ကို သာAugust 6, 20121min1093
ရခိုင်ပြည်နယ်အခြေအနေနှင့် ပတ်သက်၍ မြန်မာအစိုးရက ရဲဝံ့ ပြတ်သားစွာကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိပါက အခြေအနေပိုမိုဆိုးရွား သွားစေနိုင်ကြောင်း မြန်မာအစိုးရ၏ ဖိတ်ကြား ချက်အရ မြန်မာနိုင်ငံသို့ ခြောက်ရက်ကြာ လာရောက်လေ့ လာခဲ့သည့် မြန်မာနိုင်ငံလူ့အခွင့် အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ သောမတ်စ်အိုဂျေးကွင်တားနားက ဩဂုတ် ၄ ရက် ည ၆ နာရီ ၄၅ မိ နစ်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်၌ကျင်းပသည့် သတင်း စာ ရှင်းလင်းပွဲတွင်ပြောကြားသည်။ “ရခိုင်ပြည်နယ်အတွင်းရှိ လူမှု အဖွဲ့အစည်းနှစ်ခုကြားမှာ နက်ရှိုင်း စွာအမြစ်တွယ်နေတဲ့ မယုံကြည်မှု တွေရှိနေတာကို ကျွန်တော်အလွန် စိုးရိမ်ပူပန်မိပါတယ်။ အစိုးရက ရဲဝံ့ တဲ့ခြေလှမ်းတွေ ချမှတ်ဆောင်ရွက် နိုင်ခြင်းမရှိရင် အခြေအနေကို ပို မိုဆိုးရွားသွားစေနိုင်ပါတယ်”ဟု မစ္စတာကွင်တားနားကသုံးသပ်သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲ တွင် မစ္စတာကွင်တားနားသည် ရခိုင်ပြည်နယ်ခရီးစဉ်၊ […]


ကို သာAugust 3, 20121min30013
နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ရိုဟင်ဂျာအရေးနှင့်ပတ်သက်သည့် သဘောထားအား ထောက်ခံသည့်အနေဖြင့် ရန်ကုန်မြို့၊ မြေနီကုန်းမှတ်တိုင်အနီးရှိ UNHCR မဟာမင်းကြီးရုံးရှေ့တွင်လူငယ် ၂ဝ ခန့်က ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။ ဆန္ဒဖော်ထုတ်ရခြင်းအကြောင်းရင်းမှာ သမ္မတကြီး ဦးသိန်းစိန်၏ ရိုဟင်ဂျာအရေးပြောကြားသော မိန့်ခွန်းအား ထောက်ခံခြင်း၊ UNHCR မဟာမင်းကြီးပြောကြားသော ရိုဟင်ဂျာများနှင့်အတူယှဉ်တွဲနေထိုင်မည့် အကြောင်းအား ကန့်ကွက်ရှုတ်ရှခြင်း၊ ရိုဟင်ဂျာများအား မြန်မာတိုင်းရင်းသားဟု ဖိအားပေးပြောဆိုနေကြသော ပြည်ပမီဒီယာများ၊ အဖွဲ့အစည်းများ နိုင်ငံများအား ရှုတ်ရှဆန့်ကျင်ခြင်း တို့ဖြစ်ကြောင်း သိရသည်။ မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်၊ မြန်မာပြည်သူတိုင်းရင်းသားများနှင့် နိုင်ငံရေးပါတီအဖွဲ့အစည်းများအားလုံးက ရိုဟင်ဂျာအရေးကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် ညီညီညွှတ်ညွတ်လုပ်ဆောင်ပေးကြပါရန် ၎င်းတို့က တိုက်တွန်းခဲ့ကြသည်။ ထို့နောက် ““ရိုဟင်ဂျာအရေးပြောကြားသော သမ္မတကြီးအား ထောက်ခံပါသည်။ ရိုဟင်ဂျာသည် တိုင်းရင်းသားမဟုတ်။ ရိုဟင်ဂျာသည် မြန်မာလူမျိုးမဟုတ်။ လိမ်ညာဝါဒဖြန့် မီဒီယာများချက်ချင်းရပ်။ ရိုဟင်ဂျာကိုတိုင်းရင်းသားဟု ပြောသူများ အလိုမရှိ””ဟူ၍ […]


ကို သာAugust 1, 20121min17813
မြန်မာနိုင်ငံသည် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်တည်ရေး လမ်းကြောင်း မှန်ပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ပြုပြင်ပြောင်းလဲပေးလာသော လုပ်ငန်းစဉ်များတွင် ယာဉ်အို ယာဉ်ဟောင်းအပ်နှံဖျက်သိမ်းစေသည့် အစီအစဉ်၏ အကျိုးဆက်များကြောင့် မြန်မာနိုင်ငံ၏လမ်းမ များပေါ်တွင် ကားသစ်များလည်း တိုးပွားလာကြောင်း ထင်ထင်ရှားရှား တွေ့နေရပေသည်။ လုပ်ငန်းများစွာတို့တွင် ဖွံ့ဖြိုးတိုးတက်လာသည့် ပြယုဂ်အဖြစ် လမ်းများပေါ်တွင် သွားလာနေသော ယာဉ်စီးရေများလည်း ပိုမိုတိုးပွားလာကြောင်း တွေ့နေရပါသည်။ မြန်မာနိုင်ငံ၏ အခြားမြို့ကြီးများထက် စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် သိသာထင်ရှားအချက်မှာ ယာဉ်ကြောပိတ်ဆို့မှု ပိုမိုများပြားလာခြင်း ဖြစ်ပါသည်။ ယာဉ်ကြော ပိတ်ဆို့တတ်သည့်နေရာများလည်း ပိုမိုလာသည်ကို တွေ့ရပါသည်။ ယာဉ်ကြောပိတ်ဆို့မှုများ လျှော့ချနိုင်ရန်အတွက် ဂုံးကျော်တံတားများ တည်ဆောက်ရန် စီမံမှုများကိုလည်း ကြားသိနေရပါသည်။ ရန်ကုန်မြို့တော်၏ နာမည်ကြီးယာဉ်ကြောပိတ်ဆို့ရာနေရာများမှာ လှည်းတန်း လမ်းဆုံ၊ ရွှေဂုံတိုင်လမ်းဆုံ၊ ဘုရင့်နောင်လမ်းတစ်လျှောက်၊ ဘေလီတံတား(မြောက်ဒဂုံ) စသည်တို့ဖြစ်ပါသည်။ မကြာမီကာလတွင် မြောက်ဒဂုံနှင့် တောင်ဥက္ကလာပမြို့နယ်တို့ […]


ကို သာJuly 26, 20121min1578
လူူလိမ္မာ ငှက်ကလေးကိုစကားသင် စကားတတ်ယင် ငှက်လိမ္မာပေါ့၊ ခွေးကလေးကို လက်ပေးသင် လက်ပေး တတ်ယင် ခွေးလိမ္မာပေါ့၊ မျောက်ကလေးကို အကသင် အကတတ်ယင် မျောက်လိမ္မာပေါ့၊ လူကလေးကို ခေါင်းညှိမ့်သင် ခေါင်းညှိမ့်တတ်ယင် လူလိမ္မာပေါ့။ ။ လူူလိမ္မာ ငှက်ကလေးကိုစကားသင် စကားတတ်ယင် ငှက်လိမ္မာပေါ့၊ ခွေးကလေးကို လက်ပေးသင် လက်ပေး တတ်ယင် ခွေးလိမ္မာပေါ့၊ မျောက်ကလေးကို အကသင် အကတတ်ယင် မျောက်လိမ္မာပေါ့၊ လူကလေးကိုပညာသင် ပညာတတ်ယင် လူလိမ္မာပေါ့။ ။ အထက်ပါကဗျာနှစ်ပုဒ်ကိုယှဉ်ဖတ်ကြည့်ပါ။အပေါ်ကဆရာအောင်ပြည့်ရဲ.မူရင်းဖြစ်ပြီး လေးနက်မှုတွေ.ရပါသည်။အောက်က အယ်ဒီတာမင်းများ၏ ပြင်ဆင်ပြီး ထွက်လာသော အကြောက်တရားပြည့်နေသော ကလေးကဗျာဖြစ်ပါသည်။ ဪ…..မီဒီယာဆိုတာ ဒါပါလား။


ကို သာJuly 26, 20121min17911
“သားငယ် အဆာပြေစားပြီးပြီလား” “ပြီးပြီ အမေ အစ်ကိုကြီးထမင်းဘူးထည့်သွားတဲ့ဟင်းအိုးကိုလူးပြီးစားလိုက်တယ်၊အခုအိုးဆေးတော့မလို.” “မဆေးနဲ.သားငယ်၊ကျောင်းသွားဖို.လုပ်တော့၊ အမေထပ်လူးစားပြီးမှဆေးလိုက်မယ်” ဝန်ခံချက်။ ။ လွန်ခဲ့သောအနှစ်နှစ်ဆယ်ခန်.ကဖတ်ဖူးပြီးရင်ထဲမှာစို.နင့်စွာစွဲလမ်းမိသည်ကိုပြန်လည်တင်ပြခြင်းဖြစ်ပါသည်။မူရင်းစာရေးသူအားလည်းမမှတ်မိတော့ပါ။


ကို သာJuly 17, 20121min1638
အခုတလောနေရာတော်တော်များများမှာ စိတ်မကောင်းစရာကျန်းမာရေး သတင်းလေးတွေကြားကြားနေရလို. ရွာထဲကလူတွေဆီက အကြံတောင်းချင်လို.ပါ။ ရာသီဥတုကမမှန် ဝမ်ရေးကခက်ခက် သိရက်နဲ.မရှောင်နှိုင်တဲ့အဖြစ်တွေကြောင့် လေဖြတ်တယ်၊လေဖြန်းတယ် ဆိုပြီး မကြာခဏကြားနေရတယ်။ ကုဖို.အသာထား စားဖို.တောင်ခက်နေတော့ scan ဖတ်၊ဆေးရုံတက် ဆိုတာကို ဘယ်လိုဖြတ်ကျော်ရမလဲ။ ဆေးမီးတိုပဲဆိုဆို၊တိုင်းရင်းဆေးပဲပြောပြော နည်းနည်းသက်သာပြီး ဘဝခရီးဆက်ခွင့်ရကြစေချင်တယ်။ အချိုမှုန်.စားလို. လေဖြတ်ဖို.ပိုများတယ်ပြောလည်း နယ်ပြီးစားစရာဟင်းမရှိလို. အချိုမှုန်.လေးဖြူးထားတဲ့ထမင်းနဲ. နောက်တနေ.ဆက်ဖို.အဟာရပါပဲလေ။ စပါးကြီးသည်းချေ နဲ.ဆွဲချ၊ အပြောသာလွယ်တာ ဘယ်မှာလဲအစစ်၊ ၂၄ နာရီအတွင်း ခိုသွေးနဲ.အရက် နှစ်ပက်သောက် ဆိုတာကမှ ဟုတ်တုတ်တုတ်။ ဘာပဲဖြစ်ဖြစ် ကောက်ရိုးတစ်မျှင်ရရ ကမ်းပေးချင်လို. ရွာထဲကရှိသမျှ သိသမျှဖောက်သည်ချပေးရင် ဘဝအမောထဲမှာ သက်သာရာများရသွားကြမလားလို.ပါ။ comment ဖြစ်ဖြစ် post ဖြစ်ဖြစ်ပေါ့ အကူအညီတောင်းကြည့်တာပါ။ကျေးဇူးပါ။


ကို သာJune 29, 20121min1468
တွံတေးတူမြောင်း ထဲမှာ ဒီတံတားနဲ. ဒီဆည်းဆာ ၊သင်္ဘောပေါ်ကနေ ရိုက်ဖို. အတော်လေးအချိန်ယူခဲ့ရပါတယ်။ မိုးလည်းမရွာ တိမ်လည်းမဖုံး အလှဆုံးဆည်းဆာ နေလုံးဝင်သွားပြီးတာနဲ. အမှောင်ထဲကအလှတရား ဘယ်မှာကြာကြာခံလို.လဲ။  ။


ကို သာJune 29, 20121min23911
၁၉၈ဝ ခုနှစ် ဝန်းကျင်နှစ်များတွင်မြန်မာနိုင်ငံသားအများစု၏ စိတ်ဝင်စားမှူှကိုရရှိခဲ့သော မော်တော်ယဉ်တစ်မျိုးရှိခဲ့ပါသည်။ထိုစဉ်က နိုင်ငံရပ်ခြားမှေမော်တော်ကားတင်သွင်းပိုင်ဆိုင် ခွင့် ရရှိသူ အများစုမှာ နိုင်ငံခြားဝင်ငွေရှိသူ နိုင်ငံခြား သင်္ဘောသားများဖြစ်ကြပါသည်။ ထိုသင်္ဘောသားများ၏ ထင်ရှားမှူှနှင့်အပြိုင်သင်္ဘောသားကားဟု ထင်ရှားခဲ.သည့် ဟိုင်းလပ်အမြန်ယာဉ်များပင်ဖြစ်ပါသည်။ ထိုကာလများမှစပြီး ရန်ကုန်မြို.တွင်း ခရီးသည်ပို.ဆောင်ရေးယာဉ်လိုင်းများတွင်လည်းဟိုင်း လပ် ကားများနေရာယူလာကြသည်။ဟီးနိုး၊ဘီအမ်၊ရိန်းဂျားကားများကြားတွင်သင်္ဘောသား ကားများက တလှစ်လှစ်ပြေးလွှားကာစူပါစတားဖြစ်နေပါတော.သည်။ စာရေးသူတို.ငယ်စဉ်ကျောင်းသားဘဝကလည်း အဆိုပါဟိုင်းလပ်ကားများစီးကာ ကျောင်း သွားကျောင်းပြန်ပြုခဲ့ရပါသည်။ဘေးတန်း၊အလယ်ခုံ၊တွယ်စီး၊ချိတ်စီး၊အမိုးပေါ် စသည့်နေရာ စုံတွင် ကြုံသလိုပုံစံ အမျိုးမျိုးစီးနင်းကာ ကြီးပြင်းလာရပါသည်။ “ ဘေးတန်းကလေးပြည့်အောင်ထိုင်ပေးပါ “ “ အလယ်လေးကနောက်ဆုတ်ပေးပါ “ “ ခြေတစ်ချောင်း လက်တစ်ချောင်း ဆို တော်ရောပေါ. “ “ဘေးတန်းနောက်မှီ လေးတွေသတိထား အပေါ်ကဆင်းမယ် “ “လှည့်ကင်းရှိတယ် ခေါင်းလေးတွေထည့်ပေးထားပါ “ စသည့် ဟိုင်းလပ်ယဉ်ကျေးမှုဝေါဟာရများကြားမှာနားရည်ဝနေကြပြီဖြစ်သည်။ ကြင်စဦးဇနီးမောင်နှံထက် ပိုသည့်ပူးကပ်ထိုင်ရခြင်းမှာကျင့်သားရနေပြီးဖြစ်သည်။ […]


ကို သာJune 28, 20121min38628
မြန်မာအမျိုးသမီးတစ်ဦးအား ‘ ကောင်မ’ဟု ခေါ်ပါကအလွန်ခံပြင်းကြသည်။ရင်.သီးသော ခေါ်ဆိုမှုဟုခံယူကြသည်။ ထိုစကားတွင် ‘ကြီး’ ထပ်ထည်.ပြီး ‘ ကောင်မကြီး’ ဟု ခေါ်ပါက အဆဲခံရသည်ထက်ပိုပြီး နာလိုခံခက်ဖြစ်ကြသည်။ ‘ ကောင်မ’ ၏နောက်တွင် ‘လေး’ ထပ်ထည်.ပြီး ‘ ကောင်မလေး’ ဟု ခေါ်ပါက မည်သူမျှ ဒေါသမဖြစ်ကြပါ။ချစ်စနိုးခေါ်သည်ဟုပင် မှတ်ယူကြသည်။ ထိုနေရာတွင် ‘လေး’ ဟူသောစကားလုံးလေး၏ထူးခြားမှုကို သတိပြုစရာပင်ဖြစ်သည်။ Small is beauty. ငယ်သော်လှ၏။ ထိုစကားသည် ‘လေး’ အတွက်ဖော်ညွှန်းဟန်တူပါသည်။ အဲဒါလေး     ဟုဆိုပါက နှစ်သက်သည်.သဘော အဲဒါကြီး      ဟုဆိုပါက မနှစ်သက်သည်.သဘော   ဒီအရောင်လေး ဟုဆိုပါက စိတ်တိုင်းကျသည်.သဘော ဒီအရောင်ကြီး   ဟုဆိုပါက စိတ်တိုင်းမကျသည်.သဘော   မည်းမည်းလေး  ဟုဆိုပါက ခုံမင်သည်.သဘော မည်းမည်းကြီး   […]


ကို သာJune 27, 20121min20515
သူကြီးမ ဆိုတဲ. အမျိုးသမီးအုပ်ချုပ်သူဆိုတာ ဟိုကတည်းက ရှိခဲ.တာကို တွေ.ခဲ.မိတာလေးပါ။ မုံရွာဒေသရဲ. ရိပ်သာတိုင်ဖိနပ်လေးတွေကလည်းတစ်မူပေါ.။ မဟာဗောဓိတစ်ထောင်ဆရာတော်ကြီးပြထားတဲ.ငရဲကသူ တော်တော်များများဟာ လူကြီးလူကောင်းပုံစံတွေများတယ်နော်။ ဇကာခြင်းလေထဲမှာ တို.ရွာသာတွေ မပါစေနဲ.နော်။


ကို သာJune 26, 20121min29819
ခြောက်ဘာသာ ဂုဏ်ထူးရှင် မချိုချိုဝင်း…. ဗန်းမော်ခရိုင်အတွင်း (ဗန်းမော်၊ မိုးမောက်၊ မံစီ ၊ ရွှေကူ)၄ မြို့နယ်၊ မြို့ပေါ်တွင် ဒုက္ခသည်စခန်း ၁၄ ခု ဖွင့်လှစ်ထားပြီး ၁၈.၅.၂ဝ၁၂ အထိ စာရင်းအရ ဒုက္ခသည် အိမ်ထောင်စု ၁၉၄၆ စုနှင့် ဒုက္ခသည် ၇၃၃ရ ယောက်ရှိပြီး သူငယ်တန်းမှ တက္ကသိုလ်အထိ ကျောင်းသူ၊ ကျောင်းသား ၂၃၇၅ ယောက်ရှိသည့် အနက် ရိုးကြီးရွာ ဒုက္ခသည်စခန်းမှ မချိုချိုဝင်းက အခြေခံပညာ အထက်တန်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအား ၆ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပါသည်။ ထိုကဲ့သို့ အောင်မြင်ခြင်း အထိမ်းအမှတ် ဂုဏ်ပြုချီးမြှင့်ပွဲကို ဒုက္ခသည်စခန်းတွင် ဇွန်၁ရ နံနက် ၈ နာရီမှ ၁၂ နာရီအထိ ပြုလုပ်ခဲ့ပါသည်။ မချိုချိုဝင်းသည်(ဦးလောကို+ဒေါ်မြင့်ရင်)တို့ […]


ကို သာJune 25, 20121min16411
  လမ်းညွှန်ဆိုင်းဘုတ်ဆိုတာဘယ်မှာမဆိုရှိပါတယ်။နိုင်ငံတကာမှာရော မြန်မာနိုင်ငံမှာပါ၊ တောရောြမြိိုု.ပါရှိကြပါတယ်။ လမ်းညွှန်တယ်ဆိုကတည်းက လမ်းမှားရောက်မှာစိုးလို.ပါ။ လမ်းညွှန်တာမှားယင်တော.လမ်းမှားရောက်တော.မှာပေါ.။ ဇဝေဇဝါဖြစ်အောင် ညွှန်ယင် သွားရတာဇဝေဇဝါဖြစ်နေမှာပါ။ မြန်မာနိုင်ငံ ရန်ကုန်မြိိုု.ကြီးက ဇဝေဇဝါ လမ်းညွှန်ဆိုင်းဘုတ် အချိုု.ကြောင်. စိတ်မချမ်းမသာဖြစ်မိလို.ပါ။သာမာန်လူတွေရဲ. လမ်းညွှန်ဆိုင်းဘုတ်မဟုတ်ပါ။မြို.တော်စည်ပင်ကလုပ်ထားတဲ. လမ်းညွှန်ဆိုင်းဘုတ် အချိုု.ပါ။   ပုံပါ လမ်းညွှန်ဆိုင်းဘုတ်ကိုကြည်.ပါ။ ဇဝေဇဝါဖြစ်သွားသလား။ ပြည်လမ်းအတိုင်းရန်ကုန်ကိုဝင်လာလို. စော်ဘွားကြီးကုန်းလမ်းဆုံရောက်ပြီးဘယ်ဖက်ကိုသွားယင်ပြည်လမ်း၊ညာဖက်ကိုသွားယင် လမ်းသစ်လမ်းပါ။ ဘယ်ဘက်ကမျှားထိပ်မှာ ပြည်လမ်း၊ ညာဘက်ကမျှားထိပ်မှာ လမ်းသစ်လမ်းဆို ပိုရှင်းမလားလို.။ တပ်ဆင်ပြီးတာနဲ.ပြန်မစစ်မိလို.ထင်ပါရဲ.။ ဒါမျိုး ဆိုင်းဘုတ်တွေ တော်တော်များများရှိပါတယ်။ ပြန်စစ်ကြည်.စေချင်ပါတယ်။ တော်နေကြာ လမ်းမှားရောက်သွားမှဖြင်.။