Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


moonpoemMarch 10, 20141min43511
ဘယ့်နှယ့်ဗျာ လက်ညှိုးတစ်ချောင်းထောင်ထောင်ပြပြီး ကားလမ်းကို စည်းမရှိကမ်းမရှိ မောင်းနေလိုက် ကြတာ။အင်္ဂုလိမာလသာ ရှိကြည့် လက်ညှိုးအချောင်းတစ်ထောင် ရဖို ့ရက်မကြာစေရဘူး။ တစ်ရက်နဲ ့ အကုန်ပြတ်တယ်ရယ်။ ပြင်ရမှာတော့ အများကြီးပဲဗျ လူတွေစည်းကမ်းရှိဖို ့စိတ်ဓာတ်က စပြင်ရမှာ။ဘတ်စ်ကားပေါ်ကနေ တံတွေးထွေးချတာ ကွမ်းသွေးထွေးတာက အစ တိုက်ခန်းတွေဆိုလည်း အပေါ်ထပ်ကနေ အမှိုက်ပစ်ချတာက အဆုံး ဒါတွေက စိတ်ဓာတ်မကောင်းလို ့ဖြစ်ရတာ။ အဲ..လူတွေ အလုပ်မဟုတ်တော့ သာသနာ့ဘောင်ထဲက ဘုန်းကြီးတွေ မယ်သီလတွေ အလုပ်ဟုတ်လား ဆိုပြန်တော့လည်း အချို ့က သာသနာညှိုးနွမ်းစေမယ့် အတုအယောင်တွေဗျ။လက်ဖက်ရည် ဆိုင်ထဲမှာ ဖြစ်ဖြစ်၊ လိုင်းကားပေါ်မှာ ဖြစ်ဖြစ် စာအိတ်တွေ လိုက်ဝေပြီး တောင်းနေတာ၊ ဖိနပ်ပြတ် ချင်ယောင်ဆောင်၊ နေ ့ဆွမ်းဘုဉ်းမပေးရသေးဘူး ဆိုလိုဆို နဲ ့ညာနေလိုက်ကြတာမြင်ရတာ အမြင်မတော်ဘူးဗျာ။ သူများအကြောင်းပြီးတော့ […]


moonpoemMarch 9, 20141min45110
ကျွန်မက ဟိုနားဒီနား ရှောပင်းထွက်မယ်ဆိုရင်တောင်မကြီးစန်းတို ့လင်းလင်းတို ့ကို ခေါ်ပြီး အလှပြင်ခို်င်းတာ။နာမည်ကြီး မင်းသမီးတွေ မော်ဒယ်လ်တွေတောင်မှ ရှုတင်ရှိမှ မာမီတွေကို အလှပြင်ခိုင်းတာ တော်ရုံတန်ရုံ သူတို ့ဟာ သူတို ့လိမ်းကြတာရယ်။ ဪ..အဝတ်အစားနဲ ့ပတ်သတ်ပြီးရင်လည်း လတ်လတ်တို ့၊ ပြည်စိုးအောင်တို ့က ကျွန်မအတွက်ဆို အမြဲတမ်း ချုပ်ပေးချင်နေကြတာ။သူတို ့က ဘာပဲပြောပြော ကျွန်မ အစ်မနဲ ့နိုင်ငံခြားမှာ ဒီဇိုင်နာဘွဲ ့ အတွက် ကျောင်းသွားတက်တုန်းက ခင်ခဲ့ကြတာ။ဒီတော့ သူတို ့က သူငယ်ချင်းရဲ ့ညီမလေးတစ်ယောက်အနေနဲ ့ကျွန်မဆိုရင် လုပ်ပေးချင်နေကြတဲ့ သဘောပါ။ ဖိနပ်ဆိုရင်လည်း Lily တို ့Shoe Gallery တို ့Charles&Keith မြန်မာဘက်က သူတွေဆိုတာ ကျွန်မမို ့စီးမယ်ဟေ့ ဆိုရင် […]


moonpoemMarch 8, 20141min3538
တစ် နှစ် သုံး…ဟေး ရေတွေ စိုသွားပြီကွ။ဟားဟား မင်းဘာတတ်နိုင်သေးလဲဟေ ရေတွေ မစိုချင်ဘူးဆို။ရှက်ပါတယ်ဟေ့။ ဆူဆူညံညံ အသံတွေကြားလိုက်ရရျ် အိမ်ရှေ ့ကို တစ်ချက်လှမ်းအကြည့် အဖြူအစိမ်းဝတ် ကျောင်းသားကျောင်းသူလေးများ ကို ကြိုလာသော ဖယ်ရီကားမှ အသံတွေဖြစ်နေသည်ကို တွေ ့လိုက်ရသည်။ ကျောင်းသားလေး ဆင်းသွားသည့်တိုင် လမ်းပိတ်နေသေးရျ် ကားက အိမ်ရှေ ့မှ ထွက်လို ့မရသေး။ ကျောအင်းသား ကျောင်းသူလေးများ အချင်းချင်း စကြ နောက်ကြနှင့် ကြည့်ရတာ ဒီနေ ့စာမေးပွဲကြီး ဖြေပြီးသောနေ ့ ဖြစ်ဟန်တူသည်။ သူတို ့ပျော်နေကြတာကို ကြည့်ပြီး ကိုယ့်ကိုလည်း အပျော်လေးတွေ ကူးစက်လာသလို ခံစားရသည်။ပြီးတော့အတိတ်က ကိုယ်ကိုယ်တိုင် ပါဝင်ဆင်နွှဲခဲ့ဘူးသော သင်္ကြန်မဟုတ်ပေမယ့် အတန်းတင်စာမေးပွဲကြီးပြီးသည့်နေ ့သော်လည်းကောင်း၊ ခုံစီသည့်နေတွင်သော်လည်းကောင်း သူငယ်ချင်းအချင်းချင်းရေပက်ကြသည့် အဖြူအစိမ်းဝတ် […]


moonpoemMarch 6, 20141min45110
၁၉၄၈ခုနှစ် မတ်လ၁၂ရက်နေ ့တွင် မောင့်ဘက်တန်က မြန်မာပြည် လွတ်လပ်ရေးရခြင်း နှစ်လကြာရှိပြီဖြစ်သော အထိမ်းအမှတ်အဖြစ် သီဟာသနပလ္လင်တော်ကို မြန်မာနိုင်ငံအစိုးရအား သမ္မတအိမ်တော်တွင် ပေးအပ်သော အခမ်းအနားပြုလုပ်ခဲ့သည်။ ထိုနေ့တွင်ပင် ဗမာ့ခေတ်သတင်းစာ အိုးဝေသတင်းစာ ဟစ်တိုင်သတင်းစာတို့ကို် သောင်းကျန်သူလူတစ်စုတို့မှ သူတို့လူကြီးပိုင်းတစ်ယောက်၏ အရှုပ်တော်ပုံတစ်ခုကို အထက်ပါသတင်းစာများတွင် ဖော်ပြခဲ့ခြင်းကြောင့် သတင်းစာဆက်မထုတ်နိုင်စေရန်ရည်ရွယ်ချက့်ဖြင့် ပုံနှိပ်စက်များကို ဖျက်ဆီးပစ်ခဲ့ကြောင်း ဆရာသာဂဒိုး ရေးသားသော ကျားများကိုမွေးစားခြင်းနှင့်အခြား ဝတ္တုတိုများစာအုပ်တွင် လေ့လာမှတ်သားရပါသည်။ ကျွန်မလုံးဝမသိခဲ့သော မြန်မာပြည်၏ အကြောင်းအရာများဖြစ်ပါသည်။ ဆရာသာဂဒိုးကိုကျေးဇူးတင်မိသည်။ စကားမစပ်တစ်ရက်က ပုဂံတွင် မြင်းလှည်းစီးသော အခါ လမ်းဘေးတလျှောက်ပေါက်နေသော စက္ကူပန်းပင်များကို ကြည့်ရင်း ဧည့်သည်က ဘာပန်းလဲဟု မေးသော် ကျွန်မကမသိ။ ထိုအချိန်တွင် မြင်းလှည်းဆရာမှ ဘူဂန်းဘိရိရော့ လို့ခေါ်ကြောင်း သူ့ကို အင်္ဂလိပ်တစ်ယောက်က သင်ပေးတာဖြစ်ကြောင်း စာလုံးပေါင်းတော့ မသိကြောင်း ပြောလာသည်။ကျွန်မဧည့်သည်ကတော့ […]


moonpoemMarch 3, 20141min37213
ရွှိ…ဝှစ် လှစ်ခနဲ ရွှိစ်ခနဲ ဝင်လာသော မြှားချက်များကို တစ်ကိုယ်တော်သိုင်းသမား ကျုံးအန်ဖတ်တစ်ယောက်လျင်မြန်စွာ ရှောင်လိုက်သည်။ မြှားချက်များကို ပစ်လာသူက စုံစီနဖာ ဂိုဏ်းချုပ် အော်ကွေ ့ကြည်။နေရာကား…ဆမာကဒါနိုင်ငံဧ။် အီကြာကွေးတောင်ကြား ဘင်လာဒင် ဇရပ်။ အဓိက V.I.P ခုံများတွင်တော့ စုံစီနဖာဂိုဏ်းချုပ် အော်ကွေ ့ကြည်၊ ရှောင်လင် အပျိုကြီးဂိုဏ်းချုပ် ချူလှျိုဂွမ်း၊ အော်မေ့ဂိုဏ်းချုပ်တိန်းရှောင်ကွေ ့(မှတ်ချက်-အော်မေ့ဂိုဏ်းချုပ် သည် အမျိုးသားများနှင့်သာ ဖွဲ ့စည်းထားခြင်း ဖြစ်ပြီး မိမိဧ။် ရည်းစားသော်လည်းကောင်း မိန်းမကသော်လည်းကောင်း အော်လိုက်ရင်မေ့တတ်သူများ ဖွဲ ့စည်းထားသော သိုင်းအဖွဲ ့) တို ့ထိုင်နေကြသည်။ တိတ်ဆိတ်ခြင်းများ လွှမ်းမိုးပြီးနောက် အော်ကွေ ့ကြည်ထံမှ စကားသံထွက်လာသည်။ ဒီမှာကျုံးအန်ဖတ် ခင်ဗျား ဖွက်ထားတဲ့ မယားနိုင်ဓား ဘယ်မှာလဲ။ ကျွန်တော့်ကို လိမ်မယ်လို […]


moonpoemFebruary 28, 20141min52213
မွန်းပိုအမ်တစ်ယောက် အရင်တစ်ပတ်ကမှ ဝယ်လာသော လန်ခရူဇာ ကားကို စီးလာပြီး အိမ်ရှိရာ သူဌေးများလမ်းထဲသို ့ကွေ ့ဝင်လိုက်သည်။ဟွန်းတီးလိုက်သည်နှင့် တံခါးတွင် တပ်ဆင်ထားသော လျှို ့ဝှက် ကင်မရာက စကန်န်ဖတ်လိုက်ပြီး တံခါးပွင့်သွားသည်။ ဖေဖေနှင့်မေမေသည် မနှစ်က ဂျပန်မှဝယ်လာသော ရိုဘော့စက်ရုပ်နှစ်ယောက်အနက် တစ်ယောက်ကို အအေးဖျော်ခိုင်းလိုက်ပြီး တစ်ယောက်ကိုတော့ ကျွန်မအထုပ်များကို ကူပြီး သယ်စေသည်။ အအေးသောက်ပြီး ကျွန်မအခန်းထဲသို ့ဝင်ပြီး အနားယူနေလိုက်သည်။မိသားစု သီးသန် ့သုံးရန်ဖုန်း၊ အလုပ်ကိစ္စသုံးရန်ဖုန်း၊ သူငယ်ချင်းများနှင့် ပြောရန်ထားသောဖုန်း၊ သာမန် မိတ်ဆွေများနှင့် ပြောရန်ထားသောဖုန်း နှင့် သူ…နှင့် စကားပြောရန် သီးသန့်ထားသောဖုန်း ၅လုံးစလုံးကို ပိတ်လိုက်ပြီး အနားယူနေလိုက်သည်။ဘာပဲပြောပြော အနားယူနေချိန်တွင် မည်သူနှင့်မျှ စကားပြောလိုစိတ် မရှိ။ တီဗွီတွင် လာနေသော ချယ်နယ်လ်က လွှင့်နေသည်မှာ ဘောလုံးပွဲလာနေသဖြင့်မကြည့်ချင်။ […]


moonpoemFebruary 23, 20141min68720
မင်းဒီနေရာမှာ ဧည့်သည်တွေဖိနပ်ကို မပျောက်အောင် စောင့်ဖို့နေရစ်ခဲ့လိုက်။ငါသူတို့ကိုရှင်းပြဖို ့ ဘုရားပေါ်သွားပြီနော်။ ခံရခက်သော ခံစားမှုတစ်ခု ဖြစ်ပါသည်။ စကားလုံးတိုင်းသည် ရင်ကိုလာရောက်ထိမှန်၏။ကျွန်မUFLမှ၃နှစ်ဂျပန်စာသင်ယူခဲ့ခြင်းသည် လည်းကောင်း တိုးဂိုက်သင်တန်းတက်ရောက ်အောင်မြင်ခဲ့ခြင်းသည် လည်းကောင်း ဘုရားတွင် ဖိနပ်စောင့်ဖို့ ရည်ရွယ်ခဲ့ခြင်း မဟုတ်တာတော့ သေချာသည်။ ထိုဖြစ်ရပ်သည် ၂၀၀၉ကဖြစ်၏။ ယခုအချိန်လိုခရီးသွားတွေအုန်းအုန်းထအောင် လာသေးသော အချိန်အခါမဟုတ်သဖြင့် ဂိုက်ပေါက်စတစ်ယောက်သည် အလုပ်ဝင်ခါစတွင် တိုးတစ်ခုစလိုက်ဖိုု့ထက် စီနီယာတစ်ယောက်နောက်ကလိုက်ရျ် ပညာသင်ရပါသည်။ ပြီးမှလေယာဉ်အကြိုအပို့ချိန်များ တွင်ဧည့်သည်ကို လိုက်ပို့ရင်း စကားပြောကျင့်ရသည်။ကျင့်သားရတော့မှသာ ရန်ကုန်မြို့တွင်းတိုးများ နောက်မှနယ်သွားရသည့်တိုးများစလိုက်ရပြီး လူဦးရေနည်းသည့်တိုးများ။ ထိုမှတဆင့်လူဦးရေများသည့်တိုးများစသဖြင့် တက်ရခြင်းဖြစ်၏။ အခုကတော့ ဘာမှမဘာရသေးခင် စီနီယာတစ်ယောက်၏ ဦးချိုးမှုကို ခံရခြင်း။ တိုးလုပ်ငန်းခွင်ထဲတွင် စဝင်ဝင်ချင်း ပညာသင်ပေးသော စီနီယာများရှိသကဲ့သို့ တစ်နေကုန် ထမင်းမကျွေးဘဲ ပစ်ထားသော စီနီယာအချို့၏ အနိုင်ကျင့်ခြင်းများ ကားသမားများ၏ အော်ခြင်းဟောက်ခြင်းများကို […]


moonpoemFebruary 11, 20141min44115
ကိုယ်ပေးသော်လည်း ပေးတိုင်းပြန်မရတာ အချစ်လို့ခေါ်လားတဲ့။ ဒီသီချင်းကို ကြားမိတိုင်း အမြဲရင်ထဲမှာ ဆွေးမြေ ့ရသည်။ ကိုယ့်ရဲ့ခံစားချက်တွေက သီချင်းနဲ့ထပ်တူ ထပ်မျှမဟုတ်ပေမယ့် အဲဒီလို ခံစားမှုမျိုးနဲ့ နီးနီးစပ်စပ် ပါပဲလေ။ တခါတရံအချစ်သည် ကိုယ်ယောင်ဖျောက်ပြီး ရောက်လာတတ်သည်။ရန်ကုန်မိုးလို ဝုန်းခနဲရွာရင်သာ မိုးစိုမှန်းသိတာ။ တစိမ့်စိမ့်ရွာတဲ့မိုးက စိုလို့စိုမှန်းမသိပဲ အအေးပတ်မှပဲ သိတတ်တာ မျိုးလိုပေါ့။ တချို့အချစ်တွေကလည်း ဘယ်အချိန်ကတည်း က ချစ်လို့ချစ်နေမိမှန်း မသိပေမယ့် ရုတ်တရတ် ကိုယ့်အနီးက ပျောက်ကွယ်သွားတော့မှ အသည်းကွဲခြင်းကို ခံစားရတတ်သည်လေ။ ကိုယ်သိလိုက်ရသည်က အသိနောက်ကျခြင်းနှင့်အတူ အချစ်နောက်ကျခြင်း။တစ်ခုတော့ပြောချင်သည်။ပေးတိုင်းပြန်မရတာကို အချစ်ဟုခေါ်သည် ဆိုပါလျှင် ပေးချင်သော်လည်း မြိုသိပ်နိုင်စွမ်းရှိလွန်းပြီး ဆုံးရှူံးရသည့်တိုင် မပြောင်းလဲခြင်းသည်လည်း အချစ်လို့ခေါ်သည်ဆိုတာကိုပါ။ ခုတော့လည်းလွမ်းနေရသူကကိုယ်သာဖြစ်သည်။လသာသည့်ညဖြစ်စေ မသာသည့်ညဖြစ်စေ ကြယ်စုံသည့်ည ဖြစ်စေကြယ်မစုံသည့်ညဖြစ်စေ သဘာဝအလှတရားတို့သည် အသည်းနှလုံးကို ထိခိုက်ခြင်းတော့မရှိပါ။ လွမ်းတာကတော့ လွမ်းနေဦးမည်သာ။ပြီးတော့ ..ချစ်တာကတော့လည်း […]


moonpoemFebruary 9, 20141min6419
ခရီးပန်းလွန်းလို ့အိပ်ပျော်တဲ့အချိန် အဝေးကလိုလို ကိုယ့်အနီးကလိုလို ကြားလိုက်မိတာက အုန်းပင်တွေကြားထဲကို လေတိုးဝှေ ့တဲ့ အသံ ပြီးတော့ လှိုင်းပုတ်သံ သဲ့သဲ့။ အိပ်မှုန်စုံမွှား နဲ ့စဉ်းစားမိတော့မှ အိုး…ဟုတ်တာပေါ့ အခု ကျွန်မရောက်နေတာ ချောင်းသာပဲကိုး။ဪ ငါခရီးထွက်လာတာပါလား ဆိုတဲ့ အသိ ခရီးထွက်လာတာကလည်း အလုပ်ကိစ္စကြောင့်မဟုတ်ဘဲ အပျော်ခရီးဆိုတာ ကိုယ့်ကိုကိုယ်ပြန်ပြီး တပ်လှန် ့လိုက်တဲ့ အချိန် ရုတ်တရတ် ပါးစပ်ကနေ ဟေး….ဆိုပြီး အော်လိုက်မိတယ်။ ပြီးတော့ အသံတွေကြားရတဲ့ အခန်းအပြင်ဘက်ကို ထွက်ကြည့်လိုက်တယ်။ အိုး…ကြည့်ပါဦး ပင်လယ်ပြာပြာနဲ ့ကောင်းကင်ပြာပြာကြီး စပ်ဆက်ပြီး လှနေလိုက်တာများ ဟိုး.အဝေးကြီး တစ်နေရာမှာ ထိစပ်နေသလို။ ကိုယ့်စိတ်ထဲမှာလည်း အဲဒီလို ထိစပ်တဲ့နေရာအထိ ရွက်လွှင့်ချင်လာသလို ခံစားမိတယ်။ တစ်ညလုံးကားစီးလာလို ့ နေ ့လည်အထိနားလိုက်ပြီး ညနေစောင်းလိုက်မှရေထဲဆင်းမယ်လို […]


moonpoemJanuary 31, 20141min2777
ချက်ကော့ကြီးချယ်နယ်လ်မှ နွေရာသီအတွက် အထူးထုတ်လွှင့်တင်ပြချက် မိဘပြည်သူများခင်ဗျား အခုဆိုရင် ဘာလိုလိုနဲ ့နွေရာသီရောက်တော့မှာ ဖြစ်သည့်အတွက် လူကြီးမင်း တို ့ဧ။် ကျန်းမာရေးအတွက် သိသင့် သိထိုက်တာလေးများ၊နွေရာသီတွင် ဆောင်ရန်ရှောင်ရန်များနှင့် ပတ်သတ်ပြီး ကျွန်တော်တို ့အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်သော ချက်ကော့ကြီး ချန်နယ်လ်မှ ထုတ်လွှင့်တင်ပြလိုပါတယ်။ နွေရာသီဟာ အိုက်ပါတယ်ခင်ဗျာ။ ပြီးတော့ ပူပါတယ်။ လမ်းများများလျှောက်ရင် ချွေးထွက်ပြီး ရေဆာလာပါမယ်။ ရေများများသောက်ပြီးရင်တော့ ရှုပေါက်ချင်လာပါမယ်။ ဒါတွေဟာ နွေရာသီရောက်ကြောင်း ပြတဲ့ လက္ခဏာတွေပါ။ ယခင်ဆောင်းရာသီမှာ ဝတ်ဆင်ခဲ့တဲ့ဂျာကင်တွေ၊ စောင်တွေ၊ အနွေးထည်တွေကို သိမ်းချင်လည်း သိမ်းပါ။ မသိမ်းချင်လည်း လွှင့်ပစ်လိုက်ပါ။အဟောင်းဈေးနဲ ့ရောင်းချင်ရင်လည်း ကိုယ့်ဟာကိုယ်စုံစမ်းပြီး ရောင်းကြပါလို ့အကြံပေးလိုပါတယ်။ နွေရာသီဟာ အပူရှိန်မြင့်မားတဲ့အတွက် နေပူထဲထွက်သည့်အခါ ကတ္တရာလမ်းမအပူဒဏ်ခံနိုင်အောင် ခုံဖိနပ်စီးပါ။ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို အလုံအလောက်ကာကွယ်နိုင်ရန် ပီစီအိုဖုန်းဆိုင်များတွင် ထားရှိတတ်သည် […]


moonpoemJanuary 29, 20141min42311
တက္ကသိုလ်ကျောင်း သူဘဝသို ့….. နွေဦးဆန်းသစ် ရွက်ရော်လှစ်လို ့ ပုရစ်ကယ်ရွှေဥ ပင်တိုင်းစုကြသည် နုညိုစင်ငယ်တဲ့လေ။ ၁ဝတန်းမြန်မာကဗျာ စာအုပ်တွင် ပါသော ကဗျာလေးကို ရေရွတ်ကြည့်မိသည်။ ဘာလိုလိုနဲ ့ဖေဖော်ဝါရီလသို ့ရောက်တော့မည်။ အခုချိန်ဆိုလျှင် မန ္တလေးမှာ တမာပန်းတွေ ကြွေရော့မည်။ရန်ကုန်တက္ကသိုလ်သည် အင်းလျားကန်၊သစ်ပုတ်ပင်တို ့နှင့် အတူ ခန် ့ညားခြင်းများ ရှိသကဲ့သို ့ကျွန်မတို ့မန္တလေး တက္ကသိုလ်သည်လည်း ရေနီမြောင်း၊တမာပန်းတို ့ဖြင့် အညာနံ ့သင်းစွာ ချစ်စရာကောင်းလျက် ရှိပါသည်။ ကျွန်မသည် ကံကောင်းခြင်းများစွာဖြင့် တက္ကသိုလ်ကျောင်းသူဘဝကို မန ္တလေးတက္ကသိုလ်ဝင်းထဲတွင် ဖွင့်လှစ်သည့် နိုင်ငံခြားဘာသာတက္ကသိုလ်တွင် သင်ယူခွင့် ရရှိခဲ့ပါသည်။ တက္ကသိုလ်ဝင်းထဲတွင်ကုကိ္ကုလ်ပင်၊ တမာပင်တို ့သည် စီတန်းစွာ ပေါက်နေသည့်အတွက် ဖေဖော်ဝါရီလ၊ မတ်လ ဆိုလျှင် ဆိုင်ကယ်စီးသည့်အခါသို […]


moonpoemJanuary 28, 20141min3589
ရန်ကုန်မြို ့အနှ ံ့Tourသွားသည့် တစ်ရက်ကဖြစ်သည်။ထုံးစံအတိုင်း မီးပွိုင့်မိချိန်တွင် ဂျာနယ် လက်ပွေ ့ရောင်းသူ၊ပန်းရောင်းသူ၊ ပြက္ခဒိန်ရောင်းသူတွေကို တွေ ့ရသည်။ရုတ်တရတ်ဧည့်သည်များက ဟယ် ဒီဟာကဘာလေးတွေလဲ မသိဘူးဟု ရေရွတ်သံကို ကြားလိုက်ရသည်။ကားဘေးနားတွင် ဖြတ်လျှောက်သွားသည်ကို လှည့်ကြည့်လိုက်တော့ ပိတောက်ပန်းခြောက်ခြင်းလေး တွေဖြစ်နေသည်ကို တွေ ့ရသည်။ အခုမှ ဇန်နဝါရီလပင်ရှိသေးသော်လည်း ဧပြီတန်ခူးအတွက်ကြိုတင်ပြီး ရောင်းနေကြပြီ။ ကားဒရိုင်ဘာကတော့ သင်္ကြန်ရောက်ရန်စောနေသည့် အတွက်ပဲလား၊သင်္ကြန်ကို ရင်မခုန်တတ်တာပဲလားတော့ မသိ။ အမလေးဗျာ ဘယ်နှယ့် ပိတောက်ပန်းခြောက်တွေ စောစောစီးစီး ရောင်းနေတယ်မပြောတတ်ပေါင်ဗျာ ပြာသိုရှိသေးတဲ့ဟာကိုဆိုပြီး ပြောသံကိုကြားလိုက်သည်။ ကျွန်မကတော့ မန ္တလေးသူ ဖြစ်နေသည့်အတွက်ပဲလားတော့ မပြောတတ်။ သင်္ကြန်ကို ပိုပြီး ချစ်တတ်သည်ဟု ဆိုလျှင် တခြားမြို ့သူမြို ့သားတွေ ဝိုင်းအော်ကြတာ ခံရမည်လား မသိ။ကိုယ့်မြို ့ ကိုယ့်ရွာအလိုက် […]


moonpoemJanuary 23, 20141min46511
ဆမာကဒါ နိုင်ငံဧ။် သားပျိုသမီးပျိုများ အတွက် တစ်ပတ်စာ သင်ဧ။် ကံကြမ္မာ တံခါးပိတ်ဝါဒကို ကျင့်သုံးခဲ့သော်လည်း ယခုအခါ ချောဆီထည့်ရျ်တံခါးပြန်ဖွင့်လိုက်ပြီ ဖြစ်သော ဆမာကဒါ နိုင်ငံဧ။် ထင်ရှားသော စာရေးဆရာမ ဝိတိုရိယ မွန်းပိုအမ်ဧ။် လွတ်လပ်ပွင့်လင်းသော အရေးအသားများဖြင့် တစ်ပတ်စာဟောစာတမ်းကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည်။ တနင်္ဂနွေသားသမီးများ ကံကောင်းစေရန် ခြေလေးချောင်းသား ရှောင်ပါ။ သို ့အတွက် အိမ်ရှိကုတင် ခြေလေးချောင်းလုံးအား လွှဖြင့် ဖြတ်ပစ်ပါ။ တနင်္လာသားသမီးများ ယခုတစ်ပတ်အတွင်းအလွဲများတတ်သည်။ဥပမာအားဖြင့် သံပြားပစ်ပြိုင်ပွဲတွင် သံပြားအစား နံပြားမှားပစ်ခြင်းကြောင့် ရွှေတံဆိပ်နှင့် လွဲရခြင်း။ အင်္ဂါသားသမီးများ စက်ပစ္စည်းအကြီးစား ဝင်တတ်သည်။ဥပမာ-ကြံရည်ကြိတ်စက်၊လမ်းကြိတ်စက်။ ဗုဒ္ဓဟူးသားသမီးများ အတွင်းပစ္စည်း သတိထားပါ။ ဇာဘော်လီ၊ကလေးသေးခံ အခိုးခံရတတ်သည်။ ကြာသပတေးသားသမီးများ စိန်ဝင်ကိန်းမြင်သည်။ ဥပမာဆိုရသော် စိန်တလုံး သရက်သီး၊ စိန်ဘယက်လေကွဲဆေးစသည်တို့ ဖြစ်နိုင်သည်။ […]