အိမ်ကိုလွမ်းနေရတဲ ့ကျွန်တော်သူငယ်ချင်းတွေအတွက် စိတ်ပြေပျောက်စရာအပန်းဖြေစရာလေးပေါ ့ဗျာ ပျော်ရွင်မူ ကိုဘီယာတွေအရက်တွေနဲ ့မရှာပါနဲ ့နော် ရီမောစရာဟာသတွေကိုဖတ်ပြီး ရှာတာပိုကောင်းမယ်လိုထင်ပါတယ် ၁။ စိုးရိမ်လို့ပါ.. ရောဂါကြီးသဖြင့် လုံးဝ မျှော်လင့်ချက်မရှိတော့သော လူနာအဖြစ် ဆရာဝန်များ လက်လျှော့ထားကြသော ကိုမေတ္တာက ဇနီးသည်ကို ပြောသည်။ ယောက်ျား။ ။”မင်း ငါ့အပေါ် တစ်သက်လုံး သစ္စာစောင့်ခဲ့တဲ့ မိန်းမ ဖြစ်ကောင်းဖြစ်မယ်။ သစ္စာဖောက်ခဲ့တာလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ ဘယ်လိုလိုပဲဖြစ်ဖြစ် ငါမသေခင် အမှန်ကို သိသွားချင်တယ်ကွာ.. ငါ့ကို မှန်မှန်ပြောပါ။ ငါ့ကိုမင်း သစ္စာ ဖောက်ခဲ့ဖူးသလား” မိန်းမ။ ။”မတော်တဆ ရှင်မသေရင် ဘယ့်နှယ် လုပ်မလဲ” ၁။ ဗိုလ်ချုပ်ကြီး အတန်းပိုင်ဆရာမက ပီတာလေးကို ဆူသည်။ “မောင်ပီတာ၊ မင်းဟာ လွန်လွန်းပြီကွယ့်၊ မနေ့က လေ့ကျင့်ဖိုု့လေ့ကျင့်ခန်း စာအုပ်မပါဘဲ […]