စကားကြီးစကားကျယ် ပြောတယ်လို့တော့ဖြင့် မထင်ကြစေချင်ပါဘူး…။ လူ့ဘဝဆိုတာ အငိုနဲ့စ အငိုနဲ့ ဆုံး ဆိုလား…။ နားစွန်နားဖျားကြားခဲ့ဘူးပါတယ်…။ ဆိုတော့… ကျွန်တော့်ပို့စ်ကိုတော့ဖြင့် အပျော်နဲ့စပြီး အပျော်နဲ့ပဲ အဆုံးသတ်ချင်ပါတယ်ဗျာ…။ ကဲ ပျော်စရာ ပုံပြင်လေးတစ်ပုဒ်နဲ့ စလိုက်ရအောင်…။ နိုင်ငံရေးဆိုတာ ဘာလဲကွယ် တစ်ခါတုန်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးကြီး နိုဇိုးမိ ဆိုတာ ရှိသတဲ့…။ နိုဇိုးမိကြီးမှာ စိုးမြတ်သူဇာ လို ချောမောလှပတဲ့ တောင့်တောင့်ဖြောင့်ဖြောင့် ဇနီးချောကြီးရယ် အရွယ်နဲ့မလိုက်အောင် စကားကြီးစကားကျယ်ပြောတတ်တဲ့ ငါးနှစ်အရွယ် သားကြီးနဲ့ မွေးကာစ သားအငယ်တစ်ယောက်တို့ ရှိကြသတဲ့…။ မိုးဟေကို လို ဆက်စီ ဖြစ်တဲ့ အိမ်ဖေါ်မလေးတစ်ယောက်လည်း ရှိသေးတယ်တဲ့…။ (အားကျလိုက်တာနော် အာဟီး…) တစ်နေ့တော့ နိုဇိုးမိ ကြီး ရဲ့ သားအကြီးကောင်က နိုဇိုးမိ ကြီးကို မေးခွန်းတစ်ခု မေးသတဲ့…။ […]