လူသားတိုင်း အသက်ရှင် နေထိုင်ရပ်တည်ဖို.အတွက် အသက်မွေးဝမ်းကျောင်း တခုကိုတော့ဖြင့် မဖြစ်မနေ လုပ်ကိုင်ကြပါတယ်။ တချို.ကတော့ သမာအာဇီဝနဲ. စီးပွားရှာသလို တချို.ကတော့ ဝိသမလောဘနဲ. ရှာကြပါတယ်။ သမာအာဇီဝနဲ. စီးပွားရှာတိုင်းလည်း မိမိရဲ.ပင်ကိုယ် စိတ်ဓါတ်မကောင်းလျှင် ကောင်းသော်အသက်မွေးခြင်းလို. မဆိုနိုင်ပါဘူးလို. ကျွန်မကတော့ ယူဆမိပါတယ်။ မိမိရဲ. အသက်မွေးဝမ်းကျောင်းကို ရွေးချယ်ရန်အတွက် မိမိကိုယ်တိုင်သာ ကြိုးစားရမှာ မလွဲပါဘူး။ ကျွန်မလည်း ဘွဲ.လေးတခုရတော.ဖြင့် ကျောင်းသားဆိုပြီး မိဘပိုက်ဆံ လက်ဖြန်.တောင်းလို. မရတော.တာနဲ. ဝင်ငွေရမဲ. အလုပ်တခုလောက် လုပ်ဖို. စဉ်းစားရပြီပေါ့။ ဘယ်လိုအလုပ်လုပ်ရမလဲလို. စဉ်းစားရတာရယ် မဖြစ်နိုင်ဘူး၊ အင်း…ငါနဲ.တော. ရမယ်မထင်ဘူး စသည်ဖြင့် တွေးလိုက် ကိုယ်.ဖာသာပြန်ငြင်းလိုက်နဲ. ခေါင်းတွေပူပြီး တခါတခါ ခေါင်းကမီးခိုးတောင် ထွက်ပြီလား ထင်မိပါတယ်။ ဘယ်အလုပ်ကများ ရေရှည်အတွက် ကောင်းလဲလို. တိုင်ပင်တော.လည်း အကြံပေးတာကို […]