စာတွေလဲ မရေးဖြစ်တာ အတော်ကြာပါပြီ။ ရေးလိုက်တိုင်းလဲ တစ်လွဲတွေချည်းဖြစ်နေသည့်အတွက် ကိုရင်ရှူံးစက်ထဲတွင် သိမ်းဆည်းထားသည့် ရေးလက်စ စာမူများလဲ မနည်းတော့ပေ။ ရေးတော့မည်ဆိုတော့လည်း ကိုရင်ရှူံးလိုင်းမကြောင်ချင်ပါ၊ ဖင်မနိုင်ပဲလဲ ပဲကြီးဟင်းမစားချင်ပါ။ ကိုရင်ရှူံးသည် ဘဝအတွေ့အကြုံသမားသာဖြစ်၏။ ခံစားချက်သမားသာဖြစ်၏။ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ဟု ဆိုလိုကဆို၊ ကိုယ်တွေ့ကြုံသည်များကိုသာ လိပ်ပြာသန့်သန့်၊ အချက်အလက်ပြည့်စုံမှန်ကန်စွာဖြင့် ရေးလို၏။ ထို့အတွက်ကြောင့်ဆိုရမည်ပင်၊ ကိုရင်ရှူံးအတော်လေး စာရေးကြဲပါ၏။ တစ်နည်း.. ကိုရင်ရှူံးအတော်လေး မန့်ခဲပါ၏။ ထို မန့်သလေးဂွဇွတ် (မန့်သူများလဲ မန့်ကြပြီး တစ်ခါတစ်ရံ အတော်လေးဂွကျပြီး လွန်စွာမှပင်ဇွတ်တရွတ်နိုင်စွာ ပြောဆိုကြသော) ဆိုက်ကြီးတွင် ကိုရင်ရှူံးသည် ၂ နှစ်ခွဲကျော်မျှ အဖွဲ့ဝင်ဖြစ်ခဲ့ပြီးသော်မျှ အပုဒ် ၉ဝ ကျော်မျှသာရေးနိုင်သေးသည်။ ယနေ့စိတ်ပါလက်ပါဖြင့် နောက်တစ်ပုဒ် ရေးလိုက်ပါသည်။ သည်းခံဖတ်ရှုကြပါကုန်။ ******************************************************************************** မျက်မှန်တစ်ချက်ကို အသာပင့်တင်လိုက်သည်။ ဖတ်လက်စ စာအုပ်အထူကြီးကြားထဲ […]