စောစောစီးစီး မြို့မေတ္တာ ခံယူခွင့်ပြုပါဦး။ 😛 လွန်ခဲ့တဲ့ သုံးလေးရက်က စပြီး မနေ့က မနက်အထိ ကိုယ့် Messenger ထဲကို တတိန်တိန် ဝင်လာတဲ့ စာတွေထဲမှာ …. ”၁၁ရက်နေ့ကျရင် ဂျီဖက်က ဂျီဟက် လုပ်မှာမို့ ဆိုလား…. အဲ့ဒါ သွားသတိ လာသတိနဲ့နေဖို့ ၊ လက်နက်ခဲယမ်းတောင် အသင့်ဆောင်ထားဖို့ သတိပေးတယ်..ဘလယ် ဘလယ် ဘလာဘလာ”ဆိုတာတွေ အများအပြား ရောက်လာတယ်။ ကိုယ့်ကို သတိတရရှိပြီး စိတ်ပူပေးတာ သတိပေးတာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့…. ဘုန်းကြီးအိပ်မက် စာလိုလိုနဲ့ မိတ်ဆွေဆီကို ဖြန့်ဝေပေးနေတာလို ဖြစ်လာတာမို့….အဲ့ စာတွေကြောင့်ကို တွေ့သမျှ အသားမဲတွေကို ဓါးနဲ့အရင် ပြေးပိုင်းထားရမလိုလိုကြီး။ နောက်ပြီး အဲ့လို သတိပေးစာလိုလိုနဲ့ ခြိမ်းခြောက် […]