သင့်အေးရိပ်September 2, 20181min633315
ဂျူး၏ #သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာကို ဝေဖန်ညွှန်းဆိုချက် (ရွှေအမြုတေ၊ ၂၀၁၈ စက်တင်ဘာလထုတ် မဂ္ဂဇင်းတွင် ဖော်ပြပြီးသည့် ဆောင်းပါး) —————- “ဂျူးရဲ့ ရသခြုံလွှာကို ခံစား၊ဝေဖန်ခြင်း”     ၁။ စာအုပ်အမည် = သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ စာရေးသူအမည်=ဂျူး ထုတ်ဝေခြင်း= ဂျူးစာပေ၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ တန်ဖိုး= ၄၅၀ဝ ကျပ်၊ စာမျက်နှာပေါင်း ၃၅၄ မျက်နှာ။ ၂၀၁၈၊ ဇွန်လထုတ် (…လို့ ပုံနှိပ်မှတ်တမ်းမှာ ရေးထားပေမဲ့ ဇူလိုင်လထဲမှာမှ ဆိုင်ပေါ်ရောက်တဲ့) ဆရာမဂျူးရဲ့ “သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ” အမည်ရှိ စာအုပ်သစ်အကြောင်း နည်းနည်း ပြောပါ့မယ်။ စကားမကျန်အောင် ကြိုရှင်းပြရရင် စာပေလောကမှာ Book Review (စာညွှန်း) နဲ့ Literary […]


kaiAugust 16, 201897min21818
စာအုပ်စာပေလူ့မိတ်ဆွေLike Page July 24 at 2:27 AM ·  ကိုင်းလာပြီဗျာ အကြိုက်ဆွဲတော့။ ကြိုက်​နှစ်​သက်​​သော စာ​ရေးဆရာအမည်​ကို ​ရွေးချယ်​၍ ​ပေးထား​သော link ပေါ်မှာ click တချက်​​ပေးလိုက်​ပါ။ စာအုပ်​များ​ပေါ်ထွက်​လာလိမ်​့မယ်​ နှစ်​သက်​ရာ စာအုပ်​ကို ​ရွေးချယ်​ကာ download ပြုလုပ်​ပါရန်​ ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/arnJ0mCBfQXPq ပါရဂူ https://yadi.sk/d/KP57Yo1FfQXPu ပီမိုးနင်း https://yadi.sk/d/0vl8nWw9fQXav ပုံပြင် စာအုပ်များ […]


Mon LayMay 30, 20182min7392
ဗိုလ်ချုပ်အောင် ဆန်းပုံဖြင့် ငွေစက္ကူထုတ်ဝေမှုကို ယခုအစိုးရလက်ထက်အတွင်း ဆောင်ရွက်မည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောသည်။ ငွေစက္ကူ ထုတ်ဝေမည့် အသေးစိတ်အစီ အမံများ ဆက်လက်ဆောင်ရွက် နေကြောင်း ဦးစိုးသိန်းက ပြောသည်ဟု 7 days news မှာဖတ်လိုက်ရပါတယ်။ ဘယ်အချိန်မှာ ထုတ်မယ်ဆိုတာကိုတော့ အသေးစိတ်မသိရသေးဘူးလို့လည်းပြောထားပါတယ်။ အဲလိုဗိုလ်ချုပ်ပုံနဲ့ ပိုက်ဆံထုတ်မှာကိုထောက်ခံသူ ၂၈၆ ဦး၊ ကန့်ကွက် သူ ၁၀၉ ဦးရှိတယ်လို့လည်းသိရပါတယ် အမှန်က ဗိုလ်ချုပ်ပုံနဲ့ပိုက်ဆံက အစကတည်းကရှိတာပါ။ ဆရာစံပိုက်ဆံပုံတို့က။ နောက်ပိုင်းသုံးခွင့်တွေပိတ်ပြီး ဆင်တို့၊ခြင်္သေ့တို့ပုံတွေဖြစ်လာပါ တယ်။ သူများနိုင်ငံတွေဆို.မွန်လေးရောက်ဖူးတဲ့နိုင်ငံတွေရဲ ့ပိုက်ဆံတွေကိုအရင်ပြောချင်ပါတယ်။ ထိုင်းပိုက်ဆံ ဘတ် သူတို့ဘုရင် ဘူမိဘောပုံနဲ့ထုတ်ထားတာပါ..ဘယ်လောက်ကျက်သရေရှိလဲ. ပြီးတော့တခြား အထိမ်းအမှတ်ပုံတွေ။ ဗီယက်နန်ပိုက်ဆံ ဒေါင် သူတို့လေးစားရတဲ့ဟိုချီမင်းပုံ… ပြီးတော့တခြား အထိမ်းအမှတ်ပုံတွေ။ လာအိုပို်က်ဆံ ကစ် သူတို့ချစ်ရတဲ့ […]


Min Paing Myat ThuMay 30, 20182min10735
Call Me By Your Name – Andre’ Aciman ဆိုတဲ့ အင်္ဂလိပ်ဝတ္ထုကို ဘာသာပြန်ဆိုပါတယ်။   အပိုင်း (၁) နောက်တော့မှပဲ မလုပ်ရင်.. ဘယ်တော့လုပ်မှာလဲ (အင်္ဂလိပ်စကားမှာ အခုမှ မလုပ်ရင် ဘယ်တော့လုပ်မှာလဲ ဆိုတဲ့စကားရှိပါတယ်။ အထက်က စာကြောင်းမှာတော့ စာရေးဆရာဟာ သူ့ဇာတ်ကောင်ရဲ့စကား “နောက်တစ်ခါမှပေါ့´´ဆိုတာကိုအစွဲယူပြီး စကားလုံးကို ဆော့ကစားထားပါတယ်။) ———————————————————————————- ———————————————————————————- “နောက်တစ်ခါပေါ့..” သူသုံးလိုက်တဲ့ စကားလုံး၊ သူ့အသံနဲ့ လေသံဟာဖြင့်..။ “နောက်တစ်ခါပေါ့..”ဆိုတဲ့စကားကို လမ်းခွဲနှုတ်ဆက်တဲ့အနေနဲ့ လူတွေသုံးတာ ကျွန်တော်အရင်ကမကြားဖူးဘူး။ နားထဲမှာ မညှာမတာ၊ တုံးတိတိနဲ့ မစာမနာဖြစ်လွန်းတယ်။ နောက်ထပ် ပြန်ဆုံချင်လည်းဆုံ၊ မဆုံတော့ရင်လည်းကိစ္စမရှိဘူးဆိုတဲ့ လေသံတွေ မသိမသာပါနေတယ်။ သူနဲ့ပတ်သက်ရင် ကျွန်တော် ပထမဆုံးမှတ်မိတာကတော့ အဲဒီစကားပါပဲ။ အခုထိလည်း နားထဲကြားယောင်နေတုန်းပဲ။ […]


zaw winMay 26, 20181min5503
မိုးရွာနေရင် လသာတယ်လို့မှတ်ထားလိုက် ပူလောင်နေတဲ့ မင်းရဲ့စိတ်တွေ အေးချမ်းသွားလိမ့်မယ်။ နေပူနေရင် နှင်းကျနေတယ်လို့ မှတ်ထားလိုက် သောကစိတ်တွေ ငြိမ်းအေးသွားလိမ့်မယ်။ အရာရာကိုသည်းခံပြီး ရင်ဆိုင်ကျော်လွှားလိုက် မင်းဟာ အောင်မြင်သူတစ်ယောက် ဖြစ်လာလိမ့်မယ်။ မင်းသုတ 25.5.2018 18:15 P.M


******တာဝန်ယူမှု တာဝန်ခံမှု******** မြန်မာနိုင်ငံမှာ အကြီးဆုံး အလုပ်သမားအဖွဲ့အစည်း တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့အဖွဲ့အစည်း ဥပဒေနဲ့ အညီမဟုတ်တဲ့ အလုပ်သမားရဲ့ရပိုင်ခွင့်ကိုကျတော့ အလုပ်ရှင်ကို မပေးမနေရ လည်ပင်းညှစ်တောင်းပေးဖို့တာဝန်ယူတတ်ပြီး ရသွားတဲ့ အလုပ်သမားကိုယ်ကျတော့ လုပ်ငန်းခွင်စည်းကမ်းကို လိုက်နာဖို့ မလိုက်နာရင် အလုပ်ရှင်ဖက်က အရေးယူဆောင်ရွက်နိုင်ဖို့  ကျတော့ တာဝန်ခံမှုမရှိတဲ့ အလုပ်သမားအဖွဲအစည်း မင်းတို့ ကြိုက်တဲ နာမည်တပ်ပြီး အဖွဲ့စည်းဖွဲ့ထားပါစေ အလုပ်သမားဖက်ကိုပဲ တာဝန်ယူတတ်နေသမျှ ဘယ်အလုပ်ရှင်ရဲ့ ယုံကြည်မှုကိုမျှရမှာမဟုတ်ဘူး မင်းတို့ကို ချီးထုပ်တစ်ခုလို ရွှံနေမှာဘဲ အလုပ်သမားဖက်က ဥပဒေ စည်းကမ်းနဲ့ မညီလို့ အလုပ်ရှင်ဖက်ကရပ်တည် ဆောင်ရွက်ပေးလိုက်တယ်ဆိုတဲ့ အဖြစ်အပျက်လေးတစ်ခုလောက် ရှိရင် ပြောပြ ခဲ့ကြပါ ဘာဘဲတောင်းဆိုတောင်းဆို ဥပဒေနဲ့အညီ ဟုတ်လားမဟုတ်လား ဘာမှ မသိဘဲ  အလုပ်ရှင်ဖက်ကို “ပေးလိုက်ပါလို့” ဘဲပြောတတ်တဲ့ အဖွဲ့အမည်ခံလူတွေ အဖွဲ့အစည်း နာမည်မပျက်ခင် […]


Mon LayMay 9, 20181min61723
အရှေ့တောင်အာရှတွင် အွန်လိုင်း စီးပွားရေး အင်ပါယာ ချဲ့ထွင်သည့် ခြေလှမ်းသစ်အဖြစ် Alibabaက Darazကို ဝယ်ယူလိုက်တယ်လို့ ဆောင်းပါး ကိုဖတ်လိုက်ရတော့  ဒီ Alibaba တော့ ချမ်းသာပြီးရင်း ချမ်းသာနေတော့တာပဲလို့ တော်တော်လေးအားကျစိတ်ဖြစ်မိပါတယ်။ ဘယ်လောက်တောင်ချမ်းသာနေပြီလဲမပြောပြခင် Alibaba ဆိုတာဘာလဲ ပြန်ရှယ်ပေးချင်ပါတယ်။ Alibaba Alibaba Group Holding Limited ဆိုတာ တရုတ်ကုမ္ပဏီပါ။ Mr. Jack Ma ဆိုတဲ့သူက 1999 ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။ သူကအွန်လိုင်း ကိုအဓိကထားပြီးစီးပွားရေးလုပ်တဲ့ကုမ္ပဏီပါ။ အဓိကကတော့ E-commerce, အွန်လိုင်းမှာလေလံတင်တာတို့၊ အွန်လိုင်းကနေငွေလွှဲတာတို့နဲ့ အွန်လိုင်းရှော့ပင်တို့လုပ်တာပါ။ ခုနောက်ပိုင်း ၂၁ရာစုရောက်လာတဲ့အချိန်မှာတော့ အနောက်နိုင်ငံတွေသာမက မွန်လေးတို့နိုင်ငံမှာပါ (မွန်လေးလည်းအွန်လိုင်းရှော့ပင်လုပ်ပါတယ်။) အွန်လိုင်းရှော့တွေခေတ်စားလာတော့ သူ့လို Alibaba ကတော့ချမ်းသာပြီးရင်းချမ်းသာလာတော့တာပေါ့။ ဟိုးအစကဆို Microsoft ကိုတည်ထောင် သူ […]


ဇီဇီMay 9, 20181min8027
A house is made of walls and beams. A home is built with loves and dreams.   ဘာရယ်မဟုတ်။ ဒီမနက်မှ ဒီပို့(စ) လေး ၂ ပုဒ် ဖတ်လိုက်ရတော့ ဒီထဲ မှတ်တမ်းတင်ထားချင်တယ်လေ။ ကိုယ် အားကျပေမဲ့ လိုက်မလုပ်နိုင်တဲ့ လုပ်ရပ်နဲ့ အတွေးအခေါ်မျိုးလေးမို့  စိတ်ထဲ ထိတယ်။ ဆရာနေမျိုးဆေး မှာ သူ့ အတွေးအခေါ်နဲ့လိုက်လျောညီထွေတဲ့ ပါရမီဖြည့်ဖက်၊ ပတ်ဝန်းကျင်နဲ့ ဘဝ ရှိနေတယ်။ ဘဝ အကျိုးပေးကောင်းတယ်ခေါ်ရမလားပဲ။ ဘာကိုမှ မငဲ့ပဲ ပြောရရင် ကိုယ်နေချင်တဲ့ ဘဝနေထိုင်ဖြတ်သန်းမှု မျိုးပါ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ https://www.facebook.com/naymyo.say.5/posts/1274925249198413 ကျနော်တို့ အိမ်ဆောက်မယ်လို့ စိတ်ကူးထားတာ လွန်ခဲ့တဲ့ […]


ဇီဇီMay 8, 20184min92211
ဟိုတလောလေးက မြန်မာ့ အစားအစာ ဟင်း ထမင်းနဲ့ ပတ်သက်လို့ ဖေ့ဘုတ်ကြီးမယ် အညင်းပွါးကြတာ… အစား သမား ကိုယ်ကတော့ လိုက်ဖတ်တာပေါ့။ ဝါသနာကိုး။ https://www.facebook.com/mayzin.hlaing.7/posts/731729290343047 https://www.facebook.com/poephyuthant/posts/659110411094634 https://www.facebook.com/poephyuthant/posts/659553354383673 https://www.facebook.com/than.kywe.98/posts/1672594866161964?hc_location=ufi ဒါတွေက သူတို့ရဲ့ အမြင်ပေါ့လေ။ စတင်ပြောတဲ့သူရဲ့ ပို့(စ) မှာလည်း စေတနာနဲ့ အားမလိုအားမရဖြစ်တာကို နားလည်သလို သူတို့ အဆိုကို ပြန်ချေပဖို့ကို ပညာက မပြည့်တော့ လိုက်ဖတ်ကြည့်ရုံလောက် တတ်နိုင်တာပဲ။ ပြန်ချေပသူတစ်ချို့ရဲ့ မျက်စိမှိတ်ပြီး “မြန်မာ အစားအစာကို ကြိုက်တယ်၊ မြန်မာစာကိုမနှိမ်နဲ့ မြန်မာကွ” စတဲ့  ဘာညာသာရကာတွေကို ကျော်ဖတ်အပြီးမှာ ဒီ အကို ရေးတဲ့ တုံ့ပြန်စာလေးတော့ အတော်ကြွေသွားတယ်။ https://www.facebook.com/aung.kyawthu.14/posts/1676758185770699?hc_location=ufi ပညာရှင်ဆန်တယ်လေ။ လုံးဝ လက်ခံတယ်။   ကျနော့ တစ်ကိုယ်စာ […]


kaiApril 30, 20182min3252
ယခုလမှာ နှစ်သစ်ကူးနဲ့လည်းကြုံနေတော့ ဒုက္ခရောက်နေချိန်မှာ ကယ်တင်နိုင်မယ့် Structure လေးတွေကို လေ့လာကြရအောင်။ အလုပ်မှာဖြစ်စေ၊ ကျောင်းမှာ ဖြစ်စေ၊ အမှားအယွင်း တစ်ခုခုလုပ်မိပြီဆိုပါစို့။ ဒုက္ခတွေ့ပြီပေါ့၊ ကဲ ဒီဒုက္ခကို ဘယ်လို ကျော်လွှားရမလဲလို့ စဉ်းစားတဲ့အခါ – have, make, Get ဆိုတဲ့ ဝေါဟာရလေးသုံးခုကို သတိရလိုက်ပါ။ အောက်ဖော်ပြပါ Structure လေးကိုလည်း သတိရလိုက်ပါလေ။ Subject + have / make /+object + base from ဥပမာ- The boss made me do this the boss had me do it ကောင်းတော့ မကောင်းဘူးပေါ့ ။ ဒါပေမယ့် […]


Mon LayApril 25, 20181min1990
ကလေးတွေကို ခုနောက်ပိုင်း အနောက်နိုင်ငံတွေမှာ ဒီသင်ခန်းစာကိုထည့်ပြီးသင်ပေးလာတယ်လို့သိရပါတယ်။ အရှေ ့နိုင်ငံတွေမှာလည်း ဒီလိုသင် ခန်းစာကိုထည့်ပြီးသင်ပေးနိုင်ရင် သိပ်ကိုကောင်းမှာပဲ။ (၁) နှလုံးသားဖြင့် သူတစ်ပါးကို စာနာနားလည်အောင် ခံစားစေ ခြင်း (၂) ကြင်နာခြင်းနှင့်ဆိုင်သော အ တုယူဖွယ်ပုံပြင် ဇာတ်လမ်းများကို ဖတ်ပြခြင်း (၃) ကလေးများ၏ တစ်နေ့တာ မှာ မည်သည့် ကောင်းမှုပြုခဲ့သ လဲမေးမြန်းခြင်း (ဥပမာ – အဘိုး ကို မျက်နှာသစ်သုတ်ပဝါ ရှာပေးခြင်း၊ အမေ့ကို အခန်းတံခါးဖွင့်ပေးခြင်း၊ ကစားစရာ အရုပ်မရှိသော သူငယ်ချင်းကို ကစားစရာပေးခြင်း) (၄) သူတစ်ပါးကို ကူညီပေးလိုက် ရသည့်အခါ မည်သို့ကြည်နူးရ သည်ကို ပြန်လည်ပြောပြခိုင်းခြင်း (၅) သူတစ်ပါးနှင့် စားစရာမျှဝေ စားရန်၊ ကစားစရာမျှဝေကစား စေရန်၊ အလှူအတန်း လုပ်ရသည်ကို […]