“အစွယ်လိုသူမိဖုယား ဆိုတဲ့ ဇာတ်တော်ထဲက အဓိက ဇာတ်ပို့……………….”   တစ်ရက် ဆိုင်ကယ်နဲ့သွားနေတုံး ဘယ်ကဖွင့်နေမှန်းမသိတဲ့  ရွေဘိုတင်မောင်ရဲ့ ဆဒ္ဒန်ဆင်မင်းဇာတ်ထုတ်ကို ကြားလိုက်ရတဲ့အခါ ကျနော်ငယ်ငယ်က တွေးမိတဲ့အတွေးရူးလေးက ခေါင်းထဲကိုရောက်လာပါတယ်။ အဲဒီတုန်းကတွေးမိခဲ့တာလေးကဒီလိုပါ။ တကယ်လို့သာဆဒ္ဒါန်ဆင်မင်းကသာ တစ်လင်တစ်မယားစံနစ်ကျင့်သုံးခဲ့မယ်ဆိုရင် ဒီဇာတ်လမ်းဖြစ်မလာနိုင်ဘူး။ နောက်တစ်ချက်က အင်ကြင်ပန်းဆိုတာမရှိခဲ့ရင်လဲ ဆင်မင်းက ခူးမပေးဘူး။ ခူးပေးပြန်ရင်လဲ ခါချဉ်ကောင်ဆိုတာမရှိခဲ့ဘူးဆိုရင် စူဠသုဘဒ္ဒါကိုအကိုက်မခံရဘူး။ ဒါဆိုရင်လဲ ဒီဇာတ်လမ်းမဖြစ်ဘူးလို့ ငယ်ငယ်က ရှာကြံပြီးပေါက်ကရတွေးမိခဲပါတယ်။     ဆဒ္ဒါန်ဆင်မင်းဇာတ်တော်ဆိုတာ ကျနော်တို့နဲ့မစိ်မ်းတဲ့ဇာတ်လမ်းလေးပါ။ ဖြစ်နိုင်တာမဖြစ်နိုင်တာအပထား လူ့သဘောသဘာဝတွေကို ကွင်းကနဲရှင်းကနဲမြင်အောင် ပြနိုင်တဲ့ဇာတ်လမ်းလို့ဆို်နိုင်ပါတယ်။ ရတနာပုံရွှေမန္တလေးက စာဆိုတော် စလေဦးပုညရဲ့စာအရေးအသား ပြောင်မြောက်တာကြောင့် ပိုအသက်ဝင် ပိုပြီး နှစ်သက်တယ်ကြတယ်လို့ထင်မိပါတယ်။ အဲဒီထဲက လူအသိဆုံးအသုံးအများဆုံးဆိုတဲ့စကားလေးတွေကတော့ “မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီး” “အစွယ်လိုသူမိဖုယား […]


    “နဒီဧရာ ရေဇလာ”     တစ်ရက်ညနေစောင်း ဘိုအောင်ကြီးက လှမ်းဖုန်းဆက်လာပါတယ်။ ဒီနေ့တိမ်တွေလှနေတယ်ပေါ့။ ဖြစ်ချင်တော့ ဒီနေ့ကအလုပ်မအားတာသေချာ။ အဲတော့ မသွားတော့ဘူးပေါ့။ ဖြစ်ချင်တော့ ညနေက အလုပ်ကိစ္စကစောပြီးကိစ္စပြတ်သွားပါတယ်။ အဲဒါနဲ့သူ့ဆီဖုန်းလှမ်းဆက်တော့ ခေါ်မရ။ ဒါနဲ့ဘဲ မြစ်ဆိပ်ကိုတစ်ယောက်ထဲအမြန်ပြေးရပါတယ်။ အစကတော့ ရွှေကြက်ယက်ဘက်ကိုသွားဘို့ရည်ရွယ်။. ဖြစ်ချင်တော့ နေအကျက မြန်နေပါတယ်။ အဲတော့ 41လမ်း အတိုင်းဆင်းပြီး ပေါ်တော်မူ ဘုရားကြီးပေါ်ကို အမြန်သွားရပါတော့တယ်။ အဲဒီရောက်တော့ နေရောင်က တောင်စွယ်မှာကွယ်တော့မယောင်ယောင်။ ရသလောက်အမြန်ရိုက်ရပါတယ်။ ဓါတ်ပုံရိုက်နေဆဲမှာဘဲ အရောင်စုံပြီးလှပလွန်းတဲ့ မြစ်ပြင်ဆည်းဆာမြင်ကွင်းကြောင့် စိတ်ထဲမှာ အရမ်းကိုကျေနပ်။ သိပ်မကြာခင်မှာဘဲ အမှောင်ရိပ်က စွန်းချင်ချင်။ အဲဒါနဲ့ရိုက်လက်စရပ်လို့ ရေကူးနေတဲ့ကလေးတွေဘက်ကိုခြေဦးလှည့်။ ဖုန်းသံလေးမြည်လာလို့ ကြည့်လိုက်တော့ ဘိုအောင်ကြီး ကုျံနံဘေးမှာရောက်နေပါသတဲ့။ ဒါနဲ့ဘဲ အိမ်ကို အမြန်ပြန်ပြေးလာ။ နဒီဧရာ ရဲ့ […]


  Normal 0 false false false EN-US X-NONE X-NONE MicrosoftInternetExplorer4 /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-qformat:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin:0in; mso-para-margin-bottom:.0001pt; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-fareast-font-family:”Times New Roman”; mso-fareast-theme-font:minor-fareast; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;} “စကားပန်းဖြူဖြူ ကြိုက်သလောက်သာယူ “   မနက်မနက်ကျနော်လမ်းလျောက်ထွက်တိုင်း ကင်မရာယူသွားလေ့ရှိပါတယ်။ ကျနော်နှစ်သက်တာတွေ့ရင်ရိုက်။ တစ်ရက်မှာတော့ ဒဏ္ဍာရီနားရောက်တော့ တရုပ်စကားပင် လို့ကျနော်အလွယ်ခေါ်တဲ့အကျော်ပန်းပင်မှာ အဖူးလေးတွေစီနေပါတယ်။ […]


            “ပန်းပျိုးဥယျာဉ် တစ်ခုသို့အလည်သွားခြင်း”(နှစ်)     ခြံအတွင်းထဲရောက်တဲ့အခါမှ အပြင်ကလှမ်းမမြင်ရတဲ့ အပင်တွေကိုတွေ့ရပါတော့တယ်။ ပန်းလေးတွေထဲမှာရောင်စုံစက္ကူပန်းတွေများပါတယ်။ အရှေ့ဘက်ဆုံးထွက်လိုက်တော့ ကန်တော်ကြီး ရေပြင်။ နံဘေးနားက တဲအိမ်လေးနားမှာတော့ ပုစွန်ဆီအရောင်အသွေးနဲ့ခေါင်ရမ်းပင်၊ တစ်ခြံလုံးပါတ်ပါတ်လည်မှာ စက္ကူပန်းပင်တွေနဲ့ဝေဝေဆာဆာ။ စက္ကူပန်းကတော့တစ်ပင်ထဲမှာကို အရောင်မျိုးစုံ။ လိုက်ပြတော့ အဒေါ်ကြီးကတော့ ကျနော်ပန်းပင်တစ်ပင်နားရောက်ရင်တစ်ခါရှင်းပြ။ ခက်တာက အခုပြန်တွေးတော့ နာမယ်တွေမမှတ်မိတော့။. ထူးဆန်းတဲ့အပင်လေးကတော့ ဂမုန်းမျိုးစိတ်ဖြစ်ဘို့များပါတယ်။ လိပ်ပြာလေးပျံနေတဲ့ပုံစံ။ နောက်ထူးခြားတဲ့ပုံစံလေးပွင့်နေတဲ့အပင်လေးမေးကြည့်တေ့ာ မီးပုံးပန်းတဲ့.။ ကျနော်အတော်စုံအောင်ရိုက်ပြီးပြန်အထွက်မှာတာ့ “ကျမတို့ခြံကို ပန်းပင်ဝယ်ချင်တဲ့သူလွှတ်ပေးနော်”လို့ရိုးသားစွာ ဖိတ်ခေါ်ပါတယ်။ ဒါကြောင့်လဲပြန်အထွက်မှာခြံနံမယ်လေးသတိတရရိုက်ခဲ့ပါတယ်။ ပဒုမ္မာ ပါတဲ့။ ကဲသွားချင်တဲ့မန်းလေးက မိတ်ဆွေများကို နေရာလေးညွှန်းပေးလိုက်ပါမယ်။ အရှေ့ဘက်ကနေ ကန်တော်ကြီးအတိုင်းတည့်တည့်ဝင်လာ။ ကော်ဖီတာဝါစင်ကြီးနားမရောက်ခင်မှာတွေ့ရမယ့် လမ်းထဲကို ချိုးဝင်လိုက်ပါ။ အဝင်ဝကနေ နည်းနည်းသွား။. ညာဘက်လမ်းအတိုင်းကွေ့ ရင် စတွေ့ရတဲ့ခြံလေးကတော့ […]


      “ပန်းပျိုးဥယျာဉ် တစ်ခုသို့အလည်သွားခြင်း”(တစ်)     ပြီးခဲ့တဲ့ဥပုဒ်နေ့က ထုံးစံအတိုင်း မနက်လမ်းလျောက်ထွက်လာခဲ့ပါတယ်။ ခါတိုင်း အလုပ်ပိတ်ရက်ဆိုရင် မနက်ရှစ်နာရီလောက်မှအိမ်ပြန်ရောက်တတ်ပါတယ်။ ကန်တော်ကြီးတောင်ဘက်လမ်းအဆုံးက ရှမ်းလေးကျွန်းထိသွားတာကိုးဗျ။ အခုရက်ရှမ်းလေးကျွန်းကိုသွားထားတာလဲသိပ်မကြာသေးတော့ မသွားချင်။ ဒါနဲ့ဘဲ လမ်းတစ်ဝက်မှာရှိတဲ့ပျိုးပင်တွေရောင်းတဲ့ဥယျာဉ်ထဲကိုဝင်လာခဲ့ပါတယ်။ ဟိုငေးဒီလျောက်နဲ့လာလိုက်တာ တစ်နေရာအရောက်မှာအင်မတန်မှလှပတဲ့ အဝါရောင်ပန်းပွင့်တွေက ကျနော်ကို “ လာခဲ့”လို့ခေါ်နေသလိုလို။ ဒါနဲ့ဘဲ အဲဒီအဝါရောင်ပန်းတွေကို ဓါတ်ပုံရိုက်။. ခြံထဲလှမ်းကြည့်တော့ ပန်းရောင်စက္ကူပန်းတွေက အဆုပ်အဆုပ်။ နောက်တော့အကြော်ပင် စင်္ကြာပန်းပင် စံပယ်ပင်အဖြူရောင်တွေစုံလို့ပါဘဲ။ ကျနော်ပန်လေးတွေရိုက်နေတုံးခြံပိုင်ရှင်အဒေါ်ကြီးထွက်လာပါတယ်။ ကျနော်ကို သူတို့အိမ်လေးရဲ့အရှေ့ဘက်မှာ ပန်းတွေရှိတဲ့အကြောင်း ပြောပြီး ဝင်ပြီးဓါတ်ပုံရိုက်ခိုင်းပါတယ်။ အဲဒါနဲ့ဘဲ အတွင်းထဲကိုရောက်သွားတဲ့အခါ ပန်းဝင်္ကပါထဲရောက်သွားသလိုပါဘဲ။. ကဲမပြောတော့ဘူးနော် ကြည့်ဘဲကြည့်လိုက်ပါတော့   ကိုပေါက်လမ်းသလားနေသည် (11-8-2012)      


        “ပန်းလေးတွေအစုံအစုံ” နှစ်   တောင်ကြီးမြို့ကတော့ ရေခံမြေခံကောင်းလေတော့ တစ်မြို့လုံးစိမ်းစိမ်းစိုစို။ ကျနော်ရောက်တဲ့ ဇူလိုင်လကုန်ရက် မိုးကလဲမပြတ်နှက်တော့ ပန်းတွေကလဲပွင့်လိုက်တာ တစ်မြို့လုံးလှပ။ ပထမရက်ကတော့လမ်းလျောက်ရင်းတွေ့သမျှ အပင်ကိုရိုက်ပါတယ်။ နောက်ရက်တော့ တောင်ကြီး မြို့ဈေးတောင်ဘက်မှာရှိတဲ့ ပန်းခြံထဲကို ဝင်လို့ဓါတ်ပုံရိုက်ပါတယ်။ အဲဒီထဲမှာ ပန်းပင်တွေအတော်လေးစုံပါတယ်။ အများဆုံးကတော့ ဒေစီပန်းနဲ့ဒေလီယာပန်းပါဘဲ။ ပန်းခြံထဲမှာ တိရိစ္ဆာန်ပုံ လေးတွေပေါ်အောင်အပင်လေးတွေကို စိုက်ထားပါသေးတယ်။ ပန်းခြံကထွက်တော့ ကမ္ဘောဇဘဏ်ရှေ့မှာ စိုက်ထားတဲ့ပန်းပင်လေးတွေက လှပစွာဖူးပွင့်လို့နေပါတယ်။ အဲ့တော့ထုံးစံအတိုင်း ……………………… ကိုပေါက်လက်ဆော့လေသတည်းပေါ့။   ကိုပေါက်လမ်းသလားနေသည်။ (11-8-2012)    


    ဒီနေ့ကျနော်တို့ရွာသူညီမလေးတစ်ယောက်ရဲ့မွေးနေ့ဆိုတာ အမှတ်မထင်သိလိုက်ရပါတယ်။ ဘယ်သူလဲဆိုတော့  စကားထာဖွက်မယ်ဗျာ. ေ ရွှ ရောင်နဲ့ဆင်တူတဲ့အလင်းတန်းတွေဖြာနေတဲ့နံနက်ခင်းပုံလေးကို မထင်မှတ်ဘဲရခဲ့ပါဘတယ်။   ကြည် လင်နေတဲ့ ကောင်းကင် ပြာလွင်တဲ့တိမ်တိုက် နောက်ခံနဲ့မန်းလေးကျုံးနဲ့မြို့ရိုးပုံလေးက တော့မနေ့မနက်ကရပါတယ်.   ဒီပုံလေးတွေကို နက်ဖြန်မွေးနေ့ရှင်အတွက် လက်ဆောင်ပေးလိုက်ပါတယ်။ ကဲ မွေးနေ့ရှင်ဘယ်သူလဲဆိုတာကိုတော့ဖြေကြည့်စေချင်ပါတယ်။   စာလုံ့းတွေထဲမှာအဖြေရှိပါတယ်။ အဖြေမှန်သူကိုလည်း ဓါတ်ပုံလှလှလေးတစ်ပုံလက်ဆောင်ပေးပါမည်။ ခင်သော ကိုပေါက်    


    “ပန်းလေးတွေအစုံအစုံ” တစ်     ကျနော်က ယောကျာ်လေးတန်မဲ့ ပန်းတွေကိုနှစ်သက်ပါတယ်။ အပင်ပေါ်မှာပွင့်နေတဲ့ပန်းလေးတွေကိုမြင်ရင်သဘောကျ။ ငယ်စဉ်ဘဝ မြေကြီးအလွန်ရှိတဲ့အိမ်မှာနေရတုန်းက ရသမျျနေရမှာ ပန်းပင်လေးတွေစိုက်။ ပွင့်လာရင် သဘောကျ။ မွှေးနေတဲ့ပန်းရနံ့က လူစိတ်ကိုဘယ်လိုကြည်နူးစေမှန်းမသိ။ အခုတော့ တိုက်ခန်းနေလူတန်းစားဘဝမှာအပင်စိုက်ဘို့အခွင့်မသာ။ ရသမျှနေရာလေးမှာပန်းအိုးနဲ့စိုက်ပြန်တော့ နေမဝ ရေမဝတော့ အပင်လေးတွေမှာ စိတ်ရှိတိုင်းမလန်း။ အဲတော့လဲ ပန်းပင်တွေ့တဲ့နေရာမှာလက်ဆော့လို့ဓါတ်ပုံရိုက်။ ဒီတစ်ခေါက်တောင်ကြီးဘက်ကိုသွားဖြစ်တော့ မာမီကမှာလိုက်ပါတယ်။ “ကိုပေါက် ဒီတစ်ခါ ပန်းတွေဓါတ်ပုံရိုက်ရင် နာမယ်မှတ်ခဲ့ပါ”တဲ့။ အဲတော့တောင်ကြီးရောက်တော့ကားပေါ်ကဆင်းဆင်းခြင်းမအိပ်တော့ဘဲလမ်းလျောက်ထွက်။ လမ်းနံဘေးမှ တွေ့တဲ့ပန်းလှလှမြင်ရင် ဓါတ်ပုံရိုက်။ လာသမျှလူကို “’ဒီပန်းလေးက ဘယ်လိုခေါ်ပါသလဲခင်ဗျာ”လို့မေး။ အမေးခံရသူကလဲ သေသေချာချာဖြေပေးနဲ့ အလုပ်ကို ဖြစ်လု့ိပါဘဲ။ အဲ အနီရောင်ပန်းအုံလိုက်ကြီးတွေ့လို့မေးမှ သိသူမရှိ။ ဆယ်နှစ်ရာသီပွင့်တယ် နာမည်က ပါးစပ်ဖျားတင်မေ့နေတယ်လို့ဆိုပြန်ပါတယ်။ နောက်ဆုံးတော့ ကိုပေါက်ပဟေဠိကိုမှန်အောင်ဖြေနိုင်သူပေါ်လာပါတယ်။ “  ဟင်းနုတ်သီးပန်း“လို့ခေါ်ပါသတဲ့။   […]


ဒီပိုစ်လေးကတော့ အရင်က မပြင်စကောင်းပြင်စကောင်းနာမယ်နဲ့ဖော်ပြဘူးပါတယ်။ 2010 ကျနော်စာရေးစကပါ။ အခု မြနန္ဒာဂျာနယ်အတွက် ပြန်လည်ပြင်ဆင်ဖြည့်စွက်ပြီးရေးသားလိုက်ပါတယ်။ တူလဲတူတယ် မတူလဲမတူဘူးပေါ့။ ဩဂုတ်လ (8)ရက်နေ့ထုတ် အတွဲ့(1) အမှတ်စဉ်(29)နဲ့ မြနန္ဒာဂျာနယ်မှာပုံနှိပ်ပြီးဖြစ်ပါတယ်။ ခါတိုင်းဆိုရင် မန်းလေးဂေဇက်မှာ တင်ပြိးမှ ပုံနှိပ်လေ့ရှိပါတယ်။ ဒီတစ်ခါတော့ပြောင်းပြန်ပေါ့။ “ဘယ်သူ့ဘက်က ပြင်ပါ့မယ်”     တစ်နေ့အလုပ်သွားဘို့အိမ်ကထွက်အလာ “ဘိုအိမ် “လို့ကားစပယ်ယာတွေခေါ်တဲ့ မန္တလေး-စစ်ကိုင်းလမ်း နဲ့လမ်းသစ်ဆုံတဲ့နေရာ လမ်းထိပ်မှာယာဉ်ထိန်းအဖွဲနဲ့တာဝန်ရှိတဲ့အဖွဲ့တွေပူးပေါင်းပြီး ရှောင်တခင် စစ်ဆေးနေတာကိုတွေ့လိုက်ရပါတယ်။ မနက် (၈)နာရီပါတ်ဝန်းကျင်ဆိုတော့ကျောင်းသွားအလုပ်သွားနဲ့အရမ်းကိုအသွားအလာများတဲ့ အချိန်လေးလဲဖြစ်ပါတယ်။ သူတို့စစ်ဆေးရေးလုပ်တဲ့နေရာရဲ့အရှေ့ဖက်ပလက်ဖောင်းမှာချထားတဲ့ စာပွဲလေးတစ်လုံးအနားမှာ လူတွေအများကြီးဝိုင်းအုံစုပြုံနေကြတာကိုမြင်လို့ စပ်စုလိုက်တော့ စည်းကမ်းဖောက်ဖျက်လို့ ဒဏ်ငွေဆောင်ကြရမယ့်သူတွေဖြစ်နေပါတယ်။ မစည်ကားအပ်တဲ့အရပ်ထဲမှာနောက်တိုးအနေနဲ့ စည်းကမ်းဖောက်ဖျက်လို့ဒါဏ်ငွေဆောင်ရတဲ့နေရာကိုထပ် တိုးလိုက်ချင်ပါတယ်။ သတင်းစာတွေထဲမှာ စည်းကမ်းဖောက်ဖျက်သူတွေကို ဖမ်းဆီးပြီးဒဏ်ငွေဆောင်လို့ရတဲ့နိုင်ငံတော်ဘဏ္ဍာငွေ ဘယ်လောက်ရှိပြီဆိုတာမျိုး ကိုသတင်းအဖြစ်ဖတ်ရတဲ့အခါမျုးိမှာ စိတ်မကောင်းမိပါဘူး။ ဘဏ္ဍာတော်ငွေများတယ်လို့ သိရလေလေ ကျနော်တို့လူမျိုးတွေစည်းကမ်းမဲ့တဲ့လူများလေလေဆိုတာကို သွယ်ဝိုက်တဲ့နည်းနဲ့ဖော်ပြနေတယ်လို့ခံစားရပါတယ်။ အဖမ်းခံရတဲ့အကြောင်းရင်းကို […]


      “ညနေခင်းလေးကပေးတဲ့ကြည်နူးခြင်း”     ဝါဆိုလပြည့်နေ့(2-8-2012)နေ့က အလုပ်ပိတ်ပါတယ်။ အဲ့တော့  ရှမ်းလေးကျွန်းဘက်ကို ညနေပိုင်းဓါတ်ပုံသွားရိုက်မယ်လို့ စိတ်ကူးလိုက်ပါတယ်။ ညနေငါးနာရီလောက်ရောက်တော့ ကိုစိန်သော့ကို ဖုန်းလှမ်းချိတ်တော့မအား။ ဖရဲမကလဲ အလုပ်မပိတ်။ ကျနော်တို့အဖွဲ့က တစ်ယောက်နဲ့တစ်ယောက်တွေ့ခဲ့ဆုံခဲပါတယ်။ မန်းလေးဂေဇက်ရွာသူားတွေမန်းလေးမှာရှိနေပေမယ့် အချင်းချင်းမတွေ့ဘူးသူတွေလဲရှိပါတယ်။ ကျနော်သာ ရွာထဲမှာအနေကြာတာရယ် အလှူငွေကောက်တဲ့ကိစ္စကို တာဝန်ခံလုပ်ခဲ့လို့သာအတော်များများ နဲ့တွေ့ဘူးနေတာပါ။ သွားစရာလာစရာရှိရင်ဖြစ်ဖြစ် မန်းလေးကို ရွာထဲက ဧည့်သည်ရောက်လာရင်သာတွေ့ဖြစ်ပါတယ်။ ကျန်တဲ့အချိန်တော့ ကိုယ့် အလုပ် ကိုယ့်ဘဝနဲ့နေကြတာများပါတယ်။ အလုပ်ပိတ်ရက်တွေကလဲ မတူကြတာများပါတယ်။ ကျနော်ရှမ်းလေးကျွန်းဘက်သွားနေရင်း နေအရမ်းပူတာကိုမြင်နေရတာရယ် ကောင်းကင်မှာတိမ်သိ်ပ်မရှိတာရယ်ကြောင့် မသွားဖြစ်တော့ပါဘူး။   နောက်ရက်အလုပ်ဖွင့်တဲ့ရက်ညနေခင်းမှာတော့ကိုစိန်သော့ဆီက ဖုန်းဝင်လာပါတယ်။ ရှမ်းလေးကျွန်းဘက်မှာတိမ်တွေအရမ်းလှဆိုဘဲ။ အဲဒါနဲ့အလုပ်တွေမြန်မြန်လက်စသိမ်းလို့ ရှမ်းလေးကျွန်းဘက်ပြေးပါတော့တယ်။ ကျနော်ရှမ်းလေးကျွန်းရောက်တော့ ကိုစိန်သော့ကတံတားပေါ်ရောက်နှင့်နေပါပြီ။ နေရောင်က ဝင်ခါနီးဆိုတော့စကားမပြောနို်င်အားဘဲ ကမန်းကတမ်းဆော်ကြနှက်ကြပါတယ်။ ရှမ်းကလေးကျွန်းရွာလေးကလမ်းတွေရေမြုတ် အိမ်ကြမ်းပြင်နဲ့ရေက သိပ်မကွာ။ အဲတော့ […]


“သေသည့်တိုင်အောင်ဇာတ်လမ်းမပြီးသေးသောဆိုင်းဘုတ်များ” မနေ့မနက်ကအလုပ်ထဲရောက်တော့ ကလေးတွေကြွက်စီကြွက်စီနဲ့ပြောနေကြတာကို မသဲမကွဲကြားနေရ။ “အကျီအပြာနဲ့ကောင်မလေးသနားပါတယ်အေ” “ဟိုကောင်က အကျီတောင်ပါဘူး ပြဲလာတာနေမှာ” အဲဒီတုန်းကတော့ သူတို့ဘာပြောမှန်း မသိခဲ့ဘူး။ ဒီနေ့မနက် ကျောက်တော်ကြီးဘုရားသွားတော့ 35လမ်းနဲ့73လမ်းမှာတစ်ခု။ နန်းရှေ့ 19လမ်းနဲ့ 66လမ်းဆုံတဲ့ထိပ်မှာတစ်ခုဆိုင်းဘုတ်အကြီးကြီးတွေထောင်ထားတာကိုမြင်တော့မှ ရုံးက ကလေးတွေပြောတာကို သဘောပေါက်ပါတော့တယ်။ တစ်ပုံကတော့ အကျီဗလာ ဂျင်းဘောင်းဘီအပြာနဲ့ ကောင်လေးတစ်ယောက်သွေးအိုင်ထဲမှာ။ နောက်တစ်ပုံကတော့ အကျီအပြာနဲ့ ကလေးမလေးတစ်ယောက်သွေးအိုင်ထဲမှာ။ ဆိုင်ကယ်အချင်းချင်း ဆိုင်ကယ်နဲ့ကား တိုက်မိလို့ သေဆုံးသွားသူတွေရဲ့ဆေးရောင်စုံ ပုံကိုတင်ထားတာပါ။ ကြည့်ရတာနဲ့ တင်သွေးပျက်စရာ ။ ကျနော်ခပ်ငယ်ငယ်ကပေါ့။ မော်တော်ယဉ်ထိန်းသိမ်းရေးက ထုတ်တဲ့စာအုပ်လေးတစ်အုပ်ကို အမှတ်မထင်ကြည့်မိပါတယ်။ အဲဒီစာအုပ်ထဲမှာမော်တော်ယဉ်တိုက်မှု့အမျိုးမျိုးကြောင့်လမ်းပေါ်မှာသေဆုံးတဲ့ပုံတွေကို ဓါတ်ပုံရိုက်ထားတာပါ။ အတော်လေးကို ပိုးစိုးပက်စက်နိုင်တဲ့ပုံလေးတွေပါဘဲ။ အဲဒီနေ့ညလဲရောက်ရော ကျနော်တော်တော်နဲ့အိပ်မပျော်တော့ပါဘူး။ နေ့လည်က ကြည့်ထားတဲ့ပုံတွေကို ပြန်မြင်နေလို့ပါဘဲ။ ကလေးဘဝဆိုတော့ စိတ်က စွဲမိစွဲရာကိုးဗျ။ ကျနော်အမြင်ပြောရမယ်ဆိုရင်တော့ ဘယ်လိုရည်ရွယ်ချက်နဲ့ဘဲ တင်တင် အခုလို […]


                  “ကျနော်နှင့်ခရီးသွားဖော်များ”       ကျနော်တောင်ကြီးကနေ မန်းလေးကိုပြန်လာတော့ ရွာငံဘက်ကနေလှည့်ပြန်လာခဲ့ပါတယ်။ တောင်ကြီးကနေ အောင်ပန်းအရောက်မှာ ရွာငံဘက်က သွားတဲ့လမ်းနဲ့ ပုံမှန်သာစည်ဘက်ကသွားတဲ့လမ်း လမ်းခွဲပါတယ်။ အောင်ပန်းလမ်းဆုံအရောက်  အနောက်ဘက်ကိုဆင်းသွားရင် ကလော ကိုရောက်ပါတယ်။ ကလောနဲ့အောင်ပန်းက ခြောက်မိုင်ဘဲကွာပါတယ်။ ကလောက ဆက်ဆင်းသွားရင်တော့ ဝက်ဖြူရေ ဘုရားငါးဆူ သာစည် မိတ   ္ထီလာ မန်းလေးအစဉ်အတိုင်းရောက်သွားပါတယ်။ မိတ္ထီလာရောက်ရင်တော့ အမြန်လမ်းကနေမောင်းကြတာများပါတယ်။ ရွာငံဘက်ကနေသွားမယ်ဆိုရင်တော့ အောင်ပန်းလမ်းဆုံကနေမြောက်ဘက်အတိုင်းလိုက်ရပါတယ်။ ပင်းဒယကိုသွားတဲ့လမ်းပေါ့။ အဲဒီအတိုင်းလိုက်သွားပြီး လမ်းခွဲရောက်တဲ့အခါ အနောက်ဘက်ဆင်းလိုက်ရင် ရွာငံရောက်ပါတယ်။ ရွာငံကိုဖြတ်သွားပြီးရင် သရက်သီးကောင်းတွေထွက်တဲ့ ဟန်မြင့်မိုရ် အဲဒီကမှကျောက်ဆည် စဉ့်ကိုင် မန်းလေးပေါ့။ ခါတိုင်းလမ်းက ညမှသွားတော့လမ်းမှာအတူခရီးသွားဖော်တွေကို မတွေ့ရ။ ဒီတစ်ခါတော့နေ့လည်ခင်းသွားတဲ့အခါ […]