manawphyulayJuly 29, 20101min1904
အရင်ဆုံး အဖြူရောင် အလင်းအားကောင်းတဲ့ LEDs မီးသီး ၂ လုံးဝယ်ပါ။ နောက် ဝါယာကြိုးနည်းနည်းရှာပါ။ ပစ္စည်းတွေအနေနဲ့ အပေါက်ဖောက်ဖို့ drill machine အငယ်စား၊ ခဲဂေါက်နဲ့ ခဲဂွေတွေ ရှာခဲ့ပါ။ နောက် ကီးဘုတ်အဟောင်းတစ်ခုရှာပါ။ ကီးဘုတ်ရှိပြီးသားနဲ့ ဘာဖြစ်လို့ ကီးဘုတ်အဟောင်းထက်ရှာရလဲလို့ သိလိုကြပါမယ်။ လက်ရှိသုံးနေတဲ့ ကီးဘုတ်က အသစ် အကောင်းကြီးမလား။ ပျက်ရင် အာမခံသက်တမ်းလည်းရှိနေသေးတယ်။ ဒါကြောင့် အဟောင်းသုံးတော့ ပျက်လည်းကိစ္စမရှိတော့ဘူးပေါ့။ ဒါနဲ့ ကီးဘုတ်အဟောင်းကို ကျောဘက်က ဝက်အူတွေ ဖြုတ်ပြီး အသာဖွင့်ပါ။ သတိတော့ထားရပါမယ်။ ကီးဘုတ်ကို ခပ်ကြမ်းကြမ်း ခွာလိုက်ရင် အထဲက ကီးခလုတ်မှာ စပရင်အစားခံတဲ့ ပလတ်စတစ်လို အဝိုင်းပြားလေးတွေ လွင့်ထွက်ကုန်မှာစိုးလို့ပါ။ အဲဒီ ပလတ်စတစ်ပြားလေးတွေကို သူ့ကီးခလုတ်ခွက်မှာ အသာရှိနေအောင် ဖြည်းဖြည်းခွာထုတ်ရပါမယ်။ ဒီတော့ ဘာလုပ်မယ်ဆိုတာ […]


manawphyulayJuly 29, 20101min1815
Online ပေါ်မှာရှိတဲ့ ကိုယ်ရေးကိုယ်တာတွေနဲ့ပတ်သက်ပြီး အကာအကွယ်ပေးရေးအတွက် အချက် ၁ဝ ချက် တွေ့ရှိထားပါတယ်။ ၁။ သင့်ကိုယ်ရေးကိုယ်တာ အီးမေးလ်အတွက် သီးခြား account ဖွင့်ထားပါ။ E-mail အသုံးပြုသူတွေဟာ လုပ်ငန်းခွင် Account ကို အသုံးပြုပြီး ပေးပို့တာတွေရှိတတ်ပါတယ်။ လုပ်ငန်းခွင်ဆိုတာက တစ်ခါတလေ စောင့်ကြည့်ခံရနိုင်ပါတယ်။ ကိုယ့်သီးခြား Account နဲ့ ကိုယ်ပို့ရင်တော့ အလုပ်ခွင်က e-mail server အသုံးပြုစရာ မလိုတော့ပါဘူး။ ဒါဆို ကိုယ်ရေးကိုယ်တာ အချက်အလက်တွေဟာလည်း Server ထဲ ရောက်သွားစရာ အကြောင်းမရှိနိုင်တော့ပါဘူး။ ၂။ Website တွင် တင်ထားသည့် ပုဂ္ဂလိကဆိုင်ရာ ပေါ်လစီများကို ရှာဖွေကြည့်ရှုပါ။ Website ဆိုတာ ကိုယ်က ဘယ်လိုကွန်ပျူတာမျိုး သုံးသည်ဖြစ်စေ၊ ဘယ်လိုဆော့ဝ်ဝဲမျိုး ဟာဒ့်ဝဲမျိုးတွေ သုံးနေသည်ဖြစ်စေ၊ […]


manawphyulayJuly 29, 20101min2487
တောင်ပုလုဆရာတော်ဘုရားကြီး ၏ ဘာသာရေးနဲ ့ပတ်သတ်တဲ့ ဆောင်းပါးကောင်းလေးကို မျှဝေပေးလိုက်ပါတယ် .. ဗုဒ္ဓဘာသာဝင်တို့ရဲ့ အသက်သွေးကြော၊ မူလပဓါနဖြစ်တဲ့ သရဏဂုံ ဆောက်တည်ခြင်း အကြောင်း သိမှတ်ဖွယ်ရာထပ်လောင်း တင်ပြလိုက်ပါတယ်။ သရဏဂုံသီလကို မတောင်းဘဲ ဆောက်တည်လို့ ရပါတယ်။ ဘုရားရှင်လက်ထက် သရဏဂုံ ဆောက်တည်ကြတာလဲ တောင်းခံပြီးဆောက်တည်တာ မဟုတ်ပါဘူး။ ဘုရားရှင်ဟောတဲ့ တရားတော်တွေကို နှစ်သက်ကြည်ညိုတဲ့စိတ်၊ ဘုရားရှင်ကို ကြည်ညိုလေးစားစိတ် ဖြစ်ပေါ်လာတဲ့အခါ ယနေ့ကစပြီး တစ်သက်ပတ်လုံး ဘုရား၊ တရား၊ သံဃာကို ကိုးကွယ်ဆည်းကပ်ပါ၏လို့ ဆောက်တည်လိုက်တာပဲဖြစ်ပါတယ်။ သရဏဂုံဟာ ကလေး၊သူငယ်ကအစ လူတိုင်းလူတိုင်းနဲ့သင့်လျော်ပါတယ်။ ဘာမှမကုန်မခန်း မပင်ပန်းလှဘဲနဲ့ အကျိုးကြီးလှတဲ့ သရဏဂုံတည်မှုကို ရနိုင်တယ်။သရဏဂုံတည်တယ်ဆိုတာဟာ ဘာလဲလို့မေးရင်-(၁) ဘုရား၊တရား၊သံဃာဆိုတဲ့ ရတနာသုံးပါးအား သဒ္ဓါယုံကြည်စိတ်ဖြင့် မိမိကိုယ်ကိုအပ်နှင်းခြင်း၊(၂) ဘုရား၊တရား၊သံဃာ ရတနာသုံးပါးကို မှီခိုအားထားခြင်း၊(၃) ဘုရား၊တရား၊သံဃာ ရတနာသုံးပါး၏ […]


manawphyulayJuly 28, 20101min1781
ကျက်စာတွေ မင်းမကျက်ပါလ ကျက်ပါလဲ ညပ်စွာမရပါဟု ခက်ပါလှ တပည့်ရယ် “ဆရာ စိတ်မောပါဘိ ငေါက်သောအခါ မျက်ရည်လည်မိ အော်ခံရတော့ မျက်ရည်ကျရဲ့ မင်း ဘာကြောင့် ညံ့ရတယ်” ဆရာ မေးပြန်တော့ တပည့်ကလေး အဖြေ ထွက်လာတာ “နံနက်ဆို စောစောထရ အလုပ်သွားဖို့ ပြင်ဆင်ရနှင့် ကျောင်းတက်ရက်ရောက်ပြန်တော့ အချိန်ပိုင်းအလုပ်ပြေးရ အလုပ်ရှုပ်လို့ စာမကျက်သာတယ် ခက်ပါတယ် ဆရာရဲ့ ဝမ်းစာအရေး” တဲ့။


manawphyulayJuly 28, 20101min1330
ပြည်တွင်း တက္ကသိုလ်အသီးသီးတွင် ပါရဂူ၊ မဟာဘွဲ့ ကျမ်းပြုသင်တန်းသားများအနေဖြင့် သတ်မှတ်ထားသည့် အဆင့်မြင့် အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲအောင်မြင်မှ ဘွဲ့ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။ ပညာသင်နှစ် (၂၀၁ဝ – ၂၀၁၁) မှစ၍ ဖြေဆိုရမည့် Test of English as a Foreign Language for Advance Study (TEFLAS) စာမေးပွဲတွင် ရမှတ် (၅၅၀) ကျော်မှ အောင်မြင်မည်ဖြစ်ပြီး သတ်မှတ်ရမှတ် မပြည့်မချင်း ထပ်မံ ဖြေဆိုရမည်ဖြစ်ကြောင်း မဟာ ဝိဇ္ဇာတန်းဘွဲ့အတွက် ကျမ်းပြုနေသူ ကျောင်းသားတဦးက ပြောသည်။ ၎င်းက “နိုင်ငံတကာ စံသတ်မှတ်ချက်ဖြစ်တဲ့ TOEFL စာမေးပွဲနဲ့ အလားတူပါပဲ။ TOEFL ကလည်း (၅၅၀) ရမှတ်ရှိမှ ပြည်ပတက္ကသိုလ်တွေက လက်ခံတယ်လေ။ […]


manawphyulayJuly 27, 20101min24711
ဒီပို့စ်လေးကို ကိုကျော်သက်လတ်ရဲ့ဘလော့ဂ်မှာတွေ့တာ အတော်ကြာပါပြီ။ အဲဒီတုန်းက ပြန်တင်ခွင့်ပြုဖို့ ခွင့်တောင်းခဲ့ပေမယ့် မတင်ဖြစ်ခဲ့ပါဘူး။ အခုမှပဲ တင်ဖြစ်တော့တယ်။ အခုပြောချင်တဲ့ဆေးတွေကတော့ မြန်မာအခေါ်အဝေါ်နဲ့ဆိုရင် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများစာရင်းမှာ ထည့်ရမယ် ထင်ပါတယ်။ အခုပြောမယ့်ဆေးတွေကို တစ်ခါတစ်ရံမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို အထောက်အကူပြုဖို့ အသုံးပြုကြပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တယ်ဆိုရာတွင် ကာယကံရှင်၏ သဘောဆန္ဒမပါသော လိင်မှုဆိုင်ရာ အပြုအမူတိုင်းကိုဆိုလိုပါသည်။ ဤနေရာတွင် မလျှော်ရာ ကိုင်တွယ်ခြင်းမှအစ (မရိုသေစကား) အမျိုးသမီးအင်္ဂါတွင်း တစ်စုံတစ်ရာဖြင့် ထိုးသွင်းခြင်းအဆုံး၊ လိင်ဆက်ဆံခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် မုဒိမ်းကျင့်ရန် ကြံစည်ခြင်းတို့ပါ ပါဝင်ပါသည်။ ယခုပြောမည့် ဆေးဝါးများ၏ အာနိသင်ကြောင့် ဆေးခတ်ခံရသူဟာ ရုပ်ပိုင်းဆိုင်ရာ ခုခံနိုင်မှု မရှိတော့ဘဲ လိင်ဆက်ဆံမှုအား ငြင်းပယ်နိုင်စွမ်း ပျောက်ဆုံးကာ မည်သို့ ဖြစ်ပျက်ခဲ့သည် ဆိုသည်ကိုပင် မှတ်မိနိုင်စွမ်း မရှိတော့ပေ။ ယင်းဆေးဝါးများသည် […]


manawphyulayJuly 27, 20101min1510
ကျွန်မ နားလည်သလောက် သိမှတ်သလောက် ဆွေးနွေးချင်ပါတယ်။ ဒါဟာ ဘာလဲဆိ်ုတော့ ယူနီကုတ်လို့ ခေါ် တဲ့ Unicode Standard အကြောင်းပါပဲ။ ကျွန်မလည်း တတ်လို့ နားလည်လို့တော့ မဟုတ်ပါဘူး။ နည်းနည်းလည်း သိတာလေးတစ်ခုပါ။အင်း ပြောရရင် ပြဿနာက ကျွန်မတို့ရဲ့ ဘာသာစကားကို ကွန်ပျူတာက မပြောဘူး။ အလုံးစုံအားဖြင့် သူတို့က ဒစ်ဂျစ်တယ်ချည်းပဲလေ။ စာသားတွေကို သိုလှောင်ဖို့ ဒါမှမဟုတ် ကိုင်တွယ်တည်းဖြတ်ဖို့ရာ မပြုလုပ်ခင် စာလုံးတိုင်း၊ သင်္ကေတတိုင်း၊ ပုဒ်ဖြတ်ပုုဒ်ရပ် အမှတ်အသားတိုင်းကို ပထမဆုံး ကိုယ်စားပြု ဂဏန်းများသို့ ပြောင်းပစ်ရမယ်။ ဒါဆို ကွန်ပျူတာ သုံးသူတွေ ဘယ် code ဂဏန်းတွေ သုံးကြသလဲ။ ကျွန်မတို့ ကွန်ပျူတာ မကိုင်ဖူးခင်ကတော့ ကွန်ပျူတာဆိုတာ တော်တော်ကြီးကျယ်ခမ်းနားမှာပဲ။ ဘယ်လိုလူမျိုးတွေ သုံးတာလဲ။ ကျွန်မ […]


manawphyulayJuly 26, 20101min1562
အချစ်တစ်ခုဟာ ဟက်ဒစ်လို အသုံးဝင်ခဲ့ရင် အကောင်းသား တစ်ခါမကောင်း တစ်ခါ ဖောင်းမတ်ရိုက်လို့ရရင် အချစ်အဟောင်းဆိုတာလည်း ဘယ်ရှိလာတော့မှာလဲ လူငယ်တွေ ကွဲကြ နောက်တစ်ယောက်ပြောင်းကြဆိုတဲ့ မြင်သမျှ တွေ့သမျှအရာ နေရာတိုင်းမှာ အဝေးက ငေးကြည့်ရုံနဲ့ စိတ်ညစ်ရ…. ငါသာ ဟတ်ဝဲသမားတစ်ယောက်ဆိုရင် အခမဲ့ ကူညီချင်မိပါရဲ့…. အချစ်ဆိုတာ ကိုယ်လိုချင်သလို ပုံသွင်းမရဘူးဆိုတာ ခုတော့ ငါ စဉ်းစားမိပြီ… ကွန်ပျူတာလောက်တောင် အသုံးမဝင်တဲ့အရာကို ငါလေ ဝေးဝေးကပဲ ရှောင်တော့မယ်… ရေးသူ- မနောဖြူလေး


manawphyulayJuly 26, 20101min1804
ရန်ကုန်မြို့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ မြို့တော်ဖြစ်သည်၊ မြန်မာနိုင်ငံသည် အကြီးဆုံးဆိပ်ကမ်းမြို့လည်း ဖြစ်တယ်။ အရင်တုန်းကပါ။ ခု ဟုတ်တော့ဘူး။ လတ္တီတွဒ် မြောက် ၁၆ ံ ၄၆ နှင့် လောင်ဂျီတွဒ် အရှေ့ ၉၆ ံ ၁ဝ ဆုံရာမှာ တည်ရှိပါတယ်။ ရန်ကုန်မြစ်ခေါ် လှိုင်မြစ်နှင့် ပုဇွန်တောင်ချောင်း၊ ပဲခူးချောင်းတို့ဆုံရာ အရပ်မှာ ရှိပြီး။ ပင်လယ်ကူူးသင်္ဘောကြီးများဟာ ပကတိအားဖြင့် လုံခြုံသော ရန်ကုန်ဆိပ်ကမ်းကို ဝင်ထွက်သွားလာနိုင်ကြတယ်လေ၊ ရန်ကုန်မြို့ဟာ ပြည်တွင်းကျောထောက်နောက်ခံနယ်များနှင့်လည်း ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတို့နဲ့ ဆက်သွယ်ရေးလည်း ကောင်းတယ်။ နောက်ပြီး မြို့ရဲ့မြောက်ဖက် ၁၁ မိုင်မှာ ခေတ်မီလေယာဉ်စခန်းရှိခြင်းကြောင့်လည်း ပိုပြီး ထင်ရှားတယ်။ စီးပွားရေးလုပ်ရာမှာလည်း တော်တော်ကို အဆင်ပြေပြီး သွားလာရေးလည်း လွယ်ကူအဆင်ပြေတယ်လေ။ ဒါကြောင့် ရန်ကုန်မြို့ကို အများက […]


manawphyulayJuly 23, 20101min1926
ဘဝဆိုတာ ဘာလဲ။ ဘာကို ဘဝလို့ခေါ်နေကြတာလဲ။ လူတွေက ပြောကြတယ် ဘဝဆိုတာ ဒီလိုပါပဲတဲ့။ ဘာကိုဆိုလိုကြတာလဲ။ အင်း စဉ်းစားကြည့်မယ်ဆိုရင် ဘနဲ့ ဝနဲ့ ပေါင်းထားတားကို ဘဝလို့ ခေါ်တာလား။ တစ်မျိုးကြီးဘဲနော်။ ဒါဆိုရင်တော့ ကျွန်မကကော ဘယ်လိုလဲ။ ခု ဘယ်နေရာရောက်နေပြီလဲ။ စဉ်းစားဖို့လိုလာပြီပေါ့နော်။ ကျွန်မ ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေအားလုံးဟာ တော်တယ်လို့ ကျွန်မ ခံစားမိတယ်။ ဘာကြောင့် တော်ကြတာလဲ။ အဖြေက ရှင်းရှင်းလေးဘဲ ကြိုးစားလို့ တော်တာပေါ့ ဟုတ်ဘူးလား။ တစ်ခါတလေ ကျွန်မ စဉ်းစားမိတယ်။ ငါ နောက်ရောက်နေပြီလား။ ဘာလုပ်သင့်သလဲ။ သူတို့တော်သလို ငါကော မဖြစ်နိုင်ဘူးလား။ သူများတော်တာကို ငါ ထိုင်ကြည့်နေမယ်ဆိုရင်ရော ငါ့ဘဝကြီးက တိုးတက် လာမလား။ လူတိုင်းက သေမျိုးကြီးဘဲလေ။ ဒါကိုတော့ ကျွန်မ […]


manawphyulayJuly 23, 20101min1270
လေပြွန် ရောင်ခြင်း ဆိုသည်မှာ အဆုတ် အတွင်း လေဖြတ် သန်းရာ လမ်းကြောင်း တစ်လျှောက် ရှိ အချွဲမြှေး လွှာ (mucous membrane) ရောင်ရမ်း ခြင်း ကို ခေါ် ပါတယ်.. လေပြွန် ပတ်လည် ရှိ အချွဲ မြှေး ရောင်ရမ်း ခြင်းနဲ့ အတူ ချွဲသလိပ် များပြား လာခြင်း ကြောင့် လေပြွန် ကျဉ်းမြောင်း လာ၍ ချောင်းဆိုး သလိပ် ထွက်ဖြစ် လာပြီး မောလာ တတ် ပါတယ်.. လေပြွန် ရောင်ခြင်း ကို 1.    လတ်တလော လေပြွန် ရောင်ခြင်း (acute bronchitis) နဲ့ 2.    နာတာရှည် လေပြွန် ရောင်ခြင်း […]


manawphyulayJuly 23, 20101min1251
လူတိုင်းဟာ စိတ်ချမ်းသာမှု့ရှာနေကြတာ။ ဘယ်လိုနည်းနဲ့များ စိတ်ချမ်းသာမှု့ကို ရမယ် ထင်နေကြသလဲ။ များသောအားဖြင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းက ကိုယ့်ခေါင်းထဲထည့်ပေးတဲ့ အယူအဆဖြစ်တဲ့ ” သူများထက်ပိုပြီး အဆင့်အတန်းမြင့်မြင့်နေနိုင်ရင် စိတ်ချမ်းသာမယ်၊ ပိုက်ဆံများများရှိရင် စိတ်ချမ်းသာမယ်၊ ရာထူးတွေအမြင့်ကြီးရှိရင် စိတ်ချမ်းသာမယ် ” လို့ ထင်နေကြတယ်။ ဒီလိုလူတွေဟာ စိတ်အချမ်းသာဆုံးလူတွေ ဟုတ်ရဲ့လားဆိုတာ တကယ်လက်တွေ့ အကဲခတ်ကြည့်စမ်းပါ။ အချို့ကိစ္စတွေမှာ ပစ္စည်းဥစ္စာ၊ ရာထူးအဆင့်အတန်းမြင့်မားတဲ့လူေ တွဟာ စိတ်အဆင်းရဲဆုံးလူတွေဖြစ်နေတာ တွေ့ရတယ်။ If I devalue you, I devalue myself. သူတပါးကိုတန်ဖိုးချလိုက်ရင် ကိုယ့်ကိုကိုယ်ပါ တန်ဖိုးချရာရောက်တယ်။ သူတစ်ပါးကို မလေးမစား ဆက်ဆံပြီဆိုရင် ကိုယ့်ကိုကိုယ်လည်း လေးစားလို့မရတော့ဘူး။ အဲဒီလိုသိဖို့ဆိုတာ ကိုယ်စိတ်ကိုသိနိုင်တဲ့ နူးညံ့သိမ်မွေ့မှုရှိတဲ့သူ၊ သတိ သမာဓိ ဉာဏ်ပညာရှိတဲ့သူမှသာ သိနိုင်ပါတယ်။ သတိ […]


manawphyulayJuly 23, 20101min1180
Mysuboo Blood Donor Group အနေဖြင့် ၉ ကြိမ်မြောက် သွေးလှူပွဲကို် ၂၆.၇.၂၀၁ဝ ဝါဆိုလပြည့်နေ့ (တနင်္လာနေ့) တွင် CMA ပုညကုသလ ဗဟုကအသင်း ၏တည်ရှိရာ အမှတ် ၇၃/၇၉၊ လမ်းမတော် (Lower Block) MAC Tower တွင် သွားရောက်လှူဒါန်းမည်ဖြစ်ပါသည်။ ထိုကြောင့်  Mysuboo Blood Donor Group နှင့်အတူ လိုက်ပါလှူဒါန်းချင်သူများ ၂၅.၇.၂၀၁ဝ မတိုင်မှီ အောက်ပါ attach file တွင် ဖော်ပြထားသည့်အတ်ိုင်း ဖြည့်စွတ်ပြီး mysuboofanclub@gmail.com သို့ပဲလိမ့်မူပြီးပြန်လည်ပေးပို့ကြပါရှင်။ လှူဒါန်းမည့်နေရာ :  CMA ပုညကုသလ ဗဟုကအသင်း အချိန်                :  မနက် ၉ နာရီ။ လိပ်စာ               : […]