etoneJuly 22, 20101min1704
အလုပ်သမလေးရဲ့ဒိုင်ယာရီ…… နံနက် ၅းဝဝ နာရီ မနက်မိုးသောက် အလင်းမရောက် အိပ်ချင်သော်ငြား နိုးထပါတကား။ ညခါညဥ့်နက် အတင်းဖက်၍အိပ်ချင်သော်ငြား အိပ်စက်ခွင့်မှာနည်းလှပါတကား။ နိုးထသော်ညား လျှပ်စစ်မီးအား တောင့်တမိပြန်ပါတကား၊ မီးမလာပါမူ ဝေလီဝေလင်း မေ့ခြင်းကင်းမိအပြစ်ရှိသဖြင့် ပိုက်ဆံကိုဆွဲ မီးသွေးဝယ်ရန်ထွက်ရပြန်ပါလား၊ ဆုခါခါတောင်း ပဲပြုတ်တောင်းနှင့်ကောက်ညှင်းပေါင်းသည် မှီရန်ကိုလည်း ပူမိပြန်ပါတစ်ကာား၊ သယ်ဆောင်သွားစရာ ထမင်းလောက်သာအားထားကာ နှင့်ဟင်းကိုမည်ကား မစဉ်းစားကြုံရာလွေးရပြန်တော့မှာပါလား။ အော်ပဲပြုတ်သည်မှီလို ့တော်ပါသေးရဲ ့……… သမုဒ္ဒရာ ဝမ်းတစ်ထွာမို ့တော်ပေသည်တစ်အား။ ဝမ်းနှစ်ထွာမူ မည်သို ့မည်ပုံပြုမူရမည့်ပုံကို တွေးမိရုံနှင့် နှလုံးခြောက်ခြား ထွက်သက်ရှူမှား စိုးရိမ်မိပါတကား။ နံနက် ၆းဝဝ နာရီ ဟိုလူသုတ်သုတ် ဒီလူအဟုတ်သူ ့ဆန်ကုတ်နှင့်တွဲခုတ်နေတာ သိသာပါလည်းပြုံး၍တမုံ ့ကြည်နူးစရာ နံနက်ခင်းပါ။ ခြင်းတောင်းကိုဆွဲ ပိုက်ဆံပြဲနှင့်ကားခပေးစရာချန်ထားသည်ကို မမေ့မလျှော့သိမ်း၍ဆည်းကာ ထည့်ရရှာပါလား။ စုရပ်ကိုရောက်လူအပျောက် သတိပြုမိစပ်စုမိက […]


etoneJuly 22, 20101min840
ဦးလေး အမြည်းနော် ရန်ကုန် ဆင်ခြေဖုံး ရပ်ကွက်တခုမှာ နေတဲ့ အသက် ၅၀ ကျော်အရွယ် ဦးလေးကြည်လို့ ခေါ်တဲ့ ဦးကြည်နဲ့ အသက် ၃ဝ လောက် ရှိတဲ့ သက်နိုင် ဆိုတဲ့ တူအရီး နှစ်ယောက် ရှိတယ်။ ဦးလေးဖြစ်သူက စက်ချုပ်တဲ့ အလုပ်လုပ်ပြီးတော့ တူဖြစ်သူကတော့ ကျပန်း အလုပ်လုပ်ပါတယ်။ သူတို့ နှစ်ယောက်က အတူနေကြပေမယ့် သဘောထား အမြင်တွေတော့ မတူကြပါဘူး။ မကြာခဏ ငြင်းခုန် စကားများကြ ပါ တယ်။ အခုလည်း တူအရီး နှစ်ယောက် အရက်ဝိုင်းလေး ဖွဲ့မိနေကြပြန်ပါပြီ။ hartha_02042010 သက်နိုင်က သူ့အလုပ်က အပိုကြေးလေး ရလာလို့ ဦးလေး ဖြစ်သူကို အရက်ဖြူလေး နဲ့ ပြုစုမယ်စိတ်ကူးနဲ့ ဒီဝိုင်းလေးဖွဲ့တာပါ။ အရက်နဲ့ […]


etoneJuly 22, 20101min790
စကားတစ်လုံးရဲ့….. ကောင်လေးနဲ့ကောင်မလေး ကငယ်တုန်းကတည်းက သူငယ်ချင်းတွေပေါ့….ရေကန်ဘေးမှာ ပုဇွန်တွေအတူတူသွားဖမ်းကြတယ်… ကောင်လေးအများကြီးရပေမဲ့ ကောင်မလေး တစ်ကောင်မှ မမိခဲ့ဘူး။ ကောင်မလေး ဝမ်းနည်းစွာနဲ့ အိမ်ပြန်လာတယ်… မပျော်နိုင်ဘူး။ ညနေ ကောင်လေးလာရှာတယ်။ ကောင်လေးကိုတွေ့တော့ စိတ်ဆိုးစွာနဲ့ လှည့်ထွက်လာတော့ ကောင်လေးက “sorry ငါနင့်ဖမ်းမဲ့ပုဇွန်တွေကို ငါဖမ်းလိုက်မိတယ်။ ရော့ … ကန်ထဲမှာမွေးထားလိုက်” ကောင်မလေး ပြုံးသွားတယ်။ ဖြူစင်လွန်းတဲ့ sorry ကောင်မလေးစိတ်ဆိုးပြီး ကောင်လေးကအမြဲလိုက်ချော့လိုက်နဲ ့ သူတို့ ကြီးပြင်းလာကြတယ်။ ကောင်မလေးရဲ့ အအော်အငေါက်တွေကို ခံရင်း စလိုက်ချော့လိုက်နဲ့ …. ကောင်လေးအရမ်းကို ချစ်မိနေပြီ…..ကောင်မလေးရဲ့ စက်ဘီးလေကိုလျော့ပြီး ကောင်မလေးနားမှာနေခွင့် ရအောင် ကောင်လေးဖန်တီးခဲ့တယ်…. ကောင်လေးစက်ဘီးလေးကို တွန်းရင်း ကောင်မလေးက ငြီးငြူတယ်…. ဒါနဲ့ ကောင်လေးက “sorry ပါ.. ငါမှားပါတယ်….” ကောင်မလေးက […]


etoneJuly 22, 20101min1071
(၁) မြစ်အဖေကြီးနဲ့မြစ်အမေကြီးက မွေးတဲ့မြို့ အဖြေ = မြစ်သားမြို့ (၂)စွပ်ပြုတ်လုပ်သောက်ချင်စရာေ ကာင်းတဲ့မြို့ အဖြေ = ဝက်လက်မြို့ (၃)ကလီစာတွေအူတွေအခွေလိုက်ရှိတဲ ့မြို့ အဖြေ = ဝမ်းတွင်းမြို့ (၄)လူကြီးမဖြစ်သေးတဲ့မြို့ အဖြေ = ကလေးမြို့ (၅)ဒီနေ့ည ငါစောင့်ရတဲ့အလှည့်မဟုတ်ဘူး ဆိုတဲ့မြို့ အဖြေ = မင်းကင်းမြို့ (၆)သကြားချက်ရင်အဆင်ပြေနိုင်တဲ့မြို့ အဖြေ = ကြံခင်းမြို့ (၇)ဆင်တွေကတဲ့မြို့ အဖြေ = ကျောက်ဆည်မြို့ (၈)ဝိုးတိုးဝါးတားပဲရှိတဲ့မြို့ အဖြေ = ရေးမြို့ (၉)စိုုစိုပြည်ပြည်မရှိတဲ့မြို့ အဖြေ = ချောက်မြို့ (၁၀)ကျန်စစ်သားမိန်းမနာမည်နဲ့မြို့ အဖြေ = ခင်ဦးမြို့ (၁၁)ဖားကောက်ခိုင်းတဲ့မြို့ အဖြေ = မိတ္ထီလာမြို့ (၁၂)လေဘေးထည်မြို့ အဖြေ = ဖျာပုံမြို့ (၁၃)မိန်းမမှာ […]


etoneJuly 21, 20101min750
Dannyရဲ့စားသောက်ဆိုင်လေး ရောင်းမကောင်းခဲ့တာ (၃)လဆက်တိုက်ရှိခဲ့ပါပြီ။ အရင်က စားသုံးသူတွေ တန်းစီစောင့်ရတဲ့အထိ ရောင်းကောင်းခဲ့တဲ့ သူ့ဆိုင်လေးလည်း စီးပွါးရေးကပ်ဆိုက်တဲ့အထဲ ပါခဲ့ရတယ်။ ဒီညမှာ စာရင်းတွေကို တွက်ချက်ကြည့်ရင်း အရှုံးတွေကို သူစိုက်မထုတ်နိုင်တော့လို့ မနက်ဖြန်မှာ ဆိုင်ကိုပိတ်လိုက်ဖို့ Dannyဆုံးဖြတ်လိုက်တယ်။ ထမင်းစားချိန်ဖြစ်ပေမယ့် ဆိုင်ထဲမှာ သားအဖဧည့်သည်နှစ်ဦးပဲရှိပြီး ထမင်းတစ်ပွဲနဲ့ နှစ်ယောက်စားနေခဲ့တယ်။ ဂျီကျနေတဲ့ ကလေးငယ်ကို အစပထမမှာ ဖခင်ဖြစ်သူက ဂရုမစိုက်ခဲ့ဘူး။ နောက်တော့ ကလေးငယ်ကို တိတ်တိတ်နေဖို့ စိတ်ပျက်လက်ပျက်ပြောနေခဲ့တယ်။ အဲဒီအချိန်မှာ ဦးထုပ်ဆောင်းထားတဲ့ မျက်နှာတည်နဲ့လူတစ်ဦး စားသောက်ဆိုင်ထဲ ဝင်လာခဲ့တယ်။ Dannyက ရှေ့တက်ကြိုဆိုပြီး စိတ်ထဲမှာလည်း “ဒီဧည့်သည်က ဒီညရဲ့နောက်ဆုံးဧည့်သည် ဖြစ်ကောင်းဖြစ်မှာမို့ သူ့ကိုကောင်းကောင်းဧည့်ခံလိုက်မယ်။ ကိုယ်လုပ်ပေးနိုင်တာ မများပေမယ့် သူအံဩဝမ်းသာအောင်တော့ လုပ်နိုင်လိမ့်မယ် ထင်တယ်”လို့ တွေးလိုက်တယ်။ စားစရာတွေကို ဧည့်သည်မှာပြီးနောက် Dannyက “ဝမ်းသာပါတယ်။ ခင်ဗျာအခုထိုင်တဲ့ […]


etoneJuly 21, 20101min950
This is exactly why you should always, ALWAYS….. Twirl once in front of the mirror before leaving the house. But just think how many people she made smile throughout the day.


etoneJuly 21, 20101min1151
ချစ်လှစွာသော သမီးငယ်… ချစ်သူမွေးနေ့အတွက် ဒီနေ့ ကျောင်းစောစောဆင်းပြီး လက်ဆောင်သွားဝယ်မယ်လို့ သမီးငယ် ပြောခဲ့တယ်နော်။ အမေ့မွေးနေ့မှာ လက်ဆောင်ပေးဖို့ ဘာလို့မေ့ခဲ့သလဲလို့ အမေမေးတော့ သမီးငယ်က စိတ်တိုတယ်။ “တစ်ခြားလူတွေရဲ့ မေမေက ဘယ်တော့မှ သားသမီးဆီက လက်ဆောင်ကို မမျှော်လင့်ကြဘူး။ အမေလို မကျေနပ်တာတွေ တတွတ်တွတ် ရွတ်ဖို့ဝေးလို့ သူတို့မေမေက သူတို့ကို ချစ်လို့တောင် မဝကြဘူး။ ချစ်သူနဲ့ မိသားစု နှိုင်းလို့ဘယ်ရမလဲ” သမီးငယ်… ဒီအချိန်မှာ ဒါတွေကို သမီးငယ် နားလည်သေးမှာ မဟုတ်ဘူး။ မိခင်တစ်ဦးဟာ တော်ရုံစိတ်ဆင်းရဲမှုမျိုးကို မဖွင့်ဟတတ်ဘူး။ တစ်ယောက်တည်းပဲ ကျိတ်မှိတ်ခံတယ်။ သားသမီးတွေရဲ့ အပြုံးမျက်နှာပေါ်မှာ သူ့အပူအပင်တွေကို မလောင်းရက်ခဲ့ဘူး။ သမီးငယ်ပြောလို မေမေဟာ တစ်ခြားမိခင်တွေလို မြင့်မြတ်ရမယ်၊ ကိုယ်ချင်းစာတရား ရှိရမယ်တယ်ဆိုတဲ့ ဝေါဟာရကို မေမေတာဝန်မယူရဲဘူး သမီး။ […]


etoneJuly 21, 20101min920
“ကြိုးစားတိုင်း မအောင်မြင်နိုင်ဘူး။ ဒါပေမယ့် အောင်မြင်ဖို့ရာ ကြိုးစားမှုတော့ လိုလိမ့်မယ်” ၁) ကျောင်းသားနှစ်ဦးဟာ ကြက်တောင်ရိုက်ဖို့ ဟောခန်းက ထိုင်ခုံတွေကို ရွေ့လိုက်ကြတယ်။ ကြက်တောင်ရိုက်ပြီး ခုံတွေကို နေရာတကျပြန်စီကြတော့ တစ်ခြားကျောင်းသားတွေက သူတို့ကို တုံးအတယ်ဆိုပြီး လှောင်ရီကြတယ်။ နောက်ဆုံးမှာ အဲဒီကျောင်းသားနှစ်ဦးဟာ နိုင်ငံလက်ရွေးစင် ဖြစ်ခဲ့ကြတယ်။ အလုပ်အရှုတ်ခံနိုင်ရင် အိပ်မက်ကို အကောင်အထည်ဖော်နိုင်ပါတယ်။ ၂) တစ်ခါက ပြိုင်ပွဲတစ်ခုမှာ အခမ်းအနားမှုးတွေက ထုံးစံအတိုင်း ပြုလုပ်နေကျ အစီအစဉ်ကို ဆန့်ကျင်ပြီး ဆုရသူတွေကို ပြိုင်ပွဲပြီးတာနဲ့ ဆုဝေပေးလိုက်တယ်။ လူတစ်ချို့က “ ဒီလူတွေ သိပ်အတာပဲ။ ဆုအရင်ပေးတော့ လူတွေက ပိတ်ပွဲထိ မစောင့်ဘဲ ပြန်ကုန်ကြလိမ့်မယ်။ ပိတ်ပွဲမှာ လူမကျန်ဘဲနေမှာပေါ့” လို့ ပြောကြတယ်။ နောက်ဆုံးမှာ ပိတ်ပွဲအခမ်းအနားက ထင်တာထက် ပိုစည်ခဲ့တယ်။ လေးစားမှုရှိရင် […]


etoneJuly 21, 20101min1160
ခြေထောက်များသူ တိရစ္ဆာန်တစ်စု ဝိုင်းဖွဲ့ စားသောက်နေကြသည် ။ အာသွက်လျှာသွက် ဖြစ်နေသဖြင့် စကားဝိုင်းသည် စိုးပြည်လှသည် ။ အရက်ကုန်သွားသဖြင့် အရက်ထပ်ဝယ်ရန် ဆုံးဖြစ်လိုက်ကြသည် ။ သို့နှင့် လိပ်ကို အရက်ဝယ်ရန် လွှတ်လိုက်၏ ။ တစ်နာရီ ၊ နှစ်နာရီ ကြာသွားသည် ။ လိပ်ပေါ်မလာချေ ။ တိရစ္ဆာန်များထဲမှ လိပ်ကို ကျိန်ဆဲသံများ ပေါ်ထွက်လာသည် ။ မနီးမဝေးချုံထဲမှ လိပ်ထွက်လာပြီး စိတ်ဆိုးစွာပြောသည် ။ “ကျွန်တော့်ကွယ်ရာမှာ အခုလို အတင်းပြောရင် ကျွန်တော်မသွားတော့ဘူးဗျာ” မတတ်နိုင် ။ လိပ်အစား ကင်းခြေများကို အဝယ်လွှတ်လိုက်ကြသည် ။ ငါးနာရီ ကြာမှ ကင်းခြေများပြန်ရောက်လာသည် ။ အားလုံးက ဝိုင်းအော်ကြသည် ။ “ဟေ့ကောင် …….. မင်းသွားတာကြာလှချည့်လားကွ” […]


etoneJuly 21, 20101min2168
၁)-တောနက်ကြီးထည်းမှတွေ ့ကသောဆံပင်အနက်ရောင်များနဲ ့အကောင်.. ဘာကောင်လဲတော့မသိဝူးးးးး 🙂 ဒါကတောနက်ထည်းကရှားပါး ပေါက်သင်ညိုတစ်မျိုး ငါက လူနဲ ့တူတဲ့ငါးဘီလူး ကိုင်ကြည့်ရင်ပျော့စိစိ နဲ ့လို ့တော့ပြောကြတာပဲ.. ဒါကဂဏန်ဖြူအလွန်ရှားပါးတဲ့သတ္တဝါ တစ်ကောင်ပါ..သူကသားပေါက်နှုန်းအလွန်နည်းပါးပါတယ်. ဒါကတော့ဘာကောင်ကြီးမှန်းရှင်းလဲမသိဘူး… သိရင်ပြန်ပြောပြကြနော် 🙂 ဒါကမြှောက်နှာခေါင်းကြီးမြှောက် :)တွေ ့ဘူးကြလာ ဒါလေးက တောနက်ထည်းက ကြောင်.. တောနက်ထည်းကယှန်လေး ချစ်စရာတောတောကောင်းပါတယ် ..ဟုတ်တယ်ဟုတ် 🙂 စစ်ကူတောင်းတာ ဟီး ဒါလေးကတော့ဘာကောင်လေးလဲမသိပါဘူး တောနက်က လင်းနို ့ ပြီပါပြီ…နောက်မှအသစ်တွေရှာလိုက်အုံးမယ်နော်..:) ကျေနပ်နိုင်ကြပါစေ


etoneJuly 21, 20101min1354
အမေ တကယ်ကို အိုစာသွားခဲ့ပါပြီ.. ကလေးငယ်တစ်ယောက်လို ချွဲနွဲ့တဲ့အထိ အိုစာသွားခဲ့ပါတယ်။ ဖုန်းဆက်တိုင်း မျှော်လင့်ချက်အပြည့်နဲ့ ကျွန်မကို အမေမေးတတ်တယ်။ “သမီး .. ဘယ်တော့ အိမ်ပြန်ခဲ့မလဲ?” မိုင်ပေါင်းထောင်ကျော်ဝေးတဲ့အမေ့အိမ်ကို ကားသုံးဆင့်စီးပြီးမှ ရောက်တာကိုမဆိုထားနဲ့ အလုပ်တစ်ဘက်၊ ကလေးတစ်ဘက်နဲ့ အမေ့အိမ်ပြန်ဖို့ ကျွန်မအချိန်မပေးနိုင်ခဲ့ဘူး။ နားသိပ်မကောင်းတော့တဲ့အမေကို ကျွန်မအထပ်ထပ်ရှင်းပြခဲ့ပေမယ့် အမေက တောင့်တစွာနဲ့မေးတုန်းပါပဲ။ “သမီး … ဘယ်တော့ အိမ်ပြန်နိုင်မလဲဟင်?” အထပ်ထပ်မေးတဲ့ အမေကို စိတ်မရှည်စွာနဲ့ ကျွန်မအော်မိခဲ့ရင် အမေက တအင်း..အင်း သဘောပေါက်ဟန်နဲ့ ဖုန်းကို အသာချလိုက်တတ်တယ်။ ဒါပေမယ့် ရက်သိပ်မကြာခင်မှာ အမေကဖုန်းဆက်ပြီး အဲဒီမေးခွန်းကိုပဲ ထပ်မေးတတ်ပြန်တယ်။ အလိုမကျတဲ့ ကလေးငယ်တစ်ယောက်လို မေးရင်လည်း အချည်းနှီးပဲဆိုတာသိပေမယ့် ထပ်သလဲလဲ မေးနေတဲ့ အမေကြောင့် ကျွန်မစိတ်တွေပျော့သွားပြီး သက်ပြင်းကို မသိမသာချမိတယ်။ ကျွန်မ မအော်မငေါက်မှန်းသိတော့ […]


etoneJuly 21, 20101min780
(၁) အို..မိန်းခလေးငယ် ထောင်နေသောစပါးနှံ နှင့် ညွှတ်ကိုင်းနေသောစပါးနှံကို လေ့လာ၍ ယောင်္ကျားတို့အား နှိုင်းယှဉ်ပါ။ (၂) အို..မိန်းခလေးငယ် မာနဟူသည် ထားသင့်သော သူပေါ်သာထားရ၏ ၊ မထားသင့်သော သူပေါ်၌ ထားမိသော် အမှား ဖြစ်တတ်၏။ (ကျားသည်ပင် မိဘရှေ့ရောက်က ကြောင်လေးသဖွယ်သာနေတတ်၏ ) (၃) အို..မိန်းခလေးငယ် အသွင်မတူရင် ဘယ်သောအခါမှ အမြင်မတူနိုင်ပါ၊ ခံစားချက်မတူရင်လည်း နားလည်မှုတွေ မတူနိုင်ဘူး။ (၄) အို..မိန်းခလေးငယ် ရှေ့တွင်ရှိသော ပတ္တမြားကို ခရမ်းချဉ်သီးအမှတ် ဖြင့် နင်းကျော်ပြီး ၊ နောက်တွင်ရှိသော မစင်ကို ရွွှွှွှှေအမှတ်ဖြင့် ပြေးကောက်သော်၊ ထိုသူသည် ဉာဏ်ပညာ သေးသိမ်သော မိုက်မဲသူသာဖြစ်ပေလိမ့်မည်။ (၅) အို..မိန်းခလေးငယ် ချိုသာသော စကားတိုင်းသည် မုသားမကင်းနိုင်သလို၊ ခါးသီးသော စကားများသည်လည်း မှန်သော […]