ဖိုးလှကြီးသို့တမ်းချင်း… (မေဒေး.. အလုပ်သမားနေ့အမှတ်တရ) ငယ်ငယ်က ကျောင်းစာမှာဖတ်ခဲ့ဖူးတယ်..။ ဆယ်ပေပတ်လည်အခန်းကျဉ်းထဲ.. အိမ်ထောင်စုတစ်စုလုံးနေကြတယ်တဲ့.. ခင်ဗျားကို…လိုက်ပြချင်ပါတယ်.. စက်မှုဇုံတွေအနီးက မီးမလာတဲ့စုပေါင်းတိုက်ခန်းလေးတွေ.. အဖိချတဲလေးတွေကိုလေ…..။ အိုတီတဲ့ . တအိုတီထဲ တီနေလို့… အိုတီကြေး ၂၅ဝ အတွက်…ခေါင်းအမူးခံကျီးပေါင်းတက်ခံ၊ မျက်လုံးအပျက်ခံအလုပ်လုပ်နေတဲ့ဘဝတွေ…. စီးလာတဲ့ဖယ်ရီကားပြိုင်မောင်းလို့ မနက်အတွက် ဈေးဖိုးတွက်ရင်း… မရဏလမ်း မှာ ဈေးဝယ်ထွက်ခဲ့တဲ့ ဘဝတွေ..။ မျက်စိသူငယ် . နားသူငယ်နဲ့ နေပူထဲရပ်ပြီး ၂၅ဝ အတွက် ရက်ဆက်မတ်တတ်ရပ်တဲ့ဘဝတွေ..။ ဆွဲဆောင်မှုမျိုးစုံဖျားယောင်း…ကုမဏီပိုင်ရှင်ရဲ့စပွန်ဆာရန် မတွန်းလှန်နိုင်လို့ အလှအတွက်.. ဓန .. အတွက် ဘဝပျက်သူတွေ..။ လမ်းမအလယ်မှာ …ပေါက်တူးကိုင်လို့ အိမ်အပြန်မျက်နှာပန်းလှအောင် ကျွဲပုခုံးထ နှဖူးကချွေးခြေမကျအောင် ကြိုးစားရင်း.. ရန်သူမျိုးငါးပါးရဲ့ သားကောင်ဖြစ်သွားသူတွေ…။ ဘဝတွေ .. ဘဝတွေ….. စုတ်ပြတ်ဆင်းရဲနေတဲ့ဘဝတွေကို…. ခင်ဗျားကိုပြရင်း……….ခင်ဗျားတို့ခေတ်မှာတင်မဟုတ်ဘူး… လို့ ရေးသားရင်း […]