Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


black chawAugust 25, 20131min98625
ဗန်ပါစီ ၂ ဂိုးသွင်းတယ်…။ မန်ယူ အနိုင်ရတယ်…။ မန်ယူဘက်က လောင်းကြေးထပ်ကြသူတွေလည်း အပြည့်အဝပျော်ခွင့်ရခဲ့ကြပါရဲ့…။ သို့ပေမယ့်…။ မပျော်ပါဘူး…နှင်းဆီဖြူ… (ခင်ဝမ်း) တစ်သက်လုံး မန်ယူမှ မန်ယူ ဖြစ်ခဲ့ကြတဲ့ ကျွန်တော်တို့အတွက်တော့… မန်ယူရဲ့ အနိုင်ရရှိမှုက လွမ်းလောက်စရာ တစ်စက်မှ မရှိ…။ အဲဒီညက ဘောလုံးပွဲကို ဒေးဗစ်မိုယက်စ် တစ်ယောက် ဆားခတ်ဖို့ များ မေ့နေခဲ့လေရော့သလား…။ အူကြောင်ကြားကစားကွက်ထဲက ဖေါက်ထွက်ပြီး ၂ ဂိုးသွင်းပေးခဲ့သော ဗန်ပါစီကိုပဲ သူရဲကောင်းဘွဲ့ပေးရတော့မလိုလို…။ လက်သီးလက်မောင်းတန်းပြီးအောင်ပွဲခံနေတာကို မြင်ပြန်တော့… အင်း…ခက်တော့ အတော်ခက်သားလားကွယ်…။ အင်မတန်ပေါ့ရွှတ်သော ကစားကွက်တွေနဲ့…အနိုင်ရခဲ့တာက ဝီဂန်လို ပထမတန်း က အသင်း…။ သွင်းခဲ့တဲ့ ဂိုးတွေက မန်ယူ အရသာစစ်စစ် နဲ့ နည်းနည်း အလှမ်းဝေးနေခဲ့…။ ဒီခြေမျိုးနဲ့တော့ စပယ်ရှယ်ဝမ်းကြီး ကို ကျော်ဖြတ်ဖို့ […]


black chawAugust 11, 20131min98538
လွယ်သလား ခက်သလား ကျောင်းဒကာ… ဟေ့ဒီမှာ ချီးပါချင်တဲ့လူဆိုတာ ဟောဒီလို လှန်တတ်မှ… ချီးပါလို့ရမယ်ကွယ့်။ ဗိုလ်အောင်ဒင် ဒိုင်ယာလော့ခ်ထဲမှာ ချီးပါတာလေး ညှပ်ထည့်ပြီးသကာလ… ဟောဒီမှာ ဘလက်ချောရဲ့ ရင်တွင်းဖြစ် …ဗျစ်…။ ဒိုင်ယာလော့ခ်လေး ဖတ်ရင်း ဖင်လှန်တာလေးကိုပါ မျက်စိထဲမြင်ယောင်ကြည့်ပြီး ပြုံးများ ပြုံးမိသွားသေးသလားကွယ်…။ ကန်တော့နော် အစ်ကိုတို့ အစ်မတို့ ထမင်းစားနေရင်း အွန်လိုင်းပေါ်တက်နေကြသလားမသိ…။ ဒီလိုရှိပါတယ်ခင်ဗျ…။ “လူဆိုတာ ချေးပါရင် ဖင်လှန်ရတာချည်းပဲ…” အဲဒီအယူအဆကို ကိုကြွက်နီကြီးလည်း လွှတ်ခိုက်ခဲ့ဘူးပါတယ်တဲ့…။ ဟုတ်တယ်လေ…။ ဖင်မလှန်ပဲ ချေးပါလို့မှ မရတာနော့်…။ ဘလက်ကြီး ကိုယ်တိုင်လည်း ဒီ ဒိုင်ကိုပဲအဟုတ်ထင်ပြီး အပျင်းအထန် ငြင်းခုန်ဆွေးနွေးခဲ့ဘူးပါတယ်…။ ဖင်ပိတ်ညင်းတတ်သူတွေ သုံးနေကျ ဒိုင်ယာလော့ခ်လေးပါ…။ စစ်စကားနဲ့ပြောရရင် မဆုတ်တမ်းခံစစ်ပေါ့ ခင်ဗျာ…။ (နည်းနည်းမှကို မလျှော့နဲ့ ကျောင်းဒကာ…။) ကဗျာဆန်ဆန်ပြောရရင်တော့ ငြင်းခုန်ခြင်း […]


black chawAugust 4, 20131min109236
(နိဒါဏ်း) ချက်အောက်ပျက်လုံး တဲ့…။ မိတ်ဆွေတို့လည်း ကြားဖူးကြမှာပေါ့…။ တချို့သောလူရွှင်တော်တွေဟာ ဖိုမ ကိစ္စတွေကို တစ်တစ်ခွခွ အသုံးပြုပြီး လူတွေ ရယ်အောင်လုပ်တတ်ကြပါတယ်…။ ဒီနေ့ခေတ် မြန်မာဗီဒီယိုဇာတ်လမ်းတွေမှာလည်း မင်းသားတွေ မင်းသမီးတွေကတောင် အဲဒီ ဖိုမကိစ္စပျက်လုံးတွေနဲ့ ပရိသတ် လက်ခုတ်သံကို ချူဖို့ ကြိုးစားနေကြတာကို စိတ်ပျက်စရာကောင်းလောက်အောင် မြင်တွေ့နေရပါပြီ…။ အဲဒီလို ဖိုမကိစ္စတွေ အသုံးပြုထားတဲ့ ပျက်လုံးတွေကို ချက်အောက်ပျက်လုံးရယ်လို့ အပျောင်အပျက်ခေါ်တတ်ကြပါတယ်…။ သွားလေသူ ဘီအီးဒီအောင်သိုက် ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက ဒီလို ညစ်ညမ်းတဲ့ ပျက်လုံးထုတ်တတ်သူတွေ ရဲ့ ပျက်လုံးတွေကို မရယ်ရတဲ့အပြင်…ရယ်တောင်ရယ်ရသေးတယ် ဆိုပြီး မှတ်ချက်ပြုခဲ့ဘူးပါတယ်…။ ဟေးဟေး…။ ဘီအီးဒီအောင်သိုက်ကြီးပြောခဲ့တဲ့ မရယ်ရတဲ့ အပြင် ရယ်တောင်ရယ်ရသေး ဆိုတဲ့ စကားလေး က ချစ်ဖို့ မကောင်းဘူးလားဗျာ…။ တစ်စိမ့်စိမ့်တွေးပြီး တစ်စိမ့်စိမ့်ပြုံးရလောက်တဲ့ အဖွဲ့အနွဲ့တစ်ခုလို့တောင် […]


black chawJune 6, 20131min73224
၂၀၀၁ ခုနှစ်လောက်က ရေးခဲ့တဲ့ မင်းခိုက်စိုးစံရဲ့ ကဗျာလေးတစ်ပုဒ်ကို ကျွန်တော်အကြိုက်တွေ့နေမိပါတယ်…။ တစ်ပုဒ်လုံးထဲကမှ အောက်က ၂ ကြောင်းထဲကို ခိုက်နေမိတာပါ…။ မြစ်ဘေးက သစ်ပင်လို သူများတွေ စီးဆင်းနေတာကိုပဲ ငေးကြည့်နေချင်ရဲ့ တဲ့…။ အမှန်တကယ်တော့ ကျွန်တော်ကိုယ်တိုင်လည်း မြစ်ဘေးကသစ်ပင်လိုပါပဲ…။ သူများတွေစီးဆင်းနေတာကိုပဲ ငေးကြည့်နေချင်မိတာပါ…။ သတ္တိနည်းတဲ့လူတွေရဲ့ ထုံးစံအတိုင်း… ဝီရိယနည်းတဲ့လူတွေရဲ့ ထုံးစံအတိုင်း… အပျင်းကြီးတဲ့လူတွေရဲ့ ထုံးစံအတိုင်း… တွေဝေတတ်တဲ့လူတွေရဲ့ ထုံးစံအတိုင်း… အားနာတတ်တဲ့လူတွေရဲ့ ထုံးစံအတိုင်း… ကိုယ်တိုင်စီးဆင်းဖို့ မကြိုးစားပဲ… သူများတွေစီးဆင်းနေတာကိုပဲ ငေးမော ကြည့်ရှုနေချင်တဲ့ ကောင်ပေါ့…။ မြစ်ကြီးကတော့ ပုံစံမျိုးစုံနဲ့ စီးဆင်းနေခဲ့တာပေါ့…။ ဘယ်လိုပဲဖြစ်ဖြစ်… ကျွန်တော်က မြစ်နံဘေးက သစ်ပင်ပါ။ —————————————————————– မြန်မာနိုင်ငံရဲ့ မြို့တချို့မှာ ဖြစ်ပွားနေခဲ့တဲ့ ပဋိပက္ခဆိုတာတွေကို ကျွန်တော် စိတ်မကောင်းခြင်းကြီးစွာနဲ့… စောင့်ကြည့်နေခဲ့ဖူးပါတယ်…။ ကြည့်နေရင်းတန်းလန်းမှာပဲ… ကမ္ဘာကျော်ပြဇာတ်ဆရာကြီး […]


black chawJune 5, 20131min110232
ကိုယ်ပိုင်အတွေးမဟုတ်ပေမယ့် ကိုယ်ပိုင်အရေး ဖြစ်ပါတယ်ဗျာ…။ စိတ်ပြေလက်ပျောက်ဖတ်ကြည့်ကြပါဦး…။ တစ်ခါတုန်းက အင်မတန်မှန်အောင် ဟောနိုင်တယ်ဆိုပြီး နာမည်ကြီးတဲ့ လက္ခဏာ ဆရာကြီး ပါလေရာဆိုတာရှိသတဲ့ကွယ်…။ သူ့ဆီမှာ လက္ခဏာကြည့်ဖို့ကလည်း မလွယ်ပါဘူးတဲ့…။ တန်းစီရတယ်ပေါ့ဗျာ…။ တစ်နေ့တော့ နိုင်ငံခြားပြန်မော်တော်မောင်းသမားလေး မိုက်ကယ်ကိုရင်စည်သူဆိုတဲ့ ပုဂ္ဂိုလ်လေးဟာ လက္ခဏာလာကြည့်သတဲ့…။ ဒီလူက နိုင်ငံခြားပြန်ဆိုတော့ လက္ခဏာဆရာကို သိတ်အယုံအကြည်မရှိပါဘူးတဲ့…။ သူ့မိန်းမက ခေါ်လာလို့သာ လိုက်လာရတာဆိုပဲ…။ လက္ခဏာဆရာကြီး ပါလေရာကလည်း ကိုရင်စည်သူ့လက်ကိုကိုင်ကြည့်ပြီး ခင်ဗျားရဲ့လက်ဝါးကို ကြည့်လိုက်တာနဲ့ ခင်ဗျား ဘဝဇာတ်ကြောင်းတွေကို ကျွန်တော် တိတိကျကျ ပြောနိုင်နေပြီဗျာ လို့ ယုံကြည်ချက်အပြည့်နဲ့ ပြောလိုက်သတဲ့…။ နဂိုကမှ အယုံအကြည်မရှိတဲ့ မိုက်ကယ်ကိုရင်စည်သူဟာ မခံချင်စိတ်ဖြစ်သွားသတဲ့…။ ကဲပြောစမ်းပါဦးဗျာ..၊ ခင်ဗျား တိတိကျကျ သိနေပါတယ်ဆိုတဲ့ ကျွန်တော့်အကြောင်းလေးတွေ လို့လည်း ပြောလိုက်သတဲ့…။ ဆရာကြီးပါလေရာ…။ ။ ခင်ဗျားမှာ သားသမီး […]


black chawJune 4, 20131min1522102
ကြိုတင် ဝန်ခံထားပါရစေ…။ လွန်ခဲ့တဲ့ ငါးလလောက်က ရေးထားဖြစ်ခဲ့ပြီး တင်ချင်စိတ်မရှိလို့ မတင်ဖြစ်ပဲ ထားခဲ့တဲ့ ပို့စ်ကို အခု အားအားလျားလျား ဖြစ်နေတဲ့အချိန်…၊ ပို့စ် ရေးရမှာလည်း ပျင်းနေတာနဲ့ နည်းနည်း ပြင်ဆင်ခြယ်သ မွမ်းမံပြီး တင်လိုက်တာပါဗျာ…။ စာရေးဆရာမက ဝတ္ထုရေးတယ်…။ ရုပ်ရှင်ဒါရိုက်တာက ရုပ်ရှင်ရိုက်ဖို့ဝယ်တယ်…။ မင်းသားနဲ့ မင်းသမီးက သရုပ်ဆောင်တယ်…။ ဘာဆန်းလဲ…။ ဘာများဆန်းကြယ်နေပါသလဲ…။ အဲဒီမဆန်းတာတွေကြားကပဲ ဆန်းတာကြီးတစ်ခုက ထွက်ချလာရော ကျောင်းဒကာရေ…။ နှုတ်ခမ်းခြင်းနမ်းတဲ့ အခန်းတစ်ခန်းကို အဲဒီ ရုပ်ရှင်ဇာတ်ကားထဲမှာ ဒါရိုက်တာက ထည့်မလို့တဲ့…။ ဝတ္ထုထဲမှာလည်း မပါခဲ့ဘူးတဲ့နော်…။ ကဲ…ကြည့်…။ အဲဒါကြီးကိုက ဆန်းနေပါတယ်ဆို…။ မင်းသမီး အဖြစ်သရုပ်ဆောင်မယ့် သက်မွန်မြင့်က အင်္ကျ ီအဝတ်အစားအတွက် ကြိုတင်ပြင်ဆင်ဖို့ ဆိုပြီး… ဒါရိုက်တာ လုပ်သူထံက ဇာတ်ညွှန်းတောင်းဖတ်သတဲ့…။ ဇတ်ညွှန်းထဲမှာပါလာတဲ့ ဆင်းန် […]


black chawMay 30, 20131min73322
နားစွန်နားဖျားရပ်ကွက် ခေါင်းစဉ်နဲ့ ပို့စ်တစ်ပုဒ်ရေးသားနေတယ်ဆိုပြီး သတင်းပေးထားတာ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတည်းကပါ…။ ခေါင်းစဉ်ကြိုပေးပြီး ရေးစရာက မယ်မယ်ရရမရှိ…။ ခေါင်းစဉ် က ဘောင်ခတ်ပေးလိုက်သလိုဖြစ်ပြီး စိတ်လွတ်လက်လွတ်ရေးလို့ကို မရနိုင်ခဲ့ပါ…။ တတ်နိုင်သလောက်တော့ အားထည့်ရေးလိုက်ပါတော့မယ်…။ လိုရင်းရောက်မရောက်ကို သာ မိတ်ဆွေတို့ ဆုံးဖြတ်ပေးကြဖို့ပါ…။ ******************************************************************* ပုဂ္ဂလိက သတင်းစာတွေထုတ်ဝေခွင့်ပြုလိုက်တာ မိတ်ဆွေတို့ သိထားပြီး ဖြစ်ကြမှာပါ…။ ကြေးမုံ နဲ့ မြန်မာ့အလင်း အစိုးရကိုယ်စားပြုသတင်းစာ ၂ စောင်လောက်နဲ့ လည်ပတ်နေခဲ့ရတဲ့ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝထဲကို ပုဂ္ဂလိကသတင်းစာတွေ အတည်ပေါက်ကြီး ဝင်လာခဲ့ပါပြီ…။ ရွေးချယ်ခွင့် ရလာတဲ့ သဘောပေါ့…။ အစိုးရသတင်းစာတွေဖြစ်တဲ့ ကြေးမုံတို့ မြန်မာ့အလင်းတို့ကလည်း ပုံသဏ္ဍန်တွေပြောင်း၊ ကာလာတွေထည့်လို့ ပုဂ္ဂလိက သတင်းစာတွေကို ဈေးကွက်အတွင်း ယှဉ်ပြိုင်လာခဲ့တာကို မြင်တွေ့နေရပါတယ်…။ စစ်မြေပြင်သဘောအရပြောရရင် အစိုးရသတင်းစာတွေက အသာစီးရနေပါတယ်…။ ဈေးနှုန်းကလည်း အစိုးရသတင်းစာတွေက […]


black chawMay 21, 20131min54117
မိတ်ဆွေတို့ မှတ်မိဦးမလား မဆိုနိုင်ပါဘူး…။ IRON CROSS ရဲ့ ဖခင်ကြီး (အဲဒီလောက်ဆိုရင်ကို တန်းသိနေကြပါပြီ) ချစ်စမ်းမောင် ရဲ့ ဆရာ၊ ကဗျာဘွဲ့မှူး၊ မီးမီးခဲ တို့ရဲ့ အဖေ…၊ ထူးအယ်လင်းရဲ့ ယောက္ခထီး…၊ ကိုင်ဇာ၊ လွှမ်းမိုးတို့ရဲ့ သူငယ်ချင်း…(အရင်းခေါက်ခေါက်ကြီးတွေတဲ့နော် … ဘာမှတ်နေလဲ…) စောဘွဲ့မှူး ဆိုတဲ့ ပုဂ္ဂိုလ် အကျော်အမော်ကြီး က (ဗိုလ်ချုပ်မှူးကြီးနဲ့လည်း မှားနေကြဦးမယ် ဟေးဟေး…)၊ L.P.J ရဲ့ အရှင်သခင် အန်ကယ်ကြီး မြန်မာပြည်သိန်းတန် (တွံတေးသိန်းတန် မဟုတ်ဘူးနော် ကျောင်းဒကာ…အကုန်လျှောက်လွဲကုန်လိမ့်မယ်…ဘာမှတ်နေလဲ) ဇာခြည်လင်း တို့ရဲ့ ချစ်လှစွာသော သမီးလေးပိုးဒါလီသိန်းတန် အတွက် ချစ်စရာသီချင်းလေးတစ်ပုဒ်ကို…ရေးသားစီရင်ပေးခဲ့ဘူးပါတယ် မိတ်ဆွေ…။ (အော် ဘလက်ကြီးလွမ်းတဲ့အထဲမှာ အဲဒီ ပိုးဒါလီလေးရဲ့ နှုတ်ခမ်းထော်ထော်လေးလည်းပါတယ်ခင်ဗျ…အာဟီး) နည်းနည်းလေး မန်မိုရီ ပြန်ခေါ်ကြည့်ပါဗျာ…။ သီချင်းလေးနာမည် […]


black chawMay 17, 20131min118883
မိတ်ဆွေတို့ သတိထားမိကြမလား မဆိုနိုင်ပါဘူး…။ အခုတလော ဘလက်ချော ရေးတဲ့ ပို့စ်တွေမှာ အကိုးအကားတွေ များနေတာကို ပြောတာပါ…။ ကိုယ်ပိုင်အတွေးအခေါ်မရှိလို့ သူများ အတွေးအခေါ်တွေ ခိုးခိုးချနေတယ်လို့ ပြောရင်လည်း ခံရတော့မှာပါပဲ…။ သီချင်းတွေထဲက စာသားတွေ…၊ ကဗျာတွေထဲက စာသားတွေ…၊ ဦးကုလား မဟာရာဇဝင်ကြီးထဲက စာသား အပိုဒ်လိုက်တွေ…၊ နောက်ဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေတွေထဲက စာသားတွေတောင် မချန်…၊ ခိုးချပြီး ပို့စ်တွေရေးနေမိတာကို ဘယ်သူမှ လက်ညှိုးမထိုးခင် ကိုယ့်ကိုယ်ကို လက်ညှိုးထိုး လိုက်ပါတယ်ဗျာ…။ ဆိုတော့…။ အခုပို့စ်ကရောတဲ့…။ ဟုတ်ကဲ့…။ ဆဲရင်လည်း ခံရမှာပဲ…။ ဇာတ်မင်းသားလေး သိန်းဇော်ရဲ့ ကဗျာလေးတစ်ပုဒ်နာမည်ကို ကိုးကားခွင့်ပြုပါဦးလို့…။ ကဗျာလေးရဲ့ နာမည်က မိမိကိုယ်မိမိ ခိုးယူပေါင်းသင်းခြင်း …တဲ့…။ အဲဒါလေးမပြောခင် ဇာတ်မင်းသားလေး မောင်သိန်းဇော်အကြောင်း နည်းနည်း ပြောကြဦးစို့ရဲ့…။ မောင်သိန်းဇော် […]


black chawMay 3, 20134min102852
ဓါတ်ပုံမတင်တာတောင် အတော်ကြာပြီ…။ အခု ပြန်တင်ဦးမလို့…။ ၂၀၁၃ ခုနှစ်အတွင်း ခရီးအတော် ထွက်ဖြစ်တယ်…။ ရောက်လေရာမှာလည်း ထုံးစံအတိုင်း ကင်မရာတစ်လုံးနဲ့ လက်ဆော့မိတယ်…။ ရောက်ရာပေါက်ရာဒေသအစုံက ကောင်းနိုးရာရာ ပုံလေးတွေ စုပြီး တင်လိုက်တယ်…။ အမှတ်တရပေါ့…။


black chawMay 1, 20131min98232
ဟိုတုန်းက မပြိုကွဲသေးခင် ဆိုဗီယက် ပြည်ထောင်စု ကြီးရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အပိုဒ် (၁၂) မှာ ဖေါ်ပြထားတာလေး နည်းနည်း ကိုးကားခွင့်ပြုကြပါခင်ဗျာ…။ “အလုပ်မလုပ်သောသူသည် အစာစားရလိမ့်မည်မဟုတ်” အဲဒီလိုကြီးကို အတိအလင်း ဖေါ်ပြထားခဲ့တာနော် ကိုကို…။ ရှင်းပါတယ်…။ အစာစားချင် အလုပ်လုပ်… အလုပ်မလုပ်ရင် အစာမစားရ… ချဉ်ပေါင်ဟင်း နဲ့ စားရမှာလား…။ ဝက်သားဟင်းနဲ့ စားရမှာလား…။ အဲဒါကတော့ ကိုယ့်ဒေါသနဲ့ကိုယ်…။ ကိုယ့်သဘောကိုယ်ဆောင်…။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ အပိုဒ် ၁၁ ကလည်း ဒီလိုဆိုထားပြန်ပါတယ် ကိုကို…။ “ဆိုရှယ်လစ် စီမံကိန်းအရ စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ကြသည့်အခါ အလုပ်လုပ် နိုင်သော သူတိုင်း မိမိလုပ်နိုင်သော အလုပ်ကို လုပ်ကြရမည်” တဲ့…။ ဟုတ်တာပေါ့…။ ဘလက်ကြီးတို့လို ဆိုက်ကားနင်းနိုင်တဲ့လူက ဆိုက်ကားနင်းပေါ့…။ လုံမလေးတို့လို […]


black chawApril 12, 20131min80237
This is ဇာတ်ကြီးဆယ်ဘွဲ့ One Day Sunshine လေကြီးမိုးကြီး ဝုန်းဒိုင်း ဟေးဟေး…။ ဘလက်ကြီးတစ်ယောက် ရေးစရာမရှိတော့လို့ ဇာတ်ကြီးဆယ်ဘွဲ့ ဘက်လှည့်ပြီလို့ မတွေးလိုက်ပါနဲ့…။ လေကြီးမိုးကြီး ဝုန်းဒိုင်း ဆိုတဲ့ စာသားလေးကို ယူသုံးမလို့ နိဒါဏ်းချီလိုက်တာပါ…။ အမှန်တကယ်တော့ ဘလက်ကြီးက အလုံးကြီးသူများ စာရင်းဝင်တစ်ယောက်ပါ…။ မိုက်လုံးကြီးတယ်…။ သောက်လုံးကြီးတယ်…။ စားလုံးကြီးတယ်…။ နောက်ဆုံး…ပါးစပ်ကထွက်တဲ့ လေလုံးကလည်း အင်မတန်ကြီးပါတယ်…။ အဲဒါကြောင့် ဘလက်ကြီး ကို အကြောင်းသိသူတွေက လေကြီးမိုးကြီး ဘလက် ရယ်လို့… နာမည်ပေးကင်ပွန်းတတ်ထားပါသတဲ့…။ အလုံးကြီးကြီးတွေ ပြောတတ်တဲ့ ဘလက် ပေါ့ ခင်ဗျာ…။ တကယ်တော့ ဘလက်ကြီး လေကြီးမိုးကြီး တွေ ပြောတတ်တာ သိတ်တော့လည်း မထူးဆန်းလှပါဘူး…။ လေကြီးမိုးကြီး ခေတ်ကို ဖြတ်သန်းလာခဲ့သူဆိုတော့… တံငါ နားနီး […]


black chawApril 7, 20131min118351
ဟဲဟဲ … သိတ်ပြီး ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား အတွေးအခေါ်တွေ တင်ပြတော့မှာပဲရယ်လို့ တွေးလိုက်တယ်ဆိုရင်တော့… ဟိုး ဆရာ ဟိုး…။ ဒီလိုဗျ…။ အခုတလော ကျွန်တော်တို့ ရွာရဲ့ အထင်ကရပုဂ္ဂိုလ်အကျော်အမော်ကြီး၂ ဦး ရန်ကုန်မြို့ကို အလည်အပတ် ရောက်ရှိနေလေရဲ့ဗျာ…။ ပထမ ရောက်ရှိလာသူကြီးက အဘဆွေ လို့ ရွာသူားတွေ ချစ်စနိုး ခေါ်ကြတဲ့ ဘိလပ်ပြန် ကိုဆွေ ခင်ဗျ…။ အဘဆွေလို့သာ ခေါ်နေကြတာပါဗျာ…။ အသက်က ၄ဝ ဝန်းကျင်နဲ့ လူကအရွယ်တင်နုပျိုနေလေတော့ ၃ဝ ကျော်လောက်လို့ ထင်ရတဲ့ ဥပဓိပိုင်ရှင်ပါ…။ အသားက ဖြူဖြူ၊ ဝတ်တာစားတာနေတာထိုင်တာပြောတာဆိုတာ ကလည်း အင်မတန် နူးညံ့သိမ်မွေ့ပါတယ်…။ သူကိုယ်တိုင် ဂုဏ်ယူဝင့်ကြွားစွာပြောတတ်တဲ့ စကားတစ်ခွန်းကတော့ ကျွန်တော်က လူပျို ၆ ခါလောက်ဖြစ်ခဲ့ဘူး ပါတယ် တဲ့…။ […]