kaiApril 15, 20121min2666
ဟုတ်ပါတယ်…Los Angeles မှာ တနင်္ဂနွေ(4/15/12) တရက်ထဲ သင်္ကြန်ကျပါမယ်… အဲဒီသင်္ကြန်ပွဲမှာ… (၁) ဈေးဆိုင်တန်း ၂ဝလောက်ရှိမယ်..။ တဆိုင်ကို မြန်မာမုန့်ထမင်းအမယ် ၂ခုမက ဖွင့်ကြ ရောင်းကြမှာမို့ မုန့်ထမင်းအမယ် ၅ဝလောက်တော့ ရွေးချယ်စားသောက်နိုင်ပါလိမ့်မယ်.. (၂) စင်မြင့်ပေါ်မှာ မြန်မာဆိုင်းဝိုင်း မြန်မာတူရိယာတွေ ခန့်ခန့်ညားညားနဲ့ မြန်မာ တိုင်းရင်းသားတို့ရဲ့.. ယိမ်းအက ကလေးငယ်လူရွယ်လူရွယ်တို့ရဲ့ဖျော်ဖြေမှုတွေကို တီးဝိုင်းနဲ့လည်း ခံစားကြည့်နိုင်မယ်.. (၃) ၁ဒေါ်လာတန် မဲဖောက်(Raffle)ကနေ..အောက်က ဆုတွေ ရနိုင်မယ်.. 1. Ipad 3 “The New Ipad” 2. Airline Ticket to any Asia Country 3. $50 amazon gift card (၄) Live Stream […]


kaiApril 14, 20121min62511
အတာသင်္ကြန်ဆိုတာ မွန်နဲ့သက္ကတကို ယူထားတယ်။ အတာဆိုတာ နှစ်တနှစ်ကုန်သွားလို့ နှစ်သစ်စခြင်းကို ဖော်ညွှန်းတယ်။ သင်္ကြန်လည်း ထိုနည်းကောင်းပါပဲ။ လတန်ခူးမှာ နှစ်သစ်ကူးလို့ပေါ့။ အတာသင်္ကြန်ဓလေ့ဟာ အစမှာ ဗုဒ္ဓဘာသာဓလေ့ ဖြစ်ဟန်မတူပါ။ ဟိန္ဒူဓလေ့ ဖြစ်ဖို့များပါတယ်။ နောက်ပိုင်းကျမှ ဗုဒ္ဓဘာသာနဲ့အညီ ပြောင်းလဲကျင့်သုံးခဲ့ခြင်းပါ။ နောက်တစ်ခု သင်္ကြန်ရောက်ယင် အပျော်ကြူးကြမယ်လို့ အားခဲကြတယ်။ သင်္ကြန်ဆိုတာ ကဲဖို့ မဟုတ်ပါ။ သင်္ကြန်ရဲ့အစမှာ ပန်းခက်ကလေးနဲ့ ရေစွတ်ရုံမျှပါပဲ။ သနပ်ခါးရည်နဲ့ မျက်နှာကို လေးလေးစားစားနဲ့ ကဗျာဆန်ဆန် ခြယ်ပေးရုံမျှပါပဲ။ အခုအချိန်မှာ ခေတ်အလီလီပြောင်းလို့ လူတွေက ပြောင်းသွားကြတယ်။ သင်္ကြန်ကိုလည်း မိမိတို့နဲ့အဆင်ပြေအောင် ပြောင်းပစ်လိုက်ကြတယ်။ ပန်းစည်းကလေးနဲ့ သနပ်ခါးရည်ကလေးနဲ့ စွက်ရာကနေ ခွက်ကလေးနဲ့ ပက်ကြတယ်။ ခွက်ကလေးနဲ့ ပက်ရာကနေ ပိုက်ကလေးနဲ့ ဖျန်းကြတယ်။ နောက် ဘာနဲ့ပက်ကြဦးမလဲမသိ။ သင်္ကြန်မှာ ရာဂအခိုးတွေ […]


kaiApril 14, 20121min4649
ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ် ၂၀၁၂ ခုနှစ် ဧပြီလ ၁၂ ရက် ဝန်ကြီးချုပ် ဒေးဗစ်(ထ်) ခယ်မရော(န်) မြန်မာနိုင်ငံသို့ လာရောက်သည့် သမိုင်းဝင် ခရီးစဉ်မတိုင်မီ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး အယ်(န်)ဒီ ဟေး(န်)က ကြိုတင်ရေးသားခဲ့ပါသည်။ သင်္ကြန်ရေပွဲတော် အရှိန်အဟုန်အပြည့် ဖြင့် ဆင်နွှဲနေခိုက်တွင် သူ၏ ဧည့်သည်တော်ကြီး ရေတွေ စိုစိုရွှဲမကုန်ပါစေကြောင်း သူက ဆုမွန်တောင်းနေပါလေ၏။ “မှတ်တမ်းမှတ်ရာတွေကို ပြန်ကြည့်ခဲ့ပြီးတဲ့နောက် ဧပြီလ ၁၃ ရက်နေ့မှာ ရောက်လာမယ့် ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ဟာ ဖြင့်ရင် ဗြိတိန်နိုင်ငံ အကြီးအကဲတစ်ဦး မြန်မာနိုင်ငံကို လာရောက်တဲ့ တကယ့် ပထမဦးဆုံး ခရီးစဉ်ဖြစ်နေတာ တော်တော်ကြီး သေချာသွားပါတယ်။ “သမိုင်းဝင်”ဆိုတဲ့ စကားရပ်ကို တစ်ခါတလေကျတော့ သည်လိုပဲ လွယ်လွယ် ကူကူ […]


kaiApril 11, 20121min273734
လူမျိုးရေးနဲ့မြန်မာပြည် တိုးသွားလိုက် ကျယ်လာလိုက်ဖြင့့် မြန်မာလူမျိုးရေးအကြောင်းဆွေးနွေးကြ တိုက်တွန်းကြသည်ကို ကြားတွေ့နေရသည်။ ။ ၂၁ရာစုတွင် လူမျိုးရေးပဋိပက္ခတို့သည် ငြိမ်းချမ်းခြင်းနှင့် တိုးတက်သောနိုင်ငံတော်ဖြစ်တည်ခြင်းအတွက် ကြီးစွာသော အဟန်ု့အတားတို့ဖြစ်သည်ကိုကား သိသာနေကြမည်ထင်ပါသည်။ ယခုခေတ်တွင် မြန်မာတို့ကမ္ဘာအနှံ ့ဖြန့်ကျက်နေထိုင်နေကြကာ မြန်မာပြည်ဥပဒေပြုလွှတ်တော်တို့တွင် နိုင်ငံတကာအတွေ့အကြုံရင့်ကျက်သူ ကမ္ဘာတန်းအဆင့်ခေါင်းဆောင်ရောက်နေချိန်ဖြစ်သဖြင့် တိုင်းရင်းသား(၁၃၅)မျိုးနေထိုင်ပါသည်ဆိုသော ပြည်ထောင်စုအတွက် လူမျိုးရေးကို ကိုင်တွယ်ဖြေရှင်းရန်အသင့်လျှော်ဆုံးအချိန်ဟု ဆိုချင်သည်။ မြန်မာတို့ဘာတွေဖြစ်ခဲ့သည် ဖြစ်ဖူးသည်တို့ကို လှမ်းကြည့်လျှင် ရှေ့ဆက်၍ဘာလုပ်သင့်ကြသည်ကို ထင်ရှား မြင်သာပါလိမ့်မည်။ ကုလားမြန်မာအဓိကရုဏ်း ပုဂံခေတ်၏ ဆေးရေးပန်းချီများတွင် မှောင်သောအရောင်၊ ပြူးသောမျက်လုံး၊ ဖြူသောအရေ။ မှေးသောမျက်ဝန်းတို့နှင့် လူပုံများလည်း တွေ့ရပေသည်။ အာသံကိုမြန်မာတို့သိမ်းခဲ့သည်။ စစ်တကောင်း၊မဏိပူရလည်း ရဖူးပါသည်။ ထိုထိုဒေသမှ လူသားတို့ မြန်မာပြည်တွင်းဆီ ဥဒဟိုဝင်ထွက်သွားလာဖူးကြပါလိမ့်မည်။ သွေးနှောအမျိုးရောကြပါလိမ့်မည်။ သူတို့သည် မြန်မာ့ဘိုးဘေးတို့ဖြစ်ကြပါလေ၏။ ၁၉-၂ဝရာစုတွင် အိနိ္ဒယတောင်ပိုင်းသား ချစ်တီးတို့လည်း မြန်မာ့မြေတွင်သွေးရောနေထိုင်ကာ လူမျိုးသွေးနှောအခြေချခဲ့ဖူးသည်။ […]


kaiApril 10, 20121min3376
အခန်း (၇) အမေရိကန်ပြည်ထောင်စုတလွှားကို သွားရောက်ရင်း UFOs နဲ့ ပတ်သက်တဲ့ ဟောပြောပွဲတွေ ပြုလုပ်နေတဲ့ ဒေါက်တာ Jessup ဆီကို အလွှာပေါင်းစုံက လူတွေရဲ့ စာတွေ ရောက်ရှိခဲ့ပါတယ်။ တချို့လူတွေက သူ့လို သိပ္ပံပညာရှင်တွေ ဖြစ်ပြီး၊ ကျန်သူတွေကတော့ ဒီဘာသာရပ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားသူတွေ ဖြစ်ပါတယ်။ တချို့လူတွေကတော့ နံရံလေးဘက် ကာရံထားတဲ့ အကျဉ်းစခန်းတွေဆီက ရေးသားထားပုံပေါ်ပါတယ်။ ဒီလိုနဲ့ တနေ့မှာတော့ အရောင်မျိုးစုံနဲ့ ရေးထားတဲ့ စာတစောင်ကို ဒေါက်တာ Jessup လက်ခံရရှိခဲ့ပါတယ်။ စာရေးသူဟာ ဘောပင်ကို ကိုင်ဖို့ တစုံတရာ အခက်အခဲ ရှိနေခဲ့ဟန် တူပါတယ်။ ဒီစာကြောင့် ဒေါက်တာ Jessup ဟာ (၁၉၄၃) ခုနှစ်တုန်းက အရှေ့ဘက်ကမ်းရိုးတန်းမှာ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို […]


kaiApril 8, 20121min3719
Philadelphia စမ်းသပ်ချက် (ဘာသာပြန်ဝတ္ထု) (အပိုင်း -၅) အခန်း (၅) အဖိုးနဲ့ စကားပြောပြီးတဲ့ အဲဒီ့ညက ကျွန်မ အလွန် အလုပ်ရှုပ်ခဲ့ပါတယ်။ (၁၉၄၃) ခုနှစ်တုန်းက အဖိုးဖြေရှင်းခဲ့တဲ့ ပုစ္ဆာတွေကို ကျွန်မ ပြန်ပြီး တွက်ချက်ကြည့်နေရတာကြောင့်ပါ။ ကွန်ပျူတာရဲ့ အကူအညီကြောင့် နာရီဝက်အတွင်းမှာပဲ ဖြေရှင်းနိုင်ခဲ့ပါတယ်။ ဒီတုန်းက ကျွန်မ အသုံးပြုခဲ့တဲ့ ကွန်ပျူတာက IBM 286 အမျိုးအစားပါ။ ဒီနေ့ခေတ်ကွန်ပျူတာတွေနဲ့ယှဉ်လိုက်ရင်တော့ donkey cart လို့ ထင်စရာဖြစ်ပေမယ့် ဒီကွန်ပျူတာကလဲ တွက်ချက်မှုတွေအတွက် အတော်အကျိုးကျေးဇူး ရှိစေပါတယ်။ (၁၉၄၃) ခုနှစ်တုန်းကတော့ အဖိုးရဲ့ ဦးနှောက်တွေက ကွန်ပျူတာတွေလိုပဲ အလုပ်လုပ်ခဲ့ရတာ ဖြစ်ပါတယ်။ ကျွန်မရဲ့ တွက်ချက်မှုတွေကနေ ပေါ်ထွက်လာတဲ့ အဖြေကတော့ force field ဟာ အလင်းတန်းတွေကို […]


kaiApril 5, 20121min3487
တိုင်းပြည်ချစ်စိတ်ဘယ်လောက်ရှိသလဲ? ဤဆောင်းပါးသည်တိုင်းပြည်ချစ်စိတ်နှင့် ကမ္ဘာ့အလယ်တွင်အဆင်းရဲဆုံးနိုင်ငံဘဝသို့ရောက်နေသော အမိမြန်မာနိုင်တော်ကြီးကိုမည်ကဲ့သို့စိတ်ထား နှင့်ကမ္ဘာထိပ်တန်း နိုင်ငံဘဝသို့ရောက်ရန် ဝိုင်းဝန်းလုပ် ဆောင်သင့်သည်ကိုရည်ရွယ်၍ရေးသား လိုက်ပါသည်။ ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲကို NLD ပါတီမှ အများစုအနိုင်ရလိမ့်မည်ဟုယူဆသူများရှိ သော်လည်း ၄၄နေရာပြိုင်၍ ၄၄နေရာစလုံး နိုင်လိမ့်မည်ဟု မည်သူကမျှ မထင်ထား ကြချေ ။ အထူးသဖြင့် နေပြည်တော်မြို့နယ်များတွင် အနိုင်ရဘို့ဖြစ်နိုင်ချေနည်းသည်ဟုစာရေးသူကိုယ်တိုင်ထင် မှတ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော်ထိုနယ်မြေများသည် နအဖ မှစံနစ်တကျမိမိ ကိုယ်ပိုင် နယ်မြေ အဖြစ်သိမ်းသွင်း ဖွဲ့စည်းထားခဲ့သောကတ်သေအပိုင်နယ်မြေများဖြစ်သည်။ သို့ရာတွင်မထင်မှတ်သည်များက ဖြစ်လာခဲ့ရသည်။ ဘာကြောင့်နည်း? ၁။ ပြည်သူများ နိုင်ငံရေးအရထကြွနိုးကြားမှုရှိနေခြင်း ၂။ ပြည်သူများ နှင့် အစိုးရလခစားများကိုယ်တိုင်၏ အမှန်တရားကိုလိုလားခြင်း၊ လွတ်လပ်စွာ နေထိုင် စီးပွါးရှာဖွေခွင့်၊ ရွေးချယ်ပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်ရရှိရေးကိုတမ်းတခြင်း။ ၃။ စစ်အာဏာရှင်စံနစ်ကိုလွန်စွာစက်ဆုပ်နေခြင်း တို့ကြောင့်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် […]


kaiApril 4, 20121min2503
မိုင်းဆိုသည်မှာ မိုင်းဆိုတာ လူကို သေစေတတ်တဲ့၊ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာ ရစေတတ်တဲ့ ပေါက်ကွဲပစ္စည်းတွေ ပါဝင်တဲ့ အရာဝတ္ထု တခုဖြစ်ပါတယ်။ မိုင်းတွေကို မြေပြင်ပေါ်မှာ တွေ့ရှိနိုင်သလို မြေကြီးထဲမှာ မြှုပ်နှံထားတာတွေလဲ ရှိပါတယ်။ မိုင်းတွေမှာ ဒီဇိုင်းတွေ အမျိုးမျိုး ကွဲပြားသလို ထိခိုက်မှု ဖြစ်စေနိုင်မှုကလဲ ပေါက်ကွဲအားပေါ် မူတည်ပြီး ကွဲပြားပါတယ်။ မိုင်းအသုံးပြုမှု သမိုင်းကြောင်း ပထမကမ္ဘာစစ်အတွင်းမှာ တင့်ကားတွေကို စစ်လက်နက်ပစ္စည်းအဖြစ် စတင်အသုံးပြုလာချိန်က စပြီး တင့်ကားတွေကို တိုက်ခိုက်ဖို့ မိုင်းတွေကိုလဲ စတင်အသုံးပြုလာကြပါတယ်။ ဒါကြောင့် ကမ္ဘာ့စစ်တပ် အသီးသီးမှာ မိုင်းတွေကို ရှာဖွေရှင်းလင်းတဲ့ အထူးတပ်တွေကိုပါ စတင် ဖွဲ့စည်းလာကြပါတယ်။ နောက်ပိုင်းမှာ ကမ္ဘာတလွှားမှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်တွေမှာ မိုင်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြပါတယ်။ ဘာကြောင့် မိုင်းကို အသုံးပြုရသလဲ […]


kaiMarch 28, 20121min1188108
[polldaddy poll=5991165] ကြားဖြတ်ရွေးကောက်ပွဲက နီးလာပြီး.. နီးဆို.. နောက်၄ရက်ပဲလိုတော့တယ်… ဆိုတော့.. ရွေးကောက်ပွဲ. မဲအကြိုစာရင်း.. စစ်တမ်းကို ..ဒီမှာပြောင်းထားလိုက်တာပါ.. ရွာသူားတွေ.. ကိုယ့်ထင်တာလေးတွေ.လုပ်မှာလေးတွေ.(မပေးရသေးရင်) ပေးစေလိုပါတယ်..။ မန္တလေးဂေဇက်ရွာသူားစာရင်းတွေကြည့်တော့. ဒီနေ့မှာ.. ၈၀၃ရယောက်ရှိနေပါပြီ.. Poll မှာက.. Vote ထားတာ… ၁၃၉ရ ယောက်ပဲပြသေးလို့ပါနော…..။ = ရွေးကောက်ပွဲနဲ့ပါတ်သက်တာတွေ.. စိစစ်ဝေဖန်ကြပါဦး.. ဘာဖြစ်လာမယ်… ၊ ဘာဖြစ်သင့်တယ်..။ ရေးကြပါဦး..။


kaiMarch 22, 20121min86822
“မီဒီယာဖွံ့ဖြိုးတိုးတက်စေချင်တယ်၊ စတုတ္ထမဏ္ဍိုင် ကြံ့ခိုင်စေချင်တယ်ဆိုရင်၊ မီဒီယာဖွံ့ဖြိုးတိုးတက်အောင်၊ လုပ်ကိုင်နိုင်တဲ့ အခြေအနေကို ဖန်တီးပေးဖို့ပဲ ဖြစ်တယ်။ မီဒီယာတွေကို ထပ်ပြီးတော့ ချုပ်ကိုင်ဖို့ မလုပ်သင့်ဘူး” ဝါရင့် သတင်းစာဆရာ လူထုဦးစိန်ဝင်းနှင့် တွေ့ဆုံခြင်း Wednesday, 21 March 2012 22:44 ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) တို့ ပူးပေါင်းပြီး Conference on Media Development in Myanmar အလုပ်ရုံ ဆွေးနွေးပွဲကို မတ်လ ၁၉ရက်နှင့် ၂ဝရက်နေ့တွင် ရန်ကုန်မြို့ရှိ ချာထရီယမ် ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲအပေါ် အမြင်များနှင့် အစိုးရမှ ရေးဆွဲပြဋ္ဌာန်းရန် ပြင်ဆင်နေသော ပုံနှိပ်မီဒီယာဥပဒေနှင့် ပတ်သက်ပြီး ဝါရင့် သတင်းစာဆရာ […]


kaiMarch 21, 20121min3134
မတ်လ ၁၉ ရက်တုုန်းက ရန်ကုုန်မှာ မီဒီယာဖွံဖြိုးတိုုးတက်ရေး ညီလာခံကျင်းပတယ်။ မတ်လ ၁၈ ရက်နေ့က အမျိုးသားသတင်းဆုုပေးပွဲကျင်းပတယ်။ ခင်မင်ရင်းနှီးသူတွေကော၊ မခင်မင် မရင်းနှီးသူတွေကော တက်ရောက်ဆင်နွှဲကြတာကိုု တွေ့ရတယ်။ အာဏာရှင်တွေ အဆင့်ဆင် ပြဋ္ဌာန်းချုပ်နှောင်ခြင်း နှစ်ပေါင်းများစွာ ခံစားနေရတဲ့ စာနယ်ဇင်း မီဒီယာလောကမှာ သူတိုု့တွေရဲ့ ဥပဒေ စည်းမျဉ်းတွေ မလိုုဘူး၊ သူတိုု့တတွေရဲ့ ကျောသပ်၊ ရင်သပ် အလုုပ်ခံရတာမျိုး မလိုုဘူး၊ သူတိုု့တွေဆီက ဥပဒေတွေနဲ့ ကာကွယ်စောင့်ရှောက်ခြင်း အသနားခံစရာ မလိုုဘူးလိုု့ ပြောလိုုက်ချင်တာပဲ။ “စာနယ်ဇင်း” ဆိုုမှတော့ “မီဒီယာ” ဆိုုမှတော့ ပြည်သူတွေနဲ့ တန်းတူ လွတ်လပ်ခွင့်ပဲ လိုုတယ်။ ပြည်သူတွေကိုု ကန့်သတ်တားဆီးပြီးမှ အာမခံတာတွေ ကာကွယ်တာတွေ လုုပ်တဲ့ ဥပဒေတွေ မလိုုအပ်ဘူးလိုု့ ထင်တယ်။ စာပေစိစစ်ရေးအဖွဲ့တိုု့၊ စာပေစိစစ်ရေးဥပဒေစည်းမျဉ်းတွေက […]


kaiMarch 16, 20121min4406
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဟောပြောချက် PDF Wednesday, 14 March 2012 23:03 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ပါတီ၏ မူဝါဒ သဘောတရားများကို မတ်လ ၁၄ ရက်နေ့တွင် ရုပ်မြင်သံကြားမှတစ်ဆင့် ဟောပြောမှုများပြုလုပ်ခဲ့သည်။ အဆိုပါ ဟောပြောမှုကို ရုပ်မြင်သံကြားမှတစ်ဆင့် စိတ်ဝင်တစား စောင့်စားကြည့်ရှုခဲ့သူများ ရှိခဲ့ကြောင်းလည်း သိရသည်။ ဟောပြောချက်အပြည့်အစုံမှာ ယခုလို ကျွန်မရဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒသဘောတရားတွေကို ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ တင်ပြခြင်းဟာ ပြည်သူတွေရဲ့ အခွင့်အရေးကို အသိအမှတ်ပြုရခြင်း ဖြစ်ပါတယ်။ မဲဆန္ဒရှင်များ သာမက နိုင်ငံသူ နိုင်ငံသားအားလုံးအနေနဲ့ မိမိတို့ကို ကိုယ်စားပြုလိုကြတဲ့ ပါတီ အဖွဲ့အစည်း ပုဂ္ဂိုလ်တွေကို လေ့လာသုံးသပ်ပြီး […]