စဆရ ႀကီးJanuary 21, 20131min1539
ကျုပ်လား? ဘာရယ်တော့မဟုတ်ဘူး… လူသားနှစ်ဦးက စုံမက်ပေါင်းဖက်ပြီး မွေးဖွားကြီးပြင်းလာတဲ့ သာမန်အညတရ လူသားတစ်ယောက်ပေပဲ။ ဒီထက်တော့ ဘာမှ ပိုပြီး မထူးဆန်းပေဘူး။ ရွှေလင်ပန်းနဲ့ အချင်းဆေးပြီး ရွှေဇွန်းကိုက်ပြီး မွေးဖွားလာတာမဟုတ်တော့ လူထဲက လူသားတစ်ယောက်ပေပဲပေါ့။ လူလိုနေ၊ လူလိုကြီးပြင်းလာခဲ့ပြီးမှ လူရာမဝင်တာတော့ ဘယ်သူ့ဘယ်သူကြောင့်မှတော့ မဖြစ်နိုင်ပေဘူး။ လူမပီသသေးလို့နေမှာပေါ့။ ကျုပ်လား? ဘာမှတော့မဟုတ်ဘူး.. မသေရုံထမင်းတစ်နပ်စားရဖို့အရေး ရရာအလုပ်ပေါင်းစုံလုပ်ရင်း ခုတော့ တစ်မြေရပ်ခြားမှာ ရရာ အလုပ်တစ်ခုကို ဝင်လုပ်နေရသူပေါ့။ ထမင်းစားကျွန်ခံ ဒီထက်တော့ ဘာမှ ပိုပြောလို့လဲမရဘူး။ ကိုယ်ပိုင်ဟန်းဖုန်းလေးကိုင်၊ ကိုယ်ပိုင်ကားလေးမောင်းပြီး Shopping Center တွေမှာ ဈေးပါတ်ဝယ်နေတဲ့ လူ့မလိုင်တန်းစားထဲကမဟုတ်တော့ အဆောင်ကျဉ်းကျဉ်းလေးထဲမှာနေ၊ ၅၀ဝ တန် ထမင်းတစ်နပ်ကိုစား၊ တစ်ရာဖိုးသုံးလိပ် နှင်းဆီဆေးပေါ့လိပ်ကိုခဲပြီး ၅ဝ တန်လိုင်းကားကို တိုးစီးနေရတာမို့ သူလိုကိုယ်လို လူတွေကြားက လူတစ်ယောက်ပဲပေါ့။ […]


စဆရ ႀကီးJanuary 6, 20131min1646
သစ်စိမ်းချိုး ချိုးခြင်းဆိုသည်ကိုတော့ ကိုရင်စိုင်းကောင်းကောင်းသိပါသည်။ ငယ်စဉ်က ထင်းခုတ်သမား ဖြစ်ခဲ့ဖူးလေသည်မို့ ထိုစကားကိုနားလည်ရန် လက်တွေ့စမ်းသပ်ခဲ့ဖူးပါ၏။ တောထဲတွင် ထင်းခုတ်ရန်သွားသောအခါ အစိမ်းသက်သက်အပင်များကို ကိုယ်ပိုင်လက်ဖြင့် ချိုးဖဲ့ကြည့်သောအခါ တစ်ဝက်ခန့်သာ ကျိုးပြီး ကျန်တစ်ဝက်မှာ တန်းလန်းကြီးရှိနေပြီး ကျန်တစ်ဝက်မှာတော့ ဘယ်လိုပင် နှဲ့ချိုးချိုး မကျိုးနိုင်တော့ပေ။ နောက်ဆုံးတွင် ဓါးမဖြင့် ခုတ်ပိုင်းဖြတ်လိုက်ပါမှ သံယောဇဉ်တွယ်တာခြင်းများကင်းပြီး ထင်းအဖြစ်သို့ရောက်ရရှာလေ၏။ ကိုရင်စိုင်း ထင်းခုတ်သမားဘဝတွင်မတော့ သစ်စိမ်းချိုး ချိုးရခြင်းကို လွန်စွာ နှစ်သက်လှပေသည်။ အကြောင်းမှာ ဓါးဖြင့် တစ်ချက်တည်းခုတ်ရုံဖြင့် ကိစ္စပြီးပြတ်သောကြောင့်ဖြစ်ပေသည်။ သို့ဆိုလျင် ထိုစကားနှင့် ဆန့်ကျင်ဘက် သစ်ခြောက်ချိုး ချိုးသည်ဟုဆိုကြသည်ကို ကြားဖူးကြပါသလော? ဟုတ်ကဲ့… ကျွန်တော်မထင်ပါ၊ မကြားဖူးကြရုံမျှမက လက်တွေ့သိရှိသူပင် နည်းကြပေမည်။ တစ်ချို့တစ်လေများ ထင်းမီးဖိုဖြင့် မီးဖိုဖူးကြသူများက ဆိုကြပေမည်၊ သစ်ခြောက်ချိုး ချိုးသည်မှာ လွယ်လှပေစွဟု။ အမှန်တော့မဟုတ်ပါ၊ […]


စဆရ ႀကီးDecember 24, 20121min15210
ဒီကနေ့ အလုပ်ပင်ပန်းလာသော်လည်း ကိုရင်စိုင်းတစ်ယောက် အလုပ်မှပြန်ရောက်ပြီး ကွန်ပျူတာကိုဖွင့်လိုက်သည်နှင့် ကမ္ဘာလောကကြီးထဲ ခြေဆန့်မိသွားတော့သည်… သီချင်းတွေနားထောင်၊ သတင်းတွေကြည့်၊ စာရောက်ထားသည်များဖတ်နှင့် ဘာလိုလိုနှင့်အချိန်ကုန်သွားသည်။ ထို့နောက်တွင်မတော့ သက်ဆိုင်သူ၏ မျက်နှာစာအုပ်ကြီးထဲဝင်ကြည့်၊ ဝင်ရောက်စပ်စုပြီးမှ ကိုယ့်ကိုယ်ပိုင် မျက်နှာစာအုပ်ကြီးထဲ ဝင်ကြည့်ဖြစ်တော့သည်။ အသိပေးချက်နီနီလေးတွေများ ရှိလေမလား ပြူးပြဲကြည့်သော်လည်း မည်သည့်အရောင်မျှ မမြင်မိပေ။ ကိုရင်စိုင်းအုပ်ထိန်းသူ မျက်နှာစာအုပ်ကြီးတွင်မတော့ သုံးနေရာစလုံး ရဲဗလောင်းခတ်လို့ပင်။ ရှိစေတော့ဟုဆိုကာ ဟိုကြည့်၊ ဒီကြည့်နှင့် ကြည့်စရာကုန်သွားသောအခါတွင်မှ ညာဘက် အပေါ်ထောင့်နားတွင် ယနေ့မွေးနေ့ရှိသူများကို သတိပေးအကြောင်းကြားထားသည်ကို ကြည့်လိုက်သော အခါတွင်မှ ကိုရင်စိုင်းညီ မွေးနေ့ဖြစ်နေကြောင်း သတိပေးထားခြင်းဖြစ်သည်ကို တွေ့လိုက်ရသည့်နောက် သူ၏နံရံကြီးတွင် ဖြစ်သလိုစာတစ်ကြောင်းနှစ်ကြောင်းမန့်ရင်းနဲ့မှ သူ၏ပုံများကို ဝင်ကြည့်ဖြစ်တော့သည်။ တစ်ကယ့်တစ်ကယ်တွင်မတော့ ကိုရင်စိုင်းညီမှာ ၆ နှစ်ခန့်ငယ်လေသည်။ အိမ်ထောင်ကျသွားသည်မှာ လွန်ခဲ့သော သုံးနှစ်ခန့်ကပင်။ ယခုအချိန်တွင်မတော့ ကလေးအဖေကြီးဖြစ်နေပြီဖြစ်သည်။ ကိုရင်စိုင်းမျက်စိထဲတွင်မတော့ […]


စဆရ ႀကီးDecember 20, 20121min19312
ပြောချင်နေတာလဲ အတော်လေးကြာနေပြီဖြစ်သည်။ ပြောပြန်လျင်လည်း ကိုယ့်နိုင်ငံသားအများစုနှင့် ကန့်လန့်တိုက်သည်လဲ အပြောခံရမည်စိုးသဖြင့် ထိုအကြောင်းကို အစမဖော်ပဲ နေခဲ့ရာမှ ယနေ့တွင်မတော့ အစလေးတစ်စ ဆွဲထုတ်လိုက်မိသဖြင့် ပြောရပေတော့မည်။ ကျွန်တော်နှင့် အင်္ဂလိပ်ဘာသာစကား ဝမ်းနည်းစရာလား၊ ဝမ်းသာစရာလားတော့မသိ။ ကျွန်တော်တို့နိုင်ငံ၏ ပညာရေးစနစ်တွင် အင်္ဂလိပ်ဘာသာစကားကို ဒုတိယဘာသာစကားနီးပါးအဖြစ်(တရားဝင်ဟုတ်မဟုတ် မသိရ) ထည့်သွင်းပြဌာန်းထားသော်လည်း သက်ဆိုင်ရာ ပြည်နယ်များတွင်မတော့ သက်ဆိုင်ရာလူမျိုးများ၏ ယဉ်ကျေးမှုပြယုဂ်တစ်ခုဖြစ်သည့် တိုင်းရင်းသားဘာသာစကားများကို တတိယအနေနှင့်သော်မျှ ထည့်သွင်းပြဌာန်းထားခြင်းမရှိပေ။ ထိုမှတစ်ဖန် လက်လှမ်းမှီရာများသို့ စုံစမ်းပါသော်လည်း တိုင်းရင်းသားဘာသာစကားများကို လေ့လာသင်ယူရန်သော်မျှ ရှာဖွေမတွေ့နိုင်ပေ။ သင်ယူစရာစုံလင်လှပါသည်ဆိုသော ရန်ကုန်မြို့တော်ကြီးတွင်သော်မျှ မည်သည့်တိုင်းရင်းသားဘာသာစကားသင်တန်းမျှ မတွေ့ရပေ။ အဘယ်မျှ ရင်နာစရာကောင်းလှပေသနည်း။ ကိုရင်စိုင်းမှာ သျှမ်းစာကို မတတ်တခေါက်သာ ရေးတတ်သည်ဟုဆိုလျှင် ခန့်မှန်းပုံဖော်နိုင်ပေလိမ့်မည်။ တိုင်းရင်းသားစာပေများမှာလည်း ထိုသက်ဆိုင်ရာလူမျိုးများ၏ ယဉ်ကျေးမှု၊ သမိုင်းကြောင်းများကို ထင်ထင်ရှားရှားပုံဖော်ပြနေခြင်းဖြစ်သည်။ စာပေပျောက်လျင် လူမျိုးပျောက်မည်ဟု တစ်ချို့ကလည်းဆိုကြသေးသည်။ […]


စဆရ ႀကီးDecember 18, 20121min38941
“ပိုင်ရှင်မဲ့ နှလုံးသားမို့ လေနှင်ရာ လွင့်စေခဲ့လေသလား” တစ်ချိန်က ကိုရင်စိုင်းတစ်ယောက်တည်း စိတ်ပျက်လက်ပျက် ညီးတွားခဲ့ဖူးလေသည်။ စိတ်ကူးပေါက်ရာ ရွက်လွှင့်နေခဲ့လေရာ တစ်ယောက်တည်းဘဝ အတော်လေးလဲ အပူအပင်ကင်းလှပါလေဘိ။ စားချင်တဲ့အချိန်စား၊ သွားချင်တဲ့အချိန်သွား၊ အိပ်ချင်တဲ့အချိန်အိပ်နှင့် အနာဂါတ်လဲ တွေးပူစရာမလို၊ အတိတ်လဲ တွေးကြောက်စရာမလိုနှင့် မျက်မှောက်ကိုသာ တည့်တည့်ကြီး ပြုနေရလေသည်။ အတော်ကြီးကျေနပ်သလိုလဲရှိလေသည်။ သူများတွေလို ကိုယ်ချစ်နှစ်သက်သောသူများ သူများနောက်ပါသွားသဖြင့် နှမျောတသ သုံးကြိမ်ရွတ်ဆိုနေရန်လဲမလိုပေ။ ကိုယ့်ကိုကိုယ် ဟုတ်လှပြီလဲ ထင်ခဲ့လေ၏။ သို့ပါသော်လည်း သံသရာတစ်ကွေ့တစ်ပြောင်းတွင်မတော့ ရှေးရှေးက ဝဋ်ကျွေးပါခဲ့လေသလားမသိ၊ အားနွဲ့သူတစ်ယောက်ထံတွင် အားပြတ်ပြီးလုံးလုံးလျားလျား သက်ဆင်းသွားရှာတော့သည်။ ဈာန်လျှောလေသည်ဟုပဲ ဆိုရလေမည်လား၊ ကျွတ်ချိန်တန်သည်ဟုပဲ ဆိုရလေမည်လား တင်းထားသမျှများ အရည်ပျော်ပြီး သူတစ်ယောက်သာ တစ်ကမ္ဘာထင်မိတော့သည်။ “ နှစ်ကိုယ်တူ ချစ်သမျှတွေ အလိုတူရှစ်ဆကဲနေ…” အစချီသည့် သီချင်းသံကို တစ်ချိန်က နံနက်စောစော […]


စဆရ ႀကီးDecember 7, 20121min73324
ကျွန်တော် စာတွေရေးပါသည်။ မြန်မာလိုသက်သက်ရေးခြင်းသာဖြစ်သည်။ သို့ဆိုလျင် စာရေးပါသည်ဆိုမှတော့ အဘယ်ကြောင့်များ မြန်မာလိုရေးရသနည်းဟု အထွန့်တက်ချင်ကြသူများ ရှိကြပေဦးမည်။ တစ်ခြားဘာသာစကား နှစ်ခုဖြင့်လည်း ရေးလိုက ရေးသားနိုင်သောကြောင့်ဖြစ်သည်။ ရှိစေတော့.. လူ့သဘာဝမို့ပေလား။ ဆိုရလျင် ကျွန်တော်သည် အဖမြန်မာပြည်ကြီးမှ ဝေးရာ ရပ်ဝေးတစ်နေရာတွင် နေထိုင်ရသူဖြစ်သည့်အားလျော်စွာ Home Sick ဖြစ်တတ်လေသည်။ အချိန်တိုင်းဟုတော့ မဆိုသာ၊ တစ်ခါတစ်ရံတော့လည်း ကိုယ့်မြေ ကိုယ့်ရေတွင် မရနိုင်သည်များကို ခံစားမိသည့်အခါ ကျေနပ်ခြင်းဖြစ်ရသည့်အလျောက် တစ်ခါတစ်ရံတွင်မတော့ ငါ့မြေ၊ ငါ့ရေမှာရော ဒီလိုတွေ မရနိုင်ဘူးလား၊ ဒီလိုတွေ မဖြစ်နိုင်ဘူးလားဟု ခံပြင်းခြင်းဖြစ်မိတော့သည်။ ကျွန်တော်သည် လစ်ဘရယ်သမားသာဖြစ်၏။ ကွန်ဆာဗေးတစ်များနှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်းပင်။ ကိုယ်မှန်သည်ထင်သည့်အရာကို ရှင်းရှင်းဘွင်းဘွင်းပြောတတ်သည်။ လမ်းရိုးမှ ဖောက်ထွက်လိုခြင်းလဲဖြစ်သည်။ လမ်းဟောင်းကြီးမှ လမ်းသစ်ထွင်လိုခြင်းလဲဖြစ်သည်။ မွေးစကပင် ဒီလိုနေ၊ ဒီလိုစား၊ ဒီလိုသွား၊ […]


စဆရ ႀကီးNovember 27, 20121min18310
ရေးမယ့်သာရေးရသည်။ ယခင် မန့်သလေးဂွဇွတ်ကြီးတွင် တစ်ခါတည်းရေးပြီး တစ်ခါတည်းတင်ရသလောက် ခံစားချက်မရှိဖြစ်နေသည်။ တစ်ခါသားကများ ရင်မှဖြစ်တည်သော စကားလုံးစုများကို ဖြစ်ညှစ်ပြီး ရှည်လမျောကြီး နှစ်နာရီခန့်မျှ ရေးသားပြီးနောက် ငါ့လက်ကလွတ် ဗြွတ်ဆိုပြီး နောက်ဆုံးခလုပ်တစ်ချက်ကိုနှိပ်လိုက်ရာမှ ရေးထားသမျှလေးများ ဘယ်လိုခေါ်ခေါ် ပြန်မရတော့ပဲ ပလုံသွားသည်မှ အစပြုပြီး ကိုယ့်ဖန်တီးမှုလေးကို တန်ဖိုးထားသောအားဖြင့် ရည်းစားဦးကိုပြစ်ပြီး အပျော်ရည်းစားသာဖြစ်သည့် Microsoft Word ပေါ်တွင်သာ ဦးစွာရေးဖြစ်တော့သည်။ သို့ပါသော်လည်း ငယ်ငယ်ကအကျင့်ကို မပြင်နိုင်သည့်အတွက် ရေးပြီးသည့်နောက် ပြန်လည်ဆန်းစစ်ခြင်းမပြုပဲ Copy ယူ၊ Paste လုပ်ပြီး လွှတ်လိုက်မြဲဖြစ်သည်။ နောင်တွင် ကွန်မန့်များတက်လာသည်မှ ကိုယ်ရေးထားသည်များကို သေချာပြန်ဖတ်ကြည့်မိရာ ရှက်ဖွယ်လိလိပင်ဖြစ်တော့သည်။ အချိန်ပေးဖတ်သူများ ခဏတာသော်မျှ အပျင်းပြေဖတ်ရှုရန်ပင် မသင့်တော်သည့် စာပေများဖြစ်နေသဖြင့် တစ်ခါတစ်ရံများတွင် လုံးဝမရေးတော့ဟု စိတ်ခံစားခြင်း ဖြစ်မိသော်လည်း ပြောပြချင်သည်များ ရှိနေသည်နှင့် […]


စဆရ ႀကီးNovember 25, 20121min1508
အချိန်ကား ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးမှ ပြည်သူ့သမ္မတ ဗမာနိုင်ငံတော်ဟု အစိတ်စိတ်အမွှာပြိုကွဲပြီးသကာလ ဖြစ်သည်။ ယခင်ကာလကမူ အနောက်ဘက်ခြမ်းတွင် မုတ်ဆိတ်နှင့် ရခီးများ အငြင်းပွားနေသည်ကို ဗမာအစိုးရမှ ထ်ိရောက်စွာ မကိုင်တွယ်ခဲ့သဖြင့် မုတ်ဆိတ်များ လွှတ်တော်တွင် အားကောင်းလာခဲ့ပြီး သီးခြားအုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ်တောင်းရာမှ အနိုင်ရပြီးသည့်နောက် လွတ်လပ်သည့်နိုင်ငံတော်အဖြစ် ကမ္ဘာသိကြေငြာရာမှတစ်ဆင့် ဗမာအစိုးရနှင့် အကြီးအကျယ်အငြင်းပွားပြီးသည့်နောက် မြန်မာ့ရေပိုင်နက်ကိုကိုုးကျွန်းတွင် ရေတပ်အခြေစိုက်စခန်းဖွင့်ထားသည့် အန်ကယ်ဆမ်တို့၏ အကူအညီဖြင့် ရခီးများ ကိုယ်ပိုင်တိုင်းပြည် ထူထောင်ပြီးစအချိန်၊ ပင်လုံစာချုပ်ပါ အချက်အလက်များကို ဖောက်ဖျက်သည်ဟူသော ခေါင်းစဉ်ဖြင့် အန်တီကြီးခေါင်းဆောင်ပြီး ဒုတိယ ပင်လုံညီလာခံကို အင်းလျားလမ်းတွင် နှစ်ဖက် ခေါင်းဆောင်များ မစုံမညီစွာဖြင့် ဖက်ဒရယ်မူကို အတည်ပြုပြီးသည့်နောက် ကိုယ့်လူမျိုး၊ ကိုယ့်အစိုးရဖြင့် ကိုယ့်ပြည်နယ်ကို မည်မျှတိုးတက်အောင် စွမ်းဆောင်နိုင်ကြောင်း သိရှိလာရပြီးနောက် သျှမ်းလူမျိုးများသည်လည်း သီးခြားတိုင်းပြည်ထူထောင်ပြီးစအချိန်၊ မြစ်ဆုံအကြောင်းပြပြီး ကိုယ့်ပြည်နယ် ကာကွယ်မည်ဟုဆိုပြီး […]


စဆရ ႀကီးNovember 23, 20122min16211
ကျွန်တော် ခေါင်းကို တွင်တွင်ကြီးကုတ်မိသည်.. ဘယ်လိုသင်ကြားပြသရမည်မသိ.. သူတို့တွေခမျာ ပြောတော့ ပြောရှာပါ၏။ စပ်ဖြီးဖြီးမျက်နှာကြီးတွေနှင့်တစ်မျိုး၊ အသက်မပါ အပြုံးများဖြင့်တစ်ဖုံ၊ ရှိစုမဲ့စု Cashier လေးယောက်ကို တစ်ယောက်မှ သဘောမကျဖြစ်နေသည်။ သူတို့ဘက်ကတွေးလိုက်လျင်လဲ ဟုတ်တော့ဟုတ်နေသည်။ စကားတစ်ခွန်း So Good တစ်လုံးထည့်ပြောနေရသည်မှာ ပြောနေမကျသဖြင့်ထင်၊ ယားကျိကျိဖြစ်နေသည်မှာတော့ အမှန်ပင်ဖြစ်သည်။ ဘယ်လို့ ဘယ်လိုရည်ရွယ်ချက်ဖြင့် ဘယ်သူကအစမြှောက်ပေးလိုက်သည်မသိ၊ ထို So Good ကြီးအကြောင်းကို ကိုရင်ရှူံးတို့ သွားရောက်နားထောင်၊ လေ့လာခဲ့ရသည်မှာ အစည်းအဝေးခန်းတွင်ပင် ရ နာရီခန့်ကြာလေသည်။ ******************************************************************************** စဖတ်ဖတ်ခြင်းဆိုလျင် ဘာမှန်းမသိ ညာမှန်းမသိဖြစ်နေပေလိမ့်မည်။ ကျွန်တော်သည်ကား ရွာထဲမှ လတ်လတ်ဆတ်ဆတ် ကင်ပွန်းတပ်ထားသော ကေအက်ဖ်စီ ဆိုတာ ဘာမှန်းမသိပဲ ကြက်ဖင်ဆီဖူး ရောင်းသည့်ကောင်ဟု သိထားသည့် ထိုကဲ့သို့သောကောင်တစ်ကောင်ဖြစ်သည်။ ရှိစေတော့.. မသိလို့မှားတဲ့ အမိုက်အမဲလေးမို့ […]


စဆရ ႀကီးNovember 16, 20121min41035
ကျွန်တော်သည် အတော်လေး ဂွကျကျ လူသားတစ်ယောက်ဖြစ်သည်။ မည်မျှ ဂွကျသနည်းဆို ငယ်စဉ်က ရှမ်းဘောင်းဘီသာ ဝတ်ခဲ့သောကြောင့်ဖြစ်ပေမည်။ သူများတွေ ဖင်ကျပ်ဝတ်နေချိန်တွင် ဂွကျကျဘောင်းဘီကြီးဖြင့် လူကြားထဲသွားရသည်ကို ဂုဏ်ယူမိခြင်းလဲဖြစ်သည်။ ယခုတော့ ဝတ်ရန်မဖြစ်နိုင်သေးသဖြင့် အသာလေးငြိမ်နေရသည်။ လူရိုသေ ရှင်ရိုသေဖြစ်ရန် လူတစ်ကာအကြိုက် မျက်နှာဖုံးတပ်ပြီးနေနေရသည်။ ဒါတောင်မှ တစ်ခါတစ်လေ ဝယ်လာသည့်ဘောင်းဘီကို ပြင်မဝတ်ပဲ ဂွကျကျ ဝတ်ဆင်ပြီး လျှောက်သွားတတ်သေးသည်။ ထိုမျှဂွကျသည့်သူပင်။ ကိုရင်ရှူံးငယ်စဉ်က ကျောင်းသားဘဝတွင်ဖြစ်၏။ သချင်္ာဆရာမှ ၁ နှင့် ၁ ပေါင်းလျင် နှစ်ဖြစ်ကြောင်းပြောသည်ကို ၃ ဖြစ်သည်ဟု ခံငြင်းဖူးသဖြင့် အရိုက်ခံခဲ့ရဖူးသည်။ ဆရာမှ ၁ နှင့် ၁ ပေါင်းခြင်းသည် ၂ ဖြစ်သည်ဟု ဇွတ်အတင်း ဝန်ခံခိုင်းသဖြင့် အရိုက်ခံရမည်ကြောက်သည်နှင့် နောင်မေးတိုင်း ၂ ဟုသာဖြေခဲ့ဖြစ်သည်။ ကိုရင်ရှူံးအမြင်မှာဖြင့် […]


စဆရ ႀကီးNovember 6, 20121min46737
ဘာရယ်ညာရယ်တော့မဟုတ်ပါဘူး… ဒီတစ်ပါတ်၊ နှစ်ပါတ်အတွင်းမှာ ကိုယ်ရေးထားတဲ့စာလေးတွေ ပြန်ဖွင့်ကြည့်မိလိုက်တာ ဝင်မန့်ထားတဲ့ ကွန်မန့်မှန်သမျှကို ရဲဗလောင်းခတ်နေအောင် လိုက်နီထားတာ မြင်မိတော့ စိတ်ထဲမှာ သံသယဝင်မိသား.. ဒီဆိုက်က ဥပဒေအရဆိုရင် ကွန်မန့်တစ်ခုက အစိန်း 3+ ဖြစ်နေရင် အနီအဖြစ်ပြန်ပြောင်းစေလိုလျင် အနီ -3 ခါလောက်ပေးမှ ရတယ်ပေါ့နော်… ခုတွေ့မိတာ ကျွန်တော့် Post ထဲမှာ အစိမ်းတွေအများကြီးအပေးခံထားရတဲ့၊ ကောင်းရာမွန်ရာ ဘယ်သူ့မှ ထိခိုက်စော်ကားတာမပါတဲ့ မန့်ထားတဲ့သူတွေရောပါ အနီတွေ ရဲဗလောင်းခတ်နေအောင် ပေးခံထားရတာမြင်တော့၊ ဒါကပို့စ် တစ်ခုထဲမှာ မဟုတ်ပဲ ပို့စ်တိုင်းကို ဒီရက်ပိုင်းမှာမှ နောက်ပြန်လှည့်ပြီး တစ်မင်သက်သက် စောက်မြင်ကပ်ပုဒ်မနဲ့ အုပ်စုလိုက်ဝိုင်းပြီး ယုတ်မာတဲ့ အတွေးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်နေတာမြင်မိတယ်.. ဆိုတော့ကာ… အုပ်ချုပ်သူတွေများလာတယ်လို့လဲ သတင်းကြားတာတစ်ကြောင်း၊ Personally လိုက်တိုက်ခိုက်နေတယ်လို့မြင်တာကတစ်ကြောင်း၊ ရွာထဲအုပ်စုဖွဲ့သောင်းကျန်းနေတဲ့သူတွေရှိတယ်လို့ သံသယရှိတာကတစ်ကြောင်းကြောင့် […]


စဆရ ႀကီးOctober 24, 20121min30223
“ဒေါက်” ကနဲ မြည်သံနှင့်အတူ ကိုရင်ရှူံးလက်ထဲမှ ထင်းချောင်းသည် နှစ်ပိုင်းပြတ်သွားလေသည်။ အမြဲအသုံးပြုနေရသည့်အတွက် ထက်မြနေစေရန် သွေးထားသဖြင့် ထင်းခုတ်ဓါးမမှာ အသွားနေရာတွင် ပြောင်လက်လျက်သားနှင့်။ ကိုရင်ရှူံးကျောင်းပိတ်ရက်ဖြစ်နေသဖြင့် နေ့လည်နေ့ခင်းတွင် တောမတက်ဖြစ်ပဲ အိမ်နောက်ဖေးရှိ ထောပါတ်သီးပင်အောက်တွင် တစ်ပါတ်စာ ခုတ်ထားသမျှကို ဖြတ်တောက်နေရခြင်းဖြစ်သည်။ ဖြတ်တောက်ပြီးလျင်တော့ နေလှန်းရဦးပေမည်။ ယခင်တစ်ပါတ်က ခုတ်ပိုင်းထားခဲ့သော ထင်းများကို ထင်းပုံတွင် စီလိုက်ပြီးနောက် ထင်းနှစ်ပိုင်ခန့်ရှိနေပြီဖြစ်သဖြင့် ၈၀၀ဝ ခန့်ရလေပြီဟုလဲတွေးမိသည်။ နေ့စဉ် ထင်းတစ်စီးနှုန်း၊ တစ်စီးလျင် ထင်း အပင် ၂ဝခန့်နှင့် တစ်ပါတ်စာခုတ်သမျှ နေလှန်းပြီးသောအခါ ပိုင်တစ်ဝက်သာရလေသည်။ တစ်လမှ တစ်ပိုင်ခွဲခန့်သာ ခုတ်နိုင်သည်။ ကျောင်းမှ ပြန်လာချိန်များသာ တောတက်ရသဖြင့် တစ်ရက်တစ်စည်းသာ ရသဖြင့် တစ်ချို့သူများ တစ်နေကုန် သုံးခေါက်ခန့်တောတက်ပြီး ခုတ်သဖြင့် တစ်လ ထင်းနှစ်ပိုင်၊ သုံးပိုင်ရသည်ကို အားကျပြီး […]


စဆရ ႀကီးOctober 19, 20121min38628
“ဖုန်း” ကနဲမြည်အောင် ထင်းစည်းကို ကိုရင်ရှူံးပြစ်ချလိုက်သည်။ ကျောင်းမှပြန်လာပြီး ဂျင်းဘောင်းဘီဝတ်၊ တောစီးဖိနပ်ကိုစီးပြီး ဓါးမတစ်ချောင်းကို ခါးကြားတွင်ထိုးကာ မနေ့က ခုတ်ထားခဲ့သည့် ထင်းများကို သယ်ယူရန် လေးအိမ်စုရွာမှတစ်ဆင့် တောင်ပျိုရွာသို့ရောက်သည့်တိုင်အောင် တောလမ်းမှတစ်ဆင့် ဘေးပါတ်ဝန်းကျင်မှ မထူးခြားသော်လည်း အမြဲဆန်းသစ်နေသည့် ရှမ်းအိမ်လေးများကိုကြည့်ပြီး ခပ်သုတ်သုတ်လျှောက်လာခဲ့ရာ ၅ မိုင်မျှခရီးကို ၁ နာရီခွဲခန့်မျှနှင့် ရောက်ခဲ့လေသည်။ သွားလာနေကျမို့ ခြေလှမ်းတွေက ခပ်သွက်သွက်ပင်။ ဟိုးယခင်ကဆိုလျင် နောင်ခမ်းကြီး၊ ကုံးကော်၊ ပန်းဦးတောင်ဘက်တစ်ကြောသည် ထင်းခုတ်ရန်ကောင်းသော်လည်း ယခုအခါ ဆင်လမ်းရေလှောင်တမံစီမံကိန်းကြောင့် လူအရောက်အပေါက်များလာပြီး တောမရှိတော့ပဲ တောင်ကတုန်းများသာ ဖြစ်နေသောကြောင့် ကိုရင်ရှူံး တောင်ပျိုရွာဘက် ခြေဦးလှည့်ခဲ့ရခြင်းဖြစ်သည်။ လေးအိမ်စုမှအကျော်တွင် ရင်ကွဲတောင်ရှိလေသည်။ ကိုရင်ရှူံးအဖေငယ်စဉ်ကမူ ထိုနေရာသည် ကျားပြစ်ထွက်ရန်နေရာဖြစ်ခဲ့သည်ဆိုခြင်းကို အဘယ်သို့မျှ ယုံနိုင်စရာမရှိတော့ပေ။ မြက်ရိုင်းပင်နှင့် တောင်ဆီး(ဇီး)ဖြူပင်များသာ ကျန်တော့သည်။ အနည်းငယ်မာသော အပင်ပင် […]