အိုစမာဘင်လာဒင်အကြောင်း ပြောမယ်ဆိုရင် အာဖဂန်နစ္စတန်နိုင်ငံရဲ့သမိုင်းကြောင်းကနေ အစချီပြီးပြောမှ ပြည့်စုံပါမယ်။ ယနေ့ကမာ္ဘ့အဆင်းရဲဆုံး နိုင်ငံ အာဖဂန်နစ္စတန်ဟာ တချိန်ကဆိုရင် ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး သက်ဦးဆံပိုင်ဘုရင်ဇာဟီရာရှား အုပ်စိုးပါတယ်။ ရှင်ဘုရင် အီတလီပြည်သွားခိုက်မှာ ရှင်ဘုရင်ရဲ့ညီဝမ်းကွဲ ဒါဝတ်ခန်က သွေးထွက်သံယိုမရှိစေရဘဲ အာဏာသိမ်းခဲ့ပါတယ်။ ၁၉ရ၃ခု၊ ဇူလိုင် ၁ရ ရက်မှာ ရှင်ဘုရင်ရဲ့ နှစ်ပေါင်းလေးဆယ် စိုးစံမှု နိဂုံးချုပ်ပါတယ်။ ၁၉၇၈ ခု၊ ဧပြီလ(၂၇) ရက်မှာ ဆိုဗီယက်ကွန်မြူနစ်များ ဝင်လာပြီး ဒါဝတ်ခန်အစိုးရကို ဖြုတ်ချခဲ့ပါတယ်။ သမ္မတဒါဝတ်ခန် အသတ်ခံရပါတယ်။ အာဖဂန်ကို ကွန်မြူနစ်ဆိုဗီယက်များ ကျူးကျော်ပြီဆိုတော့ မူဂျာဟစ်ဒင်တွေဟာ ရရာလက်နက်ကိုင်ပြီး တော်လှန်ကြတယ်။ ဆိုဗီယက်နဲ့ မတည့်တဲ့ အနောက်အုပ်စုက မူဂျာဟစ်ဒင်တွေကို လက်နက် အကြီးအကျယ်တပ်ပေးခဲ့တယ်။ မူဂျာဟစ်ဒင်ဆိုတာ အာဖဂန်တောင်သူလယ်သမားတွေပါ။ မူဂျာဟစ်ဒင်ဆိုတဲ့ အဓိပ္ပါယ်က ရုန်းကန်သူ၊ ဒါမှမဟုတ် […]


သူများတွေက စာလေးတစ်ကြောင်းနှစ်ကြောင်းရေးပြီး ပို့စ်လုပ်နေကြလို့ ကျွန်တော်လည်း အားကျမခံ ပို့စ်တစ်ပုဒ်တင်ပါတယ်ဗျို့။ ကျွန်တော့်စိတ်ထဲမှာ ပြဿနာတက်နေတဲ့ ပုစာ္ဆတစ်ပုဒ်ကတော့ – အနုပညာဟာ နိုင်ငံရေးကို လွှမ်းမိုးသလား။ နိုင်ငံရေးက အနုပညာကို လွှမ်းမိုးသလား။ အနုပညာကို အတော်အတန်လွတ်လပ်ခွင့်ပေးတာဟာ နိုင်ငံရေးကို လွတ်လပ်ခွင့်ပေးတဲ့ သဘောကိုဆောင်သလား။ ဥပမာ တစ်ခုကိုပြောမယ်ဗျာ။ အာဖဂန်နစ္စတန်မှာ တာလီဘန်တွေဟာ တိုင်းသူပြည်သားတွေကို သီချင်းနားမထောင်ရ၊ အမျိုးသမီးများ အလှမပြင်ရ၊ စာအုပ်စာပေ မဖတ်ရ၊ စသဖြင့် တင်းကျပ်ခဲ့ပါတယ်။ ရှေးဟောင်း အမွေအနှစ်တွေ အနုပညာလက်ရာတွေ စာကြည့်တိုက်တွေ အလုံးစုံကိုဖျက်ဆီးခဲ့တာပါ။ ဂီတပညာရှင်တွေကို သတ်ခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့ အနုပညာဟာ ပုန်းလျှိုးကွယ်လျှိုးရှင်သန်ခဲ့တယ်။ အဲဒါလေးကို တွေးမိလို့ပါ။ ဒီမေးခွန်းဟာ ချာတူးများလန်နေရော့သလား။ ဘာပဲဖြစ်ဖြစ် သိချင်ပါတယ်။ ဝိုင်းဝန်းစဉ်းစားပေးကြပါဗျာတို့။ ကျေးဇူးတင်ပါသည်။


ကျွန်တော်တို့ လမ်းထဲမှာ လမ်းနံလေး မြောင်းဘောင်တစ်လျှောက် ကြက်ဆူပင်တွေ စိပ်နေအောင်စိုက်ထားပါတယ်။ နွေနွေမိုးဆောင်း ဘယ်လိုပင်ပြောင်းပြောင်း အပင်တွေကတော့ သုံးရာသီစလုံး သန်မာလှတယ်။ ကျွန်တော်တို့ရပ်ကွက်လေးဟာ တိုက်တာသိပ်မရှိတဲ့ ဆင်းရဲသားရပ်ကွက်လေးပါ။ ကြက်ဆူပင်တွေကြားထဲမှာ မြက်တွေတောထနေတယ်။ ရေမြောင်းက ရေမပြတ်စီးဆင်းနေတော့ အပင်တွေသန်တယ်။ ခြင်တွေတရုန်းရုန်း၊ ခြင်ဘယ်လောက်ပေါသလဲဆိုရင် ခြင်ကိုမရိုက်နိုင်ဘူး။ သပ်ချနေရတယ်။ ကျွန်တော်သိထားသလောက် လူကိုကိုက်တာ ခြင်အမပါ။ ခြင်အထီးက လူသွေးမစုပ်၊ သစ်ရည်ပဲစုပ်တယ်လို့သိထားပါတယ်။ ဒါပေမယ့် ခြင်အထီးရှိတဲ့နေရာမှာ ခြင်အမလည်း ရှိပြီပေါ့။ ကျွန်တော် သေသေချာချာသိတာကတော့ အဲဒီခြုံတွေ မြက်တွေကြောင့် ခြင်တွေဒီလောက်အောင်းနေတာပါပဲ။ ရပ်ကွက်ထဲက ကလေးတွေ ညနေခင်း ဆော့ကစားလည်း ခြင်ကိုက်၊ နားနားနေနေလည်း နေမရအောင်ခြင်ကနှိပ်စက်၊ နေ့လည်ဘက် ကလေးတွေ အိုးပုပ်တမ်းဆော့ကြရင် ကျွန်တော်က ဘေးနားမှာခြင်ခတ်ပေးနေရတယ်။ သမီးကိုခြင်ကိုက်မှာ စိတ်အရမ်းပူလို့ပါ။ တစ်လတစ်ခါလောက် အလုပ်သမားခေါ်ပြီး တစ်လမ်းလုံးကို […]


သက်သတ်လွတ်ကိစ္စကို ဘာသာရေးရှုထောင့်က မကြည့်ဘဲ လူသားကျင့်ဝတ်ကနေကြည့်ပြီး ရေးချင်စရာတွေ ရင်ထဲမမျှအောင်ရှိနေခဲ့ပါတယ်။ ပြီးတော့ နိုင်ငံတကာ အတိုင်းအတာနဲ့ရေးမှာ မဟုတ်ဘဲ မြန်မာပြည်အတိုင်းအတာကိုသာ ရေးမှာပါ။ အဓိက ခံစားရတဲ့အပိုင်းက တိရစာ္ဆန်ကို သတ်ပုံသတ်နည်းပါ။ လွန်ခဲ့တဲ့ဆယ်နှစ်လောက်တုန်းက ဝက်သတ်နည်းဟာ ဝက်ရဲ့နံကြားထဲကို ဓားမြှောင်နဲ့ တစ်ချက်တည်းထိုးချပြီး သတ်တဲ့နည်းပါ။ နှစ်ချက်ထိုးစရာတောင် မလိုဘူး။ တကယ့်ကို တစ်ချက်တည်းမှ တစ်ချက်တည်း။ ဝက်က အိခနဲအော်ပြီး လဲသွားတာပဲတဲ့။ ဒါက ကျွန်တော် မမြင်ဖူးဘူး။ ဝက်သတ်တဲ့လူ ပြောပြလို့သိရတာပါ။ အဲဒီလို သတ်နည်းနဲ့ သတ်ပေးရတာ ဝက်တစ်ကောင်သတ်ခ ၅ဝကျပ်ပဲ ရပါတယ်တဲ့။ အခုခေတ် ဝက်သတ်နည်းကတော့ ဝက်ကို သေအောင်သတ်တာမဟုတ်ဘဲ မသေအောင် သတ်တဲ့နည်းပါတဲ့။ ဝက်သတ်ရုံထဲမှာ ပတ်ပြေးနေတဲ့ဝက်ရဲ့ ဦးခေါင်းကို တင်းပုတ်နဲ့ အားကုန် ရိုက်ထည့်၊ ဝက်က ဆန့်ငင်ဆန့်ငင်နဲ့ […]


သောက်ညင်ကပ်စရာကောင်းတဲ့ မန်းဒလေးအွန်လိုင်းကြီးကို ဘယ်လိုချေမှုန်းကြမလဲ။ IT နည်းပညာပိုင်းကတော့ စူ့ထက်စူ လူစွမ်းကောင်းချည်းမို့ ဝက်ဘ်ဆိုက်တင်ထားသရွေ့တော့ မန်းဒလေး အွန်လိုင်းဟာ ရှင်သန်နေမှာပါပဲ။ သို့သော်ငြား မန်းဒလေးအွန်လိုင်းကို အရည်အသွေး ချလို့ရမယ်ဆိုရင် သူ့ရဲ့နဂိုအရည်အသွေးတွေကျပြီး ဗေဒင်အဆင့်လောက်၊ celebrity တွေရဲ့ လျှပ်ပေါ်လော်လီတဲ့ ဝတ်ပြစားပြ ကြော်ငြာအဆင့်လောက်ထိ တန်းချပစ်လိုက်လို့ရနိုင်တယ် ထင်ပါ့။ IT နည်းပညာပိုင်းနဲ့ ထိုးနှက်မယ့်အစား အသိဉာဏ်ပိုင်း၊ သိက္ခာပိုင်းကို ထိုးနှက်တာက ပိုမထိရောက်နို်င်ဘူးလား။ ဒါဆိုရင် နဂိုကရှိနေတဲ့ မန်းဒလေးအွန်လိုင်းရဲ့ အတွေးအခေါ်လွတ်လပ်မှုကို ကြိုဆိုတာ၊ ဦးနှောက်လွှတ်ထုတ်မှုကို လက်သင့်ခံတာ၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံတကာအရေး၊ နည်းပညာအရေး၊ ပရဟိတ အစရှိတဲ့ နယ်ပယ်အစုံစုံ အတွက် ပို့စ်တင်သူနဲ့ ကွန်မင့်ဝင်ပေးသူတွေ အပြန်အလှန်ပါဝင်ရေးသားပြီး အရှိကိုအရှိအတိုင်း လက်ခံနိုင်ဖို့၊ ကူညီလမ်းပြ အကြံဉာဏ်ပေးဖို့ စတဲ့ […]


ကျွန်တော်တို့မြို့မှာ လိုင်းရတာမကြာသေးတော့ ကျွန်တော်လည်း အင်တာနက်ဆိုတာကြီးကို အခုမှထိတွေ့ဖူးတယ်။ ညီဝမ်းကွဲက အင်တာနက်ဆိုင်ဖွင့်တော့ ကျွန်တော်က သူ့ဆီကလိုင်းခွဲယူတယ်လေ၊ သူကပဲ အစအဆုံးအကုန်လာလုပ်ပေးသွားတော့ ကျွန်တော်ကိုယ်တိုင် ဘာမှတတ်စရာမလိုဘဲ ကွန်ပြူတာဖွင့်တာနဲ့ အိုကေဖြစ်နေခဲ့တာ။ ကျွန်တော် စိတ်ကူးတစ်ခုပေါက်ပြီး ကလေးတွေကို အင်တာနက်နဲ့ ထိတွေ့ပေးချင်မိတယ်။ ကျွန်တော်တို့လမ်းက ဆင်းရဲသားအများစုနေတဲ့ သီးသန့်လမ်းကလေးပါ။ စုစုပေါင်း အိမ်၁ဝလုံးပဲရှိတယ်။ မျိုးဆက်သစ်များရဲ့ အခြေအနေကိုပြောရရင် တစ်လမ်းလုံးမှာ ကျွန်တော့်သမီးအပါအဝင် ကလေးပေါက်စနက သုံးယောက်။ ကလေးကြီးက ၄ယောက်။ ဒီကလေးကြီးတွေဟာ သူများကလေးကြီးတွေလို ဂိမ်းဆိုင်ထိုင်နိုင်တဲ့ ကလေးတွေမဟုတ်ပါဘူး။ ကွန်ပြူတာမှာ ကြွက်ခလုတ်ကိုတောင် မကိုင်တတ်တဲ့ကလေးတွေပါ။ ကျွန်တော်လည်း အင်တာနက်ဆိုင်ပိုင်ရှင် ညီဝမ်းကွဲရဲ့ အကူအညီနဲ့ အိမ်မှာ ကွန်ပြူတာ အစုတ်ကလေး ၂လုံးထပ်ဆင်ပြီး ကလေးတွေကို ကွန်ပြူတာလာကိုင်ကြဖို့ ဖိတ်ခေါ်တော့ ကလေးတွေက နေ့မဆိုင်းဘဲ ချက်ချင်းလာအားပေးကြတယ်လေ။ ကျွန်တော်က […]


ကိုယ်တိုင်ရေးစာမဟုတ်ပါ။ ပြည်သူ့ခေတ်ဂျာနယ် အတွဲ၁၊ အမှတ်၃ဝ မှ ဆရာကြည်လင်အေးရဲ့စာကို ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။ ဆရာကြည်လင်အေးရဲ့ စာထဲက “စာပေလက်ရာ အဆင်မြင့်ရင် လူမျိုးဂုဏ်တင့်ပါတယ်။ အားကစားနဲ့ အနုပညာ ထူးချွန်သူပေါတဲ့နိုင်ငံဟာ ကမာ္ဘ့ အဆင့်မီနိုင်ငံပါပဲ” ဆိုတဲ့ စာသားလေးကို နှစ်ခြိုက်မိလွန်းလို့ ရွာသားတွေအတွက် ပြန်လည်ဝေမျှခွင့်ပြုပါ။ xxx မြန်မာရသ ဝတ္ထုရှည်တွေနဲ့ပတ်သက်ပြီး မဟာဆွေ၊ ရွှေဥဒေါင်း၊ ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ နတ်နွယ်၊ မင်းကျော်၊ ခင်ဆွေဦး၊ ဝင်းဦး၊ မဝင်းမြင့်၊ စိန်စိန်၊ မစန္ဒာ၊ စမ်းစမ်းနွဲ့(သာယာဝတီ)၊ မိုးမိုးအင်းလျား၊ ဂျူး၊ နုနုရည်-အင်းဝ၊ ချစ်ဦးညို၊ မောင်ဝဏ်ဏ စသူတို့ဟာ မှတ်တိုင်တစ်ခုဖြစ်တဲ့ ဝတ္ထုရှည်တွေ ရေးခဲ့ကြသူများ ဖြစ်ပါတယ်။ (ဒီနေရာမှာ ဝတ္ထုရည်ရေးသူတွေရဲ့စာရင်းကို ဖော်ပြလိုရင်း မဟုတ်ဘဲ ၁၉၈၅ရဲ့ရှေ့ပိုင်းမှာ မြန်မာဝတ္ထုရည်ကောင်းတွေ အများကြီးထွက်ပေါ်ခဲ့ဖူးတယ် ဆိုတာကို […]


အမေရိကန်ချွေးမဆိုတဲ့ ပို့စ်လေးကို ဖတ်မိပြီး ကျွန်တော့်အတွေးတွေဟာ အတိတ်ကိုရွက်လွှင့်တယ်လို့ ခေါ်ရမလားပဲ။ ကျွန်တော်တို့မောင်နှမတွေဟာ အဖေကို အင်မတန်မုန်းတယ်။ ဘာလို့မုန်းသလဲဆိုတော့ စာသင်လွန်းလို့။ မနက်တစ်နာရီ၊ နေ့လည်တစ်နာရီ၊ ညတစ်နာရီ၊ တစ်ရက်ကိုသုံးကြိမ်တိတိ အဖေက စာသင်တယ်လေ။ တခြားကလေးတွေဆော့နေကြချိန်မှာ ကျွန်တော်တို့ စာသင်ရရင် ကျွန်တော်တို့ဘယ်လိုမှ မကျေနပ်နိုင်တော့ဘူး။ ၄နှစ်သားလောက်ကတည်းက အေဘီစီဒီ သင်ခဲ့ရတာပါ။ အဖေ အဓိကသင်တာက အင်္ဂလိပ်စာ။ ကျွန်တော်တို့ကလေးတွေအခေါ် Peter and Jane ဆိုတဲ့ ladybird series စာအုပ်တွေကို တဆင့်ချင်းစီတက်ပြီး သင်ကြရတယ်။ ဒီစာအုပ်တွေက ဥပမာ 3a, 3b, 3c, ဆိုပြီး အဆင့်ဆင့်တက်သွားပါတယ်။ စာတစ်အုပ်လုံးမှ အင်္ဂလိပ်ဝေါဟာရ ၄-၅ လုံးလောက် အသစ်တိုးတာပါ။ ဒါပေမယ့် အင်္ဂလိပ်စာကို တတ်မှန်းမသိတတ်သွားစေတယ်။ စာတစ်မျက်နှာကို အခေါက်ပေါင်းရာချီပြီး […]


၂၀၁ဝခု၊ ဖီဖာ ကမာ္ဘ့ဖလားဘောလုံးပြိုင်ပွဲကို တောင်အာဖရိကမှာ ကျင်းပနိုင်ခဲ့ခြင်းအတွက် သမ္မတ မင်ဒဲလားကို ဂုဏ်ပြုတဲ့ရုပ်ရှင် Invictus ကို ကြည့်ခဲ့ရတာ တော်တော်ကြာပါပြီ။ အဲဒီကတည်းက ဒီစကားလုံး Invictus ကို တအုံနွေးနွေးဖြစ်ခဲ့ရတာပါ။ အင်္ဂလိပ်-မြန်မာ အဘိဓာန်မှာ ရှာကြည့်တော့ မတွေ့ပါဘူး။ အခု စာအုပ်တွေလှန်ရင်းကနေ ဒီကဗျာကို မထင်မှတ်ဘဲ တွေ့လိုက်တဲ့အခါ ဝမ်းသာသွားတယ်။ ရုပ်ရှင်ကို ပြန်ဖွင့်ကြည့်ပြီး သေချာပိုက်စိပ်တိုက်လေ့လာချင်ပေ မယ့် အခွေကိုရှာမတွေ့တော့ဘူး။ ဆိုင်ကိုသွားတော့လည်း မရှိဘူး။ ရန်ကုန်ကိုလည်း တော်တော်နဲ့ရောက်ဦးမှာမဟုတ်ဘူး။ ဒါကြောင့် အကြမ်းဖျဉ်းပဲ ပြောရပါတော့မယ်။ သမ္မတမင်ဒဲလားဟာ သူစိတ်ဓာတ်ကျတိုင်း ဒီကဗျာလေးနဲ့ အားမွေးရတဲ့အကြောင်းပါ။ ိုအိုးဝေဦးညိုမြ မြန်မာပြန် ထားတဲ့ Invictus ဆိုတဲ့ကဗျာကိုဖတ်လိုက်ရတဲ့အခါ ရင်ထဲမှာ ခံစားချက်တွေ သံစုံမြည်သွားတယ်။ ဒီကဗျာကို သိတဲ့လူတွေသိကြပေမယ့် ကျွန်တော့်လို မသိသေးတဲ့လူတွေအတွက် […]