etoneJuly 27, 20101min990
အချစ်ဘာသာစကားများ ______________________________ __ အချစ်ကြောင့် ကမာ္ဘကြီးဟာ လည်ပတ်နေတယ်လို့ အဆိုရှိပါတယ် ၊ နေရာတိုင်းမှာ ကြည့်ပါ ၊ အချစ်နဲ့ ဆက်နွယ်နေတဲ့ အရာ တစ်ခုမဟုတ်တစ်ခုတော့ တွေ့ရမယ်တဲ့ ၊ အချစ်ဆိုတာ ကျနော်တို့ ရင်ထဲမှာ ရှိနေတဲ့ နက်ရှိုင်းတဲ့ ခံစားမှု တစ်ခုပေါ့ ၊ ဒါပေမယ့် တခါတရံမှာ ဘယ်လိုဘယ်ပုံ ဆိုတာ ဖေါ်ပြရ ခက်နေတတ်ပါတယ် ၊ အဲဒီလိုပါပဲ တချို့သူတွေမှာ တော့ ကိုယ်က ချစ်နေပေမယ့် သိအောင်ပြဖို့ ၊ တစ်နည်းပြောရရင် အချစ်ကို ကောင်းမွန်စွာ ပေးဖို့ ဘာတွေလိုမယ်ဆိုတာ မသိပဲ ဖြစ်နေတတ်ပြန်ပါသေးတယ် ၊ ကျနော့် သူငယ်ချင်း တစ်ယောက် ရှိတယ် သူကတော့ ချစ်တယ် ပြောနေတာပဲ ၊ […]


etoneJuly 27, 20101min1747
ကောင်မလေးတွေကို ကောင်လေးတွေစာပေးတာတို့ စကားလိုက်ပြောတာတို့က ခုမလိုတော့ဘူး ခုချိန်က တို့ယောက်ျားတွေ ဈေးတန်တဲ့ခေတ် 21 ရာစုမှာ မိန်းမတွေရင်ထုပြီးရင်လင်လုရမယ် ထို့ကြောင့် သားကညာ အခါမလင့်အောင် ကောင်မလေးတွေ ကိုရီးယားလိုတစ်မျိုး တရုတ်လိုတစ်ဖုံ အင်္ဂလိပ်လိုတစ်သွယ် ရည်းစားစကားပြောနည်း သင်ထားကြရန် အထူးလိုအပ်နေပြီဖြစ်သည် တက်ရောက်ပညာသင်ကြားသင့်သောသင် တန်းများ ၁။ ။ ကိုရီးယားရည်းစားလုနည်း ၂။ ။ တရုတ်အိမ်ထောင်ရေး ၃။ ။ တလင်မရတလင်ပြောင်း ၄။ ။ ရေလာပင်လယ်ဖောက်လင်ကောက်နည်း ၅။ ။ စွဲစိနည်း ၆။ ။ ယောက်ခမအကြိုက်အလိုက်ဆောင်သားတောင်းနည်း ၇။ ။ မရမကအိမ်ပေါ်တက်နေနည်း ၈။ ။ မင်္ဂလာသတို့သမီးနေရာဝင်လုနည်း ( ဆုဖုရားလတ်လည်းသုံးဖူးတယ်) ၉။ ။ ယောက်ျားခိုးပြေးနည်း ၁၀။ ။ တင်တောင်းနည်း (ဒါကတော့ […]


etoneJuly 27, 20101min1302
အမျိုးသားအမျိုးသမီးများအတွက် ကင်ဆာရောဂါ ကာကွယ်ကုသဆေး ဆိုတာလည်း ပေါ်လာခဲ့ပါပြီ Posted by GOLDEN+POWER on ဇူလိုင် 24, 2010 at 6:04pm ရင်သားကင်ဆာ၊ အူလမ်းကြောင်းကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာ အပါအဝင် ကင်ဆာရောဂါ အတော်များများကို ဆေးထိုးကုသရုံဖြင့် ပျောက်ကင်းစေနိုင်မည့် ဆေးတစ်မျိုးကို Middlesex University မှ ဆေးသိပ္ပံပညာရှင်များမှ တီထွင်လိုက်နိုင်ပြီ ဖြစ်သည်။ အဆိုပါဆေးကို ဇူလိုင်လ ၁၂ ရက်နေ့က တရားဝင် ထုတ်ပြန်ကြေငြာနိုင်ခဲ့သည်။ ယခုစမ်းသပ်အောင်မြင်သွားသော ဆေးသည် ကင်ဆာအလုံးအကျိတ်များကို ရှုံ့တွကြေပျက် သွားစေပြီး ပျံ့ပွားမှုကိုလည်း ရပ်တန့်စေနိုင်သည်အထိ အစွမ်းထက်မြက်မှု ရှိသည်ဟု သိရသည်။ ထိုဆေးသည် စဖြစ်ခါစ လူနာများတွင် ကာကွယ်ဆေးအနေနှင့်ပါ သုံးနိုင်မည်ဟု သိရပြီး ကင်ဆာရောဂါကြောင့် သေဆုံးမှု ထောင်ပေါင်းများစွာကို အကာအကွယ် […]


etoneJuly 27, 20102min1111
” သေချာမှု ” တဲ့ အဲဒီသေချာမှုကို လူတွေအားလုံးလိုချင်ကြတယ် ။ တစ်ခုခု လုပ်မယ်ဆို ကိုယ်လုပ်မယ့် ကိစ္စကို သေချာလား မသေချာလား အရင်စူးစမ်းကြလေ့ ရှိပါတယ်။ ဒီသေချာမှုဆိုတဲ့ စကားလေးကို ချစ်သူများရဲ့ ရှု့ထောင့်လေးက တင်ပြဆွေးနွေးပါရစေ ။ သမီးရည်းစားတွေ ပြတ်ကြ ၊ ကွဲကြတယ် ၊ ဒါဟာသဘာဝတစ်ခုပါပဲ မဆန်းပါဘူးလို့ ပြောလေ့ ရှိပါတယ် ။ မဆန်းပါဘူး ဟုတ်ပါတယ် ။ ဆန်းတာတစ်ခုက လူ့ စိတ်တွေပါ ။ အများအားဖြင့် ယောက်ျားလေးတွေပါ ။ ကို်ယ်ရစရာရှိရင် တော့ သေချာရဲ့ လား ၊ အလိမ်ခံရမှာလား နစ်နာမှာလား သေချာစူးစမ်းလေ့ ရှိပေမယ့် အချစ်ရေးကိစ္စမှာတော့ သုံးသပ်ခြင်းကင်းလေ့ ရှိပါတယ် ။ …………………………………………………………………………………………………………… […]


etoneJuly 27, 20106min1131
ဖြစ်ရပ် (၁) ကလေးငယ်သည် လွယ်အိတ်ကို ဝှေ့ရမ်းလျက် အိမ်ရှိရာသို့ အပြေးလာနေ၏။ လမ်းတွင် တွေ့သမျှ ရေအိုင်ငယ်၊ ရွှံ့ကွက်ငယ်တို့ကို လွှားခနဲ လွှားခနဲ ခုန်ကျော်၍ လာသည်။ သူ့မျက်နှာမှာ အပျော်ဖြင့် ဝင်းပနေ၏။ အိမ်သို့ မြန်မြန် သူပြန်ရောက်ချင်လှပြီ။ သူ့အောင်မြင်မှုကို မိဘနှစ်ပါးအား ပြောပြချင်လှပြီ။ အားရဝမ်းသာ ဖြစ်သွားကြမည့် မိဘတို့၏ ပီတိမျက်နှာကို မြင်ချင်လှပြီ။ “ဒါမှ င့ါသား … ကွ” ဟူသော အဖေ၏ ချီးမွမ်းသံကို ကြားချင်လှပြီ။ ပြုံးရယ်လျက်ရှိသော အမေ၏ အနမ်းနွေးနွေးကို ခံယူချင်လှပြီ။ ကလေးငယ်သည် ခြေလှမ်းများကို အရှိန်ပိုမြှင့်လိုက်၏။ ရှေ့မှာ အိမ်ကို မြင်နေရပြီ။ အိမ်ရှေ့တွင် စိုက်ပျိုးထားသည့် တစ်ပေခွဲခန့် မြင့်သော ပုဏ္ဏရိပ်ပင်တန်းကို သူ ခုန်ကျော်လိုက်၏။ ခါတိုင်း […]


etoneJuly 27, 20102min890
ပြီးသွားတာတွေဟာ ပြန်မရပါဘူး။ အတိတ်တွေဟာလည်း တဖြည်းဖြည်း ဓါတ်ပုံဟောင်းလို မှုန်ဝါးလာတယ်။ တစ်ချို့တွေကို ရင်ထဲကအတွင်းဆုံးနေရာမှာ သိမ်းထားလိုက်တယ်။ နက်နဲတဲ့ ဒဏ်ရာတွေဟာလည်း မနာကျင်တော့ဘူး။ ကော်ဖီတစ်ခွက်လိုပဲ။ ပျော်ရွှင်မှုနဲ့ဝမ်းနည်းမှုတွေဟာ ပြီးသွားပါပြီ။ မျက်ရည်စက်လေး ကော်ဖီခွက်ထဲကျသွားတယ်။ တစ်ချို့ကပြောတယ် “မျက်ရည်ကိုထိန်းချုပ်မရတော့ပဲ ကျလာတော့မယ်ဆိုရင် မျက်စိကိုမပိတ်ပဲ လောကကြီးကိုကြည့်နေလိုက်ပါ အားလုံးဟာတဖြည်းဖြည်းမှုန်ဝါးလာြ ပီး မျက်ရည်ကျသွားတဲ့အချိန်မှာတော့ ရင်ထဲမှာရှင်းလင်းသွားတယ်။ ချစ်တာကြာသွားရင် မထူးဆန်းတော့သလို နာကျင်တာကြာသွားရင် ဒဏ်ရာဖြစ်သွားတယ်။ မုန်းတာကြာသွားရင် ရင်တွေလေးလာမယ်။ ရိုးရှင်းတဲ့အချစ်ပဲဖြစ်ဖြစ် အားလုံးကထာဝရပဲဖြစ်ချင်ကြတယ်။ ရိုးရှင်းတဲ့အချစ်ကို လူတိုင်းကမသိကြဘူး ဘယ်လောက်ပျော်ဖို့ စိတ်လှုပ်ရှားဖို့ ကောင်းတယ်ဆိုတာကို…… စောင့်နေရတာကြာသွားပေမဲ့ အချိန်တွေကကုစားမယ်ဆိုပေမဲ့ ဒီစိတ်ကပြောင်းလဲသွားတာမဟုတ်ပါဘူး။ သူ့နေရာကနေ သူပုံမှန်လေး ရှိနေတာပါ။ လူတစ်ယောက်က တခြားတစ်ယောက်ကို အရမ်းချစ်မိပြီဆိုတာလည်း ပေးဆပ်ခြင်းအတွက် သူပျော်နေပါတယ်။ ရယူပိုင်ဆိုင်မှုအတွက်ဆိုရင်တော့ သင်မြတ်နိုးမှာမဟုတ်ပါဘူး။ ရယူတာထက် စောင့်စားတာပိုမကောင်းဘူးလား။ အချစ်ဆိုတာ […]


etoneJuly 27, 20101min1020
ဒီဇာတ်လမ်းမှာ ဇာတ်ကောင်ရဲ့ နာမည်ကို ပေးစရာမလိုဘူး၊ လိုလည်း မလိုအပ်ဘူးလို့ ကျုပ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီထဲမှာရှိနေတဲ့ လူတွေကို ကျုပ်တို့က နာမည်အစား ကိုယ်ပိုင်နံပါတ်နဲ့ခေါ်လို့ပါပဲ ။ “ငိုက်မနေနဲ့ကွာ အကြောင်းကြားတဲ့လူတွေ လာနေပြီ” ဘေးက လုပ်ဖော်ကိုင်ဖက်က ကျုပ်ပုခုံးကို ခပ်ကြမ်းကြမ်းလေး ပုတ်လိုက်မှ မှေးနေတဲ့ ကျုပ်မျက်လုံးတွေ ဖွင့်လိုက်မိတယ်။ တစ်နေ့လုံး ဒီထဲမှာပဲ တာဝန်ကျနေတဲ့အတွက် လူကလည်း နှုံးချိပင်ပန်းနေတယ်။ ကျုပ် ပျင်းကြောတစ်ချက်ဆန့်ပြီး တံခါးဘက်ဆီကို လျောက်သွားလိုက်တယ်။ ဒီနေ့ ထောင်သားအသစ်တစ်ဦး ထပ်ရောက်လာပါတယ်။ နာမည်စာရင်းထဲက တရားခံရဲ့ ကိုယ်ရေးမှတ် တမ်း အကျဉ်းကို တစ်ချက် လှန်ကြည့်လိုက်တော့ ကျုပ် မှင်သက်သွားမိတယ်။ ကိုယ်ပိုင် နံပါတ်အောက် မှာ ထင်ရှားပြတ်သားအောင် ရေးထားတဲ့ စာလုံးက နှစ်လုံးထဲ “သေဒဏ်”တဲ့။ ကျုပ်ပိုအံဩသွားတာက […]


etoneJuly 27, 20101min950
ပြန်ဖြန့်ခြင်းဖြင့် သာသနာဆက်ပြုပါ ၃၁ဘုံတွေကတော့ ဗြဟ္မာ့ဘုံ ၂ဝဘုံ နတ်ဘုံ ၆ဘုံ လူ့ဘုံ ၁ဘုံ အပါယ်၄ဘုံ *မိမိပါဝင်နေပါသေးတယ်။ * မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်ခါနီးအချိန်မှာ မှာခဲ့တဲ ့မှာတမ်းလေးက နောက်ဆုံးစကားလေးပြီးတာနဲ ့ပရိနိဗ္ဗာန်စံသွားတာပါ။ ဝရဓမ္မာသင်္ခါရ အပ္ပမာဒေန သံပါဒေထ။ ချစ်သား ချစ်သမီးတို ့ ငါဘုရား ပရိနိဗ္ဗာန် စံကာနီး နောက်ဆုံး စကားမှာကြားမယ်.. ချစ်သား ချစ်သမီးတို့ ယခုရရှိနေတဲ ့ ရုပ်နာမ် နှစ်ပါး ၊ ခန္ဓာငါးပါး သင်္ခါရတရားတို ့သည် အမြဲတမ်း ပျက်နေတယ်။ အမြဲတမ်းပျက်နေတဲ ့ရုပ်နာမ် ၂ပါး ခန္ဓာ၅ပါးက အနိစ္စအမြဲမရှိပါလို့ အသစ်အသစ်တွေသာ အစားထိုးနေတာကို သိသိပေးဖို့ကို မမေ့မလျော့ မပေါ့မဆသော ဝိပဿနာ တရားဖြင့် ရှုပွားပြီးတော့ […]


etoneJuly 27, 20101min1814
အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းမြန်မာ့လွတ်လပ်ရေးအတွက်တောင်းဆိုရန်အင်္ဂလန်သိုသွားချိန်ကဖြစ်သည်။ ဗိုလ်ချုပ်တို့ခရီးတထောက်နားမည့်အန္ဒိယတွင်အနိ္ဒယအမျိုးသားခေါင်းဆောင်ကြီးမစ္စတာနေရူးအားတွေ့ဆုံလိုသဖြင့်အမျိုးသား ခေါင်းဆောင်နှစ်ဦးတွေ့ကြသည်။ ရင်းရင်းနှီးနှီးဆွေးနွေးကြသည်လွတ်လပ်ရေးရသောအခါနိုင်ငံခြင်းရင်းနှီးစေရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်မည်သို့ဆောင်ရွက်ကြ မည်ကိုဆွေးနွေးကြသည်။နှစ်ဦးစလုံးအရည်အခြင်းရှိသောခေါင်းဆောင်များဖြစ်သဖြင့်စိတ်တူကိုတူလေပေးဖြောင့်နေကြလေသည်။ ထိုစဉ်မှာပင်မစ္စတာနေရူးကအောင်ဆန်းလန်ဒန်ရောက်လို့ဆွေးနွေးပွဲတွေလုပ်တဲ့အခါဘာဝတ်ဆုံဝတ်မှာလည်းဟုမေးလိုက်သည်။ ဗိုလ်ချုပ်ကသူ၏စစ်အကျႌတစ်ပတ်နွမ်းလေးကိုကြည့်ပြီးပြုံးနေခဲ့သည်။ဗိုလ်ချုပ်ကထိုစစ်အင်္ကျီတစ်ပတ်နွမ်းလေးကိုပင်ဝတ် ဆင်မည်ဟုရည်ရွယ်ထားပုံရလေသည်။(တစ်ကယ်မှာလည်းဗိုလ်ချုပ်သည်ထိုအချိန်ကအစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ယောက်ဖြစ်သော် လည်းတူတူတန်တန်အင်္ကျီလေးပင်ဝတ်ဖို့စိတ်ထဲမထားပဲနိုင်ငံ့ကောင်းစားရေးသာဆောင်ရွက်နေခဲ့သည်။)မစ္စတာနေရူးက ဒီလိုတော့ဘယ်ဖြစ်မလဲကွလန်ဒန်မြို့တော်သားတွေကအဆောင်အရောင်ကိုအလွန်နှစ်သက်ကြတာနောက်ပြီးမင်းတို့ဟိုရောက်ရင် ဂျော့ဘုရင်ကသူ့နန်းေတော်ကိုထမင်းတွေဘာတွေဖိတ်ကြွေးရင်ကြွေးမှာလိုလိုမယ်မယ်ဆောင်သွားရမှာပေါ့ကွဆိုပြီးချက်ချင်းအပ်ချုပ် သမားများကိုခေါ်ကာသင့်လျှော်သောအနောက်တိုင်းဝတ်စုံများအမြန်ဆုံးချုပ်လုပ်စေခဲ့သည်။ထိုကြောင့်ဗိုလ်ချုပ်တို့အဖွဲ့ဝင်များ အနိ္ဒယမှာထွက်ခွာလာသောအခါစတိုင်ကျလှပစွာနှင့်ခရီးဆက်လက်ထွက်ခွာလာနိုင်ခဲ့လေသည်(ယနေ့တွေ့မြင်ကြရသောဗိုလ်ချုပ် အောင်ဆန်း၏လန်ဒန်ဆွေးနွေးပွဲမှတ်တမ်းဓါတ်ပုံများမှကုတ်အင်္ကျီသည်မစ္စတာနေရူးဆင်ပေးလိုက်သောကုတ်အကျႌဖြစ်သည်။ နိုင်ငံအကျိုးကိုဆောင်ရွက်ရာတွင်အဝတ်အစားကိုပင်ဂရုမပြုနိုင်ခဲ့ပေ။သူထံတွင်လည်းအပိုအလျှံမရှိ သူရသောလခလေးကို ပင်ဝေမျှကြွေးမွေးသေးသည်ထို့ကြောင့်လန်ဒန်တွင်နိုင်ငံ့အရေးဆွေးနွေးရာမှာပင်အဝတ်ကောင်းကောင်းမရှိခဲ့ပေ။ လေးစားအတုယူဖွယ်ပင်ဖြစ်တော့သည်။ ဗိုလ်ချုပ်ဝတ်ထားသောအကျႌသည်မစ္စတာနေရူးဆင်ပေးလိုက်သောအကျႌဖြစ်သည်။ ဗိုလ်ချုပ်ဝတ်ဆင်နေကျစစ်အကျႌတစ်ပတ်နွမ်းလေး။ မြန်မာနိုင်ငံ့ရဲ့အနိုင်းမဲ့သူရဲကောင်း။


etoneJuly 27, 20101min1580
(က) လှူမှုရှေးခါ၊ ဝမ်းမြောက်ရာ၊ လှူခါ စိတ်ကြည်လင်ရမည်။ (ခ) လှူပြီးနောက်မှာ၊ နှစ်သက်ရာ၊ သုံးဖြာလှူသူ အင်္ဂါမည်။ (ဂ) ရာဂဒေါသာ၊ မောဟပါ၊ ကင်းကွာ ကင်းရန် ကျင့်သုံးသည်။ (ဃ) အလှူခံအင်္ဂါ၊ ဤသုံးဖြာ၊ မှတ်ပါ အင်္ဂုတ် ဖော်ညွှန်းသည်။ (င) အင်္ဂါခြောက်ဆူ၊ ပြည့်အလှူ၊ ကျိုးမူ မရေတွက်နိုင်ပြီ။ ( အရှင်ကောဝိဒဓဇ) တနည်း- အလှူပေးသူ အင်္ဂါ- ၁။ မလှူခင်မှာ၊ ဝမ်းသာတာ၊ ပုဗ္ဗစေတနာ။ ၂။ လှူနေစဉ်မှာ၊ ဝမ်းသာတာ၊ မုဉ္စစေတနာ။ ၃။ လှူပြီးနောက်မှာ၊ ဝမ်းသာတာ၊ အပရစေတနာ။ အလှူခံသူ အင်္ဂါ- ၁။ ရာဂကင်းပြန်၊ အလှူခံ၊ အမှန်ဖြစ်ရမည်။ ၂။ ဒေါသကင်းပြန်၊ အလှူခံ၊ အမှန်ဖြစ်ရမည်။ ၃။ […]


etoneJuly 27, 20101min1352
ကောင်မလေး မနက်ကတည်းက ကောင်လေးရဲ ့ မက်ဆေ့ချ်ကို စောင့်နေခဲ့တယ်… ဖုန်းကို ပဲ ထုတ်ထုတ်ကြည့်နေမိလို့ လမ်းကူးတာတောင် ကားမကြည့်ပဲ ကူးဖြစ်ခဲ့တယ်… တော်သေးတာက ကားရှင်းနေလို့ပေါ့… ကောင်လေးမနေ့က ပြောထားတာက ဒီနေ့ သူတို့ ကျောင်းဆင်းရင် တွေ့ကြမယ်တဲ့… ကောင်လေးက ဒီလို အမြဲပြောနေကျပါ… ဒါပေမယ့် အမြဲ ပျက်ကွက်တာချည်းပဲ… ဒီတော့ ကောင်မလေးလဲ ဒီတစ်ခါသိပ်မမျှော်လင့်ရဲဘူး… ကျောင်းခန်းထဲရောက်လို့ စာသင်နေချိန်မှာလည်း ကောင်လေးဆီက ဘာအဆက်အသွယ်မှ မရခဲ့ဘူး… ကောင်မလေးဘက်က စပြီးဆက်သွယ်လည်းရပါတယ်… ဒါပေမယ့် ကောင်မလေးက မာနတစ်ခွဲသားနဲ့ သူကြင်မှ ငါကြင်မယ်ဆိုတဲ့ အစားထဲကလေ… ဒီလိုနဲ့ နေ့လည်စာ စားတဲ့ အချိန်မှာလား ဘာအဆက်အသွယ်မှ မရခဲ့ဘူး… ကောင်မလေး အရင်နေ့တွေဆိုရင် ကောင်လေးက စာဂျပိုးမှန်းသိတော့ ဒီလောက်အထိ ကောင်လေးရဲ ့ […]


etoneJuly 27, 20106min1100
ဖြစ်ရပ် (၁) ကလေးငယ်သည် လွယ်အိတ်ကို ဝှေ့ရမ်းလျက် အိမ်ရှိရာသို့ အပြေးလာနေ၏။ လမ်းတွင် တွေ့သမျှ ရေအိုင်ငယ်၊ ရွှံ့ကွက်ငယ်တို့ကို လွှားခနဲ လွှားခနဲ ခုန်ကျော်၍ လာသည်။ သူ့မျက်နှာမှာ အပျော်ဖြင့် ဝင်းပနေ၏။ အိမ်သို့ မြန်မြန် သူပြန်ရောက်ချင်လှပြီ။ သူ့အောင်မြင်မှုကို မိဘနှစ်ပါးအား ပြောပြချင်လှပြီ။ အားရဝမ်းသာ ဖြစ်သွားကြမည့် မိဘတို့၏ ပီတိမျက်နှာကို မြင်ချင်လှပြီ။ “ဒါမှ င့ါသား … ကွ” ဟူသော အဖေ၏ ချီးမွမ်းသံကို ကြားချင်လှပြီ။ ပြုံးရယ်လျက်ရှိသော အမေ၏ အနမ်းနွေးနွေးကို ခံယူချင်လှပြီ။ ကလေးငယ်သည် ခြေလှမ်းများကို အရှိန်ပိုမြှင့်လိုက်၏။ ရှေ့မှာ အိမ်ကို မြင်နေရပြီ။ အိမ်ရှေ့တွင် စိုက်ပျိုးထားသည့် တစ်ပေခွဲခန့် မြင့်သော ပုဏ္ဏရိပ်ပင်တန်းကို သူ ခုန်ကျော်လိုက်၏။ ခါတိုင်း […]


etoneJuly 27, 20101min770
၁ ။ ( ကိုယ့်ကို အမြဲ သတိရနေပါ ) အလှစိုက်သစ်ပင် ———- ယောက်ျားလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန် ဦးထုပ် ———- မိန်းကလေး မှ ယောက်ျားလေး သို့ လက်ဆောင်ပေးရန် ၂ ။ (မင်းရဲ့ ရည်ရွယ်ချက်တွေ အောင်မြင်အောင် ဆုတောင်းပေးနေမယ် ) စက္ကူ ကြိုးကြာရုပ် တစ်ထောင် —– ယောက်ျားလေး မှ မိန်းကလေးသို့လက်ဆောင်ပေးရန် စက္ကူ ရောင်စုံ ကြယ်ပွင့် တစ်ထောင် –မိန်းကလေး မှ ယောက်ျားလေး သို့လက်ဆောင်ပေးရန် ၃ ။ (ကိုယ့်ကိုမေ့လိုက်ပါတော့ = ချစ်သူအဖြစ်မှ ပြတ်စဲ လိုသည့်အခါ ) မီးခြစ် —– ယောက်ျားလေး မှ မိန်းကလေးသို့ […]