panpanNovember 3, 20111min1723
ဒါနဲ့ မဟာဗန္ဓုလလမ်းက ဖြိုး ကြေးအိုး၊ ဆီချက်ဆိုင်သွားတယ် အပြန်မှာ ပန်းဆိုးတန်းဂိတ်ကပဲ ကားစီးပြန်တော့မယ်လေ ဒီလိုနဲ့ဆိုင်ထဲဝင်လိုက်တယ် အဲဒီမှာ ဒုတိယမြောက် အတင်းတုပ်စရာမိန်းကလေးတစ်ယောက်နဲ့ တွေ့လေသတည်းပေ့ါဗျာ ———————————————————————- ဆိုင်ထဲဝင်လိုက်တယ်ဆိုရင်ပဲ ဘယ်နားထိုင်ရမလဲဝေ့ကြည့်လိုက်တော့ ဆိုင်အတွင်းဆုံးခုံမှာ လွတ်နေတာနဲ့ဝင်ထိုင်လိုက်တယ် စားပွဲထိုးလေးလာတော့ ကျနော်လည်း ဘာစားရင်ကောင်းမလဲစဉ်းစားရင်း ဆီချက်တစ်ပွဲမှာလိုက်တယ် မှာထားတဲ့ဆီချက်မလာခင် ဆိုင်ထဲကိုလျှောက်ကြည့်မိတော့ ကျနော့်ဘေးဝိုင်းမှာ ကောင်မလေးတစ်ယောက်တွေ့တယ် အော်..သူတစ်ယောက်တည်း လာစားတာကိုး ကားပေမှာတွေ့လိုက်ရတဲ့ ဂျီးပေမလေးကြောင့် ဒီတစ်ခါတော့သေချာဂျီးပေမပေ ကြည့်မိတယ်ဗျ လက်သည်းလေးတွေ၊ ခြေသည်းလေးတွေလည်း ခပ်တိုတိုညှပ်ထားတဲ့အပြင် အသားအရည်လည်း ဖွေးတယ်ဗျ ဆံပင်လေးလည်း ဖြောင့်စင်းနေပြီး နောက်ကိုအကုန်စုစီးထားတာ ရှင်းရှင်းလေး ပြီးတော့ ကတ္တီပါဖိနပ်အပါးလေးမှာလည်း ဘော်ခြယ်ထိုးတာလေး စီးထားတယ် ဖိနပ်ကလည်း ခုပေါ်နေတဲ့ဒီဇိုင်း ကတီ္တပါနှစ်ရောင်စပ်၊ အဖြူနဲ့အနက်လေး အဖြူရောင်ကတီ္တပါတောင်စီးရဲတယ်ဆိုမှတော့ သင်းလေးသန့်သန့်ပြန့်ပြန့်နေတတ်တာ သိသာတယ် အော်…..သန့်ချင်တိုင်းသန့် လှချင်တိုင်းလှနေတာပေ့ါလေ မှန်း………သူစားတာဘာပါလိမ့် […]


panpanNovember 2, 20111min29124
တနေ့က ကျနော်မြို့ထဲကို သွားတယ်ခင်ဗျ ကိစ္စလေးပေါ်လာလို့ဆိုပါတော့ ကျနော်နေတဲ့နေရာလား ဥက္ကလာလေ၊ တောင်ဥက္ကလာပေ့ါ တောင်ဥက္ကလာပစေတီနားမှာ ဆိုပါတော့ ကျနော်အဲဒီနေ့က ဘတ်စ်ကားပေါ်စတက်စီးချိန်ကတည်းက အိမ်ပြန်ရောက်ချိန်ထိ အာရုံထဲမှာ ကောင်မလေးတွေအကြောင်းစဉ်းစားနေတာ တကယ်…၊ စဉ်းစားတယ်ဆိုတာကလည်း အိမ်ကထွက်ပြီဟေ့ဆိုကတည်းက တွေ့မြင်နေရတာကိုး အဲဒီကောင်မလေးတွေထဲက သုံးယောက်လောက်ကိုပဲ အတင်းချတော့မယ်ဗျာ၊ နော် စစချင်း ကားပေါ်မှာစတွေ့တဲ့ကောင်မလေးတစ်ယောက်ကစမယ်ဗျို့ မြို့ထဲသွားဖို့ ကားပေါ်တက်လိုက်တယ် ကျနော်တက်တာ ဘီအမ်ကား၊ ရှေ့ပေါက်ကတက်လိုက်တာ လူပြည့်နေတော့ အထဲထိမဝင်နိုင်တော့ပဲ ရှေ့ဆုံးနှစ်ယောက်ခုံနားမှာပဲ ရပ်နေတာ အဲဒီမှာ စတွေ့တာပဲဗျို့ မြင်သာဈေးလည်းရောက်ရော ကောင်မလေးတစ်ယောက်တက်လာတယ် ကျနော့်နားလာရပ်တယ်ပေ့ါ ကျနော်လည်း ဘာရယ်လို့တော့မဟုတ်ပါဘူး၊ ကျားသဘာဝအရ ခြေဆုံးခေါင်းဆုံး မသိမသာရှိုးလိုက်တာပေ့ါ ကျနော်ကြည့်တာ တစ်ကားလုံးဘယ်သူမှမသိပါဘူး ဒါကလည်း ပညာပေ့ါဗျာ အဲ…ကျနော့်ကိုလည်း နှာဘူးလို့မထင်နဲ့ဦး ဘူးတာမဟုတ်ဘူး၊ ထူးတာလေးမို့ ကြည့်တာပါဗျာတို့ သူလေးက ခုခေတ်လူငယ်ဒီဇိုင်းလေးဗျ ဘောင်းဘီအနက်ကျပ်ကျပ်ကလေး၊ […]


panpanNovember 1, 20111min29123
(ကြာခဲ့ပါပြီ၊ လေးနှစ်လောက်၊ ပေါက်ကရလေးဖြစ်နေမယ်ထင်ပါရဲ့၊ ကျောင်းပြီးခါက ၂၀ဝန်းကျင်အရွယ်လေးမှာရေးထားတာမို့ သည်းခံပြီးဖတ်ကြည့်ပေးပါလို့ ) နှလုံးသားရှာသူ မတွေ့နိုင်တာ ရှာဖွေကြည့် မြင်နိုင်တာကို မတွေ့မိ။ သူသူ ကိုယ်ကိုယ် “ထပ်တူ” မညှိနိုင်တော့ ညီမျှခြင်းက ပြီတီတီ။ ချစ်တာဟာ ဘာအရေးလဲ မေတ္တာသာ အလေးထားတယ်။ ဘဝင်ကို အမြင်အတိုင်း မှန်လိုပဲ ကြည့်ကြစို့။ မြင်တတ်ရင် ဝင်ခဲ့ပါ ငါ့နှလုံးသားဖွင့်ထားတယ် “သဏ္ဌန်” တူသူချင်း သေဖော်ညှိရအောင်။ မဖြေတတ်ရင် ဒီတစ်သက် ဆွေးစရာနဲ့ ပြီးမယ် နေတတ်ရင် ဒီဘဝက ကျေနပ်စရာချည်းပဲ။ 10:55 P.M 18.11.2007


panpanOctober 28, 20111min1997
လွန်ခဲ့သော နှစ်ပတ်ခန့်က ရုံးပိတ်ရက်မနက်ခင်းတွင့် ကျွန်မအဒေါ်နှင့် ကျွန်မတို့ ဈေးသို့ချီတက်ခဲ့သည်တမုံ့။ ဈေးက တာမွေအဝိုင်းထိပ်တွင်ရှိသော ရာပြည့်ဈေးဖြစ်သည်။ အဒေါ့်အိမ်နှင့် နီးသောလည်း ကျွန်မတို့အိမ်မှ ၁၅မိနစ်ခန့် လမ်းလျှောက်ရလေသည် (ကျွန်မတို့က မင်းလမ်းဈေးနှင့် ပိုနီးသည်)။ ရာပြည့်ဈေးသို့ သွားရခြင်းမှာ ထိုဈေးတွင် ဈေးသည်စုံသောကြောင့် ဖြစ်သည်။ ဈေးရုံထဲထိပင် သွားစရာမလို။ အပြင်က ပျံကျဈေးသည်တွေ အလွန်ပေါသည်။ ဟင်းချက်စရာမှအစ အိမ်သုံးပစ္စည်းအချို့လည်း အပြင်ဖက်တန်းတွင်ပင် ဝယ်လို့ရသည်။ ပြီးတော့ ဈေးသည်ပေါတော့ ပစ္စည်းလည်းပေါသည်။ သို့ကလို ထိုဈေးတွင် လိုအပ်သမျှဝယ်ခြမ်းပြီးသည့်သကာလ အပြန်တွင် ဈေးတန်းအစွန်၌ ပက်လက်ကုလားထိုင်တစ်လုံးကို ရောင်းနေတာ တွေ့လေသည်။ ပက်လက်ကုလားထိုင်တစ်လုံးသာမက ဘေးနားတွင်လည်း ကုလားထိုင်အခင်း သုံးလေးငါးခု ပါသေးသည်။ ကျွန်မဖွားအေဖြစ်သူ(အဒေါ်နှင့်အတူနေသူ)က ကုလားထိုင်တစ်လုံး လိုချင်နေသည်ဆို၍(အိမ်တွင်ရှိသော ကုလားထိုင်က အတော်အိုနေပြီဖြစ်သည်) ထိုပက်လက်ကုလားထိုင်အား ဝယ်ပေးရန်စဉ်းစားမိသည်။ ဈေးရောင်းသူမှာ […]


panpanOctober 27, 20111min43929
ဒီတစ်ခေါက်တော့ ကျွန်မအဒေါ်ကြုံခဲ့တဲ့အကြောင်းလေး ဖောက်သည်ချတာပါ တနေ့ကမှ ဈေးထဲသွားရင်းတွေ့တာတဲ့ ဖြစ်ပုံက ဒီလို………….။ ———————————————————————— ဈေးနားတစ်နေရာမှာ လူတွေစုအုံနေကြတယ်၊ ဘာလဲဆိုတော့ တွေ့လိုက်တာက လူအုပ်အလယ်မှာ လူနှစ်ယောက်၊ ပခြုပ်တစ်လုံး အထဲမှာမြွေလည်း ရှိတယ်ပြောတယ် အဲဒီလူနှစ်ယောက်မှာ တစ်ယောက်ကဆရာ၊ တစ်ယောက်ကတပည့် ဆရာလုပ်သူက စတစ်ကော်လံနဲ့ ယောပုဆိုးနဲ့ တပည့်က ဆံရှည်ကို နောက်စုစီးထားတယ် ဒီလိုနဲ့ ပရိသတ်ထဲက ကောင်လေးတစ်ယောက်ကိုခေါ်တယ် အဆောင်ဆိုတာလေးပေးပြီး ပါးစပ်ထဲငုံခိုင်းတယ် ပြီးတော့ ဒီအဆောင်လေးငုံရင် စီးပွားတက်မယ်၊ ဘာပြုညာပြု စဖောတယ်၊ ကိုယ့်ကိုမကြိုက်တဲ့မိန်းကလေးဆိုရင် ကိုယ့်ရှေ့တောင်ခြေစုံလာရပ်မယ် ပီယဆေးအနေနဲ့လည်း စွမ်းသတဲ့ ဒါနဲ့ပဲ ဘယ်သူလိုချင်လဲလို့မေးတယ်၊ အတင်းမတိုက်တွန်းပါဘူးတဲ့ ဒါလည်းပြောတယ် ပရိသတ်ထဲက လိုချင်သူတွေက တောင်းကြတယ် အဲဒီမှာ တပည့်လုပ်သူက “ဆရာ၊ လက်ဖွဲ့က သိပ်မကျန်တော့ဘူး” “ဆရာ ကုန်တော့မယ်ဗျ” ဆရာလုပ်သူကလည်း […]


panpanOctober 25, 20111min60341
အန်တီပဒုမ္မာရဲ့ ပိုစ့်ကိုဖတ်ပြီး တွေးမိသမျှ ရေးချလိုက်ပါရဲ့ မန်းရင် အရမ်းစာကရှည်နေလို့ တစ်ပိုစ့်ရေးလိုက်တာပါ ကိုယ်တိုင်ကလည်း လူငယ်ဆိုတော့ လူငယ်ကိုပဲ အခြေခံပါရစေ ကိုယ့်ဖီးလ်နဲ့ကိုယ်ပါပဲ ကျွန်မလည်း အရမ်းရှုပ်ထွေးနေပါတယ် ကျွန်မတော့ စင်ကာပူထွက်မယ်ဆိုပြီး မနေ့က ဆုံးဖြတ်ချက်ချလိုက်တယ် အရင်က လုံးဝနိုင်ငံခြားထွက်ပြီး အလုပ်မလုပ်ဘူးလို့ နေလာခဲ့တာ စင်ကာပူသွားဖို့ အခွင့်အရေးတွေပေါ်လာခဲ့ပေမယ့် ပေကပ်ပြီးနေလာခဲ့တာ ကျွန်မမှာလည်း ဖီလင်တွေရှိနေတယ် ကျွန်မလက်ရှိလုပ်နေတာ နိုင်ငံခြားလူမျိုးပိုင်ကုမ္ပဏီမှာပါ အလုပ်က ပရိုဂရမ်မာ ကျွန်မအမြဲတွေးမိတာက ကျွန်မတို့တွေ ထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းတစ်ခုဟာ ကျွန်မတို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ သုံးဖို့မဟုတ်ပါဘူး နိုင်ငံခြားက အလုပ်တွေကို လက်ခံပြီး မြန်မာပြည်မှာ မြန်မာဝန်ထမ်းတွေနဲ့လုပ်နေရတာပါ ပရောဂျက်တစ်ခုလုပ်လိုက်ပြီး ဟိုဖက်ကိုတင်ပို့လိုက်ရတယ် ကျွန်မတို့မြန်မာလူမျိုးတွေ ကိုယ်စွမ်းဉာဏ်စွမ်းရင်းပြီး ထုတ်လုပ်လိုက်တဲ့ ထုတ်ကုန်ဟာ ကျွန်မတို့နိုင်ငံအတွက်မဟုတ်ဘူး ကျွန်မတို့လူမျိုးတွေ အချိန်ကုန်၊ လူပန်းသက်သာအောင် အသုံးပြုဖို့မဟုတ်ဘူး […]


panpanOctober 24, 20114min35617
မနေ့က (၂၃၊ အေက်တိုဘာ၊ ၂၀၁၁) တနင်္ဂနွေနေ့တုန်းက ကျွန်မ တောင်ဒဂုံက BGသွေးအကူအညီပေးရေးအဖွဲ့ရဲ့ ပညာဒါနကျောင်းလေးကို ရောက်ခဲ့ပါတယ်။ အဲဒီနေ့မနက်က အဖွဲ့ခေါင်းဆောင် ကိုညီညီဆီကို ဖုန်းဆက်ပြီး သွားခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ အဖွဲ့အတွက် အလှူငွေရှာဖို့ပါပဲ။ ကျွန်မအနေနဲ့ ကျွန်မအလုပ်လုပ်နေတဲ့ ရုံးကသူငယ်ချင်းတွေဆီမှ အလှူငွေကောက်ခံပြီး ပညာဒါနကျောင်းအတွက် လှူဒါန်းဖို့ပါ။ ကျောင်းအတွက်ဆိုပေမယ့် ကျောင်းအတွက်သော်လည်းကောင်း၊ သွေးလှူဒါန်းရာမှာသော်လည်းကောင်း ဘယ်နေရာမှာသုံးသုံးပါ။ ကျောင်းလေးထဲ ဝင်လိုက်တာနဲ့ သူရဲကောင်းတွေရဲ့ အငွေ့အသက်နဲ့ နွေးထွေးမှုကို ရရှိလိုက်ပါတယ်။ ကြက်သီးထစရာပါ။ ကျောင်းက အပြီးအစီးဆောက်ပြီးပါပြီ။ အမေစုမွေးနေ့တုန်းက ဆွမ်းကပ်တာသွားတုန်းကတော့ အမိုးပဲမိုးရသေးပါတယ်။ ဘာအကာမှ မရှိသေးဘူး။ ကျွန်မရောက်သွားတော့ ကိုညီညီနဲ့တော့ မတွေ့ဖြစ်လိုက်ပါဘူး။ ကိစ္စရှိလို့ ခုလေးတင်အပြင်ထွက်သွားတယ်ပြောပါတယ်။ ကျွန်မရောက်ချိန်မှာ ကျောင်းမှာစာသင်နေပါတယ်။ ကလေးတွေက အရွယ်စုံ၊ ဆိုဒ်စုံပါပဲ။ ဘယ်ကကလေးတွေလဲလို့ အဲဒီကစာသင်ပေးနေတဲ့ ဆရာမကို […]


panpanAugust 18, 20111min36826
သဂျီးရဲ့ ဝန်ခံခြင်းအနုပညာကို ဒီကနေ့ချသုံးလိုက်ပါပြီ သူများပဲလက်ညိုးထိုးနေတဲ့ ကျွန်မ၊ ကျန်တဲ့လက်ချောင်းတွေနဲ့ ကိုယ့်ကိုကိုယ်ပြန်ထိုးနေတယ်ဆိုတာ သတိမထားလိုက်မိဘူး ဘာလဲဆိုတော့ ခုတလောရွာထဲခေတ်ထနေတဲ့ အဝတ်အစားကိစ္စပဲ ဒီကနေ့ ကျွန်မဝတ်ထားတာ ဂျင်းစကတ်အတို(ဒူးအထက်)နဲ့ တီရှပ်၊ တီရှပ်ကလည်း ဆယ်ကျော်သက်တွေဝတ်တဲ့ sport ဒီဇိုင်းတီရှပ် ဖိနပ်ကတော့ ကြိုးမှာသစ်သားစေ့လေးတွေ ပြည့်နေအောင်စီထားတဲ့ ဖန်စီဖိနပ် ဘယ်သွားတယ်မှတ်လဲ၊ ရုံးတက်တာ ဘာပြောကောင်းမလဲ၊ ကို့ရိုးကားယားပေ့ါ အဲဒါပြောတာလေ၊ သူ့နေရာနဲ့သူ သင့်တင်လျောက်ပတ်အောင်ဝတ်ဖို့ဆိုတာ ကိုယ်တိုင်တော်တော်လုပ်နေရတယ် ဒါကဒီကနေ့တစ်ရက်ပဲ ဒီလိုဝတ်တာလား၊ အရင်နေ့တွေကရော သိပ်တော့မကွာဘူး၊ အရင်နေ့တွေလည်း ဂျင်းရှော့ပင်၊ ဂျင်းအရှည်ဘောင်းဘီ၊ တခါတခါစတိုင်ဘောင်းဘီပေ့ါ အဲဒီစတိုင်ပင်ကလည်း ရုံးကချုပ်ပေးထားတာ 😀 ကိုယ့်မှာရှိတာကလည်း အဲလိုကလေးကလားတွေဆိုတော့ ထမီတော့ဝတ်ပါတယ်၊ တခါတလေပေ့ါ အရပ်ကပုပု လူကောင်သေးသေး ဘာအလုံးအထည်မှမရှိတော့ အဒေါ်က ကျွန်မထမီဝတ်ထားရင် ဝါးခြမ်းပြားလေးအဝတ်ပတ်ထားသလိုပဲလို့ ချီးမွမ်းရှာတယ် ပြီးတော့ ကျွန်မက […]


panpanAugust 17, 20111min43317
ဗန်းမော်ဆရာတော်ကြီးရဲ့ ဆုံးမစာလေး မျှဝေလိုက်ပါတယ် ပြီးခဲ့တဲ့ရုံးပိတ်ရင် အပြင်သွားတုန်း စာအုပ်ရောင်းတာတွေ့တာနဲ့ ဝယ်လာလိုက်တာ အဲဒီစာအုပ်ထဲမှာ ဟောဒီဆုံးမစာလေးလည်း ပါလာပါတယ် မဖတ်ဖူး၊ မသိလေးတဲ့လူတွေအတွက် ဖတ်ရအောင်လို့ ပြန်မျှလိုက်တာပါ ခုခေတ်နဲ့ တော်တော်ကိုက်ညီနေလို့ အဲဒီဆုံးမစာမှာပါတဲ့ အချက်တိုင်းဟာ ဘာတွေဆိုတာ ဆက်စပ်တွေးလို့ အားလုံးကို သေချာမျက်လုံးထဲမြင်လာနိုင်ပါတယ် ရွာသူရွာသား သူတော်ကောင်းအပေါင်းတို့လည်း မိမိတို့ တွေ့မြင်တာတွေကို ဥပမာအနေနဲ့ပြောရင်း ဘယ်စာကြောင်းမှာ သွားငြိလဲဆိုတာ အချင်းချင်းအသိပြန်မျှစေလိုပါတယ် ဆုံးမစာမှာ ရေးထားတဲ့ စာသားတွေက လိုတိုရှင်းနဲ့ အဓိပ္ပါယ်လွန်စွာ ထိရောက်လှပါတယ် “အမျိုးကောင်းသမီးက ပိုက်ဆံရှာ” ဆိုတဲ့စာသားလေးက ဒီကနေ့ ကျောင်းသူလေးများရဲ့ဘဝကို အလွန်ထင်ဟပ်နေတယ်လို့ မြင်မိပါတယ် တချို့သောနယ်မှ အလုပ်လာလုပ်ကြတဲ့ အမျိုးကောင်းသမီးလေးတွေလည်း ထိုနည်း၎င်းပါပဲ ဒီဆုံးမစာပိုစ့်ကို မျှဝေလိုက်တာက တလောက အဲဒီကိစ္စနဲ့ပတ်သက်တဲ့ Foreign Residentရဲ့ စပွန်ဆာပိုစ့်ကိုဖတ်လိုက်ရလို့လည်းပါပါတယ် “ဆယ်အိမ်ခေါင်းက […]


panpanAugust 16, 20111min37720
    ဟဲလိုဆိုတာ အင်္ဂလိပ်စကား၊ နှုတ်ဆက်တာ။ တယ်လီဖုန်းကောက်ကိုင်ရင် ဟဲလိုလို့စပြောကြတယ် တရုတ်တွေက “ဝယ်” (ကြားတဲ့အသံအတိုင်းရေးလိုက်တာ၊ အသံထွက်လွဲမလားမသိ) ကိုရီးယားကျတော့ “ရောပုချယ်ရော” (ဒါလည်းကြားတဲ့အသံအတိုင်းရေးလိုက်တာ၊ အသံထွက်လွဲမလားမသိ) ဂျပန်ကတော့ “မိုရှိ မိုရှိ”တဲ့ (ဒါကတော့ မလွဲတော့ဘူး၊ သေချာတယ်) မြန်မာတွေကတော့ ဟဲလိုအသုံးများကြတယ် ကျွန်မအတွေးနဲ့ စပြောပါတော့မယ် အင်္ဂလိပ်တွေလာရောက်အုပ်ချုပ်ပြီး တယ်လီဖုန်းတွေအသုံးပြုခဲ့ကြတယ် မြန်မာနိုင်ငံကလူတွေလည်း တယ်လီဖုန်းစသုံးဖြစ်ကြတယ် တယ်လီဖုန်းကို ခုချိန်ထိ အင်္ဂလိပ်စာလုံးအသံထွက်အတိုင်းပဲ ခေါ်ဝေါ်ကြတယ် တယ်လီဖုန်းကိုင်လိုက်ရင် အင်္ဂလိပ်လူမျိုးတွေက ဟဲလိုလို့စပြောတော့ အဲဒီအတိုင်းလိုက်ပြောဖြစ်ကြတယ် တရုတ်တို့၊ ကိုရီးယားတို့၊ ဂျပန်တို့မှာတော့ ဖုန်းကိုင်လိုက်ရင် စပြော(ပြန်ထူး)တဲ့စကားက သူ့ဟာသူ သပ်သပ်ရှိပြီး ဘာလို့မြန်မာတွေကျတော့ ဟဲလိုပဲပြောနေရတာလဲလို့ အဲဒါကြောင့်တွေးမိတယ် မြန်မာစကားနဲ့ဆိုရင် ဟဲလိုအစားထိုးသုံးစရာ ဘာစကားနဲ့အဆင်ပြေမလဲ “မင်္ဂလာပါ” (နည်နည်းအူကြောင်ကြောင်နိုင်သလားလို့) “ဟုတ်ကဲ့၊ အမိန့်ရှိပါ” (ဟုတ်ကဲ့ကြီးကိုမကြိုက်ဘူး၊ […]


panpanAugust 15, 20111min35422
ရွာသူရွာသားအပေါင်း သူတော်ကောင်းတို့ အပျင်းပြေကြည့်ရအောင် လက်ကမြင်းလိုက်ကြောင်း…. (သဂျီးကောင်းကြောင်းကြော်ငြာတစ်ပုံပါ၏)  😀   သက်တန့်ရောင် MGပါ၊ 3Dဒီဇိုင်းနဲ့ပေ့ါ ဒါကတော့ ဖောက်ထွင်းမြင်လို့ရတဲ့ စာလုံးအကြည်ပုံစံ ဒီပုံကလည်း သက်တန့်ရောင်ပဲ၊ သူကတော့ Blurထားတာ neon light MG၊ အဲဒီပုံကြည့်ပြီး နားငြီးတယ် သဂျီးကကောင်းတယ်လို့ ကြော်ငြာဝင်တာ cardiac waveလေးပါ၊ သူများတွေကတော့ပြောတယ်၊ ဓါတ်လိုက်နေတာလားတဲ့ ———————————————————————————————- ဘာရယ်တော့မဟုတ်ဘူး ဒီလိုပဲလက်ကမြင်းပြီး လုပ်လိုက်တာ ဘယ်ပုံလှတယ်ထင်လဲ 😀 😀 😀


panpanAugust 9, 20111min40420
  (၁) မေး။    ။ကျွန်တော်တို့မဂ္ဂဇင်းမှ အစ်မကိုအင်တာဗျူးချင်တယ်ပေ့ါနော် ဖြေ။    ။ဟုတ်ကဲ့၊ ရပါတယ် အစ်မကလည်း မေးသမျှသေချာဖြေမယ်ပေ့ါနော် မေး။    ။ဟုတ်ကဲ့၊ ခုလိုပေ့ါနော်၊ အစ်မအောင်မြင်လာတာလေးကပေ့ါနော်၊ ပရိသတ်တွေလည်း အားပေးကြတယ်ပေါ့နော်၊ ဒီစီးရီးခွေကပေ့ါနော် ဘယ်အချိန်လောက်ကတည်းက စလုပ်ဖြစ်ခဲ့တာလဲ    မသိဘူးပေ့ါနော် ဖြေ။    ။ဒီစီးရီးအယ်လဘမ်လေးကပေ့ါနော် အစ်မလွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက အမေရိကားကအပြန်ပေါ့နော် ဒီကိုရောက်တုန်းလေး လုပ်ဖြစ်သွားလိုက်တာပေ့ါနော် ပရိသတ်နဲ့လည်း အလှမ်းကွာနေတော့ ဒီစီးရီးလေးနဲ့ ပြန်ပြီးထိစပ်မှုယူတဲ့သဘောပေ့ါနော် မေး။    ။ဟုတ်ကဲ့ပါအစ်မ ခုအစ်မပေါ့နော် ဟိုကိုပြန်သွားဦးမလား ဒီမှာပဲ အနုပညာလုပ်ငန်းတွေ ဆက်လုပ်မလားခင်ဗျာ ဖြေ။    ။အင်း…..ဟိုကိုပြန်သွားဖို့ကတော့ အလည်သဘောလောက်ပဲဖြစ်တော့မယ်ထင်တယ်ပေါ့နော် ခုဒီမှာ ပရိသတ်နဲ့လည်း ပြန်ရင်းနှီးသွားပြီလေ ဒီမှာပဲ ဆက်လုပ်ဖြစ်နေမယ်ပေါ့နော် မေး။    ။ဟုတ်ပါပြီအစ်မ ခုလိုပြေကြားပေးတဲ့အတွက်ပေါ့နော် အစ်မကိုအရမ်းကျေးဇူးတင်ပါတယ် ဖြေ။    ။ဟုတ်ကဲ့ပါ အစ်မကလည်းကျေးဇူးတင်ပါတယ် ပရိသတ်ကြီးလည်း ကျွန်မရဲ့ဒီစီးရီးလေးကိုပေ့ါနော် အားပေးကြပါလို့၊ […]


panpanAugust 8, 20113min33724
ခုနက ပုံ၂၅ပုံတင်လိုက်ပါတယ် ခုကျန်တဲ့၂၄ပုံပါ ဒီပုံတွေမှာတော့ ချက်ပြုတ်နေတာတွေပါ ပါတယ် ထပ်ရွံ အဲ..ထပ်ကြည့်လိုက်ကြပါဦးနော်…။