hmeeMay 21, 20111min2243
အမျိုးသမီးတွေလည်း တပတ်လုံး ဆန်ရွေး၊ မုန့်ဆီကြော်ကြော်၊ ပေါက်ပေါက်ဖေါက် နဲ့ သူ့အလုပ်နဲ့သူ ရှုပ်နေကြတယ်။ အိမ်အောက်မှာတော့ ရာဝင်စဉ့်အိုး ၄၊ ၅လုံးလောက် စီထားပါတယ်။ အလှုတိုင်းမှာ ပဲတီချဉ် တည်ပေးတဲ့ ကြီးတော်ကြီးက အပျိုု သုံးယောက်နဲ့  ပဲတီပင် အပင်ဖေါက်ဖို့ ပြင်နေပါတယ်။  တရွာလုံးစာမို့  ဖျာကြမ်းခင်း ယိုင်ပါတ်ပတ်  ကောက်ရိုးခင်း  ပဲထည့် ကောက်ရိုးဖုံး ရေတွေ ဖြန်းပါတယ်။  တရက်ကို နှစ်ခါလောက် နေ့စဉ် ရေလောင်းပေးရပါတယ်။  အပင်တွေ ပေါက်လာပြီဆိုရင် ခြင်းကြားထဲထည့် ချောင်းထဲမှာ ရေသွားဆေးရပြန်ပါတယ်။ ကြီးတော်ကတော့ အချဉ်ဖောက်ဖို့ ပြင်ရင်း အိမ်မှာကျန်ခဲ့လေရဲ့။ အဲ့ဒီ ပဲတီချဉ်ကို အလှုပွဲကြီးနေ့မှာ ကျွေးမှာပါ။  အလှုရှင်လောင်းလှည့်တဲ့နေ့က အဝင်နေ့၊ တရားနာတဲ့နေ့က ပွဲကြီးနေ့ပါ။ တခြားရွာမှ ဧည့်သည်တွေက ပွဲကြီးနေ့မှာမှ တရားနာ […]


hmeeMay 20, 20111min39617
“ပြုမှာပဲတော်” “ဟ….ဘယ်တတ်နိုင်မှာလဲ ဒီလောက်ကြီးတော့” “အိုး..တော်ကလဲ အခုကတည်းက သပ်သပ်ရည်မှန်းပြီး စုရမှာပေါ့” “မင်က တလဘယ်လောက် တတ်နိုင်လို့လဲ  တလ တသိန်းစုတောင် ၁ဝနှစ်ကြာမှာကွ ဖြစ်မှမဖြစ်နိုင်တာ” “အော်….တော့စိတ်ကိုကမှ မပါတာ။ ဘယ်ဖြစ်မလဲ ဖြစ်ကိုဖြစ်ရမယ်လို့ စုရင် ရရင်ရမှာပေါ့” လင်မယားနှစ်ယောက် သားရှင်ပြုဖို့ အတွက် ဖြစ်နိုင်မဖြစ်နိုင် ငြင်းနေတာပါ။ ကျွန်မက ရွာမှာ ပြုချင်တယ်။ သူကမြို့မှာပဲ လုပ်မယ်ပေါ့။ ငြင်းသာငြင်းနေတာ သားကဖြင့် အခုမှ ၂ နှစ်။  မြို့မှာ ရှင်ပြုရင် ရွာမှာလောက်မကုန်တာတော့ အမှန်မို့ ကျွန်မလည်း ပြောသာပြောရ အားကတော့  သိပ်ရှိလှတာမဟုတ်ပါဘူး။  မြို့မှာက   ဘုန်းကြီးကျောင်းမှာပဲ အလှုလုပ် ၊ ကားနဲ့ဘုရားသွား ပြီးတော့ကိုယ်ရင်ဝတ်။ အလှုလာသူတွေကလည်း ဝတ်ကောင်းစားလှတွေဝတ် ဟန်ဆောင်မျက်နှာတွေနဲ့  စားသောက် အဲ….အပြန်လမ်းတလျှောက် […]


hmeeMay 12, 20111min35315
“အလှဆိုတာ ကြည့်တဲ့သူရဲ့ မျက်လုံးထဲမှာရှိတယ်” တဲ့ ဖတ်ဖူးတဲ့ စကားပုံလေး။ မိမိမျက်လုံးထဲမှာ လှပါတယ်လို့ မှတ်ယူထားပေမဲ့ တခြားသူ မျက်လုံးထဲမှာ လှချင်မှလှမှာ။ ဒါကြောင့် အလှဆိုတာ ခံစားသူရဲ့ စိတ်နဲ့သာ တိုက်ရိုက်သက်ဆိုင်တယ်လို့  ကျွန်မကတော့ မှတ်ယူထားပါတယ်။ တခါက စာအုပ်တအုပ်ထဲမှာ ပုံပြင်လေးတပုဒ် ကျွန်မ ဖတ်ခဲ့ရပါတယ်။ ပုံပြင်လေးကတော့ — ဘုရင်ကြီးတပါးဟာ တိုင်သူပြည်သားတွေရဲ့ အခြေအနေကို သိချင်တာနဲ့  တိုင်းခန်းလှည့်လည် လာပါတယ်။ နောက်လိုက် နောက်ပါ အစုံအလင်နဲ့ပေါ့။  တနေရာ ရောက်တော့ အမျိုးသမီး တယောက်ဟာ အင်မတန် အရုပ်ဆိုး အကျည်းတန်တဲ့ ကလေးလေးကို ပွေ့ဖက်ပြီး  ချစ်ခြင်းမေတ္တာ အပြည့်နဲ့ နမ်းနေတာ တွေ့ရတယ်။ ကလေးက ဘယ်လောက် အရုပ်ဆိုးသလဲဆို မျောက်ကလေးနဲ့ တူနေပါတယ်။ အဲဒါကို ဘုရင်ကြီးကမြင်တော့  […]


hmeeMay 9, 20111min25610
ဒါတင်ဘယ်ကဦးမလဲ ညဘက်အိပ်ပျော်နေလို့ မတော်တဆ သူ့ဖိမိပြီဆို ကိုယ်တော်က အထဲကလက်သီးစွမ်း၊ ခြေသိုင်းစွမ်းတွေ ပြတာမို့ လန့်နိုးရတာ အကြိမ်ကြိမ်မို့လို့  သတိထားအိပ်ရပြန်ပါတယ်။ ၉လကျော်ထိ နေ့စဉ်စောင်းလျှက် ကသိကအောက် အိပ်ရတာပါ။  ပြီးတော့ လရင့်လာတာနဲ့အမျှ မရိုသေ့စကား  အပေါ့ကလည်း မိနစ် ၂ဝလောက်တခါ သွားချင်တာမို့ အိပ်ပျော်မယ်ဖြစ်လိုက် အိမ်သာသွားချင်လိုက်နဲ့မို့ ဘယ်လာနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပါတော့မလဲ။  အမေတွေဘဝ သားသမီးအတွက် အတော်ပေးဆပ်ရတာပါ။  မိမိကိုယ်အပူချိန်၊ သန္ဓေသား ကိုယ်အပူချိန်ရယ်ကြောင့် တခြားသူတွေထက် နှစ်ဆပိုပူတာမို့ နေမထိထိုင်မသာပါ။ ကိုယ်ဝန်ဆောင် အပူချိန် ဘယ်လောက်ပြင်းသလဲဆိုတော့ မြွေကိုက်ရင် ချက်ချင်းမသေပါဘူးတဲ့။ မြွေဆိပ်က အအေးမို့  မိခင်နဲ့ ကလေးရဲ့ အပူချိန်နှစ်ဆကြောင့်  ချက်ချင်း အစွမ်းမပြပါဘူး။ ဒါပေမဲ့ ကလေးက မိခင် ဝမ်းမှ  ကျွတ်လျှင်ကျွတ်ခြင်း အပူချိန်လျှော့တာနဲ့  မြွေဆိပ်တက်တာမို့  ကလေးမွေးပြီးပြီးခြင်း […]


hmeeMay 8, 20111min2377
ရတနာဆိုတာ ပါဠိစကားလုံးပါ။ အဓိပ္ပါယ်ကတော့ နှစ်သက်ကြည်နူးမှုကို ဖြစ်စေတဲ့အရာလို.  ဆိုလိုတာပါ။ ဒါကြောင့် လူတွေ လိုချင်တက်မက်တဲ့ ရွှေ၊ ငွေ၊ ကျောက်မျက်ကို ရတနာလို့ ခေါ်တာပါ။ အဲဒီလိုပဲ သားသမီးတွေကိုလည်း သားသမီးရတနာလို. တင်စားခေါ်ဝေါ်ကြပါတယ်။ “သမီး  အိပ်ပျော်နေပြီလား” ဆရာမရဲ့ မေးသံကြောင့်  မိမိ အိပ်မပျော်ကြောင်း မိမိလက်ကို အားပေးဖို့ ကိုင်ထားတဲ့ ဆရာမလက်ကိုပဲ တင်းနေအောင် ဆုပ်ပြလိုက်ပါတယ်။ ဆရာမက မျက်နှာပေါ် အုပ်ထားတဲ့ အဝတ်အစိမ်းကို လှပ်ပေးပြီး “သမီး ကြည့်ပါဦး” တဲ့။ ဆရာမလက်ထဲမှာ အနှီးဖြူဖြူလေးနဲ့ ထွေးထားတဲ့ နီတာရဲရဲ ကလေးလေး။ “အိုး…ကျွန်မရဲ့ သားလေး” ။ “ကလေးက ရပေါင်နဲ့ ၆အောင်စ ၊ မနက် ၁ဝနာရီ ရ မိနစ်မှာ မွေးတာ […]


hmeeMay 3, 20111min30112
လူတွေဟာ ကိုယ်ကြိုက်တဲ့ အစားအစာလေး စားရပြီဆိုရင် အာဟာရဖြစ်တာ မဖြစ်တာ အသာထား ကောင်းလိုက်တာ နတ်သုဓာကျနေတာပဲလို့ ပြောကြပါတယ်။ ကျွန်မအထင်တော့  မိမိငယ်စဉ်က စားခဲ့ရလို့ (သို့) စားနေကျအစာမို့  မသိစိတ်မှာစွဲနေလို့ အဲဒီလိုလေး စားရပြီဆို တကယ့်အကောင်းဆုံးအစားလို့ ထင်တာဖြစ်မှာ။ တလောက ရုပ်ရှင်တကား ကြည့်ဖြစ်တယ် အဓိကဇာတ်ကောင်က ကြွက်ကလေး။ ကြွက်ဆိုပေမဲ့ စားဖိုမှုးဖြစ်ချင်သူ။ ဒါကြောင့်လမ်းတောင် လက်ညစ်ပတ်မှာဆိုးလို့ သူက လူလို လမ်းလျှောက်တာ။  စားသောက်ဆိုင်ကြီးတဆိုင်မှာ ပိုင်ရှင်စားဖိုမှုးကြီးက ဝေဖန်ရေးဆရာ တယောက်ရဲ့ ဝေဖန်ခြင်းခံရပြီး စိတ်ထိခိုက်ပြီး ဆုံးသွားတယ်။ သူ့သားက ဟင်းမချက်တတ်ဘူး။   ကြွက်ကလေးနဲ့တွေ့ပြီး ကြွက်ကလေး အကူအညီနဲ့ ဟင်းချက်တာ နာမည်ကျော်ကြားစ   ပြုလာတာပေါ့။  ဒီအကြောင်းကို ကြားတော့ ဝေဖန်ရေးဆရာကြီးက နောက်တခါ ဝေဖန်ဖို့ ဆိုင်ကိုရောက်လာပြီး […]


hmeeApril 28, 20111min2057
ကျွန်မတို့ ရွာလေးဟာ အညာအရပ်ဒေသက ရွာလေးမို. တကယ့် ရွာဓလေ့ ရွာစရိုက် အပြည့်ခံစား စံစားရတဲ့ ဒေသလေးပါ။ တနှစ်ပတ်လုံး တရွာလုံး မိမိအလုပ်နှင့် မိမိအလုပ်ရှုပ်နေပေမဲ့ နွေရာသီများ  ရောက်ရင်တော့ဖြင့် အားလုံးနီးပါး ပူပြင်းတဲ့နေကြောင့် အနားယူကြပါပြီ။  မိုးမကျမှီ အထိ အေးအေးလူလူ လူရောနွားပါ အနားရတာပါ။  ကျွန်မတို့ ကလေးလေးတွေလည်း အတန်းတင်စာမေးပွဲ ပြီးပြီမို့ အခုခေါတ်လို ကျုရှင်မရှိတာမို. မီးကုန်ယမ်းကုန် ကဲခွင့် အပြည့်ရပါပြီ။ ကျွန်မတို့ အရပ်ဒေသဟာ အညာဒေသမို့ နေကအလွန်ပြင်းပါတယ်။ အိမ်တိုင်းနီးပါးကလည်း သွပ်မိုး ၊သစ်ကာနဲ့ သက်ကယ်မိုး ထရံကာကများပြီး အုတ်ခံအိမ် နည်းပါးတာမို. မီးလောင်မှာ အလွန်ကြောက်ရတာပါ။ မြင်မြင်သမျှ ရှိရှိသမျှ အိမ်တွေ သစ်ပင်တွေ သစ်ရွက်တွေကလည်း နေအပူကြောင့် ကြွပ်ရွနေတာများ ဟင်း..မီးတပွားကျလို. ကတော့ဖြင့်လို့ […]


hmeeApril 27, 20111min27810
လူတယောက်မှာရှိသင့်သော ခန္ဓာကိုယ် အလေးချိန်ကို ဗဟုသုတ ရရန်အလို့ငှါ  တင်ပြပေးခြင်းပါနော်။ သိပြီးသူများလည်း သည်းခံပြီး ဖတ်ပေးတာ ကျေးဇူးပါနော်။ ရှိသင့်တဲ့အလေးချိန် အရပ်                                အနိမ့်ဆုံး                            အမြင့်ဆုံး ၄ပေ ၈လက္မ                      ၈၉ပေါင်                                    ၁၁၂ပေါင် ၄ပေ ၉လက္မ                    ၉၂ပေါင်                                       ၁၁၆ပေါင် ၄ပေ ၁ဝလက္မ                  ၉၆ပေါင်                                      ၁၂ဝပေါင် ၄ပေ ၁၁လက္မ                   ၉၉ပေါင်                                     ၁၂၄ပေါင် ၅ပေ                                 ၁၀၂ပေါင်                                  ၁၂၈ပေါင် ၅ပေ ၁လက္မ                    ၁၀၆ပေါင်                                   ၁၃၂ပေါင် ၅ပေ ၂လက္မ                  ၁၀၉ပေါင်                                    ၁၃ရပေါင် ၅ပေ ၃လက္မ                   ၁၁၃ပေါင်                                   ၁၄၁ပေါင် ၅ပေ ၄လက္မ                   ၁၁ရပေါင်                                   ၁၄၆ပေါင် ၅ပေ ၅လက္မ                 ၁၂ဝပေါင်                                   ၁၅ဝပေါင် ၅ပေ ၆လက္မ                […]


hmeeApril 22, 20111min36218
တောအရပ် ရွာမှာ ဈေးရောင်း ဈေးဝယ်လုပ်တာလေးတွေပါ။ ကျွန်မတို. ရွာမှာ ဈေးမရှိပါ။ ရွာလမ်းမတလျှောက် လမ်းလျှောက်ပြီး လိုက်လံရောင်းချသည့် ခေါင်းရွက်ဗျက်ထိုးသည်  ထံမှ ဝယ်ယူရသည်။ တချို.မှာ မိမိစိုက်ပျိုး ထားသည်များကို ခူးဆွတ်ရောင်းချရု ်  အချို.ကမူ မြို.ဈေးမှဝယ်ကာ တဆင့်ပြန်လည်ရောင်းချကြသည်။ မြို.အရပ်မှာကဲ့သို. မနက်အစော ဈေးသွားကာ အသင့်စောင့်ဆိုင်း ရောင်းချနေသည့် ဈေးသည်များ ထံမှ မိမိနှစ်သက်ရာဝယ်ယူကာ တနေ.စာ ဝမ်းရေးကို လွယ်လင့်တကူ ဝယ်စားနိုင်သော်လည်း တောအရပ်မှာမူ ငွေရှိတိုင်းစားချင်ရာ စားရု ်မရပေ။ မိမိအိမ်ရှေ. လမ်းမမှ ဈေးသည်များ အသံကို နားစွင့်ရင်း မိမိဝယ်လိုသည့် ဈေးသည်လာမှ ခေါ်ယူဝယ်ကာ ဟင်းချက်ရသည်။ တခါတရံ မိမိစားလိုသည်ကတမျိုုး ချက်လိုက်ရသည့်ဟင်းက တခြားဖြစ်ရသည်။ ဈေးသည်များမှာ အများစုအားဖြင့် တခြားရွာမှ လာရောက် ရောင်းချသည်ကများသဖြင့်  […]


hmeeApril 17, 20111min68728
ဒီပုံပြင်လေးကို ကြားဖူးသူ ရှိသလို မကြားဘူးသူလည်း ရှိမှာပါ။ ဒီနေ.တော. စိတ်ထဲမှာ ဒီအကြောင်း အရမ်းရေးချင်လာလို.ပါ။ တခါက လူတယောက်ဟာ ခရီးဝေးတခုကို ခရီးထွက်လာသတဲ့။ လမ်းလျှောက်လာရတာလည်း ဝေးရတဲ့အထဲ နေကလည်း ပူလွန်းတာမို. အမောပြေ ခရီးတထောက် နားဖို.နေရာတခုလောက် တွေ.ရင်ဖြင့် ကောင်းသားလို. တွေးရင်းနဲ. လျှောက်လာလိုက်တာ ရှေ.ခပ်လှမ်းလှမ်းမှာ ရွာတခုကို လှမ်းမြင်သတဲ့။ ဒါနဲ. အားတက်ပြီး ရွာကအိမ်တအိမ်မှာ ရေလေးတပေါက်လောက် တောင်းသောက်ပြီး အမောဖြေမှလို. တယောက်တည်း ရေရွတ်ပြီး ရွာဆီကို လျှောက်လာတာပေါ့။ အဲ.. ရွာမရောက်ခင် ထူးခြားတာ တခုကို သူမြင်တာမို. အတော်စိတ်ဝင်စားမိတာပေါ့။  အိမ်လေးတလုံးဟာ ရွာနဲ. ခပ်လှမ်းလှမ်းမှာ တကွဲတပြား သီးခြားရှိနေတာမို. ဘာကြောင့်ပါလိမ်.လို. နဂိုရှိရင်းစပ်စုချင်စိတ်ကို တားမရတာမို. ရွာကိုမသွားတော.ပဲ အဲဒီ့ ရွာပြင်က အိမ်ဆီ […]


hmeeApril 14, 20111min1776
ကျွန်မ မိဘများသည် တကယ့်ကို တောမှာမွေး တောမှာကြီး တောမှာပဲ ခေါင်းချမည်.သူတွေပါ။ ဒါပေမဲ့ တောအရပ်မှာ နေသော်လည်း ဗဟုသုတကတော့ဖြင့် တကယ်ကို ပြည့်စုံသူပါ။ အဖေရော အမေပါ စာဖတ်အား အရမ်းကောင်းပါတယ်။ အဲ ..အဖေကတော့ မှတ်သားတတ်တဲ့စိတ် ပိုကြီးတယ်။ ကျွန်မတို.လည်း ဒီစာအုပ်၊ ဒီစာကို ဖတ်ပေမဲ့ အဖေ.လို တော. ပြန်ပြီး မပြောနိုင် မပြောတတ်ဘူး။ စာတိုပေစလေးတွေ  ကဗျာတိုလေးတွေကို  တခါတလေ  ကိုယ်ကအစလောက်သိလို. အဖေ.ကို မေးရင်ဖြင့် အစအဆုံး ရွတ်ပြတတ်တယ်။  တောအရပ် ဖြစ်လို. နေ.ခင်းနေ.လည် အားလပ်ချိန်များမှာ ဖြင့် အိမ်အောက် တန်းလျှားမှာ အဖေက အရှေ.ဖက်တန်းလျှား အမေက အနောက်ဖက် တန်းလျှား မှာ လဲလျှောင်းရင်း စာဖတ်နေတာကို ငယ်ငယ်ကတည်း ကနေ […]


hmeeApril 11, 20111min33516
ကျွန်မ အရင်တခါက ယာထဲထမင်းပို.တဲ့ အကြောင်းရေးဖူးပါတယ်။ အခုတခါတော့ လယ်ထဲ ထမင်းပို.တဲ့အကြောင်းပါ။ ကျွန်မ ဆယ်တန်းအောင်ပြီး တက္ကသိုလ် မတက်ခင်အချိန်ပိုင်းလေးမှာ ရွာမှာပြန်နေပါတယ်။ အစ်ကိုကြီးကတော့  ဘွဲ.ရပြီးလို. အစိုးရအလုပ်မှာ ဝင်ရောက်သွားလို.  ငှာနစုမှုးအရာနဲ. နယ်မြို.တမြို.မှာ တာဝန်ထမ်းဆောင်နေပါတယ်။  မောင်လေးနဲ. ညီမလေးကတော. မြို.မှာ ကျောင်းတက်နေချိန်မို. အိမ်မှာ အဖေ၊အမေနဲ.ကျွန်မ သုံးယောက်ပဲရှိတာမို. ကျွန်မပဲ ကလေးလုပ်နေတယ်။ ငယ်ငယ်ကတည်းက အမြဲခွဲနေရတဲ့ အချိန်ကများပြီး အတူနေရတဲ့အချိန်က တော်တော်နည်းပါတယ်။  မိုးတွင်းအခါမှာ ကျောင်းဖွင့်တာမို. မြို.မှာပဲ အနေများပြီး တောဓလေ့ကို တကယ်ကို အပေါ်ယံလောက်သာရှပ်သိပြီး ထဲထဲဝင်ဝင် သိပ်မသိလှပါဘူး။ ဒါပေမဲ့ မိဘလက်ငုတ်လက်ရင်း အလုပ်မို. သံယောဇဉ်လည်း ရှိသမို. ကြုံကြိုက်တိုင်း သိချင်တာလေးတွေတော့  အမြဲမေးမိတယ်။ မိန်းခလေးမို. အနီးကပ် အမေနဲ.နေတာ များလို. အမေ့ကို […]


hmeeApril 6, 20111min1788
ဒီနှစ်ဟာ အတော်ကို ထူးခြားတဲ့ နှစ်ဖြစ်ပါတယ်ဆိုတာ သတိထားမိပါသလား။ ကျွန်မတို. ကြုံလေ့ကြုံထ မရှိတဲ့ date လေးမျိုးကို တွေ.ရှိနေရပါတယ်။  “၁” ဂဏန်းသမားတွေ စိုးမိုးတဲ့……၁-၁-၁၁၊ ၁၁-၁-၁၁၊ ၁-၁၁-၁၁၊ ၁၁-၁၁-၁၁ တွေ ဖြစ်ပါတယ်။ ထူးခြားချက် အနေနဲ.ကတော့ သူငယ်ချင်းတို.ရဲ. မွေးသက္ကရာဇ်ရဲ. နောက်ဆုံးနှစ်လုံးကို ခုရောက်ရှိနေတဲ့  အသက်နဲ.ပေါင်းလိုက်မယ်ဆိုရင် “၁၁၁” ကိုရမှာဖြစ်ပါတယ်၊ လူတိုင်းအတွက်မှန်နေတာဖြစ်ပါတယ်။ ( ဥပမာ – ကျွန်မ အခုရောက်နေတဲ့အသက် ၂၁ ၊မွေးတာက ၉ဝ …နှစ်ခုပေါင်းတော. “၁၁၁” ပါ။ နှစ်ပေါင်း (၈၂၃ ) နှစ်မှာမှ တခါကြုံနိုင်တဲ့ ဒီနှစ်ကို money bag year လို. ခေါ်ပါတယ်တဲ့။ ပြီးခဲ့တဲ့ January မှာ စနေ […]