sofiadimpleAugust 10, 20101min450
မနက်ကပဲ ထမင်းစားရင်းတွေးမိနေတာလေး ပြောပြပါဦးမယ်။ ထမင်းလုတ်လေးကို ပါးစပ်ထဲ ထည့် လိုက်လို့ လျှာနဲ့ဒီချဉ်၊ငန်၊စပ်၊ အရသာလေးထိလိုက်တာနဲ့ကိုက ကြိုက်တယ် ၊မကြိုက်ဘူးဆိုတဲ့ တဏှာလေးက တန်းဖြစ် နေပါပြီ။ ကြိုက်တဲ့အရသာဆိုရင် ထပ်ပြီးအရသာခံဖို့ ဒီဟင်းကိုထပ်ထည့်လိုက်တယ်။ ဒါကိုကလောဘနဲ့နော်။ ကောင်း လိုက်တဲ့ဟင်းပဲ။ ဆိုပြီးတော့လေ တရှုးရှုးတရှဲရှဲနဲ့ ထပ်ထည့်လိုက် စားလိုက်နဲ့ကို အိုဘာပြောကောင်းမလဲနော်။ လောဘ တွေတန်းလန်းနဲ့ ထမင်းလုတ်တွေထည့်ပေးနေလိုက်တာ။ အော် ငါ့နှယ်နော်။ ခုချိန်မှာများ ကောက်ကနဲ သေသွားခဲ့ရင် တော့လား ။ သွားပေဦးပေါ့ ။ အပါယ်ဘုံကိုလေ။ စားရင်းနဲ့ကို အပါယ်သွားနေပါပေါ့လားလို့ တွေးမိသွားတယ်ဆိုရင်ပဲ တန်းပြီး ဖြတ်ရပါတော့မယ်။ ဒါကလည်းလေ ဒီစာလေးတွေ ရေးနေဖတ်နေလို့သာပေါ့။ မဟုတ်လို့ကတော့ဖြင့် ဘယ်လိုသိ ပါ့မလဲနော်။အော်ငါတော့ဖြင့်အန္တရာယ်နံပါတ်-၂နဲ့တွေ့နေပါလားလို့ သတိလေးကပ်လိုက်မိတယ်ဆိုရင်ပဲလျှာမှာဆက်တိုက် လေးလည်နေရှာတဲ့ ပဋိစ္စသမုပါဒ် စက်ဝိုင်းလေးခမျာ အရှိန်လေးလျှော့ပေးရရှာတယ်နော်။ ဒီကနေမှ […]


sofiadimpleAugust 9, 20101min913
မနေ့ကတော့ အန ္တရာယ်နံပါတ်-၂ အရအပြင်အာရုံတွေအပေါ်မှာစွဲလမ်းနေမယ။် တနည်း ဒီခန္ဓာကြီးနဲ့ဆက်နွယ်နေတဲ့ခန္ဓာအပွားတွေအပေါ်မှာ စွဲလမ်းတွယ်တာနေမယ်။ ဆိုလို တာ ကတော့ ကိုယ် နဲ့ ဆက်နွယ်နေသမျှ     သက်ရှိ၊ သက်မဲ့တွေအပေါ်မှာ တကယ်ရှိ အဟုတ် ရှိထင်ပြီး စွဲနေမယ်ဆိုရင် ဒီခန္တာကြီးမှာ ပဋိစ္စသမုပါဒ် စက်ဝိုင်းကြီးကတော့ ချားယဟပ်ကြီးသဖွယ် အချိန်ပြည့်ကိုပဲ လည်လို့ကောင်းနေပါလိမ့်မယ်ဆိုတာလေးတော့ သိလိုက်ရပါတယ်။ ဒါဆိုဒို့တွေဟာ အန္တရာယ်စက်ကွင်းမိနေပြီလို့ သိထားရမှာပေါ့နော်။ ကဲသိသွားပြီထားတော့ သူကလွတ်ဖို့နည်းလမ်းလေးမသိပြန်လို့ရှိရင်လည်း သိပြီးမရုန်းနိုင်ဖြစ်တော့မယ်နော်။ ဒါကြောင့်ဘယ်လိုနှလုံးသွင်းနိုင်ရင် ဒီအန္တရာယ်ကလွတ်မှာပါလဲဆိုတဲ့အဖြေလေး ဆက်ထုတ် ကြည့်ကြတာပေါ့။ ဒါဆို ဒို့မတတ်နိုင်တာနဲ့ တတ်နိုင်တာခွဲလို့ စဉ်းစားကြည့်ကြမယ်။ အတိတ်ကလုပ်ခဲ့တဲ့ ကုသိုလ်ကံအစွမ်းသတ္တိကြောင့် အခုဒီခန္ဓာကြီးကိုရလာပြီနော်။ မလိုချင်လည်းရနေပြီမို့ ဘာမှမတတ်နိုင်ဘူးနော်။ ဒါကကိုယ်ဖန်တီးလို့ရတဲ့အရာမှ မဟုတ်တာပဲ။ ကဲ ဒီရနေတဲ့ခန္ဓာမှာကလည်းပြူတင်း(၆)ပေါက်က တခါတည်းပါလာပြီးသားပါ။ ဒါတွေကိုနေ့စဉ်ဖွင့်လို့ ရှင်သန်ရုန်းကန်နေရတာပဲမလား။ ဒီတော့လည်း အပြင်ဧည့်သည်တွေက လာကြမှာပဲလေ။ […]


sofiadimpleAugust 7, 20101min380
အန္တရာယ်နံပါတ်-၂ ကတော့ ဟိုဖက်ကမ်းမှာကပ်သွားခြင်းပါပဲ။ သူ့ဆိုလိုရင်းကတော့ အပြင်အာရုံ(၆)မျိုးနဲ့ သာယာမိန်းမောနေမယ်ဆိုရင်လည်း ဒီလူဟာချမ်းသာအစစ်ဖြစ်တဲ့ နိဗ္ဗာန်နဲ့တူတဲ့ သမုဒ္ဒရာထဲကိုမရောက်နိုင်တော့တဲ့ သစ်တုံးကြီးလိုပါပဲ သံသရာဝဲဂယက်ထဲမှာ လည်ပြီးစုန်းစုန်းမြှပ်ရပါလိမ့်မယ် လို့ဆိုလိုတာပါပဲ။ အင်းတကယ်တန်း စဉ်းစားကြည့်ရင်ဒီ အန ္တ ရာယ်ကလည်းရှောင်နိုင်ဖို့တော့ သိပ်မလွယ်လှဘူးပဲ။ ဘာလို့လဲ မနက်မိုးလေးလင်းလို့မျက်လုံးလေးဖွင့်လိုက်ကတည်းက အပြင်အာရုံတွေကတန်းဝင်လာတာနော်။ ကောင်းတာလေးမြင် ရင်လောဘကတန်းဖြစ်ပြီ ။ လိုချင်လာတာနော်။ မကောင်းတဲ့အမြင်အာရုံကိုမြင်ရပြန်တော့ ဟောဒေါသတွေဖြစ်ရတယ်။ ဒါကမျက်လုံးလေးမှာဖြစ်နေတာ။ အဲလိုပဲ နားမှာလည်းသာယာတဲ့အ သံလေးများကြားလို့ကတော့ နားလေးများစွင့်လို့ လောဘတွေဖြစ်ပြန်ပြီ။ အသံဆိုးကြီးများကြားလို့ကတော့ တခါဒေါသတွေဖြစ်ရပြန်ရော။ ဒါကလည်းနားမှာ ဖြစ်နေတဲ့လောဘတွေ ဒေါသတွေနော်။ တစ်ခါ နှာခေါင်းကလည်းအအားများနေသလားမေးကြည့်ဦး ။ ကောင်းတဲ့ ရေမွှေးနံ့လေးများရရင် အားပါးမွှေးလိုက်တာနော်လို့ လောဘကတန်းဖြစ်သွားပြီ။ ဟောမကောင်း တဲ့ပုပ်စော်အနံ့တွေရလိုက်တာနဲ့ လူကမဲ့ရှုံ့ပြီး ဟင်းစိတ်ပျက်ပါတယ်…ဆိုပြီး ဒေါသတွေဖြစ်နေပြန်ရော ။ ဟောနှာခေါင်းမှာကလည်း ဒီဒေါသနဲ့လောဘပဲ လှည့်ဖြစ်နေပါပေါ့လား။ […]


sofiadimpleAugust 6, 20101min1405
အန္တရာယ်နံပါတ်-၁ ဆိုတဲ့စာလေးကိုရေးပြီးတော့သူ့ရဲ့ဆိုလိုရင်းလေးနဲ့ဆက်စပ်ပြီး တွေးမိတာ လေးတွေရှိသေးလို့ ရေးပြဦးမယ်နော်။ ဒို့ရဲ့ဒီခန္ဓာကြီးမှာက အမေမွေးလိုက်ကတည်းက အတွင်း အာရုံ(၆)ပါးက တခါတည်းကိုတွဲပါလာပြီးသားနော်။ ဘာတွေလဲ ဆိုတော့ မျက်စိ၊နား၊နှာခေါင်း၊ လျှာ၊ကိုယ်နဲ့မနောဆိုတဲ့ဒွါရ(၆)မျိုးပဲလေ။အဲဒီမှာမှမျက်လုံးလေးကဘယ်လို၊နားရွက် ကလေးက  ကားလို့၊ နုတ်ခမ်းလေးကဖူးဖူးလေးပဲ…နောက်တော့ ဒီအတွင်းအာရုံတွေပေါ်မှာ စွဲလမ်းလို့ နေမယ်ဆိုရင်ဒါဟာအန ္တရာယ်နံပါတ် -၁ နဲ့တော့တွေ့ နေပြီလို့သိလိုက်တယ်ပေါ့။ထားတော့  ။ ဒီအန ္တရာယ်ကို အန ္တရာယ်မှန်းသိပြီးတော့ဘယ်လိုနှလုံးသွင်းမှ ဒီကနေ လွတ်မြောက်နိုင်မလဲ ဆိုတဲ့အဖြေလေးပါ ဆက်ရှာမိနေပါတယ်။ အမှားကိုတော့ ဒါမှားနေပြီလို့ သိလိုက်ပြီပဲထား။ အမှန်ကရောဘာလဲဆိုတာ သိဖို့လိုသေးတယ်မလား။ ဒါကြောင့်ပဲနောက်ထပ် အန ္တရာယ် တစ်ခု ကိုမဆက်သေးဘဲ ဒီရဲ့အဖြေမှန်ကိုထုတ်နေမိတာပေါ့။အရင်ကတော့ ဒီအမှားကိုပဲ အမှန်ထင်ပြီး အမှတ်တွေ မှားလာခဲ့တယ်ထား။ခုကျတော့ ဒါဟာငါအမှန်ရှိတယ်လို့ ထင်ထားတဲ့ အမှားတွေ ပါလားလို့ ထောက်ပြပေးမယ့်လူနဲ့တွေ့လို့သိလိုက်ရတယ်ပေါ့။ ဒါဆို တကယ်ရှိနေတဲ့ […]


sofiadimpleAugust 5, 20101min852
အင်းဒီနေ့တော့ ဟိုရက်တုန်းကရေးဖြစ်ခဲ့တဲ့ သစ်တုန်းပမာဆိုတဲ့ တရားလေးအကြောင်း ဆက်ကြရဦးစို့။ အမှန်မှာက အဲဒီမှာပြောထားခဲ့တဲ့အန ္တရာယ်(၈)မျိုး အကြောင်းကို သူများရဲ့ထင်မြင်ယူဆချက်လေးတွေလည်း သိချင် တာကြောင့် တန်းမပြောပဲချန်ထားခဲ့လိုက်တာပါ။ ခုတော့လည်းမထူးပါဘူး။ ပြောရဖို့ကို အကြောင်းဖန်လာပြီဆိုတော့ ဒီနေ့တော့ဒါလေးပဲရေးလိုက်တော့မယ်ဆိုပြီးခုပဲရှင်းပြပါ့မယ်။အရင်ဆုံးတစ်ခု အကြောင်းအရင်ဆွေးနွေးကြရအောင်ပါ။ (၁)ဒီဖက်ကမ်းမှာကပ်သွားခြင်း အဲဒါလေးပြောပြလိုက်ရင်တော့ နောက်နံပါတ်(၂)ကို ကိုယ့်ဉာဏ်နဲ့ကိုယ်သဘောပေါက်သွားပါလိမ့်မယ်နော်။ ဒါကဘာကိုပြောတာလဲဆိုတော့အတွင်းအာရုံ(၆)ပါးအပေါ် ကပ်ငြိတွယ်တာနေတာကိုဆိုလိုပါတယ်။ တို့တွေဟာအမေ မွေးကတည်းကကိုယ့်ခန္ဓာအပေါ်ခင်မင်စွဲလမ်းတွယ်တာနေခဲ့ကြပါတယ်။ငါ့လာမထိနဲ့မီးပွင့်သွားမယ်ဘာမှတ်နေလဲ?? အသံကြားတာချင်းတူတူတောင်ကိုယ့်နာမည်ကိုသူများကပြောနေတာကိုတစွန်းတစလေးများကြားလိုက်ရင်လေခေါင်းလေး  ထောင်ပြီးနားလေးစွင့်မိသွားတယ်နော်။ဒါကိုကautoဖြစ်သွားတာနော်။ ဘယ်လောက်တောင်စွဲနေသလဲလို့။ ဒီကနေမှတဆင့် ငါမြင်တယ်။ငါကြားတယ်။ငါသိတယ်။ငါတတ်တယ်။ငါတော်တယ်။ ငါ့ကိုလူတိုင်းကအသိအမှတ်ပြုကြတယ်။….ဆိုပြီးလေ။ ဒီငါစွဲကြီးကြောင့်ပဲငါ့ဆိုရင်နှိမ်တယ်ဆိုပြီးမှမျက်ရည်တွေကျရပြန်တယ်။ ငါ့ကိုဝိုင်းအားပေးကြတယ်ဆိုပြီးမာနတွေတက်ရပြန်တယ်။ဒါသည်ပင်ငါကောင်ကြီးကို တကယ်ရှိအဟုတ်ရှိတယ်ထင်ပြီးစွဲချင်တိုင်းစွဲနေတာပဲပေါ့။ အေးအဲလိုသာကြပ်ကြပ်စွဲနေ ကြပါ။သေချာတယ်သေရင်ဒယ်အိုးပဲဆိုပြီးဘုန်းဘုန်းတွေကဒဲ့တွေချပြီး ပြောဟောနေတာတောင်မှ အိုအဲဒီထဲမှာ ငါမပါပါ ဆိုပြီး ပြောနေရင်းနဲ့ကိုပဲ ငါစွဲကြီး ကိုင်စွဲထားတာနော်။ အင်းဒါကိုပဲ ဒိဋ္ဌိ အနေနဲ့ေြပာရင် သက္ကာရ ဒိဋ္ဌိလို့ပြောတာပေါ့။ ဒီဒိဋ္ဌိတန်းလန်းနဲ့ပဲသေခါနီးထိအော်ငါ့မှဖြစ်ရလေတယ်ဆိုပြီးသေမှာတောင်မှဒီငါကြီးမလွှတ်သေးပဲဝေဒနာပြင်းထန်နေချိန် တောင်ငါ့ဗိုက်ထဲကနာလိုက်တာ..ဟော..ကြည့်နော်။ငါ့အူတွေတော့ပြတ်ကုန်ပြီထင်ပါရဲ့နဲ့အော်လားဟစ်လားထိတ်လန့် တကြား   တငါထဲငါပြီးရင်းငါရင်းနဲ့အော်သေသွားကြတာတွေရောတွေ့ဖူးမှာပေါ့။အဲဒီထဲမှာ ကိုယ်မပါလောက်ဘူးလို့တော့ မထင်နဲ့ဦးနော်။မပါအောင်လုပ်ထားမှမပါမှာနော်။အဲမသေခင်မှာကအမြင်မှန်လေးတချက်ရအောင်လုပ်မထားဘူးဆိုရင် […]


sofiadimpleAugust 4, 20102min810
ဓမ္မနှင့် ပတ်သက်သော အတွေ့အကြုံမှတ်တမ်းများ ငယ်စဉ်ဘဝ အတွေးများ ကျွန်ုပ်သည် သိတတ်စအရွယ် ငယ်စဉ်ဘဝက အတွေးတစ်ခု ဝင်ခဲ့မိသည်။ အဲဒါဘာလဲဆိုတော့ နေ့စဉ် အနန္တော အနန္တ(၅)ပါးကို ရှိခိုးသည့်အခါတိုင်း ပေါ်ခဲ့သောအတွေးတစ်ခုဖြစ်သည်။ (၁) ဘုရားအား ရှိခိုးပါ၏။ ဒါကို စိတ်ထဲမှာ ရှင်းသည်။ မြတ်စွာဘုရားအား ရည်မှန်း၍ ဘုရား၏ဂုဏ်တော်ကို အောက်မေ့ကာ ကြည်ညိုလျက် ရှိခိုးခြင်းဖြစ်သည်။ (၂) တရားအား ရှိခိုးပါ၏။ ဒီမှာတော့ မရှင်းခဲ့ပါ။ တရားကို ရှိခိုးတယ်ဆိုတာတော့ ဟုတ်ပြီ။ တရားက ဘယ်မှာလဲ ? ။ ဘာကို တရားလို့ အောက်မေ့ရမှာလဲ ? ။ တရားစာအုပ်ထဲက တရားစာတွေကို ရည်မှန်းပြီး ရှိခိုးရမှာလား ? ။ စသဖြင့် အမြဲ ရှိခိုးတိုင်း သံသယနှင့်သာ […]


sofiadimpleAugust 4, 20102min751
ဓမ္မနှင့် ပတ်သက်သော အတွေ့အကြုံမှတ်တမ်းများ ငယ်စဉ်ဘဝ အတွေးများ ကျွန်ုပ်သည် သိတတ်စအရွယ် ငယ်စဉ်ဘဝက အတွေးတစ်ခု ဝင်ခဲ့မိသည်။ အဲဒါဘာလဲဆိုတော့ နေ့စဉ် အနန္တော အနန္တ(၅)ပါးကို ရှိခိုးသည့်အခါတိုင်း ပေါ်ခဲ့သောအတွေးတစ်ခုဖြစ်သည်။ (၁) ဘုရားအား ရှိခိုးပါ၏။ ဒါကို စိတ်ထဲမှာ ရှင်းသည်။ မြတ်စွာဘုရားအား ရည်မှန်း၍ ဘုရား၏ဂုဏ်တော်ကို အောက်မေ့ကာ ကြည်ညိုလျက် ရှိခိုးခြင်းဖြစ်သည်။ (၂) တရားအား ရှိခိုးပါ၏။ ဒီမှာတော့ မရှင်းခဲ့ပါ။ တရားကို ရှိခိုးတယ်ဆိုတာတော့ ဟုတ်ပြီ။ တရားက ဘယ်မှာလဲ ? ။ ဘာကို တရားလို့ အောက်မေ့ရမှာလဲ ? ။ တရားစာအုပ်ထဲက တရားစာတွေကို ရည်မှန်းပြီး ရှိခိုးရမှာလား ? ။ စသဖြင့် အမြဲ ရှိခိုးတိုင်း သံသယနှင့်သာ […]


sofiadimpleAugust 2, 20103min730
အင်း…ဒီနေ့ကတော့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဝါဆိုလပြည့်နေ့ပါလား။ဘာတွေများ ထူးခြားလို့ပါလိမ့်မယ်လို့တွေးနေမိတယ်။အော“သန္ဒေ္ဓတောထွက် ဓမ္မစက်၊ ဟောမြွတ်သံချို လဝါဆို”လို့တောင်ဆိုထားပါပေါ့လား။ဒါကြောင့်ပဲမနက်စောစောကတည်းကမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကို ရည်စူးလို့ဝါဆိုသင်္ကန်းများ ကပ်လှူနိုင်ကြဖို့ အလုပ်တွေ၊ရုံးတွေ၊ကျောင်းတွေရဲ့ပိတ်ရက်အဖြစ်တောင်သတ်မှတ်ထားတာပဲမလား။ ကိုယ်လည်းဘာထူးလဲ။ နံက်စောစောထလို့ အိမ်ကဘုရားခန်းထဲမှာ သန့်ရှင်းရေးလုပ်၊ပန်းကပ်၊ရေချမ်းကပ်၊ဆွမ်းတော်များကပ်ပြီးလို့ ခုပဲရွှေသင်္ကန်းကပ်ရင်း ဘုရားရှင်ရဲ့ထူးခြားဂုဏ်တော်တွေကို အေးအေးဆေးဆေးပဲထိုင်တွေးနေမိနေပြီလေ။ သိတဲ့အတိုင်းနေရာတကာလျှာရှည်တတ်တော့ အတွေးကလည်းရှည်ရှာတယ်လေ။ အရင်ဆုံးတော့ပထမဆုံးထူးခြားချက်ဖြစ်တဲ့မဟာသက္ကရာဇ်(၆၈)ခုနှစ်၊ဝါဆိုလပြည့်၊ကြာသပတေးနေ့မှာ တုသိတာနတ်ပြည်ကစုတေပြီးကပိလဝတ်ပြည်သုဒေါ္ဓဓနမင်းကြီးရဲ့မိဖုရားခေါင်ကြီးမာယာဒေဝီရဲ့ဝမ်းကြာတိုက် မှာ သန္ဓေယူခဲ့တယ်နော်။           နောက်ဒုတိယထူးခြားချက်ကတော့ အလောင်းတော်သိဒ္ဓတ္တမင်းသားဘဝ သူအို၊သူနာ၊သူသေ၊ရဟန်း ဆိုတဲ့နမိတ်ကြီးလေးပါး ကိုမြင်တာနဲ့ ဇာတိ၊ဇရာ၊ဗျာတိ၊မရဏတွေရဲ့အပေါ်မှာ ကြောက်မက်ဖွယ် သံဝေဂရဖွယ် လို့ဆင်ခြင်မိလို့ပဲ သက်တော်(၂၉)နှစ်မဟာသက္ကရာဇ်(၉၇)ခုနှစ်၊ဝါဆိုလပြည့်၊တနင်္လာနေ့သန်းခေါင်ယံ အချိန်မှာ ပဲတောထွက်တော်မူခဲ့တယ်။အင်း….အလောင်းတော်လို အစစအရာရာပြည့်စုံနေတဲ့ ပုဂ္ဂိုလ်တောင်သံဝေဂတွေရ သေးတယ်နော်။ ကိုယ်လို ငမွဲမျိုးကတော့ ပျော်ကောင်းပါးကောင်းတုန်းဆိုတော့ တော်တော်တော့ သနားဖို့ ကောင်းနေပါလား။အော်..ဒါကတော့လေ ဘုရားအလောင်းနဲ့ယှဉ်လို့တော့ဘယ်ဖြစ်ပါ့မလဲနော့။ ဘဝအဆက် ဆက်ကပါရမီတွေဖြည့်လာခဲ့တာပဲ ကြည့်ပါဦးလား။ ဒါလည်းထားလိုက်ပါတော့လေ။ကိုယ်ကသာမာန်ပုဂ္ဂိုလ်ပဲ မလား။ ဒါပေမယ့် ကြုံတုန်းလေးသတိရလိုက်တာတခုရှိတယ်။အဲဒါကလေ..ဟိုတခါတုန်းက နာရေးတခုပို့ရင်း […]


sofiadimpleAugust 2, 20101min610
အင်း…ဒီနေ့တော့ ကျွန်မခေါင်းထဲမှာ စဉ်းစားမိနေတဲ့မနေ့ကနာဖြစ်တဲ့တရားလေး ဝေဌလိုက်ပါတယ်။ တရားခေါင်းစဉ်လေးကတော့ “သစ်တုံးပမာ ”တရားတော်တဲ့။ကျွန်မကတော့ “စဉ်းစားစရာ..သစ်တုံးပမာ”လို့ ပြောင်းပေးလိုက်မယ်နော်။ အဲဒီတရားလေးက ဂင်္ဂါမြစ်ထဲ မျှောနေတဲ့ သစ်တုံးလေးကို နမူနာပြပြီးဟောထားတာပေါ့။မြစ်တွေအားလုံးရဲ့ ပေါင်းဆုံရာသည် သမုဒ္ဒရာပဲမလား။အခုလည်းဂင်္ဂါမြစ်ကရေတွေသည် သမုဒ္ဒရာ ဆီသို့ဦးတည်သွားနေကြ လို့ဒီဂင်္ဂါမြစ်ကြောအတိုင်း တစိုက်မတ်မတ် မကွေ့မကောက်ပဲလိုက်သွားရင် သေချာပေါက်သမုဒ္ဒရာထဲကို ရောက်ကိုရောက်ရမှာပဲပေါ့။ ဒါဆို ဒီသမုဒ္ဒရာကိုနိဗ္ဗာန်လို့ သဘောထားလိုက်ရင် ဒီနိဗ္ဗာန်ဝင်ဖို့ တစ်ခုတည်း သောလမ်းကြောင်းသည် မဂ္ဂင်(၈)ပါး လမ်းကြီးပဲဆိုတာကို ဂင်္ဂါမြစ်လမ်းကြောင်းကြီးနဲ့ ဥပမာပြထားတယ်လေ။ ကဲ ဒါဆို ဒီဂင်္ဂါမြစ်ထဲမှာမျှောနေတဲ့သစ်တုံးကြီးသည် ပုထုဇဉ်လူသားတစ်ဦးပဲလို့မြင်ထားလိုက်ပေါ့။ သူသည် နိဗ္ဗာန်ရောက်ဖို့ ကြိုးစားနေသူတစ်ဦးပဲပေါ့။ ဂင်္ဂါမြစ်ထဲမှာ မျှောနေတယ်ဆိုတာ သံသရာမြစ်ပြင်ကျယ်မှာ ကူးနေရတယ် လို့မြင်ထားလိုက်ပါ။ ကဲဒါဆိုသူသည် ဒီဂင်္ဂါမြစ်ကြောတစ်လျှောက် ဖြောင့်ဖြောင့် သွားပြီးသမုဒ္ဒရာ ဆီအရောက်လှမ်းနိုင်ဖို့ကျတော့ သူ့မှာဘယ်လို အန ္တရာယ်တွေတွေ့နိုင်မလဲ စဉ်းစားကြည့်ကြစို့။ အင်း…စဉ်းစားလိုက်တော့ […]