htet wayJuly 30, 20141min27013
ညီမလေးရေဖေ့စ်ဘွတ်ခ်(FaceBook)ဆိုတာလူသုံးများတဲ့ခေတ်စားနေတဲ့အရာတစ်ခုမဟုတ်လား။ ကျောင်းဆရာမလေးတစ်ယောက်ကတော့`ကျမဖေ့စ်ဘွတ်ခ်မသုံးးချင်တော့ဘူးစိတ်ပျက်လာတယ် `ကျမအကောင့်ကိုဟတ်ပြီးပေါက်တတ်ကရပုံတွေတင်ထားမှာလည်းစိုးမိတယ်´..တဲ။့ နောက်တစ်ယောက်ကတော့လူမူရေးအသင်းအဖွဲ့တစ်ခုကခေါင်းဆောင်တစ်ယောက်ပါဖုန်းဆက်ပြီးပြောပြန်တယ်ညီမလေးရယ် ဖေ့စ်ဘွတ်ခ်ကိုဖွင့်လိုက်ရင်ဖန်တီးချက်တွေ၊အတင်းအဖျင်းတွေ၊အမုန်းတွေနောက်မပေါ့်တပေါ်ပုံတွေစိတ်ပျက်တယ်ဗျာ. ဒါကြောင့်ပိတ်လိုက်ပြီ..တဲ့။ နောက်တစ်ဦးကတော့ဖေ့စ်ဘွတ်ခ်ကိုစွဲလမ်းနေသူပါသူကတောအချိန်ပြည့်အွန်လိုင်းသုံးတယ်။ သူ့အကောင့်ကိုတစ်ယောက်ကဟတ်လိုက်ပြီး`ဒီကောင်မလေးဟာသူ့ချစ်သူပါလို့ရေးပြဓါတ်ပုံတွေမှာနည်းပညာနဲ ့နှစ်ယောက်ယှဉ်တွဲထားတဲ့ပုံကိုတင်လိုက်တော့သူအကြီးအကယ်တုန်လှုပ်တော့တာပဲညီမလေးရယ်။ သူလည်းဖေ့ဘုတ်အကောင့်ကိုပိတ်လို့စွန့်ခွာခဲ့ပါတယ်။ဒီတော့ညီမလေးရယ်ဖေ့စ်ဘွတ်ခ်မှာဗဟုသုတတွေရတယ် ၊ဖေ့ဘုတ်မှာကိုယ့်ခံစားချက်လေးတွေတင်ကြတယ်အကိုဆိုကဗျာလေးတွေတင်လို့၊သတင်းကောင်းလေးတွေရှယ်လို့ပေါ့။ အားလပ်ချိန်လေးမှာအွန်လိုင်းမှာ ရှာဖွေစရာလေးတွေရှာဖွေပေါ့။ သိပ်ပျော်စရာကောင်းတာပဲကွယ်။ အခုလိုဖေ့ဘုတ်ကိုနာကြည်းနေသူတွေရဲ့စကားကိုကြားရတော့အကိုအံ့ဩမိပါတယ်။ညီမလေးရေ တစ်ချို့က ဖေ့စ်ဘွတ်ခ်ကိုလက်နက်တစ်ခုလိုတိုက်ဖို့ခိုက်ဖို့သုံးတတ်ကြတယ်။ တစ်ချို့ကလည်းမိမိစိတ်ခံစားချက်သက်သက်ဖေါ်ပြဖို့သုံးတတ်ကြတယ်။အဲ့ဒီမှာထူးဆန်းတာက အွန်လိုင်းကြူ(Q)နည်းများဆိုပြီးတော့တောင်တစ်ဖက်သားကိုလွှမ်းမိုးဖို့စာတွေရေးထားတာဖတ်ရပြန်ပါတယ်။ အွန်လိုင်းကနေချစ်သူတွေဖြစ်ကြဖို့နည်းပေးလမ်းပြစာသားတွေလည်းတွေ့ရပါတယ်။ အွန်လိုင်းကနေချစ်သူတွေဖြစ်စရာလားလို့ညီမလေးက ပြောအုံးမယ်။ တက္ကသိုလ်ကျောင်းသူတွေတောင်အွန်လိုင်းကနေလှည့်စားခံကြရတာတွေရှိနေပါတယ်။ တခါကပေါ့ဖေ့ဘုတ်သုံးရင်းစကားလုံးပရိယာယ်လွှမ်းမိုးခံရတဲ့ကလေးမလေးတစ်ယောက်ရဲ့ရင်နင့်ဖွယ်ရာ အဖြစ်ကလေးတစ်ခုအကိုပြောပြမယ်။ကာင်မလေးကအသက်(၂၀)ပဲရှိပါသေးတယ်တက္ကသိုလ်ဒုတိယနှစ်ပေါ့။ အွန်လိုင်းမှာအပျော်သဘောမျိုးစကားပြောရာကနေသံယောဇဉ်ဖြစ်ခဲ့ကြတယ်။ ကောင်လေးကစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လို့သိထားတယ်အသက်က(၃၀)ပေါ့။ကောင်လေးက စကားအေြ့ပာအဆိုကောင်းတဲ့အပြင်အရပ်စကားနဲ့ပြောရရင်မိန်းမကျမ်းကြေတယ်လို့ဆိုရမယ်။ ဂရုစိုက်တာတွေအလေးအနက်ထားတာတွေ၊နောက်ကောင်မလေးနဲ့တယ်လီဖုန်းချင်းဆက်သွယ်ပြီး စကားတွေပြောကြတယ်။ကောင်မလေးရဲ့ဖုန်းဘီလ်ကုန်တဲ့အခါ၊အခါမလင့်ထည့်ပေးလို့၊ချစ်သူတွေဆိုတာချစ်ကြပြီ ဆိုရင်တွေ့ချင်မြင်ချင်တာသဘာဝပဲမဟုတ်လားညီမလေးရယ်။ကောင်မလေးကသူနေတဲ့မြို့ကိုလာတွေ့ပါလို့တောင်း ဆိုပေမယ့်ကောင်လေးကမအားလို့ပါ၊ လုပ်ငန်းတွေကြပ်နေလို့ပါ ဆိုပြီးအချိန်တွေရွှေ့တယ်ဓါတ်ပုံတောင်းတော့လည်းမထင်မရှားတစ်ပိုင်းပုံလေးကိုပေးထားတယ်ကွယ်။ ဒီလိုနဲ့နှစ်တွေကြာလာတော့ကောင်မလေးကလက်ထပ်ဖို့တောင်းဆိုခဲ့တယ်ညီမလေးရယ်။ ဒီတော့မှဖုန်းလည်းဆက်မရတော့ဘူး၊ဖေ့စ်ဘွတ်ခ်လည်းမသုံးတော့ဘူး၊လုံးဝကိုကွယ်ပျောက်သွားတဲ့အခါ တစ်ဖက်ကတအားခံစားရရှာတာပေါ့။သူပေးထားတဲ့လိပ်စာအတိုင်းလိုက်တော့လည်းဒီနာမည်ကမရှိ၊ ဒီလူကိုမသိကြတော့ကောင်မလေးခမျာဒီစိတ်နဲ့ဘုံးဘုံးလဲပြီးနဂိုအခံနှလုံးရောဂါကလည်းရှိတော ့နောက်ဆုံးကွယ်လွန်ခဲ့ရရှာတယ်ညီမလေးရယ်။ဘာကြောင့်အတွေ့မခံရတာလဲ၊ ဘာကြောင့်စိတ်ဒုက္ခပေးရတာလဲ၊ဘာကြောင့်ညာရတာလဲဆိုတဲ့စာသားလေးသုံးခုကိုကောင်မလေးကလက်ဖျံမှာဆေးမင်ကြောင် ထိုးသလိုဆေးနဲ့ရေးထားတယ်ဆိုတာကိုပါ အကိုသိလိုက်တော့ရင်ထဲကြေကွဲမိပါတယ် ညီမလေးရယ်။ တစ်ဖက်သားအပေါ်ညာတာဟာကိုယ်ချင်းမစားခြင်းပါပဲ၊ကိုယ့်လုပ်ရပ်တွေပေါ်မှာလိပ်ပြာမသန့်ရင် သိက္ခာလည်းမသန်နိုင်ဘူးမဟုတ်လား။အကျိုးမပြုအချိန်ကုန်ခံပြီးစိတ်အနာတရဖြစ်အောင်လှည့်စားတာမျိုးတွေ ညီမလေးမလုပ်မိပါစေနဲ့နော်။ နောက်တစ်ယောက်ကတော့ သူတင်လိုက်တဲ့စတေးတပ်(Status)ကိုဘယ်သူတွေကဝေဖန်ကွန်မန့် ဘယ်လောက်တက်သလဲ ၊ဘယ်သူတွေကLikeလုပ်ကြသလဲစိတ်မဖြောင့်ရှာဘူးတဲ့ ညီမလေးရယ် ။ စားလည်းဒီစိတ်၊သွားလည်းဒီစိတ်နဲ့ Like(ကြိုက်သူတွေ)မှများများရနိုင်ပါ့မလားဆိုပြီးတွေးပူရတာလည်းဝေဒနာဖြစ်လို့နောက်ဆုံးစိတ္တဇဖြစ်မှာစိုးလို့ ဆေးလိပ်ဖြတ်သလိုဖေ့စ်ဘွတ်ခ် […]


alinsettJuly 29, 20147min119044
  ဟိုတလောက… အန်တီ သဲ…တစ်ယောက်… ပိုစ့်တင်ရင်.. စာလုံးကို..အရောင်ခြယ်တာတို ့…စာသားအကြိီးအသေးလုပ်တာတို ့..  မလုပ်တတ်သေးဘူးဆိုလို ့… တခြားသူတွေလည်း (သိပြီးတတ်ပြီးသူတွေကအကြောင်းမဟုတ်.).မသိသေးသူတွေများ ရှိဦးမလား..တွေးမိလို ့… ဒါလေး…တင်ပြရပါကြောင်းးး အရင်က…  အံဇရာအတုံးတို ့… လမ်းညွှန် တင်ပြထားတာ ရှိပေမယ့်…. အခု  ဖုန်းနဲ ့..ဝင်လုပ်တဲ့..လက်ရှိ ပုံစံ နဲ ့.. ပြန်တင်ပြလိုက်တာ ဖြစ်ပါကြောင်းးး အသုံးဝင်မလားလို ့….       ———————- www.mandalaygazett.com ထဲ..  ဝင်လိုက်ရင်.. ပထမဆုံးမြင်ရမှာက..ဒီလိုကြီးဖြစ်နေမယ်..ဆိုရင်… H0me စာမျက်နှာရဲ့..အောက်ဆုံးနားထိ..သွားပြီး….   ———————————————————————————————————————————    Desktop ဆိုတာလေးကို..ကလစ်ပြီး..ခဏစောင့်လိုက်တာနဲ့.. ကွန်ပူတာမှာ မြင်ရသလို… ဟောသလို…. ——————————————————————————————————————————— ကွန်ပူတာမြင်ကွင်းလို..မြင်ရပြီဆိုရင်တော့.. Add new ကို  ရွေးရတာ […]


ကုိ ထြဋ္July 28, 20141min35110
ကဲ..ကဲ… ငြင်းကြမယ်.. ခုန်ကြမယ်ပေါ့… ဟီး.. ထပ်တင်ပြီနော်…   Experience Is The Best Teacher… အတွေ့အကြုံသည် အကောင်းဆုံး ဆရာဖြစ်သည်… ( Life Is As U Take It… )   When Fortune Smiles, Embrace Her… အခွင့်ကောင်းပေါ်လာရင် ဖက်ထားပါ… မလွတ်စေနှင့်…   The Longer The Belt, The Shorter The Life… ခါးပတ်ရှည်လာလေလေ ( ပိုဝ လာလေလေ) အသက်ပို တိုလေလေ…   The Sweetest Grapes Hang The Highest… အချိုဆုံး စပျစ်သီးသည် […]


alinsettJuly 25, 20142min38316
မမမျိုး….ရယ်… ကျွန်တော်လေ… မမမျိုးနဲ့အတူသွားမယ်လို ့ ရည်ရွယ်ထားခဲ့ပေမယ့်… ဒီခရီးကို.. ကျွန်တော်တစ်ကိုယ်တည်း… အရင် ထွက်ခဲ့မိတယ် ။ မထွက်လို ့မဖြစ်တော့လောက်အောင်လည်း… ကျွန်တော့်ဘက်ကအခြေအနေတွေက… ရှုပ်ထွေးခဲ့ပြီလေ… ။ မမမျိုး… သိတဲ့အတိုင်းပဲ…လေ…။ ကျွန်တော်လိုလူက… မွန်းကျပ်လှတဲ့ ဘဝအမောတွေကြားမှာ…ခက်ခက်ခဲခဲ…အသက်ရှင်နေရသူ..။ ကျွန်တော့် စိတ်နှလုံးရဲ ့ ခံနိုင်ရည်ကိုကျော်သွားတဲ့… နာကျင်မှုတွေကို.. အဆက်မပြတ်ကြုံရတဲ့အခါမျိုးမှာ… ကျွန်တော်… ဆောက်တည်ရာမဲ့သွားတတ်တယ် ။ အဲဒီလို… စိတ်ဒဏ်ရာတွေနဲ ့… ပူလောင်မွန်းကျပ်လာတဲ့အခါတိုင်း… ကျွန်တော်.. . ကျွန်တော့် ပတ်ဝန်းကျင်နဲ ့ ဝေးတဲ့ တစ်နေရာရာကို…ပြေးထွက်မိရော…။ အခုလည်း..ကျွန်တော့် စိတ်ခံစားမှုတို ့ အဆုံးစွန်ထ်ိ….ပေါက်ကွဲမထွက်မိအောင်..ထိန်းတဲ့အနေနဲ့… ကျွန်တော် တစ်ယောက်တည်း..ခပ်မြန်မြန်..ပြေးထွက်ခဲ့ရတယ် မမမျိုးရယ်.. ။ တကယ်ဆို..ဒီခရီးစဉ်က… မမမျိုးနဲ ့..နှစ်ယောက်အတူ…ကြည်ကြည်နူးနူးသွားရမယ့် ခရီးစဉ်ပါ ။ အခုတော့.. ကျွန်တော်တစ်ယောက်တည်း… […]


ကုိ ထြဋ္July 25, 20142min34618
အမှန်က အဘိုးပြောသော ပုံပြင်များထက်.. အဘိုးရဲ့ လက်ရာ ဓာတ်ပုံများ ဖြစ်ရမှာပါ.. ဒါပေမဲ့ ဓာတ်ပုံက တခါတရံပဲ တင်ပေးမှာမို့.. Tag မပြောင်းတော့တာ… အဘိုးက နေ့တိုင်း ဘုရားတခုမဟုတ် တခုသွားဖူးနေကြ… သွားတိုင်းလဲ အမှတ်တရ ဓာတ်ပုံရိုက်ပြီး FB ကို တင်တယ်.. အသွားများတာက ရွှေတိဂုံဘုရားပေါ့… နေ့တိုင်းနီးပါးရောက်တော့ ဓာတ်ပုံလဲ ရိုက်တော့ … ဆန်းတာလေးတွေ ရှုထောင့် ကောင်းကောင်းလေးတွေ စဉ်းစားမိ.. ရိုက်ဖြစ်လာကြတာ… အဲဒီထဲက ကျွန်တော် သဘောကျတာလေးတွေကို တင်ပေးတာ.. အဘိုးက အေးချမ်းတယ်.. နေ့တိုင်း ပို့စ်တင်တယ်.. ဓမ္မပဒ တွေတင်တယ်… ဘုရားလဲ နေ့တိုင်းသွားတယ်.. FB လဲ နေ့တိုင်းသုံးတယ်.. ဖိုင်ဘာလိုင်းဆိုတော့ ကော်နက်ရှင်လဲ မဆိုးဘူး… ကျွန်တော်တောင် အသက်ကြီးလာရင် အဲလောက် […]


alinsettJuly 24, 20141min48531
အခု… မောင်သူရ…ပြောမယ့်အကြောင်းအရာကတော့… ဂဇက်ထဲဝင်ပြီး… ပိုစ့်တစ်ပုဒ် ရေးရတင်ရတာ..မလွယ် (တော်တော့်ကိုမလွယ်)တဲ ့…အကြောင်းအရာပါ။ ရွာထဲမှာ..ပိုစ့်တင်ဖူးသူတိုင်း…သိကြပါတယ် ။ ပိုစ့်မတင်ဖူးတဲ ့သူတွေနဲ ့/အင်တာနက်မြန်နှုန်းမြင့်တဲ့…နိုင်ငံကြီးတွေမှာ…နေပြီး..ပိုစ့်တင်သူတွေကတော့.. လက်တွေ ့ခံစား/သိမှတ် မိမယ်..မထင်ဘူးဗျာ.. ။ တကယ်ပါ ။ မြန်မာပြည်ရဲ ့ အင်တာနက် မြန်နှုန်းကတော်တော်မြန်ပါတယ် ။ ဘယ်လောက်ထိမြန်သလဲဆိုရင်.. ေလဖြတ်ထားတဲ့ကိုယ်ဝန်ဆောင်ပတ်ကျိတစ်ကောင် ဒေါက်ဖိနပ်စီးပြီးလမ်းလျှောက်တာလောက်ကို.. မြန်တာပါ ။ မောင်သူရတို ့လို… မြန်မာပြည်တွင်းက.. ဂဇက်မန်ဘာတွေ ဟာ..တော်တန်ရုံဇွဲသတ္တိနဲ ့….ဂဇက်ထဲလာနေတာမဟုတ်ပါဘူး ။ တော်တန်ရုံသံယောဇဉ်နဲ့လည်း..မဟုတ်ပါဘူး ။ ဘယ်လောက်ကြာမယ်မှန်းမသိတဲ့..အဝိုင်းလေး..လည်နေတာကို…သေချာထိုင်ကြည့်ပြီး… (အဝိုင်းလေးက…မိနစ်ပေါင်းများစွာ..လည်နေပြီးမှ… တစ်မိနစ် နှစ်ကျပ် (သို့ ..လေးကျပ် …) နဲ ့… ပိုက်ဆံတော်တော် ကုန်သွားပြီးမှ… လိုရာမရောက် ပဲ…တောက်ခေါက်လိုက်ရတာတွေ ခဏခဏဖြစ်ပါတယ် ။ ရွာထဲတစ်ခါရောက်ဖို ့ကို…စိတ်ရှည်ရှည်ထားရပါတယ် ။ […]


မြစပဲရိုးJuly 23, 20141min52247
ဒီ Research မှာ ၃၂ယောက် ဗော်လန်တီယာ လုပ်ပါတယ်။ (ကျွန်မ အပါအဝင်)။ ကကြီးမိုက် က ပွဲကြည့်သူ မို့ ပယ်ပါတယ်။ ၃၁ယောက် ကျန်ပါတယ်။ (အောက်ဆုံးမှာ ဖော်ပြပါ ပုံကို ကြည့်နိုင်ပါသည်)   ရ ယောက် က အငြိမ်ထိုင်မနေနိုင် ပါဘူးတဲ့။ အဲဒီ ထဲက ၃ ယောက် က ဓာတ်ခလုတ် ကို အာရုံရောက်ပါတယ်။   အငြိမ်ထိုင် နေနိုင်သူ ၂၄ ယောက် ရှိပါတယ်။ အဲဒီထဲ က ၄ ယောက် က ခလုတ်ကို နှိပ်ဖို့ အာရုံ ရှိနေပါတယ်။   ဒီတော့ စုစုပေါင်း ၃၁ယောက်ထဲ မှာ လူ ရနှစ်ယောက် […]


ကုိ ထြဋ္July 23, 20141min32613
ဒီတခါက အတည်ရေးတာပါ… Tag မှာကို အသေအချာရွေးထားပါတယ်… ခေါင်းစဉ်ကတော့ ” စကားပုံများ နှင့် ဆိုရိုးစကားများ ”   1  A Learned Man Can Be Appreciated Only By Another Learned Man… ပညာတတ်သူကို အခြားပညာတတ်သူတစ်ဦးကသာ တန်ဖိုးထားသည်။ ( သူတော်ချင်းချင်း သတင်းလွေ့လွေ့ )   2  A Fool And His Money Are Soon Parted… လူမိုက်နဲ့ ငွေ အတူမနေ။ 3  A Harsh Word Is More Painful Than A Blow… နှုတ်ကြောင့်သေ […]


zaw winJuly 23, 20141min1081
– မေ့လျော့နေတဲ့ ငါ့ရဲ့စိတ်တွေ နိုးကြားလာခဲ့ပြီ၊ – သတိမထားမိတဲ့ ငါ့ရဲ့အရည်အချင်းတွေ တဖြေးဖြေးနဲ့ သိလာရတယ်၊ – လေလွင့်နေတဲ့ ငါ့ရဲ့စိတ်တွေ ပြန်ပြီး ထိန်းချုပ်ရမယ်၊ – မျှော်လင့်ချက်မဲ့နေတဲ့ ငါ့ရဲ့အနာဂတ်တွေ ပုံဖော်ပေးရမယ်၊ – ငါ့ရဲ့ကိုယ်ပိုင်အရည်အချင်း အရည်အသွေးတွေကို ငါကိုယ်တိုင်ကြိုးစားမြှင့်တင်ပေးရမယ်။ မင်းသုတ 9:30 AM 23.7.2014


Paing LayJuly 22, 20141min1958
ဆိုရိုးစကားတစ်ခုရှိတယ် လက်သမားတစ်ယောက်ရဲ့ အိမ်တံခါးတွေဟာ အပျက်တွေချည်းပဲတဲ့။ ပန်းရန်ဆရာတစ်ယောက်ရဲ ဝန်ခံချက်ကတော့ ဟိုတယ်မှာ တစ်ခါမှ မတည်းခိုဖူးတဲ့အကြောင်း။ မိမိမှာ စေ့စပ်လက်စွပ် မရှိပါ လို့ ပန်းတိမ်ဆရာတစ်ယောက်က ထွက်ဆိုဖူးတယ်။ လယ်သမားကြီးတစ်ယောက် ဒေါ်လာဆိုတာ ဘယ်လိုမျိုးလဲလို့ မေးရှာနေလေရဲ့။ ကိုယ့်ပုံတူကို ပြန်ဆွဲဖို့ တစ်သက်လုံး မေ့လျော့နေခဲ့တာ ပန်းချီဆရာတစ်ယောက်ပေါ့။ ဘာပဲဖြစ်ဖြစ် ဖဲ့ထုတ်ခံရတဲ့ သစ်သားစတွေမပါဘဲနဲ့တော့ ပန်းပုရုပ် တစ်ရုပ် ဖြစ်မလာနိုင်ဘူးလေ။    ။ မင်းလူ လွမ်းဖွယ်စံတိုးစာစုမှ(၂၀၀၂)


alinsettJuly 22, 20141min34620
တော်တော်များနေပြီ…။ ဘာတွေများနေလဲလို့…တကူးတကမေးနေစရာကိုမလိုလောက်အောင်ပဲ။ တော်တော်များနေတာတွေအကြောင်း…ခင်ဗျားတို ့လည်း..ရိပ်မိမှာပါ ။ တခြားကိစ္စတွေအသာထား။ ကျွန်တော်ချစ်သော စာပေအနုပညာနယ်ပယ်ထဲက များနေတဲ့အရာ …။ အဲဒါတွေကိုပဲ… သီးသန့်ပြောမယ် ။ လက်ရှိခေတ်ရဲ ့ စာပေအခင်းအကျင်း အနေအထားကိုကြည့် … ။ အဟောင်းတွေ များနေတယ် ။ လွန်ခဲ့တဲ့ နှစ် ( ၂ဝ )လောက်က ပုံစံအတိုင်းထက်….ဘာမှ ထူးထူးခြားခြား ပြောင်းလဲမလာဘူး ။ ”ကောင်းသောပြောင်းလဲခြင်းကိုမြင်ရမှ…တိုးတက်တယ်”လို ့…ကျွန်တော်ယူဆတယ် ။ ဒီတော့… ”လက်ရှိ”ဟာ…”အရင်တုန်းက”ထက်…ထူးပြီး..ပြောင်းလဲမလာဘူး..ဆိုရင်…အားရစရာမရှိဘူး ။ ဘာလို ့…တိုးတက်မလာလဲ..ဆိုရင်…အဟောင်းတွေနဲ့ပဲ..စခန်းသွားနေလို ့ပေါ့…။ အဟောင်းတွေနဲ့ပဲ…ဘာလို ့ စခန်းသွားနေလဲ…? အဲဒီအဟောင်းအဆွေးတွေကိုပဲ…နှစ်နှစ်ကာကာ လက်ခံနေကြလို ့ပေါ့… ။ ဟိုသီချင်းလိုပေါ့…”.ဟောင်းပေမယ့်လည်း…ကောင်းနေဆဲပါပဲ…” ပေါ့…။ အဲဒီစာသားကြီးကို…မှားတယ်လို့..မဆိုသာပါဘူး။ တစ်ခုပဲ..ပြောစရာရှိတယ်.. ။ တချိ့အဟောင်းတွေက…ကြာလေ..စုတ်လေပဲ..ဗျ။ ဟောင်းတိုင်းလည်း..ကောင်းမယ်လို့ယူဆရင်တော့…မှားတယ်ဗျာ။ ကျွန်တော်တို […]


U Pyaung GyeJuly 21, 20141min1615
ဆရာမ မစန္ဒာ ပြောပါတယ် ဂျပန်ခေတ်က ကျောင်းအုပ်ကြီး ဦးရာဇတ် ကျောင်းက ကျောင်းသူတစ်ဦးကို ဂျပန်စစ်သား တစ်ယောက်က လိုက်ဆွဲတယ်၊ ကျောင်းသူလေးက ကျောင်းဝန်းထဲဝင်ပြေးတော့ ဂျပန်က နောက်ကလိုက်တယ်၊ ကျောင်းဝန်းထဲဝင်လာတဲ့ဂျပန်ရဲ့ ရင်ဘတ်ကို ဖိနပ် တစ်ဖက်လာပြီးထိမှန်တယ်၊ ဂျပန်က သူကို ဖိနပ်နဲ့ပစ်တဲ့ကျောင်းသားကို ထုတ်ပေးဘို့အော်တယ်၊ ကျောင်းသားတွေအားလုံး ထွက်လာပြီး ဝိုင်းလာတဲ့ အတွက် ဂျပန် သူ့စခန်းပြန်သွားတယ်။ ခဏအကြာ ဂျပန်စစ်ဗိုလ်ဦးစီးတဲ့ ဂျပန်စစ်သားတွေတင်လာတဲ့ စစ်ကားတစ်စီး ကျောင်းထဲဝင်လာပြီး ဖိနပ်နဲ့ပစ်တဲ့ကျောင်းသား ထုတ်ပေးဘို့ ဂျပန်စစ်ဗိုလ်က ပြောတယ်၊ ကျောင်းအုပ်ကြီး ဦးရာဇတ်က ညနေကျောင်းဆင်းချိန်မှာ ဖိနပ်မပါဘဲထွက်လာတဲ့ ကျောင်းသားကို ဖမ်းပါလို့ ချွေးသိပ်ပြီး ပြန်လွှတ် လိုက်တယ်။ ဂျပန်စစ်သားတွေ ကျောင်းဆင်းချိန်ထိစောင့်ကြတယ်။ ကျောင်းဆင်းတော့ ထွက်လာတဲ့ ကျောင်းသား အားလုံး တစ်ယောက်မှ ဖိနပ်မပါကြဘူး။ […]


alinsettJuly 21, 20141min62644
မိန်းမတွေအကြောင်း ပြောမလို ့ ။ မကောင်းပြောမှာတော့..မဟုတ်ပါဘူူး ။ ကိုယ်တွေးမိတာလေး ဖတ်မိတာလေးတွေနဲ ့ ပတ်သတ်ပြီး သိချင်လာလို ့ပါ ။ ဟိုတုန်းကတည်းက…ဟာသလိုလို ဗဟုသုတလိုလို…သတ်မှတ်လေ့လာချက်လေးတစ်ခု ဖတ်ခဲ့ဖူးတယ် ။ သုတစွယ်စုံMagazine ထဲမှာဖတ်ခဲ့ရတာလေးပါ ။ ဘယ်ခုနှစ်ထုတ်လဲ…ဘယ်လထုတ်လဲဆိုတာတွေ တော့ ကျွန်တော့် ထုုံးစံအတိုင်း မမှတ်မိတော့ပါဘူး ။ ဆိုလိုချက်ဆီပဲ..သွားရအောင် ။ ”မိန်းမတွေဟာ…နာကျင်မှုဝေဒနာကို…တပ်မက်တဲ့စိတ်ခံစားချက် ရှိတယ် ။ ” ဆိုတဲ့အယူအဆပါ ။ ကလေးမွေးဖွားတဲ့ အမျိုးသမီးတွေနဲ ့…ဥပမာပေးပါတယ် ။ ကလေးမွေးဖွားရတဲ့ အမျိုးသမီးတွေရဲ ့ မွေးဖွားချိန်မှာ..ခံစားရတဲ ့ နာကျင်မှုက… ပြောပြဖို ့ ခက်ခဲလောက်အောင်ကို. . ပြင်းထန်မှာပါ အသက်နဲ ့ ထပ်ပြီး… မွေးဖွားရတာဆိုတော့… နာကျင်မှုဝေဒနာဟာ… အနှိုင်းမဲ့ပေါ့… […]