မိုးမင်းသား ပြော ချင်တာလေးက…ဒီလို… ကျွန်တော် ့ရဲ ့.. တွေ ့မြင် ခဲ့ရတဲ ့အဖြစ်ကလေးတစ်ခုကို ရွာသူ ရွာသားများ.သိစေဖို ့… ဖောက်သည်ချ ပါရစေ ။ အဖြစ်က.. ဒီလိုပါ…ဒီလိုပါ ။ ကျွန်တော်က မရမ်းကုန်မြို့နယ်ထဲမှာ..နေပါတယ် ကျွန်တော် အလုပ်က ပြန်ရင်.. ရှစ်မိုင် လမ်းဆုံ ကနေ 81 ဖြစ်ဖြစ်.. ၊ 103 နီ / ပြာ ဖြစ်ဖြစ်.. ခေမာသီကားကို စီးရပါတယ် ။ မေဓါဝီ လမ်းဆုံးမှာ ဆင်းပြီး.. လမ်းလျှောက်ရပါတယ် ။ အဲဒီလို မှ မသွားချင်ရင်.. 51 စီးပြီး.. ဆယ်မို်င်ကုန်းမှာ ဆင်းကာ.. လေဆိပ် ကားလေး.ကို..တဆင့် ထပ်စီးပြီး.. လမ်းလျှေုာက်ရင်.ရောက်ပါတယ် ။ […]


mamanoyarJanuary 9, 20131min1605
တစ်ခါကရွာတစ်ရွာမှာ ဆင်းရဲသားမျက်နှာမွဲမိသားစု သုံးယောက်ရှိလေသည်။ ဆင်းရဲသည်ဆိုရာဝယ် အလွန်အမင်းဆင်းရဲခြင်းတော့ မဟုတ်ပါ။ မိခင်ဖြစ်သူမုဆိုးမနှင့်သမီးဖြစ်သူမှာလဲ အခြေအနေအရ ရွာထဲမှ “အတတ” နိုင်လွန်းသူ မောင်လွဲပိုနှင့် အိမ်ထောင်ဖက်ဖြစ်ခဲ့သည်။ မောင်လွဲပိုမှာ နာမည်နှင့်လိုက်အောင်လွဲနိုင်လွန်းသူဖြစ်သည်။ တစ်နေ့ ဇနီးသည် ကိုယ်ဝန်ဆောင်ပြီး မွေးခါနီး ဗိုက်နာလာလေသည်။ ထိုအခါ မိခင်ဖြစ်သူမှာ အရပ်လက်သည်နှင့် ခေါ်မွေးသော်လည်း အခြေအနေမကောင်းသဖြင့် သမက်ဖြစ်သူအား တစ်ဖက်ရွာမှ သားဖွားဆရာမအား အမြန်သွားပင့်ရန် ခိုင်းလိုက်လေသည်။ ဆိုင်ကယ်၊ စက်ဘီးမရှိသော မောင်လွဲပိုတစ်ယောက် တစ်ဖက်ရွာအား ခြေလျှင်ပြေးရတော့သည်။ ဒီလိုနှင့် မောင်လွဲပို တစ်ဖက်ရွာမှ သားဖွားဆရာမ ဆေးခန်းရောက်ချိန်တွင် ဆရာမအားမတွေ့ရသဖြင့် တစ်ဖက်အိမ်အားမေးကြည့်ရာ ဆရာမခတ္တမြို့ပြန်သွားကြောင်းသိရလေသည်။   မောင်လွဲပိုတစ်ယောက် စိတ်ညစ်ညစ်နှင့် ပူပန်စိတ်တို့များကာ ရွာအပြင်ဘက်အပြန်လမ်းမကြီးသို့ထွက်လာခဲ့သည်။ ထိုအခါ တစ်ဘက်မှ လမ်းမကြီးအတိုင်း အဝေးကြီးမှ တစ်ဖြည်းဖြည်းလာနေသော ကားတစ်စီးကို တွေ့လိုက်ရသည်။ […]


ကျွန်မတို့မိသားစုရဲ့ကိုယ်တွေ့အဖြစ်အပျက်လေးပါ။ ကျွန်မအနေနဲ့ ယုံကြည်ခြင်း၊မယုံကြည်ခြင်းကို အငြင်းပွားဖို့တော့မဟုတ်ပါဘူး။ ကျွန်မကိုယ်တိုင်လည်း ယုံကြည်ခြင်း၊မယုံကြည်ခြင်း ကိုဆုပ်ကိုင်မထားပါဘူး။ တကယ်ဖြစ်ပျက်ခဲ့တာလေးကို အများသိအောင်ပြောပြချင်ရုံသက်သက်ပါ။ ဒီနေ့အချိန်တွေအထိ ကျွန်မတို့အိမ်ကလူကြီးတွေ ပြောနေဆဲ အဖြစ်အပျက်ဆန်းလေးမို့ပါ။ ကျွန်မတို့မျက်စိထဲ ရုပ်ရှင်ကြည့်ထားရသလို စွဲနေလောက်အောင်ကြားနေကျအဖြစ်အပျက်လည်းဖြစ်ခဲ့ပါတယ်။ ကျွန်မလသားအရွယ်လောက်ကပါ။ မေမေက အိပ်ယာထဲမှာ ကျွန်မကိုသိပ်နေတယ်။ ဖေဖေက ကုတင်ဘေးက ကြောင်စီစီနဲ့ငုတ်တုတ်ကြီးထိုင်နေတယ်။ မေမေက ဘာဖြစ်လို့လဲ မေးတော့လည်း ဘာမှပြန်မဖြေပဲ မျက်လုံးတွေကလည်းပုံမှန်မဟုတ်ပဲ တမျိုးကြီးဖြစ် နေတယ်။ လုံးဝမေးမရ၊ပြုမရနဲ့ ငိုလိုက်၊ရီလိုက်နဲ့တစ်မျိုးကြီးဖြစ်နေတာမို့မေမေက သူ့အစ်ကို ရှေ့နေကြီးကိုသွားပြေး ခေါ်တယ်။ အနောက်တိုင်းဆေးပညာကလွဲရင် ဘာကိုမှအယုံအကြည်မရှိတဲ့ ကျွန်မဘကြီးက ဖေဖေ့ကို ဆေးရုံသို့ချက်ချင်း ပို့လိုက်တယ်။ ဆေးရုံပေါ်မှာလဲ ဖေဖေက ဘာရောဂါမှရှာမတွေ့ပဲ ရီလိုက်၊ငိုလိုက်နဲ့ ကြောင်စီစီသာဖြစ်နေသတဲ့။ ဒီလိုနဲ့ မေမေတို့လည်း ကျွန်မ ဘကြီးမသိခင် ပယောဂဆရာတစ်ယောက်ကိုဆေးရုံကိုပင့်ပြီးကုသတဲ့။ ပယောဂဆရာက ဖေဖေ့ကိုတွေ့တဲ့အချိန်မှာ “မင်းဘယ်သူလဲကွ”လို့မေးသတဲ့။ နောက်ပြီး […]


KyaemonDecember 26, 201265min791
ရေကာတာနဲ့အခြားရှုခင်းတွေကိုလိုက်ကြည့်ရအောင်၊   တောတောင်ချောင်းမြောင်း၊ ရေကန်ဆည်မြောင်း၊ လယ်ယာကိုင်းကျွန်း ကွင်းပြင်မြေပြန့် အနှံ့တို့ရဲ့ သဘာဝဝန်းကျင်အလှကို ရင်သပ်ရှုမော မြင်တွေ့ခံစားနိုင်တာပါ Laggan ရေကာတာပါ  ၁၉၃၆ ကဆိုလို့ ၇၆ နှစ်တောင်ကြာပါပြီ Laggan Dam, 21-7-09 | Flickr – Photo Sharing! http://www.flickr.com/photos/domino_nz/3912137614/ Laggan Dam is a dam located on the River Spean south west of Loch Laggan in the Scottish Highlands. The dam is 700 feet (213 metres) long and rises 170 […]


KyaemonDecember 24, 2012150min1201
 အထက်ပါပုံဟာယခင်ကTyskedammne ရေကာတာဟောင်းဖြစ်ပြီး ယခုကျတော့မြင်တဲ့အတိုင်းပျက်စီးယိုယွင်းနေတာပါ၊ ——————— စကားမစပ်ကျနော့ပေါက်ဖော်ကြီးဦး”အာချောင်တီး”က   ဒီပုံကိုမြင်သွားတာနဲ့ချက်ချင်းဘဲအမူအရာပြောင်းသွားခဲ့တာ၊ ရွှေတုံးတတုံးကောက်ရသလိုလို၊ထီပေါက်သွားသလိုလို၊ သူကမနောပီတိဂွမ်းဆီထိတဲ့အလား၊ပီတိအစုံစုံဝေဖြာလွှမ်းမိုးကာ  “ဝဇ်ဇာဓိုရ်”လိုခုန်ပေါက်ခုန်ပေါက်နဲ့ဟိုယိုင်ဒီယိုင်ညိမ်း”က”နေတော့ရာ၊ မကြာခင်မှာဘဲသူကငယ်သံပါအောင်၊တချက်တချက် အားရပါးရအော်ဟစ်ကြွေးကျော်လိုက်တာက “အောင်ပြီ၊ငါဒို့အောင်ပြီ၊” “အရေးတော်ပုံအောင်ရမယ်” ဆိုတာ၊ မရှေးမနောင်းခင်မှာဘဲသူကတချက်ထဲတအားခုန်ပေါက်လိုက်တာနဲ့၊    New Yorkနယူးယောက်သားပီပီNew Yorkနယူးယောက်ကအသစ်တဖန်ပြန်လည် တည်ဆောက်လိုက်တဲ့TwinTowersအမွှာပူးမိုးမျှော်တိုက်ခေါင်မိုးပေါ်ကို တချီထဲနဲ့ရောက်တော့တာ၊   Supermanလိုအပေါ်ကိုရောက်တော့လဲ၊ တဖျစ်တောက်တောက်အော်ဟစ်ကြွေးကျော်နေပြန်တာက “ဟဲ့ငမိုက်သားကြေးမုံဂျီးရာ၊နင်ဘာပြောအုံးမလဲ၊” “ငါအစောကြီးကပြောပြောနေသားဘဲ” “ငလျင်၊ငလျင်ဆိုတာလေ”  “နင်မှတ်မိသေးရဲ့လား” “မင်းက”ငကြောင်ကြီး”ကြောင်တောင်တောင်မို့လို့မယုံတာ၊” “ကြည့်စမ်းကွာငါ့လူ၊ငလျင်ကြောင့်ရေကာတာကြီး အစိတ်စိတ်အမွှာမွှာဖြစ်ရပြီမဟုတ်လားကွာ” “ငါ့ကိုအံတုလို့ရမလားကွာ၊ဟဲဟဲ၊ဟဲဟဲ” “နင်သိဘို့ရာ၊ကြောင်ပုဇွန်စားကျွတ်ကျွတ်ဝါးလို့ဘဲမှတ်၊ဟဲဟဲ၊ဟဲဟဲ” ဆိုပြီးအသစ်ချပ်ချုပ်အမွှာမိုးမျှော်တိုက်ခေါင်မိုး ကနေကြွားဝါကျိန်းမောင်းကြွေးကျော်နေပြန်တာ၊ —– ဒါနဲ့လူတွေကဝိုင်းလာကြတော့နယူးယောက်ပုလိပ်တွေက အဆွေတော်ဦး”အာချောင်တီး”ကိုအောက်ကနေ အသံချဲ့စက်နဲ့အော်ပြီးရှင်းပြရတာ၊ “ဟဲ့ငတုံး၊ဟဲ့ငကြောင်၊ဒီရွာမှာလာပြီးရူးသလိုလို”အ”သလိုလို နံမယ်နဲ့လိုက်အောင်၊အူကြောင်ကြောင်လာမလုပ်နဲ့” “ဒီရွာမှာအမှားအမှန်ကိုခွဲခြားစိတ်ဖြာတတ်တဲ့ရွာသားတွေရှိတယ်” “အဲဒီပုံကရေကာတာဟာ ငလျင်ကြောင့်ပြိုကျပျက်စီးတာမှမဟုတ်တာ၊ ဒုတိယကမ်ဘာစစ်ဖြစ်တုန်းကဂျာမန်စစ်တပ်ကနော်ဝေမှာ တည်ဆောက်ခဲ့တဲ့ရေကာတာကိုအင်ဂလိပ်လေယာဉ်တွေက ဗုံးကြဲခဲ့တာကြောင့်ပါ၊ —– အဲဒီလိုနဲ့ဆင်းခိုင်းတော့မှသူက”ဈာန်လျှော”လာကာအမြင်မှန်ရတော့တာ၊ မှတ်ချက်၊ဦး”အာချောင်တီးရဲ့”စိုးရိမ်ပူပန်မှုသက်သာအောင်ပြောရမယ်ဆိုရင် ငလျင်ကြောင့်နော်ဝေကရေကာတာကြီးတခုခုပျက်စီးခဲ့လို့လဲ လူတွေကအကြီးအကျယ်သေကြေပျက်စီးရတာဆိုလို့နှစ်ပေါင်းများစွာ (ရာချီနှစ်ပရိစေဒ)ကထဲကမရှိခဲ့ပါကြောင်း၊ နော်ဝေမှာဒီလိုမျိုးကိစ်စလုံးဝ […]


အာဂDecember 22, 20121min27115
ဖြစ်စဉ်(၁) တိုက်နေတဲ့ ဆောင်းလေကပဲ လွမ်းတတ်စေသလား လွမ်းစေတတ်တဲ့ သဘောကပဲ ဆောင်းလေလို အေးခဲနေသလား ဝေဝေ ဝါးဝါးပဲ။ ငယ်စဉ်ကာလ အတိတ်များက ဒီလိုမနက်ဆိုရင် ခပ်လွမ်းလွမ်းနဲ့ ဘာကို ဖော်ပြ၊လွမ်းရမှန်းမသိအောင် လွမ်းမိ။ -အရုပ်ကို ခေါင်ထိအောင် ပစ်ဖို့ ကြိုးစားရင်း ရပ်တည်နေတဲ့ ဘဝများလား။ -ကျောက်ဒိုးချင်း ထိကပ်အောင် ရိုက်ရင်း ၊ တစ်ထွာပြည့် မပြည့် တိုင်းထွားကြည့်နေတဲ့ ဘဝများလား။ -အပေါင်းသင်းတွေနဲ့ လမ်းမ အလယ် ဂီတာတီးရင်း ရီဝေနေတဲ့ ဘဝများလား။ -ထမင်းစားချိန် အိမ်ပြန်မမှီ လို့ အမေ့ကြိမ်လုံး ဒဏ်ဘေး ကင်းစေဖို့ ခဲလုံး နောက်ပစ်ပြီးပြန်တဲ့ ဘဝများလား။ -ဆေးလိပ်ခိုးသောက် လို့ အနံ့မထွက်အောင် ပီကေဝါးသွားတဲ့ နေ့ရက်များလား….။ -ဘာ..ဘာ…ဘာ..မှန်းမသိအောင် ကို ဆောင်းက အလွမ်းတွေနဲ့ […]


ကြောင်ဝတုတ်December 11, 20128min36316
၁၉၈ဝ ပြည့်လွန်နှစ်များမှာ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးကိုအပြောင်းအလဲဖြစ်စေခဲ့တဲ့ သူနှစ်ဦးရှိခဲ့ပါတယ်… သူတို့နှစ်ဦးလုံးဟာ ယခုအချိန်အထိ လူသားတို့အပေါ်မှာကျေးဇူးရှိခဲ့သူများဖြစ်သလို… လူသားအားလုံးကိုလဲ သူတို့ရဲ့တီထွင်ဆန်းသစ်မှုတွေနဲ့ ပိုမိုကောင်းသော… ပိုမိုလွယ်ကူသောဘဝကို ပို့ဆောင်ပေးခဲ့သူနှစ်ဦးပါ… ယခု ၂၀၁၂ နဲ့ ၂၀၁၃ အကူးအပြောင်းကာလမှာတော့ အကျိုးအကြောင်းတိုက်ဆိုင်လို့ပဲဆိုဆို… ရင်ထဲကခံစားနေရ လို့ပဲဖြစ်ဖြစ် ဒီစာကိုရေးမိပါတယ်… ဒီစာလေးနဲ့ ထိုသူနှစ်ဦးကို ဂုဏ်ပြုမှတ်တမ်းတင်ပါတယ်… အဲဒီလိုပဲ ဒီစာလေးက နည်းပညာနဲ့ပတ်သက်တဲ့စာတစ်ပုဒ်ဖြစ်လို့ မှီငြမ်းရေးသားခြင်းထက် ကိုယ်ပိုင်ထိတွေ့ လေ့လာခဲ့မှုပေါ်မှာမူတည်တဲ့ ခံစားမှုကိုထုတ်ဖော်ရေးသားလိုရင်းဖြစ်ပါတယ်… တကယ်လို့ အမှားများဖြစ်ခဲ့မယ် ဆိုရင်လဲ စာရေးသူကျွန်ုပ်၏ညံ့ဖျဉ်းမှုသာဖြစ်ပါတော့တယ်ခင်ဗျား… ထိုသူနှစ်ဦးကတော့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ပန်းသီးကွန်ပျူတာကုမ္ပဏီကိုတည်ထောင်ခဲ့သူ Steve Jobs နဲ့ Microsoft အပျော့ထည်(Software)ကုမ္ပဏီကို တည်ထောင်ခဲ့သူ Bill Gate တို့ပါပဲ…               […]


zaw winNovember 20, 20121min2017
သူများပြောတာ နားယောင် ဟိုယောင်ယောင် ဒီယောင်ယောင် အတွေးအခေါ်တုံးတုံး အကြံဉာဏ်တုံးတုံး လုပ်ဆောင်ချက်တုံးတုံး မင်းတို့ရဲ့ ယောင်ထုံးခေတ်ကုန်ဆုံး မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် သွက်သွက်လက်လက် လုပ်ဆောင်ချက်ကောင်း အကျိုးရှိမဲ့ မြန်ကောင်းခေတ်ကို ရောက်ပါပြီ။ မင်းသုတ 22:55 PM 19.11.2012


မောင်ဘလိုင်November 10, 20123min51534
စမူဆာကို ဘယ်အချိန်က ကျွန်တော်စပြီး စားဖူးမှန်း မမှတ်မိသော်လည်း ဒီနေ့အချိန်ထိ ကြိုက်နှစ်သက် နေဆဲ စားစရာတစ်ခုပင်ဖြစ်ပါသည်။ ကျွန်တော်တို့မြို့မှာ အရင်တုန်းက စမူဆာ လုပ်ရောင်းသော အိန္ဒိယ နွယ်ဖွားများက ကြက်သား၊ ဆိတ်သား များအစာသွပ်ပြီး ကြော်ကြပါသည်။ (ဒီလိုစာသံပေသံနဲ့ရေးတာ သိပ်မကောင်းဘူးထင်တယ်နော်…စကားပြောလေးနဲ့ပဲ ဆက်ကြတာပေါ့..) နောက်တော့ အဲဒီ စမူဆာကြော်သူများလည်း ဘယ်ရောက်သွားမှန်းမသိပါ။ ယခုထိ ကျွန်တော်တို့မြို့ မှာအသားစမူဆာဆိုတာ ဘယ်သူမှမရောင်းကြတော့ဘူးလို့ ထင်တာပဲ။ မြို့တစ်မြို့ရောက်လို့ မုန့်ဆိုင်၊ လက်ဘက်ရည်ဆိုင်ထိုင်မိရင် ကျွန်တော်အရင်ဆုံး မြည်းစမ်းကြည့်တာက မုန့်ဟင်းခါးနဲ့ စမူဆာ။ တွဲစားတာတော့ မဟုတ်ဘူးပေါ့။ အညာဘက်က စမူဆာကြီးတွေကျတော့ အတော်ကြီးတယ်။ စမူဆာ သုပ်ဆိုလည်း တော်တော်ကောင်းတယ်။ နောက် စမူဆာကြော်လို့ ပဲ့ထွက်လာတဲ့ အကြော်အဖတ် လေးတွေကိုလည်း သုပ်စားကြသေးတယ်။ ပလပ်သုပ်ဆိုလား ခေါ်ကြတာ။ စမူဆာ […]


htet wayNovember 9, 20121min29815
နောင်ရိုးတိုက်ပွဲနှင့်ပတ်သက်၍ အိမ်မဲမြို့သို့သမိုင်းသုတေသနကအရာရှိနှစ်ဦးရောက်လာခဲ့သည်။သူတို့က အမျိုးသားပြတိုုက်နှင့်ကမ္မည်းကျောက်စာဌာနခွဲရှေးဟောင်းသုုတေသန၊ စာကြည့်တိုက်ဦးစီးဌာနက လာတယ်တွေ့ချင် နေကြတယ် ဆိုတော့ အစကတော့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှာစောင့်မည်ထင်မိခဲ့သည်။တွေ့ချင်သည်ဆို၍မိမိကရှာလိုက်သည့်အခါ မြိုစွန်ချောင်းဝပိုင်းတံတားထိပ်ကတံတားဆောက်လုပ်ရေးမှာစောင့်ဆိုင်းနေ၍ထိုနေရာ၌ပင် စကားပြောခဲ့ကြသည်။သူတို့နှင့်ပါလာသူကဓါတ်ပုံတွေရိုက်ကြ၊ဆွေးနွေးပြောဆိုကြပြီး သမိုင်းဝင် ရှင်ပင်ချမ်းသာ ဘုရားကြီးကိုဖူးချင်သည်ဆို၍အိမ်မဲမြို့နယ်အသင်းကဦးခေတ်ဟုတ်ကလိုက်ပို့ပေးသည်။ ညပိုင်းနန်းထိုက်တည်းခိုခန်းရဲ့ဧည့်ခန်းဆောင်မှာထိုင်ပြီးဆွေးနွေးဖြစ်ခဲ့ကြတယ်။ သူတို့ကကျွန်တော်ရေးတဲ့နောင်ရိုးတိုက်ပွဲဆိုသောထိုအရပ်ဆောင်းပါးကိုထုတ်ပြလို့၊ “အိမ်မဲမြို့နယ်ထဲတွင်နောင်ပါသော၊ရိုးပါသောအမည်ပါ ရွာတွေအမြောက်အများရှိသည်။ရွာဆူရိုး၊ဖိုးလှာ်ရိုး၊အကယ်ရိုး၊ရိုးကြီး ၊ငရံရိုး၊ကန်သင်းရိုး..စသဖြင့်ရိုးပါသောရွာတွေရှိသည်။နောင်ပါသောနောင် အန်းတမိတ်(ယခုအင်းတမိ)ဆိုတာရှိသည်။နောက်ဆင်ကူး၊ဆင်ဆိပ်ဆိုတာတွေလည်းရှိသည်။ သမိုင်းပညာရှင်ဒေါက်တာတိုးလှက(၁.ရ.၂၀၁၂)ရက်နေ့တွင်အိမ်မဲမြို့နယ် အသင်းနှင့်ဆင်ကူးဆင်ဆိပ်ကိုသမိုင်းဆိုင်ရာအထောက်အထား သွားရောက်လေ့လာရန်သွားခဲ့သည်။အပြန်မှာအိမ်မဲမြို့ထိပ် ကရွှေအိမ်ရတနာဘိုးဘွားရိပ်သာမှာဆွေးနွှေးပွဲလေးတစ်ခုပြုလုပ်ရသည်။ကံအားလျှော်စွာ မိမိလည်းတက်ခွင့်ရလိုက်သည်။ဆွေးနွှေးပွဲမှာပညာရေးမှူးအငြိမ်းစား တစ်ဦးကနောင်ပါသောရွာများ၊ရိုးပါသောရွာများအကြောင်းပြောရင်း နောင်ရို့ဆိုသည်မှာယခင်ကမွန်ကရင်များနေထိုင်ရာမှ၎င်းတို့စကား နက်ရှိုင်းသောအင်းဟူအေဓိပါယ်ရကြောင်းပြောခဲ့သည်။ဝေါဟရဖွင့်ဆိုချက်မှာ နီးစပ်မူရှိသည်ကိုတွေ့ရသည်။” ဆောင်းပါးပါ အချက်များကို မေးမြန်းကြသည်။ကျွန်တော်ကလည်း ကျယ်ကျယ်ပြန့်ပြန့် သိသလောက်ကို ရှင်းပြ ပြောပြ ခဲ့သည်။ သတင်းထောက်ဇာ်ထက်အိ်မ်မဲရေးတဲ့(၁.၇.၂၀၁၂)ပါကြေးမုံသတင်းစာမှာပါတဲ့စာရေးဆရာထက်ဝေးက ကျေးရွာတစ်ရွာ၌ရှေ့ဟောင်းလောင်းလှေကြီးတစ်စီးတူးဖေါ်ရရှိသည်ကိုတင်ပြဆွေးနွေးဟူသောကိစ္စကိုလည်း မေးမြန်းသည်။ကိုယ်ကလည်းသိတာကိုရှင်းပြခဲ့ရသည်။အိမ်မဲမြို့နယ် အင်းတမိကျေးရွာ၌၁၉၇၄ခုနှစ်ကရေတွင်းတူးရင်းလှေပဲ့ပိုင်းပျဉ်ချပ်ကြီးရကြောင်းကို သေချာရှင်းပြပြောပြခဲ့သည်။ အိမ်မဲမြို့နယ်မှာလည်းပါးစပ်ရွာရာဇဝင်ဖြစ်နေခဲ့သည်နောင်ရိုးတိုက်ပွဲသည်အိမ်မဲမြို့နယ်တွင်းမှာဖြစ်ခဲ့သည်။အခုလာရောက်သောအဖွဲ့ကညောင်တုန်းမြို့နယ်တွင်လေ့လာရေးကွင်းဆင်းအုံးမည်။သူတို့က ထန်းတစ်ပင်အနီးကရွာတစ်ရွာကိုစိတ်ဝင်စားသည်။အင်္ဂပူရမြို့ဟောင်းရှိမှနောင်ရိုးတိုက်ပွဲဖြစ်တဲ့နေရာဟ ယုံကြည်ချင်ပုံရသည်။အင်းမျောကျွန်းတိုက်ပွဲနှင့်ပတ်သက်သောနေရာဆိုတာကိုတွေ့ချင်သည်။သုရှင်တကာရွတ်ပိနတ်ရွာစံစဉ်အရိုးအိုးနှင့်စေတီတည်ထားသည့်နေရာကိုတွေ့ပါမှနောင်ရိုးတိုက်ပွဲ ဖြစ်သည့်နေရာဟုလက်ခံချင်ပုံရသည်။ဒါကသူတို့ အပိုင်းဖြစ်သည်။ ဆရာဒါရိုက်တာအောင်စိုးဦးကလည်းဖုန်းဖြင့်သူတို့ကို ရိုးကြီးရိုးလေးဘက်လိုက်ပြဖို့ပြောသည်။ခက်သည်ကသုတေသနအဖွဲ့ကနက်ဖြန် နေပြည်တော်ရောက်အောင်သွားရမည်ဆို၍ အချိန်မရတော့။တစ်ညအိပ်သာနေ၍ အိမ်မဲမြို့နယ်အသင်းက အိမ်မဲမြို့နယ်ဇရပ်ဆိပ်ကိုသာလိုက်ပို့လိုက်ရသည်။အဆိုုပါအဖွဲ့မှမြေပြင်အနေအထား များကိုGPSဖြင့်မှတ်တမ်းတင်ရိုက်ကူးကြသည်။ဘုရင့်နောင်မင်းတရာကြီးတည်ထားကိုးကွယ်ခဲ့သည်ဆိုသော […]


ဘဝမှာ..လူတွေက သေပျော်ပြီ .နေပျော်ပြီလို ့ အဓိပ္ပါယ် အမျိုးမျိုးနဲ ့ ဖွင့်ဆိုနေထိုင်ကြတယ် ။ တကယ်တမ်းတော့ ကိုယ်နေချင်သလို.. ကိုယ် လုပ်ပြ ချင်သလို မရဘူး ဆိုတာ ကို ကောင်းကောင်း သဘောပေါက် ရမှာပါ ။ ကျွန်တော့် ဘဝမှာ.. လူမှန်းသိတတ်စ အရွယ် မှာ.. ေဖေဖေ ဆုံးတယ် ။ ကျွန်တော်..လေးတန်းနှစ် အရွယ်ရောက်ပြန်တော့.. မေမေ ဆုံးတယ် ။ ရွှေတော်ကြိးတွေ..ပြို ကျ သွားတယ်..လို ့.. တင်စားချင်ပေမယ့်.. အမှန်တကယ်တော့… ကျွန်တော်..နားမလညသေးပါဘူး ။ ကျွန်တော် တို ့မှာ.မောင်နှမ ငါးယောက် ( ကျွန်တော် အပါအဝင် ) ရှိပါတယ် ။။ ကျွန်တော် က အငယ်ဆုံး..ပါ […]


KyaemonNovember 5, 201234min1443
        နိုဝင်ဘာလ ၅ ရက်နေ့ဟာ Guy Fawkes  နေ့လို့ယူကေ က အသိအမှတ်ပြုကြတာ၊ Canada, New Zealand, Australia မှာလဲထပ်တူ ပါ၊ Guy Fawkes ကိုဂုဏ်ပြုတာမဟုတ်၊၎င်းကိုရှုံ့ချတဲ့အနေနဲ့နှစ်စဉ်သူ့ရုပ်ပုံတူကိုမီးတင်တာ၊   နိုဝင်ဘာလ ၅ ရက်နေ့ကျရင် မြို့ကလူတွေက မီးဒုတ်တွေကိုကိုင်ပြီး စီးတန်းလှည့်ကာ အပြီးမှာပုံတူတွေကို မီးရှို့ကြတာ၊  ဟိုခေတ်က Pope ပုတ်ရဟန်းမင်းကြီးပုံတူရော၊ လက်ရှိနိုင်ငံရေးခေါင်းဆောင်ပုံတူလဲမီးထဲပါတတ်တာပါ၊        အောက်ပါ ပုံတွေ ဆလိုဒ်ရှိုးတွေက ပွဲအဖြစ်နှ စ်စဉ်ကျင်းပတဲ့ Rye, Lewes, Robertsbridge မြို့တွေကပါ၊       Rye Bonfire Night 2011 – a […]


black chawOctober 28, 20121min39321
ကမ္ဘာသိ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းက ပြောခဲ့တာတဲ့ ကျောင်းဒကာကြီးတို့ရေ…။ မအ အောင် သမိုင်းကို လေ့လာတာပါ တဲ့…။ ခင်ဗျားတို့ရော သမိုင်းကို ဘယ်လောက်လေ့လာထားမိကြပါသလဲ…။ ဘလက်ကြီးကတော့ သမိုင်း ကိုကျော်ပြီး ခဝဲခြံအလွန်က စက်မှုတက္ကသိုလ်ကျောင်းတော်ကြီးအထိ လေ့လာခဲ့ဘူးပါတယ်တဲ့…။ နောက်တာပါဗျာ…။ လေ့လာရုံလေးနဲ့တော့ နေရာကျလိမ့်မယ်လို့ မျှော်လင့်မထားသင့်ပါဘူး…။ သမိုင်း ထဲက အမှားမျိုးတွေကို မကျူးလွန်မိအောင် သင်ခန်းစာယူတတ်ဖို့က အဓိကကျပါတယ်…။ သမိုင်း ကို သင်ခန်းစာမယူတတ်ကြသူတွေထဲက တစ်ယောက်ကို ဆွဲထုတ်ပြပါဆိုရင်တော့… အာဏာရှင်ဟစ်တလာ ကိုပဲ ပြရတော့မှာပဲ…။ ဟစ်တလာဟာ ပြင်သစ်စစ်သူကြီး နပိုလီယန် ကျူးလွန်ခဲ့တဲ့ သမိုင်းထဲက အမှားကြီးကို သင်ခန်းစာမယူမိလို့ ရုရှားနိုင်ငံရဲ့ပျင်းထန်တဲ့ ဆောင်းရာသီအောက်မှာ စစ်ရှုံးခဲ့ရတာကတော့ ထင်ရှားပါတယ်…။ ပြောသာပြောရတာပါ… ဟစ်တလာဆိုတဲ့ ပုဂ္ဂိုလ်အကျော်အမော်ကြီးတစ်ယောက် ပြင်သစ်စစ်သူကြီးနပိုလီယန်အကြောင်း ကြားမှ ကြားဖူးလေရဲ့လားမသိ…။ ထားလိုက်ပါ… […]