etoneJune 16, 20131min19019
အစိုးရ ရုံးပိတ်ရက်တွေနဲ့ တနင်္ဂနွေရုံးပိတ်ရက်တိုင်းမှာ အခါအားလျှော်စွာ နေ့ချင်းပြန်ခရီးထွက်ခြင်း ၊ဈေးဝယ်ထွက်ခြင်း ၊ ရုပ်ရှင်ကြည့်ခြင်း ၊အပြင်ထွက်ပြီး မိသားစု ထမင်းလက်ဆုံ ထွက်စားခြင်း၊ ဆွေမျိုးတွေဆီ မိသားစုလိုက် အလည်သွာခြင်းတွေလုပ်ပြီး ၊ တပတ်လုံး အလုပ်ကိုယ်စီနှင့် မျက်နှာမြင်ဖို့တောင် ခက်ခဲတဲ့ ကျွန်မတို့မိသားစုရဲ ့ အားလပ်ရက်ကို ၊ နွေးထွေးစွာနဲ့ အတူဖြတ်သန်းကြပါတယ် ။ အပြင်မထွက်ဖြစ်တဲ့ ရက်တွေမှာတော့ အိမ်မှာမုန့်လုပ်စားပြီး ၊ ရုပ်ရှင်ကြည့်လို့ အချိန်ဖြုန်းခဲ့ကြပါတယ် ။ ဒီနေ့ ၁၆-၆-၁၃ မှာတော့ ၊ ကျွန်မအစ်ကိုနဲ့ ယောင်းမ ခရီးထွက်သွားတာကြောင့် ခါတိုင်းလို မိသားစုလူမဆုံဖြစ်တဲ့အခါ ၊ အိမ်မှာပဲ တစ်ခုခုလုပ်စားတော့မယ် တွေးတုန်း ၊ အပြင်ထွက်ရအောင် သမီးရေလို့ အမေကစကားစလာပါတယ် ။ အသိလူနာသတင်းသွားမေးမှာ အင်းစိန်ဆေးရုံမှာ လိုက်ခဲ့ပါ […]


etoneJune 11, 20131min24611
1st , June 2013 ( 5:10am) ညဉ့်နက်ပိုင်းကတည်းက အငြိုးကြီးစွာဖြင့် သည်းသည်းမည်းမည်း ရွာထားသောမိုးကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး စိုစွတ်ကာ အေးစိမ့်နေပါတယ် ။ မိုးအေးအေးဖြင့် ကွေးနေရတဲ့အချိန်က မက်မောစရာကောင်းလွန်းသော်လည်း ၊ အသံသေး အသံကြောင် မြည်နေတဲ့ နှိုးစက်ကြောင့် လန့်နိုးလာခဲ့ရတယ် ။ ကျွတ်ကျွတ်ညံအောင် အော်နေတဲ့ နှိုးစက်ကို မျက်စိမဖွင့်ပဲ လက်တဖက်ဖြင့် ပိတ်ပစ်လိုက်တယ် …  ။ ကိုယ်ပေါ်ခြုံထားပါလျှက် တဝက်စွန်းတစ ကုတင်အောက်ထိ ပြုတ်ကျနေတဲ့ စောင်ကို ခပ်တင်းတင်းဆွဲပြီး ခေါင်းမြီးခြုံကာ ပြန်ကွေးနေခဲ့မိတယ် ။ ဒီအချိန် ကမာ္ဘပျက်လျှင်တောင် ထမကြည့်ဘူးလို့ တွေးရင်း ၊ တဖန်ပြန်အိပ်ပျော်သွားတော့တယ် ။ %%%%%%%%%%%%%% ထမင်းဆယ်ရက် မစားရတဲ့ ဗိုက်တစ်လုံးထဲ နတ်ကန္နား ပေးနေသလို […]


etoneJune 7, 20131min49141
4th Jun,2013 (1:12pm) ကောင်းကြသေးရဲ့လား အရပ်ကတို့ရဲ့ …. ဆွမ်းဆန်ထဲ ကြွက်ချေးရောတယ် ဆိုတာပဲ ကြားဖူးပါရဲ့တော် ခုတော့ ပဲပေါက်စီထဲ ပိုးဟပ်ချေးပါ ရောလေရော ။ ကြုံလည်း ကြုံဖူးပါဘူးတော် … ကိုယ်တိုင်က အစားသောက်ပေါ် သံသယရှိ sensitive ဖြစ်တဲ့လူမျိုးဆိုတော့ အမြင်အားဖြင့် လတ်ဆတ်လားအရင်ကြည့် ၊ အနံ ့ခံပြီးမှ စားတတ်တဲ့ အကျင့်လည်း ရှိတယ် ။ ပို့စ်မရေးခင် မကြာသေးခင် မိနစ်ပိုင်းလေးကမှ ” water fish” က လှည်းတန်း လာရှိုး King က ဝယ်လာတဲ့  ပဲပေါက်ဆီတလုံး လာပေးသွားတယ် ။ ပေါက်စီမစားခင် လက်အရင်ဆေးပါတယ် … ပြီးမှ  အောက်ခံ စက္ကူဖတ်ကိုခွာ ၊ ပေါက်စီ […]


etoneMay 10, 20131min28420
( ဒီပုံစံအတိုင်းဆို … နိုင်ငံတွင်းက .. ဆရာဝန်တွေ ..ဆေးကုဖို့ တွန် ့ပြီး ….  ပြည်ပပဲရောက်ကုန်တော့မလား ၊ စီးပွားရေးပဲ ပြောင်းလုပ်တော့မလားမသိ …. ။ ရဲတွေဘက်တားဂတ်ထားပြီး ဆူအောင်လုပ်တုန်းက မအောင်မြင်လို့ .. ခုဆရာဝန်တွေဘက် … မြှားဦးလှည့်လာပြီ …. ဆရာဝန်တွေ ကပ်ဆိုက်တယ် .. ခေါင်းကျိမ်းပေတော့ပဲ ….  😛 အဟမ်း … အားနေလို့ လက်သရမ်းတယ်ပဲပြောပြော .. ဝါသနာ ပါလို့ အာဝင်ချောင်တယ်ပဲပြောပြော … မိမိရဲ့ ထင်မြင်ချက်ကို နည်းနည်းပွားခွင့် ပြုပါ အရပ်ကတို့ရေ …. ။ ကိုယ်ပိုင် ထင်မြင်ချက်နဲ့ ထောက်ပြရေးထားတာကြောင့် … တစုံတဦးအပေါ် ထိခိုက်နစ်နာမှု ဖြစ်လာခဲ့လျှင်လည်း … ဆောရီးပါလို့ […]


etoneMay 8, 20133min29417
အချိန်တွေ ကုန်မြန်လွန်းလှပါတယ် … ဒါဇင်ပလက်စ်ရဲ့ လစဉ် အလှူအတွက် ဘယ်မှာသွားလှူရမလဲ ကျောင်းရွေးခါနီးတိုင်း ခေါင်းလည်း စားကြရတယ် … လတ်လောတော့ ရန်ကုန်မြို့တွင်းက ဘကကျောင်းတွေကိုပဲ ဦးတည်လှူဒါန်းဖို့ စိတ်ကူးထားတာကြောင့် နီးစပ်ရာ ဘက ကျောင်းစာရင်းတွေလုပ်ရပါတယ် ။ ဘယ်ကျောင်းကို အရင်သွားရမလဲ ဆိုတာ မဲစနစ်နဲ့ ရွေးချယ်ရပါတယ် ။ ယခုလအတွက် မဲပေါက်သော်လည်း ၊ ကြိုတင်ဆက်သွယ်လို့ မရတဲ့အတွက် သွားမလှူဖြစ်ပဲ တခြား ကျောင်းတွေကိုသာ လှူဖြစ်ခဲ့တဲ့ အဖြစ်တွေလည်း ရှိပါတယ် … ။ ဒါဇင်ပလက်စ်အဖွဲ့ဝင်တိုင်း အလုပ်ကိုယ်စီသွားကြရတာကြောင့် အလှူနေ့ကွန်ဖမ်းဖြစ်ဖို့ စာတွေပို့ ၊ ဖုန်းတွေဆက်နဲ့ လှုပ်ရှားရင်း ၊ တလပြီး တလ ဖြတ်သန်းကြရပါတယ် ။ %%%%%%%%%%%%%%%%%% ဒါဇင်ပလက်စ်ရဲ့ (၉)ကြိမ်မြောက်အလှူအဖြစ် 6-4-13ရက်နေ့တွင် […]


etoneMay 3, 20131min61831
  လိင်ခွဲခြား ဆက်ဆံမှုတွေမြင့်မားနေတဲ့ မြန်မာနိုင်ငံမှာ ၊ မိန်းတစ်ယောက်အဖြစ် မွေးဖွားလာခဲ့ပါလျှင် ၊ အိမ်မှုကိစ္စ ၊ ဝေယျာဝစ္စအဝဝနဲ့ အိမ်တွင်းအိမ်ထောင့်တာဝန်ထမ်းရမယ့် ကိစ္စတွေမှာ တာဝန်အရှိဆုံးရယ်လို ့ အလိုလိုသတ်မှတ်ခံခဲ့ကြရတယ် ။ ဒါကြောင့်လည်း မိန်းမအဖြစ် မွေးဖွားလာသူတွေထဲ အများစုက သိတတ်စ အရွယ်ကစပြီး ၊ အိမ်မှု ကိစ္စတွေကို အသက်အရွယ်အပိုင်းခြား အလိုက်တဆင့်ခြင်း လေ့ကျင့်သင်ကြားပေးခြင်း ခံခဲ့ရပါတယ် ။ လူကြီး သူမတွေခိုင်းစေ သင်ကြားလို့သာ လိုက်လုပ်ကြရလို့ ၊ အိမ်မှုကိစ္စမှာ ဝါသနာပါရင်း သင်ကြားတတ်မြောက်သွားသူတွေ ရှိသလို ၊ ဘယ်လောက်သင်သင် ဝါသနာရော ၊ စိတ်ဝင်စားမှုပါမရှိတာကြောင့် … အိမ်တွင်းမှု မလုပ်မတတ်တဲ့ မိန်းမတွေလည်း ဒုနဲ့ဒေးပါပဲ … ။ တတ်တာ မတတ်တာ အပထား […]


etoneApril 6, 20131min53741
Mandalay Gazette ကြောင့် အမျိုးမျိုးသော လုပ်ငန်းခွင် အသီးသီးမှ ၊အလွှာစုံ ၊  အသက်ရွယ်စုံ ၊ ရောင်သွေးစုံ ဝါသနာ စုံလူများကို အပြင်လောကမှာပါ ရင်းနှီးခွင့်ရခဲ့ပါတယ် ။ မကြာခဏဆိုသလို တွေ့ ဆုံပွဲတွေလုပ်ကြတယ် ။ အလျဉ်းသင့်သလို တွေ့ဆုံခဲ့ကြတယ် ။လက်လှမ်းမှီသလောက် အလှူလေးတွေလည်း စုပေါင်းပြီး လုပ်ခဲ့ကြတယ် ။  ရန်ကုန် ၊မန္တလေး ၊ နေပြည်တော်နှင့် အခြားနယ်မှ လူတွေ လာတိုင်း အလျှင်းသင့်သလို  တွေ့ဆုံပွဲတွေ လုပ်ကြ ဧည့်ဝတ်ပြုကြနဲ့ နွေးနွေးထွေးထွေးရှိခဲ့ကြတယ် ။ ပြည်တွင်းက လူတွေတင်မကပဲ ၊ ပြည်ပမှ ပြန်လာသူတွေအထိပါ အလျဉ်းသင့်သလို ဆုံကြတဲ့အခါ ၊  တခါမှ မဆုံခဲ့ကြဖူးပေမယ့် စာတွေရေးကြ ၊ ကော့မန့်တွေပေးကြနဲ့ နောက်ပြောင်းရင်း ငယ်ငယ်က […]


etoneApril 3, 20131min31425
သူများတွေ ၊ တိုင်စာ တောစာ ရွာထဲ လာတင်တုန်းက နေရာမှားပြီး လာတင်တယ် မှတ်တာ ၊ တကယ်တော့ ကိုယ်က ဉာဏ်မမှီလို့ မတွေးမိတာ ၊ စာဖတ်နေတဲ့ လူထဲရော ၊ ရွာသူ/သားတွေထဲမှာရော ပေါက်ပေါက်ရောက်ရောက် လူတွေပါနေတယ်ဆိုတာ  လေသံကြား ဖမ်းတရားနာရင်း သတင်းရခဲ့ပါတယ် ။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ စနစ်တကျ မဖြစ်လို ့ နစ်နာရတယ် ယူဆပြီး ပြောသင့်တာ ပြောပါဦးမယ် ။ ဖုန်းဘေလ်ကောက်ခံမှု စနစ် ကမောက်ကမဖြစ်နေတာကြောင့်ပါ ။ ဒီလထဲမှာတင် စံချိန်တင်လောက်အောင် ခဏခဏ ထည့်လိုက်ရတဲ့ ပိုက်ဆံကဒ် ဘယ်လောက်တောင် သုံးပစ်လိုက်လဲ ကိုယ်တိုင်မမှတ်မိပါဘူး ။ အလုပ်နဲ့ပတ်သတ်လု့ိ ဖုန်းပြောတာလည်း ရှည်ရှည်း ဝေးဝေးမဟုတ် ၊ အင်း ၊ […]


etoneApril 1, 20131min21815
နှစ်စဉ် April Fool နေ့ ရောက်တိုင်းမှာ သူငယ်ချင်း ၊ မိတ်ဆွေ ၊ ဆွေမျိုးတွေအပါဝင် မိသားစုတွင်းက လူတစ်ဦး မဟုတ်တစ်ဦးကို ပစ်မှတ်ထားကာ ၊ ပိပိရိရိ အရူးလုပ်ပြီး စတတ် နောက်တတ်တဲ့ အကျင့်ရှိခဲ့တာကြောင့် 2013ရဲ့ April Fool နေ့ အတွက် ကျွန်မ ရဲ့ ပစ်မှတ်ထားပြီး စနောက်ခံရသူ ဘယ်သူဖြစ်မလဲ ဆိုတာ အတူနေမိသားစုက သတိထားရင်း စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ် ။ အသက်ရွယ်နဲ ညီမျှတဲ့ နေထိုင်မှု အကျင့် စရိုက်မျိုးရအောင် ပြောင်းလဲယူမယ်ဆိုတဲ့ စိတ်ကူးနဲ့ စတဲ့ နောက်တဲ့ အကျင့်ကို တတ်နိုင်သမျှ ပြင်ပါတော့မယ်ဆိုတာမျိုးတွေးပြီး ၊ ဒီ 2013 မှာ April Fool ကို […]


etoneFebruary 22, 20131min29033
ဒီနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ကျွန်မဘဝမှာ ထူးထူးခြားခြား အမှတ်တရဖြစ်စေခဲ့တဲ့ ဘဝတစ်ဆစ်ချိုးတွေထဲက အမှတ်တရ နေ့လေး တစ်ခုပါပဲ ။ တစ်ခါမှ အကျွမ်းတဝင်ပတ်သတ်ခဲ့ ဖူးခြင်းမရှိတဲ့ ၊  ပတ်ဝန်းကျင်သစ်တစ်ခုနဲ့ စတင်ထိတွေ့ ခွင့်ရခဲ့တဲ့ နေ့လေးလို့ ပြောလျှင်လည်း မမှားနိုင်ပါဘူး ။ မတူညီတဲ့ စိတ်ဓါတ် ပိုင်ရှင်မျိုးစုံနဲ့ သိကျွမ်းခွင့်ရတဲ့ နေ့လေး တစ်နေ့အဖြစ်လည်း သတိတရရှိနေခဲ့ပါတယ် ။ ဘဝအတွက် အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုကို မရည်ရွယ်ပါပဲ ၊ မိမိဆန္ဒမပါပဲ မိဘ၊ ဆွေမျိုးများရဲ့ ထိန်းချုပ်မှုနဲ့ သွပ်သွင်းခြင်း ခံရလိုက်ရတဲ့ ပထမဆုံးအလုပ်ခွင်ဝင်ခဲ့ရတဲ့ နေ့လေးပါပဲ ။  ဘာလိုလိုနဲ့ (၇)နှစ် ပြည့်ခဲ့ပါပြီ ။ %%%%%%%%%%%%%%% ပေါ့ပေါ့နေ ပေါ့ပေါ့စား ၊ ဘဝကို ဘာမှ […]


etoneFebruary 18, 20131min25536
အားလုံးပဲ မင်္ဂလာပါနော် … ဒီရက်ပိုင်း ဘာမှ ရေရေရာရာ position မဟုတ်ပဲ အလုပ်တွေရှုပ်နေတာက တကြောင်း ၊ စာရေးရင်းနဲ့ အဆုံးမသတ်ပဲ ထားခဲ့တာတွေလည်းရှိတာက တကြောင်း၊ ပျင်းနေဖြစ်တာကလည်း တကြောင်းမို့ ပို့စ်မရေးဖြစ်တာ ကြာသွားခဲ့ပါတယ် ။ အခုတော့ ကိုယ်တိုင်လည်း မျက်မြင် ကြုံတွေ့ခဲ့ပြီး ၊ စိတ်ထဲ အတော်လေး ကသိကအောက်ဖြစ်နေ တဲ့ အကြောင်းရာလေးတွေကို မိမိရဲ့ တစ်ဦးတစ်ယောက်တည်း အမြင်ကနေ ဇောင်းပေးရေးသွားမှာ ဖြစ်တာကြောင့် ၊အရေးသား အသုံးနှုန်းတွေပေါ်မှာပဲဖြစ်ဖြစ် ၊ ကြုံခဲ့ရတဲ့ အတွေ့ကြုံပေါ်မှာဖြစ်ဖြစ်  ထိခိုက်နစ်နာမှုများ  ရှိလျှင် ခွင့်လွှတ်ကြပါလို့ ကြိုတောင်းပန်ထားပါရစေ ။ %%%%%%%%%%%%%%% ပြီးခဲ့တဲ့ တပတ်စနေနေ ့က လှည်းတန်းဘက်ကို အိမ်ကခိုင်းတဲ့ ကိစ္စတစ်ခုကြောင့် ခဏတာ ရောက်ဖြစ်ခဲ့ပါတယ် ။ […]


etoneDecember 18, 20123min17031
                သဂျီးနဲ့ တကွ ရွာသူ၊ရွာသား … မင်္ဂလာပါနော် ။ နှစ်ကုန်ခါနီး အချိန် ၊အလုပ်တွေ နှစ်ဆ၊ သုံးဆ တိုးလုပ်နေရတာကြောင့် အရင်ကလို ရွာရိုးကိုးပေါက်ခြေကျင်မလျှောက်နိုင်ခဲ့ပါဘူး ။ တစ်ချို့ပို့စ်လေးတွေ အရမ်းကောင်းပေမယ့် ကော့မန့် မပေးနိုင်ခဲ့တာလည်း အားနာမိပါတယ် ။ လတ်တလောမှာ ရွာပြင်ကတောင်ရစ်သီ ရစ်သီမလုပ်နိုင်တဲ့ နေ့တွေမျိုးလည်းရှိနေပါသေးတယ် ။ကျွန်မအခုလို နေ့စဉ်နေ့တိုင်း အလူးအလဲ ရုန်းကန်ရင်း အလုပ်လုပ်ရတဲ့အခါ ၊ စိတ်ဖိစီးမှုတွေ ၊ စိတ်အလိုမကျမှုတွေ ကြီးစိုးလာခဲ့ပြီး စိတ်မကျန်းမာတဲ့ အနေထားမျိုးရင်ဆိုင်ခဲ့ရပါတယ် ။ လက်လုပ်လက်စား အခြေခံ လူတန်းစား ဘဝမို့ ၊ သင့်တော်ရာနေရာမှာ ၊ သင့်တော်တဲ့ အလုပ်လုပ်ရတာ […]


etoneOctober 23, 20126min45058
လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ၊ ရွှေတိဂုံဘုရား နဲ့ ရင်ပြင်တော် တလျှောက်ကို ပြုပြင်မွန်းမံပြီး ခါစ ၊တပတ်တခါနီးပါး ဘုရားရောက်ဖြစ်ခဲ့ပါတယ် ။ ရောက်ဖြစ်တိုင်း ၊ ထူးခြားနေတဲ့ နတ်မင်းကြီးတွေမျက်နှာကို ဓါတ်ပုံရိုက်မယ်ကြံရွယ်ပြီးမ ရိုက်ဖြစ်ခဲ့ပါဘူး ။ ဘာသာရေး အယူဆတွေနဲ့ ပတ်သတ်လို့ လက်ရှောင်ခဲ့တာကြောင့် ဒီလို ဓါတ်ပုံတွေ ရိုက်ဖို့လည်း စိတ်ကူးသာ ရှိတာ လက်တွေ့မှာ မချင့်မရဲဖြစ်ခဲ့ပါတယ် ။ တခြားသော ဘာသာဝင်တွေ ထင်မြင်ယူဆချက် တစ်စုံတစ်ရာ ပေးဖို့ ဟိုက်လိုက်လုပ်သလို ဖြစ်နေမှာလည်းကြောက်တာကြောင့်ပါ ။ တပတ်တစ်ခါ ဘုရားရောက်တိုင်း ရိုက်ကောင်းနိုး ၊ မကောင်းနိုးနဲ့ စဉ်းစား လာလိုက်တာ ရင်ပြင်တော်တလျှောက် ပြုပြင်မွန်းမံ အပြီး သုံးလလောက်မှာ ၊ ဆက်မစဉ်းစားနိုင်ပဲ ၊ ဓါတ်ပုံရိုက်ယူထားခဲ့မိပါတယ် ။  […]