သူရႆဝါMay 22, 20105min1310
“၂၈ – အင်ဒီးစ်မြေစိုင်မြေခဲကြီး” ( ၁ ) “ မြေမှုန်မြေခဲလေးက . . . တစ်နေ့မှာ အင်ဒီးစ်တောင်တန်းကြီး ဖြစ်မလာဘူးလို့ ဘယ်သူပြောရဲသလဲ . . . ” ဆိုတော့ ဒါဟာ ယုံတမ်းပုံပြင်တစ်ပုဒ်လို့ သိရတယ် ဟက်ဟက်ပက်ပက် လှောင်ရယ်ခဲ့တယ် ခပ်ညံ့ညံ့ဟာသလို့ သိတယ် ရဲရဲကြီး လောင်းကြေးထပ်ချင်စိတ်ဖြစ်မိတယ် ( ၂ ) “ မိန်းမဟာ မာယာများတယ် ” လို့ဆိုတယ် ဒါဖြင့်ရင် . . . ကြီးမြတ်သော ယောင်္ကျားဟာ မိန်းမထက် မာယာပိုများရမယ် ဒါပေမယ့် သူရဲကောင်းဆန်တဲ့ မာယာမျိုးတော့ဖြစ်မှ ၊ နောက်ပြီး ယောင်္ကျားမာယာဟာ လောကမာယာကို ထိပ်ပုတ်ခေါင်းပုတ် ဆော့ကစားနိုင်ရမယ် ၊ […]


သူရႆဝါMay 21, 20102min1330
“ငါတို့ဟာ စိတ်ချင်းဆက်ထားတဲ့အသက်ဇီဝ” အမှတ်တမဲ့ . . . . နင်နဲ့တူတဲ့သူတွေ့ရင်တောင် သွားရင်းလာရင်းလွမ်းရတယ် ခရီးသွားဟန်လွဲလွမ်းရတယ် သမင်လည်ပြန်လွမ်းရတယ် အဲသလောက်ထိ . . . နင့်ဆီ . . . ဘယ်သူ့အတွက်ခူးထားတဲ့ပန်းလဲမေး ငါ့ ကိုယ်စိတ်နှလုံးသုံးပါးစလုံးက နင့်နာမည်ပဲပြောပြနေမှာ . . . ငါတစ်ကောင်လုံးရဲ့တစ်ကိုယ်လုံးမှာ ငါ့နှလုံးသားကပဲ နင့်ကိုကွက်ပြီးချစ်ရတာ အားမရဘူးဟာ . . . . တစ်နေ့မှာ ရှစ်နာရီလောက် နင့်အကြောင်းတွေးလို့မရတာ အားမရဘူးဟာ . . . . ငါ့ကိုချိတ်တွယ်ထားတဲ့ ငါ့ပါလေရာနောက်မြီးတွဲမလေး `ဘယ် လောက် ထိ နင့် အ တွက် ငါ . . .´ သိချင်လား […]


သူရႆဝါMay 20, 20105min1480
“မီးသင့်နှင်းဆီပွင့်ချပ်များ” ငယ်ဘဝအိပ်မက်မျိုးနဲ့ ဒီနှင်းဆီကိုမှ ပျိုးခဲ့သူ မိုက်မဲမှုကို တံခွန်ထူလို့ ရိုဇီရေ . . . နင်ဟာ မျက်လှည့်ဆရာရဲ့ မှော်အကျီ င်္တစ်ထည်ဖြစ်တယ် . . . ။ “ဒီနှင်းဆီလေးကို ငါ့အရေပြားပေါ် စိုက်ခဲ့ပါတယ်” စိုက်ခဲ့မိသည်။ တစ်ခုခုမှန်မှာပေါ့ဟု တွေးမိသော အချိန်သည် တစ်ခုခုမှားနေမှန်းသိရ၏နှင့် တစ်နာရီတည်းကျသည်။ တစ်မိနစ်ထဲကျသည်။ တစ်စက္ကန့်ထဲကျသည်။ မိမိကိုယ်ကို ပြုတ်ကျလာမှန်းသိမှ နင်လွှတ်ချလိုက်မှန်း သိတယ်။ ဘယ်နေရာ ရောက်နေမှန်းသိသည်။ ဘယ်နေရာ ရောက်ခဲ့မှန်း မသိခဲ့သည်ကိုလည်း သိသည်။ ရိုဇီရေ . . . ။ ဘာအသံမှမပေးကြဘဲ ဆူညံသံတွေကို ကြားရသည်။ နင်ထွက်သွားသည်။ နင်ပြန်သွားသည်။ နင်ရှောင်သွားသည်။ နင် ကိုယ်လွတ်ရုန်းသွားသည်။ တစ်ခုခုမှ မဟုတ်ပါ။ တစ်ခုခုလည်း […]


သူရႆဝါMay 19, 20105min1300
နင်ကလည်းနင်ပဲ ငါကလည်းငါပဲ တစ်ယောက်နဲ့တစ်ယောက်မတူကြ၊ ဘဝဆိုတာ ဘာဖြစ်တယ် ညာဖြစ်တယ်လို့ ငါက ကမူးရှူးထိုးလျှောက်ပြောတဲ့အချိန်မှာ နင်က ဘဝကိုစိတ်တိုတိုနဲ့ (အရွဲ့တိုက်ပြီး) နေပူပူထဲလျှောက်ပြေးပစ်တယ် ငါသိတာတချို့ကို နင်လည်းအသိ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် သိပုံသိနည်းချင်းမတူတာကိုလည်း နှစ်ယောက်လုံးအသိပဲ နင့်ကိုငါချစ်တာနဲ့ ငါ့ကိုနင်ချစ်တာတောင် မတူဘူးလေ ဖြတ်စနှစ်ခုဟာ အရောင်မတူတော့ ငါတို့ဆက်ထုံးကလည်း နှစ်ရောင်စပ်ထားတဲ့ ခပ်မိုက်မိုက်ဖက်ရှင်တစ်မျိုးဖြစ်နေတယ် အခုတလော နင်ကြိုက်တယ်ဆိုတဲ့သီချင်းကို ဂစ်တာတီးပြီးတော့ နင့်ကိုငါ ဆိုပြချင်နေတယ် နင်ကလည်း အခုတလော ခဏခဏကို တစ်ခုခုဖြစ်ချင်နေတယ် အဲဒါဘာလဲဆိုတာတော့ ငါမသိဘူး ငါ့ပြောစကားဆို နင်ဘယ်တော့မှ နားမထောင်တတ်ပေမယ့် ငါကတော့ နင့်ကိုပြောဖူးသလို …. နင်ရုပ်ဆိုးသွားလည်းချစ်မှာပဲ မပြောကောင်းမဆိုကောင်း၊ နောက်ဆုံး နင် ဟစ်တလာဖြစ်သွားရင်တောင် ငါက ချစ်မှာပဲ နင်ဆိုးသလိုမျိုး ငါလည်းဆိုတာပဲလေ အချစ်ရဲ့ ငါမဖြေရှင်းပေးနိုင်တဲ့ကိစ္စတချို့အတွက် ငါက […]


သူရႆဝါMay 11, 20101min1151
“အရွဲ့တိုက်” ခင်ဗျားတို့ရဲ့မျက်လုံးတွေဟာ ကျွန်တော့်ဆီက ယူတပ်ထားတာမဟုတ်ဘူးဆိုတော့ ကျွန်တော်မြင်နေရတာဘာလဲဆိုတာကို ခင်ဗျားတို့သိကြမှာမဟုတ်ဘူး ကျွန်တော့်ရှေ့တည့်တည့်မှာ မြူခိုးတံတိုင်း အဲဒီထက် ခင်ဗျားတို့ပိုရိုင်းတယ် ကျွန်တော်က တစ်နေ့ရွှေတစ်နေ့ငွေဆိုရင် ကျွန်တော့်ကို ရွှေမရှားငွေမရှားလို့သတ်မှတ်ပါ ခင်ဗျားတို့ဝတ်ဆင်ထားတဲ့ ဝတ်လစ်စလစ်စကားများ အထပ်ထပ်ချွတ်ချလိုက် ရှေ့ဆောင်နွားလားဖြောင့်ဖြောင့်မသွားရင် နောက်လူတစ်သိုက် စိုက်စိုက်ရိုက်မယ် ဝါးအစည်းကိုဖြေချလိုက်တဲ့ခင်ဗျားတို့ပါးစပ်နဲ့ ကျွန်တော့်ကို စည်းလုံးညီညာအောင်ကြောင်းဖြာလို့မပြောပါနဲ့ တိတ်တိတ်လေးနေမယ် ကျွန်တော်ရှက်တတ်တယ် ပတ်ပတ်လည်မှာ ခင်ဗျားတို့ကိုယ်ခင်ဗျားတို့ပြန်ချိန်ထားတဲ့သေနတ်တွေ . . . . . . ။ သူရဿဝါ မေ ၁၁ ရက် ၊ ၂၀၁ဝ ခုနှစ်


သူရႆဝါMay 10, 20101min1250
“မျက်လုံးများ” –       တစ်လှမ်း နှစ်လှမ်း လှမ်းပြီး တုံ့ခနဲ –       ဘေးဘီဝဲယာလှမ်းပြီး –       ရုပ်ပျက်ဆင်းပျက် အတ္တကိုအကျယ်ကြီးလွှဲ –       တစ်လှမ်းပြီးတစ်လှမ်းလက်လွှဲ –       တိုက်နဲ့ကားနဲ့နေနိုင်ဖို့ဆို (ဘယ်သူ့ကိုမဆို) –       ကားနဲ့တိုက်မယ် –       လူဆင်းရဲကံကြမ္မာက အမေ့ဝမ်းထဲမှာကတည်းကလွဲပြီးသား –       လက်ဆောင်ပါဆယ်ထုပ်များ –       တစ်လှမ်း လောဘ –       နှစ်လမ်း ဒေါသ . . . လှမ်းပြီး တုံ့ခနဲ –       မောဟ ဆက်လှမ်းသွားတယ် –       ဘေးဘီဝဲယာမှာ တဝေါဝေါရေတံခွန် သူရဿဝါ မေ ၁ဝ ရက် ၊ ၂၀၁ဝ ခုနှစ်


သူရႆဝါMay 8, 20102min1491
“ကျွန်တော့်နတ်သမီးလေး အေးအေးဆေးဆေး အိပ်ပျော်နေပါစေ” ဝင်သက်၊ ထွက်သက် ဖြည်းဖြည်းချင်းမှာ အသိစိတ်ကို ခဏလေးလွှတ်ချထား ကျွန်တော်ချစ်တဲ့ နတ်သမီးလေးလေ . . . အေးအေးဆေးဆေး အိပ်ပျော်နေရှာတယ် ခါတိုင်းလို စကားတွေ တတွတ်တွတ်မပြောဘဲ၊ ကျွန်တော့်ကို ပြောင်ချော်ချော်မရယ်ပြဘဲ၊ မျက်လုံးလေးမှိတ် . . . သူ အိပ်နေတယ် ပါးလေးဖောင်းလို့ နှုတ်ခမ်းလေးထော်လို့ ကျွန်တော့်ရဲ့ ခပ်စွာစွာနတ်သမီးလေး ယဉ်ယဉ်ကျေးကျေး အိပ်ပျော်နေတယ် သူ့ကို သွားမနှိုးကြပါနဲ့ ကျေးဇူးပြုပြီး မနှိုးလိုက်ပါနဲ့ နတ်သမီးလေး ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်နေပါစေ သူ့ကို စိုက်ကြည့်မိရင် မနေတတ်မထိုင်တတ်ဖြစ်တဲ့ ကောင်မလေး ကျွန်တော်ဟာ အခုမှပဲ . . . သူ ခေါင်းကလေးစောင်းပြီးအိပ်နေတာကို ငေးကြည့်ခွင့်ရ သူ့ဆံပင်လေးတွေပါ ငြိမ်သက်အိပ်ပျော်နေတာကို ငေးကြည့်ရ ကျွန်တော့်ရင်ခုန်သံဟာ […]


သူရႆဝါMay 6, 20107min2575
ခင်ဗျားအနေနဲ့ ဒီနေရာမှာနေမယ်ဆိုရင် အင်တာနက်သုံးတတ်ဖို့တော့လိုအပ်ပါတယ် ။ အင်တာနက်ဆော့တာမဟုတ်ဘူး ၊ အင်တာနက်ကြည့်တာမဟုတ်ဘူး ၊ အင်တာနက်အသုံးပြုတာပါ ။ ခင်ဗျားအနေနဲ့ အင်တာနက်သုံးတတ်မယ်ဆိုရင် ကမ္ဘာကျော်အဆိုတော်ရဲ့ဈာပနကို အင်တာနက်ကနေတဆင့် လိုက်ပါပို့ဆောင်ခွင့်ရနိုင်မှာဖြစ်သလို ခင်ဗျားရဲ့ဈာပနဟာ ဘယ်နေ့ဖြစ်တယ်ဆိုတာကိုလည်း အင်တာနက်ကနေတဆင့် သိကောင်းသိနိုင်ပါလိမ့်မယ် ။ ခင်ဗျားဘာကိုရရှိသလဲဆိုတာဟာ ခင်ဗျားဘာကိုရှာဖွေသလဲဆိုတာပဲဖြစ်လို့ What you get is what you search ဖြစ်လို့ ခင်ဗျားအနေနဲ့ ဒီမှာနေမယ်ဆိုရင် အင်တာနက်သုံးတတ်ဖို့တော့လိုအပ်ပါတယ် ။ ဘာပဲလိုလို ရန်ကုန်လမ်းညွှန်မှာရှိတယ်ဆိုတာကအစ အင်တာနက်မှာရှိတဲ့အတွက် ခင်ဗျားဘယ်နေရာမှာရှိနေတယ်ဆိုတာအဆုံး အင်တာနက်မှာရှိတဲ့အတွက် ဒီနေရာမှာနေမယ်ဆိုရင်တော့ ခင်ဗျား အင်တာနက်သုံးတတ်ဖို့လိုအပ်ပါတယ် ။ အင်တာနက်မှာ ထေရဝါဒဗုဒ္ဓဘာသာရှိပြီး အင်တာနက်မှာ ယေရှုဘုရားသခင်လည်းရှိပြီး အင်တာနက်မှာ ဒေဝဒတ်ရော မာရ်နတ်ပါရှိပြီး အင်တာနက်မှာ ယုဒလည်းရှိပါတယ် ။ ခင်ဗျားအနေနဲ့ အင်တာနက်သုံးတတ်မယ်ဆိုရင် […]


သူရႆဝါMay 4, 20103min1692
အခန်းကတစ်ယောက်တည်းနဲ့ ငါက အကျယ်ကြီး . . . . အခန်းထောင့်တိုင်းမှာ သူလိုငါလို အရိပ်တွေရှိတယ် ကြောက်   လိုက်   တာ “မနက်ဖြန်” အကြောင်းကိုလည်း ဘုရားသခင်ကသိပြီးသား အနာဂတ်မဟုတ်ဘူး ကြိုတင်ကြံစည်ထားတဲ့ ဘုရားသခင်ပိုင်အတိတ်ဖြစ်တယ် ငါ . . . . ရည်ရွယ်ချက်ရှိရှိလုပ်ကြံခံနေရတယ် ငါ . . . . ရည်ရွယ်ချက်ရှိရှိ လုပ်ကြံခံနေရတယ် မမေးနဲ့ . . . . မမေးနဲ့ အိပ်ဆေးပုလင်းကဘာလုပ်ဖို့လဲမမေးနဲ့ အသွားနှစ်ဖက်နဲ့ဓါးက ဘာလုပ်ဖို့လဲမမေးနဲ့ ခပ်ပျင်းပျင်းရှိရင် ဆော့ကစားဖို့ “အသက်ဇီဝ” ကို ကိုယ်ဖျောက်သလို ခဏဖျောက်ကြည့်လို့ရမလား စမ်းသပ်ချင်လို့ . . . . “ရှင်သန်ခြင်း” နဲ့ ဆန့်ကျင်ဘက်မဟုတ်ဘူး […]


သူရႆဝါMay 3, 20105min2315
“ညခုနစ်နာရီမှာ ညီမလေးဆီဖုန်းခေါ်မရဘူး” “လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ ……” ……………………………………………………… ငါ့စိတ်ဟာ ဖန်ခွက်ကလေးတစ်လုံးလို ဆူးလေလမ်းမတလျောက်ပြန့်ကျဲ “လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ ……” …………………………………………………….. ခေါင်းငိုက်စိုက်ချ ….. ကြေကွဲ လွင့်လွဲ “လူကြီးမင်းခေါ်ဆိုသော ……. ” “လူကြီးမင်းခေါ်ဆိုသော ……. ” ဒါဟာ …… အဆုံးသတ်သွားတာလား ဒါ မျှော်လင့်ချက်တွေလန့်နိုးသွားတာလား မဟုတ်ဘူး … ဒါ သွေးရိုးသားရိုးဖုန်းခေါ်မရတာပါ မတော်တဆမှုတစ်ခုပါ ညီမလေးရယ် …… ညီမလေးရယ် ကိုယ့်ကိုလက်ခံပြောဆိုပါ လူကြီးမင်းမဟုတ်ဘူး … ဆက်သွယ်မှုဧရိယာပြင်ပ မဟုတ်ဘူး ခေတ္တခဏစောင့်ဆိုင်းပြီးမှပြန် … လည် … ခေါ် … ဆို ……. ဟင့်အင်း ဒါလည်းမဟုတ်ဘူး အဲ့ဒီခဏလေးအတွင်းမှာ အရာရာသေဆုံးသွားနိုင်တယ် အဲ့ဒီခဏလေးအတွင်းမှာ ရာသီဥတုတစ်ခုလုံးပြီးဆုံးသွားနိုင်တယ် အဲ့ဒီခဏလေးအတွင်းမှာ ကံ […]


သူရႆဝါMay 2, 201014min2284
“နေ့မသင့်နံမသင့် ဆုတောင်းယူမိသော အနာများ (၁)” “လူငယ်သည် တနင်္လာတွင် …..” တနင်္လာနေ့မှာ နမိုးနီးယားရောဂါ၊ အကုသိုလ်အနည်းအကျဉ်း နေ့ခင်းဘက်ကျရောက်တတ်သောအမှောင်နဲ့ လူငယ်တစ်ယောက် တနင်္လာကိုထိုင်ကြည့်နေတယ်။ ကြယ်ပန်းလူ (တနင်္လာ) မှာ တံဆိပ်ခေါင်းကပ်ထားတယ် … မှ တစ်ခုခု ရလိုရငြား ကုတ်ခြစ်ယူကြည့်တော့ တနင်္လာဟာ အစိမ်းလိုက် ထွက်ကျလာခဲ့ …။ တနင်္လာဟာ ရောဂါတစ်ခုလို စွဲကပ်ငြိတွယ်လို့ …. တနင်္လာဟာ လူငယ်ကို လမ်းပြခေါ်ဆောင်သွားပြီ။ နမိုးနီးယားရောဂါက တနင်္လာထဲမှာ၊ အကုသိုလ် အနည်းအကျဉ်းက တနင်္လာထဲမှာ၊ လူငယ်တစ်ယောက်လည်း တနင်္လာထဲမှာ …. ဒီလိုနဲ့ တနင်္လာကို ထိုင်ကြည့်နေတယ်။ တနင်္လာနေ့ရောက်တိုင်း မိုးတိမ်တို့ အုံ့ဆိုင်းကြပြီ။ တနင်္လာနေ့ ရောက်တိုင်း ကချေသည်ဟာ ပဉ္စလက်မီးအိမ်ထဲက ထွက်ပေါ်လာ။ တနင်္လာဟာ ကမ္ဘာကို အမှောင်ချ […]


သူရႆဝါApril 30, 20101min2095
ကျွန်တော်၊ သူမနှင့် ဧပရယ်လ် မိုးတိမ်များ “အခိုက်အတန့်” “ချစ်တယ် ချစ်တယ်” ဟု ကျွန်တော် မကြားအောင် သူမ ပြောသည်။ သို့သော် … ကျွန်တော် ကြားလိုက်ပါသည်။ အသံမထွက်စေဘဲ နှုတ်ခမ်းလှုပ်ရုံမျှ ပြောခြင်းဖြစ်သဖြင့် “နားနှင့်ဆတ်ဆတ်ကြားသည်” ဟု မပြောနိုင် သော်လည်း “ရင်နှင့်ဆတ်ဆတ်” ကြားပါသည်။ ကျွန်တော့် ချစ်ရသူလေးသည် မည်မျှ ရယ်စရာကောင်းလိုက်ပါသလဲ … ကျွန်တော့်အနားကပ်၍ ကျွန်တော် မကြားအောင် “ချစ်တယ်” ဟု ပြောသည်တဲ့။ နောက်ပြီး … ထိုသို့ ပြောသောနေရာကလည်း တော်တော်ကို ကဗျာမဆန်လှသော နေရာတစ်ခု ဖြစ်နေပြန်သည်။ ထားပါ … အရေးမကြီးလှသော ကိစ္စဖြစ်ပါသည်။ အရေးကြီးသည်က ကျွန်တော့် စိတ်ကိစ္စဖြစ်သည်။ သူမ၏ ဝန်ခံစကားကို ကြားကြားချင်း ကျွန်တော့် […]