ဦးသုOctober 5, 20121min28517
ကျိုက်ထီးရိုး ဘုရားဖူး ရာသီရောက်လာလို့ မနှစ်က ကျိုက်ထီးရိုးသွားရင်း ကြုံခဲ့ရတဲ့ အဖြစ်လေးပြောပြချင်လို့ ရေးလိုက်တာပါ။ ကျွန်တော်တို့မိသားစု က ကျိုက်ထီးရိုး ဘုရားဖူး  နှစ်တိုင်းထွက်တယ်။ မနှစ်က တော့ လူတော်တော်များတယ် မိန်းမဖက်က အမျိုးတွေနဲ့ အိမ်နားက ကလေးတွေရော အားလုံး ကလေးလူကြီးစုစုပေါင်း နှစ်ဆယ့်သုံးယောက်ရှိတယ်။ လိုက်ထရပ် တစ်စီး ငှားပြီးသွားကြတာပေါ့ ကင်မွန်းစခန်းလဲ ရောက်ရော ဆီမီး ကိုးထောင်လာကပ်တဲ့ သိမ်ကြီးဈေး အဖွဲ့နဲ့ တိုးပါလေရော။ကျွန်တော်တို့ က  ၃ လပိုင်း ကလေးတွေစာမေးပွဲ ပြီးလို့ လူလဲချောင်တယ်ဆိုပြီးသွားတာ ဟိုကိုလဲရောက်ရော တောင်ပေါ်တက်တဲ့ ကားကို မနည်းလုတက်ရတယ် ။ နောက်ပြီး ကျွန်တော် တို့ အဖွဲ့မှာ အသက် ၈ဝ ရှိတဲ့ အဖွားတစ်ယောက်ပါတော့ ပိုဆိုးတာပေါ့။ အဲဒါနဲ့ ရင်ပြင်တော်ပေါ်ကိုရောက်သွားပါလေရော။ […]


ဦးသုOctober 4, 20121min823
ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ MEC မှ စီမံခန့်ခွဲလျက်ရှိသော ကားဟောင်းများ အပ်ရသည့် သံမဏိစက်ရုံ၏ အကျင့်ပျက်ချစားမှုအကြောင်း ကျွန်တော်သည် ကားဟောင်းပိုင်ရှင်တစ်ဦးဖြစ်ပါတယ်။ အစိုးရက အခွန်မူဝါဒ ပြင်ဆင်ပြောင်းလဲ သတ်မှတ်ပြီး အခွန်လျော့ချကောက်ခံသည့်အတွက် used car အစားထိုးတင်သွင်းရန် ကျွန်တော့်ကားကို ၅.၇.၂၀၁၂ ရက်နေ့တွင် သွားအပ်ရန် အင်းစိန်ရွာမရှိ သံမဏိစက်ရုံသို့ သွားခဲ့ပါတယ်။ သံမဏိစက်ရုံသို့ရောက်သောအခါ ကားလာအပ်လာသူများစွာကို တွေ့ရပါတယ်။ လာအပ်တဲ့ လူတွေထဲမှာ ကိုယ်တိုင်ကားလာအပ်သူက (၁၀) ယောက်တွင် (၂) ယောက်သာရှိပြီး (၈) ယောက်မှာ ပွဲစားများသာ ဖြစ်ပါတယ်။ ပွဲစားတွေက ကားအပ်ရန် လေး/ငါးသောင်း ယူပါတယ်။ ၎င်းသံမဏိစက်ရုံတွင် ဝန်ထမ်းများနှင့် ပွဲစားများပေါင်းစားနေသည်ကို တွေ့ခဲ့ရပါတယ်။ ပြည်သူ့ဝန်ထမ်းတွေထဲမှာ အကျင့်ဖျက်ချစားမှုမျိုးတွေ လုံးဝမရှိသင့်တော့ပါ။ ပြည်သူ့ဝန်ထမ်းတွေက မိမိတို့ရဲ့ဝန်ထမ်းကျင့်ဝတ်ကို စောင့်ထိန်းသင့်ပါတယ်။ အကျင့်ပျက်ချစားနေသူများထဲတွင် […]


ဦးသုSeptember 24, 20121min17413
နှစ်ရက်သုံးရက်လောက်ရှိပြီ Home Page က Post တွေကိုပဲ ဖတ်လို့ရတယ် 1234567…….. ဆိုပြီးအောက်မှာ ရှိတဲ့ အရင်အဟောင်းတွေ မဖတ်လိုက်ရတဲ့ ပိုစ့် တွေကို သွားလို့ မရဘူးဖြစ်နေတယ် ကျွန်တော့်စက်တစ်လုံးထဲ ဖြစ်တာထင်လို့ သူငယ်ချင်းစက်ကိုယူသုံးကြည့်တာလဲမရဘူး။ comment မှာဝင်ရေးလိုက်ရင် reply လုပ်ပေးမယ့်သူကိုခဏ ခဏ ဝင်ကြည့် နေရမှာစိုးလို့  ပိုစ့် တင်လိုက်တာပါ။ ဝင်ဖတ်ပြီးမှ  စိတ် အချိုးကြနဲ့နော်


ဦးသုSeptember 20, 20121min18414
ငယ်ငယ်တုန်းက ကျောင်းပိတ်ရင်ကျွန်တော်တို့မှာ ကစားစရာဆိုလို့ သားရေကွင်းပစ်မယ် ဂေါ်လီ ရိုက်မယ်နောက်ပြီး အရုပ်ထောင်ပစ်မယ် ပိုက်ဆံထောင်ပစ်မယ် ပြီးတော့ သေနတ်ပစ်တိုင်းပေါ့။       လေသေနတ်တွေပေါ်ခါစဆိုတော့ အဲဒါကနည်းနည်းတော့ ပြသာနာရှိတယ် မျက်လုံးတွေဘာတွေထိတတ်တယ် မိုးတွင်းဆိုရင် ရပ်ကွက်က ကန်ထရိုက်တွေစဝင်ခါစဆိုတော့ တိုက်ဆောက်ဖို့ ဖောင်ဒေးရှင်းတူးထားတဲ့ ကျင်းကြီးတွေထဲရေတွင်ဝင်ပြီး ရေကန်ကြီးတွေဖြစ်နေတယ် အဲဒီမှာရေတွေကူးတယ် ။ ဘောလုံးကန်တာကတော့ပြောမနေနဲ့တော့။ အခုခေတ် ကလေးတွေကျတော့အဲဒီလိုမဟုတ်တော့ဘူးဗျ အားနေရင်ဂိမ်းဆိုင်သွားမယ် အင်တာနက်ဆိုင်သွားမယ် ကောင်းတဲ့ဗဟုသုတရော မကောင်းတဲ့အကျင့်ကော အကုန်စောစောစီးစီးသိကုန်ရော နောက်ပြီး အခုခေတ် ကလေးတွေက ကျွန်တော်တို့ငယ်ငယ်တုန်းကလို လှုပ်ရှားမှုနည်းတော့ body က ညှက်တယ် ဖွံဖြိုးမှုနောက်ကျတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက တယ်လီဖုန်းဆိုတာ ဟမ်းဖုန်းကိုင်နိုင်တဲ့သူကို သူဌေးလို့သတ်မှတ်ပြီးသား ဖုန်းတဆင့်ခေါ်ပေးတဲ့အိမ်မှာ ဖုန်းလာလို့သွားကိုင်ရင် ကလေးဆိုပြီးပေးမကိုင်ချင်ဘူး နောက်ပြီးတော့ အိမ်မှာတီဗွီတွေဘာတွေဆိုတာ လူကြီးတွေဖွင့်ပေးမှကြည့်ရတဲ့ သူငယ်ချင်းတွေတောင်ရှိတယ်။ အခုခေတ်ကလေးတွေကတော့ ကျွန်တော့်သမီးဆိုရင် ၅နှစ် […]


ဦးသုSeptember 20, 20121min22924
  ဘဲဥ တွေက FOREIGNER ဆိုရင်ဟိုးအရင် ကတည်းက အခုထိဘာလို့ကြောက်နေမှန်းကိုမသိဘူး ဗျာ (၁၉.၉.၂၀၁၂ )က ကျွန်တော် တရုတ် ဗီဇာ သွားထုတ်ဖို့ ကို သံရုံးကို ကားငှားပြီးသွားတာ  အဲဒီမှာ ကားသမားကလဲ လိုင်းကား ဒရိုင်ဘာကနေမှ TAXI ပြောင်းမောင်းတာထင်တယ် လိုင်းကား သမားတွေအတိုင်းပဲမောင်းချက်ကတော့ဗျာ။ ကျွန်တော်သွားမယ့် တရုတ်သံရုံးက ပြည်ထောင်စုရိုပ်သာလမ်း ကလေးဆေးရုံ     ရှေ့မှာရှိတာပါ  ကျွန်တော်စီးလာတဲ့ ကားသမား က အလုံလမ်းကနေပြီး ပြည်ထောင်စုရိပ်သာလမ်းဘက်ကို summit park view မရောက်ခင် ပွိုင့်ကနေ နှစ်ထပ်ကွေ့တော့ မီးပွိုင့်ကဘဲဥက ဖမ်းပါလေရော ကားသမားက ညှိတာညှိလို့မရဘူး ဘဲဥက ချလံဖြတ်မယ် ပဲလုုပ်နေတာ အဲဒါနဲ့ ကားသမားက ကျွန်တော်ရယ် ကျွန်တော့်သူငယ်ချင်းရယ်ကို လက်ညှိုးထိုးပြပြီးဘာပြောလိုက်လဲမသိဘူးအိုကေသွားတယ် ။ ကျွန်တော့်သူငယ်ချင်း […]


ဦးသုSeptember 14, 20121min36124
တွေးရင်တွေးရင်း ရေးဖြစ်သည် မိန်းမ နဲ့ အမေ ဘာကွာလဲ? မူးပြီးအိမ်ပြန်လာရင်မိန်းမက ငြူစူဆောင့်အောင့် စိတ်ကောက်နေချိန် မှာ ဘုရားရှိခိုးနေရာကထပြီးသားထမင်းစားမလားဆိုပြီး ဟင်းနွေးပြီးထမင်းပွဲပြင်ပေးတာအမေ………. အဆင်မပြေမှုတွေက အပေါင်းအသင်းတွေပါခေါ်ပြီးရောက်တာတဲ့ အချိန်မှာ ဘာဆက်လုပ်ရမလဲ ဆိုတာမိန်းမက ခေါင်းပူအောင်စဉ်းစားခိုင်းနေချိန် မနက်အိပ်ရာကနိုးတာနဲ့ မနက်စာ ကြိုက်တတ်တာလေးတွေ အစောကြီးထပြီး ပြင်ဆင်ပေးတာ အမေ……… ထမင်းနင်လို့ မိန်းမက ရေထခပ်ပေးဖို့တောင်မေ့နေချိန်မှာ ရေနွေးကြမ်းတစ်ခွက် ရေအေးတစ်ခွက် ကြိုက်တာသောက်နိုင်အောင်ပြင်ပေးတာ အမေ… မိန်းမ ချက်တဲ့ဟင်း ငန်လိုက်တာလို့ ပြောလိုက်ချိန်မှာ ဆရာဝင်မလုပ်ပဲ ကြိုတ်မှိတ်ပြီးစားနေတာ အမေ……. မိန်းမလက်ထဲ ရသမျှပိုက်ဆံတွေပေးနေတဲ့သားဆီက တစ်ထောင်လောက် တောင်းဖို့အမြဲတမ်းတွန့်ဆုတ်နေတတ်တာအမေ…… အသက်တွေကြီးလာတာနဲ့အမျှ မိသားစု စားသောက်ပွဲတွေ အပန်းဖြေခရီးတွေ နဲ့ဝေးဝေးသွားပြီး စကားဝိုင်းတွေထဲမှာဝင်ပါခွင့်မရတော့တာအမေ.။။။။။။။။။။


ဦးသုAugust 10, 20121min16113
ဘဏ် ၂ မှာ တစ်ထောင်တန် အစုတ်လေး အလယ်က လက်သည်း ခွံလောက် အပေါက်ဖြစ်နေတာကို ဝင်လဲ လိုက်မိတာ ၈၀ဝ ကျပ်တိတိ နဲ့ လဲ ပေးပါတယ် ခင်ဗျ နောက်ပြီး အရင် က ဘဏ်ချလံ e D form သွင်းဖို့ အတွက်ကို တစ်စောင် ၅ဝ ပေးဝယ်ရတာ အခု ဘာစာမှလဲမကပ် ဘာကြေငြာချက်မှလဲမထုတ် ပဲနဲ့ တစ်စောင်ကို ၁၀ဝ နဲ့ တင်ရောင်းပါတယ် နောက်ပြီး  e D form အတွက် ငွေသွင်းလို့ ရှိရင် ၂၀ဝ ကျပ် ကို ချလံမှာ ရေးရပြီး တကယ်ပေးတော့ ၃၀ဝ ကျပ်ပေးရပါတယ်ခင်ဗျ အဲဒါကြောင့် မို့ လို့ […]


ဦးသုAugust 8, 20121min562
ကိုသူရသဝါ လို  ဆရာ ရဲ့ စာပေတွေကို အမှတ်ရနေသူတွေအတွက်  ကျွန်တော်နှင့် တက္ကသီလာ မှ အက္ခရာများ (၁) +          “အနုပညာပစ္စည်း ဆိုတာ … နားလည်ဖို့မလို ခံစားရန်အတွက်ဖြစ်တယ်” ဆိုတာကို ဘယ်လိုမြင်ပါသလဲ။ ပါမောက္ခဦးလှအောင်(ဥယျာဉ်ခြံဌာန)   လက်ရှိကျွန်တော်တို့ Post Modern World မှာ အနုပညာနဲ့ပတ်သက်တဲ့ အယူအဆ ပေါင်းစုံရောယှက်ပြွန်းတီးလျက်ရှိပါတယ်၊ ကမာ္ဘကျော် အနုပညာသမားတစ်ယောက် ကဆိုရင် သစ်ပင်တွေ၊ မော်တော်ကားတွေ ကို ပလတ်စတစ်နဲ့ ပတ်ပြပါတယ်။ နားလည်စရာမလိုပါဘူး။ ခံစားရုံ သက်သက်နဲ့ ရပါတယ်။ တခြားကမာ္ဘကျော်အနုပညာသမားတစ်ယောက် ကတော့ သဲသောင်ပြင်ပေါ်မှာ သဲတွေနဲ့ပဲ မြို့တစ်မြို့ကို ထုဆစ်ပြပါတယ်။ လေတိုက်တဲ့အခါမှာတော့ အဲဒီသဲပန်းပုဟာ တဖြည်းဖြည်း လွင့်ပါး ပြိုကျသွားပါတယ်။ လာရောက်ကြည့်ရှုသူတွေက မေးမြန်းတဲ့အခါ အဲဒီပြကွက်ရဲ့အမည်ကို […]


ဦးသုAugust 7, 20121min19611
ဖြစ်ပုံကတော့ ဒီလိုလေးပါ ကျွန်တော်နဲ့ တစ်ရုံးထဲလုပ်တဲ့ အစ်ကိုရဲ့ အဒေါ်က သိန်း ၁၀ဝ ယူနစ်မှာ အက်ခရာ နဲ့ ရှေ့ ဂဏန်း ၃လုံးတူလို့  ၁ သိန်း ဆုကို မိုးယံမှာ ပေါက်ပါတယ်    အဲဒါ မိုးယံ အရောင်းဆိုင် တွေမှာ ထုတ်တော့ တစ်သိန်းကို ၅၀၀ဝ ထုတ်ပေးခ ဖြတ်ပြီး ငွေလဲ ပေးပါတယ်တဲ့ အဲဒီတော့ ၉၅၀၀ဝ ပဲရတာပေါ့ ။ အဲလို  တွတ် ဆုတွေ ကြောင့် မိုးယံ ကငွေလဲ ပေးတာတင် ဘယ်လောက်ဝင်သွားပြီလဲ စဉ်းစားသာကြည့် ကြပေတော့။  နောက်ပြီး အစိုးရ အောင်ဘာလေ က ထီတစ်စောင်နှစ်ရာ ဆယ်စောင်ဝယ်ရင် ကိုယ်စားလှယ်အတွက် အမြတ် တစ်စောင်အပိုပေးတယ် ပြောရရင် အမြတ်မတင်ရောင်းရင် […]


ဦးသုJuly 23, 20121min20817
အခုတင်ပြမှာကတော့ ဦးအောင်သိန်းလင်း က တရုတ်နိုင်ငံထုတ် southern weekend သတင်းစာနှင့်တွေ့ဆုံမေးမြန်းခန်းမှာ ပြောသွားတာတွေပါ www.burmanet.org  မှာ English လို   ဖော်ပြထားပါတယ် ဒါဟာသူ့ (သမတ)ရဲ့ကိုယ်ပိုင် အတွေးအခေါ်ပါ။လွှတ်တော်ရဲ့ဆုံးဖြတ်ချက်မဟုတ်ပါဘူး  ကျွန်တော်တို့ဒါကိုဆန့်ကျင်ပါတယ်  ဒါဟာ ကျွန်တော်တို့ရဲ့ အမျိုးသားရေးမူဝါဒ မဟုတ်ပါဘူး။သမတ ဟာ တရုတ်-မြန်မာ ဆက်ဆံရေးကိုပျက်ပြားအောင်လုပ်ခဲ့ပါတယ်။ မြစ်ဆုံစီမံကိန်း ဆောက်ကိုဆောက်ရမယ် ။ကျွန်တော်တို့လျှပ်စစ်ဓာတ်အားလိုတယ် အနောက်နိုင်ငံတွေက ဒါကိုရပ်ဆိုင်းဖို့နဲ့ တရုတ်နဲ့ မြန်မာ ဆက်ဆံရေးပျက်ပြားအောင်လုပ်ခဲ့တာပါ ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်ကိုလဲမယုံဘူး ကုလသမဂကိုလဲမယုံဘူး။ ဟီလာရီ ကလင်တန်လာတာ ကျွန်တော်တို့နိုင်ငံအတွက်လာတာမဟုတ်ဘူး။ဒီအမျိုးသမီး(ဒေါ်အောင်ဆန်းစုကြည်)အတွက်လာတာ။ နောက်ပြီး EU နှင့် US အား သူတို့ကိုမယုံဘူး ။သူတို့က သူတို့လိုချင်တဲ့ ရုပ်သေးအစိုးရတင်ဖို့ ဂိုဏ်းဖွဲ့နေတာ နောက်ပြီး NLD အား လူတွေက ရူးနေကြတာ ။ သူက […]


ဦးသုJuly 23, 20121min792
SECD မှာပြီးခဲ့တဲ့ တစ်ပါတ်လောက်ကစပြီး သဘောင်္သားတွေ ကိုယ့် CDC စာအုပ်ကို ကိုယ်တိုင် မှတ်ပုံတင်ပြပြီး ထုတ်ယူ ကိုင်ဆောင်ထားလို့ ရပါပြီ။ အခွန် ကင်းလွတ် ကာလ မတိုင်ခင်ထွက်သွားတဲ့သူတွေက အခွန်ကြေကြောင်း နဲ့ မှတ်ပုံတင်မူရင်းပြပြီး ထုတ်ယူနိုင်သလို အခွန်ဆောင်စရာ မလိုတဲ့ သူတွေကလဲ မှတ်ပုံတင် နဲ့ တင် ထုတ်လို့ ရပါပြီ SECD က သင်္ဘောသားရဲ့  စီဒီဒီကို မထိန်းချုပ်တော့ ပါဘူး နောက်ပြီး ပြန်လာ ရင် သတင်းပို့ပြီးတာ နဲ့ ကိုယ့်စီဒီစီ ကို ပြန်ယူထားလို့ ရပါပြီ နောက်ပြီး သင်္ဘောသား တွေရဲ့  လက်မှတ် တွေကို SECD ကအင်တာနက်မှာတင်ပေးထားမှာပါ။    အဲ ဒီမှာ ကြည့်ပြီး သဘောင်္သား အစစ်လား […]


ဦးသုJuly 12, 20121min1409
ဖတ်ပြီးရင် ကိုယ်ဘယ်အမျိုး အစားထဲမှာပါလဲ ဆိုတာ ကို ပြောပြသွားကြပါခင်ဗျာ။ ၁.(ခွေးမူး)       မူးလာသည်နှင့်အခြားသူများကိုရန်ရှာသူ။ ၂.(ဆိတ်မူး)    တွေ့သမျှအမြည်းများကို ဒိုင်ခံအားပေးသူ။ ၃.(ကြက်မူး)   မူးလာသည်နှင့် မိန်းမကိစ စိတ်ဝင်စားသူ။ ၄.(ဖွတ်မူး)      အမူးပြေသွားလျှင် မူးစဉ်က လုပ်ခဲ့သမျှမမှတ်မိဟုပြောတတ်သူ။ ၅.(မြွေမူး)       မည်မျှပင် မူးမူး တွင်းဝင်ဖြောင့်သူ မှတ်ချက်-လုပ်စရာရှိသမျှကို  မမှားပဲလုပ်နိုင်သူဟုဆိုလိုသည်။ ၆.(သာလိကာမူး)  မူးလာသည်နှင့် အဆက်မပြတ် တော်ကီလွှတ်သူ။ ၇.(တောက်တဲ့မူး) မူးလာသည်နှင့် ခွာမရအောင်ကပ်ရစ်တိုင်ပတ်သူ။ ၈.(နွားမူး)             မူးလာသည်နှင့်ချည်တိုင်ကိုသတိရပြီး ပြန်ရန်ပြင်တတ်သူ။ ၉.(မျောက်မူး)      မူးလာသည်နှင့် ခုန်ချင်ပေါက်ချင် က ချင် ဆွဲချင် လွှဲချင် လာသူ။ ၁၀(ဝက်မူး)          မူးလာသည်နှင့် တွေ့ရာနေရာထိုးအိပ်တတ်သူ။ ၁၁.(ကြက်တူရွေးမူး)   ၂ပက်လောက်သောက်ပြီးတိုင်း ငါမူးနေပြီ ငါမူးနေပြီ ဟူသောစကားကို နုတ်တိုက်သင်ထားသလို တတွတ်တွတ်ပြောတတ်သူ။ ကဲ ကျွန်တော်ကတော့ […]


ဦးသုJuly 6, 20122min32426
     တစ်နေ့ အစ်ကိုတစ်ဝမ်းကွဲတစ်ယောက် လက်ဖက်ရည်ဆိုင်မှာတွေ့လို့ ကျွန်တော့် ကို ပြောတယ်   _” ဟေ့ကောင် ငါ့လူတစ်ယောက်ကိုတွေ့ထားတယ် သူက မီးရထား ကစက်ခေါင်းမောင်းတာ ကွ အခုဒီမှာ ဂိုထောင် ထဲ က custom သိမ်းထားတဲ့ ထဲ က စက်ဘီး အသစ်တစ်စီး ကို လာထုတာကွ နောက်ပြီးတော့ Sony laptop အသစ်တွေ နဲ့  LCD တွေလဲ မီးရထားဂိုထောင်ထဲမှာရှိသေးတယ် အဲဒါမင်းစိတ်ဝင်စားလား ”           ဆိုတော့ ကျွန်တော်လဲနည်းနည်းတော့ သဘောကျချင်သလိုဖြစ်သွားတယ်  ကျွန်တော်အခု ကိုင်နေ တဲ့ netbook လေး acer aspire one D257 လေးတောင် ၂၅၆၀၀ဝ ပေးပြီးဝယ်ထားရတာဆိုတော့ –“ဂိုထောင်ကနေ ခိုးထုတ်ရောင်းတဲ့ ဟာဆို […]