်ငန်းခွင်တစ်ခုမှာ ကြုံခဲ့ရသော ဝန်ထမ်းတစ်ယောက်ထံမှ ကုမ္ပဏီ၏ လိုအပ်ချက်တစ်ချို့ကို ပြန်လည် မျှဝေပေးချင်ပါသည်။ သူငယ်ချင်း ဝန်ထမ်းတစ်ယောက်၏ ဘာသာပြန်ပေးထားခြင်းသာ ဖြစ်ပါသဖြင့် ဘာသာပြန်အလွဲလေးများ အနည်းငယ်ရှိနေခဲ့လျှင် ကြိုတင်တောင်းပန်ပါသည်။ စာဖတ်သူတွေအနေနဲ့ လိုအပ်တာကို ယူပြီး မလိုအပ်ဘူးထင်ပါလျှင် ဖတ်ပြီး တာနဲ့ မေ့ပစ်လိုက်လို့ရပါသည်။ What We Expect Of You သင့်ကို ကျွန်ုပ်တို့ မျှော်လင့်ထားသည်မှာ When you come to work here, you must raise your sights! Our objective is excellence. သင်ဤနေရာသို့ […]


black chawJanuary 22, 20124min70247
ရွာထဲမရောက်ဖြစ်တာနှစ်ရက်လောက်ရှိသွားခဲ့ပါတယ်။ မိတ်ဆွေတွေရဲ့ ပို့စ်တွေမှာလည်း ကွန်းမန့်တွေ ပျက်ကွက်နေရတဲ့ အတွက် တောင်းပန်ပါတယ်ဗျာ။ ရန်ကုန်သူရန်ကုန်သား မန်းဂဇက်ရဲ့ အင်အားစုများထဲမှ ထင်ရှားတဲ့ MaMa ရဲ့ ပို့စ်လေးများကို ပြန်ရှာဖွေဖေါ်ထုတ်ပေးထားတာပါ။ စာရေးသူတစ်ယောက်နဲ့ ရွာသူရွာသားတွေနဲ့ ချစ်ကြည်ရင်းနှီးမှု အတွက် ဒီလို တူးဆွ တင်ဆက်ပေးနေခြင်းဖြစ်ပါတယ်။ လိုရင်းမရောက်ခဲ့ရင် ကျွန်ုပ် ဘလက်ချော ရဲ့ ညံ့ဖျင်းမှုသာ ဖြစ်တဲ့ အကြောင်း ကြိုတင် တောင်းပန်ပါတယ်ဗျာ။ မခမမ (သို့) Differently Able https://myanmargazette.net/60347/arts-humanities ဆိုတဲ့ ကောင်းမှုလုပ်တဲ့ ပို့စ်လေးနဲ့ စလိုက်ရအောင်ပါ။ မခမမ ဆိုတာကတော့ မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်မိတ်သဟာယ အသင်း ကို အတိုကောက်ခေါ်ထားတာပါ။ မျက်မမြင်တွေအကြောင်း တော်တော် အသေးစိတ်ရေးပြထားပါတယ်။ မျက်မမြင်တွေကို ဂုဏ်ပြုချင်လို့ ရေးတဲ့ ပို့စ်လေးပါ။ အသင်းရဲ့ပန်းတိုင်ဖြစ်တဲ့ “မျက်စိကန်းသောသူတို့အား […]


black chawJanuary 19, 20121min112732
ကျွန်တော်တို့ ဆယ်ကျော်သက်အရွယ် 1987 လောက်က မောင်စိန်ဝင်း(ပုတီးကုန်း) ၏ သောကခြေရာ ရတနာ ကဗျာများ ဆိုသည့် ကဗျာစာအုပ်လေး အလွန်နာမည်ကြီးခဲ့ပါသည်။ ရည်းဇားစာပေးတာတောင် မှ မောင်စိန်ဝင်းကဗျာနဲ့ မှ ဆိုပြီး တစ်ခေတ် ဖြစ်ခဲ့ဘူးပါသည်။ ချစ်သူရည်းဇားကို မောင်စိန်ဝင်း ကဗျာစာအုပ် လက်ဆောင် ပေးတာလည်း ခေတ်စားခဲ့ဘူး ပါသည်။ ပြောရင် ယုံနိုင်ဖွယ်ပင် မရှိပါ။ အရောင်းရခက်ခဲသော ကဗျာစာအုပ်ဈေးကွက်တွင် မောင်စိန်ဝင်း ကဗျာစာအုပ်မှာ အကြိမ်ကြိမ် ရိုက်နှိတ်ခဲ့ရပြီး ယခု ကျွန်တော် အပိုင် ဝယ်ယူထားခဲ့သော မောင်စိန်ဝင်း ကဗျာစာအုပ်မှာ ပဉ္စမအကြိမ် ထုတ်ဝေသော စာအုပ်ဖြစ်ပါသည်။ ပထမအကြိမ် မှ စတုတ္ထအကြိမ် (၁၉၈၉ စက်တင်ဘာ) အထိ အုပ်ရေ ၁၄၀၀ဝ နှင့် ပဉ္စမအကြိမ်အဖြစ် (၁၉၉၁ […]


black chawJanuary 18, 20125min44116
ိထိတ်ဆုံးမှာ ရှိနေတဲ့ etone ရဲ့ ပို့စ်လေးနဲ့ အင်ဇာဂီ ရဲ့ KAIZEN ပို့စ်လေးအတွက် ဂုဏ်ယူကြောင်းပြောရင်း တံခါးစောင့်ပို့စ် (7-12) ကို တင်ဆက်လိုက်ပါတယ်ဗျာ။ မကျေနပ်စရာ မကြိုက်တာတွေ့ရင် ကွန်းမန့်က ပွင့်လင်းနိုင်ပါတယ်ခင်ဗျာ။ ဒါမှမဟုတ် အားနာရင်လည်း ပီအမ်က တစ်ဆင့်ပြောနိုင်ပါတယ်။ ကြောင်ကြီးရဲ့ နာဒယ်ဟေ့ ဆိုတဲ့ ကဗျာလေးနဲ့ စလိုက်ရအောင်ပါ။ ကဗျာဆိုလို့ နည်းနည်းလေး ကျွန်တော့်ကို စကားအတင်းစပ်ခွင့်ပြုပါ။ ကျွန်တော် ကဗျာ ခံစားမှုမှာ ကျွမ်းကျင်သူတစ်ယောက်မဟုတ်တဲ့အတွက် ကဗျာကို မူရင်းအတိုင်းပဲဖေါ်ပြပေးသွားပါမယ်။ မည်သည့်ကဗျာကိုမဆို မူရင်းကို ဖေါ်ပြပေးသွားမှာ ဖြစ်ပါတယ်။ တကယ်လို့ ကဗျာတွေကို တာဝန်ခံဖတ်ပြီး ခံစားမှုလေးတွေရေးပေးမယ့်သူများ ရှိရင် ရေးပေးကြပါလို့ တောင်းဆိုပါရစေခင်ဗျာ။ အသေးစိတ်ဖို့ကျတော့ ကျွန်တော့်အတွက် အချိန်အခက်အခဲက တော်တော် ပြသနာ ကြီးပါတယ်ဗျာ။ အဲဒါလေးပါ။ […]