ရွာထဲတွင် သူပုန်တွေ သောင်းကျန်းနေပါ၏။ ရွာ၏အစဉ်အလာများ ပျောက်ဆုံးနေသကဲ့သို့ အမာခံများလည်း တစ်ဖြုတ်ဖြုတ် ကြွေလွင့်သူတွေကကြွေလွင့်၊ တစ်မြေရပ်ခြားသို့ ရှောင်ပုန်းသူကပုန်းနှင့်။ ရွာထဲတွင်တော့ အတော်လေးစည်ကားနေသေးသည်။ အိမ်ကြီးအိမ်ကောင်းများမှာတော့ မရှိတော့သလောက်ပင်။ ဘယ်ကရောက်လာမှန်းမသိသော လူတစ်ကာ၏ ရွက်ဖျင်တဲလေးများသာ နေရာတစ်ကာ မြင်နေရပြန်သည်။ အရင်ကထက် အသံနည်းနည်းပိုကျယ်လာသည်။ တစ်ချို့က လက်လုပ်ဂျင်ကလိလေးများဖြင့် မထိတစ်ထိ ပြစ်ကြ၏။ တစ်ချို့ကျပြန်တော့လဲ ကျည်မပါသည့် သင်္ကြန်အမြှောက်ကြီးတွေ တစ်ဂျိမ်းဂျိမ်းဖြင့် ပြစ်နေကြ၏။ တစ်ချို့ကမူ ဟိုကရတာလေးယူ၊ ဒီကရတာလေးယူနှင့် မပါဝင်ဘဲ ရှိလိုက်ရလေမည်အလား သူတစ်ချက်ဆို ငါနှစ်ချက်၊ သူလုပ်တာ အားပေးထောက်ခံ၊ ကိုယ်လုပ်တာ ဝိုင်းဝန်းပံ့ပိုးကြရန် ဆွယ်ကြပြန်သေးသည်။ ထိုသူများ၏ နောက်တွင်တော့ကား အတိုအစလေးများ တစ်ချက်စီနှင့် ဝေစုခွဲဝေယူကြပြန်သေးသည်။ သက်ကြီးဝါကြီးလဲမသိ၊ ဂုဏ်သရေရှိလဲမသိ၊ ပညာရှင်မှန်းမသိပဲ လူစု၊ လူဝေးဖြင့် ဝိုင်းပြောကြသည်။ သက်ဆိုင်ရာ တာဝန်ရှိလူကြီးမင်းများမှာမူ […]