Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


black chawJanuary 29, 20141min48715
မိတ်ဆွေများ သိပြီး ဖြစ်ကြတဲ့ အတိုင်း ဘလက်ချော ဆိုတဲ့ အမည်းကောင်ဟာ… ဝမ်းနည်းစရာရှိရင် ရှာကြံဝမ်းနည်းနေတတ်တဲ့ ကောင်မျိုးပါ…။ ဟိုတလောကပဲ အဆိုကျော်မကြီး ထားရဲ့မြေးမလေး၊ ရော့ကာကြီးဇော်ဝင်းထွဋ်ရဲ့ သမီးကြီး၊ တစ်ခုလပ်ကောင်ငယ်လေး ကိုအီတိုး ရဲ့ အစ်မ ချန်ချန်း ဆိုတဲ့ ကလေးမလေး ရည်းဇားရှိနေပြီဆိုတဲ့ သတင်းကြောင့် ထမင်းတောင် မစားနိုင်အောင် ဝမ်းနည်းပက်လက်တွေ ဖြစ်ခဲ့ပါရောလားဗျာ…။ အော် ကိုညီထွဋ် ဆိုတဲ့ ရော့ကာကြီးရဲ့ ခင်ဗျားကြီး သီချင်းတွေကို ကြိုက်ပြီး ခင်ဗျားကြီး ကို ခရေဇီ ဖြစ်လွန်းလို့ ခင်ဗျားကြီး သမီးကိုပါ ချစ်ခဲ့မိတဲ့ ဘလက်ချော ဆိုတဲ့ ခင်ဗျားကြီးရဲ့ ပရိသတ် တစ်ယောက်ရှိတယ်ဆိုတာ ခင်ဗျားကြီး မသိဘူးပေါ့..အော့..အော့…။ ဟယ်…ပေါရဲလိုက်တာ..။ ဟေးဟေး…။ ဟုတ်တယ်လေဗျာ…။ ကိုညီထွဋ်ကို ကြိုက်ပြီဆိုမှတော့ သူမွေးထားတဲ့ […]


black chawJanuary 28, 20141min52418
မုဒိမ်းမှုတွေ သိတ်…သိတ်ပြီးတော့ ခေတ်စားနေပါတယ် ကျောင်းဒကာ…။ မုဒိမ်းမှုဟေ့ဆိုတာနဲ့ ယောက်ျားလေးမုဒိမ်းသမားတွေကိုပဲ ထင်တတ်သူတွေ အနေနဲ့… မိန်းမ မုဒိမ်းသမားတစ်ယောက်နဲ့ မိတ်ဆက်ပေးလိုက်ပါရစေဦး…။ ရုရှားလူမည်းမုဆိုးမလို့ နာမည်ကြီးတဲ့ ဗယ်လာရီယာကေ ဆိုတဲ့ အမျိုးသမီးပေါ့…။ ကွယ်…သိတ်ဆိုးတာပဲတဲ့…ခစ်ခစ်…။ ယောက်ျား ၁ဝ ယောက်ကိုတဲ့… မေ့ဆေးတွေ ထုံဆေးတွေ ပေးပြီးတော့တဲ့… ကျင့်ခဲ့သတဲ့ကွယ်…မုဒိမ်း…။ ဟိုသီချင်းလေးသွားသတိရတယ် သိလား…။ ကြက်သီးတွေတောင် ထထလာတယ် ဆိုလား…။ ဟုတ်တယ်…။ သတင်းဖတ်ရင်း ကြက်သီးတွေတောင် ထလာတယ်ကွယ်…။ ဟိုတလောက ကျောက်စ် မင်္ဂလာဆောင်မှာ နိုဇိုးမိကြီးနဲ့တွေ့တော့ ရုရှားကို သွားလည်မလို့ဆိုလား…။ ကြည့်…သူသိတ်…အကြံကြီးတာပဲ…အာဟီး…။ အရက်သမား တွေ လည်း သရေကျစရာဗျ…တိလား…။ အဲဒီ မုဒိမ်းမကြီးက သူမနေထိုင်တဲ့ အခန်းထဲကို ဖိတ်ခေါ်ပြီးတော့တဲ့… ယမကာတွေနဲ့ ကောင်းကောင်း ဧည့်ခံသေးတာတဲ့…။ သွေးပူသွေးဆူသွားအောင် ကြံစည်တဲ့ သဘောနေမှာပေါ့ဗျာ…။ […]


black chawDecember 12, 20131min103566
နားစွန်နားဖျားရပ်ကွက်သည် တစ်ခါသုံး ပစ္စည်း သာ ဖြစ်ပါသည်…။ နားစွန်နားဖျားရပ်ကွက် မှ သင့်အား မည်သည့် ပညာ…ဗဟုသုတ…ကိုမှ ပေးရန် ရည်ရွယ်ချက် မရှိပါ…။ နားစွန်နားဖျားရပ်ကွက်သည် စာကြီးပေကြီးကြိုက်သူများကို မရည်ရွယ်ပါ…။ နားစွန်နားဖျားရပ်ကွက်သည် လူကြီးလူကောင်းကြီးများအတွက် မဟုတ်ပါ…။ နားစွန်နားဖျားရပ်ကွက်သည် စာဖတ်သူ သင့်အား ပေါ့ပေါ့ပါးပါး ဖတ်ပြီး ပေါ့ပေါ့ပါးပါး ပြုံး စေလိုခြင်းကသာ တစ်ခုတည်းသော ရည်ရွယ်ချက်ဖြစ်ကြောင်း ဝန်ခံပါသည်…။ နားစွန်နားဖျားရပ်ကွက်ထဲမှ နာမည်ကျော် ပုဂ္ဂိုလ်များ၏ သတင်းများ၊ ဒိုင်ယာလော့ခ်များသည်… မြန်မာနိုင်ငံအတွင်း တရားဝင်ထုတ်ဝေလျှက်ရှိသော ဂျာနယ်များတွင် ဖေါ်ပြထားသည့် အချက်အလက်များ ဖြစ်ကြောင်း ဝန်ခံအပ်ပါသည်…။ အခုတလော နားစွန်နားဖျားရပ်ကွက်ထဲ ရောက်လာတဲ့ အသံတစ်သံကတော့… ဇာဂနာလေးက ကျေးဇူးရှိတယ်…။ သူလွတ်လာတော့ ကျွန်တော့်ကို လွှတ်ပေးဖို့ တောင်းဆိုပေးခဲ့ဖူးတယ်…။ ဒါကြောင့် ကျေးဇူးရှိပါတယ်…။ ဆိုတဲ့ […]


black chawNovember 20, 20131min45810
အခုတလော ဘလက်ချောကြီး တစ်ယောက် မိုးလင်းကမိုးချုပ်…အရက်တွေ နင်းကန်သောက်နေသတဲ့…။ ဒီလူကြီးကလူတစ်မျိုးဗျ…။ အရက်သောက်တာတောင် အထိမ်းအမှတ်ရှိမှ သောက်သတဲ့…။ သူ့…အထိမ်းအမှတ်တွေကလည်းကုန်တယ်လို့ကိုမရှိ…။ နန်းခင်ဇေယျာလေးအတွက်တဲ့…။ ခင်ဝင့်ဝါ လေးအတွက်တဲ့…။ မိုးစက်ဝိုင် လေးအတွက်တဲ့…။ ကုန်ကုန်ပြောမယ် ဘင်လာဒင် သေတုန်းကတောင် ဘင်လာဒင်အတွက် ဆိုပြီးသောက်တဲ့ လူကြီးဗျ…။ အဲဒီသတင်း နိုဇိုးမိကြီး ဆီရောက်သွားတော့… သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးအတွက် စိုးရိမ်စိတ်ဝင်သွားပါတယ်..။ အဲဒါနဲ့… ဘလက်ချော ကြီး ကိုဖုန်းဆက်ပြီးသတင်းမေးပါတယ်…။ ဒါဟာအချစ်တဲ့လား…အဲဒါ အချစ်တဲ့လား… ဒါများအချစ်တဲ့လားကွယ် မင်းပဲပြော ဘလက်ချောကြီးရဲ့ ဖုန်း Ringtone မြည်သံပါ…။ ၂ ခါ ၂ ကြော့လောက် မြည်ပြီးမှ တစ်ဖက်ကဖုန်းပြန်ဖြေပါတယ်…။ ဟဲ…လို…ဘူလဲကွ…။ အင်း…ကိုချောကြီးအရက်တွေ သောက်နေတဲ့ သတင်းတော့ မှန်နေပြီ…။ ထူးတာကိုကအာလေး လျှာလေးကြီး…။ “ဟဲလိုကိုချော ကျွန်တော် နိုဇိုးမိပါဗျ…။” “ဟာ […]


black chawNovember 16, 20131min100761
ဒီပို့စ် မှာ ပါတဲ့ ခေါင်းစဉ်လေးတွေကို အရင်ဖေါ်ပြပေးလိုက်ပါတယ်…။ စိတ်ဝင်စားရာ ရွေးဖတ်ကြဖို့ပါ…။ ၁။ နားစွန်နားဖျားရပ်ကွက် ၂။ ကဗျာ ၃။ သီချင်း ၄။ ဂျာနယ် ၅။ စာအုပ် ၆။ မှုခင်းသတင်းဆန်းများ ၇။ လွမ်းတတ်သူရဲ့ အလွမ်းမှတ်တမ်း စသည်ဖြင့်ပေါ့…။ ရတဲ့အချိန်လေးတွေမှာ ရသလိုရေးထားတာပါ…။ ဓါတ်ပုံလေးတွေပါ တင်ဦးမလို့ပါပဲ…။ အချိန်က လုံးဝ မရတော့တာမို့ စိတ်လျှော့လိုက်ပါတယ်…။ ဆိုတော့… ဒီပို့စ်ထဲပါတဲ့ ကျွန်တော့်အရေးအသား အယူအဆတွေထဲမှာ အမှားပါခဲ့ရင် ကြိုတောင်းပန်ထားလိုက်ပါတယ်ဗျာ…။ နားစွန်နားဖျား ရပ်ကွက်…။ မိုးစက်ဝိုင် တစ်ယောက် မည်သည့်ဆုကိုမျှ ဆွတ်ခူးနိုင်ခြင်းမရှိခဲ့ပဲ ရန်ကုန်ပြန်ရောက်လာ…။ တချို့တချို့တွေ လည်း လေဆိပ်အထိ ဆင်းကြိုကြဆိုလား…။ ဦးဘလက်တော့ မအားလို့ ဆင်းမကြိုနိုင်လိုက်ဘူး မိုးစက်လေးရေ…။ ခွင့်လွှတ်တော့ကွယ်…။ People Choice […]


black chawOctober 21, 20131min58126
ဟေးဟေး…။ ဘလက်ချောက သောက်ကြာသား မဟုတ်ဘူးနော်…။ နည်းနည်းတော့ လျှာရှည်ပါတယ် ကွယ်…။ ကဲ လျှာရှည်တဲ့ အကြောင်း သက်သေပြဦးစို့ရဲ့…။ အသာလုပ်ပါ (ကို) ကမ်းဝေးရယ်…။ စစ်တောင်းမြစ်ကြီး များလားကွယ်…။ ဟေးဟေး…။ မတန်မရာ ခိုင်း…နှိုင်း…ဖွဲ့…နွဲ့ တယ် တော့ မထင်ကြစေချင်ပါဘူး…။ ဧရာဝတီ နဲ့ ဘလက် က အဝေးကြီးမှာပါ ဗျာ…။ အပေါ်မှာ (ကို) ကမ်းဝေး ရှင်းပြခဲ့သလို… ကျွန်တော်တို့ ရွာထဲမှာ ရေးခဲ့တဲ့ ပို့စ် ပေါင်းများစွာမှာလည်း… အဖြစ်မှန်ထက် နည်းနည်းချဲ့ကား ရေးခဲ့ကြတာတွေ… (မတန်တဆ ချဲ့ကားရေးခဲ့ကြတာတွေရောပေါ့…။) ရှိခဲ့ကြမှာပါ…။ ကျွန်တော်တို့ ရဲ့ စစ်တောင်းမြစ်များပေါ့…။ တစ်ည (ကို) ကမ်းဝေး က တနင်္ဂနွေ ကိုကြွက်နဲ့ ချိန်းလိုက်မယ်…တဲ့…။ အားလားတဲ့…။ ဖုန်းနဲ့ […]


black chawOctober 9, 20131min89247
ဘာပဲပြောပြော…မိုးစက်ဝိုင် နှင့် အစပြုလိုက်ပါသည် ပေါ့ ခင်ဗျာ…။ ဟေးဟေး…။ တိမ်တွေပြာမပြာတော့မသိဘူးဗျာ…။ နေ့ကတော့ ပြီးခဲ့တဲ့ စနေနေ့ပေါ့…။ နေရာက ဂျဒ်စင်ရှေ့ က Prome စားသောက်ဆိုင်မှာပါ…။ မင်္ဂလာဆောင်တော့ မဟုတ်ဘူးကွယ်…။ လူပြိုကြီး အမတ်မင်းရဲ့ မွေးနေ့ပွဲလေး ကျင်းပနေတဲ့ အခိုက်ပေါ့…။ အနီတွေရော နှစ်ခါပြန်အနက် တွေရောနဲ့ ကောင်းနေကြတဲ့ အခိုက်ပေါ့…။ ညီမငယ် နွယ်ပင်က သူ့ကိုကို Rကြီးကို (Rဇာနည် မဟုတ်ပါ…။ မူလလက်ဟောင်း Rဂခင်ဗျ…။) ဖေ့ဘုတ်ပေါ်က ပုံလေးတစ်ပုံလှမ်းပြပါတယ်…။ ဟုတ်ပါတယ်…။ မိုး…စက်…ဝိုင်…ပုံပါ…။ ( Lamborghini ) ကား လေးပေါ်က ဆင်းလာတဲ့ မိုးစက်ဝိုင် ပုံပါ…။ ထပ်ပြီး အထူးပြုရရင် သူမ နံဘေး မှာ ပုဂ္ဂိုလ်အကောင်းစားလေးတစ်ယောက်ကလည်း ရပ်လို့ဗျ…။ အဲဒီ […]


black chawOctober 4, 20131min49415
သတိုးကြီးမိုက် ဘုရင်ဖြစ်လာတော့ လူယုံတော်ကြီးမောင်ကျောက် ကို ကိုယ်ရေးအရာရှိအဖြစ်ခန့်အပ်တော်မူခဲ့ပါတယ်…။ ရနောင်မောင်မောင်ကျောက် ဆိုတဲ့ ဘွဲ့အမည်နဲ့ ရနောင်မြို့ကို စားစေခဲ့ပါတယ်…။ အဲဒီ ရနောင်မောင်မောင်ကျောက် က မ ဆိုရင် ရင်မတောင်မသမ်းဖူးသေးတဲ့ လူပျိုသိုးကြီးတဲ့ဗျာ…။ သတိုးကြီးမိုက် ဘာကြိုက်လို့ ဘာလုပ်ချင်တယ်ဆိုတာကိုလည်း မောင်ကျောက် က အလိုက် သိ တယ်တဲ့…။ (သတိုးကြီးမိုက်ကြီး ဘာကြိုက်တတ်တယ်ဆိုတာ မောင်ကျောက် နဲ့ တွေ့ရင်မေးသာကြည့်ကြ ကိုကိုတို့ရေ…။) သတိုးကြီးမိုက်ကလည်း မောင်ကျောက် မဟုတ်တာလုပ်နေပါစေဦးတော့…။ (မောင်ကျောက် ဘယ်လို မဟုတ်တာတွေ လုပ်နေသလဲဆိုတာ သတိုးကြီးမိုက်ကြီးနဲ့ တွေ့ရင် မေးကြည့်…။) မသိချင်ယောင်ဆောင်ပြီး အလိုလိုက်ထားတယ်တဲ့…။ အတွဲညီကြလေတဲ့ ဆရာတပည့်တွေပေါ့ကွယ်…။ အခုလည်းကြည့်…။ သူခိုး ငအံစာပြား ကို ရွှေတိုက်စိုးရာထူးခန့်အပ်လိုက်တော့… လက်ရှိ ရွှေတိုက်စိုးကြီး ဗညားအောင်တိုက် တစ်ယောက် တက်တစ်ခေါက်ခေါက်နဲ့ […]


black chawOctober 3, 20131min51418
ဘလက်ကြီးက နား နည်းနည်း လေးပါတယ်…။ နားလေးသူတွေရဲ့ ထုံးစံအတိုင်း ကြားချင်တာကိုကြားပါတယ်…။ ဒါကြောင့် ဘလက်ကြီးကြားသမျှ ဟာ နားစွန်နားဖျားတွေသာ ဖြစ်နေရတာပါ…။ ဆိုတော့ အခု ဘလက်ကြီးရဲ့ နားစွန်နားဖျားကြားသမျှလေးတွေပေါ့ ကိုကိုတို့ရယ်…။ ဟေးဟေး…။ ဒီနေ့ အောက်တိုဘာလ ၃ ရက်နေ့ ညနေ ၅ နာရီမှာ တဲ့ ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံမှာတဲ့… Miss Universe Myanmar နောက်ဆုံးအဆင့် ပြိုင်ပွဲရှိတယ်တဲ့…။ လှပ၍ ကျန်းမာပြီး အိုင်ကျူမြင့်သော မိန်းမ အယောက် ၂ဝ ထဲက ၁ ယောက်ရွေးမှာတဲ့…။ အဲဒီတစ်ယောက်က ရုရှားနိုင်ငံ မော်စကို မှာ ကျင်းပမယ့် Miss Universe ပြိုင်ပွဲကို သွားခွင့်ရမတဲ့…။ အို…ပြောရင်းနဲ့တောင် ရင်တွေတုန်လာတယ်…။ မပြောမရှိနဲ့နော်…။ […]


black chawOctober 1, 20131min147348
မင်းမရှိ…၊ ငါမရှိ…၊ အားလုံးဘယ်သူမှ မရှိ…၊ အမြဲရှိတဲ့ မမြဲခြင်းတရားသာရှိ…။ ဘယ်အရာမှ မမြဲဘူးဆိုတာကို ကိုငှက် က သီချင်းရေးပြီး တရားပြသွားခဲ့တာပါ…။ သူကိုယ်တိုင်လည်း မရှိတော့ပါဘူး…။ အနိစ္စ သဘောဟာ ဒီလိုရှိတယ်ကွလို့ ကိုယ်တိုင်တရားပြသွားခဲ့တာလား ကိုငှက်ရေ…။ ဟော…နောက်တစ်ယောက်ကလည်း သီချင်းနဲ့ပဲ တရားပြသွားတာခင်ဗျ…။ မောင်သစ်မင်းကြီး…။ ငါ…ရောက်ခဲ့ရာ ဒီအခန်းထဲ…၊ သုညများနဲ့ မွန်းကျပ်နေပြီ…၊ လူ့လောကဆိုတာ အခန်းတစ်ခန်းပဲ…၊ ကြည့်စမ်း…၊ ဝင်လာပြီး ပြန်ထွက်သွားခဲ့ကြ ဒီအခန်းမှာ…။ ဘယ်အရာမှ ကြာရှည်မြဲခွင့်မရ ဒီအခန်းမှာ…။ လူ့လောကကြီး ကို အခန်းတစ်ခန်းရယ်လို့တင်စားပြီး ဘယ်သူ့ဘယ်သူတွေမှ ကြာရှည်မြဲခွင့်မရဘူးဆိုတဲ့ အကြောင်း…၊ ဒီအခန်းထဲက ရုန်းထွက်ခြင်တဲ့ အကြောင်းရေးဖွဲ့ထားတဲ့ သီချင်းလေးတစ်ပုဒ်ပါ…။ သီချင်းနာမည်က နတ္တိ အခန်းတဲ့…။ ဦးကျော်ကြီး ဆိုခဲ့တာပေါ့…။ အခုတော့ ကိုငှက်ရော မောင်သစ်မင်းရော အခန်းထဲက […]


black chawSeptember 30, 20131min60232
( အူအတက်ယောင် လို့ ခွဲစိတ်ခံရပြီးဆေးရုံမှာ ၉ ရက်လောက် နေစဉ် ဖတ်လိုက်မိပြီး၂၈-၉-၂၀၁၃ ည ၉ နာရီ ခန့် က အိမ်ပြန်ရောက်ပါသည်။ ယခု ရေးတင်လိုက်ပါသည်။ ) ဒီနေ့ တနင်္လာနေ့မနက်ပိုင်း ရတဲ့အချိန်လေး အင်တာနက် ဆိုင် ဝင်ထို်င်မိပါတယ်…။ ထုံးစံအတိုင်း…ရွာထဲ ဘာတွေ ဖြစ်နေပြီလဲ ဆိုတာလေး…စနည်းနာလိုက်တော့… အထက်ပါ ကိုထူးဆန်းရဲ့ အူအတက်ယောင်လို့ ခွဲစိတ်ကုသခံရတယ်ဆိုတဲ့ သတင်းလေး ရတယ်ပေါ့ဗျာ…။ သတင်းပေးသူ ကိုယ်တိုင်က ပို့စ်ရေးတင်လိုက်တာ ခင်ဗျ…။ အော်…ကိုထူးဆန်းကြီးက နေမကောင်းဖြစ်နေတာတောင် ပို့စ်တစ်ပုဒ်ရေးပြီး… ရွာကို သံယောဇဉ်ဘယ်လောက်ကြီးကြောင်း ပြသွားပါရော့လား…။ အင်း…ငါ့လို လေးလုံးခြောက်ပက် ပေါင် ၂၀ဝ ကျော်ခန္ဓာကိုယ်ပိုင်ရှင်ကြီးက တော့ရောတဲ့…။ ဟယ်…ငါလည်း ရွာကို သံယောဇဉ်ကြီးကြောင်းပြဖို့ ရေးလိုက်တော့မယ်… လာလေရော့ ပို့စ် […]


black chawSeptember 5, 20131min58613
ဘယ်သူတွေ ဘာပဲ ပြောပြော… ယိုးဒယား အားကစား ကတော့ဖြင့် တိုးတိတ်စွာနဲ့ပဲ ကမ္ဘာ ကို တစ်ခဏတာ လွှမ်းခွင့်ရခဲ့ပါပြီ…။ တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှာ ကျင်းပသွားခဲ့တဲ့ ၂၀၁၃ ကမ္ဘာ့ကြက်တောင်ရိုက်ချံပီယံရှစ်ပြိုင်ပွဲမှာ… ထိုင်းကြက်တောင်မယ်လေး အင်သာနွန်က ကမ္ဘာ့ချံပီယန် ဆုကို ဆွတ်ခူးသွားပါတယ်တဲ့…။ နည်းတဲ့ ဆုမဟုတ်ဘူးနော် ကျောင်းဒကာ…။ အရှေ့တောင်အာရှ ချံပီယန် ဆု မဟုတ်ဘူးနော်…။ အာရှ ချံပီယန်ဆု မဟုတ်ဘူးနော်…။ ကမ္ဘာ့ ချံပီယန် ဆုဗျ…။ သေသွားမယ် ဘာမှတ်နေလဲ…။ အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲမှာ အင်သာနွန် ယှဉ်ပြိုင်အနိုင်ယူခဲ့ရတာက တရုတ်က ဆီဒင် (၁) ရတဲ့ လီရွှယ်ရဝေ ပါ…။ (၂၂-၂၀)၊ (၁၈-၂၁)၊ (၂၁-၁၄) ၂ပွဲ-၁ပွဲ နဲ့ အနိုင်ရခဲ့တာပါဗျာ…။ သူနဲ့ ကျမှ တိုက်တိုက် […]


black chawAugust 29, 20131min117048
တစ်ခါသားမှာဖြင့် ပေါ့ကွယ်…။ ဘုန်းလက်ရုန်း တန်ခိုးတော် ကြီးမားတယ်ဆိုတဲ့ တောင်လှေကားမြို့စား ကြီးမိုက်တစ်ယောက် မန်းဂဇက် နိုင်ငံတော်ကြီးရဲ့ ထီးနန်းကို သိမ်းပိုက်ရရှိတော်မူခဲ့သတဲ့…။ ဒန်…ဒန့်…ဒန်…။ အောင်မယ်…နန်းတက်တော့ ခံယူတဲ့ ဘွဲ့အမည်က သတိုးကြီးမိုက် တဲ့ဗျာ…။ လုပ်ပေါက်ကိုက…။ ဟေးဟေး…ပညာရှိ အမတ်ကြီး ကိုရင်စည်သူ တွက်ချက်ပေးတယ်ပြောတာပါပဲဗျာ…။ သတိုးကြီးမိုက် နန်းတက်တဲ့ အထိမ်းအမှတ်အနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ မာဆတ်ဆိုင်တွေ…၊ ကာရာအိုကေဆိုင်တွေကိုတစ်နေ့တာ ဖရီး ကုသိုလ်ဖြစ် လှူတော်မူစေတယ်တဲ့ ကျောင်းဒကာတို့ရေ…။ အရက်မျိုးစုံကိုလည်း သဒ္ဒါတရားထက်သန်စွာနဲ့ ဖရီးသောက် ခွင့်ပြုခဲ့သတဲ့ဗျာ…။ ပျော်စရာကောင်းလိုက်မယ့်ဖြစ်ခြင်း…။ ဟယ်…တွေးကြည့်ရုံနဲ့တင် ကြက်သီးမွေးညင်း ထလောက်ပါရဲ့…။ သာဓုပါဗျာ…၊ သာဓု…သာဓု…။ ဘုရင်အသစ်တက်တယ်ဆိုတော့ ထုံးစံအတိုင်း ပုန်ကန်ခြားနားကြသူတွေလည်း ရှိခဲ့တာပေါ့ဗျာ…။ ရမလားလို့ မခန့်လေးစားလုပ်တဲ့ သဘောပေါ့…။ ပုန်ကန်ကြသူတွေထဲ ရဲဘော်ရဲဘက် တေဘော်တေဘက် သောက်ဖေါ်သောက်ဘက် အုတ်ကျင်းစား ရာဇာဘလက်ချော […]