နုယွတဲ့နှလုံးသားလေး ကို ယုယ တဲ့ အပြုံးလှလေးတွေနဲ့တော့ မကျီစားပါနဲ့မောင်…..။ ။ စိုပါးတဲ့နှုတ်ခမ်းတွေနဲ့ပဲ ညိုမြရဲ့ အသည်းလေး ကို မဖမ်းစားပါနဲ့နော်….။ ။ ရွှန်းမြတဲ့ မျက်ဝန်းတွေ နဲ့ပဲ ထွန်းကားတဲ့မေ့ အချစ်တွေ ကို သိမ်းပိုက်လိုက်ပြီလားဟင်…။ ။ ချစ်ခြင်းရဲ့ အမြုတေ ကို အပြစ်ကင်းတဲ့ အပြုတွေ နဲ့ မရက်စက်လိုက်ပါနဲ့မောင်..။ ။ ကြည်ဝင်းစို အပြုံးများ ကို ရင်တွင်းညိုနှလုံး သား က မှီရင်းခို ရှုံးသွားပါပြီမောင်ရယ်………..။ ။