Yin Nyine NwayMarch 24, 201134min5718
http:// http://www.zwani.com/ ပုံလှလှလေးတွေ လိုချင်ရင် http://: http://myanmaritpros.com/ ကွန်ပျူတာ အမေးအဖြေများလေ့လာရန်…. http://www.thelist.com/countrycode.html#top နိုင်ငံများရဲ့ ကုတ်ကို သိချင်ရင်…. http://mmastrology.myanmarbloggers.org/ မြန်မာ့ရိုးရာ ဗေဒင် နှင့် နက္ခတ် http:// http://chitoophoto.blogspot.com/ blog နှင့် I T နည်းပညာ http:// http://www.deathclock.com/index.cfm ကိုယ်ဘယ်နေ ့ သေမလဲ သိချင်ကြပါသလား…. http:// https://mail.google.com/mail/?ui=2&ik=6af78d8a85&view=att&a…… ကွန်ပြူတာအတွက် နောက်ခံ ကိုယ့်ပုံနဲ့ မြင်ကွင်း… http:// http://sharingtofrds.blogspot.com/ နည်းပညာ အတွက် လေ့လာရန်… http:// http://www.myanmarisp.com/computer_ict ကွန်ပြူတာ နဲ့ သတင်း နည်းပညာ.. http://www.imagechef.com/ ကိုယ့်ပုံလေးတွေနဲ့ Logo / Icon လေးတွေလုပ်ချင်ရင်.. http://photofunia.com/ ကိုယ့်ကိုယ်ကိုယ် […]


Yin Nyine NwayMarch 24, 20115min1562
Short-cuts key တွေ ဆိုတာက ခရီး လမ်းကြောင်း တခုကို အတိုဆုံး နေရာ ကနေ မြေကြော ရှူံ့ပြီး လိုတဲံ့ နေရာ ရောက်အောင် သွားနို့င်ဖို့ ဖန်တီး ပေးထားတဲ့ ဖြတ်လမ်း နည်းလမ်း တွေပါပဲ။ အဲဒီလို ဖြတ်လမ်း တွေနဲ့ သွားတဲ့ အခါမှာ တစ်ခါ တစ်လေမှာ ဖြတ်လမ်း တွေဟာ အမျိုးစုံ ရှိနေတာကို တွေ့ရ ပါလိမ့်မယ်။ ဥပမာ အားဖြင့် ALL Programs လုပ်ငန်းစဉ် box ကိုဖွင့်ဖို့အတွက် start ကို click နှိပ်ရ ပါတယ်။ ဖြတ်လမ်း နည်း အနေနဲ့ ကတော့ mouse ကိုင်ဖို့ မလိုဘဲ window ကို […]


Yin Nyine NwayMarch 21, 20112min1044
အချစ်ဦး တစ်သက်တစ်ခါ တစ်လွှာတစ်ရွက် တစ်ခက်တစ်ပွင့် ငုံအဆင့်မို့ ရင့်လို့ပဲဝါဝါ ညှာတံပဲပြုတ်ပြုတ် ဖြုတ်ခနဲပဲကြွေကြွေ မြေမှာပဲရောက်ရောက် ဖွဖွကလေးကောက်လို့ ပန်းခြောက်လေးပဲမြတ်နိုးမယ်။ (စိုးမိုး တင်တဲ့မင်္ဂလာဆောင်ထဲကသတို့သားကပြောတာအဲလို) ……………………………………. တိတ်တခိုး ပန်းပွင့်တယ်ဆိုတာ သဘာဝပါခင်။ အလှကြည့်ခံချင်လို့ ပန်ဆင်ပါစေရည်စူးပြီး ဆူးပွင့်မဆင်။ ခင်ကြိုက်ရင် အညှာကိုချိုး မြတ်နိုးတော့ ပန်ချင်ပန် မပန်ချင် ခင်မကြိုက်တော့လည်း ပစ်လိုက်ပေါ့နော်..ခင် ဆင်ချင်မှဆင်ပါတော့။ မခင်လို့ပဲဖြစ်ဖြစ် မဆင်လို့ပဲပစ်ပစ် ခင်သွားရင် ရနံ့ပေး ခင်မွှေးရင်ပျော်ရွှင်လို့ ခင်မမြင် ခင်မကြည့်ပေမယ့် ခင်သိရင် တို့ကျေနပ်ပါရဲ့ ရွက်ချပ်စို ကြိုအကြားမှာပဲ ပွင့်သွားတာပေါ့။ (ချဉ်ပေါင်ခိုးးးးကွ) ………………………………………………… ချစ်သူသစ်ပင် လွင့်ကြွေကျဖို့တော့ ပွင့်မနေပါရစေနဲ့ဘုရား။ သူချိုးနိုင်ဖို့ အခက်ဝေ သူနေခိုဖို့ အရိပ်ပေး သူ့ဘဝမှာ အပူတွေဝေးစေဖို့ အစတေးခံနေ…နေလိုရဲ့ သပြေပင်အိုဘဝနဲ့ (တပည့်တော်)ရှင်ရပါစေသား။ (ချိုး……….ဦး………………မှာ) […]


Yin Nyine NwayMarch 21, 20111min25615
တခါတုန်းက ပဲကြီးလှော် အင်မတန်ကြိုက်တတ်တဲ့ အမျိုးသမီးတယောက် ရှိသတဲ့။ ပဲကြီးလှော် ကြိုက်တတ်ပေမယ့် သူမရဲ့ ပြဿနာကတော့ ပဲလှော် စားပြီးတိုင်းမှာ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင် းလောက်အောင် တားမနိုင်ဆီးမရ ချက်ချင်းလက်ငင်း လေလည်တတ်တာပါပဲတဲ့။ တနေ့ကျတော့ အဲဒီအမျိုးသမီးဟာ လူတယောက်နဲ့ ချစ်ကြိုက်သွားပြီး လက်ထပ်တော့မယ် အလုပ်မှာ သူမ ဘာသာတွေးသတဲ့။ “ငါ့ယောက်ျားဟာ အင်မတန် ယဉ်ကျေးသိမ်မွေ့နူးညံ့ပြီး လူကြီးလူကောင်းဆန်တယ်။ ငါ့ရဲ့ အီးပေါက်တတ်တဲ့အကျင့်ကို သူ့အနေနဲ့ နှစ်သက်နိုင်မှာ မဟုတ်ဘူး” လို့တွေးမိပြီး ပဲကြီးလှော်စားတဲ့အကျင့်ကို အနစ်နာခံ စွန့်လွှတ်လိုက်သတဲ့။ ဒီလိုနဲ့ လပေါင်းများစွာ ကြာလာခဲ့ပြီး တရက် အလုပ်ကနေ အိမ်အပြန် လမ်းမှာ သူမရဲ့ ကားပျက်သွားတယ်။ ဒါနဲ့ အိမ်ကို လမ်းလျှောက်ပြန်လာရမှာမို့ နောက်ကျမယ်ဆိုတဲ့အကြောင်း ခင်ပွန်းသည်ကို ကြိုတင် ဖုန်းဆက် အကြောင်းကြားထားလိုက်တယ်။ အိမ်ကို […]


Yin Nyine NwayMarch 21, 20111min1185
ယောကျာ်း၊ မိန်းမနဲ့ အိမ်ထောင်သည် သာဓု – “အိမ်ထောင်ဆိုတာဘာလဲ” ပါပု – “အိမ်ထောင်ဆိုတာ အဝိုင်းခံထားရတဲ့ ရဲတိုက်နဲ့တူတယ်။ အထဲရောက်နေတဲ့ လူတွေကအပြင်ကိုထွက်ချင်တယ်။ အဲ အပြင်ကလူတွေကြတော့ အထဲဝင်ဖို့ အားခဲနေကြတယ်” သာဓု – “လူငယ်တွေဟာ မိန်းမယူပြီးတဲ့နောက်မှ ဆင်ခြင်ဉာဏ် ပိုလာသလား” ပါပု – “ဆင်ခြင်ဉာဏ်ရှိရင် သူတို့ မိန်းမ မယူဘူး” သာဓု – “လူပျိုနဲ့ လူအို ဘာကွာသလဲ” ပါပု – “လူပျိုက အိမ်အလုပ်ကို သူ့ဟာသူလုပ်တယ်၊ လူအိုကတော့ မိန်းမခိုင်းလို့ လုပ်ရတယ်” သာဓု – “မိန်းမဆိုတာဘာလဲ” ပါပု – “မိန်းမဆိုတာ နှင်းဆီပန်းပဲ၊ ပွင့်ချပ်တွေကို ချစ်သူ ရည်းစားတွေက ခူးသွားကြတယ်၊ သူယူတဲ့ ယောက်ျားအတွက် […]


Yin Nyine NwayMarch 18, 20111min52110
မင်္ဂလသုတ် မင်္ဂလသုတ် ရွတ်ဖတ်ရခြင်းအကျိုး မင်္ဂလသုတ်ကို မပြတ်ရွတ်ဖတ်သရဇ္ဈာယ်၍ လိုက်နာကျင့်ကြံလျှင် မည်သည့် နေရာမှာ နေသည်ဖြစ်စေ ဘေးအန္တရာယ်ကင်းသည်။ ရန်သူတို့က မိမိအား မအောင်မြင်နိုင်။ မိမိ၏ ဘဝအဆင့်အတန်းသည်လည်း တစ်နေ့ထက်တစ်နေ့ တိုးတက်ချမ်းသာလာမည်ဖြစ်ပေသည်။ အချုပ်အားဖြင့် ရန်ကင်းသည်၊ သူတစ် ပါး မကောင်းမကြံနိုင်၊ ဘဝအခြေအနေ ကြီးပွားတိုးတက်စေသည်။ မဂ်ဉာဏ် ဖိုလ်ဉာဏ်သည်ပင် မင်္ဂလာရှိသော မိမိ၏ စိတ်သန္တန်မှာ ပေါ်လာနိုင်ပေသည်။ ၁။ ယံ မင်္ဂလံ ဒွါဒသဟိ၊ စိန္တယိံသု သဒေဝကာ။ သောတ္ထာနံ နာဓိဂစ္ဆန္တိ၊ အဋ္ဌတိံ္တသဉ္စ မင်္ဂလံ။ ၁။ နိဗ္ဗာန်ချမ်းသာကို လိုချင်တောင့်တ နှစ်သက်ကြကုန်သော နတ်လူအပေါင်း တို့သည် တစ်ဆယ့်နှစ်နှစ်တို့ ကာလပတ်လုံး သတ္တဝါအများ ကြီးပွားချမ်းသာ ကြောင်းဖြစ်သော မင်္ဂလာတရားတော်ကို ကြံစည်ကြလေကုန်၏၊ ထိုသို့ကြံစည် ကြလေကုန်သော်လည်း […]


Yin Nyine NwayMarch 18, 20111min1473
  ဘဝမှာ အဆင့်ကြီး ၃ ဆင့် ရှိတယ်တဲ့။ ပထမ အဆင့် (ဆယ်ကျော်သက်အရွယ်) အချိန် နဲ့ ခွန်အား ရှိတယ် ဒါပေမယ့် ပိုုက်ဆံမရှိဘူး။ သတိရမိသေးတယ်။ ငယ်ငယ်က ဆိုု ဘာမဆိုု စားချင်တယ်၊ ခုံခုုံမင်မင် လဲရှိတယ်။ ကိုုယ့်ကိုုယ်ကိုုယ် တောင်ငါတော်တော်ငတ်တာပဲလိုု့ထင် ခဲ့သေးတယ်။ သိပ်မစားရဘူးလေနော်။ ငယ်ငယ်ကဆိုု အမေက မုုန့်ဖိုုးလဲသိပ်မပေးဘူး။ ဘာပဲ စားရ စားရ သိပ်ကောင်းတယ် လိုု့ထင်တယ်။ လူကြီး သိပ်ဖြစ်ချင်တာလေ။ မြန်မြန်ကြီး မြန်မြန် အလုုပ်လုုပ် မြန်မြန်ပိုုက်ဆံရှာ ကိုုယ်စားချင်တာ ဝယ်စား ကြိုက်သလောက်စား အသေစား။ အဲ့လိုုနေချင်ခဲ့ဘူးတာလေ… အချိန်ဆိုတာတွေကလဲ ပေါလွန်းလို့ တနေ့တနေ့ ရွာရိုး ကိုးပေါက် ချောင်းပေါက်အောင် လျောက်သွားနေခဲ့တာပ ခွန်အားကလဲ ရှိသလားတော့မမေးနဲ့ မျောက်ရှုံးအောင်ဆော့တယ် […]


Yin Nyine NwayFebruary 11, 20111min1942
တစ်ခါက ကားသမားတစ်ယောက်ကလဲ ခရီးစဉ်ထွက်သွားတယ်… နိုင်ငံခြားသားတွေနဲ့ပဲ…. ကလော၊ အင်းလေး၊ တောင်ကြီး၊ မန္တလေး အစုံပေါ့….. ကလောရောက်တော့ နှစ်ညအိပ်တယ်… နောက်တစ်နေ့မနက်စထွက်မယ်ဆိုတော့ မနက်အစောကြီး အရမ်းအေးပြီး ကားက နှိုးလို့မရဘူး… သွားတဲ့အချိန်ကလဲ ဒီဇင်ဘာလကြီးဆိုတော့ အေးလိုက်တာမှာ ခိုက်ခိုက်ကိုတုန်နေတာပဲ… ဒါပေမယ့်ကားသမားကတော့ သူ့ကားနှိုးလို့မရလို့ ချွေးတွေပြန်ပြီး ဒေါသတွေထွက်နေပြီ နိုင်ငံခြားသားတွေကလဲ ဘာဖြစ်တာလဲ.. ကားကတစ်လမ်းလုံးကောင်းနေပြီးတော ့ အခုမှဘာဖြစ်တာလဲဆိုပြီး ပွစိ ပွစိ နဲ့ပေါ့… ဒါနဲ့ကြံရာမရတဲ့အဆုံး ကားသမားက ဟိုတယ်ကနေ မီးတုတ်တစ်ခုတောင်းလိုက်တယ်…. နောက်ပြီးကားအောက်ထဲကို ဖင်ဘူးတောင်းထောင် အောင်ကုန်းပြီး ကားအင်ဂျင်ကို အပူပေးတော့တာပဲ… Heat တိုက်တယ်လို့လဲခေါ်တယ်လေ… အဲဒီမှာတင် နိုင်ငံခြားသားတွေအကုန်လုံး ပြူးပြူးပျာပျာ တွေဖြစ်ကုန်ပြီး ကားနားလေးကနေဝုန်းကနဲ ကိုထွက်ပြေးကုန်ကြတယ်… ပြီးတော့ အနားလဲမကပ်ရဲ… ကားသမားကလဲ အားရပါးရကို မီးတုတ်ကြီးနဲ့ ဖင်ကြီးကုန်းပြီး […]


Yin Nyine NwayFebruary 11, 20111min1733
ဓာတ်စာ ကိုက်လန်၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ အာလူး၊ စတော်ဘယ် ရီသီး၊ ဗာဒံစေ့၊ အာလူး၊ လက်ဖက်ရည်၊ ဆီးသီးခြောက်၊ အစိမ်းရောင် ဟင်းရွက်များ၊ နွားနို့။ ရှောင်ရန် အငန် များသော အစား အစာများ၊ အသားဓာတ် မြင့်မားသော အစား အစာများ အမြောက်အမြား စားခြင်း။ ” အဘိုးကြီးအို ခါးကုန်းကုန်း မသေ ပါနှင့်ဦး၊ နောက်နှစ်ခါ တန်ဆောင်မုန်း ပွဲကြည့် ပါဦး” ဆိုတဲ့ သီချင်း အရ အသက် ကြီးလာရင် ခါးကုန်း လာပြီး အရိုးပါး ရောဂါ ခံစား ရတတ်တယ် ဆိုတာ ငယ်စဉ် ကပင် ကြားဖူး ခဲ့ကြမှာ ဖြစ်တယ်။ သို့သော် အဘွားကြီး တွေက အဘိုးကြီး […]


Yin Nyine NwayFebruary 11, 20111min34213
အိမ်သုံးဆေးများသည် မိရိုးဖလာ အစဉ်အလာအရ သားစဉ်မြေးဆက် လက်ကမ်းယူခဲ့ရသည်မှာ ယနေ့တိုင် ဖြစ်ပါသည်။ ကျွန်မတို့ အဘိုးအဘွားများ၏ ၉၆-ပါး ရောဂါပျောက်သော ဆေးများလည်း ထင်ရှား ကျော်ကြားကာ ယနေ့တိုင် သုံးနေဆဲပင်။ သည့်ပြင် ယင်းအိ်မ်သုံးဆေးများမှာ အကုန်အကျ စရိတ်စကမရှိဘဲ တခြားလည်း သွားရှာစရာမလိုဘဲ အိမ်တွင်းမှာပင် ရှိနေသော နေ့စဉ်သုံးစွဲ တွေ့ထိလျက်ရှိသည့် အရာများသာ ဖြစ်ပါသည်။ လက်တွေ့အားဖြင့်လည်း ယင်းအိမ်သုံးဆေးများသည် အံ့ဩဖွယ်ကောင်းလောက်အောင် အမှန်တကယ် ထိရောက်ကြောင်း တွေ့ရှိရပါသည်။ ဈေးနှုန်းလည်း သက်သာ၊ လွယ်လင့်တကူလည်းရပြီး အကုန်အကျမရှိသလောက်ဖြစ်သော ဆေးမြီးတိုများဖြစ်ပါသည်။ မိခင်သဘာဝတရားက လူသားအားလုံးကို စောင့်ရှောက်လျက်ရှိပါသည်။ (သည်းခြေအိတ် ကျောက်အတွက် ကုသသည့် ဆေးမြီးတို) Dulwish Health Society မှ ပြဋ္ဌာန်းထားသည့် သည်းခြေအိတ် ကျောက်တည်ရောဂါအတွက် ကုသနည်းမှာ အောက်ပါအတိုင်း […]


Yin Nyine NwayFebruary 9, 20111min24010
“ခံရခက်လိုက်တာကွာ” လူအတော်များများ ခံရခက်နေကြလေရဲ့။ အကြောင်းအမျိုးမျိုးကြောင့် ခံရခက်နေကြသပေါ့။ ရွေးကောက်ပွဲမှာ ဖွတ်+ကြံ့က ကြိုတင်မဲနဲ့ အဓမ္မအနိူင်သွားလို့ ရွေးကောက်ပွဲဝင် ဒီမိုပါတီတွေနဲ့ အဲဒီပါတီတွေကို မဲပေးမိသူ ပြည်သူလူထုတစ်ရပ်လုံးကလည်း ခံရခက်နေကြတယ်။ စိတ်ပိုင်းဆိုင်ရာ ခံရခက်မှုတွေနဲ့အတူ အံတကျိတ်ကျိတ်နဲ့ပေါ့။ အစော်ကားခံရတာကိုး။ ဟိုလူက စောင်းလို့၊ ဒီလူကရွဲ့လို့ အခံရခက်နေရှာတဲ့ လူတွေလည်း မနည်းမနောပေပဲ။ ဒီလိုနဲ့ စိတ်ထဲမှာ ပြန်တွယ်ချင်ပေမဲ့ အခွင့်မသာလို့ ခိုးလိုးခုဖြစ်နေရရှာတဲ့ ခံရခက်မှုက တစ်မျိုး။ တစ်ခါတလေ ဘွတ်ဖိနပ်စီးပြီး လမ်းသွားရင် ဖိနပ်ကြားထဲ ခဲလုံးသေးသေးလေးတွေ တစ်လုံးစ နှစ်လုံးဝင်တတ်သေးရဲ့။ အဲလိုဖြစ်ပြီဆိုရင် လမ်းသွားရတာ အတော့်ကို ကသိကအောင့်နိုင်တာကလား။ လူကြား သူကြားထဲဆို အသာဆိုးသေးဗျာ။ ဆက်သွားဖို့လည်းခက်ခက်၊ ဖိနပ်ချွတ်ဖို့လည်းခက်ခက်နဲ့။ မသိမသာ မှေးပြီးလမ်းလျှောက်နေရတယ်။ ခြေထောက်က မျက်တဲ့မျက်တဲ့နဲ့ဆိုတော့ လမ်းသွားရတာ သိပ်မဖြောင့်ချင်ဘူး၊ ဟုတ်စ။ […]


Yin Nyine NwayFebruary 9, 20111min1372
ဗုဒ္ဓ နှင့် ကျန်းမာရေး ရောဂါဝေဒနာ ပျောက်ကင်းလာစေရန် အတွက် လူနာအနေနှင့်လည်း သမားနှင့်လည်းကောင်း သူနာပြု နှင့် လည်းကောင်း ပူးပေါင်းဆောင်ရွက်သင့်၏ ဟု ဗုဒ္ဓက ညွှန်ကြား ဟောပြ ထားတော်မူသည်။ မည်ကဲ့ သို့ ပူးပေါင်း ဆောင်ရွက် ရမည်နည်း။ လူနာသည် ရောဂါ နှင့် မတည့်သောအစာကို ရှောင်ကျဉ်ပြီး တည့်သော အစာကိုသာ အတိုင်းအတာ နှင့် စားရမည်။ မည်မျှ စားသင့်သည် ကိုသိထားရမည်။ သမားပေးသော ဆေးကို မညည်းမညူဘဲ စားရမည်။ မိမိ၏ သမား သို့မဟုတ် သူနာပြုအား မိမိရောဂါဝေဒနာ အကြောင်းကို ရိုးသားစွာ တင်ပြရမည်။ မချိမဆန့် ရောဂါဝေဒနာ နာကျင်ခံခက် ဖြစ်နေသည့် အချိန်၌ ပင်ဖြစ်စေ၊ ဝေဒနာကို ခံနိုင်ရည်ရှိအောင် […]


Yin Nyine NwayFebruary 9, 20111min1590
ကိလေသာ အကျဉ်း(၁၀)ပါး ၁- လောဘ = လိုချင်တပ်မက်ခြင်း ။ ရာဂ က တရားကိုယ်အားဖြင့် လောဘမှာ ပါပါတယ်။ ၂- ဒေါသ = အမျက်ထွက်ခြင်း ။ ( စိတ်ထဲမှာ တနှံ့နှံ့နဲ့ အသားထဲဆူးဝင်သလို မျက် နေတာ ၊ စိတ်ထဲမှာပဲ တင်းပြီး မပေါက်ကွဲသေးတဲ့ အဆင့် ၊ physically ဘာမှ မလုပ်သေးတာကို ကောဓ (အမျက်) လို့ ခေါ်ပါမယ် ။အဲဒီ ကောဓ အပြင်ထွက်ပေါက်ကွဲရင် ဒေါသ ဖြစ်ပါတယ်။ ဒါကြောင့် ကဏ္ဍဇာတ်တော်မှာ ကဏ္ဍရသေ့ကြီးက ကောဓ မဖြစ်ရပါလို၏ ၊ ဒေါသ မဖြစ်ရပါလို၏ လို့ ခွဲပြီး ဆုတောင်းအဓိဌာန်ပြုပါတယ်။) ၃- မောဟ = […]